← Chapters

သူမသံသယတွေရှင်းပြီး အကုန်စားသောက်လိုက်

Vol. 91 Ch. 1274

သူမသံသယတွေရှင်းပြီး အကုန်စားသောက်လိုက်

Vol. 91 Ch. 1274

ရှားကျောင်ထန်သည် လှည့်ပတ်ကြည့်လိုက်သည်။ ဘေးတွင် ထူးခြား သောလူ သို့မဟုတ် အရာဝတ္ထုကို ရှာမတွေ့သည်နှင့် လက်လျော့ပြီး ထွက်သွား လိုက်သည်။

ရှီမာယူယူသည် ဝိညာဉ်စေတီအတွင်းမှ ကြည့်ကာ သူတို့ထွက်သွားသည် ကိုမြင်သည်နှင့် သက်ပြင်းချလိုက်သည်။

“ဝူး ဝူး ဝူး”

အမည်းလေးသည် ရှီမာယူယူအား မကျေနပ်စွာဖြင့် နှစ်ကြိမ်မျှ ဟောင် လေသည်။ သူ စားလို့တောင်မပြီးသေးတာကို သူမ ဘယ်လိုလုပ်ပြီး အထဲခေါ် လာရတာလဲ။

ရှီမာယူယူသည် ခေါင်းငုံ့ပြီး ကြည့်လိုက်သည် “မင်း… မင်းကတော့လေ အစကတည်းက လူတွေကိုလန့်အောင်လုပ်လိုက်တာ၊ အဲဒါကို ဘယ်လိုလုပ် ပြင်ဆင်လိုက်ရမလဲ၊ သူတို့သိသွားရင် ဘယ်လိုလုပ်ရမလဲ”

“ဝူး ဝူး”

အမည်းလေးသည် နှစ်ကြိမ်မျှဟောင်ပြီးနောက် သူမ အဝတ်အစားကို ဆွဲ ကာ ခေါ်ထုတ်ပြီး စားခိုင်းရန် အကြည့်ဖြင့် ပြောလေသည်။

ရှီမာယူယူသည် ဆောင့်ကြောင့်ထိုင်ပြီး လက်ဆန့်ထုတ်ကာ သူ၏ခေါင်း ကိုပုတ်ပေးပြီး နောက်တစ်ဖက်က သူ၏ လက်လေးနှင့် ဆော့ကစားပေးရင်း အာမခံလေသည် “မစိုးရိမ်ပါနဲ့ အခြေအနေတွေ ငြိမ်သွားရင် ငါမင်းကို အပြင် ခေါ်ထုတ်သွားမယ်”

အမည်းလေးသည် ငြိမ်ကျသွားကာ မလှုပ်မယှက်ဖြင့် ကြမ်းပြင်ပေါ်လှဲ နေလေသည်။

ရှီမာယူယူ စိုက်ကြည့်လိုက်ရာ သူသည် စားထားသော မီးခိုးမည်းများကို အစာချေနေသည့်ပုံပင်။ ကောင်းကင်ဘုံဘေးသင့်မှုကို သုံးပြီး ကိုင်တွယ်နိုင်မည့် ကိစ္စကို ပျော်ရွှင်စွာ စားသုံးရင်းနှင့်ပင် လွယ်ကူစွာ ဖြေရှင်းနိုင်လေသည်။

ဒီနည်းလမ်းကို စောစောစီးစီးသိခဲ့ရင် အကုန်လုံးက ဘာလို့ ဒီလောက် ကြအောင် နေနေမှာလဲ။

သို့သော် အမည်းလေး၏ သရုပ်မှန်ကိုစဉ်းစားလိုက်သောအခါ သူမ စိုးရိမ် မိသည်။ တခြားသူတွေ သိသွားရင် သူ့ရဲ့သရုပ်မှန်ကို စပြီးစစ်ဆေးကြမှာလား။

သူမ အချိန်ကြာအောင် စဉ်းစားပြီးနောက် မည်သူ့ကိုမှမပြောဘဲ အမည်း လေးကို မီးခိုးမည်းများကို စားသုံးခိုင်းရန် ဆုံးဖြတ်လိုက်သည်။

အပြင်တွင် မည်သူမှမရှိသည်ကို အတည်ပြုပြီးနောက် အမည်းလေးကို ခေါ်ကာ ထွက်လာခဲ့သည်။ မသိနိုင်သဖြင့် သူမသည် ချက်ချင်းပင် နီရဲပျားများ ကိုလွှတ်ပြီး တစ်ယောက်ယောက်လာလျှင် သတင်းပို့ရန် နေရာကိုစောင့်ကြည့် ခိုင်းလိုက်သည်။

နီရဲပျားများ၏ အကူအညီဖြင့် တစ်ယောက်ယောက် လာသောအါ သူတို့သည် မည်သူမှမသိခင်တွင် ဝိညာဉ်စေတီအတွင်းဝင်လိုက်ကြသည်။

သည်လိုနှင့် နောက်နှစ်ရက်ကြာသည်အထိ ရှီမာယူယူသည် အားလုံးနှင့် တူတူပုန်းတိုင်းကစားလေသည်။ ရှာလိုက်လျှင် သူမ ပုန်းလိုက်သည်။ ထိုကိစ္စ လုပ်သည့်သူကို တခြားသူများ သိချင်သော်လည်း သူတို့လာသည်နှင့် သူမ ပုန်း လိုက်သောကြောင့် အားလုံးသည် စိတ်ဓာတ်ကျကြလေသည်။

နောက်ဆုံး အကြိမ်ပေါင်းများစွာ လိုက်ပြီးနောက် ရှဲချောင်လင်းသည် ရှီမာယူယူ၏ ခံစားချက်ကို နားလည်သွားလေသည်။

“သူက အကုန်လုံးကို ရှောင်နေမှတော့ သူကဘယ်သူလဲဆိုတာ တခြား သူကို မသိစေချင်လို့ပဲလေ၊ အဲလိုဆိုမှတော့ သူ့ကိုထပ်မရှာတော့ဘူး၊ သူ့ကို စိတ်ဆိုးအောင်မလုပ်ကြနဲ့တော့လေ မဟုတ်ရင် သူ မကူညီဘဲနေလိမ့်မယ်”

“ယူယူ အရင်ပြန်ချင်လား” ရှားကျောင်ထျန် ဆက်ပြောလေသည် “ငါတို့ က မီးခိုးမည်းတွေရှင်းသွားတာတဲ့ အထဲကတစ္ဆေမျိုးနွယ်ကိုသွားတွေ့ရမှာ၊ သေချာပေါက် အန္တရာယ်များမှာပဲ မင်းအားကလည်း အပြည့်အဝပြန်ကောင်း သေးတာမဟုတ်ဘူး၊ နေခဲ့လိုက်တာက ပိုကောင်းမယ်”

ဟိန်းသံထောင်ချီသည် ရှီမာယူယူဟန်ဆောင်ထားကာ ရယ်မောပြီး ပြော လိုက်သည် “ရပါတယ် ဒီမှာလူတွေအများကြီးရှိတာ ကျွန်မနေခဲ့ရင်လည်း ဘာမှထူးမှာမဟုတ်ဘူး ပြီးတော့ တစ်ခုခုဖြစ်ရင် ကျွန်မရဲ့စာချုပ်သားရဲတွေရှိ တယ်လေ”

ရှားကျောင်ထျန်သည် ရှီမာယူယူ၏ စာချုပ်သားရဲများအကြောင်းတွေး လိုက်သည်။ သူတို့အားလုံးသည် အားကောင်းကြရာ တစ်စုံတစ်ခုဖြစ်လာပါက သူမကို ခေါ်ထုတ်သွားရန် ပြဿနာမရှိပေ။ သူ ခေါင်းညိတ်ပြီး ဘိုင်ရှန်းအား ပြောလိုက်သည် “အဲအချိန်ကျရင် မင်းတို့က အရှေ့ကနေ အရမ်းမလောနဲ့ အနောက်မှာနေပြီး သူမကို ကာကွယ်ပါ”

ဘိုင်ရှန်း ခေါင်းညိတ်လိုက်သည်။ ထိုနေရာတွင် အသည်းကွဲတောင်ကြား မှာ လူအနည်းငယ်သာရှိသဖြင့် သူတို့သည် သေချာပေါက် အရှေ့မှ အလော တကြီးသွားမည်မဟုတ်ပေ။

အရှေ့မျှတမှုမြို့တော်မှ ကီလိုမီတာထောင်ချီ အကွာအဝေးကို မီးခိုးမည်း များဖြင့် ဖုံးအုပ်ခဲ့သည်။ သို့သော် အမည်းလေးသည် နှစ်ရက်အတွင်း၌ပင် မီးခိုး မည်းများကို ကျေညက်အောင် စားသောက်ခဲ့သည်။

ရှီမာယူယူသည် ထိုနှစ်ရက်အတွင်းတွင် အမည်းလေးနောက်လိုက်ခဲ့ သည်။ မီးခိုးမည်းများကို အမည်းလေးနှင့် ကိုင်တွယ်မည်ဟု ဆုံးဖြတ်လိုက်ချိန် တွင် သူမသည် ဟိန်းသံထောင်ချီကို သူမအသွင် ဟန်ဆောင်ခိုင်းကာ အားလုံး ၏ မြင်ကွင်းတွင်နေခိုင်းကာ မီးခိုးမည်းများနှင့် သူမကို ဆက်စပ်နိုင်မည့်သူ မရှိ ပေ။

ထိုအချိန်တွင် သူတို့သည် အရှေ့မျှတမှုမြို့တော်၏ တစ်ဖက်တွင်ရပ်နေ ကြသည်။ ထိုနေရာသည် မီးခိုးမည်းများကျန်ရှိသော တစ်ခုတည်းသော အစိတ်အပိုင်းဖြစ်သည်။ နီရဲပျားများ အကြောင်းကြားပြီးသည့်နောက်တွင် ထိုလူများသည် အရှေ့မျှတမှုမြို့တော်နှင့် တဖြည်းဖြည်းနီးက်လာပြီး အရှေ့မျှတမှုမြို့တော်ကို သိမ်းပိုက်လိုကြသည်။

ပြီးခဲ့သည့်တစ်ခေါက် ရှီမာယူယူပြသခဲ့သော ပုံရိပ်များကြောင့် ရှားကျောင်ထျန်တို့သည် နည်းလမ်းနှစ်ခု ခွဲလိုက်ကြသည်။ တစ်ခုမှာ ဖန်ယွမ်လုံဦးလောင်ပြီး အရှေ့မျှတမှုမြို့သို့သွားမည်ဖြစ်ပြီး၊ နောက်တစ်နည်း မှာ ရှားကျောင်ထျန်နှင့် ဟော့ဘာဟုန်ယဲ့တို့ဦးဆောင်ကာ မြို့ကိုကွေ့ပတ်ပြီး ရှီမာယူယူမြင်ခဲ့သော အပေါက်ဆီသို့သွားကြမည်ဖြစ်သည်။

“ပလပ် ပလပ်…”

အမည်းလေးသည် မီးခိုးမည်းများ နောက်ဆုံးလက်ကျန်ကို လျင်မြန်စွာ ပင် စားသောက်လိုက်ပြီးနောက် ရှီမာယူယူဆီသို့ ကျေနပ်စွာဖြင့် လျှောက်သွား ပြီး လမ်းတွင် နှစ်ကြိမ်ပင်လျှင် ရှိုက်လိုက်သေးသည်။

မီးခိုးမည်းများကို စားသုံးပြီးနောက်တွင် အမည်းလေး၏ မျက်လုံးများ ပိုတောက်ပလာသည်ဟု ရှီမာယူယူခံစားမိသည်မှာ အမှားလုပ်မိခြင်းမဟုတ် ပေ။ ပြီးနောက် လူသားပိုဆန်လာကာ ပြီးခဲ့သည့်နှစ်ရက်က ဝိညာဉ်အသိဉာဏ် များစွာကို ရထားသည့်ပုံပင်။

“သခင်” အမည်းလေးသည် ရှီမာယူယူဆီသို့ပြန်လာပြီး သူမကို သခင်ဟု ခေါ်ပြီးနောက် လဲကျသွားလေသည်။ ရှီမာယူယူသည် အလန့်တကြားပြေးသွား ရာ သူ အိပ်ပျော်နေသည်ကိုသိမှပင် စိတ်အေးသွားလေသည်။

“ကောင်စုတ်လေး လန့်သွားတာပဲ” သူမ အမည်းလေးကို ချီပြီး ဝိညာဉ် စေတီထဲသို့ ထည့်လိုက်သည်။ “ကြည့်ရတာ ငါအခု အမြင်မှားတာမဟုတ်ဘူး အမည်းလေးက မီးခိုးမည်းတွေ အများကြီးစားပြီးတော့ တော်တော်အရွယ် ရောက်လာတယ်၊ အခုစကားပြောနိုင်ပြီး ငါ့ကိုသခင်လို့တောင် ခေါ်နေပြီ”

သူမသည် ဟိန်းသံထောင်ချီကို ဆက်သွယ်ကြည့်ရာ ရှားကျောင်ထျန်နှင့် သူသည် လူများကိုဦးဆောင်ကာ မြို့အပြင်ရှိ အပေါက်ကြီးဆီသို့ အလောတကြီး သွားနေကြောင်းကို ပြောပြလေသည်။

ရှီမာယူယူသည် သူ့ကိုအဖွဲ့မှခွဲထွက်ရန်နှင့် သူမ သူတို့ကိုသွားရှာပြီး အခြေအနေကြည့်ကာ လူချင်းလဲမည်ဟု ပြောလိုက်သည်။

ဟိန်းသံထောင်ချီသည် ရှီမန်ဖန်ကို သူမ ပြောသမျှကို ပြောလိုက်ရာ အားလုံးသည် အရှိန်လျော့လိုက်ပြီး အဖွဲ့မှ တဖြည်းဖြည်းခွဲထွက်လေသည်။

ရှီမာယူယူ သူတို့ကိုတွေ့သည်နှင့် ဟိန်းသံထောင်ချီသည် မူလအသွင် ပြောင်းပြီး သူမသည် အသင်းထဲဝင်ပေါင်းလိုက်သည်။

“ယူယူ အခြေအနေ ဘယ်လိုလဲ တစ္ဆေမျိုးနွယ်တွေကို တွေ့လား”

“မတွေ့ဘူး ကြည့်ရတာ မီးခိုးမည်းတွေကို ငါ ဖယ်လိုက်တယ်ဆိုတာကို တစ္ဆေမျိုးနွယ်က သတိမထားမိဘူးထင်တယ်” ရှီမာယူယူသည် သံသယဖြင့် ပြောလေသည်။

“အမည်းလေးရော”

“အခု ဗိုက်ပြည့်ပြီး အစာချက်နေတယ်”

ထိုအခိုက်တွင် အားလုံးသည် ပုလွေအသံကြားလိုက်ရသည်။ မီခိုးအမည်း ၏ သက်ရောက်မှုမရှိသဖြင့် ပုလွေသံသက်ရောက်မှုမှာ မြန်ဆန်ခြင်းမရှိ သောကြောင့် အားလုံးသည် နေရမခက်ကြပေ။

ဖက်တီးကျူနှင့် တခြားသူများသည် အားအနည်းဆုံးဖြစ်သည်။ သူတို့ သည် ပုလွေသံကိုကြားလိုက်သောအခါ မခံနိုင်လောက်အောင် နာကျင်လေ သည်။ သူတို့သည် ခေါင်းပွင့်သွားတတ်ခံစားရလေသည်။

ဘိုင်ရှန်း၊ ဖန်ကျိနှင့် တခြားသူများသည် သန်မာကြသဖြင့် ပုလွေသံကြား လိုက်ရချိန်တွင် ဖက်တီးကျူတို့လောက် မခံစားရပေ။ သို့သော် ခေါင်းထဲတွင် တော့ နေရခက်ကြလေသည်။

ရှီမာယူယူသည် လျှို့ဝှက်ဝိညာဉ်သိုင်းကို သင်ထားသောကြောင့် သူမ၏ ဝိညာဉ်စွမ်းအင်သည် အားကောင်းကာ စိတ်မှာလည်း သန်မာသဖြင့် ပုလွေသံ သည် သူကို သက်ရောက်မှုမရှိပေ။ သူတို့ နာကျင်နေသည်ကို တွေ့သည်နှင့် သူမ အလျင်အမြန်ပင် ဝိညာဉ်အတားအဆီးလုပ်ပြီး အားလုံးကို ကာကွယ်လိုက် သည်။

ဝိညာဉ်အတားအဆီးကြောင့် အားလုံး စိတ်သက်သာရာရသွားကြသည်။ သူတို့ခေါင်းမှာ အပ်နှင့်ထိုးသလိုခံစားရသော်လည်း အစောပိုင်းကထက် ပို သက်သာသွားသည်။

“ကျေးဇူးပဲ ယူယူ”

“အဲဘက်က စပြီးတိုက်ခိုက်နေပြီ” ရှီမာယူယူသည် တွင်းပေါက်ကြီးရှိရာ ဘက်သို့ကြည့်ပြီး စိုးရိမ်တကြီးပြောလေသည်။

တစ္ဆေမျိုးနွယ်ဝင်များသည် သည်နှစ်ရက်အတွင်းတွင် မည်သည့် လှုပ်ရှား မှုမှမလုပ်ခဲ့ပေ။ အခုမှ ပုလွေသံ ထုတ်သည်မှာ ထူးဆန်းသည်။

***

All Chapters