← Chapters

ရှုပ်ထွေးမှုများကြီးထွားခြင်း

Vol. 91 Ch. 1267

ရှုပ်ထွေးမှုများကြီးထွားခြင်း

Vol. 91 Ch. 1267

ရှီမာယူယူ အပြင်ထွက်ရန် ပြင်ဆင်နေသည်ကို ရှားကျောင်ထျန်တို့ နောက်ဆုံးမှပင် သိသွားတော့သည်။

“ဘယ်သွားမလို့လဲ”

“အရှေ့မျှတမှုမြို့မှာ ဘာမှမတွေ့ခဲ့ဘူးလား၊ သူတို့ ဘာတွေတွေ့ထားလဲ ဆိုတာ မေးကြည့်မလို့ ဟော့ဘာမိသားစုက လူတွေကိုသွားရှာမလို့လုပ်နေတာ ရယ်” ရှီမာယူယူ ပြန်ဖြေလေသည်။

“ဟော့ဘာမိသားစုဟုတ်လား သူတို့ကိုသွားရှာမလို့လား”

“အင်း ဟော့ဘာမိသားစုက ဒီကိစ္စကိုပိုသိနိုင်တယ်” ရှီမာယူယူ ပြော လိုက်သည်။ သူတို့ အမူအရာပြောင်းသွားသည်ကို ကြည့်ပြီး သူမ မျက်မှောင် ကြုတ်လိုက်သည်။ “ဘာဖြစ်လို့လဲ”

“တကယ်တော့ ငါတို့ သဘောထားမတူတာလေးရှိလို့ ဒီရောက်လာတာ” ရှောင်ဟုန် ပြန်ဖြေလေသည်။

“ဘာကိုသဘောထားမတူကြတာလဲ”

“ဥက္ကဌရှားက နင့်ကိုလာတွေ့ပြီး တခြားဥက္ကဌတွေကကျ ဘော့ဟာ မိသားစုကိုအရင်သွားတွေ့မယ်ဆိုပြီး ပြောကြတာ၊ ပြီးတော့ ငါတို့ဒီကိုလာပြီး သူတို့က ဟိုဘက်ကိုသွားကြတာ”

“နင်တို့ ဘာတွေ့ထားလဲ”

“ဘာမှမတွေ့လို့ သူတို့ကိုသွားရှာမှာလေ” ရှားကျောင်ထျန် ဝင်ဖြေလေ သည် “မင်းက ဟော့ဘာမိသားစုကိုသွားတွေ့မယ်ဆိုမှတော့ ငါတို့လည်း လိုက် မယ်လေ၊ အဲလူတွေကိုမတွေ့ရသေးတာလည်းဖြစ်နိုင်တယ်”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ကောင်းပြီလေ အတူသွားကြတာပေါ့”

သူမသည် ဟော့ဘာမိသားစုအိမ်တော်သို့ သွားရာတွင် ရှီမန်ဖန်နှင့် ဘိုင်ရှန်းကိုခေါ်သွားပြီး တခြားသူများသည် အမှတ်တရစားသောက်ဆိုင်တွင် နေခဲ့လေသည်။ သူတို့အိမ်တော်သို့ရောက်သောအခါ ရှီမာယူယူနာမည်ပြော လိုက်သည်နှင့် ဂိတ်အစောင့်များသည် တလေးတစား ပြောလေသည် “မိန်းကလေးယူယူ သခင်မလေးလာရှာရင် တိုက်ရိုက်ဝင်ခွင့်ပြုဖို့ သခင်လေးက အမိန့်ပေးထားပါတယ်”

“သခင်လေး ဟုတ်လား”

“သခင်လေးက ဟော့ဘာဟန်ပါ” အစောင့်က ရှင်းပြလေသည် “မိန်းကလေးယူယူ ကြွပါ”

ရှီမာယူယူသည် ဟော့ဘာဟန်၏ မိသားစုအတွင်း ရာထူးကို တစ်ခါမှ မမေးဖူးပေ။ သူသည် သခင်လေးဖြစ်လိမ့်မည်ဟု သူမ ထင်မထားပေ။

အစောင့်သည် သူတို့ကို အစည်းအဝေးခန်းသို့ တိုက်ရိုက်ခေါ်ဆောင်သွား ပေးပြီး စောင့်ခိုင်းကာ သတင်းသွားပို့လေသည်။

မကြာခင်တွင် ဟော့ဘာဟန်သည် အထဲမှထွက်လာသည် “ယူယူ လာပြီ လား၊ ဒီပုဂ္ဂိုလ်နှစ်ဦးက ဥက္ကဌဟော်နဲ့ ဥက္ကဌရှားဖြစ်ရမယ်၊ ဟန်က ဥက္ကဌနှစ် ယောက်ကို နှုတ်ဆက်ပါတယ်”

“နင် အလုပ်များနေတာလား” ရှီမာယူယူ မေးလိုက်သည်။

“အသင်းဥက္ကဌတွေက မိသားစုခေါင်းဆောင်နဲ့ စကားပြောနေကြတာ ငါက ဒီအတိုင်းပဲနားထောင်နေတာ” ဟော့ဘာဟန် ပြောလိုက်သည်။

“အလုပ်များနေမှတော့ ငါ နောက်မှပဲပြန်လာတော့မယ်”

“အသင်းဥက္ကဌတွေက နင်ရောက်လာတာကို မသိကြသေးလို့၊ နင့်ကိုပါ ဆွေးနွေးဖို့ဖိတ်ထားတယ်၊ ငါတို့ကအရှေ့မျှတမှုမြို့တော်အကြောင်းပြောနေ ကြတာရယ်” ဟော့ဘာဟန်သည် သူမကိုတားလေသည်။

“ဒါဆိုလည်း ကောင်းပြီလေ” ရှီမာယူယူသည် စက္ကန့်ပိုင်းမျှ စဉ်းစား ပြီးနောက် သဘောတူလိုက်သည်။

သူမသည် ထိုအသင်းဥက္ကဌများကို သဘောမတွေ့လှသော်လည်း ထိုကိစ္စ သည် အသေးအဖွဲ့မဟုတ်ပေ။ သူမ၏ သေးငယ်သော စိတ်မပျော်မွေ့ခြင်း ကြောင့် ကိစ္စနှောင့်နှေးသွားနိုင်သည်။

သူတို့အစည်းအဝေးခန်းသို့ရောက်သောအခါ သင်းဥက္ကဌများအားလုံး ထို နေရာသို့ ရောက်နေသည်ကို မြင်လိုက်ရသည်။ ဟော့ဘာ မိသားစု၏ ခေါင်းဆောင်ဖြစ်သော ဟော့ဘာဟုန်ယဲ့သည် မတ်တတ်ရပ်ကာ ရှားကျောင်ထျန်၏ အဖွဲ့အား လက်သီးဆုပ်နှုတ်ဆက်လေသည် “ဥက္ကဌရှား ဥက္ကဌဟော်၊ တောင်ကြားခေါင်းဆောင်ရှီမန်၊ မိတ်ဆွေလေးယူယူ ထိုင်ပါ”

ရှားကျောင်ထျန်နှင့် ဟော်ချန်ဒုန်တို့သည် တခြားသောအသင်းဥက္ကဌများ ဘေးတွင် ဝင်ထိုင်လိုက်ကြသည်။ ရှီမာယူယူ၊ ရှီမန်ဖန်၊ ဘိုင်ရှန်းနှင့် ရှောင်ဟုန် တို့သည် ဟော့ဘာဟန်ဘေးတွင် ထိုင်လိုက်ကြသည်။

“လောင်ရှား သူကိုသွားတွေ့တာမဟုတ်ဘူးလား ဘာလို့ သူမကိုပါ ခေါ် လာတာလဲ” ရှဲချန်လင်း မေးလေသည်။

“ကျုပ်တို့ရောက်တော့ ဟော့ဘာမိသားစုခေါင်းဆောင်ဆီသွားတွေ့တော့ မဲ့ ယူယူ့ကိုတွေ့တာပဲ အဲဒါကြောင့် အတူလာလိုက်တာ” ရှားကျောင်ထျန် ပြန် ဖြေလေသည်။

“မိန်းကလေးယူယူ အရှေ့မျှတမှုမြို့တော် သတင်းသေိထားတာလေး ပြောချင်လို့လား” ဖန်မင်သည် သူမအား မျှော်လင့်တကြီးကြည့်လေသည်။

“ဘာလို့လဲ မိန်းကလေးယူယူက အရှေ့မျှတမှုမြို့တော်အကြောင်း သိ ထားတာရှိလို့လား” ဟော့ဘာဟုန်ယဲ့သည် ရှီမာယူယူအား သိချင်စိတ်ဖြင့် မေး လိုက်သည်။

ဘာမှမသိခဲ့ရဟု ဥက္ကဌများပြောခဲ့သည်။ သူမတွင် သတင်းရှိလိမ့်မည်ဟု သူ ထင်မထားပေ။

“ဟော့ဘာမိသားစုခေါင်းဆောင်၊ ဥက္ကဌဖန် ကျွန်မကိုယူယူလို့ပဲ ခေါ်လို့ရ ပါတယ်” ရှီမာယူယူသည် သူမနာမည်တွင် မိန်းကလေးမဟုတ်လျှင် တစ်ခုခု တွဲခေါ်သည်ကို နေရခက်သည်။

“ဟားဟား ကောင်းပါပြီ ကျုပ်ကိုလည်း ဦးလေးဟော့ဘာလို့ခေါ်လို့ရပါ တယ်”

ဟော့ဘာဟုန်ယဲ့သည် တည့်တိုးဆန်သော အကျင့်ရှိသူဖြစ်သည်။ ထို့ကြောင့် ထိုသို့ပြောလိုက်သောအခါ ဟော့ဘာဟန် ရှက်မိသည်။

“ဪ ဟုတ်သားပဲ ယူယူ ဘာတွေ့ခဲ့လဲဆိုတာ ပြောပြဦးလေ” ရှားကျောင်ထျန် တိုက်တွန်းလေသည်။

အားလုံး၏ အကြည့်သည် ရှီမာယူယူအပေါ်ရောက်သွားကာ သူမ စကား ပြောလာမည်ကို စောင့်ကြလေသည်။

“ဟော့ဘာ… ဦးလေး ကျွန်မအရင်ပြောချင်တာက အရှေ့မျှတမှုမြို့တော် က တခြားနေရာတွေနဲ့ယှဉ်ရင် ထူးခြားတာရှိလား” ရှီမာယူယူ အရင်မေးလိုက် သည်။

“ထူးခြားတယ်ဟုတ်လား” ဟော့ဘာဟုန်ယဲ့ တွေးတောလိုက်သည် “ဘာကို ဆိုလိုချင်တာလဲ”

“တစ္ဆေမျိုးနွယ်ကို ဆွဲဆောင်နိုင်မဲ့ တစ်ခုခုများရှိမလားလို့ပါ” ရှီမာယူယူ တည့်တိုးပင်မေးလိုက်သည် “အရှေ့မျှတမှုမြို့တော်မှာ တစ္ဆေမျိုးနွယ် ရောင်ဝါ ကို ခံစားမိတယ်”

“ဘာ” ဟော့ဘာဟုန်ယဲ့၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်း သွားလေသည် “အဲဒါအမှန်ပဲလား”

အားလုံးသည် သူ၏ လွန်ကျူးသော တုံ့ပြန်မှုကို သတိထားမိကြသည်။ တခြားသူများ မသိသေးသည့် တစ်စုံတရာရှိရမည်ဟု သူတို့သိလိုက်ကြသည်။

“ဘာလို့လဲ အရှေ့မျှတမှုမြို့တော်က တစ္ဆေမျိုးနွယ်နဲ့ ဆက်စပ်မှုရှိလို့လား” ဟော်ချန်းဒုန် မေးလိုက်သည်။

ဟော့ဘာဟုန်ယဲ့သည် တွေဝေမှုဖြစ်သွားလေသည်။ ဟော့ဘာမိသားစု အကြီးအကဲက စပြောလေသည် “မိသားစုခေါင်းဆောင် ကိစ္စတွေက ဒီအထိ ရောက်လာမှတော့ ဖုံးကွယ်ဖို့ဘာလို့ လိုတော့မှာလဲ၊ ပြောလိုက်တာကပဲ ဒီပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ရင် နောက်ကို ပြဿနာပဲပိုကြီးလာလိမ့် မယ်”

ဟော့ဘာဟုန်ယဲ့ သက်ပြင်းချလိုက်သည်။ “ကျုပ်နားမလည်တာတော့ မဟုတ်ဘူး.. အဲဒါက… ဟူး”

ဥက္ကဌများသည် တစ်ယောက်နှင့် တစ်ယောက်ကြည့်မိကြသည်။ အတွင်း ထဲတွင် ဖုံးကွယ်ထားသည်မှာ အမှန်တကယ်ရှိနေသည်။

“ဟူး” ဟော့ဘာဟုန်ယဲ့ သက်ပြင်းချပြန်သည် “အခုလို ကိစ္စတွေဖြစ်လာ မှတော့ ပြောဖို့မလိုအောင်ပဲ နောက်ကိုပြဿနာကြီးဖြစ်လာမှာပဲ၊ ဒီအချိန်ကို မကျော်ဖြတ်နိုင်မှာကိုပဲ စိုးရိမ်တာ”

“မိသားစုခေါင်းဆောင် ဒီအရှေ့မျှတမှုမြို့တော်က…” ဟော့ဘာဟန် သည် အရှေ့မျှတမှုမြို့တော်ကို အရင်ကတစ်ခါမှ အာရုံမထားခဲ့ပေ။ ထိုမြို့သည် မိသားစု၏ ကံကြမ္မာနှင့်ဆက်စပ်နေသည်ကို သူ မသိခဲ့ပေ။

“ဟော့ဘာမိသားစုခေါင်းဆောင် အခုအခြေအနေက အရမ်းပြင်းထန်နေ တယ်၊ အဲဒါကိုမပြောချင်ရင်တောင် ပြောရပါလိမ့်မယ်” ဖန်ယွမ်လုံ ပြောလိုက် သည်။

“ယူယူ အဲဒါက တစ္ဆေမျိုးနွယ်ရဲ့ ရောင်ဝါဆိုတာ သေချာလား” ဟော့ဘာ ဟုန်ယဲ့ မေးလိုက်သည်။

“သေချာပါတယ်၊ ဒီကိစ္စက တစ္ဆေမျိုးနွယ်နဲ့ ဆက်စပ်နေတာကို သေချာရုံ တင်မကဘူး အထဲမှာဘာတွေဖြစ်နေလဲဆိုတာပါ သိတယ်” ရှီမာယူယူ အတည် ပြုလေသည်။

“သိတာလား အထဲမှာ ဘာတွေဖြစ်နေတာလဲ”

ရှီမာယူယူ ခေတ္တမျှ စဉ်းစားလိုက်သည်။ သူမသည် ဖန်ကျောက်စိမ်းတုံး ထုတ်လိုက်သည်။ ထို့နောက် အံ့ဖွယ်အာရုံထည့်ပြီးနောက် ရှီမန်ဖန်ကို ဝိညာဉ် စွမ်းအင်ထည့်ခိုင်းလိုက်သည်။

ကျောက်စိမ်းသည် အလင်းတန်းထွက်လာသည်။ အလင်းတန်းမှ ပုံရိပ် များစွာသည် တဖြည်းဖြည်းပုံပေါ်လာသည်။ တစ်ခုမှာ ဗလာကျင်းနေသော အရှေ့မျှတမှုမြို့တော်ဖြစ်ပြီး တစ်ခုမှာ အသိစိတ်မရှိဘဲလမ်းလျှောက်နေသော လူများဖြစ်ကာ နောက်တစ်ခုမှာ ထိန်းချုပ်ခံရသော လူများ မြို့အပြင်တွင် တွင်း တူးနေသည့်ပုံရိပ်များဖြစ်လေသည်။

ထိုပုံရိပ်သုံးခုသည် တစ်ခဏမျှသာဖြစ်သော်လည်း လူအားလုံး မြင်လိုက် ရအောင် ရှင်းလင်းသည်။

လများစွာအတွင်းတွင် အရှေ့မျှတမှုမြို့တော်နှင့် ပတ်သတ်ပြီး မည်သူမှ ဘာမှမသိခဲ့ရပေ။ ယခုလိုပါဝင်လာမည်ဟု သူတို့ ထင်မထားကြပေ။ သူမ ထို သတင်းကို မည်သို့ရလာသည်ကို သူတို့မသိကြသော်လည်း ထိုသတင်းကို ရရန် သေချာပေါက်လွယ်မည်မဟုတ်ပေ။

အဲဒါကြောင့် သူမ ဒီလောက်ဒဏ်ရာအပြင်းအထန်ရလာတာကိုး။

“ဟူး တစ္ဆေမျိုးနွယ် ပါလာပြီဆိုမှတော့ ဒီကိစ္စကို ပြောရတော့မယ်” ဟော့ဘာဟုန်ယဲ့ သက်ပြင်းချကာ အရှေ့မျှတမှုမြို့တော်အကြောင်း သူ သိသမျှ ကို ပြောပြလေသည်။

***

All Chapters