← Chapters

ပူးပေါင်းဆွေးနွေးခြင်း

Vol. 91 Ch. 1268

ပူးပေါင်းဆွေးနွေးခြင်း

Vol. 91 Ch. 1268

ဟော့ဘာဟုန်ယဲ့သည် သူ သိသမျှကို ဖြည်းဖြည်းချင်း ပြောပြရာ အားလုံး တုန်လှုပ်ကုန်ကြသည်။

ထိုအဖြစ်များမှာ လွန်ခဲ့သည့် နှစ်ထောင်ချီက စတင်ခဲ့သည်။ ဟော့ဘာ မိသားစုမှလူများသည် တစ္ဆေလောကနှင့် ဆက်သွယ်နေသော ဝင်ပေါက်ကို တွေ့ရှိခဲ့သည်။ ထိုဝင်ပေါက်သာ ကျိုးပျက်သွားပါက တစ္ဆေလောကမှလူများ လွှင့်မြောလာပြီး တိုင်းပြည်မှလူများကို ထိခိုက်စေနိုင်သည်။

ထိုအချိန်က အရှေ့မျှတမှုမြို့တော်မှာ တည်ထားခြင်းမရှိသေးပေ။ ထို ဝင်ပေါက်ကိုတွေ့ရှိပြီးနောက်တွင် ဟော့ဘာမိသားစုသည် ချက်ချင်းပင် ကျွမ်းကျင်သူများကို ခေါ်ကာ ထိုနေရာအား ချိပ်ပိတ်ခဲ့ကြသည်။ နောက်တွင် ထိုနေရာအားလုံးခြုံစေရန်အတွက် မြို့တစ်မြို့တည်ဆောက်ခဲ့ကြရာ ယခု အရှေ့မျှတမှုမြို့တော်ဖြစ်လာသည်။

မငြိမ်မသက်များ မဖြစ်ရန်အတွက် ထိုနေရာကို ချိပ်ပိတ်သော လူများ မှအပ များများစားစား မသိကြပေ။ အချိန်ကုန်သွားသည်နှင့်အမျှ ထိုလူများ လည်း ဆုံးပါးသွားခဲ့ကြသည်။ ဟော့ဘာမိသားစုသာ ထိုအရာကို မိသားစု လျှို့ဝှက်ချက်အနေနဲ့ လက်ဆင့်ကမ်းခဲ့ကြသည်။ ထပ်ပေါင်းပြောရလျှင် သူတို့ သည် အရှေ့မျှတမှုမြို့တော်ကို စောင့်ရှောက်ရန် အစဉ်အဆက်စည်းမျဉ်းများ ပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ယခုလိုအခြေအနေများဖြစ်ပွားချိန်တွင် အကြောင်းအရင်းရှိရ မည်ဟု သူတို့ သံသယဝင်မိသည်။ သို့သော် သူတို့သည် မည်သည့်တစ္ဆေမျိုးနွယ် ၏ ရောင်ဝါကိုမှ မခံစားမိသဖြင့် စိတ်အေးခဲ့သည်။

အခု ရှီမာယူယူ၏ အတည်ပြုချက်နှင့် ပုံရိပ်များပြသသွားခြင်းသည် ယခု ကိစ္စမှာ တစ္ဆေမျိုးနွယ်နှင့် ဆက်စပ်နေသည်ကို သူတို့သိလိုက်ကြသည်။ သူတို့ သည် ထပ်ပြီးမဖုံးကွယ်ရဲတော့ပေ။

“ခင်ဗျားပြောသလိုဆိုရင် အရှေ့မျှတမှုမြို့တော်မှာ တစ္ဆေလောကကို သွားမဲ့ ဝင်ပေါက်ရှိနေတာပေါ့”

အားလုံး၏ မျက်နှာမှာ မသာမယာဖြစ်သွားကြသည်။ တကယ်သာ တစ္ဆေ လောကနဲ့ဆက်ထားတဲ့ အပေါက်ရှိရင် ပွင့်သွားတာနဲ့ တစ္ဆေလောကနဲ့ လူသား လောကနဲ့က လုံးဝကို ဆက်သွားမှာပဲ။

တစ္ဆေမျိုးနွယ်တွေက လူသားတွေထက်ရက်စက်ပြီး သူတို့အားအင်က လည်း အများကြီးသန်မာကြတယ်လေ။ လောကနှစ်ခု ဆက်သွားတယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ မတွေးရဲအောင်ပဲ။

“အဲတော့ သူတို့က ဝင်ပေါက်ကိုတူးနေတယ်၊ ဒါပေမဲ့ သူတို့ဘာလို့ အချိန် ယူပြီး ဖြည်းဖြည်းချင်းလုပ်နေတာလဲ” ရှောင်ဟုန် မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ အဲချိပ်ပိတ်ထားတာက ဝင်ပေါက်ကိုပိတ်ထားတာ မဟုတ်ဘဲနဲ့ အဲပတ်ပတ်လည်က မြေကိုပိတ်ထားတာ၊ မြေသားကိုမာအောင် လုပ်ပြီးတော့ ဝိညာဉ်စွမ်းအားနဲ့ ဖျက်မရအောင်လုပ်ထားတာ၊ အဲဒါကို နည်းနည်းချင်းစီ တူးမှပဲရမယ်” ဟော့ဘာဟုန်ယဲ့ ရှင်းပြလေသည်။

“တခြားစကားနဲ့ပြောရရင် တစ္ဆေမျိုးနွယ်က ချိပ်ပွင့်အောင်မလုပ်နိုင်ဘူး လူသားတွေပဲလုပ်နိုင်တာ၊ အဲဒါကြောင့် အရှေ့မျှတမှုမြို့တော်က လူတွေကို ထိန်းချုပ်ပြီး နေရာချိပ်ပိတ်ထားတာကို တူးခိုင်းတာပဲ” ဟော်ချန်ဒုန် နိဂုံးချုပ် လေသည်။

“အဲလိုဖြစ်နိုင်တယ်” ရှဲချန်လင်းသည် တည်ငြိမ်စွာပြောလေသည်။

ထိုသတင်းကိုရပြီးနောက် အားလုံး၏ စိတ်များလေးလံသွားကြသည်။ ရလဒ်မှာ သူတို့ထင်ထားသည်ထက် ပိုပြီးပြင်းထန်နေသည်။

“ယူယူ ငါသိချင်တာက… တခြားသူတွေဝင်သွားတော့ သူတို့ထိန်းချုပ် ခံရတယ်လေ မင်းကကျ ဘယ်လိုသတင်းရလာတာလဲ” ဖန်ယွမ်လုံ မေးလိုက် သည် “မင်းက ထိန်းချုပ်မခံရဘဲနဲ့ ဝင်သွားနိုင်တာလား”

“ကျွန်မ အဲလောက်မစွမ်းပါဘူး” ဖန်ယွမ်လုံတွင် ဥက္ကဌတစ်ယောက်၏ အပြုအမူ ပြောဆိုပုံမရှိဟု ရှီမာယူယူခံစားမိသဖြင့် တလေးတစားမပြောမိပေ။

“ဒါဆိုရင် ဒီသတင်းကိုဘယ်လိုသိလာတာလဲ”

“ကျွန်မရဲ့လျှို့ဝှက်နည်းလမ်းကို သုံးလိုက်တာပါ” ရှီမာယူယူ ပြန်ဖြေလေ သည် “အဲဒါကို ဥက္ကဌဖန်ကို တင်ပြဖို့မလိုဘူးလို့ ထင်ပါတယ်”

ထိုမှတ်ချက်သည် စာနမှုကင်းမဲ့သော်လည်း ဖန်ယွမ်လုံသည် သူမအား စစ်မေးသည့် လေသံဖြင့် မေးခဲ့သည်။ သူမ ဒေါသထွကသွားသည်မှာ ပုံမှန်ပင် ဖြစ်သည်။

ထို့အပြင် တိုက်ခိုက်မှုရှိလာနိုင်သည်ဟု အသင်းများကို သူမ သတိပေးခဲ့ သည်။ ထို့ကြောင့် သူတို့ ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ခဲ့သည်။ သူက သူမကို ကျေးဇူးမတင်တဲ့အပြင်ကို ဘာလို့တစ်ချိန်လုံး ရန်လာဖြစ်နေတာလဲ။

ဖန်ယွမ်လုံသည် ရှီမာယူယူ၏ မှတ်ချက်ကြောင့် နင်သွားလေသည်။ သူ သည် ဒေါသထွက်လိုက်ချင်သော်လည်း ဖန်မင်သည် ဝင်ပြောလေသည်။

“လျှို့ဝှက်နည်းလမ်းဆိုမှတော့ သူမအတွက် ပြောဖို့ ဘယ်လွယ်ပါ့မလဲ၊ ဒါပေမဲ့ အချိန်ရမယ်ဆိုရင် ကျုပ်တို့ကို အကူအညီပေးဖို့ကမ်းလှမ်းပါတယ်”

ဖန်မင်သည် သူမအတွက်ပြောပေးလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူသည် ရောမေ့ကြောင့် မပျော်မရွှင်ဖြစ်လိမ့်မည်ဟု သူမ ထင်ထားသည်။ သူ သည် သူမ၏ အခက်အခဲများကိုပါ ပြောပေးနေသည်။ သူသည် လူကောင်းဖြစ် ပုံရသည်။

သူမ အားရပါးရပြုံးလိုက်သည်။ “အသည်းကွဲတောင်ကြားက ဒီတိုင်းပြည် ရဲ့တစ်စိတ်တစ်ပိုင်းပဲလေ၊ အကူအညီလိုတာရှိရင် ကျွန်မတို့လုပ်ရမဲ့အပိုင်းပါပဲ”

“ကောင်းပါတယ် ယူယူက လောင်ရှားပြောသလိုပဲ ကြံ့ခိုင်တဲ့မိန်းကလေး ပဲ” ဖန်မင် ပြောလေသည် “နောက်ကို တကယ်ပဲ တစ်ခုခုလိုတာရှိရင် လက်ငှား ပေးပါဦးနော်”

“သေချာတာပေါ့ရှင်” ရှီမာယူယူသည် ယဉ်ကျေးစွာ တုံ့ပြန်လေသည်။

ဖန်ယွမ်လုံသည် ဖန်မင်၏ စကားများကိုကြားသောအခါ ပါးစပ်ပိတ်သွား လေသည်။ ဘာမှမပြောလိုက်ခြင်းက သိမ်ငယ်စိတ်ကိုဖြစ်စေသည်။

“ကျုပ်မေးစရာရှိတယ်” ရှဲချောင်လင်း စပြောလေသည်။

“ဘာလဲဗျ”

“အဲလူတွေက ဘယ်လိုလုပ်ထိန်းချုပ်ခံရတာလဲ” ရှဲချောင်လင်းသည် အားလုံးကိုကြည့်လိုက်သည်။ “သူတို့ကိုထိန်းချုပ်ရတဲ့အကြောင်းအရင်းကို အခု ကျုပ်တို့သိပြီဆိုတော့ လူတွေကိုဘယ်လိုထိန်းချုပ်လဲဆိုတာကို သိအောင်လုပ် ရမယ်၊ ကျုပ်တို့ဒီကိစ္စကို ကိုင်တွယ်ဖို့ နည်းလမ်းကိုရှာရမယ် မဟုတ်ရင် အကြောင်းအရင်းကို သိလည်း အသုံးမဝင်ဘူး”

“အမှန်ပဲ” ရှန်းယန် သံယောင်လိုက်လေသည် “ကျုပ်တို့ နည်းလမ်းကို သိသွားပေမဲ့ မီးခိုးအမည်းကိုဖြေရှင်းနိုင်တာမဟုတ်ဘူး၊ သူတို့ဘယ်လိုထိန်းချုပ် နေလဲဆိုတာလည်း မသိသေးဘူး၊ အကြောင်းအရင်းကိုသိတာ အသုံးမဝင်သေး ဘူး၊ ဘာဖြစ်မလဲဆိုတာကိုပဲ စောင့်ကြည့်ရုံပဲတတ်နိုင်မှာပဲ”

“ယူယူ

နင် အဲဒါတွေကို သိအောင်လုပ်နိုင်မှတော့ ဘယ်လိုဖြစ်တာလဲကို သိလား” ဟော့ဘာဟန် မေးလိုက်သည်။

“ဘာက ဖြစ်နိုင်ချေအများဆုံးလဲဆိုတာကို ငါ သိတယ် ဒါပေမဲ့ ဘယ်လို ဖြေရှင်းရမလဲဆိုတာကို မသိဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“မင်းသိထားတယ်ပေါ့ ပြောပြပါဦး”

“ဝင်သွားတဲ့လမ်းမှာ ပုလွေသံကြားတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ပုလွေသံဟုတ်လား”

“အင်း” ရှီမာယူယူသည် အသေအချာခေါင်းညိတ်လိုက်သည် “ပုလွေသံ ထွက်လာတော့ ကျွန်မအံ့ဖွယ်အာရုံ ထိခိုက်တာကို ခံစားလာရတယ်၊ နောက်ပိုင်း မြို့ထဲမှာ ပုလွေသံထပ်ကြားရပြန်ရော လူသစ်တွေ ဝင်လာတာကို လည်းတွေ့ရတယ်၊ ကြည့်ရတာ အဲပုလွေသံနဲ့ထိန်းချုပ်တာခံနေရတယ်ထင် တယ်”

“တစ္ဆေမျိုးနွယ်ကလူတွေက လူသားဝိညာဉ်ကိုရှာနေတာ၊ သူတို့မှာ လူသားဝိညာဉ်ကိုထိန်းချုပ်နိုင်တဲ့ ဝိညာဉ်လက်နက်ရှိနေတာ ပုံမှန်ပါပဲ” ရှားကျောင်ထျန်တွင် လေးနက်သောအကြည့်ရှိသည်မှာ ရှားပါးလေသည်။

“မင်းက ပုလွေအသံကိုပဲကြားလိုက်တာလား တခြားဘာကိုမြင်လိုက် သေးလဲ၊ ပုလွေကိုဘယ်သူထိန်းချုပ်နေတာလဲဆိုတာသိလား” ဟော့ဘာဟုန်ယဲ့ မေးလိုက်သည်။

ရှီမာယူယူ ခေါင်းခါလိုက်သည် “အဲလူတွေအပြင် ဘယ်သူ့ကိုမှမမြင်မိဘူး ဒါပေမဲ့ အနောက်က အသံကိုတော့ကြားတယ်၊ ကျွန်မ အံ့ဖွယ်အာရုံပျက်စီးသွား လို့ ဘာမှမတုံ့ပြန်လိုက်ရဘူး”

“အရင်နေ့က အံ့ဖွယ်အာရုံထိခိုက်ထားလို့ မင်းမျက်နှာက ဖြူဖျော့နေတာ ကိုး” ရှောင်ဟုန် ပြောလေသည်။

ခန္ဓာကိုယ်ပိုင်း ထိခိုက်ဒဏ်ရာရပါက စကားပြောရန်ဖြစ်နိုင်သေးသည်။ သို့သော် အံ့ဖွယ်အာရုံ ဒဏ်ရာရသွားပါက အလွန်ပင်ပန်းနိုင်သည်။

အဲဒါကြောင့် အဲနေ့က သူမ စကားမပြောချင်တာကိုး။

အမှန်တကယ်တော့ ရှီမာယူယူဝိညာဉ်အရည်သောက်ပြီး ဝိညာဉ်ပြန် ကောင်းလာသည်ကို သူတို့ မသိပေ။ သို့သော် သူမသည် ရောမေ့ကြောင့် ဒေါသ ဖြစ်ထားသဖြင့် သူတို့ကိုမပြောချင်ပေ။

“ပုလွေအသံကြောင့် ဖြစ်လာတာကို သိရုံနဲ့တင် ဖြေရှင်းဖို့ကလွယ်တာ မဟုတ်ဘူး” ဟော့ဘာဟုန်ယဲ့ ပြောလိုက်သည်။

အားလုံး တိတ်ဆိတ်သွားလေသည်။ အမှန်ပင်။ သူတို့ ပြဿနာ၏ အရင်းအမြစကိုသာ မရှာနိုင်ပါက ထိန်းချုပ်မှုနည်းလမ်းကိုသိလျှင်တောင် အသုံးမဝင်ပေ။

ကြည့်ရတာ ဒီကိစ္စကိုဖြေရှင်းဖို့ အခွင့်အရေးက နည်းတယ်ထင်တယ်။

ထိုနေရာတွင် စီနီယာများရှိနေသဖြင့် သူမတွင် ယန္တရားများရှိသည့် အကြောင်းကို ရှီမာယူယူထုတ်ဖော်မပြောခဲ့ပေ။ အကယ်၍ သူတို့နည်းလမ်း စဉ်းစားမရသဖြင့် သူမ နောက်မှပြောပြလိုက်မည်။

သို့သော် လျူလျန်ချိုင်ကိုတွေးမိပြီး သူတို့ကို မည်သို့ပြောရမည်ကို မသိ တော့ပေ။

ထိုသို့အခြေအနေမှာဆိုလျှင် သူ နိုးကြားနေရမည်။ ထိုမှသာ သူမ စဉ်းစား ရသည်နှင့် ထိုက်တန်မည်။

***

All Chapters