တစ္ဆေမျိုးနွယ်၏ တိုက်ခိုက်ခြင်း
Vol. 92 Ch. 1275
သူတို့သည် ဝိညာဉ်အတားအဆီးအတွင်းနေကာ တွင်းပေါက်ကြီးမှ ဝိညာဉ်အရည်အချင်းအလင်းများ လက်နေသည်ကိုမြင်လိုက်ရပြီးနောက် စိုးရိမ် သွားကြသည်။
“အဲဒီမှာ ပြဿနာရှိတဲ့ပုံပဲ” ဘိုင်ရှန်း ပြောလိုက်သည်။
“တစ္ဆေမျိုးနွယ်က လူတွေကိုထိန်းချုပ်ပြီး ငါတို့ကိုတိုက်ရင် ဒီဘက်က လှုပ်ရှားဖို့ တွေဝေကြမှာပဲ” ရှီမန်ဖန် ဆက်ပြောလေသည် “အရမ်း သတိထား လိုက်ရင်လည်း အားနည်းချက်ဖြစ်သွားမယ်”
အားလုံးသည် စိုးရိမ်လာကြသည်။ သို့သော် သူတို့သည် ထိုဝိညာဉ် အတားအဆီးမှ ထွက်မရကြပေ။
“လျူလျန်ချိုင်တို့ဘာမှ မဖြစ်ဖို့ကိုပဲ မျှော်လင့်ရတော့မှာပဲ” ဖန်ကျိသည် အသည်းကွဲတောင်ကြားအဖွဲ့ဝင်များကို စိုးရိမ်လျက်ရှိသည်။
“မင်းတို့ ဒီမှာပဲစောင့်နေကြ ငါအဲဒီကိုသွားကြည့်လိုက်ဦးမယ်” ရှီမာယူယူ သည် သူတို့ကို စိုးရိမ်သဖြင့် ပြောလိုက်သည်။
“ဒုခေါင်းဆောင် ကျုပ်လည်းလိုက်မယ်” ဘိုင်ရှန်း ဆက်ပြောလေသည် “သူတို့က အခုတိုက်ပွဲဖြစ်နေကြတယ် အဲတော့ ပုလွေအသံလည်းတိုးသွားမှာပဲ ဘေဂုံထန်နဲ့ တခြားသူတွေကဒီမှာနေခဲ့လိုက် ငါတို့ အကြီးတွေကိုင်တွယ်မယ်”
ရှီမာယူယူ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည် “ကောင်းပြီ ကျိရွှီ နင်တို့ ဒီမှာနေခဲ့ပြီး စောင့်နေလိုက် ဝိညာဉ်အတားအဆီးကနေ မထွက်ကြနဲ့နော်”
ဝေကျိရွှီတို့သည် အတူလိုက်သွားချင်သော်လည်း သူတို့မှာ မသန်မာကြ ပေ။ ရွေးချယ်မစရာမရှိတော့ဘဲ သူတို့သည် စကားနားထောင်ကာ အထဲတွင် သာ စောင့်ရတော့သည်။
သူတို့ မကူညီနိုင်လျှင်တောင် အားလုံးကို အန္တရာယ်မကျစေလိုပေ။
ရှီမာယူယူ၊ ရှီမန်ဖန်နှင့် အဘိုးဘိုင်တို့သည် ဝိညာဉ်အတားအဆီးမှထွက် လိုက်ကြသည်။ ပုလွေသံသည် အမှန်တကယ်ပင် တိုးသွားသည်။ သူတို့သည် ဖြစ်ပျက်နေသည်များကို ကြည့်ချင်သဖြင့် တွင်းပေါက်ကြီးရှိရာသို့ ရုတ်တရက် ပျံသန်းလိုက်သည်။
“ဘုန်း..”
သူတို့ အနီးမရောက်ခင်ပင် ဝိညာဉ်အရည်အချင်း စွမ်းအင်လှိုင်းသည် ပိတ်ထားလေသည်။
“ဒါက အရမ်းအားကောင်းနေတယ် ဆရာ တောင်ကြားခေါင်းဆောင် ဒီမှာ ပဲစောင့်နေကြပါ” ဖန်ခိုင် ပြောလိုက်သည်။
သူတို့သည် သူမအတွက် ပြောပေးသည်ကို ရှီမာယူယူသိသည်။ သို့သော် လက်ရှိအခြေအနေကို စဉ်းစားပြီး ခေါင်းရမ်းကာ ပြောလိုက်သည် “မင်းတို့နဲ့ အတူသွားတာ ကောင်းမယ်၊ မစိုးရိမ်ပါနဲ့ ငါ့ကိုကာကွယ်မဲ့ ဝိညာဉ်လက်နက်ရှိ တယ်၊ အလွယ်တကူမထိခိုက်နိုင်ပါဘူး”
“တောင်ကြားခေါင်းဆောင်”
ဘိုင်ရှန်းနှင့် တခြားသူများ၏ အကြည့်သည် ရှီမန်ဖန်အပေါ်ရောက်သွား ပြီး သူ့အမြင်ကို သိချင်နေကြသည်။
ရှီမန်ဖန် သက်ပြင်းချလိုက်သည် “သွားမယ် သူမက စိတ်ပြောင်းမှာ မဟုတ်ဘူး သူမကို ဒီမှာထားခဲ့ရင် နောက်လည်းသွားမှာပဲ”
သူ ပြောသည်နှင့် ဘိုင်ရှန်းသည် မဆန့်ကျင်တော့ပေ။ သူတို့သည် ဖြည်းညင်းစွာဖြင့် တွင်းပေါက်ကြီးဆီသို့ ကပ်သွားကြသည်။
“တစ်ယောက်ယောက်လာနေတယ်”
ရှီမာယူယူ ကြည့်လိုက်သည်။ ပြေးနေသောသူမှာ တခြားသူမဟုတ်… လျူလျန်ချိုင်ဖြစ်သည်။
“လျန်ချိုင်” လျူလျန်ချိုင်အနောက်မှ ဝိညာဉ်အရည်အချင်းတိုက်ခိုက် သည့် အလင်းတန်းကို ဘိုင်ရှန်းမြင်လိုက်သောအခါ အလျင်အမြန်ပင် ပြေးပြီး ဝိညာဉ်အရည်အချင်းကိုကာပြီးနောက် လှည့်လာကာ မေးလိုက်သည် “ထိခိုက် သွားသေးလား”
“အဘိုးဘိုင်လား ဘာလို့ဒီကိုရောက်နေတာလဲ” လျူလျန်ချိုင်သည် ဘိုင်ရှန်းနှင့် တခြားသူများကို တွေ့သောအခါ ပြောလိုက်သည် “မြန်မြန်ပြေး တော့ ဒီမှာအန္တရာယ်များတယ်”
“ဘာတွေဖြစ်နေတာလဲ” ဖန်ခိုင်သည် လျူလျန်ချိုင်၏ စိုးရိမ်တကြီး အကြည့်ကိုသတိထားမိသည်။ ထိုအကြည့်သည် တိုက်ပွဲကိုကြောက်သော ပုံစံ မဟုတ်ပေ။
“အဲဒါက အဲဒီလမ်းကြောင်း ပွင့်သွားပြီ တစ္ဆေမျိုးနွယ်ဝင်တွေ ဒီကို မကြာ ခင်ရောက်လာတော့မယ်” လျူလျန်ချိုင် အော်လေသည်။
“ဘာ”
အားလုံးအံ့ဩသွားကြသည်။ အားလုံး မှင်တက်သွားကြသည်။
“တောင်ကြားခေါင်းဆောင် တောင်ကြားဒုခေါင်းဆောင်၊ တစ္ဆေမျိုးနွယ် အဖွဲ့ဝင်တွေက ဒီမှာစောင့်နေတာကြာပြီ လမ်းပွင့်သွားတာနဲ့ သူတို့ အမြန် ရောက်လာမှာ အဲအချိန်ကျရင် ဒီကလူတွေက သူတို့အစာဖြစ်သွားပြီ”
ရှီမာယူယူ၏ ရင်များ ကဆုန်ပေါက်သွားသည်။ ပြီးခဲ့သည့်နှစ်ရက်တွင် တစ္ဆေမျိုးနွယ်ဝင်များ ဘာကြောင့်တိတ်ဆိတ်နေသည်ကို နောက်ဆုံးတွင် သူမ သိသွားရသည်။ သူတို့သည် စောင့်နေခြင်းဖြစ်သည်။ နောက်ဆုံးမြေသားပွင့် သည်နှင့် မီးခိုးမည်းများ ပျောက်သွားလျှင်တောင် သူတို့ကို သက်ရောက်မှုမရှိ တော့ဘဲ သူတို့လိုချင်သည့်အရာကို ရနိုင်သောကြောင့်ပင်။
ဘိုင်ရှန်းနှင့် တခြားသူများသည် ကိစ္စများစွာကို ကြုံတွေ့ဖူးသော်လည်း လမ်းပွင့်သွားပြီဟု ကြားလိုက်သည်နှင့် တုန်လှုပ်မိကြသေးသည်။
“ဖန်အာ အားလုံးကိုခေါ်ပြီး ဒီနေရာကနေအရင်ထွက်သွားလိုက်” ရှီမာယူယူ ပြောလိုက်သည်။
ရှီမန်ဖန် သူမကို ကိုင်ပြီး ပြောလိုက်သည် “နင် ဘာလုပ်မလို့လဲ”
“ငါ သွားပြီးကြည့်လိုက်ဦးမယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဥက္ကဌ နဲ့ ကျန်တဲ့သူတွေက ဒီမှာရှိသေးတယ် ငါ သူတို့ကို ဒီမှာထားမသွားနိုင်ဘူး”
“နင့်ရဲ့ ဝိညာဉ်စွမ်းအင်အကြောင်းကို တခြားသူတွေသိသွားရင် နောက်ဆက်တွဲကို နင်စဉ်းစားမိရဲ့လား” ရှီမန်ဖန်သည် အံကြိတ်ကာအော်လေ သည်။
“မစိုးရိမ်ပါနဲ့ ငါဘာမှမလုပ်ဘူး” ရှီမာယူယူသည် သူ့လက်ကို ပုတ်လိုက် သည်။ သို့သော် သည်တစ်ကြိမ်တွင် သူစိတ်မချနိုင်ပေ။
“မရဘူး ငါ နင့်ကိုမလွှတ်နိုင်ဘူး” ရှီမန်ဖန်သည် စိုးရိမ်တကြီးပြောလိုက် သည် “နင်က အမြဲတမ်း မလုပ်ဘူးလို့ပြောပြီး အကြိမ်တိုင်းပဲ လူတွေကြောက် ရလောက်တဲ့ဟာတွေလုပ်တယ်၊ ဒီတစ်ခါတော့ တစ္ဆေမျိုးနွယ်လာရင် နင့်ကို မလွှတ်နိုင်တော့ဘူး”
“အရူးလေးဖန်အာ ငါက အသုံးမဝင်ဘူးဆိုရင်တောင် တစ္ဆေမျိုးနွယ်ကို တွေ့ဖို့ ငါ့ရဲ့အာမခံချက်ရှိတယ်” ရှီမန်ဖန် စိုးရိမ်နေချိန်တွင် မည်မျှ ဆင်ခြင်မှုမဲ့ သွားသည်ကို ရှီမာယူယူ မြင်ရသည် “ငါ့မှာ ကြက်သွေးရောင်မီးတောက်ရှိတယ်၊ တကယ်လို့ သူတို့ကိုတွေ့ရင် မီးတောက်လွှတ်လိုက်ရုံပဲ သူတို့ငါ့ကိုဘာမှမလုပ် နိုင်ပါဘူး”
ရှီမန်ဖန် ငေးငိုင်သွားသည်။ သူ ဒါကိုဘယ်လိုလုပ် မေ့နိုင်မှာလဲ။
“ကောင်းပြီ မင်းတို့အရင်ပြန်နှင့်ကြ ဘေဂုံထန်တို့ကို ဒီကနေခေါ်သွား လိုက်ကြတော့” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့…” ရှီမန်ဖန်သည် စိုးရိမ်နေတုန်းပင်။
“ဝေါင်း…”
“ရား ဟူး…”
တစ္ဆေရောင်ဝါ အရှိန်အဟုန်နှင့်အတူ ထူးဆန်းသော အော်သံများ တွင်းပေါက်မှထွက်လာသည်။ ပြောဖို့ပင်မလိုပေ။ တစ္ဆေလောကနှင့် လူသား လောကမှ နောက်ဆုံးလမ်းကြောင်း ပွင့်သွားသည်ကို အတည်ပြုနေသည်။
ထိုလမ်းကြောင်းကို ဖြတ်လာသူများသည် သာမန်လူများမဟုတ်ကြပေ။ သူတို့သည် လူသားလောကသို့ရောက်သောအခါ ပျော်မြူးကြလေသည်။ သူတို့ သည် ဘေးပတ်ပတ်လည်မှ လူသွေးများကို စတင်စားသုံးလေသည်။ ပိုအားကောင်းသောလူများသည် တိုက်ရိုက်ပင် လူတို့၏ ဝိညာဉ်ကိုဆွဲထုတ်ကာ စားကြလေသည်။ မိနစ်ပိုင်းအတွင်းတွင် လူသားအများအပြားအသတ်ခံလိုက် ရလေသည်။
“မင်းတို့ မြန်မြန်သွားကြတော့” ရှီမာယူယူသည် ယာယီ ဖြတ်လမ်း တည်ဆောက်မှုသုံးကာ ရှီမန်ဖန်၏ လက်ထဲသို့ထည့်လိုက်သည် “ဘေဂုံထန်နဲ့ ကျန်တဲ့သူတွေကိုခေါ်ပြီး ဒီကနေမြန်မြန်ထွက်တော့”
တစ်ချိန်တည်းမှာပင် သူမ ငှက်ပေါက်စကိုဆင့်ခေါ်ပြီး သူမ ဘာမှမဖြစ် ကြောင်းကို ပြသလိုက်သည်။
ရှီမန်ဖန်သည် မည်မျှအရေးကြီးသော အခိုက်အတန့်ဖြစ်ကြောင်းကို သိ သဖြင့် တည်ဆောက်မှုကိုသုံးကာ ပြောလိုက်သည် “နင် ဘေးကင်းရမယ်နော်”
“မစိုးရိမ်ပါနဲ့ ငါ လက်စားမချေရမချင်း ဘာမှအဖြစ်ခံမှာမဟုတ်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “နင်တို့ မြန်မြန်သွားကြတော့”
ရှီမန်ဖန်၊ ဘိုင်ရှန်းနှင့် တခြားသူများသည် လျူလျန်ချိုင်ကိုခေါ်ကာ ပြန် လျှောက်သွားပြီး ဖက်တီးကျူနှင့် တခြားသူများကို ရှာပြီးနောက် တည်ဆောက် မှုမှ ထွက်သွားခိုင်းလိုက်သည်။ ရှီမန်ဖန်သည် တည်ဆောက်မှုကိုမသုံးပေ၊ သူသည် အဝေးတစ်နေရာသို့နောက်ဆုတ်ကာ ထိုနေရာ၏ အဖြစ်အပျက်ကို ကြည့်ချင်မိသည်။ တစ်ချိန်တည်းမှာပင် ရှီမာယူယူကို စိုးရိမ်မိသည်။
ရှီမာယူယူသည် တွင်းပေါက်ကြီးဆီသို့ပြေးသွားလိုက်သော်လည်း လူများ သည် လမ်းပေါ်တွင် ပိတ်နေကြသည်။ လေပေါ်တွင်လည်း တစ္ဆေမျိုးနွယ်များ ပိတ်နေသည်မှာ ကောင်းကင်တစ်ခုလုံးပြည့်လုနီးပါးပင်ဖြစ်သည်။
ထိန်းချုပ်ခံရသော လူများကို မကယ်ရသေးပေ။ တစ်ယောက်ချင်းစီ သည် အသက်ကိုစတေးပစ်ရန် ဆန္ဒရှိနေကြသည်။ သူတို့ သွေးများ စုပ်ယူခံရ ချိန်တွင် သူတို့သည် တုံ့ပြန်မှုမရှိသော သစ်သားတုံးသဖွယ် ထိုနေရာ၌သာ ရပ် နေကြသည်။
တစ္ဆေမျိုးနွယ်မှလူများသည် နေရာပေါင်းစုံသို့ သွားကြကာ ထိန်းချုပ်ခံရ သူများနှင့် ယနေ့မှရောက်လာသူများသည် တစ္ဆေမျိုးနွယ်၏ နှိပ်စက်ခြင်းကို ခံရ တော့သည်။
ပြီးနောက် ထိုတွင်းပေါက်ကြီးမှ တစ္ဆေမျိုးနွယ်များသည် အဆက်မပြတ် ထွက်လာကြလေသည်။
မြင်ကွင်းတစ်ခုလုံးမှာ ရှုပ်ယှက်ခတ်နေသည်။
ရှီမာယူယူသည် ငှက်ပေါက်စကို မီးတောက်ဖြင့် ဝန်းရံခိုင်းလိုက်သည်။ တစ္ဆေမျိုးနွယ်ဝင်များသည် သူမကိုမြင်ပြီးနောက်တွင် ထွက်ပြေးကြလေသည်။ သူမအနားသို့ မည်သူမှမကပ်ရဲကြပေ။
သူမ လျှောက်ပတ်ကြည့်ရာ နောက်ဆုံးတွင် ရှားကျောင်ထျန်နှင့် ဟော်ချန်းဒုန်တို့၏ အရိပ်ကိုတွေ့လိုက်ရသည်။ သူတို့သည် တစ္ဆေမျိုးနွယ်၏ ထိန်းချုပ်ခြင်းကိုမခံရသော်လည်း တစ္ဆေမျိုးနွယ်ဝင်များ၏ ဝိုင်းတိုက်ခိုက်ခြင်း ကို ခံရလေသည်။ သူတို့သာ တစ်ချက်မှားသွားပါက တစ္ဆေမျိုးနွယ်၏ အစာ အဖြစ် အဆုံးသတ်သွားနိုင်သည်။
ရှောင်ဟုန်သည် ဟော်ချန်းဒုန်ဘေးတွင် လိုက်နေသည်။ သူမ အဖေ၏ အကူအညီနှင့်ပင်လျှင် သန်မာလှသော တစ္ဆေမျိုးနွယ်ဝင်များကို မကိုင်တွယ်နိုင် ပေ။ သူတို့ အစုအဝေးမှာ ပျက်သွားပြီး သူမသည် တစ္ဆေမျိုးနွယ်ဝင်၏ ဖမ်းခြင်း ကိုခံလိုက်ရကာ သူမ လည်ပင်းကိုအစားခံရတော့မည့်ဆဲဆဲအချိန်ကို သူတို့ ကြည့်နေရသည်။
***