ဒေါသအိုးရှားကျောင်ထျန်
Vol. 91 Ch. 1265
“ဥက္ကဌရှား ဒီကိစ္စက လူတွေအများကြီးရဲ့ အသက်နဲ့သက်ဆိုင်နေတယ် သူမက စကားပြောဖို့ လုံးဝအဆင်ပြေနေတာပဲလေ၊ သူမ စကားပြောဖို့ပဲလိုနေ တာကို၊ သူမကို လုပ်ခိုင်းနေတာလဲမဟုတ်ဘူး၊ ဘာလို့အဲလောက် ထိခိုက်နေ တာလဲ” ထိုအမျိုးသမီးသည် မကျေနပ်စွာဖြင့်ပြောလေသည်။
သူမ ထိုသို့ပြောလိုက်သောအခါ အသည်းကွဲတောင်ကြားအဖွဲ့ဝင်များနှင့် သားရဲများသည် မပျော်တော့ပေ။ ရှောင်ချီသည် သူမအရှေ့သို့ ခုန်ထွက်သွားပြီး လက်နှစ်ဖက်ကိုခါးထောက်ကာ သူမကို စိုက်ကြည့်ပြီး ပြောလိုက်သည် “ရှင်က ဘယ်သူလဲ ဒီမှာလာဟောင်ဖို့ ဘာအခွင့်အရေးရှိလို့လဲ”
“ဟင် ငါက တည်ဆောက်မှုသခင်အသင်းရဲ့ အကြီးအကဲ ရောမေ့ပြ ငါက ဂုဏ်ထူးဆောင်အကြီးအကဲပဲ” ရောမေ့သည် ရှီမာယူယူ၏ သရုပ်မှန်ကို မသိသည့်အလား အထင်သေးစွာဖြင့် ကြည့်လေသည်။
ဟင်း… သူမ မျက်နှာကိုကြည့်ပြီးပဲ မပျော်မရွှင်ဖြစ်နေကြသေးတယ်။ လူတွေကို ဆွဲဆောင်ဖို့ပဲသိတဲ့ ဆိုးညစ်တဲ့ မိန်းမပဲ။
“တည်ဆောက်မှုသခင်အသင်း အကြီးအကဲ” ရှောင်ချီ ဆက်ပြောလေ သည် “အိုနေပြီဆိုတော့ အသင်းဥက္ကဌများလားလို့ ထင်လိုက်တာ”
“ရဲတင်းလိုက်တာ” ရောမေ့သည် ပြစ်တင် ပြောဆိုလေသည်။
သူမကို အိုသည်ဟု တခြားသူပြောခြင်းကို သူမ အမုန်းဆုံးဖြစ်သည်။
“အကြီးအကဲရော ရှင်အော်လိုက်တာ မူးသွားတယ် အိုး.. မရတော့ဘူး အရမ်းမူးနေပြီ ငါ နားမှဖြစ်မယ် အရမ်းမူးနေပြီ၊ ဥက္ကဌ ရှင့်မှာဒီလောက် စွမ်းဆောင်နိုင်တဲ့လူတွေ အများကြီးရှိမှတော့ အထဲက အခြေအနေကို ကိုယ့်ဘာသာ စုံစမ်းသင့်တယ် ကျွန်မတို့ အရှက်တကွဲမဖြစ်စေချင်ဘူး” ရှီမာယူယူသည် ခေါင်းကိုကိုင်ထားပြီး ရှီမန်ဖန်၏ ရင်ခွင်ထဲသို့မှီလှဲလိုက်သည် “ဖန်အာ ငါ နေလို့မကောင်းဘူး ပြန်သွားပြီးနားရအောင်”
“ရတာပေါ့” ရှီမန်ဖန်သည် ရောမေ့၏ အပြုအမူကြောင့် အလွန်ဒေါသ ထွက်သွားသော်လည်း ရှီမာယူယူ ထိုသို့ပြောလိုက်သည်ကို ရယ်ချင်သွားသည်။
သို့သော် သူရယ်သည့်ပုံကိုမပြဘဲ ရှီမာယူယူကို ထူကာ ထွက်သွားရန် ပြင် လေသည်။
“ရပ်” ရောမေ့သည် သူတို့အမှန်တကယ်သွားတော့မည်ကို မြင်သောအခါ အပြစ်တင်လေသည် “ရှီမာယူယူ မင်းက အဂ္ဂိရတ်ပညာရှင်အသင်းက အဖွဲ့ဝင် တစ်ယောက်ပဲလေ၊ မင်းလည်း မဟာမိတ်ရဲ့တစ်စိတ်တစ်ပိုင်းပဲ မင်းတို့ရထား တဲ့ သတင်းကို ငါတို့ကိုပြောပြရမယ်”
“ဖန်အာ” ရှီမာယူယူသည် ရှီမန်ဖန်၏ ပခုံးကိုပုတ်ပြီး အားလုံးနှင့် မျက်နှာချင်းဆိုင်ရန် ပြောလိုက်သည်။
သူမ လှည့်လာသည်ကိုမြင်သောအခါ သတင်းပြောပြတော့မည်ဟု အားလုံးထင်လိုက်ကြသည်။
“ဥက္ကဌ ကျွန်မ အသင်းကိုဝင်တုန်းက ဘာပြောခဲ့လဲ” ရှီမာယူယူ မေးခွန်း ထုတ်လေသည်။
“မင်း အသင်းကိုအချိန်မရွေးလာကြည့်လို့ရတယ် မင်းပျော်တဲ့အချိန်ဆို ရင် အသင်းကိစ္စကို အားထုတ်ပေးလို့ရတယ် မပျော်ရင်လည်း လျစ်လျူရှုလို့ရ တယ်” ရှားကျောင်ထျန် ပြန်ဖြေလေသည်။
သူ့အဖြေကိုကြားပြီးနောက်တွင် ရှီမာယူယူ၏ နှုတ်ခမ်းထောင့်မှာ တွန့်တက်သွားပြီး ရောမေ့ကိုကြည့်ပြီး ပြောလိုက်သည် “အကြီးအကဲရော ကြားလိုက်လားရှင်၊ အခုကျွန်မဒဏ်ရာရထားတယ် အဲဒါကြောင့် ကျွန်မ မပျော် ဘူး၊ အဲဒါကြောင့် ဘာကိုမှမမှတ်မိဘူး ဖန်အာ ပြန်ရအောင်”
“ရှီမာယူယူ ခွဲခြားခွဲခြားမလုပ်နဲ့ မင်းက ဂုဏ်သရေရှိ အကြီးအကဲဆိုရင် တောင် မဟာမိတ်ရဲ့တစ်စိတ်တစ်ပိုင်းပဲ မင်း ငါတို့ကိုသတင်းမပြောပြရင် အသင်းမဟာမိတ်တစ်ခုလုံးကို ရန်သူလက်ထဲကို ကျအောင်လုပ်ဖို့ကြိုးစားနေ တာပဲ” ရောမေ့ အော်လေသည်။
ရှီမာယူယူ မျက်နှာပျက်သွားပြီး အေးစက်စွာရယ်မောလိုက်သည် “ကြီးမားလိုက်တဲ့ ကိစ္စကြီးပါလား အဲလိုဆိုမှတော့ ဘာပြောနိုင်ဦးမှာလဲ”
သူမသည် ရှားကျောင်ထျန်ပေးထားသော တံဆိပ်ပြားထုတ်လိုက်သည်။ သူမ တံဆိပ်ပြားကို ပစ်ပေးလိုက်ရာ ရှားကျောင်ထျန်၏ လက်ထဲသို့ ကွက်တိ ကျသွားလေသည်။
“အာ… အာ..” ရှားကျောင်ထျန်သည် တံဆိပ်ပြားကိုကိုင်ပြီး လှမ်းအော် ကာ ရှီမာယူယူဆီသို့သွားကာ ကိုယ်တိုင်ပင် သူမ လက်ထဲသို့ထည့်လိုက်သည်။ “ယူယူ ဒီအရူးမကို ဘာတွေအလေးအနက်ထားနေတာလဲ၊ ဒီတံဆိပ်ပြားကို ပစ်လို့မရဘူးလေ လာခဲ့ စိတ်အေးအေးထားပြီး ဒီတံဆိပ်ပြားကိုပြန်ယူလိုက်”
“ဒီတံဆိပ်ပြားက ကြောက်ဖို့ကောင်းတယ် ကျွန်မယူလိုက်ရင် ဒီနေ့ ဘာမှ မပြောရင် အသင်းမဟာမိတ်တစ်ခုလုံးနဲ့ ရန်သူဖြစ်သွားလိမ့်မယ်၊ ကျွန်မရဲ့ အသက်လေးတစ်ခုအတွက်နဲ့ ဥက္ကဌ ရှင်ယူထားတာကောင်းမယ်” ရှီမာယူယူ သည် မှားယွင်းသလိုခံစားရကာ ပြောလေသည်။
“ဘယ်သူပြောလဲ မင်းက ငါ့အသင်းအဖွဲ့ဝင်ပဲ ငါတောင်မပြောတာ ဘယ် အင်အားစုက မင်းကိုဖိအားပေးနိုင်မှာလဲ” ရှားကျောင်ထျန် စိုက်ကြည့်လေ သည် “ရောမေ့ မင်း ဒီအဘွားကြီးကတော့ လွန်နေပြီ၊ မင်းက ငါ့အသင်းဝင်ကို အမိန့်ပေးချင်တာလား၊ အဲလိုလုပ်ရအောင် မင်းက ဘယ်သူမို့လို့လဲ”
“ရှားကျောင်ထျန် ရှင်…” ထိုသည်မှာ လူအများရှေ့တွင် ငေါက်ငမ်းခံရ သည်မှာ ရောမေ့အတွက် ပထမဆုံးအကြိမ်ဖြစ်ကာ သူမ ဆွံ့အသွားပြီး ဒေါသ ထွက်လေသည်။
“ရှားကျောင်ထျန် ဒီမှာလူတွေအရမ်းများတယ် နည်းနည်းတော့ သတိ ထားဦးလေ” အင်္ကျီလက်ရှည် အနက်ဝတ်ထားသော လူတစ်ယောက် ပြောလေ သည်။
“ဟား.. ဖန်မင် ရောမေ့က မင်းရဲ့အသင်းဝင်ပဲ၊ သူမကို နည်းနည်းလောက် ကြိမ်းမောင်းလိုက်တာနဲ့ မင်းစိတ်မကောင်းဖြစ်နေပြီ၊ ယူယူက ငါ့ မြေးထက် တောင် ရင်းနှီးတဲ့လူတစ်ယောက်ပဲ၊ ရောမေ့က ငါ့အဖွဲ့ဝင်ကို ကြိမ်းမောင်းနေ တာကို ငါကရော ဒေါသမထွက်ဘူးထင်နေလား” ရှားကျောင်ထျန် တစ်ရစက် ပြောလေသည်။ ကြည့်ရသည်မှာ သူနှင့် ဖန်မင်တို့၏ ဆက်ဆံရေးမှာ ရင်းနှီး သည်ဟု ထင်ရသည်။
ဖန်မင်သည် ဆွံ့အသွားသည်။ “ငါက ဘယ်တုန်းက ကိုယ့်အသင်းဝင်ကို အလိုလိုက်လို့လဲ မင်းကို နည်းနည်းလောက်သတိထားဖို့ပဲပြောတာပါ”
“ဘာမှသတိထားစရာမရှိဘူး” ရှားကျောင်ထျန်သည် လက်ကိုဝှေ့ယမ်း ကာ စိတ်မရှည်မှုကို ပြသလေသည် “ငါပြောမယ် ယူယူက ငါ့အသင်းက ဂုဏ်သရေရှိ အကြီးအကဲပဲ၊ ဘယ်သူမှာ သူမကိုဖိအားပေးပြီး ဘာမှလုပ်ခိုင်းလို့ မရဘူး မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့ လောင်ရှားက ဘယ်သူ့မျက်နှာမှ ထောက်နေ မှာမဟုတ်ဘူး”
သူ၏ စကားမှာပြတ်သားသည်။ တခြားသောအသင်းဝင်များသည် ရောမေ့ကိုကြည့်လိုက်ကြသည်။ အမြဲတစေ မသင့်တော်အောင်နေတတ်သော ရှားကျောင်ထျန်ကို ထိုသို့ဖြစ်အောင် မည်သူမှမလုပ်နိုင်ပေ။
ရှားကျောင်ထျန်သည် သူကို ထိုသို့ကာကွယ်ပေးမည်ဟု ရှီမာယူယူ မထင် ထားသဖြင့် နွေးထွေးမှုကို ခံစားလိုက်ရသည်။
“ဟုတ်တယ် ယူယူ ဒဏ်ရာရထားတယ်ဆိုတာ မမြင်ဘူးလား၊ ရှင်တို့ သန်မာတယ်ဆိုရင် ယူယူ့ကို ပြောပြခိုင်းဖို့ ဘာလို့လိုဦးမှာလဲ ကိုယ့်ဘာသာ သွားစစ်ကြည့်ကြပေါ့” ရှောင်ဟုန်သည် ရှီမာယူယူကြောင့် ဒေါသထွက်ကာ သူမကို ပြန်ပြောလေသည်။
“ဟုန်အာ မရိုင်းရဘူး အကြီးအကဲရော ဟုန်အာက ငယ်သေးတယ် မျိုးဆက်ငယ်လေးတွေကို စိတ်ထဲမထားပါနဲ့” ဟော်ချန်းဒုန်သည် ထိုသို့ပြော သော်လည်း သူမကို အပြစ်တင်သည့် လေသံမပေါက်ပေ။
တစ်ချိန်တည်းမှာပင် ထိုစကားသည် ရောမေ့၏ မျက်နှာကို ဖြတ်ရိုက် လိုက်သလိုပင်။ ရှီမာယူယူသည် ရှောင်ဟုန်ထက်ငယ်သည်။ တခြားလူငယ်တွေ နဲ့ ကိုက်နေတာ မရှက်ဘူးလား။
ရှားကျောင်ထျန်သည် အားလုံးကိုကြည့်လိုက်ပြီးနောက် လှည့်ကာ ရှီမာယူယူကို ပြောလိုက်သည် “မင်းရဲ့ တံဆိပ်ပြားကိုလည်းသိမ်းလိုက်ဦး မင်းက ငါ့အသင်းကိုဝင်ထားမှတော့ ဒီလိုမျိုးထွက်လို့ ဘယ်ရမလဲ၊ ဒီလိုပဲလေ မင်း လုပ်ချင်ရင် ဂရုစိုက်လို့ရတယ် မလုပ်ချင်ရင်မေ့ထားလို့ရတယ် ဘယ်သူမှ မင်းကို ဖိအားပေးလို့မရဘူး”
သည်တစ်ကြိမ်တွင် ရှီမာယူယူ ဘာမှမပြောလိုက်ပေ။ သို့သော် သူမ စိတ် ထဲတွင် မှားသလိုခံစားရကာ ဘာမှမပြောမိပေ။
ရောမေ့သည် ရှီမာယူယူကို ကြည့်ပြီး တစ်စုံတရာပြောချင်သေးသော် လည်း ဖန်မင်မှကြည့်လိုက်သဖြင့် ဘာမှမပြောလိုက်ရဘဲ စိတ်ထဲမှပင် ရှီမာယူယူကို တွန့်တိုကာ အချိန်မရွေး ပစ်လွှတ်ချင်သည့်စိတ်ဖြစ်နေသည်။
“ကောင်းပြီ ယူယူ မင်းဒဏ်ရာရထားတော့ ပြန်ပြီး နလန်ထူလိုက်ဦး” ရှားကျောင်ထျန် ဆက်ပြောလေသည် “အာယား မင်းနောက်လိုက်ခဲ့တာ ပိုကောင်းမယ်ထင်တယ် တစ်ခုခုဖြစ်လာရင် ကာကွယ်လို့ရတယ်”
ရှီမာယူယူသည် ထိုအမျိုးသမီးကို ဒေါသထွက်မိသော်လည်း ရှားကျောင်ထျန်နှင့် ဟော်ချန်းဒုန်တို့ကို မစွန့်စားစေချင်သောကြောင့် အားလျော့စွာပြောမိသည် “ဥက္ကဌ အဲဒီကိုဝင်သွားတဲ့သူတွေက ပြန်မထွက်လာ နိုင်ဘူးလို့ကြားတယ် ဥက္ကဌတို့လည်း ဝင်မသွားပါနဲ့၊ စွမ်းဆောင်နိုင်တဲ့သူတွေကို ဝင်သွားပြီးကြည့်ခိုင်းလိုက်ပါ ရှောင်ဟုန် အရင်တစ်ခေါက်က ငါ့ကိုပြောစရာ ရှိတယ်ဆို နင်အားရင် ရေပြင်မြို့တော်က အမှတ်ရစားသောက်ဆိုင်ကို လာခဲ့ လိုက်”
သူမပြောပြီးသည်နှင့် သူတို့ကို တင်းမာစွာကြည့်ပြီးနောက် ရှီမန်ဖန်ကို ဖြတ်လမ်းတည်ဆောက်မှုဖွင့်ခိုင်းကာ ရေပြင်မြို့တော်သို့ပြန်သွားလေသည်။
သူတို့ ထိုနေရာသို့လာစဉ်က ဟောပြင်နယ်နိမိတ်များသည် မရှင်းလင်း ပေ။ သို့သော် ပြန်ချိန်တွင်တော့ ရှင်းလင်းသွားသဖြင့် ဖြတ်လမ်းတည်ဆောက်မှု ကို အသုံးပြုရနိုင်လေသည်။
ရှားကျောင်ထျန်နှင့် တခြားသူများ တည်ဆောက်မှုမှထွက်လာသည်ကို ရှီမာယူယူမြင်သောအခါ တည်ဆောက်မှုသခင်များအသင်းသည် အရည်အချင်း ရှိသည်ကိုမြင်ပြီး သက်ပြင်းချမိသည်။ မဟုတ်လျှင် သူတို့သည် တည်ဆောက်မှု ကို အသုံးပြုရဲမည်မဟုတ်ပေ။
***