အမည်းလေး ကြောက်စရာကောင်းတဲ့အချိန်လည်း ရှိတာပဲ
Vol. 91 Ch. 1273
“ဝူး ဝူး အဝူး…”
အမည်းလေးသည် မီးခိုးမည်းများရှိရာသို့ ဟောင်ပြီး ထွက်သွားရန် လူးလွန့်လေသည်။ သို့သော် ရှီမာယူယူ တားထားလိုက်သည်။
“ယူယူ ငါတို့တွေ့နေတာ ဒီလောက်ကြာပြီ ဘယ်လိုလုပ် ခွေးတစ်ကောင် ပါလာတာလဲ အဲဒါမင်းရဲ့ စာချုပ်သားရဲလား” အမည်းလေးကို ပထမဆုံးအကြိမ် မြင်သောလူများ မေးလေသည်။
“ဟုတ်တယ်” အားလုံးကြည့်နေသည်ကို ရှီမာယူယူ မြင်လိုက်ရသည်။ အမည်းလေးသည် လူးလွန့်ဆဲပင်ဖြစ်ရာ သူမ ခေါင်းကိုရိုက်လိုက်သည်။
“ဝူး ဝူး ဝူး…”
အမည်းလေးသည် ရှီမာယူယူအား အသနားခံသလိုကြည့်လေသည်။
“ယူယူ ဒါတကယ်ပဲ မင်းရဲ့စာချုပ်သားရဲလား၊ အသိဉာဏ်မရှိတဲ့ ဝိညာဉ် သားရဲလိုပဲ ဘာလို့ခံစားနေရတာလဲ” ရှားကျောင်ထျန်သည် မြည်တွန်တောက်တီးပြီးနောက် လှည့်လာကာ ရှီမာယူယူ၏ ရင်ခွင်ထဲမှ အမည်းလေးကိုကြည့်ပြီး အဲအကောင်လေးက ဘာကြောင့်များ ရှီမာယူယူနဲ့ လိုက်လျောညီထွေမရှိသလဲဆိုသည်ကို သိချင်နေသည်။
“ဒါက ကျွန်မစာချုပ်သားရဲပါ ဒါပေမဲ့ အဲလောက် အားကိုးရတာမဟုတ် ဘူး” ရှီမာယူယူ ရယ်မောလိုက်သည်။
“ယူယူ မင်းရဲ့ တခြားဝိညာဉ်သားရဲတွေက အားအရမ်းကောင်းနေတာပဲ ဘာလို့ဒီလိုဟာနဲ့ စာချုပ်တည်ထောင်လိုက်တာလဲ” ဖန်ယွမ်လုံသည် လျှောက် လာရင်း ပြောလေသည်။
“ဝူး ဝူး ဝူး”
အမည်းလေးသည် ဖန်ယွမ်လုံကို မာန်ဖီကာ သူ့ကို ကိုက်ချင်နေသည်။ ဖန်ယွမ်လုံသည် သူ့မျက်လုံးထဲမှ အေးစက်မှုကိုမြင်သောအခါ မသိစိတ်မှ ကျော ထဲစိမ့်သွားမိသည်။
“အမည်းလေး သူတို့က မင်းကို နောက်နေကြတာပါ” ရှီမာယူယူသည် တခြားသူများကို ကိုက်မည်ကိုစိုးသဖြင့် အလျင်အမြန်ပင် သူ၏အမွေးကို ပွတ်သပ်ပေးလိုက်သည်။
အမည်းလေးတွင် သွားများစွာရှိသည်ကို ဟိန်းသံလေးတို့ကို မေးကြည့် လျှင်သိနိုင်သည်။ သူ ဝိညာဉ်စေတီတွင်ရှိစဉ်က သတ္တုရိုင်းကို တစ်ကိုက်တည်း နှင့် တစ်ဝက်ဖြစ်အောင် ကိုက်လိုက်သည်။
ထို့နောက်တွင် ဟိန်းသံလေးသည် ဝိညာဉ်စေတီထဲမှ ပစ္စည်းများနှင့် စမ်းသပ်ကိုက်ခိုင်းရာ ရှီမာယူယူတို့ မဖွင့်နိုင်သော အမှောင်ဝိညာဉ်ကျောက်ကို ပင် ကိုက်ဖွင့်နိုင်လေသည်။
ဖက်တီးကျူပင်လျှင် ဝိညာဉ်လက်နက်အသုံးပြုပြီး မြေဆီလွှာအနည်း ငယ်ထုတ်ရန် အချိန်များစွာယူခဲ့ရသည်။ သူက တစ်ကိုက်တည်းကိုက်လိုက်လိမ့် မည်ကို မည်သူမှထင်မထားခဲ့ကြပေ။
ထို့ကြောင့် အခုချိန်တွင် သူ တခြားသူများကို ကိုက်မည်ကို ရှီမာယူယူ ကြောက်နေရသည်။ သူသာ ပါးစပ်ဟပြီး လက်မောင်းကိုကိုက်လိုက်ပါက သခွားသီးကိုက်သည်ထက်ပင် များစွာလွယ်ကူနေမည်။
ဖန်ယွမ်လုံတင်မကဘဲ တခြားသူများပါ အမည်းလေး၏အကြည့်ကို ကြောက်ပြီး အေးစိမ့်မှုကိုခံစားရလေသည်။
သူ့မျက်လုံးကိုကြည့်လိုက်တာနဲ့ ဘာလို့ကြောက်စိတ်ကိုခံစားရတာလဲ။
“ဒီကောင်လေးရဲ့ အကြည့်ကကြောက်ဖို့ကောင်းလိုက်တာ၊ သာမန် သတ္တဝါတော့ ဖြစ်ဟန်မတူဘူး ကျုပ်တို့အထင်မှားသွားတဲ့ပုံပဲ” ရှဲချန်လင်းသည် သိချင်စိတ်ကိုမျိုသိပ်ကာ အမည်းလေးအားကြည့်လိုက်သော်လည်း မျက်လုံးကို တည့်တည့်မကြည့်ရဲပေ။
“အဟမ်း ယူယူရဲ့ စာချုပ်သားရဲတွေထဲမှာ သာမန်ဆိုတာမရှိဘူး အကုန် လုံး အားကောင်းတာပဲ” ရှားကျောင်ထျန် ပြောလိုက်သည်။
ရှောင်ဟုန်သည် သူမ ရင်ဘတ်ကိုပုတ်မိသည်။ သူမသည် တခြားသူများ ကဲ့သို့ မသန်မာသဖြင့် အမည်းလေး၏ မျက်လုံးကိုမြင်လိုက်ရချိန်တွင် အသက်ရှု မရပေ။
အမည်းလေးသည် ထိုပုံအတိုင်းဖြစ်လိမ့်မည်ဟု ရှီမာယူယူ မထင်ထား ပေ။ သူမသည် နေရခက်စွာဖြင့် အမည်းလေးကိုချီပြီး ပြောလိုက်သည် “ကျွန်မ ဒီနားလေးကို လမ်းလျှောက်လိုက်ပါဦးမယ်”
သူမပြောပြီးသည်နှင့် တခြားသူများ ပြန်အဖြေကို မစောင့်တော့ဘဲ အမည်းလေးကိုချီကာ ထွက်ပြေးလာခဲ့သည်။
“မင်း…”
တခြားသူများ သူမနာမည်ကို မခေါ်နိုင်ခင်မှာပင် အဝေးသို့ရောက်နေရာ သူမ၏ အမြန်နှုန်းကို အားလုံးသက်ပြင်းချမိလေသည်။
ရှီမာယူယူသည် အမည်းလေးကိုချီကာ အားလုံးကိုဖြတ်ကျော်ပြီး မည်သူ မှမရှိသည့်နေရာကို သွားပြီး အမည်းလေးကိုလွှတ်လိုက်သည်။
“ဝူး ဝူး” အမည်းလေးသည် နောက်ဆုံးတွင် လွတ်လပ်သွားသော်လည်း ရှီမာယူယူကို အသနားခံသော အကြည့်ဖြင့် ကြည့်နေဆဲဖြစ်သည်။
ရှီမာယူယူသည် ပြောချင်နေခဲ့သည်။ ‘ဒီလောက်လူတွေ အများကြီးရှေ့မှာ ဘယ်လိုလုပ် ကြောက်စရာကောင်းတဲ့ အကြည့်ကိုထုတ်ပြလိုက်တာလဲ’ သို့သော် သူ့မျက်လုံးများကိုမြင်သောအခါ သူမကိုယ်တိုင်ပင် ပြောမထွက်ခဲ့ပေ။
“မင်း” သူသည် ခေါင်းကိုပုတ်ပေးလိုက်သည် “သူများတွေရှေ့ကို အဲလို အကြည့်ကိုဘယ်တော့မှ မပြလိုက်နဲ့ နားလည်လား”
အမည်းလေးသည် ရှီမာယူယူ၏ အမူအရာကိုကြည့်ပြီး သူမ ဒေါသထွက် နေသည်ကိုသိသည်။ သို့သော် သူမ မငေါက်ငမ်းသဖြင့် အလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။
“ခုနတုန်းက ဘာလို့အဲလောက်စိတ်လှုပ်ရှားနေတာလဲ” ရှီမာယူယူသည် ဆောင့်ကြောင့်ထိုင်ကာ မြေပေါ်သို့အမည်းလေးကိုချပေးရာ သူသည် ခြေထောက်တိုလေးများကို သုံးပြီး ကစားလေသည်။
“ဝူး ဝူး ဝူး…”
အမည်းလေးသည် ရှီမာယူယူကို ဟောင်ပြီးနောက် မီးခိုးမည်းဆီသို့ ဟောင်လေသည်။
“ဝင်သွားချင်လို့လား” ရှီမာယူယူသည် သူနှင့် တိုက်ရိုက်ဆက်သွယ်မရ သဖြင့် သူဘာပြောချင်နေသလဲဆိုသည်ကို ခန့်မှန်းရုံသာ မှန်းနိုင်လေသည် “မဖြစ်ဘူး အထဲမှာအန္တရာယ်များတယ်”
အမည်းလေးသည် ခေါင်းရမ်းပြီး ထိုနေရာသို့ထပ်မံ ဟောင်ပြန်သည်။ သို့သော် သူ ဆိုလိုသည့်အရာကို ရှီမာယူယူ နားမလည်ပေ။
သူပြောသည်ကို ရှီမာယူယူနားမလည်သည်ကို အမည်းလေးသိသဖြင့် သူ့ လက်သည်းများကိုပြန်ရုတ်ကာ မီးခိုးမည်းများဆီသို့ ပြေးလေသည်။
“ဝူး ဝူး ဝူး…”
မီးခိုးအမည်းကိုကြည့်ပြီး အမည်းလေးသည် ခုန်ပေါက်ကာ မီးခိုးမည်းဆီ သို့ ပြေးသွားလေသည်။
“အမည်းလေး…” ရှီမာယူယူသည် မတ်တတ်ထကာ မီးခိုးမည်းဆီသို့ သွားလိုက်သော်လည်း မဝင်ရဲပေ။
သူမ နှစ်ကြိမ်မျှအော်လိုက်သော်လည်း အမည်းလေး တုံ့ပြန်မလာသဖြင့် သူမ စိတ်လှုပ်ရှားလာသည်။ သူမသည် တခြားသူများနှင့်ယှဉ်လျှင် ထိုကောင် လေးနှင့် အပြန်အလှန်ဆက်သွယ်မှု နည်းပါးသောကြောင့် သူတစ်ခုခုဖြစ်လျှင် သူမ မသိနိုင်ပေ။
သူမ စိုးရိမ်နေတုန်းမှာပင် အပြင်မှ အမည်းလေး၏ ဟောင်သံကိုကြား လိုက်ရသည်။ ထိုအသံသည် ကြောက်ရွံ့မှု၊ ဒဏ်ရာရထားသည့်အသံ မဟုတ်ဘဲ ဝမ်းမြောက်နေသည့်အသံဖြစ်သည်။
“ဝူး ဝူး ဝူး”
ရှီမာယူယူသည် ရင်းနှီးနေသော ဟောင်သံကိုကြားပြီးနောက် သူမ ရင်ဘတ်ထဲမှ ဝန်ထုတ်ဝန်ပိုးကျသွားလေသည်။
“အမည်းလေး မြန်မြန်ထွက်ခဲ့” သူမ ခေါ်လိုက်သည်။
“ဝူး ဝူး ဝူး…”
အမည်းလေးသည် အထဲမှနှစ်ကြိမ်ဟောင်ပြီး ထွက်မလာချင်ပေ။
ရှီမာယူယူ စိတ်ရှည်မှုကုန်ဆုံးတော့မည့် အချိန်လောက်တွင် မီးခိုးအမည်း လျော့နည်းသွားကာ တဖြည်းဖြည်း လမ်းကြောင်းပေါ်လာသည်ကို တွေ့လိုက်ရ သည်။ ပြီးနောက် မီးခိုးအမည်းများ လျော့နည်းသွားကာ လမ်းကိုလာမပိတ် တော့ပေ။
သူမ အံ့ဩသွားကာ မျက်စိရှေ့မှ မြင်ကွင်းကိုပင် မယုံနိုင်ပေ။
“ဒါက ဒါက…”
ထိုသည်မှာ အံ့ဩလွန်းသဖြင့် စကားထွက်မလာသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။
မီးခိုးအမည်းများ လျော့သွားသည်နှင့်် အမည်းလေးကို မြင်လိုက်ရပြီး ကိစ္စ တစ်ခုလုံး၏ အကြောင်းအရင်းကိုပါ တွေ့လိုက်ရသည်။
အမည်းလေး ပါးစပ်ဟပြီး ရှုသွင်းလိုက်တိုင်းတွင် မီးခိုးမည်းများသည် သူ့ပါးစပ်အတွင်းသို့ဝင်သွားသဖြင့် မီးခိုးမည်းများ လျော့သွားခြင်းဖြစ်သည်။
“ဒီမီးခိုးအမည်းတွေ… မင်းစားလိုက်တယ်…”
ရှီမာယူယူသည် အမည်းလေးအား တအံ့တဩကြည့်မိသည်။ သူမသည် သူ့ကို တစ်ခါထပ်ကြည့်လိုက်သည်။ သူသည် ကောင်းကင်ဒွန့်မှ ချိပ်ပိတ်ထား သဖြင့် အားကောင်းသောစွမ်းအားကို အသုံးမပြုနိုင်သော်လည်း တခြား တစ်ဖက်မှ အားကောင်းနေသေးသည်။
ဥပမာအနေနှင့် သူ၏ သွားများသည် ထိုမီးခိုးအမည်းကို ဝါးမျိုနိုင်သည်။ တစ်ကမ္ဘာလုံးတွင် ထိုစွမ်းအင်ကိုပိုင်ဆိုင်သည့် လူမရှိပေ။
အမည်းလေးသည် မီးခိုးမည်းကို နှစ်သက်သည့်ပုံပေါက်သည်။ မိနစ် အနည်းငယ်အတွင်း၌ပင် တစ်ကီလိုမီတာရှိသော အပေါက်ကြီးဖြစ်သွားလေ သည်။
လျင်မြန်စွာပင် တခြားသူများ အာရုံစိုက်မိသွားကြသည်။
“ကြည့်လိုက် မီးခိုးမည်းတွေ လျော့သွားတယ်”
“ဟင် တကယ်အဲလိုပဲဟ တစ်ယောက်ယောက်ကများ အဖြေတွေ့သွား တာလား” ရှဲချန်လင်းသည် ထိုနေရာအား တအံ့တဩကြည့်လေသည်။
“သွားမယ် အဲနေရာသွားကြည့်ကြတာပေါ့”
လူတစ်စုသည် အဖြေရှာတွေ့သွားသူကို သိချင်သဖြင့် ပျော်ရွှင်စွာ ထိုနေရာသို့ပြေးလာသည်။
ရှီမာယူယူ သူတို့အသံကိုကြားသောအခါ သူတို့အာရုံအစိုက်ခံလိုက်ရ သည်ကို သိသွားသည်။ ထိုလူများ နီးနီးလာသည်ကို အာရုံခံမိပြီးနောက် ပျော်ရွှင်စွာ စားသုံးနေသော အမည်လေးကို ကြည့်ပြီး ပြေးသွားကာ အမည်းလေးကိုချီပြီး ဝိညာဉ်စေတီထဲသို့ ပြေးသွားလိုက်သည်။
သူတို့ပျောက်သွားပြီး ခဏအကြာတွင် လူတစ်စုအပြေးလာရာ ပျောက် ကွယ်သွားသော မီးခိုးမည်းများအကြားတွင် ဘာမှမရှိသဖြင့် နားမလည်နိုင်ဖြစ် သွားကြလေသည်။
အဖြေကိုရှာတွေ့သွားတာ ဘယ်သူလဲ။
***