← Chapters

အဖြေရှာဖွေခြင်း

Vol. 91 Ch. 1269

အဖြေရှာဖွေခြင်း

Vol. 91 Ch. 1269

နောက်ဆုံးတွင် လျူလျန်ချိုင်၏ ထူးဆန်းမှုကို ရှီမာယူယူ သူတို့ကို မပြော လိုက်ပေ။ သူတို့သည် အချင်းချင်းပြန်ပြီး ဆွေးနွေးကြလေသည်။

သူမ သိလာသောသတင်းများ အကြောင်းပြောပြီးနောက်တွင် များများ စားစားဝင်မပြောတော့ပေ။ နောက်ဆက်တွဲဆွေးနွေးမှုတွင်တော့ သူမသည် ဘေးတွင်ရှိသော ပဲငံပြာရည်ကဲ့သို့ပင် နားသာထောင်နေလိုက်သည်။

လက်ရှိ ရှိနေသောအကြီးအကဲများသည် နှစ်ပေါင်းရာချီ ထောင်ချီနေခဲ့ သောလူကြီးများပင်ဖြစ်သည်။ သူမ အရင်ဘဝက စကားနှင့်ပြောရလျှင် သူတို့ သည် သူမထက် ထမင်းပိုစားခဲ့သည်။ ထို့ကြောင့် သူမ အမြင်တွင် သူတို့တွင် ပြဿနာဖြေရှင်းရန် နည်းလမ်းရှိရသင့်သည်။

သို့သော် ကိစ္စများသည် သူမထင်သလောက် မဖြစ်လာပေ။ သူတို့သည် တစ္ဆေမျိုးနွယ်နှင့် ဆက်သွယ်ဖူးခြင်းမရှိသဖြင့် ယခုလိုအခြေအနေနှင့် ရင်ဆိုင် လာရသောအခါ အသုံးဝင်သောနည်းလမ်းကို မစဉ်းစားနိုင်ကြပေ။

နေ့တစ်ဝက်ကြာပြီးနောက်တွင် သူတို့သည် အစီအစဉ်ဒါဇင်မျှ အဆိုတင် သွင်းသော်လည်း အားလုံးပယ်ချခံရလေသည်။

“ဒါနဲ့ တစ္ဆေမျိုးနွယ်က မိုးကြိုးနဲ့မီးကိုကြောက်ကြတယ်၊ ယူယူက မိုးကြိုး ကိုဆွဲခေါ်ပြီး မီးခိုးမည်းကို ဖြိုခွင့်းလို့မရနိုင်ဘူးလား” ရှားကျောင်ထျန်သည် နောက်ဆုံးတွင် ပို၍အားကိုးရသော အကြံတွေးမိလေသည်။

မိုးကြိုးကိုအသုံးပြုရန် ရှီမာယူယူ‌ အစောကတည်းကပင် တွေးမိသည်။ သို့သော် သူမ မလုပ်ချင်သောကြောင့်မဟုတ်ဘဲ မလုပ်နိုင်၍ဖြစ်သည်။

လက်ရှိ သူမခန္ဓာကိုယ်မှာ အမှောင်စွမ်းအင် ဝိညာဉ်စွမ်းအင်ဖြစ်သည်။ သူမသည် လက်ရှိတွင် မိုးကြိုးကိုကြောက်သည်။ ဘယ်လိုလုပ် မိုးကြိုးကို ဆွဲခေါ်ရဲတော့မှာလဲ။ ဒါက မီးပုံထဲခုန်ချလိုက်သလိုပဲ၊ သူမ သေတွင်းသူမ တူး လိုက်တာပဲလေ။

“ဥက္ကဌ၊ ကျွန်မ မကူညီချင်လို့မဟုတ်ပါဘူး ဒါပေမဲ့ အခုတလောကို ကျွန်မ ကျန်းမာရေးက မကောင်းဘူး” ရှီမာယူယူ ရှင်းပြလေသည် “ဥက္ကဌဟော်နဲ့ ရှောင်ဟုန်သိပါတယ် ကျွန်မလုပ်ချင်ရင်တောင် မလုပ်နိုင်ဘူး”

“အင်း ဟုတ်တယ်၊ ယူယူ့ခန္ဓာကိုယ်က မူမမှန်တာရှိတယ်၊ အချိန်တစ်ခု လောက်တော့ သူမ ဝိညာဉ်စွမ်းအင်ကို မသုံးနိုင်ဘူး” ဟော်ချန်ဒုန် အတည်ပြု ပေးလေသည်။

ရှီမာယူယူသည် အကူအညီမဲ့သော အကြည့်ပါ ထည့်ပေါင်းပေးလိုက် သည်။ အကြောင်းအရင်းကိုသိထားသော ရှီမန်ဖန်နှင့် ဘိုင်ရှန်းတို့သည် သူမ သရုပ်ဆောင်နေသည်ကို ခံစားမိကြသည်။

“ဟုတ်ပါတယ် မင်းသာမိုးကြိုးကိုဆွဲခေါ်လိုက်ရင် သေချာပေါက် ပျက်စီး သွားလိမ့်မယ်” ရှားကျောင်ထျန် ပြောလိုက်သည် “အခုက ကျန်းမာရေးလည်း ကောင်းတာမဟုတ်ဘူး ဒီနည်းလမ်းကိုမေ့လိုက်ကြတာပေါ့”

“ဒါပေမဲ့ ဒီနည်းလမ်းကဖြစ်နိုင်တယ်လို့ ထင်တယ်” ဖန်မင် ပြောလိုက် သည်။

“လောင်ဖန် ဘာပြောလိုက်တာလဲ၊ ယူယူက ဒဏ်ရာမပျောက်သေးဘူး” ရှားကျောင်ထျန် တားမြစ်လေသည်။

“အဲလောက်ကြီး လှုပ်လှုပ်ရှားရှားဖြစ်ဖို့မလိုပါဘူး” သူ ထပ်ပြီး ကြိမ်းမောင်းတော့မည်ကို ဖန်မင်မြင်သောအခါ စကားဖြတ်ပြောလိုက်သည် “သူမကို မိုးကြိုးဆွဲခေါ်ခိုင်းနေတာမဟုတ်ဘူး မိုးကြိုးကိုသုံးတဲ့နည်းလမ်းက ဖြစ်နိုင်သေးတယ်လို့ပြောတာ”

“မိုးကြိုးကိုဆွဲခေါ်ဖို့ကို တခြားနည်းလမ်းသုံးမှာလား”

“ဟုတ်တယ်” ဖန်မင် ခေါင်းညိတ်လိုက်သည် “လျှပ်စီးအရည်အချင်းရှိတဲ့ သူကို ရှာ်ပြီး မိုးကြိုးသွားက မီးခိုးအမည်းကိုဖြိုဖျက်ဖို့ ဖြစ်နိုင်မလားဆိုတာ စစ် ကြည့်ခိုင်းရမယ်”

“အဲဒါကို စမ်းကြည့်လို့ရတယ်” ရှန်းယန် ပြောလိုက်သည်။

“ကျုပ်တို့မှာ လျှပ်စီးအရည်အချင်းရှိတဲ့သူ မရှိဘူးထင်တာပဲ ဟော့ဘာ မိသားစုခေါင်းဆောင် လျှပ်စီးအရည်အချင်းရှိတဲ့သူများ ရှိလား” ဖန်မင် မေး လိုက်သည်။

“ရှိတယ် ဟန်အာက လျှပ်စီးအရည်အချင်းပဲ” ဟော့ဘာဟုန်ယဲ့ ပြန်ဖြေ လိုက်သ်ည။

ဟော့ဘာဟန်တွင် လျှပ်စီးအရည်အချင်းရှိလိမ့်မည်ဟု ရှီမာယူယူ ထင် မထားပေ။ သူမသည် သူ့ကို စပ်စုစွာဖြင့် ခိုးကြည့်လိုက်သည်။

“အဟွတ် အဟွတ် ငါ့လျှပ်စီးအရည်အချင်း ဝိညာဉ်လက်နက်က နင့် လောက်အားမကောင်းဘူး” ဟော့ဘာဟန် လေသံဖြင့်ပြောလေသည်။

ထိုစဉ်က သူမသည် လူများ ဆံပင်မကျန်တော့လောက်အောင်အထိ အံ့ဩအောင် လုပ်ခဲ့ဘူးသည်။

အာ…

ရှီမာယူယူသည် သူ၏ ပြုံးနေသော မျက်နှာကိုမြင်သောအခါ မသိမသာ သူမ မျက်နှာကိုထိမိသည်။

သူသာ ဘာမှမပြောလျှင် သူမ မေ့နေလေပြီ။

“လူတစ်ယောက်ပဲရှိသေးတယ်၊ မလောက်မှာစိုးတယ်၊ လောင်ရှား ခင်ဗျားရဲ့ ဝိညာဉ်သခင်အသင်းက လူအများဆုံးပဲ လျှပ်စီးအရည်အချင်းနဲ့လူ များမရှိဘူးလား” ဖန်ယွမ်လုံ မေးလိုက်သည်။

“ရှိတယ်” ရှန်းယန် ပြန်ဖြေလေသည် “ဒါပေမဲ့ ကျုပ်နဲ့လာတဲ့သူတွေနဲ့မှာ မပါဘူး၊ သူတို့အကုန်လုံးက အသင်းမှာပဲ၊ ဒီကိုလာဖို့က ရက်နည်းနည်းလောက် ကြာဦးမယ်”

“ဒါဆိုရင် လာဖို့ကို သူတို့ကို စာပါးလိုက်တော့လေ၊ တခြားလျှပ်စီး ဝိညာဉ်သခင်များရှိဦးမလားလို့ ဆက်ကြည့်ကြတာပေါ့” ရှားကျောင်ထျန် ပြော လိုက်သည်။

“အခုတလောမှာ အရှေ့မျှတမှုမြို့တော်ကို စိတ်ဝင်စားတဲ့လူတွေများလာ တယ်၊ ပတ်ပတ်လည်မြို့တွေကလည်း လူတွေအများကြီးလာကြတယ်၊ အဲလူ တွေထဲမှာ လျှပ်စီးအရည်အချင်းဝိညာဉ်သခင်ရှိနိုင်တယ်၊ သူတို့ကို အကုန်စုပြီး ဒီကိစ္စကို ရှင်းကြမလား” ဟော်ချန်းဒုန် စပြီးကမ်းလှမ်းလေသည်။

“သဘောတူတယ်” ဖန်ယွမ်ချန် ပြောလိုက်သည်။

“အဲဒါြဖစ်နိုင်မယ်လို့ ထင်ပါတယ်” ရှားချန်လင်းသည်လည်း တစ်သံ တည်းထွက်လေသည် “ဒါပေမဲ့ အရမ်းဂယက်မဖြစ်စေဖို့ကို အချိန်တစ်ခု လောက်တော့ တကယ့်အဖြစ်မှန်ကို မပြောသင့်ဘူး”

“အင်း ဒါဆိုရင် အကြောင်းအရင်းကို မကြေညာဘဲ လျှပ်စီးအရည်အချင်း ဝိညာဉ်သခင်တွေကို စုကြတာပေါ့၊ ဒါပေမဲ့ အဲလိုဆိုရင် ငွေကြေးတွေပေးရမှာ စိုးလောက်တယ်”

“ငွေကြေးနည်းနည်းလောက်က ဘာဖြစ်လဲ ကိစ္စသာဖြေရှင်းနိုင်တာနဲ့ ငွေ နည်းနည်းလောက်သုံးလိုက်တာက ပြဿနာမဟုတ်ဘူး” ရှားကျောင်ထျန် ပြော လေသည်။

“ဒါဆိုရင် အသင်းမဟာမိတ်နာမည်နဲ့ ဟော့ဘာမိသားစုနာမည်ကို သုံးပြီး တခြားမြို့က လျှပ်စီးအရည်အချင်းဝိညာဉ်သခင်တွေကို ခေါ်ကြတာပေါ့၊ ဟော့ဘာမိသားစုခေါင်းဆောင် ဘယ်လိုထင်လဲ”

“ဒါပေါ့ ကျုပ်တို့ဟော့ဘာမိသားစုကလည်း အပြည့်အဝပူးပေါင်းရမှာပေါ့” ဟော့ဘာဟုန်ယဲ့ ပြောလိုက်သည်။

“ဒါဆိုရင် အားလုံးပဲ အဆင်သင့်ပြင်ထားကြတော့ ရှန်းယန် ခင်ဗျား အသင်းကို စုရုံးလိုက်တော့ ကျုပ်တို့လည်း တခြားသူတွေကို စုဆောင်းဖို့ အကြောင်းကြားလိုက်ဦးမယ်” ဖန်မင် ကြေညာလေသည်။

“ဒါဆိုလည်း စီစဉ်စရာရှိတာ စီစဉ်ကြတာပေါ့”

ထုံစံအတိုင်းပင် ရှီမာယူယူသည် လူစုမည့်ကိစ္စကို ဂရုမစိုက်ပေ။ သူမ သည် အသည်းကွဲတောင်ကြားမှလူများကို မေးကြည့်ရာ လျှပ်စီးအရည်အချင်းရှိ သူ မပါကြောင်းသိလိုက်ရသည်။ ထို့ကြောင့် သူမသည် ထိုကိစ္စကို အာရုံမစိုက် တော့ပေ။ သူမသည် ဘိုင်ရှန်းနှင့် ရှီမန်ဖန်ကို ခေါ်ကာ အမှတ်တရ စားသောက်ဆိုင်သို့ ပြန်လိုက်သည်။

ဝင်ပြီးနောက်တွင် သူမသည် ဖန်ကျိနှင့် ဖန်ခိုင်ကိုခေါ်ပြီး လျူလျန်ချိုင် သည် မည်သူ၏ထိန်းချုပ်မှုမှ မခံရကြောင်း ပြောပြလိုက်သည်။

ဘိုင်ရှန်းနှင့် တခြားသူများသည် ခေတ္တမျှ မှင်တက်သွားကြသည် “လျန်ချိုင့်မှာ လျှို့ဝှက် ဝိညာဉ်နည်းလမ်းရှိတဲ့ပုံပဲ၊ သူ အဲနည်းလမ်းကိုသုံးပြီး ထိန်းချုပ်တာကနေ လွတ်နေတာဖြစ်လောက်မယ်”

“ဒါဆိုရင် အဲဒါပဲ” ရှီမာယူယူ ပြောလိုက်သည် “လျူလျန်ချိုင်က ထိန်းချုပ် မှုအောက်မရှိတော့ သူ့ကို ဆက်သွယ်လို့ရမလားတော့ မသိဘူး”

“လျူလျန်ချိုင်က ထိန်းချုပ်မှုအောက်မရှိဘူးဆိုတော့ ဘာလို့အဲမှာနေဖို့ လိုဦးမှာလဲ” ဖန်ခိုင် မေးလိုက်သည်။

“အဲဒါကိုမရှင်းတာ၊ တခြားသတင်းရဖို့လည်း ဖြစ်နိုင်တယ်” ဘိုင်ရှန်း မေး လိုက်သည်။

“သူက အနောက်မှနေခဲ့မှတော့ သူ့အကြောင်းပြချက်နဲ့သူရှိမှာပေါ့” ရှီမာယူယူ ထပ်ပေါင်းပြောလိုက်သည်။

“အစ်မ အဲဒါကို လျှပ်စီးအရည်အချင်းကိုသုံးပြီး ရှင်းနိုင်မယ်လို့ နင်ထင် လား” ရှီမန်ဖန် မေးလိုက်သည်။

“မလွဲမသွေတော့ မဟုတ်ဘူး” ရှီမာယူယူသည် ထိုကိစ္စနှင့်ပတ်သတ်ပြီး အလေးအနက်ရှိလှသည်တော့ မဟုတ်ပေ “မီးခိုးအမည်းက တစ္ဆေမျိုးနွယ် ရောင်ဝါဖုံးဖားမှတော့ သာမန်မီးခိုးအမည်းဟုတ်မယ် မထင်ဘူး၊ တကယ်လို့ သာမန် လျှပ်စီးအရည်အချင်း ဝိညာဉ်စွမ်းအင်တိုက်ခိုက်လိုက်ရင် သက်ရောက် မှုမရှိတာလည်းဖြစ်နိုင်တယ်”

“ဖြစ်နိုင်တယ်ဆိုရင် ကောင်းကင်ဘုံဘေးသင့်မှုကို သုံးရတာ ပိုစိတ်ချရ မယ်” ဘိုင်ရှန်း ပြောလိုက်သည် “ဒါပေမဲ့ အခု ဒုခေါင်းဆောင်ရဲ့ လက်ရှိ အခြေအနေက ကောင်းကင်ဘုံဘေးသင့်မှုကို ဆွဲခေါ်ဖို့က မဖြစ်နိုင်ဘူး”

“ကြိုးစားကြည့်ပြီးမှ သိမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “အဲလူတွေ အချိန်တစ်ခုလောက်တော့ အန္တရာယ်မရှိနိုင်ပါဘူး၊ ရက်နည်းနည်းလောက် စောင့်ကြည့်ပြီးမှ သူတို့လူရှာနိုင်မလားကြည့်ကြတာပေါ့”

“အင်း”

နောက် ၁၀ရက်တွင် သူတို့သည် အမှတ်တရစားသောက်ဆိုင်တွင် နေကြ လေသည်။ ရံဖန်ရံခါတွင် လျှပ်စီးအရည်အချင်းဝိညာဉ်သခင် မည်မျှရပြီဆိုသည့် သတင်း ရလေသည်။

ဒီနေ့တွင် ရှားကျောင်ထျန်သည် ပြင်ဆင်ထားသည်များ ပြီးလုနီးပါးဖြစ် သည်ဟု ရှီမာယူယူကို သတင်းပို့လာရာ သူမသည် ဟော့ဘာမိသားစုအိမ်သို့ သွားလိုက်သည်။

ဒီလောက် ကြည့်ကောင်းမဲ့ပွဲတစ်ခုလုံးရှိနေတာကို သူမ ဘာလို့မသွားရ မှာလဲ။ သူမသည် ဖက်တီးကျူနှင့် တခြားသူများကို ဝိညာဉ်စေတီထဲသို့ထည့် လိုက်ပြီး သူမ၊ ရှီမန်ဖန်၊ ဘိုင်ရှန်း၊ ဖန်ကျိနှင့် ဖန်ခိုင်တို့သည် ဟော့ဘာမိသားစု အိမ်တော်သို့ သွားလိုက်သည်။

သူတို့ ထိုနေရာသို့ရောက်သောအခါ ဖြတ်လမ်းတည်ဆောက်မှု တစ်ခု ပြင်ပြီးလေသည်။ ပဲ့ကိုင်သည့်နေရာတွင် ဖန်မင်တို့ရှိနေသဖြင့် ဖြတ်လမ်း တည်ဆောက်မှုမှာ အဆင်ပြေနိုင်သည်။

ဖြတ်လမ်းတည်ဆောက်မှု အပြင်ဘက်တွင် ရာချီကျော်သော ဝိညာဉ် သခင်များ ရှိသည်။ သူတို့သည် စုဆောင်းထားသော လျှပ်စီးအရည်အချင်း ဝိညာဉ်သခင်များဖြစ်နိုင်သည်။

***

All Chapters