← Chapters

အပိုင်း (၁၂၈၀)

Vol. 86 Ch. 1280

အပိုင်း (၁၂၈၀)

Vol. 86 Ch. 1280

ညအင်ပါယာသည် အရင်ဘဝတုန်းက မြောက်ပိုင်းပင်လယ်ဆီသို့ ရောက်ရှိခဲ့ဖူး၏။ သူသည် ထိုက်ရွှမ်အဘိုးအို၏ လှိုဏ်ဂူထဲသို့ ဝင်ရောက်ပြီးသည့်နောက် များပြားလှသည့် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး ထိုက်ရွှမ်ကျမ်းစာကို ရရှိခဲ့၏။

ဤအရာသည် ပြန်လည်စဉ်းစားရမည်ဆိုလျှင် အလွန်တရာ ခက်ခဲသည့် အတိတ်က ဖြစ်စဉ်ပင် ဖြစ်ခဲ့၏။ သူ့အနေနှင့် မည်မျှခက်ခဲသည့် အရာများကို ဖြတ်ကျော်ခဲ့ရသနည်းဆိုသော် သူ၏ စိတ်ထဲပင်လျှင် အရိပ်ဆိုးကြီးတစ်ခုအဖြစ် ဖြစ်တည် ကျန်ရှိခဲ့ရသည်။

သို့ပေမဲ့ ယနေ့ နှစ်ပေါင်းတစ်ထောင်ကျော် ကြာမြင့်ပြီးနောက် ကျွင်းချောင်ရှောင်းသည် ထိုနေရာဆီသို့ လုချင်းချင်းအား ခေါ်ဆောင်ကာ ရောက်ရှိလာခဲ့၏။ တူညီသည့်အခက်အခဲများကို ရင်ဆိုင်ရသည့် အချိန်တွင် ကျွင်းချောင်ရှောင်းသည် လွယ်လွယ်ကူကူနှင့် ဖြေရှင်းနိုင်ခဲ့၏။

ကံကောင်းစွာဖြင့် ရီရှင်းချန်သည် လိုက်ပါမလာခဲ့ချေ။ မဟုတ်ပါက ယခု ဖြစ်ပျက်နေသည့်မြင်ကွင်းကို ကြည့်ရှု ပြီးသည့်နောက်မှာတော့ သွေးပွက်ပွက် အန်မိနေမှာသေချာသည်။

ထိုအရာကို ဝန်မခံချင်ဘူး ဆိုလျှင်တောင်မှ ဤကဲ့သို့သော ကိစ္စရပ်များကို လုပ်နိုင်သူမှာ ကျွင်းချောင်ရှောင်းသာ ဖြစ်ကြောင်း နားလည်မိပေ လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် လက်ရှိအချိန်၌ သိုင်းသူတော်စင် ပြည့်စုံသည့် အခြေအနေဆီသို့ ရောက်ရှိနေပြီး ယခင်ဘဝက ရီရှင်းချန်ထက် ပိုမိုကာ အားကောင်းလှ၏။ ထို့ကြောင့် ထိုက်ရွှမ် အဘိုးအိုထားရှိခဲ့သည့် များပြားလှသော ကန့်သတ်ချက်များသည် သူ့အား အန္တရာယ်မဖြစ်စေခဲ့ပေ။

စနစ်က ပြောလိုက်၏။ “ဒီကိုလာပြီးတော့ ဆော့ကစားနေသလိုပဲ”

မှောင်မဲလျက် ရှိနေသော လှိုဏ်ဂူအတွင်းတွင် လှမ်းလျှောက်လျက် ရှိနေသော လုချင်းချင်းမှာတော့ မည်သည့် စကားကိုမှ မဆိုချေ။ သို့ပေမဲ့ သူမ၏ အရှေ့တွင်လျှောက်လျက် ရှိနေသော လူ၏နောက်ကျောကို ကြည့်ရှုပြီး မစဉ်းစားဘဲ မနေနိုင်သလို ဖြစ်မိနေသည်။ ဂိုဏ်းချုပ်သည် မည်မျှ အားကောင်းလိုက်လေသနည်း။

သူမသာဆိုပါက ပထမကြုံတွေ့ရသည့် အခက်အခဲကြီးနှစ်ခုကိုပင် ရင်ဆိုင်ကျော်ဖြတ်ရန် မလွယ်ကူလှချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း၏ ရှေ့တွင်တော့ ထိုအန္တရာယ်များ အားလုံးသည် တစ်စက်မှ ထုတ်၍ ပြောရလောက်သည့် အခြေအနေမျိုးတွင် မရှိခဲ့ကြောင်း သူမကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

ဘုန်း

လှိုဏ်ခေါင်းထဲသို့ တိုးဝင်လာခဲ့သော မြွေကဲ့သို့သော စိတ်ဝိညာဉ်သားရဲတစ်ကောင်သည် လက်သီးချက်ကြီး တစ်ချက်ဖြင့် တစ်ခါတည်း သေဆုံးသွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် ထိုအကောင်ကြီးဆီမှ သလင်းအမြူတေကို ထုတ်ယူလိုက်ပြီးနောက် ပြုံးလိုက်၏။ “ဒီနေရာက အန္တရာယ်တွေ ပြည့်နှက်နေတာ။ ဒါပေမဲ့ ငါ့အတွက်တော့ မဟုတ်ဘူး”

“.........”

လုချင်းချင်းသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိ၏။

ဟူး …….။

ထိုအချိန်မှာတော့ အတွင်းဘက်ဆီမှ များပြားလှသည့် မြွေသားရဲများသည် တစ်ကောင်ပြီးတစ်ကောင် တိုးထွက် လာကြ၏။ အရေအတွက်မှာ အလွန်တရာ များပြားလွန်းသောကြောင့် ၎င်းတို့အားလုံးသည် မြွေသိုက်ထဲသို့ ဝင်ရောက်လာသကဲ့သို့ပင် ခံစားလာမိသည်။

ဖြောက် …..။

ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက်မှာတော့ သူ၏လက်နှစ်ဖက်ကို ဖြန့်ကားလိုက်၏။ ပြီးသည့်နောက်မှာတော့ မီးတောက်များကို ပါးစပ်ထဲမှ မှုတ်ထုတ်လိုက်၏။

ဟူး …….။

ပူလောင်လွန်းလှသော မီးတောက်များသည် လှိုဏ်ခေါင်းထဲတွင် ပြည့်နှက်ပြီးသည့်နောက် တိုက်ခိုက်ရန် ပြေးဝင် လာခဲ့သော မြွေများအားလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

လုချင်းချင်း၏ မျက်နှာတစ်ခုလုံးတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေ၏။ ဂိုဏ်းချုပ်၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည့် မီးတောက်များသည် ယခင်အချိန်က ထုတ်ဖော်ခဲ့ဖူးသည့် မီးတောက်များထက် ပိုမိုကာ အားကောင်းလျက် ရှိနေသည်။

ပြောရမည်ဆိုလျှင် ကုန်းရှန့်သည် မီးစိတ်ဝိညာဉ်ကိုပင် ထုတ်ဖော်ကာ အသုံးမပြုသေးချေ။

“အဲမှာ ရပ်မနေနဲ့လေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မြန်မြန်ဆန်ဆန် သလင်းအမြူတေတွေကို ကောက်တော့”

လုချင်းချင်းသည် သတိပြန်ဝင်လာပြီးသည့်နောက်မှာတော့ မြေပေါ်တွင် ပြန့်နေသည့် သလင်းအမြူတေများကို လိုက်လံကာ စုစည်းတော့၏။ သို့ပေမဲ့ သူမသည် ဂိုဏ်းချုပ်တစ်ယောက် မီးများမှုတ်ထုတ်နေသည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်မိပြီး ကျောချမ်းလာမိလျက် ရှိနေတော့၏။

ရေခဲဓာတ်သဘာဝ ကျင့်ကြံသူများသည် မီးဓာတ် သဘာဝကျင့်ကြံသူများနှင့် တွေ့ဆုံမည်ဆိုပါက အမှန်ပင် ရန်ဘက်များဟု သတ်မှတ်နိုင်၏။ အတိတ်တုန်းကသာ ဆိုလျှင် ကျွင်းချောင်ရှောင်း၏ မီးတောက်သည် လုချင်းချင်း၏ အအေးဓာတ်များကို ဖိနှိပ်နိုင်စွမ်း ရှိ၏။ လက်ရှိ အခြေအနေမှာတော့ နှစ်ယောက်ကြားတွင် ရှိနေသည့် ကွာခြားချက်သည် တဖြည်းဖြည်း ပိုမိုကာ ကြီးမားသွားခဲ့တော့သည်။

မြွေသားရဲကြီးများကို ဖြေရှင်းပြီးသည့်နောက်မှာတော့ တခြားသော အန္တရာယ်များကို မတွေ့တော့ချေ။ ထို့ကြောင့် သူတို့နှစ်ယောက်သည် မိနစ်အနည်းငယ် ကြာသည်အထိ အရှေ့ဆီသို့ လှမ်းလျှောက်ပြီးသည့်နောက် လှိုဏ်ဂူ၏အဆုံး တည်နေရာဆီသို့ ရောက်ရှိသွား၏။

ထိုလှိုဏ်ဂူ၏ အဆုံး တည်နေရာသည် ချောက်ကမ်းပါး တစ်ခုပင် ဖြစ်၏။ သူတို့သည် ချောက်ကမ်းပါးနှင့် တခြားသော ချောက်ကမ်းပါးတစ်ခုကို ချိတ်ဆက်ထားသော တံတားကြီးတစ်ခု တည်ရှိနေသည်ကို မြင်လိုက်ရသည်။

ဝေါင်း

ကြမ်းတမ်းလှသော သားရဲရိုင်းများ၏ အော်ဟစ်သံသည် အောက်ဘက်ဆီမှ ထွက်ပေါ်လျက်ရှိနေ၏။ ကြမ်းတမ်း လှသည့် စွမ်းအင်လှိုင်းများသည် အပေါ်ဘက်ဆီသို့ ရိုက်ခတ်နေ၏။

“ဂိုဏ်းချုပ်”

လုချင်းချင်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒီတံတားက အရမ်းကို အန္တရာယ်များတာ ဖြစ်လိမ့်မယ်။ ကျွန်မတို့...”

“မြန်မြန်လာခဲ့”

ကျွင်းချောင်ရှောင်းသည် တံတား၏ တခြားသော တစ်ဖက်ခြမ်းတွင် မတ်တပ်ရပ်ကာဖြင့် လှမ်းအော်ခေါ်လိုက်သည်။

“...........”

လုချင်းချင်းသည် နာခံမှုနှင့် ခံစားချက်ကင်းမဲ့နေသည့် ပုံစံမျိုး တည်ရှိနေသည် ဆိုသော်လည်း သူမ၏ နှလုံးသား ထဲမှာတော့ အမှန်ပင် ထိတ်လန့်တုန်လှုပ်လျက် ရှိနေ၏။

ဝှစ် ……။

သူမသည် ခြေဖျားကို အသာထောက်ပြီးနောက်တံတားကြီးဆီသို့ လျှောက်ထွက်လာ၏။ လေထဲတွင်တော့ ကြမ်းတမ်းလှသည့် အော်ရာလှိုင်းများသည် ဖြစ်ပေါ်လျက် ရှိနေသည်။

ဝေါင်း ….။

ရုတ်တရက် ကြီးမားလှသော မြွေသားရဲကြီး သုံးကောင်သည် ချောက်ကမ်းပါးကြီး အောက်ဘက်ဆီမှ ထွက်ပေါ် လာ၏။ ၎င်းတို့၏ မျက်နှာတစ်ခုလုံးသည် ကြမ်းတမ်းလွန်းလှပြီး ဒေါသတကြီးနှင့် အော်ဟစ်ကာ တိုက်ခိုက်နေခြင်း ဖြစ်၏။ သေချာကြည့်မည်ဆိုလျှင်ဤအကောင်သည်မြွေသုံးကောင်မဟုတ်ဘဲ ခေါင်းသုံးလုံးမြွေ ဖြစ်ကြောင်း မြင်နိုင်ပေလိမ့်မည်။

ပြိုင်စံရှားဂိုဏ်းထဲတွင် ရှိနေသော ရီရှင်းချန်မှာတော့ ချောက်နက်ကြီးကို ဖြတ်သန်းရသည့်အချိန်တွင် ရင်ဆိုင် ကျော်ဖြတ်ရသည့် မြွေကြီးသုံးကောင်နှင့်အကြောင်းကို ပြန်လည်စဉ်းစားပြီးသည့်နောက်မှာတော့ ထိတ်လန့် ကြောက်ရွံ့စွာဖြင့် ပြောလိုက်မိသည်။ “ဒီလို ရှေးခေါင်းသုံးလုံးမြွေကြီးကို ရင်ဆိုင်တိုက်ခိုက်ရမယ်လို့ ဘယ်သူကမှ ထင်မှတ်မိမှာ မဟုတ်ဘူး။ ထိုက်ရွှမ်အဘိုးအိုက တကယ်ကို ထောင်ချောက်တွေနဲ့အပြည့် ဖန်တီးထားခဲ့တာပဲ။ ငါ အနိုင်မယူနိုင်ခဲ့ဘူးဆိုပေမဲ့သူတို့ကလည်း ဘာမှ မလုပ်နိုင်ခဲ့တာ ကံကောင်းလို့ပဲ”

ညအင်ပါယာ၏ စကားအရဆိုလျှင် ထိုက်ရွှမ်အဘိုးအို၏ လှိုဏ်ဂူဆီသို့ သွားရာလမ်းသည် အလွန်တရာ ခက်ခဲလှကြောင်း သိသာလှ၏။ လုချင်းချင်းသည် တံတားကို ထပ်မံကာ ဖြတ်သန်းလိုက်သည့် အချိန်မှာပဲ တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ကျွင်းချောင်ရှောင်းသည် ရုတ်တရက် အောက်ဘက်မှ ပေါ်လာပြီးသည့်နောက် ၎င်း၏ ညာဘက်လက်တွင် မိစ္ဆာစွမ်းအင်များ ဖြစ်တည်လာခဲ့၏။ ထို အားကောင်းလွန်းလှ သော မိစ္ဆာစွမ်းအင်များသည် ခေါင်းသုံးလုံးရှိသည့်မြွေ၏ ခေါင်းတစ်လုံးပေါ်သို့ ရောက်ရှိသွား၏။ ပြီးနောက် ပြောလိုက်သည်။ “လိမ်လိမ်မာမာနေ”

ခေါင်းသုံးလုံးမြွေကြီးသည် ရုတ်တရက် ကြောက်လန့်သွားခဲ့တော့၏။ ဤလူသား၏ လက်ဝါးဆီမှ ထွက်ပေါ်လာ သည့် မိစ္ဆာစွမ်းအင်များသည် သူတို့၏ စိတ်တစ်ခုလုံးကိုပင် တုန်ယင်သွားစေခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။

ဆွစ်

ထိုအချိန်မှာတော့ သုံးနှစ်အရွယ် ကလေးလေးတစ်ယောက်သည် မိစ္ဆာစွမ်းအင်များဆီမှ ဖြစ်တည်လာပြီးသည့် နောက်မှာတော့ တောက်ပလွန်းသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ဖေဖေ... သား သူတို့ကို စားလို့ ရလား”

“ရတာပေါ့”

ဝှစ် ဝှစ် ဝှစ်

ရှောင်ရှစ်သည် ဆန်းကြယ်လွန်းလှသော မိစ္ဆာစွမ်းအင်များကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ ခေါင်းသုံးလုံး မြွေကြီးကို လွှမ်းခြုံလိုက်တော့သည်။

ဝေါင်း အူး

ထိတ်လန့်ကြောက်ရွံ့စရာ အော်သံကြီး ထွက်ပေါ်လာ၏။ ခဏလောက် ကြာပြီးသည့်နောက်မှာတော့ ရှောင်ရှစ် သည် ပြန်လည် ရောက်ရှိလာ၏။ မူလအားဖြင့် ကြမ်းတမ်းပြီး ကြီးမားလွန်းလှသော ခေါင်းသုံးလုံး မြွေကြီးသည် အရိုးစုကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်၏။ ၎င်း၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော မိစ္ဆာစွမ်းအင်နှင့် မိစ္ဆာ သလင်း အမြူတေများသည် စုပ်ယူခြင်းကို ခံလိုက်ရ၏။

ညအင်ပါယာကို အကြီးအကျယ် ဒုက္ခပေးခဲ့သော ဤရှေးမြွေကြီးသည် လက်ရှိအချိန်မှာတော့ ဘာမှန်းမသိလိုက်ဘဲ အရိုးပုံအဖြစ်သို့ပင် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ကျွင်းချောင်ရှောင်းအနေဖြင့် ၎င်း၏ ရုပ်ဆိုးလှသည့် အသွင်အပြင် ကို မြင်ပြီးသည့်နောက် ပဋိညာဉ်သားရဲအဖြစ် လက်မှတ်ထိုးရန် စိတ်မဝင်စားခဲ့ချေ။

လုချင်းချင်းမှာတော့ ဆွံ့အလျက် ရှိနေ၏။ ကြမ်းတမ်းလှသော သားရဲရိုင်းနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်သည့်အတွက် ဆွံ့အနေခြင်း မဟုတ်ပေ။ သူမ ဆွံ့အနေသည်မှာ ဘယ်ကရောက်လာမှန်း မသိသည့် ကလေးတစ်ယောက်သည် ရုတ်တရက် ရောက်ရှိလာခဲ့ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်အား ဖေဖေဟု ခေါ်ဆိုနေခြင်းကြောင့်ပင်။

“တခြား အန္တရာယ် မရှိတော့ဘူး။ သွားကြရအောင်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

လုချင်းချင်းသည် တံတား၏ အခြားတစ်ဖက်ဆီသို့ လှမ်းလျှောက်လာပြီးသည့်နောက်မှာတော့ တွေးလိုက်မိ၏။ “ဂိုဏ်းချုပ်က ကလေးကိုပါ ကိုယ်နဲ့ ခေါ်လာတာပဲ”

သူမအနေနှင့် ထိတ်လန့်မိသည် ဆိုသော်လည်း အလုံးစုံ တည်ငြိမ်သည့် ဟန်ပန်အမူအရာမျိုးကို ထိန်းသိမ်းထားသေး၏။ ဤနေရာတွင် စုရှောင်မို ဆိုပါက ကျိန်းသေပေါက် ထုတ်ဖော်မေးမြန်းနေမှာ သေချာတော့၏။

“ဖေဖေ”

မိစ္ဆာစွမ်းအင်များကို စားသုံပြီးသည့်နောက်မှာတော့ ရှောင်ရှစ်သည် ဝမ်းဗိုက်ကလေးကို အသာပွတ် လိုက်၏။ ပြီးသည့်နောက်မှာတော့ လုချင်းချင်းကို ပြုံး၍ ကြည့်လိုက်၏။ “ဒါက သားရဲ့ မေမေလား”

ဘုန်း

ချောက်ကမ်းပါး၏ နံရံကြီးသည် လှုပ်ခါသွားပြီးသည့်နောက်မှာတော့ ဤကောင်ကလေး၏ ဦးခေါင်းသည် ထိုနံရံကြီးထဲသို့ စိုက်ဝင်လျက် ရှိနေလေသည်။

တောင်ကြား၏ အခြားတစ်ဖက်တွင် လှိုဏ်ခေါင်းကလေးတစ်ခု ရှိပြီး ထိုနေရာဆီမှ မိစ္ဆာစွမ်းအင်များ ထွက်ပေါ်နေသည်။ ကျွင်းချောင်ရှောင်းသည် ရှောင်ရှစ်အား သူနှင့်အတူ ခေါ်ဆောင်လာခဲ့တော့၏။ ဤကောင်လေးသည် ပိုမိုကာ လိမ်မာလာခဲ့၏။ တစ်ခါတစ်ရံ လုချင်းချင်းအား လှမ်းကြည့်ကာ တွေးလျက် ရှိနေတော့၏။ သူက ငါ့အမေ မဟုတ်ဘူးဆိုရင် ငါ့ အမေက ဘယ်သူလဲ။

ခဏလောက် ကြာပြီးသည့်နောက် ၎င်းတို့ သုံးယောက်သည် လှိုဏ်ခေါင်း၏ အဆုံးဖက်ဆီသို့ ရောက်ရှိသွားခဲ့ ကြ၏။ ထိုအချိန်မှာတော့ များပြားလှသည့် စတုရန်းပုံ ပုံသဏ္ဍာန်များ ရေးထိုးထားသည့် ကျောက်လှိုဏ်ဂူကြီး တစ်ခု၏အရှေ့သို့ ရောက်ရှိလာ၏။ အထဲတွင်တော့ ကျောက်လှေကား၊ ကျောက်စားပွဲနှင့် ကျောက်ဖြင့်ပြုလုပ်ထား သော ကြောင်အိမ်များလည်း တည်ရှိလို့နေသည်။

“ဖေဖေ”

ရှောင်ရှစ်သည် အရှေ့ရှိ နံရံတစ်ခုဆီသို့ လက်ညှိုးညွှန်ပြလိုက်၏။ “ဒီမှာ စာတွေ ရှိတာပဲ”

ကျွင်းချောင်ရှောင်းသည် အသာလှမ်းကြည့်လိုက်သည့်နောက်မှာတော့ ညအင်ပါယာ ရောက်ရှိလာသည်ဆိုသော စာတမ်းကို မြင်လိုက်ရ၏။

“ဆိုလိုတာက ထိုက်ရွှမ်အကြီးအကဲရဲ့ လှိုဏ်ဂူထဲကို ညအင်ပါယာက ရောက်ရှိခဲ့တာပေါ့”

ညအင်ပါယာသည် မသေဆုံးခင်၌ ထိုက်ရွှမ်ကျမ်းစာကို ရရှိခဲ့သည်ဖြစ်ကြောင်းကို သူ သိရှိပြီး ဖြစ်နေတော့၏။ ဤအရာကြောင့်ပင် ညအင်ပါယာသည် သေဆုံးခဲ့သည်ဟု ဆိုရမည်။

“ဒီလိုမျိုး ရှုပ်ယှက်ခတ်နေတဲ့ လက်ရေးမျိုးကို ကြည့်ရမယ်ဆိုရင်”

လုချင်းချင်းသည် သုံးသပ်လိုက်မိ၏။ “ဒီလူက သိုင်းအင်ပါယာဆယ်ယောက်ထဲက တစ်ယောက်ဆိုပေမဲ့ ဒီနေရာကို ရောက်ဖို့ ကြီးမားတဲ့ ပေးဆပ်မှုကြီး ပေးဆပ်ခဲ့ရပုံပဲ”

“အင်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အပြင်ဘက်မှာရှိနေတဲ့ အကာအကွယ် အတားအဆီး၊ သဲရုပ်တုတွေနဲ့ တွေ့ဆုံရပြီဆိုရင် စိတ်ဝိညာဉ်အင်ပါယာနဲ့ တခြားသူတွေသာဆိုရင် ရှုံးနိမ့်ခဲ့တာ ကြာပြီပေါ့”

“ဒါဆိုရင် အချက်အလက်အားဖြင့် ညအင်ပါယာက နည်းနည်းအားကောင်းတယ်ဆိုတဲ့ သင်္ကေတပဲ မဟုတ်လား။ ဆိုးလိုက်တာ”

သူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒီလို အားကောင်းလှတဲ့ လူတစ်ယောက်က မိန်းမ တစ်ယောက်ရဲ့ လှည့်စားခြင်းကို ခံရပြီးတော့ သေဆုံးသွားခဲ့တယ်တဲ့။ ပြီးတော့ အဲမိန်းမကိုပဲ အထက်နယ်မြေ ရောက်အောင် ကူညီပြီး ပို့ပေးလိုက်သလိုတောင် ဖြစ်ခဲ့သေးတယ်”

ဝှစ်

ရုတ်တရက်ဆိုသလိုပဲ သူတို့၏ ရှေ့တွင်ရှိနေသည့် ပြောင်ရှင်းသည့် မြေကြီးသည် ရုတ်တရက် ကွဲအက်သွားခဲ့၏။ ပြီးသည့်နောက်မှာတော့ ကျောက်စင်မြင့်သုံးခုသည် ဖြည်းဖြည်းချင်း ပေါ်ပေါက်လာခဲ့၏။ ထိုကျောက်စင်မြင့် သုံးခုပေါ်တွင် သပ်ရပ်လွန်းလှသော သေတ္တာလေးသုံးခု တင်ထား၏။ နှစ်ခုသည် ပွင့်လျက်ရှိနေပြီး နောက်ဆုံးတစ်ခုမှာ တော့ တင်းတင်းကျပ်ကျပ် ပိတ်လို့ထားခဲ့၏။

“ကျုပ်က ဒီလှိုဏ်ဂူထဲမှ အခွင့်အရေး အမွေအနှစ်သုံးခုကို ထားခဲ့တယ်။ ဒီနေရာကို ရောက်လာနိုင်တဲ့လူတွေက သုံးခုထဲက တစ်ခုကို ရွေးချယ်ပြီး ယူနိုင်တယ်” အသံအိုကြီး တစ်ခုသည် လေဟာနယ်ကို ဖြတ်သန်းလာသကဲ့သို့ပင် ၎င်းတို့၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။

All Chapters