သူမက သူတို့ကိုပေးသောထိတ်လန့်မှု
Vol. 92 Ch. 1276
“ဟုန်အာ” ဟော်ချန်းဒုန်သည် ရှောင်ဟုန် လေထဲတွင် အဖမ်းခံလိုက်ရ သည်ကိုမြင်လိုက်ရသည်။ တစ္ဆေမျိုးနွယ်ဝင်သည် သူမ လည်ပင်းပေါ်သို့ ပါးစပ် တင်လိုက်သည်ကို သူမ မျက်လုံးပြူးဖြင့်သာ စောင့်ကြည့်နေရသည်။
“ရှောင်ဟုန် သမီးလေး” ဟော်ချန်းဒုန်သည် ရှောင်ဟုန်နှင့် လူကွဲသွားကာ သူမကို ကယ်ချင်သော်လည်း သူထုတ်လိုက်သော ဝိညာဉ်စွမ်းအင်ကို ဘေးမှ တစ္ဆေမျိုးနွယ်က ပိတ်ထားလေသည်။
“ဟုန်အာ” ဟော်ချန်းဒုန်သည် တစ္ဆေမျိုးနွယ်ဝင်များ၏ ဝန်းရံခြင်းကိုခံရ ကာ သူ့မျက်လုံးများသည်လည်း သွေးစွန်းနေသည်။ သူ့မျက်နှာမှာ စိုးရိမ်မှု ဒေါသနှင့် စိတ်လှုပ်ရှားမှုများ တစ်လှည့်စီဖြစ်နေသည်။
“ငှက်ပေါက်စ သွားတော့”
ရှီမာယူယူ၏ ရင်းနှီးသောအသံထွက်လာပြီး အနီရောင်တောက်လောင် နေသော ပုံရိပ်တစ်ခု ပျံလာသည်။ သူသည် ရှောင်ဟုန်ကို ကိုင်ထားသော တစ္ဆေမျိုးနွယ်ဝင်များကို ဝန်းပတ်ကာ ပြာဖြစ်သွားသည်အထိ လောင်ကျွမ်း လိုက်သည်။
ရှောင်ဟုန်သည် အစပိုင်းတွင် သေဆုံးခြင်းရောင်ဝါကို မြင်လိုက်ရသည်။ သို့သော် ချက်ချင်းပင် အားကောင်းသော အင်အားတစ်ခုရဲ့ ဆွဲခြင်းကိုခံလိုက်ရ သည်။ အဖြစ်အပျက်မှာ ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့် သူမ သည် လေပေါ်တွင်နေနိုင်ရန် ဝိညာဉ်စွမ်းအင်အသုံးပြုဖို့ မေ့သွားလေသည်။
“အား…”
သူမ မြေပေါ်သို့ ငှက်မွေးသဖွယ်ကျသွားရာ မြေပြင်နှင့်ထိမှပင် တုံ့ပြန်နိုင် လေသည်။ သို့သော် ထိုအချိန်မှာ နောက်ကျသွားမည်။
“ရွှီး”
နူးညံ့သော သစ်ပင်များသည် သူမကိုရပ်တန့်စေလိုက်ပြီး အန္တရာယ်ကြား မှ လက်တစ်လုံးကြားရှောင်နိုင်လိုက်ကာ သေဆုံးမည်ကို တားလိုက်နိုင်သည်။
သူမသည် ပတ်ပတ်လည်ရှိ အရွက်များကို ငေးကြည့်နေပြီး သစ်ရွက်များ ပေါ်မှ သွေးအမည်းများသည် သူကို မှင်တက်စေသည်။ သူမသည် ရုတ်တရက် ဖြစ်သွားသော အဖြစ်အပျက်ကြောင့် မတုံ့ပြန်နိုင်တော့ပေ။
“ရှောင်ဟုန် မင်းအစေခံရဲ့အရွက်တွေကို အဲလောက်ကြိုုက်လား ဟားဟား ဒါဆိုလည်း မင်းရဲ့အစေခံက နည်းနည်းပေးတာပေါ့”
ရှောင်ဟုန်ကြည့်လိုက်ရာ ပန်းလေးဘေးတွင် ရပ်ရင်းနှင့် ပါးစပ်ကို လက်ဖြင့် အုပ်ပြီးရယ်နေသော ရှီမာယူယူကိုတွေ့လိုက်သည်။ ထိုအခါမှပင် သူမကိုကယ်လိုက်သူမှာ ရှီမာယူယူဖြစ်ကြောင်းကို သိလိုက်သည်။
ပန်းလေးအပြင် ရှောင်ချီနှင့် အိမ်မက်လေးတို့ပါ ထွက်လာသည်။ သူတို့ သည် ရှီမာယူယူ၏ တစ်ဖက်တစ်ချက်တွင် ရပ်ပြီး သူမကို ကာကွယ်လိုက်ကြ သည်။
“ကျေးဇူးပဲ ယူယူ” သူမ သစ်ရွက်များအကြားမှ ထလိုက်သည်။ ယူယူ ကြောင့်သာမဟုတ်လျှင် သူမ တစ္ဆေမျိုးနွယ်လက်ထဲတွင် သေသွားလောက်ပြီ။
ရှီမာယူယူသည် သူမအား ခေါင်းညိတ်ပြပြီး တောက်ပစွာ လောင်ကျွမ်း နေသော ငှက်ပေါက်စအား လှည့်ကြည့်လိုက်သည်။
ငှက်ပေါက်စသည် ရှီမာယူယူ၏ ခန္ဓာကိုယ်မှထွက်သွားလေသည်။ သူမ သည်မတတ်သာတော့ဘဲ ပန်းလေးနှင့် တခြားသူများကို သူမဘေးတွင်နေခိုင်း ကာ ကာကွယ်ခိုင်းရတော့သည်။
သူမသည် အားနည်းလွန်းသည်။ သူမ စိတ်ထဲတွင် ညည်းတွားမိသည်။ သူမသာ ပိုအားကောင်းပါက ယခုလို ပန်းလေးတို့ ကာကွယ်ရမည်မဟုတ်ပေ။
ဟော်ချန်းဒုန်နှင့် တခြားသူများသည် ရှောင်ဟုန်ကို ရှီမာယူယူ ကယ် လိုက်သည်ကို မြင်သောအခါ သူမအား တောက်ပသော မျက်လုံးများဖြင့် ကျေးဇူးတင်ပြီး တိုက်ပွဲကိုဆက်ပြီးအာရုံစိုက်ကြလေသည်။
“ငှက်ပေါက်စ တစ်ယောက်တည်း ကစားမနေနဲ့ ဥက္ကဌနဲ့ တခြားသူတွေ ကို သွားကယ်လိုက်” ရှီမာယူယူသည် ငှက်ပေါက်စကို ညွှန်ကြားလိုက်သည်။
ငှက်ပေါက်စသည် ပျော်ရွှင်စွာ ပျံသန်းရင်း ကစားနေလျက်ရှိသည်။ သူ သည် ရှီမာယူယူ၏ ညွှန်ကြားချက်ကို ကြားသည်နှင့် ရှီမာယူယူဆီမှ ခွာကာ ရှားကျောင်ထျန်နှင့် တခြားသူများ ပတ်ပတ်လည်တွင် ပျံဝဲပြီး တစ္ဆေမျိုးနွယ် အားလုံးကို လောင်ကျွမ်းစေလိုက်သည်။
ရှားကျောင်ထျန်နှင့် တခြားသူများသည် ထိုအခိုက်တွင် ဘာမှမတုံ့ပြန်နိုင် ကြပေ။ သူတို့သည် အစောပိုင်းကပင် တစ္ဆေမျိုးနွယ်များကို တိုက်ခိုက်ရန် အားထုတ်နေရသည်။ သို့သော် ရုတ်တရတ်လွယ်ကူသွားပြန်သည်။
“ဒီမီးတောက်က…” ရှားကျောင်ထျန်သည် ငှက်လေးကိုမြင်သောအခါ စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် ပြောထွက်မလာတော့ပေ။
“ငါ မမှားဘူးမလား” ဖန်မင်သည်လည်း အလွန်စိတ်လှုပ်ရှားလျက်ရှိ သည်။ သူသည် ငှက်ပေါက်စကိုကြည့်ပြီး သူ့မျက်လုံးသူ မယုံနိုင်ဖြစ်နေသည်။
ဖန်ယွမ်လုံပင်လျှင် မှင်တက်နေသည်။ သူတို့သည် နှစ်ပေါင်းရာချီ ထောင်ချီ နေလာသော ကြက်ဖအိုကြီးများဖြစ်ကာ ကမ္ဘာအနှံ့သွားနေကြသော လူများဖြစ်သဖြင့် ဟင်္သာပဒါးရောင်ငှက်ကို တစ်ချက်တည်းကြည့်ရုံနှင့် မှတ်မိ သည်။
“ဟုတ်တယ် တကယ်ပဲ အဲဒါပဲ” ရှားကျောင်ထျန် ပြောလိုက်သည် “သူကပဲ မကောင်းတဲ့ဟာတွေ အကုန်လုံးကို လောင်ကျွမ်းနိုင်တဲ့ မီးအပူချိန်ကို ထုတ်ပေးနိုင်မှာ”
“ငါ မမှားနိုင်ဘူး” ဟော်ချန်းဒုန်နှင့်တခြားသူများသည် ကျီစယ်မီးတောက် မှလာခြင်းဖြစ်သဖြင့် မီးတောက်ကို အာရုံခံနိုင်စွမ်းမှာ မြင့်သည်။ ငှက်ပေါက်စ သည် သူတို့ဘေးမှလူများကိုသတ်သွားသဖြင့် သူတို့စိတ်ထဲရှိ အဖြေမှာသေချာ သွားသည်။
“ငါတို့ ဒီကျန်တဲ့အသက်မှာ နိဗ္ဗာန်မီးကိုတွေ့ရလိမ့်မယ်လို့ ထင်မထားဘူး” ဖန်မင်သည် သက်ပြင်းချပြီးပြောလိုက်သည်။ ရှီမာယူယူအပေါ် သူ့အမြင်မှာ ပြောင်းပြီးရင်း ပြောင်းသွားသည်။
တကယ်ပဲ လျှို့ဝှက်ဆန်းကြယ်မှုတွေ အများကြီးရှိတဲ့ မိန်းကလေးပါ လား။
“တကယ်ပဲ အဲဒီမီးတောက်ဆိုရင် သူမ စာချုပ်သားရဲထဲမှာ အဲဒါ…” ဖန်ယွမ်လုံ ပြောလိုက်သည်။ သူ ရှီမာယူယူကို ကြည့်ပုံမှာပြောင်းသွားသည်။ တကယ်သာ ဒဏ္ဍာရီလာ ဟင်္သာပဒါးရောင်ငှက်ကိုသာ သူမ ပိုင်ဆိုင်ရင် ဘယ်လိုနောက်ခံမျိုးကို ရထားတာလဲ။
သူမက ဘယ်လိုလုပ်အနိမ့်ပိုင်းတိုင်းပြည်ကလာရမှာလဲ။ သူတို့ အဲစကား တွေကို မယုံတော့ဘူး။
သို့သော် သူတို့ မယုံလျှင်တောင် ရှီမာယူယူသည် လူမရှိသောပြည်နှင် ဒဏ်ပေးခံရသော တိုင်းပြည်မှ ကြက်သွေးရောင်မီးတောက်ကို တွေ့လာသည့် အချက်မှာ မပြောင်းလဲပေ။
ငှက်လေး၏ အကူအညီဖြင့် လူသားများအပေါ်ရှိနေသော ဖိအားမှာ လျော့သွားသည်။ သို့သော် တိုးများလာသော အရေအတွက်ကိုတော့ ထိုနေရာမှ ဆုတ်ခွာအောင် မလုပ်နိုင်ပေ။
တစ္ဆေများသည် လိုဏ်ခေါင်းမှ ပိုပိုပြီးရောက်လာသည်မှာ သူတို့သည် သည်နေရာတွင်ဖြစ်ပျက်နေသည့် အရာများကို လုံးဝကြောက်ရွံ့ခြင်းမရှိသည့် ပုံပင်။ ထိုအစား သူတို့သည် အဆက်မပြတ်ထွက်လာရာ လူသားများပိုပို သေဆုံးကြပြီး တစ္ဆေများ ပိုပိုများလာသည်။
“မကောင်းတော့ဘူး အဲဒီတစ္ဆေမျိုးနွယ်ဝင်တွေက ဒီနေရာကထွက်ပြီး အနီးနားက ရွာတွေကိုသွားကုန်ပြီ” တစ္ဆေမျိုးနွယ်များ ထိုနေရာမှထွက်သွား သည်ကို မြင်လိုက်သည်နှင့် ဟော့ဘာဟုန်ယဲ့သည် ကျယ်လောင်စွာ အော်လေ သည်။
အဖွဲ့ဝင်များသည် သာမန်ပြည်သူများနေရာကို ကာကွယ်ချင်ကြသည်။ သို့သော် တစ္ဆေမျိုးနွယ်ဝင်များ ထိုနေရာသို့သွားနေကြရာ သာမန်ပြည်သူများ သေချာပေါက် သေလိမ့်မည်ဖြစ်သည်။
“ငှက်ပေါက်စ သူတို့ကိုတားလိုက်” ရှီမာယူယူသည် ငှက်ပေါက်စကို အော် လိုက်သည်။
ငှက်ပေါက်စသည် ကြက်သွေးရောင်မီးတောက်နှင့် ဆက်သွယ်ချက်ရှိ သဖြင့် သူမ ‘သူတို့’ ဟုပြောလိုက်သည်နှင့် မည်သည်ကိုဆိုလိုသည်ကို နားလည် သွားသည်။ သူသည် အတောင်ပံခတ်ကာ ခေါင်းမော့ပြီး ရှည်လျားစွာ အော်ဟစ် လိုက်သည်နှင့် ခန္ဓာကိုယ်မှာ ပိုပိုကြီးလာပြီးနောက် အပ်ချည်မျှင်အရွယ်အထိ ပြောင်းလဲသွားပြီး လေထဲတွင်ပျံသန်းကာ တစ္ဆေမျိုးနွယ်များကို အလယ်တွင် ပိတ်ထားလေသည်။ မီးချည်မျှင်သည် တဖြည်းဖြည်းဖြင့် မီးနံရံအဖြစ်ပြောင်း သွားလေသည်။ ထိုအချိန်ကြည့်လိုက်ချိန်တွင် အရှေ့မျှတမှုမြို့တော်တစ်ခုလုံး သည် မီးပင်လယ်အဖြစ်ပြောင်းသွားသကဲ့သို့ ဖြစ်နေသည်။
တစ္ဆေမျိုးနွယ်ဝင်များသည် ငှက်ပေါက်စကို မည်သို့မီးတောက်ဖြစ်သည် ကို မသိသော်လည်း မီးတောက်အပူချိန်မှာ သူတို့စိတ်ထဲမှ အကြောက်တရားကို မြင့်စေရန် လုံလောက်လေသည်။ သူတို့သည် မသိစိတ်မှ အဝေးတွင်နေကြပြီး ဖြတ်မသွားရဲကြပေ။
ထိုအပြုအမူသည် တစ္ဆေမျိုးနွယ်ဝင်များ အပြင်သို့ထွက်ပြေးသည်ကို တားလိုက်နိုင်သော်လည်း မသတ်နိုင်ပေ။ မီးဝိုင်းထဲမှ လူသားများသည် ပို၍ ဖိအားများလာသည်။
တွင်းကြီးမှ တစ္ဆေမျိုးနွယ်များသည် အဆက်မပြတ်ထွက်လာဆဲဖြစ် သည်။ အပြင်ထွက်မရသဖြင့် ထိုနေရာမှ တစ္ဆေမျိုးနွယ်ဝင်များသည် အရေအတွက်ပိုပိုတိုးလာသည်။
“မရဘူး တောင့်မခံနိုင်တော့ဘူး”
သူတို့သည် ပိုပိုများလာသော တစ္ဆေမျိုးနွယ်ဝင်များကို ဖြေရှင်းရမည် ဖြစ်သဖြင့် အားလုံးသည် မျှော်လင့်ချက်နည်းလာသည်။ သူတို့ ဒီနေ့ကို တစ္ဆေ မျိုးနွယ်ဝင်တွေ သတ်တာခံရတော့မှာလား။
ရှီမာယူယူဘေးမှ သုံးယောက်ပင် တဖြည်းဖြည်းတောင့်ခံနိုင်စွမ်းနည်း လာသည်။ ရှောင်ချီနှင့် အိမ်မက်လေးတို့သည် တစ္ဆေမျိုးနွယ်ကို တားဆီးနေ ချိန်တွင် ပန်းလေးသည် ရှီမာယူယူအနားသို့ တစ္ဆေမျိုးနွယ်များ ကပ်မလာစေရန် ပန်းများကိုပိုပိုထုတ်နေရသည်။
“ယူယူ တစ္ဆေမျိုးနွယ်ဝင်တွေက အရေအတွက်များလာတယ်၊ ထပ်ပြီး တောင့်မခံနိုင်တော့ဘူး” ပန်းလေးလွှတ်လိုက်သော ပန်းတစ်ပွင့်ချင်းစီသည် အားအပြည့်ပါသည်။ အချိန်ကြာသည်နှင့်အမျှ သူမကိုပါ သက်ရောက်လာ သည်။
ကောင်းကင်တစ်ခုလုံး တစ္ဆေမျိုးနွယ်ဝင်များနှင့် ပြည့်နှက်သလိုဖြစ်နေ သည်ကို ရှီမာယူယူကြည့်နေလိုက်သည်။ ထို့နောက်တွင် သူမသည် အရေအတွက်နည်းသွားသော လူသားများကိုကြည့်ပြီး စိတ်ဓာတ်ကျသွား သည်။
“ယူယူ ရှောင်ဟုန်၊ သမီး မင်းတို့ကို ပန်းဘုရင်ကကာကွယ်နိုင်တုန်းပဲ ထွက်ပြေးတော့ ဒီမှာထပ်ပြီးတောင့်မခံနိုင်တော့ဘူးထင်တယ်” ရှားကျောင်ထျန် ပြောလိုက်သည်။
“ဥက္ကဌတို့ကရော” ရှောင်ဟုန် မေးလိုက်သည်။
“ငါတို့က ဒီတိုင်းပြည်ကလူတွေပဲ အခုတစ္ဆေမျိုးနွယ်တွေက ဒီရောက်လာ မှတော့ ဒီမှာပဲသေရင်တောင် ဒီလိုဏ်ခေါင်းကိုကာကွယ်ရမယ်” ရှားကျောင်ထျန်သည် ပြောပြီးနောက် အရှေ့သို့ပြေးသွားလိုက်ရာ ချက်ချင်းပင် တစ္ဆေမျိုးနွယ်ဝင် အဖွဲ့၏ ဝန်းရံခြင်းကိုခံလိုက်ရသည်။
ရှီမာယူယူသည် ရှားကျောင်ထျန်၏ တုံ့ပြန်မှုကြောင့် အနည်းငယ် တွန့်ဆုတ်သွားသည်။ သူ၏ အကျင့်အရ သာမန်လူများနေရာကို သူ ဂရုစိုက် လိမ့်မည်မဟုတ်ဟု သူမ ထင်ထားခဲ့သည်။ သို့သော် သူသည် ထိုကဲ့သို့ ဆုံးဖြတ် ချက်ချလိုက်သည်။
သူမသည် တခြားသော ဥက္ကဌများကို ကြည့်လိုက်သည်။ သူတို့သည် ဆုတ်ခွာနိုင်မည်မှာ သေချာသည်။ တစ္ဆေမျိုးနွယ်များပြားသော်လည်း သူတို့ အတွက်တော့ ထွက်ပြေးရန် မခက်ပေ။
သို့သော် တစ်ယောက်မှမသွားကြပေ။ သူတို့သည် ရှိသည့်အရာအားလုံး ကို ပေးချင်ကြသည်။
သူမ စိတ်ပြောင်းသွားပြီး ပြောလိုက်သည် “ကြည့်ရတာ ငါတစ်ယောက်ပဲ လုပ်နိုင်မယ်ထင်တယ်”
***