← Chapters

တိမ်တိုက်ဝိညာဉ် မလာခဲ့ဘူး

Vol. 91 Ch. 1270

တိမ်တိုက်ဝိညာဉ် မလာခဲ့ဘူး

Vol. 91 Ch. 1270

လျှပ်စီးအရည်အချင်း ဝိညာဉ်သခင်များသည် လေနှင့် ရေခဲအရည်အချင်း များနှင့် ယှဉ်လျှင် ရှားပါးသည်။ မထင်မှတ်စွာပင် သူတို့သည် ၁၀ ရက်အတွင်း တွင် ထိုမျှလောက် ရှာနိုင်သည်။

“ယူယူ တည်ဆောက်မှုက အဆင်သင့်ဖြစ်ပြီ မင်းကိုစောင့်နေကြတာ” ရှားကျောင်ထျန် ကြေညာလိုက်သည်။

ရှီမာယူယူ လျှောက်သွားလိုက်သည်။ သူမကို စောစော အသိပေးလိုက် ပြီးရောဟူသည့် အတွေးကို စိတ်ထဲမှတွေးနေမိသည်။ ထိုလူများသည် သူမအား တွန့်တိုစွာကြည့်ကြလေသည်။

ဖန်မင်သည် တည်ဆောက်မှုကို ဆောက်ပြီးလေပြီ။ သူသည် ရှီမာယူယူ ကိုမြင်သောအခါ အားလုံးကိုပြောလိုက်သည် “အရင်သွားကြတာပေါ့ အဲနောက် ကို မင်းလိုက်လာခဲ့ တည်ဆောက်မှုက ၆ကြိမ် ၇ကြိမ်တော့ သုံးလို့ရမှာပါ”

တစ်ခဏအတွင်းမှပင် သူဦးဆောင်သွားကာ တည်ဆောက်မှုတွင်းဝင် သွားလိုက်သည်။ တခြားသော ဥက္ကဌများ၊ ဟော့ဘာဟုန်ယဲ့နှင့် တခြားသူများ လည်းဝင်သွားလိုက်ကြသည်။ ရှားကျောင်ထျန်သည် ရှီမာယူယူကို ဝင်ရန် လက်ရမ်းပြလေသည်။

ရှီမာယူယူသည် အသည်းကွဲတောင်ကြားမှလူများကို ဦးဆောင်ကာ ဝင် သွားလိုက်သည်။ ထိုလူများသည် မကျေမနပ်ဖြစ်သော်လည်း ဥက္ကဌများသည် ဘာမှမပြောကြတော့ပေ။ သူတို့တွင် စောဒကတက်ခွင့်မရှိကြပေ။

သူတို့ဝင်ပြီးနောက်တါင် ဘေးမှလူများသည် လျင်မြန်စွာပင် တည်ဆောက်မှုကို အသက်သွင်းလိုက်ရာ သူတို့သည် တစ်ခဏအတွင်း၌ပင် တည်ဆောက်မှုမှ ပျောက်ကွယ်သွားလေသည်။

“ကောင်းပြီ နောက်တစ်သုတ်”

ဘေးမှစီစဉ်သူများသည် လျှပ်စီးအရည်အချင်း ဝိညာဉ်သခင်များကို လက်ဝှေ့ရမ်းပြလိုက်ပြီး နောက်တစ်ဖွဲ့ကို ပို့လိုက်ကြသည်။

အရှေ့မျှတမှုမြို့အပြင်တွင် လေဟာပြင်ဝင်ပေါက် ပွင့်လာသည်။ ရှီမာယူယူနှင့် တခြားသူများ ထွက်လိုက်ကြသည်။

ရှီမာယူယူသည် တည်ဆောက်မှုတွင် ဖန်မင်၏ အောင်မြင်မှုကို အမှန် တကယ်ပင် လေးစားမိသည်။

တည်ဆောက်မှုမှ တစ်ဖွဲ့ပြီးတစ်ဖွဲ့ထွက်လာကြသည်။ ခဏအတွင်း၌ပင် ရာချီသောလူများ ရောက်လာကြသည်။

“အခု အကုန်လုံးရောက်ပြီဆိုတော့ စကြတာပေါ့”

ထိုလျှပ်စီးအရည်အချင်း ဝိညာဉ်သခင်များသည် စုဝေးပြီး လေထဲသို့ပျံ သွားကြကာ လက်နှစ်ဖက်ဖြင့် ဝိညာဉ်စွမ်းအင်စုစည်းပြီး မီးခိုးအမည်းရှိရာသို့ သူတို့၏ ဝိညာဉ်အရည်အချင်း အမျိုးမျိုးဖြင့် ချိန်ရွယ်လေသည်။

ထိုအခိုက်တွင် လျှပ်စီးများသည် အားလုံးဆီသို့ ပျံဝဲသွားကြသည်။ ထိုမြင်ကွင်းမှာ ခမ်းနားကြီးကျယ်လှသဖြင့် ရှီမာယူယူပင် အံ့အားသင့်မိသည်။

သူမ ပတ်ပတ်လည်အား အကဲခတ်ကြည့်လိုက်ရာ ဧကရာဇ်အဆင့် ကျွမ်းကျင်သူကိုပါ တွေ့လိုက်သည်။ ကြည့်ရသည်မှာ ထိုလူများကိုတွေ့ရန် အသင်းမဟာမိတ်သည် များစွာ အားထုတ်ထားသည့်ပုံပင်။

ကံမကောင်းစွာပင် မြင်ကွင်းမှာ ခမ်းနားကြီးကျယ်သော်လည်း သက်ရောက်မှုမှာ မကောင်းလှပေ။ မီးခိုးမည်းများ ပျောက်ကွယ်သွားရန် မပြောနှင့် ထိုလျှပ်စီးဝိညာဉ်အရည်အချင်းများပါ ဝါးမျိုခံရလေသည်။

ဝိညာဉ်သခင်များသည် နှစ်ကြိမ်ထက်မနည်းတိုက်ခိုက်သော်လည်း ထိုနည်း၎င်းပင်။ ကျောက်တုံးကို ရေထဲပစ်ချလိုက်သလို ဘာမှထူးမလာပေ။ အသံထွက်လာသော်လည်း သူတို့၏ ဝိညာဉ်အရည်အချင်းမှာ တိကျသော တုံ့ပြန်မှု ထွက်မလာပေ။

ဥက္ကဌများ၏ မျက်နှာများမှ ပျက်လှပြီ။ သူတို့ ထိုအရာကိုခန့်မှန်းထားကြ သော်လည်း မျှော်လင့်ချက်လေးတော့ ဆုပ်ကိုင်ထားဆဲဖြစ်သည်။ အခုချိန်တွင် သူတို့၏ အားထုတ်မှုကို လုံးဝပျက်ပြယ်သွားစေသည်။

“ကြည့်ရတာ ဒီနည်းလမ်းက အသုံးမဝင်ဘူးထင်တယ်” သူတို့သည် ဝန်မခံချင်သော်လည်း ရလဒ်မှာထိုသို့ဖြစ်နေသည်။

ဝိညာဉ်သခင်များ ပျံဆင်းလာကြသည်။ သူတို့ အရည်အချင်းမှာ အသုံး မဝင်တော့သဖြင့် သူတို့ ရှိနေလျှင်လည်း အသုံးဝင်မည်မဟုတ်ပေ။

အနေအထားမှာ ရုတ်တရက် ထိုင်းမှိုင်းလာသည်။ လျှပ်စီးအရည်အချင်း များ အသုံးမဝင်သဖြင့် သူတို့ နောက်နည်းလမ်းတစ်ခုကို စဉ်းစားရမည်။

သို့သော် သူတို့သည် တစ္ဆေမျိုးနွယ်နှင့် ဖြေရှင်းသည့် အတွေ့အကြုံ များစွာမရှိပေ။ သူတို့ နည်းလမ်းရှာခဲ့သော်လည်း အလုပ်မဖြစ်လှပေ။ နောက် နည်းလမ်းတစ်ခုရှာတွေ့နိုင်မလားဆိုသည်မှာ မသေချာတော့ပေ။

“အာ…”

အဆိုးဘက်ရောက်နေသော အနေအထားတွင် ရှီမာယူယူ အသံထွက်လာ သည်။ အားလုံး၏ အာရုံသည် သူမဆီရောက်လာကြသည်။

“ယူယူ နောက်နည်းလမ်းတစ်ခုရှိလို့လား” ရှီမာယူယူတွင် အကြံအစည် များစွာရှိသည်ကို ရှားကျောင်ထန်သိသည်။ သူမ စကားပြောလာသည်မှာ နည်းလမ်းရှိ၍ ဖြစ်နိုင်သည်။

ရှီမာယူယူသည် သူတို့တုံ့ပြန်မှုကြောင့် တွန့်ဆုတ်သွားလေသည်။ သူမ သည် မသိစိတ်မှ ပါးပြင်ကိုပွတ်သပ်လိုက်သည် “မီးခိုးအမည်းတွေက အရမ်း သန်မာပြီး လျှပ်စီးအရည်အချင်းဝိညာဉ်စွမ်းအင်ကိုတောင်မှ မကြောက်ဘူးလေ ဒါပေမဲ့ ပိုသန်မာတဲ့ဟာဆိုရင် အလုပ်ဖြစ်မလားလို့”

“သန်မာတဲ့ဟာဟုတ်လား မိုးကြိုးဘေးသင့်မှုကိုပြောနေတာလား” ရှဲချန်လင်းသည် ချင့်ချိန်စွာပြောလိုက်သည် “မင်းပြောတာမှန်တယ် အခုက လူတွေရဲ့ လျှပ်စီးအရည်အချင်းက မသန်မာတာကြောင့်ဖြစ်နိုင်တယ်၊ မိုးကြိုး ဘေးသင့်မှုသာဆိုရင် ကောင်းကင်ဘုံရဲ့ စည်းမျဉ်းပါနေတာပဲ၊ အဲလောက်ဆို လုံလောက်မှာပါ”

“ဥက္ကဌ ကျုပ်စမ်းကြည့်တာပေါ့” ဧကရာဇ်အဆင့် ကျွမ်းကျင်သူသည် ရှန်းယန်အား ပြောလေသည်။

“ရတာပေါ့” ရှန်းယန် ခေါင်းညိတ်လိုက်သည် “ခင်ဗျားကလည်း ကောင်းကင်နဲ့ မြေကြီးကို စုစည်းနိုင်ပြီး မိုးကြိုးသွားကို ဆင့်ခေါ်နိုင်တယ်၊ ကောင်းကင်ဘုံမိုးကြိုးသွားက အလုပ်ဖြစ်မလားကြည့်ကြတာပေါ့၊ စမ်းကြည့်ပါ တခြားဧကရာဇ်အဆင့် ဝိညာဉ်သခင်တွေလည်း ပါဝင်ပေးကြပါဦး”

များစွာသော ဝိညာဉ်သခင်များသည် ခေါင်းညိတ်ကြလေသည်။ သူတို့ သည် လေထဲသို့ပျံသွားကြသည်။

သူတို့သည် ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်လေသည်။ သည်တစ် ကြိမ်တွင် ပြီးခဲ့သည့်အခေါက်နှင့် တူညီသည့် ဝိညာဉ်စွမ်းအားကို မသုံတော့ပေ။  ကောင်းကင်နှင့်မြေကြီး အာရုံခံနိုင်မည့် လျှပ်စီးအရည်အချင်းကိုသုံးကြလေ သည်။

မကြာခင်တွင် မူလကကြည်လင်နေသော ကောင်းကင်တွင် အမည်း ရောင် တိမ်တိုက်များဖုံးလွှမ်းလာသည်။ အားလုံး ဘေးသို့ရှောင်လိုက်ကြသည်။ တိမ်တိုက်မှာ အားအကောင်းဆုံးမဟုတ်သော်ငြား သူတို့ထိသွား၍ မဖြစ်ပေ။

တိမ်တိုက်မည်းများသည် ပိုပို၍ထူလာသည်။ ရှီမာယူယူသည် တကယ့် မိုးကြိုးဘေးသင့်မှုကို ခံစားမိလေသည်။

“ရွှီး…”

မိုးကြိုးသွားသည် ကောင်းကင်မှဆင်းကျလာပြီး မြူခိုးမည်းများဆီသို့ တိုက်ရိုက်ကျဆင်းသွားလေသည်။

ဖြစ်နိုင်သည်မှာ အရင်က အကြိမ်ပေါင်းများစွာ ထိမှန်ဖူးပြီး အခုချိန်တွင် သူမသည် အမှောင်အရည်အချင်းခန္ဓာကိုယ်ဖြစ်နေခြင်းကြောင့် မိုးကြိုးအသံ ကြားလိုက်ချိန်တွင် သူမ တုန်ယင်လာသည်။

စွမ်းအားသည် မြူခိုးအမည်းကို တိုက်ခိုက်လောက်အောင် လုံလောက် သော်လည်း ကြည့်ရသည်မှာ သက်ရောက်မှုမရှိသည့်ပုံပင်။ မိုးကြိုးများ မြူခိုး အမည်းသို့ဝင်သွားပြီးနောက်တွင် အရင်ဝင်သည့် ဝိညာဉ်အရည်အချင်းများ ကဲ့သို့ပင် ပြန်တိတ်ဆိတ်သွားပြန်သည်။

နာရီဝက်မျှ မိုးကြိုးပစ်ပြီးနောက်တွင် ထိုနည်းလမ်းမှာ ကျရှုံးပြန်သည်ကို သိလိုက်ရသည်။

“ဒါလည်း အလုပ်မဖြစ်ပြန်ဘူး” ဟော်ချန်းဒုန် ပြောလိုက်သည် “အရင် ယူယူပြောတဲ့နည်းလမ်းကို ဘာလို့ မကြိုးစားကြည့်ရမှာလဲ မိုးကြိုးဘေးသင့်မှု ကို အသနားခံကြည့်တာပေါ့”

“ဒါပေမဲ့ ဒီအချိန်ကို မိုးကြိုးဘေးသင့်မှုကို သူမ မခေါ်နိုင်ဘူးလို့ ပြောခဲ့ တယ်လေ” ဖန်ယွမ်ချန်း ပြောလိုက်သည်။

“ကျွန်မ မခေါ်နိုင်ဘူး ဒါပေမဲ့ ခေါ်ဖို့တခြားနည်းလမ်းရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်သားပဲ ကျုပ်တို့လုပ်ဖော်ကိုင်ဖက်ကြီးတွေလုပ်နိုင်တာပဲ၊ ဘာလို့ ယူယူ့ကို ဖိအားပေးနေမှာလဲ” ရှားကျောင်ထျန် ပြောလိုက်သည်။

“လောင်ဖန် ခင်ဗျားအရင်ဆုံးကြိုးစားကြည့်” ရှဲချန်လင်း ပြောလိုက်သည် “ကျုပ်သိသလောက်ဆိုရင် မိုးကြိုးဘေးသင့်မှုကိုခေါ်နိုင်မဲ့ တည်ဆောက်မှု တချို့ရှိတယ်လို့ကြားတယ်”

“အင်း စမ်းကြည့်တာပေါ့” ဖန်မင်သည် တွေဝေမှုမရှိပေ။ သူ လေပေါ်ပျံ သွားပြီး ပတ်ပတ်လည်ကို ကြည့်ရှုစစ်ဆေးလိုက်သည်။ ထို့နောက်တွင် သူသည် တည်ဆောက်မှုကျောက်တုံးများကို ထုတ်ပြီးနောက် အစီအစဉ်တကျစီမံလိုက် သည်။

သူ တည်ဆောက်မှုဆောက်လုပ်သည်ကို ရှီမာယူယူ မျက်တောင်မခတ်ဘဲ ကြည့်နေမိသည်။ သူ၏ နူးညံ့သော လှုပ်ရှားမှုသည် သူမ၏ စိတ်လှုပ်ရှားမှုကို ကြွရွစေသည်။

“မိုက်လိုက်တာ” သူမ စိတ်ထဲမှ သက်ပြင်းချမိသည်။

“အမှန်ပဲ မဟုတ်ရင် ဘယ်လိုလုပ် တည်ဆောက်မှုသခင်များအသင်းရဲ့ ဥက္ကဌဖြစ်လာမှာလဲ” ဖန်ခိုင် မှတ်ချက်ပေးလေသည်။

“မင်းသာ  သူ့အသက်အရွယ်ရောက်လာရင် သူ့ထက်ပိုတော်မှာပါ” ဘိုင်ရှန်းသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။

“ဟီးဟီး” ရှီမာယူယူ ရယ်မိသည်။ သူမ စကားမပြောတော့ဘဲ ဖန်မင်၏ တည်ဆောက်မှုကိုသာ အာရုံစိုက်ထားလေသည်။

တစ်နာရီကျော်ကြာပီးနောက်တွင် တည်ဆောက်မှုပြီးစီးလေသည်။ ဘေးကင်းစေရန် အားလုံးကိုနောက်ဆုတ်ဖို့ ဖန်မင်ပြောလိုက်ပြီးနောက် တည်ဆောက်မှုကို အသက်သွင်းလေသည်။

တည်ဆောက်မှု၏ တောက်ပသောအလင်းနှင့်အတူ ကောင်းကင်ကြီး သည် တိမ်တိုက်မည်းမှားဖြင့် တဖန်ပြန်အုံ့ဆိုင်းသွားလေသည်။ သည်တစ်ကြိမ် တွင် တိမ်တိုက်မည်းများသည် ဝိညာဉ်သခင်များ ဆွဲဆောင်စဉ်ကထက် ပိုထူ လေသည်။ ထိုအထဲတွင် စွမ်းအားများပါဝင်နေကြောင်းအားကို အားလုံး ရှင်းလင်းစွာ ခံစားမိကြသည်။

“ဒါဘယ်လိုတည်ဆောက်မှုလဲ မိုးကြိုးဘေးသင့်မှုကို အသနားခံတဲ့ဟာ လား” ဖန်ခိုင်နှင့် တခြားသူများသည် သိချင်စိတ်ဖြင့် မေးလေသည်။

“ဒါကို ကောင်းကင်ဘုံ ဘေးသင့်တည်ဆောက်မှုလို့ခေါ်တယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။ “ဒါပေမဲ့ ဒီကောင်းကင်ဘုံဘေးသင့်မှုက တကယ့် ကောင်းကင်ဘုံဘေးသင့်မှုတော့မဟုတ်ဘူး”

“ဘာလို့အဲလိုပြောရတာလဲ”

“ဘာလို့လဲဆိုတော့ တိမ်တိုက်ဝိညာဉ်မရှိဘူးလေ” ရှီမာယူယူ ပြောလိုက် သည် “တိမ်တိုက်ဝိညာဉ်မရှိတဲ့ မိုးကြိုးဘေးသင့်မှုက ကောင်းကင်ဘုံဘေးသင့် မှုမဟုတ်ဘူး”

“တိမ်တိုက်ဝိညာဉ်ဟုတ်လား” ရှားကျောင်ထျန် ကြားလိုက်သေးသည်။ “အဲဒါဘာလဲ”

“ကောင်းကင်ဘုံဘေးသင့်မှုရဲ့ ဗဟိုချက်က မိုးကြိုးဘေးသင့်မှုကို ထိန်းချုပ်တဲ့ တိမ်တိုက်ဝိညာဉ်ပဲ၊ အခု သူမရှိဘူးဆိုတော့ အဲဒီတည်ဆောက်မှု  က တကယ့်မိုးကြိုးဘေးသင့်မှုကို မဆွဲဆောင်နိုင်ဘူးဆိုတာပဲ၊ ဒါကလည်း အသုံးဝင်မယ်မထင်ဘူး”

***

All Chapters