← Chapters

ပြဿနာထပ်ဖြစ်ခြင်း

Vol. 91 Ch. 1272

ပြဿနာထပ်ဖြစ်ခြင်း

Vol. 91 Ch. 1272

ရေပြင်မြို့တော်သည် တစ်ခါမှ လူစည်ကားခြင်းမရှိဖူးပေ။

နယ်ခံလူကြီးလူငယ်များ အပြောအရ အရင်က ယခုလိုအင်အားစု အများအပြားရောက်လာသည်ကို မြင်ဖူးခြင်းမရှိဟု ပိုင်ထာပြောပြလေသည်။ လူတိုင်းသည် အင်အားကြီးသောလူများကို မတော်တဆ ပြစ်မှားမိမည်ကို စိုးရိမ်သဖြင့် တံခါးမှမထွက်ရဲကြပေ။

ရေပြင်မြို့တော်၏ တည်းခိုဆောင်များတွင် လူများပြည့်နေကြ၏။ အများစုသည် နေထိုင်ရန် သွားကြသော်လည်း အခန်းများမရှိတော့သဖြင့် အိမ်တော်၏ အိမ်များကိုသာ ယာယီတည်းခိုဆောင်များအဖြစ် တည်းရလေ တော့သည်။

ကံကောင်းစွာပင် အများစုမှာ အိမ်များ၊ အခန်းများ၏ အခြေအနေကို စိတ်မဝင်စားကြဘဲ နေထိုင်ရရုံသာ သန့်ရှင်းရေးလုပ်ကြလေသည်။

အားလုံးသည် အမှတ်တရစားသောက်ဆိုင် ခြံဝန်းအနောက်ရှိနေစဉ်တွင် အပြင်မှအခြေအနေကို ပိုင်ထာ့ပြောသည်ကို ကြားလိုက်ရချိန်၌ ရှီမာယူယူနှင့် တခြားသူများသည် မျက်လုံးများပြူးသွားကြလေသည်။

အဲဒါ ချဲ့ကားလွန်းတာမဟုတ်ဘူးလား။ ကံကောင်းလို့ သူတို့ အပြင်သွား ရန်မလိုဘဲ အမှတ်တရစားသောက်ဆိုင်မှာပဲ သက်တောင့်သက်သာ ဆွေးနွေး ၍ရနေသည်။

အသည်းကွဲတောင်ကြားအဖွဲ့ဝင်များ အရှေ့မျှတမှုမြို့တော်တွင်မရှိပါက သူတို့ ဂရုစိုက်ကြမည်မဟုတ်ပေ။ သို့သော် လျူလျန်ချိုင်နှင့် တခြားသူများ အထဲတွင်ရှိနေသဖြင့် ဂရုမစိုက်၍မရပေ။

တကယ်တော့ ရှီမာယူယူ၏ ကျန်းမာရေးအခြေအနေသာ ကောင်းနေပါ က ပြဿနာမဟုတ်ပေ။ အခုချိန် သူမတွင် အမှောင်ဝိညာဉ်စွမ်းအင်ကိုသာ သုံးနိုင်သည်က ပြဿနာကြီးဖြစ်နေကာ မိုးကြိုးဘေးသင့်မှုကို ခေါ်မရနိုင်ပေ။

အတွင်းပိုင်းဒေသမှ အင်အားစုများ စုဝေးလာကြသည်။ အတွင်းပိုင်းဒေသ မှ အင်အားစုများ ပါဝင်လာသည်မှာ တချို့မှာ ကူညီချင်၍ဖြစ်သော်လည်း တချို့ မှာ အပျော်လာကြခြင်းဖြစ်သည်။

“ယူယူ ယူယူ တစ်ခုခုဖြစ်နေပြီ”

ဖက်တီးကျူသည် အပြင်မှဝင်လာရင်းအော်လာသည်။ ဘေဂုံထန်နှင့် တခြားသူများသည် အနောက်မှ လိုက်လာကြသည်။ သူတို့ မျက်နှာအမူအရာမှာ မကောင်းလှပေ။ သူတို့ ကြားလာသောသတင်းမှာ ကြီးကျယ်သည့် ကိစ္စဖြစ်နိုင် သည်။

“ဘာလို့လဲ တစ်ခုခုဖြစ်လို့လား ဘာလို့အဲလောက်တောင် ပျာနေကြတာ လဲ”

“ယူယူ အရှေ့မျှတမှုမြို့တော်မှာ ထပ်ဖြစ်ပြန်ပြီ”

“ကောင်းသွားတာမှ နှစ်ရက်ပဲရှိသေးတယ် ဘယ်လိုဖြစ်ပြန်တာလဲ” ရှီမန်ဖန် မေးလိုက်သည်။

“ဒီနေ့ပဲဖြစ်တာ အင်အားစုတချို့က အဲဒီကအခြေအနေကို မယုံလို့ ဒီမနက်ပဲ လူတွေခေါ်သွားပြီး နည်းလမ်းအမျိုးမျိုးသုံးပြီးတော့ မီးခိုးမည်းကို ပျောက်အောင် ကြိုးစားကြတယ်တဲ့၊ ဒါပေမဲ့ သိပ်မကြာလိုက်ဘူး မီးခိုးမည်းထဲ က ပုလွေသံထွက်လာတယ်၊ ပုလွေသံကြားပြီးတာနဲ့ အဲလူတွေက မီးခိုးမည်းထဲ ဝင်သွားကြတော့တာပဲ၊ အခု သူတို့ကို ဆက်သွယ်လို့မရဘူး၊ တခြားကျန်တဲ့ အင်အားစုတွေက အခုအဲဒီကိုသွားကြပြီ။”

“သူတို့ပုလွေသံကြားပြီးတော့ဝင်သွားတာသေချာလား” ဘိုင်ရှန်း မေး လိုက်သည်။

“အဲလိုပဲ ကြားတယ်” ဘေဂုံထန် ဆက်ပြောလေသည် “အတူသွားလိုက် တဲ့ တခြားသူတွေလည်းရှိတယ်ထင်တယ် ဒါပေမဲ့ သူတို့က အဝေးရောက်နေ တော့ ထိန်းချုပ်မခံရဘူး၊ အဲလူတွေပျောက်သွားတာနဲ့ ကျန်တဲ့လူတွေက ဒီကို လာပြီးဆက်သွယ်ကြတာပဲ အဲလိုနဲ့ သတင်းပျံ့လာတယ်”

“အသင်းမဟာမိတ်က အဲလူတွေကို စောစောကတည်းက အဲနားကို ကပ် မသွားကြဖို့ပြောထားပြီးသားပဲ အဲဒါကြောင့်လည်း သူတို့ကို အာရုံမစိုက်လိုက် ကြတာ” ဖန်ခိုင်သည် ဖျော့တော့စွာပြောလေသည်။

သူသည် ထိုလူများအတွက် စိတ်မကောင်းမဖြစ်ပေ။ သူတို့က တခြားသူ အကြံပေးတာကို လက်မှမခံတာလေ။ သူတို့မှာ ဘာစာနာစိတ်မှရှိတာမဟုတ် ဘူး။

“သူတို့ ဘယ်လိုတုံ့ပြန်ကြလဲ” ရှီမာယူယူ မေးလိုက်သည်။

“အဲမှာပတ်သတ်တဲ့ အင်အားစုတချို့ကတော့ အမြန်သွားကြပြီ အသင်း မဟာမိတ်ကလည်း လူလွှတ်လိုက်တယ်၊ ဒါပေမဲ့ ဘယ်သူသွားလဲဆိုတာတော့ မသိဘူး” ဝူရန်ဖေ ပြောလိုက်သည်။

“ရက်တွေအများကြီးကြာနေပြီ၊ လူတွေလည်းအများကြီးရောက်လာ တယ် တစ်ယောက်မှ အဖြေရှာမရဘူးလား”

“အဖြေကိုစဉ်းစားဖို့က အဲလောက်မလွယ်ဘူး” ရှီမာယူလင်း ပြောလိုက် သည် “ဘယ်သူမှ ကောင်းကင်ဘုံဘေးသင့်မှုကို မဆွဲဆောင်နိုင်ဘူး၊ ဒီတိုင်းပြည် ကလူတွေက မိုးကြိုးဘေးသင့်မှုကို ခေါ်ရင်ခေါ်နိုင်လိမ့်မယ်၊ ဒါပေမဲ့ ဘေးသင့်မှု တိမ်တိုက်ကိုတော့ လူတွေမခေါ်နိုင်ဘူး ဒီမှာခေါ်နိုင်တဲ့သူ အရမ်းနည်းတယ်”

“ဟုတ်တယ်” ဝေကျိရွှီ သဘောတူလိုက်သည် “အခုတော့ ကောင်းကင်ဘုံ ဘေးသင့်မှုကို ခေါ်ဖို့တစ်ခုတည်းသောနည်းလမ်းက ဆေးဖော်တာပဲ၊ ဒါပေမဲ့ လူဘယ်လောက်လောက်က အဲဒါကိုလုပ်နိုင်မှာလဲ၊ ပြီးတော့ ပါဝင်ပစ္စည်းတွေ ရဲ့ ကုန်ကျစရိတ်နဲ့.. ဒီနည်းလမ်းကလည်း လက်တွေ့မကြပြန်ဘူး ဘယ်သူမှ စဉ်းတောင်မစဉ်းစားနိုင်တော့ဘူး”

“ဟားဟား…” ဘိုင်ရှန်း ကျယ်လောင်စွာရယ်မောပြီး ဝေကျိရွှီကို ကြည့် ကာပြောလိုက်သည် “အခုခေတ်ကလေးတွေက ငါတို့အရင်တုန်းက တွေ့ဖူးတဲ့ ကလေးတွေနဲ့ယှဉ်ရင် ပိုပြီးတောင် တော်နေပါ့ရောလား”

ဖန်ကျိ ခေါင်းညိတ်လိုက်သည် “တကယ်ပဲ သူတို့က ကျွန်တော်တို့ အရင် ကတွေ့ဖူးတဲ့သူတွေထက် သာတယ်၊ သူတို့က သေချာပေါက်ကို တိုင်းပြည်ရဲ့ လူသိများတဲ့လူတွေဖြစ်လာမှာပဲ”

ဖက်တီးကျူနှင့် တခြားသူများ ရှက်ရွံ့သွားကြသည်။ ဘိုင်ရှန်းသည် အမြဲတစေ သူတို့၏ စံပြပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ သူတို့စံပြပုဂ္ဂိုလ်မှ သူတို့ကို ချီးကျူး သည်ကိုကြားသောအခါ ရှက်သွေးဖြန်းကြလေသည်။

“ဟားဟား” ဖန်ခိုင်နှင့် တခြားသူများ ရယ်မောကြသည် “သူတို့ကိုကြည့် လိုက်ဦး ရှက်နေကြတာ”

ရှီမာယူယူ ရယ်မောလိုက်သည်။ “သူတို့က အရေပါးတယ် ရှင်တို့လို အရေမထူဘူး”

“ဟီးဟီး..” ဖက်တီးကျူသည်လည်း ခေါင်းကုတ်ရင်း ရယ်မောလေသည်။

“ကျုပ်တို့ သွားကြည့်ကြမလား” ရှီမန်ဖန် မေးလိုက်သည်။

“သွားကြည့်ကြတာပေါ့ ပြီးတော့ ဒီလောက်လူတွေအများကြီးပါလာတာ အပျော်အနေနဲ့ပဲ သွားကြည့်တာပေါ့” ရှီမာယူယူ ပြောလိုက်သ်ည။

“ဒါဆိုရင် သွားပြင်ဆင်လိုက်မယ်”

“ခဏလေး ဥက္ကဌတို့ကို သွားမေးလိုက်ဦးမယ်၊ သူတို့ပါသွားချင်ရင် ငါတို့ အလကားစီးလို့ရတယ်လေ” ရှီမာယူယူသည် ပြောပြီးသည်နှင့် သားအမိ ကျောက်ထုတ်ကာ ရှားကျောင်ထျန်အား ဆက်သွယ်လိုက်သည်။

ရှားကျောင်ထျန်၊ ဖန်မင်နှင့် အနည်းစုမှာ ထိုနေရာသို့သွားမည်အပြုတွင် သူတို့ပါသွားလိုသည်ဟု ကြားသည်နှင့် ပူးပေါင်းခိုင်းလိုက်သည်။

သူတို့သည် ရှားကျောင်ထျန်တို့နှင့်အတူ အရှေ့မျှတမှုမြို့တော်သို့ သွားကြလေသည်။ ပြီးခဲ့သည့် နှစ်ခေါက်နှင့်မတူဘဲ ထိုနေရာတွင် လူများပြည့် နှက်နေသည်။ တချို့မှာ လူအုပ်ထဲ၌ပင် ငိုနေကြကာ တချို့မှာ သူတို့ကိုနှစ်သိမ့် ပေးပြီး တချို့မှာ စိတ်မဝင်စားသလိုကြည့်နေသည်။

ပြောရန်မလိုလောက်အောင်ပင် ငိုနေသောလူများသည် ဆွေမျိုးများဖြစ် နိုင်သည်။ သူတို့ ဝင်မသွားနိုင်သဖြင့် အပြင်တွင်ငိုရန်သာ တတ်နိုင်လေသည်။

သူတို့ ဝမ်းနည်းပူဆွေးစွာငိုနေသည်ကို ကြည့်ပြီး တခြားသူများသည် သနားကြလေသည်။ သို့သော် ရှားကျောင်ထျန်နှင့် တခြားသူများသည် စိတ်မဝင်စားကြပေ။

သေချာသောအဖြေမရခင် မစဉ်းစားမဆင်ခြင်ဘဲ မိုက်ရူးရဲဆန်စွာ မပြုမူရန် သူတို့သတိပေးပြီးသားဖြစ်သည်။ သို့သော် ထိုစကားများကို ပေါ့ပေါ့ တန်တန်သဘောထားကာ ဤနေရာအထိရောက်လာကာ ပြဿနာရှာခဲ့သည်။ သူတို့ပျောက်သွားရုံတင်မကဘဲ ရန်သူကိုပါ အမှတ်မထင် သတိပေးသလိုဖြစ် သွားသည်။

ပိုစိတ်တိုစရာကောင်းသည်မှာ ထိုကိစ္စကို အသင်းမဟာမိတ်ပေါ် အပြစ် ပုံချကာ အသင်းပေါ်လာသည်အောင် ဆင်ခြေများပေးပြီး အသင်းမဟာမိတ် အဖွဲ့ဝင်များကို ကယ်ပေးစေချင်နေကြသည်။

ရှားကျောင်ထျန်သည် သူတို့ကို စိတ်ထဲမှ ကြိမ်းမောင်းမိသည်။ သူတို့ ဘာသာ ဒီအထိလာပြီး အသင်းမဟာမိတ်ကို စိတ်ထဲတောင်မထည့်တာလေ၊ တခြားအင်အားစုတွေ မကျေနပ်ရင်လည်း သူတို့ မရှောင်လွဲနိုင်တော့ဘူး။

“ဟုတ်ပြီ ဘာတွေငိုနေကြတာလဲ ငိုလိုက်တာနဲ့ သူတို့ပြန်လာကြမှာတဲ့ လား” ရှားကျောင်ထျန်သည် စိတ်မရှည်စွာပြောလိုက်သည်။

“ဥက္ကဌရှား ကျွန်တော်တို့ကိုကူညီပါ သူတို့အထဲမှာ တစ်ရက်လောက်ရှိပြီ သူတို့…”

“မျက်စိမှိတ်ပြီးမလုပ်ကြဖို့ ကျုပ်တို့သတိပေးပြီးပြီလေ အခုတော့ ဘာဖြစ်လဲကြည့်ဦး မစိုးရိမ်ပါနဲ့ သူတို့အခုတော့ မသေသေးဘူး”

“ဒါဆို ကျွန်တော်တို့ အခုဘာလုပ်ရမှာလဲ သူတို့ကိုဘယ်လိုခေါ်ထုတ်ရ မလဲ”

“အဖြေရှိရင် ကျုပ်တို့ ဒီမှာပိတ်မိနေဦးမလား”

“ကျွန်တော်တို့…”

ရှီမာယူယူသည် ဘေးမှ ရှားကျောင်ထျန်၏ ကြိမ်းမောင်းသံကို နားထောင် နေသည်။ သူမသည် ဝိညာဉ်စေတီအတွင်းသို့ စိတ်ဖြင့် ဝင်ရောက်ကာ အမည်းလေးကို ရင်ခွင်ထဲသို့ခေါ်လိုက်သည်။

“အဝူး အဝူး…” အနည်းလေးသည် ထွက်လာသည်နှင့် ရှီမာယူယူအား ဟောင်ပြရာ အနားမှလူများ၏ အာရုံကိုဆွဲဆောင်မိသွားလေသည်။

***

All Chapters