အဲဒါကျုပ်အမှားလား
Vol. 91 Ch. 1266
ရှီမာယူယူ ထိုသို့ထွက်သွားသည်ကို မြင်ပြီးနောက် အသင်းများမှလူများ သည် မျက်နှာထားအမျိုးမျိုးဖြစ်သွားလေသည်။
“ရှားကျောင်ထျန် ဒါဘာအဓိပ္ပာယ်လဲ၊ ကျုပ်တို့က ဒီကိုသတင်းစုံစမ်းဖို့ လာခဲ့တာပဲ၊ ကျုပ်တို့အားထုတ်မှုကို အလဟသအဖြစ်ခံမှာလား” ဝိညာဉ် သခင်အသင်းဥက္ကဌဖြစ်သော ရှန်းယန်မျက်မှောင်ကြုတ်လေသည်။
“လောင်ရှန်း ကျုပ်ဆိုလိုချင်တာ ဒါမဟုတ်ဘူးလေ” ရှားကျောင်ထျန် ရှင်း ပြလေသည် “ယူယူက ကျုပ်တို့ ဂုဏ်သရေရှိအကြီးအကဲဆိုပေမဲ့ ကျုပ်တို့ ကန့်သတ်ထားလို့မရဘူး၊ သူမက တိုင်းပြည်တစ်ခုလုံးသိတဲ့ ဒေါသကြီးတဲ့သူပဲ၊ ခင်ဗျားတို့က သူမစုံစမ်းတာကိုလည်း ပြောပြစေချင်သေးတယ် ဒါပေမဲ့ သူမကို ကောင်းကောင်းမပြောဘဲ အထက်စီးကနေတယ်၊ သူမက ဘယ်လိုလုပ် ပူးပေါင်းတော့မလဲ၊ အဲတော့ အခုသူမ ဒေါသထွက်သွားတယ် ဒီဂုဏ်သရေရှိ အကြီးအကဲဆိုတဲ့ ရာထူးကိုတောင် မလိုချင်တော့ဘူး၊ သတင်းလည်းမရနိုင်ဘူး အဲဒါကကျုပ်အမှားလား”
သူ ပြောသည်မှာ အကုန်အမှန်ဖြစ်သည်။ ရှီမာယူယူမှ စတင်ပြီးတင်းမာ ခြင်းမဟုတ်ဘဲ ရောမေ့မှ ထိုစကားများကိုပြောလိုက်သောကြောင့် သူမ ဒေါသ ထွက်ကာ ဘာမှမပြောတော့ခြင်းဖြစ်သည်ကို အားလုံးသိကြသည်။
ထို့ကြောင့် ထိုကိစ္စသည် အဂ္ဂိရတ်ပညာရှင်အသင်းကို အပြစ်တင်၍မရ ပေ။
“သူမက စုံစမ်းနိုင်မှတော့ ကျုပ်တို့ကလည်း ဒီလောက်အကြာကြီးနေလာ တဲ့သူတွေပဲ ဘာလို့မရှာနိုင်ရမှာလဲ” သားရဲထိန်းကျောင်းသူသခင်များအသင်းမှ ဖန်ယွမ်လုံ ပြောလေသည်။
“ပြောဖို့တော့လွယ်တယ်” ရှာဖွေသူဝိညာဉ်သခင်များအသင်းဥက္ကဌ ရှဲချန်လင်း အပြစ်တင်လေသည် “ကျုပ်တို့ စုံစမ်းဖို့ကို ဒီလောက်လူတွေအများ ကြီးလွှတ်ထားတာ၊ သတင်းမရသေးတဲ့အပြင် လူတွေအများကြီးပျောက်သွား ပြီ”
“ရောမေ့က တော်လွန်းနေတယ် မဟုတ်ဘူးလား၊ သူကို စုံစမ်းခိုင်းကြ တာပေါ့” ရှားကျောင်ထျန် နှာမှုတ်လေသည်။
“ကျွန်မသွားမယ်၊ လက်ထဲမှာ တည်ဆောက်မှုရှိနေရင် ဘာမှမတွေ့ဘူး ဆိုတာ မယုံဘူး” ရောမေ့သည် အေးစက်စွာ ပြောလေသည်။
“မင်းဘာသာမင်း ပြောတာနော်” ရှားကျောင်ထျန် ပြောလိုက်သည် “ကောင်းပြီ ရောမေ့က သူမသွားမယ်လို့ပြောမှတော့ သွားခိုင်းလိုက်တော့ ကျုပ် တို့အပြင်မှာစောင့်မယ်”
“လောင်ရှား” ရှန်းယန်သည် ရှားကျောင်ထျန်အား အကူအညီမဲ့စွာ ကြည့် လေသည်။ ဒီလူကတော့ တကယ်ပဲ ရန်ငြိုးထားရတာကို ကြိုက်တာပဲ။
“အဲဒါအဆင်ပြေနေတာပဲလေ” ရှားကျောင်ထျန် ကြေညာလေသည် “ကျုပ်တို့က စုံစမ်းဖို့ လူတစ်ယောက်လွှတ်ရမယ်၊ ခေါင်းဆောင်တစ်ယောက် လုံး ကသွားမယ်လို့ပြောမှတော့ ဘာလို့မဖြစ်နိုင်ရမှာလဲ လောင်ဟော်ရော..”
ဟော်ချန်းဒုန်သည် သူ့အကြံပြုချက်ကို သဘောတူသည့်အလား စကား မပြောပေ။
“ဟင်း ကျွန်မသွားမယ်၊ ကျွန်မ တစ်ခုခုရှာတွေ့ရင် ရှားကျောင်ထျန် ရှင် ကျွန်မကို အဒေါ်လို့ခေါ်ရမယ်” ရောမေ့ ပြောလိုက်သည်။
“ဟား… မင်းကိုလား ထွက်လာမှပြောတာပေါ့” ရှားကျောင်ထျန်သည် သူမကို မျက်လုံးလှိမ့်ပြလိုက်ပြီးနောက် အကြည့်ကို တခြားနေရာသို့လွှဲလိုက် သည်။
“စောင့်ကြည့်ကြတာပေါ့”
“ရောမေ့…”
“ဥက္ကဌ အဂ္ဂိရတ်ပညာရှင်အသင်းက လူကိုအထင်လာသေးနေတယ် ကျွန်မ မသွားရင် သူ့ရှေ့ကို နောက်တစ်ခါခေါင်းမမော့နိုင်တော့မှာ ကြောက်မိ တယ်” ရောမေ့ ပြန်ဖြေလေသည်။
“… ဒါဆိုရင် ဂရုစိုက်ပါ” ဖန်မင်သည် ရောမေ့၏ အကျင့်ကိုသိသည်။ သူမ တစ်စုံတရာကို ဆုံးဖြတ်ပြီးလျှင် လုပ်ကိုလုပ်ရမည်ဖြစ်သည်။
“ကောင်းပြီလေ အသင်းတစ်သင်းစီက လူနှစ်ယောက်လွှတ်ပြီး အဖွဲ့ငယ် လေးတစ်ခုဖွဲ့တာပေါ့” ဖန်ယွမ်လုံ ပြောလိုက်သည်။ ရှားကျောင်ထျန် တစ်စုံ တစ်ခုကို ပြောတော့မည်လုပ်နေသည်ကို ကြည့်ပြီး သူ အလျင်အမြန်ထပ်ပြော လိုက်သည် “ပြီးခဲ့တာတွေ ပြီးပြီပဲ လောင်ရှား ခင်ဗျားတို့ အဂ္ဂိရတ်ပညာရှင် အသင်းကလည်း မဟာမိတ်ပဲလေ”
ရှားကျောင်ထျန်သည် ဖန်ယွမ်လုံကို မပျော်ရွှင်စွာကြည့်လေသည်။ သူ အနည်းငယ် မပျော်ရွှင်သော်လည်း ဘာမှမပြောပေ။
“ဒါဆိုရင် ဆုံးဖြတ်ပြီးပြီနော်၊ အသင်းတစ်ခုစီက လူနှစ်ယောက်လွှတ်ရ မယ်” ရှန်းယန် ပြောလိုက်သည်။
နောက်ဆုံးတွင် အဂ္ဂိရတ်ပညာရှင်အသင်း၊ ဝိညာဉ်သခင်အသင်း၊ ဝိညာဉ် ရှာဖွေသူအသင်း၊ သားရဲထိန်းကျောင်းသူများအသင်း နှင့် တည်ဆောက်မှုသခင် များအသင်းမှ လူနှစ်ယောက်စီလွှတ်ကာ အဖွဲ့ဖွဲ့ပြီး မီးခိုးအမည်းဆီသို့ အတူ သွားကြလေသည်။
အထဲကိုဝင်သွားသူများနှင့် အဆက်အသွယ်ပြတ်သွားသည်ကို သိကြ သဖြင့် အပြင်နှင့်အတွင်းကို မိနစ်တိုင်းတွင် ဆက်သွယ်ကြလေသည်။ ထို့ကြောင့်ပင် ဝင်သွားပြီးနေ့တစ်ဝက်ကြာမှပင် အဆက်အသွယ်ပြတ်သွား လေသည်။
“ဟင်း ဝင်မသွားဘူးလို့ သူတို့ပြောတယ်လေ၊ ဒါပေမဲ့ နားမထောင်ကြဘူး အခုတော့ ကောင်းရော၊ ဘာသတင်းမှမရတဲ့အပြင် သူတို့နဲ့ အဆက်အသွယ်ပါ ပြတ်သွားတယ်” ရှားကျောင်ထျန် မကျေမချမ်းပြောလေသည်။
အားလုံး နှုတ်ဆိတ်သွားကြသည်။ အထဲမှလူများကို မည်မျှပင် ဆက်သွယ်ပါစေ တုံ့ပြန်မှုမရှိပေ။
ရှားကျောင်ထျန် လှည့်ထွက်သွားတော့မည်ကို ဖန်မင် မြင်သောအခါ မေးလိုက်သည် “ခင်ဗျား ဘယ်သွားမလို့လဲ”
“ငါ့ရဲ့ယူယူ့ကို သွားရှာမလို့လေ” ရှားကျောင်ထျန် ပြန်ဖြေလိုက်သည် “ခင်ဗျားတို့က ဘာမှရှာမတွေ့မှတော့ သူမ နေပြန်ကောင်းပြီလား သွားကြည့် တာပိုကောင်းတယ်”
“ကျုပ်လည်း လိုက်မယ်” ဟော်ချန်းဒုန် ကမ်းလှမ်းလေသည်။
“ဘာလို့လဲ အနီဖျော့မြို့ကိုမသွားချင်ဘူးလား”
“ရေပြင်မြို့တော်ကို သူ့လူတွေခေါ်သွားတဲ့ ဟော့ဘာမိသားစု ခေါင်းဆောင်ဆီက သတင်းတွေရခဲ့တာ အမှတ်ရသွားတယ်၊ ဒီနေရာက ဘော့ဟာလက်အောက်က နယ်မြေပဲလေ၊ သူတို့မှာဘာသတင်းရထားလဲဆို တာ ကျုပ်တို့မေးသင့်တယ်” ရှဲချန်လင်း အကြံပေးလေသည်။
“အဲဒီမိသားစုကို သွားစေချင်နေတာလား၊ မသွားဘူး” ဖန်ယွမ်လုံသည် မျက်နှာကြီးရှည်စွာဖြင့် ပြောလိုက်သည်။
“ခင်ဗျားက မသွားဘူးလား၊ ရတယ်လေ၊ ဒါဆိုရင် ဒီမှာနေပြီးဆက်ပြီး တော့သာ စုံစမ်းနေလိုက်၊ အဆက်အသွယ်ပြတ်နေတဲ့လူတွေနဲ့ ဆက်သွယ်လို့ ရရင်ရနေမှာ” ရှားကျောင်ထျန် ပြောလိုက်သည်။
“လောင်ဖန် ဒီဟော့ဘာမိသားစုက ဒီနေရာတစ်ခုလုံးကို စီမံတာလေ သူတို့က ဒီမြို့တွေနဲ့ အပြန်အလှန်သက်ရောက်မှုရှိတယ်၊ သူတို့တကယ်ပဲ တစ်ခုခုသိလောက်မှာ” ရှဲချန်လင်း ဖျောင်းဖျလေသည်။
“အခုကျ ယူယူက သူမရှာတွေ့ထားတဲ့သတင်းကို ပေးချင်ပေးမှာပေါ့ ပြီးတော့ သူမသာ ဒီကိစ္စကို သတင်းအရင်မပေးဘူးဆိုရင် အသင်းတွေတော့ ဘေးအန္တရာယ်ဖြစ်သွားမှာပဲ” ဖန်မင် ပြောလိုက်သည်။
ဆွေးနွေးပြီးနောက်တွင် အားလုံးသည် အနီဖျော့မြို့သို့ပြန်ပြီးနောက် ရေပြင်မြို့တော်သို့ တိုက်ရိုက်သွားကြလေသည်။ မည်သို့ပင်ဖြစ်စေကာမူ အနီ ဖျော့မြို့တော်သည် ယာယီခြေရာခံဖြစ်ပြီး ရေပြင်မြို့တော်မှာလည်း အလားတူ ပင်။
“လောင်ဖန် လုပ်လိုက်တော့”
ဖန်မင်သည် ဖြတ်လမ်းတည်ဆောက်မှုကို စက္ကန့်အနည်းငယ်အတွင်း တည်ဆောက်လိုက်သည်။ ရှီမာယူယူသာ ထိုနေရာတွင်ရှိပါက ထိုအမြန်နှုန်းကို သူမ သေချာပေါက် လေးစားမည်ဖြစ်သည်။
တစ်ဖက်တွင် ရှီမာယူယူသည် ဒဏ်ရာများဖြင့် အမှတ်တရစားသောက် ဆိုင်သို့ ပြန်လေသည်။ အမှတ်တရစားသောက်ဆိုင်မှ လူများသည် တုန်လှုပ် သွားကြသည်။ သူမ အဆင်ပြေသည်ဟု ထပ်ခါတလဲလဲပြောမှပင် သူတို့ စိတ် အေးသွားကြလေသည်။
သူမ ဆေးသောက်ပြီးနောက် ဒဏ်ရာများကို တစ်ရက်ကြာအောင် ကုစား လေသည်။ သူမ ဟော့ဘာမျိုးနွယ်ကိုသွားရှာမည်အပြုတွင် ပိုင်ထာ့ရောက်လာ ပြီး ရှားကျောင်ထျန်နှင့် ဟော်ချန်းဒုန်တို့ရောက်နေသည်ဟု ပြောလေသည်။
ရှီမာယူယူ အံ့အားသင့်သွားသည်။ သူမ ထွက်လိုက်သည်နှင့် ရှားကျောင်ထျန် သူမကိုလာပြီး ဖက်လိုက်သည်ကို တွေ့လိုက်ရသည်။
“ယူယူ မင်းကိုတစ်ရက်လောက်မတွေ့လိုက်တာ လွမ်းနေပြီ”
ရှီမာယူယူမှ ပုသဖြင့် သူဖက်လိုက်သည်ကို မသိစိတ်မှ ဘေးသို့ရှောင် ထွက်လိုက်သည်။ သူမသည် ရှီမန်ဖန်၏ နောက်သွားကာ ပုန်းလေသည်။
ရှားကျောင်ထျန်သည် လေကိုသာဖက်မိပြီး ပြန်လှည့်လာသည်။ သူသည် ရှီမန်ဖန်၏ အေးစက်သောမျက်နှာကိုသာတွေ့လိုက်ရပြီး လက်များကို ဒေါသ ဖြင့်ပြန်ရုတ်လိုက်သည်။
“ယူယူ အဆင်ပြေရဲ့လား” ရှောင်ဟုန် ရောက်လာပြီး ရှီမာယူယူကို မေး လေသည်။
“အင်း အခုအဆင်ပြေသွားပြီ” ရှီမာယူယူသည် ရှီမန်ဖန်အနောက်မှ ခေါင်း ပြူကြည့်ကာ ရှောင်ဟုန်တို့ကိုကြည့်လိုက်သည် “ဘာလို့ဒီကို ဒီလောက်မြန်မြန် လာကြာတာလဲ”
“ငါတို့က မြန်မြန်လာလို့လား”
“ငါတွက်ချက်ထားသလိုဆိုရင် တစ်ရက် နှစ်ရက်နေမှလာသင့်တာလေ” ရှီမာယူယူ ပြောလိုက်သည်။
“ငါတို့လွှတ်လိုက်တဲ့လူတွေက နေ့တစ်ဝက်လောက်နဲ့ အဆက်အသွယ် ပြတ်သွားတယ်လေ၊ အဲဒါနဲ့ဒီကိုလာဖို့ ဆုံးဖြတ်လိုက်တာပဲ” ရှောင်ဟုန် ပြန်ဖြေလေသည်။
“ဝင်မသွားနဲ့လို့ပြောတာကို နားမထောင်တဲ့ပုံပဲ” ရှီမာယူယူ သက်ပြင်းချ လေသည်။
“အဲလူတွေက ပြောမရဘူးလေ ဝင်သွားတာတော့ သနားဖို့ကောင်းပါ တယ်” ရှားကျောင်ထျန် ပြောလိုက်သည်။
“မစိုးရိမ်နဲ့ အဲလူတွေ ဝင်သွားပြီးရင်တော့ အချိန်တစ်ခုလောက်ထိ မသေ နိုင်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မင်းသိလို့လား”
“သိတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “အဲမြင်ကွင်းကို ကျွန်မမျက်လုံး နဲ့ကိုယ်တိုင်မြင်ခဲ့ရတာ”
“ဒါဆိုရင် ပြောပြပါဦး”
“ကျွန်မ ပြန်လာတဲ့အထိ စောင့်ပေးဦး အခုလုပ်စရာလေးရှိနေလို့” ရှီမာယူယူ ပြောလိုက်သည်။
***