နောက်ဆက်တွဲလက္ခဏာ
Vol. 91 Ch. 1271
တခြားသူများသည် ရှီမာယူယူ ပြောလိုက်သည်ကို အာရုံမစိုက်မိကြပေ။
မိန်းမငယ်လေးတစ်ယောက်က ဘာသိမှာလဲ။ တိမ်တိုက်မည်းထဲက စွမ်းအားက အဲလောက်ကြောက်ဖို့ကောင်းတာလေ။ အဲဒါက ဧကရာဇ်အဆင့် လျှပ်စီးစွမ်းအားထက် အဆပေါင်းရာချီပိုအားကောင်းတာကို ဘာအသုံးဝင်ဦး မှာလဲ။
ပြီးတော့ တိမ်တိုက်ဝိညာဉ်ကဘာလဲ။ တစ်ယောက်မှတောင် မကြားဖူး ဘူး။ သူမက မိုးကြိုးဘေးသင့်မှုလို့ပြောတာနဲ့ မိုးကြိုးဘေးသင့်မှုဖြစ်ရမှာလား။ သူမက တခြားသူတွေနဲ့ယှဉ်ရင် မိုးကြိုးဘေးသင့်မှုကို အတွေ့အကြုံပိုရှိပေမဲ့ သူများကို လှည့်စားဖို့ ဒီနည်းလမ်းကိုမသုံးသင့်ဘူး။
သူတို့ မျက်လုံးထဲမှအကြည့်ကို မြင်သည်နှင့် သူတို့အတွေးကို ရှီမာယူယူ သိလိုက်သည်။ သို့သော် ဘာမှမဟုတ်သည့်အရာအတွက် ငြင်းခုံရန်စိတ်မရှိပေ။
တုံးအမှုသည် ထောင်လွှားခြင်းမှလာသည်။ သူမသည် ထိုလူများနှင့် ရန်ဖြစ်နေရန် မလိုပေ။
သူမ ခေါင်းမော့ပြီး တိမ်တိုက်မည်းများကိုကြည့်လိုက်ရာ လုံလောက် သော စွမ်းအားများစုဆောင်းပြီးဖြစ်သည်ကို သိလိုက်ရပြီး မကြာခင်တွင် မိုးကြိုးပစ်ချတော့မည်ကို ခန့်မှန်းလိုက်သည်။
“ကြည့်ကြတာပေါ့ အသုံးဝင်ဖို့မျှော်လင့်ပါတယ်” ရှားကျောင်ထျန် ပြော လိုက်သည်။
အကယ်၍ အလုပ်မဖြစ်ပါက တခြားသော နည်းလမ်းကို စဉ်းစားရမည်။ မည်သို့ပင်ဖြစ်စေကာမူ မီးခိုးမည်းကို ရှင်းလင်းအောင်လုပ်ရမည်။
စောင့်နေစဉ်အတွင်းမှာင် အားလုံးသည် မျှော်လင့်ချက်ကြီးကြီးထားကာ ဆွေးနွေးကြလေသည်။
“ဒီတစ်ခေါက်တော့ သေချာပေါက် အလုပ်ဖြစ်မှာပါ”
“သေချာတာပေါ့ ဒါက မိုးကြိုးဘေးသင့်မှုပဲလေ၊ တခြားလျှပ်စီးတွေနဲ့ တူ တာမဟုတ်ဘူး”
“ကြည့်ကြတာပေါ့ သေချာပေါက် အလုပ်ဖြစ်မှာပါ”
“ဒီတစ်ခါတော့ ပြဿနာမရှိလောက်ပါဘူး”
“ဖောင်း…”
အားလုံး မျှော်လင့်ချက်မြင့်မားစွာ ထားနေချိန်တွင် မိုးကြိုးလျှပ်စီး ရုတ်တရက် ပစ်လိုက်သည်။ သို့သော် ပြီးခဲ့သည့်တစ်ခေါက်နှင့် တူညီလိုနီးပါး ပင်။ မိုးကြိုးပစ်ပြီးနောက်တွင် မည်သည့်တုံ့ပြန်မှုမှမရှိလာပေ။
“မိုးကြိုးဘေးသင့်မှုအစပိုင်းဆိုရင် စွမ်းအား အများကြီးမပါဘူးလေ” ထိုလူများပြောလိုက်သည်။
“ဟုတ်တယ် စောင့်လိုက်ပါဦး”
ရှီမာယူယူလည်း စောင့်နေသည်။ အမှန်အတိုင်းပြောရလျှင် ရလဒ်ကို သိသော်လည်း အလုပ်ဖြစ်မည်ဟု စိတ်ထဲမှ မျှော်လင့်နေတုန်းပင်။
လူတိုင်းပြောသလိုပင် နောက်ပိုင်း ပိုအားကောင်းလာမလားဟု ကြည့်ချင်သဖြင့် အားလုံးသည် အချိန်တစ်ခုစောင့်ကြလေသည်။
သို့သော် နောက်ဆုံးအချိန်ထိ အလုပ်မဖြစ်ပေ။ မိုးကြိုးအနည်းငယ်သည် အနည်းငယ်သက်ရောက်မှုရှိသော်လည်း အရှေ့မျှတမှုမြို့တော်တစ်ခုလုံးကို တော့ သက်ရောက်မှုနည်းပါးလေသည်။
ထိုရလဒ်သည် နေရာတွင်ရှိနေသော လူအားလုံးကို စိတ်ပျက်အားလျော့ စေသည်။
အလုပ်မဖြစ်ပြန်ဘူး။
“ဥက္ကဌ အဆင့်မြင့်ဆေးသန့်စင်ပြီးတော့ ဆေးဘေးသင့်မှုကို ခေါ်ဖို့ ကြိုးစားကြည့်ပါလား” ရှီမာယူယူ အကြံပေးလိုက်သည်။
“တည်ဆောက်မှုတောင် အလုပ်မဖြစ်မှတော့ ဆေးသန့်စင်မှုလောက်က ဘေးသင့်မှုကို ဆွဲဆောင်နိုင်ပါ့မလား”
အားလုံး၏ သံသယမှာလည်း ထိုနည်းတူစွာပင်။ ရှားချောင်ထျန်နှင့် တခြားသူများပင်လျှင် ထို့အတူပင်။
“အခုထိ အတည်မပြုနိုင်သေးဘူးလေ၊ ဒါပေမဲ့ စမ်းကြည့်ရင်တော့ ရလဒ် သိလာမှာပါ” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီ ဒီနေ့ကို အဆင့် ၁၀ဆေး ဘယ်လိုဖော်ရမလဲဆိုတာ ပြပေး မယ်”
ရှားကျောင်ထန်သည် ဆေးဖိုထုတ်ကာ ဆေးပစ္စည်းများထည့်ပြီး တခြားသူများကို ဖယ်ခိုင်းကာ ရှီမာယူယူကို ဘေးမှကြည့်ခိုင်းလေသည်။ သူသည် ဆေးပစ္စည်းများကို နောက်တစ်ကြိမ်စစ်ဆေးကာ စတင်ဆေးဖော် တော့သည်။
ထိုသည်မှာ အဆင့် ၁၀ဆေးသန့်စင်သည်ကို ရှီမာယူယူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် ရှားကျောင်ထျန် ဆေးဖော်သည်ကို ပထမဆုံး အကြိမ်ကြည့်ရာတွင် အဆင့်တိုင်းကိုဂရုတစိုက်ကြည့်သည့်အခါ သူ သုံးသည့် နည်းလမ်းတိုင်းကို နားလည်သွားသည်။
ပုံမှန်ဆိုလျှင် အဂ္ဂိရတ်ပညာရှင်များသည် သူတို့ဆေးဖော်သည်ကို တခြား သူများ ကြည့်သည်ကို မနှစ်သက်ကြပေ။ ဆေးပြိုင်ပွဲမှလွဲပြီး သူတို့ အိမ်တွင် ပုန်းကာ တစ်ကိုယ်တည်း ဆေးသန့်စင်ကြသည်။ ထို့ကြောင့် သူမထက် အားကောင်းသောလူတစ်ယောက် ဆေးသန့်စင်သည်ကို ကြည့်ရန်မှာ ခက်ခဲ သည်။
အဆင့် ၁ မှ ၃ သည် သာမန်အဆင့်၊ အဆင့် ၄ မှ ၆ သည် အလယ်အလတ် အဆင့်၊ အဆင့် ၇ မှ ၉ သည် အဆင့်မြင့်အဆင့်နှင့် အဆင့် ၁၀ မှ ၁၂ သည် အရှင်သခင်အဆင့်ဖြစ်သည်။
အဆင့် ၉ နှင့် ၁၀ အကြားတွင် ဖြတ်ကျော်ရန်ခက်ခဲသော ကြီးမားသည့် ကွာခြားချက်ရှိသည်။ သို့သော် ထိုအဆင့်ကိုကျော်သွားသည်နှင့် အရည်အသွေး မှာ မယှဉ်နိုင်အောင် ကောင်းမွန်လေသည်။
အဆင့် ၁၀ ဆေးသည် ဆေးဘေးသင့်မှုကို ဆွဲခေါ်ရန် လုံလောက်လေ သည်။ ထို့ကြောင့် သူတို့သည် ရှားကျောင်ထျန် ဆေးဖော်ပြီးစီးသည်အထိ စောင့်ရုံသာရှိကြလေသည်။
ရှားကျောင်ထျန်သည် ဂေါင်ဟုန်ကျိ၏ ထိန်းချုပ်မှုမရှိလျှင် အမြဲတစေ ယုံကြည်စရာမကောင်းသော်လည်း ယခုကြည့်ရသည်မှာ ကောင်းကင်ကို ပျံတက်သွားတော့မလိုပင်။
ထို့အပြင် သူသည် ဆေးဖော်ရာတွင် အလွန်လေးနက်ကာ ထိုခမ်းနား သောအကြည့်သည် သူ့ကို တခြားလူတစ်ယောက်ဟု ထင်ရလေသည်။
အလုပ်ကို စိတ်အားထက်သန်စွာလုပ်သည့် ယောက်ျားသည်လည်း ကြည့်အကောင်းဆုံးပဲမလား။ ရှီမာယူယူသည် ကြားအားလပ်သည့်အချိန်တွင် စိတ်ထဲမှ သက်ပြင်းချမိသည်။
သူတို့သည် နေ့မှ ညရောက်သည်အထိ ဆေးဆက်တိုက်ဖော်ကြလေ သည်။ ၈ နာရီကြာပြီးနောက်တွင် ဆေးဖိုထဲမှ အဆင့် ၁၀ ဆေးသည် အောင်မြင် စွာ ဖော်ပြီးလေသည်။
သူတို့ ဆေးခဲပြီးသည့်အချိန်တွင် ကောင်းကင်၌ တိမ်တိုက်မည်းများ စုဝေးလာသည်။ အမှန်တကယ်ပင် ဆေးဘေးသင့်မှုကို ဆွဲဆောင်နိုင်လေသည်။
ဘေးသင့်မှုတိမ်တိုက်ပြီးလုနီးပါးအချိန်တွင် ရှီမာယူယူ ဘေးထွက်နေ လိုက်သည်။ ထို့နောက်တွင် ရှားကျောင်ထျန်သည် ဆေးကိုဆေးဖိုထဲမှ ထုတ်ပြီးသည်နှင့် တိမ်တိုက်မည်းများဆီသို့ ပစ်ထည့်လိုက်သည်ကို သူမ မြင် လိုက်ရသည်။
“ရွှီး…”
ဆေးဘေးသင့်မှုသည် ဆေးကိုအရိပ်အမြွက်ကို သတိထားမိသည်နှင့် မိုးကြိုးပစ်လေသည်။ ဆေးသည် မီးခိုးမည်းများဆီသို့ ကျသွားပြီးနောက် ဆေး ဘေးသင့်မှုသည် မီးခိုးမည်းများဆီသို့ မိုးကြိုးပစ်ချလေသည်။ မိုးကြိုးပစ်ချက် များ အဆက်မပြတ်ကျလာရာ တိမ်တိုက်မည်းများသည် ရုတ်တရတ် အလျင်အမြန်ပင် ပျောက်ကွယ်သွားလေသည်။
“ကြည့်လိုက် မိုးကြိုးက မီးခိုးမည်းကို အပေါက်ဖောက်လိုက်ပြီ” ရှောင်ဟုန်သည် ဆေးဘေးသင့်မှု မိုးကြိုးပစ်လိုက်သည့်နေရာကို ညွှန်ပြကာ အော်လေသည်။
အားလုံးကြည့်လိုက်ကြရာ ပါးသွားသော မီးခိုးမည်းများကိုမြင်လိုက်ရပြီး မှိုအနက်ကို တစ်ယောက်ယောက်မှ ကိုက်စားသွားသည်နှင့် တူလေသည်။
ဖန်မင် တည်ဆောက်မှုနှင့်ဆွဲဆောင်သော မိုးကြိုးသည် အသုံးမဝင်ပေ။ အကြောင်းမှာ မီးခိုးမည်းသည် မိုးကြိုးပစ်ခံရပြီး ပျောက်ကွယ်သွားသည်နှင့် ချက်ချင်းပင် ပြန်ကောင်းလာခြင်းကြောင့်ဖြစ်သည်။ သို့သော် သည်တစ်ကြိမ် တွင် ပြန်ကောင်းမလာတော့ဘဲ အပေါက်ဖြစ်သွားကာ မီးခိုးမည်းသည် ရှေ့မတိုး ရဲသည့်ပုံပင်။
“ဒီနည်းလမ်းက အလုပ်ဖြစ်တဲ့ပုံပဲ” ရှဲချန်လင်း ပြောလိုက်သည်။
သူတို့ နည်းလမ်းများစွာအသုံးပြုခဲ့ပြီး သည်တစ်ခုသာ အသက်ရောက်ဆုံး ဖြစ်လေသည်။
“ဒါပေမဲ့ ဒီနည်းလမ်းက လက်တွေ့မကျဘူး” နည်းလမ်းရှာတွေ့သော် လည်း ရှန်းယန်၏ မျက်နှာမှာ မကောင်းလှပေ “အခြေအနေက သာမန်သာ ဆိုရင် ကောင်းသေးတယ်၊ ဒါပေမဲ့ အဆင့် ၁၀ နဲ့အထက်ဆေးက ဆေး ဘေးသင့်မှုတိုင်းမှာ အာမခံချက်လိုတယ်၊ လမ်းပေါ်က ဟင်းသီးဟင်းရွက်လို မဟုတ်ဘူး၊ ငါတို့ ကြမ်းပေါ်ကကောက်လို့ရတဲ့ ဆေးပစ္စည်းတွေမဟုတ်ဘူး၊ အဆင့် ၁၀ နဲ့အထက်ဆေးကိုဖော်ဖို့ကို ပြောဖို့ကလွယ်တယ်၊ ပြီးတော့ အကြိမ် တိုင်းမှာ အပေါက်သေးတစ်ခုပဲရလာမှာ”
ရှန်းယန်၏ စကားများသည် တက်ကြွနေသော လူများကို ငြိမ်ကျသွားစေ သည်။
သူ ပြောသည်မှာမှန်သည်။ ယခုနည်းလမ်းသည် နေရာအသေးတစ်ခု အတွက်သာ ကိုက်ညီသည်။ အရှေ့မျှတမှုမြို့တော်ကဲ့သို့ နေရာကြီးတစ်ခု အတွက် လက်တွေ့မဆန်လှပေ။
“အနည်းဆုံးတော့ အကြောင်းအရာတစ်ခုကို သက်သေပြသွားတာပေါ့၊ ကောင်းကင်ဒွန့်ပါတဲ့ မိုးကြိုးဘေးသင့်မှုကိုသုံးမှ သက်ရောက်မှုရှိတယ်၊ သာမန် မိုးကြိုးဆိုရင် အလုပ်မဖြစ်ဘူး” ဟော်ချန်းဒုန် ပြောလိုက်သည် “ဒီအချက်ကို သိတယ်ဆိုရင် ပိုကောင်းတဲ့နည်းလမ်းကိုရှာရတော့မှာပေါ့”
“ဟုတ်တယ် မိုးကြိုးဘေးသင့်မှုကို ဆွဲဆောင်ဖို့နည်းလမ်းရှာရမယ်၊ အနည်းဆုံးတော့ အရှုံးမရှိလောက်တဲ့ဟာပေါ့”
အဲနည်းလမ်းက ခက်ပေမဲ့ပေါ့လေ။
ရှီမာယူယူသည် ဘာမှ မပြောဘဲ ဘေးတွင်သာ ရပ်နေလိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ အခုချိန် သူမခန္ဓာကိုယ်ထဲတွင် အမှောင်ဝိညာဉ်စွမ်းအင် ရှိကာ မိုးကြိုးဘေးသင့်မှုကို လက်လွတ်စပယ် ဆွဲမခေါ်ရဲပေ။ တကယ်သာ တခြားနည်းလမ်းမရှိပါက သူမ စမ်းကြည့်ရမည်။
ရှီမန်ဖန်သည် သူမအတွေးကို ရိပ်မိသည်နှင့် သူမ လက်ကိုဆွဲပြီး ပြောလိုက်သည် “အရင်သွားပြောနဲ့ဦး၊ ကောင်းကင်ဘေးသင့်မှုကို သွားခေါ် လိုက်ရင်၊ နင်လည်းအတူမိုးကြိုးအပစ်ခံရမှာ၊ အခုက အဲလိုစွမ်းအင်ရှိနေတာ အဲဒါက ကောင်းကင်ဘေးသင့်မှုက တင်းကြပ်ထားတဲ့ဟာပဲ၊ နင် မိုးကြိုး ဘေးသင့်မှုအပစ်ခံရရင် အသက်ရှင်နိုင်ပါ့မလားဆိုတာ ဘယ်သူမှမသိနိုင်ဘူး”
ရှီမန်ဖန်၏ စိုးရိမ်နေသော မျက်လုံးများကို မြင်သောအခါ ရှီမာယူယူသည် ရယ်မောကာ သူမလက်ကိုဆွဲထားသော သူ့လက်ကိုပုတ်ပြီး ပြောလိုက်သည် “မစိုးရိမ်ပါနဲ့ ငါမမိုက်မဲပါဘူး ငါက စပြီးမပြောဘူး လူကြီးတွေ နည်းလမ်း စဉ်းစားပါလိမ့်မယ်”
သူမ ထိုသို့ပြောသောအခါ ရှီမန်ဖန် သူမကို လွှတ်ပေးလိုက်သည်။
အားလုံးသည် ထိုနေရာတွင် နှစ်ရက်မျှနေကြလေသည်။ သူတို့သည် လူတစ်ရာကျော်ရှိသော်လည်း တစ်ဦးတစ်ယောက်မှ အကြံထွက်မလာသဖြင့် ယာယီပြန်ကြလေသည်။
သို့သော် ထိုလူများကြောင့် အရှေ့မျှတမှုမြို့တော်၏ သတင်းသည် တောမီးလို ပျံ့သွားကာ အချိန်တိုအတွင်းမှာပင် တခြားသောအင်အားစုများ ရောက်လာကြလေသည်။
***