← Chapters

အပိုင်း (၁၂၈၂)

Vol. 86 Ch. 1282

အပိုင်း (၁၂၈၂)

Vol. 86 Ch. 1282

သူ့အနေနှင့် ဤကျမ်းစာကို ရရှိရန် အလွန်တရာ ခက်ခဲလိမ့်မည်ဟု တွေးတောထားခဲ့၏။ သို့ပေမဲ့ တကယ်တမ်း မှာတော့ အလွန်တရာလွယ်ကူသည့် နည်းလမ်းမျိုးကို အသုံးပြုကာဖြင့် ထိုက်ရွှမ်အအေးနှလုံးသားကျင့်စဉ် ဒုတိယပိုင်း အား ရရှိခဲ့ပြီဖြစ်၏။

ဤအကြောင်းအရာကို အားညိုသာ သိမည်ဆိုပါက ကျိန်းသေပေါက် သွေးအန်နေပေလိမ့်မည်။ လုချင်းချင်းအနေနှင့် အအေးဓာတ်သဘာဝများကို သန့်စင်လျက်ရှိနေတုန်းဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် လျှို့ဝှက်ကျမ်းစာကို ယူပြီး ကျောက်ကုလားထိုင်တစ်ခု၌ ထိုင်ကာ အရင်ဆုံးဖတ်ကြည့်လျက်ရှိနေသည်။

သူသည် အထဲတွင်ရှိနေသော မန္တန်များကို စိတ်မဝင်စားချေ။ ထို့ကြောင့် နောက်ဆုံးစာမျက်နှာကို အသာလှန်ကာဖြင့် အစီအရင်ပုံပန်းသွင်ပြင်ကို ကြည့်ရှုလိုက်၏။ ထိုအရာသည် ကောင်းကင်နှင့်မြေကြီးဖန်တီးခြင်း အစီအရင်ပင် ဖြစ်၏။

“တကယ်ရှိနေတာပဲ။”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ သူ့အနေနှင့် ဤအစီအရင်ကိုသာ ဖန်တီးတည်ဆောက်နိုင်မည်ဆိုပါက မည်သည့်ကျင့်ကြံခြင်းအဆင့်ကိုမဆို လျစ်လျူရှုပြီးသည့်နောက် အထက်နယ်မြေ ဆီသို့ တက်လှမ်းခွင့်ရပေလိမ့်မည်။

သူ့အနေနှင့် အထက်နယ်မြေဆီသို့ ခရီးတစ်ခေါက်ထွက်သွားခွင့် အခွင့်အရေး ကို ပေးစွမ်းနိုင်သည့်အရာ ပင်ဖြစ်တော့၏။ သို့ပေမဲ့ အစီအရင်သည် အလွန်တရာ ရှုပ်ထွေးလွန်းလှသည်။ ခဏလောက်ကြည့်ရှုပြီးနောက်ကျွင်းချောင်ရှောင်းသည် မူးနောက်နောက်ပင် ခံစားနေမိ၏။

“ထားလိုက်တော့။ ငါမိတ်ဆက်ကို အရင်ဆုံး ဖတ်ကြည့်လိုက်မယ်။”

ပြီးသည့်နောက်မှာတော့ သူသည် အစီအရင်၏ မိတ်ဆက်ကို သေသေချာချာ ဖတ်ရှုလိုက်၏။ ပြီးသည့်နောက်မှာတော့ သူနားလည်လိုက်ရသည်မှာ အစီအရင်သည် သီးသန့်အစီအရင်ဖန်တီးရခြင်းပင် မကသေးဘဲ ဓာတ်ငါးပါး သို့မဟုတ် ဓာတ်ငါးပါးနှင့်ပတ်သက်သည့် ရတနာများ ထောက်ပံ့ပေးရန်လည်း လိုအပ်နေသေးကြောင်း နားလည်လိုက်မိသည်။

“ငါ့ဆီမှာ ဓာတ်ငါးပါး ခန္ဓာကိုယ်ရှိတာပဲ။ ဒါ ပြဿနာကြီးမဟုတ်ဘူး။”

ကျွင်းချောင်ရှောင်းသည် လက်ရှိတွင် သေသေချာချာ စဉ်းစားရသည်မှာ အထက်နယ်မြေသို့ မည်သို့ရောက်ရှိအောင် တည်နေရာရွှေ့ပြောင်းသွားလာရမည်ဆိုသည့် အကြောင်းအရာမဟုတ်ပေ။

သူစိတ်ပူလျက်ရှိနေသည်မှာ ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်းအစီအရင်ကို ဖန်တီး၍ အသုံးပြုလိုက်ချိန်၌ ကြယ်ကောင်းကင်ခံတပ်မသိရှိအောင် မည်သို့ လုပ်ရမည်ဆိုသည့်အကြောင်းပင် ဖြစ်၏။

“ငါ့အနေနဲ့ ဘာလို့ သူတို့ သိရှိသွားမှာကို ကြောက်နေရတာလဲ။”

သူသည် ပြုံးကာ ပြောလိုက်၏။ “တကယ်လို့ တစ်နေ့မှာ အထက်နယ်မြေကို တက်လှမ်းချင်တယ်ဆိုရင် ငါ့နည်းငါ့ဟန်နဲ့ ကြယ်ကောင်းကင်ခံတပ်ကြီးကို ဖျက်ဆီးပစ်လို့ ရနေတာပဲမဟုတ်လား။”

သူ၏ ဤအကြံအစည်အား သေမျိုးစကြဝဠာထဲရှိ တစ်ခြားသောကျွမ်းကျင်သူများသာ ကြားသည်ဆိုပါက ကျိန်းသေပေါက် လက်မထောင်ကာ ပြောပေလိမ့်မည်။ “ဂိုဏ်းချုပ်ကျွင်း။ ခင်ဗျားက တကယ့်ကို ကြမ်းတယ်။”

ကျွင်းချောင်ရှောင်းအနေနှင့် လောလောဆယ် အထက်နယ်မြေဆီသို့ တက်လှမ်းရန် ရည်ရွယ်ချက်မရှိချေ။ ထို့အတူ အစီအရင်ကိုလည်း မဖန်တီးနိုင်သေးပေ။ ထို့ကြောင့် ကျမ်းစာဒုတိယပိုင်းအား သိုလှောင်လက်စွပ်ထဲသို့ ပြန်လည် ထည့်သွင်းပြီးသည့်နောက်မှာတော့ လှိုဏ်ဂူထဲတွင် လှည့်ပတ်ကာ လျှောက်လျက်ရှိ၏။

“စီနီယာ ထိုက်ရွှမ်အဘိုးအိုရဲ့ လှိုဏ်ဂူဆိုတော့ သေတ္တာသုံးလုံးထက် ပိုကာ အများကြီးရှိရမှာပေါ့။ ဟုတ်တယ်မလား။ နေအုံး။”

ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကို စဉ်းစားပြီးသည့်နောက်မှာတော့ ကျောက်စင်မြင့်ဆီသို့ ပြန်လာကာဖြင့် သပ်ရပ်လှပစွာဖြင့် ပြုလုပ်ထားသည့် သေတ္တာသုံးခုကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်သည်။

“ဒီပစ္စည်းတွေကို ဆရာဖန်းသာ ဆိုရင် ကျိန်းသေပေါက် အရည်ဖျော်ပြီး လက်နက်တစ်ခုခု ဖန်တီးပေးနိုင်တယ်။”

အထဲတွင် ရှိသော အမွေအနှစ်သုံးခုကို ယူဆောင်သွားပြီဖြစ်သောကြောင့် ကျောက်စင်မြင့်ပေါ်တွင် ရှိနေသည့် သေတ္တာသုံးခုသည် အသုံးမဝင်ေ‘ညအင်ပါယာရောက်ရှိလာခဲ့သည်’ ဆိုသော စာအား မြင်ရသည့်အချိန်မှာတော့ ချက်ချင်းပင် ပြောလိုက်မိ၏။ “သောက်ရူး …. တွေ့ကရာနေရာ စာရေးတတ်တဲ့ အကျင့်က ရှိနေသေးတာပဲ။”

စနစ်က ဝင်ပြောလိုက်၏။ “ဘာပဲပြောပြော လက်ကမြင်းတာပေါ့။”

ကျွင်းချောင်ရှောင်းသည် သူ၏ ကောင်းကင်နဂါးဓားအား ထုတ်ယူပြီးသည့်နောက်မှာတော့ ညအင်ပါယာ (ည - ရီ ) ဆိုသည့် စကားလုံးအား ဖျက်လိုက်၏။ ပြီးသည့်နောက်မှာတော့ ကျွင်းဟူသည့် စကားလုံးအား ပြန်လည်ကာ ရေးထိုးလိုက်သည်။

“…….”

စနစ်သည် ဆွံ့အသွားမိခဲ့၏။ စောနကလေးတင် ညအင်ပါယာအား လက်ကမြင်းလွန်းလှသည်ဟု အပြစ်တင်ဝေဖန် လျက်ရှိနေသော လက်ခံသူသည် လက်ရှိအခြေအနေမှာတော့ သူကိုယ်တိုင်ပင်လျှင် ကျောက်နံရံအပေါ်တွင် စာရေး လျက်ရှိနေ၏။

၄ နာရီလောက် ကြာပြီးသည့်နောက်မှာတော့ လုချင်းချင်းသည် ရုတ်တရက် မတ်တပ်ထရပ်လာခဲ့တော့၏။ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လျက်ရှိနေသော ရေခဲအော်ရာများသည် ပိုမိုကာ အားကောင်းလာခဲ့သည်။

ကြည့်ရသည်မှာ သေတ္တာထဲမှ စုပ်ယူပြီးသော ရေခဲဓာတ်သဘာဝများသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် ရေခဲမျိုးစေ့ တစ်ခုအဖြစ် ဖြစ်တည်နေလောက်ပြီဖြစ်၏။

“သွားကြရအောင်။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

သူ့အနေနှင့် အလွန်တရာ စိတ်ဓာတ်ကျလျက်ရှိ၏။ အချိန်အတော်ကြာသည်အထိ လှိုဏ်ဂူထဲတွင် လှည့်ပတ်ကာလျှောက်ကာ ရှာကြည့်သော်လည်း ဘာတစ်ခုမှ ရှာမတွေ့ တော့ချေ။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်သည် အမှန်ပင် ကပ်စေးနည်းလွန်းလှ၏။

“ကျေးဇူးတင်ပါတယ်။” လုချင်းချင်းက တီးတိုးပြောလိုက်သည်။

“မင်း ခုနက ဘာပြောလိုက်တာလဲ။ ငါမကြားလိုက်ဘူး။” ကျွင်းချောင်ရှောင်းသည် ခေါင်းကို ငဲ့စောင်းကာဖြင့် မေးလိုက်၏။

“……….”

လုချင်းချင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးသည့်နောက်မှာတော့ အသာဦးညွှတ်ကာ ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်ဂိုဏ်းချုပ်။ တပည့်ကို ရေခဲဓာတ်သဘာဝနဲ့ သန့်စင်အောင်လို့ ကူညီပေးနိုင်တဲ့အတွက်ပါ။”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ရပ်တန့်လိုက်၏။ ပြီးသည့်နောက်မှာတော့ လေးလေးနက်နက် အမူအရာဖြင့် သူမကို ကြည့်ကာ ပြောလိုက်၏။ “ငါလိုတာ ကျေးဇူးတင်စကားမဟုတ်ဘူး။ ငါလိုတာက ဂိုဏ်းရဲ့ အကြီးအကဲတပည့်ကြီးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်တိုင် ယူရမယ့် တာဝန်ဝတ္တရားတွေပဲ။”

“ဒီတပည့်က နားလည်ပါပြီ။” လုချင်းချင်းက ပြန်ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် အနည်းငယ် အံ့အားသင့်လို့နေ၏။ ဤမိန်းကလေးသည် ယခင်ကအတိုင်းပင် အေးစက်လှသည့် ပုံပန်းသွင်ပြင်မျိုးပေါ်နေသည်ဆိုသော်လည်း သူမ၏ လေသံမှာတော့ ယခင်ကထက် ပိုမိုကာ နွေးထွေးလျက် ရှိနေ၏။

“သွားကြရအောင်။” သူတို့ သုံးယောက်သည် လာရာလမ်းအတိုင်း ပြန်ကာ လှည့်ထွက်ခဲ့သည်။

ကျောက်တံခါးကြီးဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “စီနီယာထိုက်ရွှမ် ….. ဒီလောက်ကြီးမားတဲ့ လှိုဏ်ဂူကြီးထဲမှာ ဘာလို့ သေတ္တာ ၃ လုံးပဲ ထားခဲ့ရတာလဲ။ ဒီလောက် ကပ်စီးနည်းတယ်ဆိုမှတော့ ဂျူနီယာကို တံခါးကြီးချွတ်ယူသွားတဲ့အတွက် အပြစ်မတင်ပါနဲ့တော့။”

ဝှစ် ဝှစ်

ကျွင်းချောင်ရှောင်းသည် လက်နက်မျိုးစုံကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ ကျောက်လှိုဏ်ဂူကြီးတွင် ထားရှိသော ကျောက်တံခါးကြီးအား သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင်ပင် ဖြုတ်ယူလျက်ရှိနေတော့သည်။

“………”

လုချင်းချင်းသည် ဆွံ့အလျက်ရှိနေ၏။ တစ်ခြားသူချန်ခဲ့သည့် တည်နေရာထဲသို့ ရောက်ရှိလာပြီး အမွေအနှစ်များရရှိပြီးသည်ကိုတောင်မှမကျေနပ်သေးဘဲ တံခါးကိုပါဖြုတ်ယူသွားတတ်သည့်အကျင့်သည် ဂိုဏ်းချုပ် တစ်ယောက်တည်းတွင်သာ ရှိမည့် အကျင့်မျိုးပင် ဖြစ်၏။

ထိုက်ရွှမ်အဘိုးအို မြင်ပြီမလား။ ဒီလိုလူမျိုးကို အထက်နယ်မြေလာရင် ကာကွယ်ပေးမယ်ဆိုပြီးပြောခဲ့တာ။ တစ်ချိန်မှာ ဒူးနဲ့မျက်ရည်သုတ်ရလိမ့်မယ်။

တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်းကို အရှက်မဲ့သည်ဟု အပြစ်ပြောဆို၍ မဖြစ်ချေ။ အဘယ့်ကြောင့်ဆိုသော် အမွေအနှစ်သုံးခုကို ယူဆောင်သွားခဲ့ပြီဖြစ်သောကြောင့် ထိုက်ရွှမ်လှိုဏ်ဂူသည် အသုံးမဝင်တော့ချေ။ ဆက်လက်ကာ တည်ရှိရန်လည်း လိုအပ်သည့်အရာမျိုး မဟုတ်တော့ပေ။ ထို့ကြောင့် ကျောက်တံခါးကြီးကို ယူဆောင်သွားခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ထိုမှသာလျှင် လက်နက် တစ်ခုခုကို သန့်စင်ပြီး အကျိုးထူးရရှိနိုင်သည် မဟုတ်ပါလား။

ရှေးရွက်သင်္ဘောကြီးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာဖြင့် ကောင်းကင်ယံအထက်တွင် ပျံသန်းလျက်ရှိ နေ၏။ ကျွင်းချောင်ရှောင်းမှာတော့ ထိုက်ရွှမ်အအေးနှလုံးသားဒုတိယပိုင်းကို ထုတ်ယူလိုက်၏။ ပြီးသည့်နောက်မှာ တော့ စုတ်တံ၊ စာရွက်များကို ထုတ်ယူကာ အစီအရင်၏ ပုံပန်းသွင်ပြင်ကို ရေးဆွဲတော့သည်။ ပြီးသည့်နောက်မှာတော့ လုချင်းချင်းအား ကျင့်ကြံခြင်းနည်းစနစ်စာအုပ်များကို လှမ်းကာ ပေးလိုက်တော့၏။ သူ့အနေ နှင့် ရေခဲဓာတ်အမျိုးအစား ကျင့်ကြံခြင်းနည်းစနစ်များကို လေ့လာရန် စိတ်မဝင်စားလှချေ။

“ဂိုဏ်းချုပ် …. ဒီနည်းစနစ်၏ ဒုတိယပိုင်းကို မှတ်သားထားပြီးပြီဆိုရင် ဂျူနီယာလေးတွေ လေ့ကျင့်နိုင်ဖို့အတွက် ကျင့်ကြံခြင်းခန်းမဆောင်ထဲမှာ ထားပေးပါ့မယ်။” လုချင်းချင်းက ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မင်း ဒီလိုမျိုး စဉ်းစားပေးတဲ့အတွက် ငါ အရမ်း ကျေးဇူးတင်တယ်။ ဒါပေမဲ့ … ဒါကို လေ့ကျင့်နိုင်ဖို့အတွက်ဆိုရင် အထူးရေခဲဓာတ်သဘာဝ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ လိုသေးတယ်။ မဟုတ်လို့ရှိရင် တန့်ပြန်မှုကို ခံစားရလိမ့်မယ်။ ဒါပေမဲ့ဂိုဏ်းက တဖြည်းဖြည်း လူတွေများလာမှာပဲ။ အဲအချိန်ရောက်ရင်ရေခဲဓာတ်သဘာဝ နဲ့ပတ်သက်ပြီး ပါရမီပါသူတွေကို တွေ့လာနိုင်တယ်။အဲလိုလူမျိုးတွေကို မင်းကိုယ်တိုင်သင်ပေးပေါ့။”

လုချင်းချင်းက ပြောလိုက်သည်။ “ဂိုဏ်းချုပ်က အဝေးကြီးကို တွေးထားတာပဲ။”

“ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်အနေနဲ့ အမြင်ကလည်း အဝေးကြီးကို ရောက်နေမှ ဖြစ်လိမ့်မယ်လေ။”

ကျွင်းချောင်ရှောင်းသည် အသာလှည့်ကြည့်ပြီးသည့်နောက်မှာတော့ ဟာသလုပ်လိုက်၏။ “အခု မင်း ငါ့ရဲ့ ဂိုဏ်းချုပ်နေရာကို ယူချင်သေးလား။”

“……….”

လုချင်းချင်းသည် ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်သည့်အချိန်တွင် ဂိုဏ်းချုပ်နေရာအား ပေးရန် ပြောဆိုခဲ့ဖူး၏။ ဂိုဏ်းချုပ်သည် ထိုအရာကို မှတ်သားထားကြောင်း သူမ သိရှိလိုက်ရ၏။

“ငါ့အနေနဲ့ ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ လိုသေးတယ်။ ပြီးတော့ ဒီလိုလုပ်တဲ့အချိန်မှာ မင်းတို့လို တပည့် တွေအပေါ် အားကိုးဖို့ကလည်း လိုသေးတယ်မဟုတ်လား။ ဒီတော့ ငါ ပျင်းရိနေလို့ ဘယ်ဖြစ်ပါ့မလဲ။”

ဂိုဏ်းချုပ်ပြောသည့် စကားလုံးများကို ကြားသိရသည့်အချိန်မှာတော့ လုချင်းချင်းသည် ထိုအရာမှာ နောက်ပြောင်သည့် အရာမဟုတ်ကြောင်း နားလည်လိုက်မိသည်။

ဂိုဏ်းချုပ်သည် အမှန်တကယ်ပင် ကြိုးစားခဲ့သည့် လူတစ်ယောက်ဖြစ်၏။ နာမည်မရှိသည့် ဂိုဏ်းတစ်ခုအား ကုန်းမြေ တိုက်ကြီးတစ်ခုတွင် အားအကောင်းဆုံးသော ဂိုဏ်းတစ်ခုဖြစ်အောင် ပြုလုပ်ခဲ့ခြင်းဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် ထိုအရာမျိုးကို ပြုလုပ်နိုင်ခဲ့၏။

“ချင်းချင်း”

ရွက်လှေ၏ ပဲ့ဦးတွင် မတ်တပ်ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို အနောက်ပစ်ကာဖြင့် ကောင်းကင်ယံထက်သို့ မော့ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် သူရဲကောင်းဆန်ဆန်ဖြင့် ပြောလိုက်၏။ “ဒါကအစပဲရှိသေးတယ်လေ။ ငါတို့အနေနဲ့ ဒီထက်များပြားတဲ့အောင်မြင်မှုတွေကို ရယူဖို့လိုသေးတယ်။ အဲဒါတွေအကုန်လုံးကို ရအောင်ယူရအုံးမယ်။”

ဤနေရာတွင် လီချင်းယန်လည်းမရှိချေ။ ရှောင်ကျီလည်း မရှိပေ။ ထို့အတူ တောဝက်ရိုင်းလေးလည်း မရှိပေ။ မဟုတ်ပါက ဂိုဏ်းချုပ်ဆီမှ ထွက်လာသည့် ဤစကားတစ်ခုသည် ၎င်းတို့၏ သွေးများကို ပွက်ပွက်ဆူစေမှာ သေချာ၏။ သို့ပေမဲ့ သူ၏ ဘေးနားတွင်ရှိနေသည်မှာ လုချင်းချင်းပင် ဖြစ်တော့သည်။

လုချင်းချင်းတုံ့ပြန်လိုက်သည်မှာ “သြော်” ဟူသည့်စကားလုံး တစ်လုံးပင် ဖြစ်တော့၏။ ထို့ကြောင့် အကောင်းမွန်ဆုံးသော အခြေအနေတစ်ခုသည် ရုတ်တရက် အောက်ဆီသို့ ကျဆင်းသွားခဲ့ရတော့၏။

………….

လ၏ အစပိုင်းမှာတော့ ပြိုင်စံရှားဂိုဏ်းသည် ထုံးစံအတိုင်း တပည့်များကို ခေါ်ယူလျက်ရှိနေ၏။ ဂိုဏ်းချုပ်သည် အစောကြီးတည်းက ကြိုတင်သတိပေးထားသည်ဖြစ်သောကြောင့် နင်ညီအစ်ကိုတို့သည် လိုအပ်ချက်များကို လျှော့ချပေးထားသည်။

အချိန်အနည်းငယ်စစ်ဆေးပြီးသည့်နောက်မှာတော့ တပည့်အသစ်များကိုရရှိခဲ့၏။ ဤအရာသည် ယခုနှစ်အတွင်း အများဆုံးသော လူခေါ်မှုပင်ဖြစ်တော့၏။

“ငါတို့ နောက်ထပ် လူတစ်သောင်းလောက် လိုအပ်နေသေးတာပဲ။”

မြောက်ပိုင်းပင်လယ်၏ ကျွန်းတစ်ခုပေါ်တွင်ရှိနေသော ကျွင်းချောင်ရှောင်းသည် တပည့်အရေအတွက် ကိုးသောင်း နီးပါးခန့်ကို ရောက်နေသည်ကို ကြားလိုက်ရသည့်အချိန်မှာတော့ အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။

“ဘိုးဘိုးကြီး”

သူ၏ ခြေထောက်အောက်တွင်ရှိနေသော ဓါးပြ ခေါင်းဆောင်သည် ထိတ်လန့်ကြောက်ရွံ့စွာနှင့် ပြောဆိုလျက်ရှိနေ၏။ “ကျေး … ကျေးဇူးပြုပြီးတော့ လွှတ်ပေးပါ။”

ဓားသွား၏ အလင်းတန်းတစ်ခုသည် ဖြတ်ပြေးသွား၏။ ပြီးသည့်နောက်မှာတော့ ခေါင်းတစ်ခုသည် ခပ်ဝေးဝေးတည် နေရာဆီသို့ လွင့်စင်သွားခဲ့သည်။

ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို အသာသိမ်းဆည်းကာ ပြောလိုက်၏။ “သွားကြရအောင်။”

ဝှစ် ဝှစ်

ရှေးရွက်သင်္ဘောကြီးသည် ထပ်မံကာ ခရီးနှင်လျက် ရှိနေ၏။ လမ်းတစ်လျှောက်တွင် တည်ရှိလျက်ရှိနေသော ဓားပြ ဂိုဏ်းများအားလုံးသည် ပျောက်ချင်းမလှ ပျောက်ကွယ်ကုန်ကျတော့၏။ ထိုသူတို့အားလုံးသည် အပြစ်ကင်းစင်လှသည့် လူများကို သတ်ဖြတ်ခြင်း၊ လုယက်ခြင်းများကို ရာစုနှစ်ပေါင်းများစွာ ပြုလုပ်ခဲ့သည့် လူများ ဖြစ်၏။

လက်ရှိအချိန်မှာတော့၎င်းတို့ကြောင့် ကျွင်းချောင်ရှောင်းကြောင့်လောကကြီးမှအပြီးတိုင်ပျောက်ကွယ်သွားကြပြီ ဖြစ်လေသည်။

All Chapters