← Chapters

အပိုင်း (၁၂၈၁)

Vol. 86 Ch. 1281

အပိုင်း (၁၂၈၁)

Vol. 86 Ch. 1281

ကျွင်းချောင်ရှောင်း၏ အမူအရာသည် လေးနက်တည်ကြည်သွားခဲ့၏။ ယခုထွက်ပေါ်လာခဲ့သော အသံသည် သူ၏ စိတ်ကိုသာမက ဝိညာဉ်ကိုပါ လှုပ်ခါနိုင်စွမ်းရှိ၏။

“အရမ်းအားကောင်းလွန်းတယ်။”

ကျွင်းချောင်ရှောင်းသည် တစ်ယောက်တည်း ပြောလိုက်မိ၏။ “အရမ်းကို အားကောင်းတာပဲ။”

သူ့အနေနှင့် ကင်းသမားများသာမက အမှောင်နတ်ဆိုးဘုရင်နှင့်ပါ ရင်ဆိုင်ခဲ့ဖူး၏။ သို့ပေမဲ့ ထိုသူတို့သည် သူ့အား ဖိအားများ မပေးနိုင်ခဲ့ချေ။ လက်ရှိအခြေအနေမှာတော့ တစ်ဖက်လူသည် သူ့အား အသံနှင့်ပင် ဖိအားပေးနိုင်စွမ်း ရှိနေသည်။

“ဒါက ထိုက်ရွှမ်အဘိုးအိုလား။”

စနစ်က ပြောလိုက်သည်။ “ထိုက်ရွှမ်အဘိုးအိုဆိုတာက သိုင်းအင်ပါယာတွေထက်ပိုပြီး အားကောင်းတယ်။ သူက ဒဏ္ဍာရီလာ ဖြစ်တည်မှု တစ်ခုပဲလေ။ သူနဲ့သိုင်းအင်ပါယာကြားထဲမှာ အရမ်းကို ကွာခြားတဲ့ ကြီးမားချက်ရှိနေတာပဲ။”

ဝှစ်

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် လေးလေးစားစား ပြောလိုက်မိ၏။ “ကျုပ်ဘဝမှာ အကြီးမားဆုံးသော နောင်တတရားက ထိုက်ရွှမ်အဘိုးအိုနဲ့မဆုံတွေ့ခဲ့ရတာပဲ။ စီနီယာရဲ့ မျက်နှာကို မမြင်ခဲ့ရတာ ကျုပ်အတွက်နောင်တတရားပဲ။”

“ကောင်လေး”

လေးနက်သည့်အသံသည် သူ၏ ဝိညာဉ်ကိုပါ ထိုးဖောက်ကာ ရောက်ရှိလာခဲ့၏။ “မင်းအနေနဲ့ အထက်နယ်မြေကို တက်လာနိုင်မယ်ဆိုရင် ငါတို့ ဆုံလို့ရတာပေါ့။”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ လှိုဏ်ဂူထဲတွင် အစီအရင်တစ်ခုရှိနေသည်ဟု သူကောင်းကောင်းသိ၏။ ထို့ကြောင့် အသံသည် အစောကြီးကတည်းက ကြိုတင်ကာ ထားရှိခဲ့ခြင်းပင်ဖြစ်ပေလိမ့်မည်။ တစ်စုံတစ်ယောက် ဝင်လာသည်ဆိုသည်နှင့် ထိုအသံသည် အသက်ဝင်သွားမှာဖြစ်တော့၏။ သို့ပေမဲ့ သူပြောဆိုပြီး သည့်စကားများကို တစ်ခါတည်း ပြန်လည်ကာ ပြောဆိုနိုင်စွမ်းရှိနေသည်ကို မြင်ရသည့်အချိန်မှာတော့ တကယ်ပင် အံ့အားသင့်လို့နေ၏။

“လှိုဏ်ဂူထဲမှာက စိတ်ဝိညာဉ်အတွေးတစ်ခုကို ချန်ထားခဲ့တယ်လေ။ ငါ့အနေနဲ့ သေမျိုးလောကထဲကနေ ထွက်ခွာလာနိုင်ခဲ့တယ်ဆိုပေမဲ့ ဒီနေရာကြီးနဲ့ ဆက်သွယ်မှုကတော့ ရှိနေတုန်းပဲ။”

လေးနက်သည့်အသံက ပြောဆိုလိုက်သည်။

ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားမိ၏။ မူလအားဖြင့် တည်ငြိမ်လျက်ရှိနေသော လုချင်းချင်းပင်လျှင် ဆွံ့အလျက် ရှိနေတော့သည်။ စိတ်ဝိညာဉ်အတွေးတစ်ခုကို ဤနေရာတွင် ထားခဲ့ပြီးသည့်နောက်မှာတော့ တစ်ဖက်လူသည် အထဲသို့ ဝင်လာသည့်လူနှင့် ပြောဆိုဆက်သွယ်နိုင်စွမ်းရှိနေ၏။ ဤအရာသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်၏ စွမ်းရည်ပင် ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းမှာတော့ အလောတကြီးဖြင့် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “စီနီယာ … ပေးချင်တဲ့ ရတနာတချို့တစ်လေများ ရှိပါသေးလား။”

သူအနေနှင့် တီဗီဇာတ်လမ်းပေါင်းများစွာကို ကြည့်ရှုခဲ့ဖူး၏။ ထို့ကြောင့် စွမ်းအားမြင့်ကျင့်ကြံသူများသည် ပေါ်လာသည့် အချိန်မျိုးတွင် နောင်လာနောင်သားများအား ပြိုင်ဖက်ကင်းသိုင်းနည်းစနစ်များ (သို့မဟုတ်) ရတနာများကို ပေးစွမ်းတတ်သည်ကို သူမြင်ခဲ့ဖူးသည်။

အဘိုးအိုက ပြောလိုက်သည်။ “မရှိဘူး။”

“……”

ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွားမိ၏။ ဘာမှမရှိဘူးဆိုလျှင် အဘယ့်ကြောင့် အသံချန်ထား ရသနည်း။

ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။ “မင်းက လှိုဏ်ဂူထဲကို ဝင်လာတဲ့ ရေစက်ပါတဲ့ လူသုံးယောက်ထဲမှာ တကယ့်ကို အားကောင်းပြီးတော့ ပါရမီရှင်လူ တစ်ယောက်ပဲ။ ဒီတော့ မင်းကို ငါအများကြီး မျှော်လင့်မိတယ်။ အနာဂတ် အထက်နယ်မြေမှာ ဆုံကြမယ်လို့ မျှော်လင့်မိတယ်။”

“စီနီယာ တကယ့်ကို မြှောက်စားလွန်းနေပါပြီ။” ကျွင်းချောင်ရှောင်းသည် နှိမ့်ချစွာ ပြောလိုက်မိ၏။

“ဟုတ်တယ်။”

ထိုက်ရွှမ်အဘိုးအိုက ဆက်ကာ ပြောလိုက်သည်။ “တစ်နေ့ မင်းအထက်နယ်မြေကို တက်လာနိုင်မယ်ဆိုလို့ရှိရင် ဖန်းချီ မိုးကောင်းကင်တောင်တန်းကို ရောက်အောင်လာခဲ့။ ငါ့ကိုလာရှာ။”

“စီနီယာ။ ကျုပ်ကို တကယ်ပဲ ကာကွယ်ပေးမှာလား။” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်၏။ “ဒီအဘိုးကြီးက အထက်နယ်မြေကို ရောက်ရှိနေတာ အချိန်အရမ်းကိုကြာခဲ့ပြီလေ။ ဒီတော့ ဒီနေရာမှာ ကိုယ့်ရဲ့နာမည် ကိုတောင် ရေးထိုးထားနိုင်ခဲ့ပြီ။ အခုမှ အထက်နယ်မြေကို တက်လာနိုင်တဲ့ တစ်စုံတစ်ယောက်ကို ကာကွယ်ပေးဖို့ ဆိုတာက ပြဿနာလုံးဝမရှိဘူး။”

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်သည်။ “ကျုပ် တကယ်လို့ အထက်နယ်မြေကို တက်လာနိုင်ခဲ့ရင် ကျိန်းသေပေါက် စီနီယာကို လာရှာပါ့မယ်။”

“ကောင်လေး”

ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်၏။ “ဒီအဘိုးကြီးကို အကြာကြီးမစောင့်စေဖို့တော့ မျှော်လင့်မိတယ်။”

ပြီးသည့်နောက်မှာတော့ စကားလုံးသည် တစ်ဖြည်းဖြည်းနှင့် အသံနိမ့်ကျကာဖြင့် ပျောက်ကွယ်သွားခဲ့တော့၏။ တစ်ဖက်လူသည် သူနှင့် ပြောဆိုဆက်သွယ်နိုင်စွမ်းရှိနေသည်ဆိုသော်လည်း အထက်နယ်မြေနှင့် ဤနေရာကြားတွင် ဝေးကွာလျက်ရှိနေသောကြောင့် အကန့်အသတ်ကတော့ တည်ရှိနေမှာတော့ သေချာသည်။

“သူထွက်ခွာသွားပြီလား။” ကျွင်းချောင်ရှောင်းသည် စိတ်ပျက်လက်ပျက်နှင့် ကြည့်လိုက်မိ၏။

လုချင်းချင်းက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ဆီမှာသာ သေလမ်းရှာတဲ့ အမူအကျင့်ရှိနေတဲ့အကြောင်း သိမယ်ဆိုရင် ထိုက်ရွှမ်အဘိုးအိုက ကျိန်းသေပေါက် သူ့ကို လာမရှာဖို့ပြောမှာပဲ။”

“ဘာလို့လဲ။”

“သူကိုယ်တိုင်ပါ ဒုက္ခရောက်မှာကိုး။”

“……..”

ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိ၏။ “ချင်းချင်း … မင်း ငါ့ကို အကောင်းမြင်လွန်းနေပြီ။”

လုချင်းချင်းသည် နောက်ဆုံးပိတ်စကားတစ်ခွန်းကလွဲ၍ တခြား မည်သည့် စကားကိုမှ ထပ်မဆိုတော့ချေ။ “ဒါက အတွေးတစ်ခု မဟုတ်ဘူး။ စိတ်ထင်တာလဲ မဟုတ်ဘူး။ အချက်အလက်အားဖြင့် ဂိုဏ်းချုပ်သာ အထက် နယ်မြေဆီကို တက်လှမ်းနိုင်မယ်ဆိုရင် ထိုက်ရွှမ်အဘိုးအိုကတော့ သူ့ကိုလာမရှာဖို့ ငိုယိုပြီးတောင်းပန်နေမှာ သေချာတယ်။”

ကျွင်းချောင်ရှောင်းသည် မဖွင့်ရသေးသော သေတ္တာကို လှမ်းကြည့်ကာ ပြောလိုက်၏။ “ဒါက ထိုက်ရွှမ်အအေးနှလုံးသားကျမ်းစာ ဒုတိယပိုင်းနေလိမ့်မယ်။”

“ဖြစ်နိုင်ပါတယ်။” လုချင်းချင်းက ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ထိုက်ရွှမ်အဘိုးအိုပြောတဲ့ ရေစက်ပါတဲ့လူနှစ်ယောက်ဆိုတာ ထိုက်ရွှမ်ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ တည်ထောင်သူ တစ်ယောက်နဲ့ ညအင်ပါယာပဲ နေလိမ့်မယ်။”

ပထမဦးဆုံးတစ်ယောက်သည် ထိုက်ရွှမ်အအေးနှလုံးသား ပထမပိုင်းကို ရရှိခဲ့ပြီး ဒုတိယတစ်ယောက်မှာတော့ ထိုက်ရွှမ်ကျမ်းစာကို ရရှိခဲ့၏။ လုချင်းချင်းသည် လှမ်းလျှောက်သွားခဲ့သည်။

“မလှုပ်နဲ့။”

ကျွင်းချောင်ရှောင်းသည် သူမအား တားဆီးကာ ပြောလိုက်၏။ “ထောင်ချောက်တွေကို သတိထား။”

လုချင်းချင်းသည် ကျောက်စားပွဲကြီး၏ ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။

“ဂိုဏ်းချုပ် …. ဘိုးဘေးအကြီးအကဲကြီးပြောတာက ထိုက်ရွှမ်အအေးနှလုံးသားခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ လူတစ်ယောက် ကသာလျှင် ထိုက်ရွှမ်အအေးနှလုံးသားကျင့်စဉ်ရဲ့ သေတ္တာကို ဖွင့်လို့ရနိုင်မယ်တဲ့။”

“သြော်”

ကျွင်းချောင်ရှောင်းသည် အရှေ့ဆီသို့ လှမ်းလျှောက်သွားပြီးသည့်နောက် သူ၏စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ အထဲသို့ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ ချက်ချင်းပဲ အလွန်တရာ အေးစက်သည့် အော်ရာများကို ခံစားလိုက်မိ၏။

“ဒါဆိုလည်း စမ်းကြည့်လိုက်လေ။”

လုချင်းချင်းသည် သူမ၏ လက်ကို မြှောက်ကာဖြင့် သေတ္တာပေါ်သို့ တင်လိုက်သည်။

ဝှစ် ဝှစ်

ရုတ်တရက်ဆိုသလိုပဲ အလွန်အားကောင်းလွန်းလှသည့် အေးစက်သည့် အော်ရာများသည် ဖြစ်ပေါ်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ ထိုအအေးဓာတ်များသည် သူမ၏ လက်ချောင်းများမှတစ်ဆင့် သူမ၏ လက်တစ်ခုလုံးကို ဝါးမျိုနေတော့သည်။

ကျွင်းချောင်ရှောင်းသည် တုန်လှုပ်သွားမိ၏။ “ရပ်လိုက်။”

သို့ပေမဲ့ နောက်ကျသွားခဲ့ပြီဖြစ်၏။ အအေးအော်ရာများအားလုံးသည် လက်ချောင်းများမှတစ်ဆင့် လက်တစ်ခုလုံးဆီသို့ ရောက်ရှိလာ၏။

လုချင်းချင်းအနေနှင့် လက်ကို ပြန်လည်မရုပ်သိမ်းနိုင်တော့သလို သူမ၏ ညာဘက်လက်တစ်ခုလုံးသည်လည်း အလုံးစုံ အေးခဲလို့သွား၏။ အော်ရာများအားလုံးသည် ခန္ဓာကိုယ်ထဲသို့ပင် တိုးဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကိုပါ အေးခဲအောင် ပြုလုပ်လျက်ရှိနေသည်။

ကျွမ်းကျင်လွန်းလှသော ရေခဲကျင့်ကြံသူတစ်ယောက်အနေနှင့် သူမသည် အလွန်အားကောင်းလှသည့် အအေးဓာတ်များ ၏ ဝါးမျိုမှုကို ခံလိုက်ရသည်ဆိုခြင်းမှာ အံ့အားသင့်စရာကိစ္စပင်ဖြစ်တော့၏။

ထို့အတူ ဤသေတ္တာထဲတွင်ရှိနေသော အအေးဓာတ်သည် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလှသနည်း ဆိုသည်ကို လက်ရှိအခြေအနေကို ကြည့်ရှုရင်းမှ သိရှိနိုင်စွမ်းရှိနေသည်။

ဖြောက် ဖြောက် ဖြောက် ဖြောက်

အေးစက်လျက်ရှိသည့် အော်ရာများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားပြီးသည့်နောက်မှာတော့ လုချင်းချင်းအား တဖြည်းဖြည်း ဝါးမျိုလျက်ရှိနေ၏။

သူမသည် အအေးဓာတ်များကို မည်သို့မျှ မထိန်းချုပ်နိုင်တော့ချေ။ ထို့ကြောင့် နာကျင်မှုကို အောင့်အီးသည်းခံကာဖြင့် ဘယ်ဘက်လက်ကို မြှောက်ကာ အနားတွင်ရှိနေသော ဂိုဏ်းချုပ်အား ခပ်ဝေးဝေးတည်နေရာဆီသို့ တွန်းလွှတ်ရန် ကြိုးစားလိုက်သည်။

ဖြောက်

ကျွင်းချောင်ရှောင်းသည် အရင်ဆုံး သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ ပြောလိုက်၏။ “ဒီသန့်စင်တဲ့ အအေးစွမ်းအင်တွေ … ဒါတွေကို ကိုယ်ပိုင်သုံးလို့ရအောင်စုပ်ယူလိုက်ပါလား။”

လုချင်းချင်းသည် ဆွံ့အသွားမိ၏။

ဖြောက်

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သူမ၏ ညာဘက်လက်ကောက်ဝတ်ကို တစ်ခြားလက်တစ်ဖက်ဖြင့် လှမ်းကိုင်ကာ ပြောလိုက်၏။

“အအေးစွမ်းအင်တွေကို ဖိနှိပ်ထားနိုင်ဖို့ ငါမင်းကို ကူညီမယ်။ မင်းဒါတွေကို သန့်စင်လိုက်တော့။”

…

လုချင်းချင်းသည် ဆွံ့အသွားခဲ့၏။ သေတ္တာဆီမှ ထွက်ပေါ်လျက်ရှိနေသည့် အေးစက်သည့် အော်ရာများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ရေခဲကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်ဖြစ်သည့် သူမသည်တောင်မှ ကြံ့ကြံ့ခံမရင် ဆိုင်နိုင်ခဲ့ချေ။ မည်ကဲ့သို့ သန့်စင်ရမည်နည်း။

ဝှစ် ဝှစ်

ရုတ်တရက် တောက်ပလွန်းသော မီးတောက်များထွက်ပေါ်လာခဲ့ပြီးသည့်နောက်မှာတော့ လှိုဏ်ဂူထဲတွင် ဖုံးလွှမ်း လျက် ရှိနေသည့် အအေးအော်ရာများကို ဖျောက်ဖြတ်လျက်ရှိ၏။

လီချင်းချင်း၏ ဗာဒံစေ့ကဲ့သို့သော မျက်လုံးများသည် ရုတ်တရက်ပြူးကျယ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဒီတစ်ကြိမ် ဂိုဏ်းချုပ်ထုတ်ဖော်လိုက်သည့် မီးတောက်များသည် ယခင်အချိန်ကထက် ပိုမိုကာ အားကောင်းနေသောကြောင့်ပင်။

တောက် တောက် ….။

သူမ၏ လက်ပေါ်တွင် ရှိနေသော ရေခဲများအားလုံးသည် အရည်ပျော်ကျကုန်၏။

“သန့်စင်လိုက်တော့။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

လုချင်းချင်းသည် တုန်လှုပ်မှုများကို အလျင်အမြန်ဖိနှိပ်ကာဖြင့် အအေးဓာတ်အော်ရာများအားလုံးကို စတင်ကာ စုပ်ယူတော့သည်။

ထူးဆန်းလှချေ၏။ မီးစိတ်ဝိညာဉ်များသည် အအေးဓာတ်အော်ရာများကို အလုံးစုံဖိနှိပ်ထားနိုင်သေး၏။ ထို့ကြောင့်ပင်လျှင် လုချင်းချင်း သည် ဤအအေးအော်ရာများအားလုံးကို စုပ်ယူနိုင်စွမ်းရှိလို့နေ၏။ ပုံမှန်အတိုင်းဆိုလျှင် ဤအရာကို စုပ်ယူရန် မပြောနှင့်။ သူမ၏ တစ်ကိုယ်လုံးပင် ဝါးမျို၍ ရေခဲအဖြစ်သို့ ပြောင်းလဲစေမှာ သေချာ၏။

လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ အကြီးဆုံးတပည့်၏ လက်ကို အသာဆွဲယူကာဖြင့် တောက်ပလာသည့် မီးတောက်များနှင့် အအေးအော်ရာများကို ဖိနှိပ်ထားလျက်ရှိနေသည်။

…

နှစ်နာရီကျော် ကြာပြီးသည့်နောက်မှာတော့ ထွက်ပေါ်လျက်ရှိနေသည့် အအေးအော်ရာများအားလုံးသည် စုပ်ယူခြင်းကို ခံလိုက်ရ၏။ လုချင်းချင်းသည် ခြေချိတ်၍ထိုင်ကာ တန်ခိုးကျင့်လျက် ရှိနေ၏။

လက်ရှိအခြေအနေမှာတော့ သူမသည် ဒန်ထျန်ထဲတွင်ရှိနေသော အအေးအော်ရာများအားလုံးကို ထိန်းချုပ်လျက် ရှိနေပြီး ထိုအရာများအားလုံးသည် ထိုက်ရွှမ်အအေးနည်းစနစ်၏အတိုင်း စုဖွဲ့ပြီးသည့်နောက် ရေခဲအမြုတေ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲသည်။

သေတ္တာထဲတွင်ရှိနေသော အအေးဓာတ်အော်ရာများအားလုံးသည် အဆင့်မြင့် ရေခဲဓာတ်သဘာဝအမျိုးအစား တစ်ခုဖြစ်၏။ ထိုအရာနှင့် အလုံးစုံပေါင်းစည်းနိုင်မည်ဆိုပါက အလွန်အားကောင်းလှသော ရေခဲမျိုးစေ့တစ်ခုသည် ခန္ဓာကိုယ်ထဲတွင် ဖြစ်တည်လာမှာဖြစ်၏။

လုချင်းချင်းသည် ကျွင်းချောင်ရှောင်းဆီသို့ လှမ်ကြည့်ပြီး သူမ၏ ကြည်လင်ရှင်းလင်း နေသော မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။

“ဘိုးဘေးအကြီးအကဲကြီး”

သူမသည် တိတ်တဆိတ်ကြိတ်ကာ ပြောလိုက်၏။ “ဒီဘဝမှာ ရေလိုကြည်လင်တဲ့ နှလုံးသားကို ရဖို့ဆိုတာက အရမ်းကို ခက်လိမ့်မယ်လို့ ထင်တယ်။”

ဖြောက်

ကျွီ

ကျောက်စင်မြင့်ကြီး၏ အရှေ့တွင် မတ်တပ်ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်း၏ လက်ချောင်းများမှာတော့ အလျင်အမြန် လှုပ်ရှားလျက်ရှိနေ၏။

သေတ္တာသည် ဖြည်းညှင်းစွာ ပွင့်သွားပြီးသည့်နောက်မှာတော့ အထဲတွင် ထိုက်ရွှမ်အအေးနှလုံးသား ဒုတိယပိုင်း ဟုရေးသားထားခဲ့သော အဝါရောင်ကျမ်းစာအုပ် တစ်အုပ်က တည်ရှိလို့နေသည်။

“ရှာတွေ့ပြီလား။”

ထိုအရာကို ထုတ်ယူပြီးသည့်နောက်မှာတော့ သူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဘာမှ ခက်ခက်ခဲခဲလည်း ယူရတာလည်း မဟုတ်ပါလား။”

All Chapters