သူမက ပြဿနာရဲ့အရင်းအမြစ်ပဲ
Vol. 92 Ch. 1277
ရှီမာယူယူသည် ဦးနှောက်ကို အလျင်အမြန်အလုပ်ပေးလိုက်သည်။ သူမ အစီအစဉ်တစ်ခုကို စဉ်းစားလိုက်သည်။ သို့သော် မည်မျှပင်စဉ်းစားစေကာမူ တိမ်တိုက်ဝိညာဉ်ကို အကူအညီတောင်းရန်ကိုသာ စဉ်းစားမိသည်။
သူမရဲ့ ကိုယ်ပိုင်အမှောင်ဝိညာဉ်စွမ်းအင်ကို သုံးရမှာလား။
တစ္ဆေမျိုးနွယ်၏ အမှောင်စွမ်းအင်သည် သူမထက်ပင် အဆပေါင်း သောင်းချီနူးညံ့သည်။ ထို့အပြင် မိုယွိ သူမကိုသင်ပေးသော အမှောင်အရည် အချင်းကို သေချာအောင်လေ့ကျင့်ရန် အချိန်မရှိခဲ့ပေ။ အရာအားလုံးမှာ အခြေခံမျှသာဖြစ်သည်။
တစ္ဆေတစ်ရာအလံတော်နဲ့ဆိုရင်ရော…
အဲဒါကလည်း ဝိညာဉ်ရှိနေသေးရင် အလုပ်ဖြစ်တယ်။ မဟုတ်ရင် အဲအထဲ ကိုဝင်မှာမဟုတ်ဘူး။ ပြီးတော့ တစ္ဆေတစ်ရာအလံတော်ကိုထုတ်တာနဲ့ နောက် ပြဿနာတွေဖြစ်လာနိုင်သေးတယ်။
အစပိုင်းတွင် သူမသည် ယုံကြည်လေးစားမှု စွမ်းအင်ကို အသုံးပြုချင် သည်။ ဝူလင်းယူသည် သူမရှိလျှင် ထိုစွမ်းအားကို အသုံးမပြုရန် တစ်ခါကပြော ဖူးသည်။
ပြီးနောက် ထိုအခိုက်အတန့်အတွင် သူမ တစ်ကိုယ်လုံးသည် အမှောင် အရည်အချင်းစွမ်းအင်များ ပြည့်နေသည်။ သူမ ယုံကြည်လေးစားမှု စွမ်းအားကို သုံးလိုက်သည်နှင့် စွမ်းအား သူမခန္ဓာကိုယ်မှ မထွက်ခင်တွင် ပေါက်ကွဲသွားနိုင် သည်။ အမှောင်ဝိညာဉ်စွမ်းအင်ကို မသုံးဘဲနှင့် ယုံကြည်လေးစားမှု စွမ်းအင်ကို သုံးရန်မဖြစ်နိုင်ပေ။
သူမ ဦးနှောက်ကိုအလုပ်ပေးလိုက်သော်လည်း စဉ်းစားမိသော တစ်ခု တည်းသောနည်းလမ်းမှာ တိမ်တိုက်ဝိညာဉ်ကို အကူအညီတောင်းရန်ဖြစ် သည်။ အဲကောင်လေးက သူမနဲ့ ရင်းနှီးတာကို နည်းနည်းတော့ စာနာထောက် ထားလိမ့်မှာပါနော။
နောက်တစ်လှမ်းဆုတ်ပြီး စဉ်းစားကြည့်ပြန်သည်။ တိမ်တိုက်ဝိညာဉ်က သူမကို အလွတ်မပေးဘူးဆိုရင်တောင် မိုးကြိုးလျှပ်စီးတွေက ယုံကြည် လေးစားမှု စွမ်းအားထက်တော့ စိတ်ချရပါတယ်။ ပြီးတော့ လူတစ်ယောက်က သေဖို့သေချာနေရင်တောင် နောက်ဆုံးမျှော်လင့်ချက်ဆိုတာရှိသေးတာပဲလေ။
“ရှောင်ဟုန် နင့်ကို ပန်းလေးကိုပို့ခိုင်းလိုက်မယ်၊ နင် မီးတောက်နံရံက ထွက်သွားရင် ဝေးဝေးကိုသာသွားနော် နားလည်လား”
ရှီမာယူယူ ထိုသို့ပြောပြီးနောက် အဝတ်အစားတချို့ထုတ်ကာ ဝတ်ပြီး နောက် တခြားဝိညာဉ်ကိရိယာထုတ်ပြီး ခန္ဓာကိုယ်တွင် ချိတ်ဆွဲလိုက်သည်ကို ရှောင်ဟုန်မြင်လိုက်ရသည်။ သူမသည် ထိုမြင်ကွင်းကို အနည်းငယ် မှင်တက် သွားကာ မေးလိုက်သည် “နင် ဘာလုပ်မလို့လဲ”
“အခုတော့ ရှင်းပြဖို့အချိန်မရှိဘူး ဝေးဝေးနေဖို့သာ မှတ်ထား ပန်းလေး လုပ်တော့”
ပန်းလေးသည် ရှီမာယူယူ ပြောသည်ကိုကြားပြီးနောက် နွယ်များဖြင့် ရှောင်ဟုတ်ကို ရစ်ပတ်လိုက်သည်။ အပြင်းအထန် ကန်ရင်းနှင့် မီးနံရံကို အရှိန် ဖြင့် ထွက်သွားလေသည်။
“အား…”
ရှောင်ဟုန်သည် မီးနံရံကိုမြင်သောအခါ မသိစိတ်မှ မျက်လုံးမှိတ်မိသည်။ ငှက်ပေါက်စသည် ထိုတစ္ဆေမျိုးနွယ်ဝင်များကို တစ်ခါတည်း အပုံလိုက် လောင် ကျွမ်းနေသည်ကို သူမ မြင်လိုက်ရသည်။ သူတို့အားလုံးသည် ပြာဖြစ်သွားကြ သည်။ အခု သူမက မီးတောက်အဖျားခတ်ရင်တောင် သူမလည်း ချက်ချင်းပဲ ပြာဖြစ်သွားမှာလား။
သို့သော် ထိုခံစားချက် ရောက်မလာပေ။ သူမသည် ညီမျှမှုဖြစ်စေရန် သူမ၏ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်ကို ရွှေ့လိုက်သည်။ ထိုအချိန်မှပင် သူမ အပြင် ရောက်နေနှင့်နေပြီကို သိလိုက်ရသည်။
“ငါ မသေဘူးလား” သူမသည် မထိခိုက်သော ခန္ဓာကိုယ်ကို မြင် သောအခါ အနည်းငယ်အံ့ဩမိသည်။ သူမ အနောက်မှ အသံကြားရာ လှည့် ကြည့်လိုက်ချိန်တွင် မီးနံရံတွင် အပေါက်ကြီးတစ်ခုပေါ်လာလေသည်။ ထိုလူ များသည် အပေါက်ဖြစ်လာသည့်အခွင့်အရေးကိုယူကာ ထွက်ပြေးကြလေ သည်။
“ယူယူ ဘာလုပ်ချင်တာလဲ” သူမသည် မီးနံရံကို စိုးရိမ်တကြီးကြည့်လိုက် သည်။
ရှီမာယူယူသည် သူမကိုယ်သူမ မိုးကြိုးကာသည့် ကိရိယာဖြင့် ဖုံးအုပ် ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။ “ခရမ်းလေး မင်း ငါ့ကိုကူညီရ မယ် ငါသေသွားရင် မင်းမှာသခင်ဆိုတာမရှိတော့ဘူး”
ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် သူမကိုယ်ထဲမှ မျက်လုံးလှန်မိလေ သည်။ အခု သူက ချိပ်ပိတ်ခံထားရတာ အရင်လို စွမ်းအင်ထုတ်ဖို့က လုံးဝမဖြစ် နိုင်ဘူး။ သူကို ဘယ်လိုလုပ်ကူညီရမှာလဲ။
“မင်းခန္ဓာကိုယ်က အခုအမှောင်အရည်အချင်းနဲ့ ပြည့်နေတာကို ကောင်းကင်ဘေးသင့်မှုမှာ ဝင်ပါဖို့ စဉ်းစားနေသေးတယ်၊ မင်းသေချင်တယ် ဆိုရင်တောင် ဒီနည်းလမ်းကို မစဉ်းစားသင့်ဘူးလေ ဟုတ်တယ်မလား” ထိပ်တန်းခရမ်းရောင်လျှပ်စီး ပြောလိုက်သည်။
“ငါလည်း ရွေးစရာမရှိတော့ဘူး” ရှီမာယူယူ ပြောလိုက်သည် “တစ္ဆေ မျိုးနွယ်ဝင်တွေ ထွက်သွားပြီး အပြစ်မရှိတဲ့ပြည်သူတွေကို သတ်တာကို မျက်လုံးကြီးပြူးပြီး ကြည့်မနေနိုင်ဘူးလေ ဟုတ်တယ်မလား”
“မင်းက အရမ်းကြင်နာတတ်တာပဲ အရင်ကဘာလို့ အဲလိုမသိခဲ့တာလဲ” ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် နှာရှုတ်လိုက်သည်။
“ငါလည်း အရင်ကအဲလိုမမြင်ဖူးဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ငါ့အပေါ်ကောင်းတဲ့သူအတွက်ကတော့ မထူးဆန်းပါဘူး”
ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် သူမကိုယ်ထဲမှ မျက်လုံးလှန်မိပြန် သည် “မင်း ကိုယ့်ဘက်ကိုယ်ယက်တတ်တာ မိဘတွေကသိရဲ့လား”
“ဟင်း ဟင်း” ရှီမာယူယူသည် သူနှင့်ဖက်မကိုက်တော့ပေ “နောက်မှ မင်း ဖြစ်နိုင်သလောက်သာ စုပ်ယူဖို့ကြိုးစားကြည့်၊ မဟုတ်ရင် ငါတောင့်ခံနိုင်မှာ မဟုတ်ဘူး”
“ဘာလုပ်မလို့လဲ”
“ပုန်ကန်မလို့”
ရှီမာယူယူ ပြောပြီးနောက်တွင် အမှောင်ဝိညာဉ်စွမ်းအင်စတင်စုစည်းကာ မိုးကြိုးဘေးသင့်မှုကို တိုက်ခိုက်ရန် သူမ ခန္ဓာကိုယ်ကို အသုံးပြုရန် စီစဉ်လေ သည်။
ထိုအချိန်တွင် သူမတွင်အမှောင် အရည်အချင်းပင်မရှိသည်က ပိုကောင်း မည်။ အမှောင်စွမ်းအင်နှင့်ဆိုလျှင် မိုးကြိုးဘေးသင့်မှုကို တိုးစေရုံသာရှိမည်။
ပန်းလေးနှင့် နီးနေသောလူများကို ပန်းလေးသည် မြှောက်ပေးကာ သူတို့ အပြင်ရောက်သည်အထိ မတုံ့ပြန်နိုင်ဖြစ်ကြလေသည်။
“ဘာတွေဖြစ်နေတာလဲ” ထိုလူများသည် အဖြစ်အပျက်ကို နားမလည်နိုင် သေးပေ။
“ကိုယ့်လူတို့ ကြည့်လိုက်” လူတစ်ယောက်သည် ကောင်းကင်တွင် တိမ်တိုက်မည်းများ လျင်မြန်စွာ စုဝေးလာသည်ကို ညွှန်ပြလေသည်။
“မိုးကြိုးဘေးသင့်မှု ဒီမှာဘာလို့ မိုးကြိုးဘေးသင့်မှုရှိနေတာလဲ”
“သေစမ်း ဘယ်ကလာလဲဆိုတာ အရင်စိုးရိမ်မနေနဲ့ ဒီကနေ မြန်မြန် ထွက်ရမယ် မဟုတ်ရင် မိုးကြိုးဘေးသင့်မှုမှာ ပိတ်မိသသွားလိမ့်မယ်၊ ငါတို့က ဝင်ပါသင့်တဲ့သူတွေမဟုတ်ဘူး သေကုန်လိမ့်မယ်”
“ဟုတ်တယ် ဟုတ်တယ် မိုးကြိုးဘေးသင့်မှုနဲ့ဆိုရင် တစ္ဆေမျိုးနွယ်ဝင် တွေလည်း အဆုံးသတ်ပြီပဲ၊ မြန်မြန်ဒီနေရာကနေ ထွက်ရအောင်၊ အပြင် ရောက်တာနဲ့ လမ်းလွဲတာတွေရှိရင် ရှင်းပစ်မယ်”
“ဟုတ်တယ်”
သည်လိုနှင့် ထိုလူများသည် မိုးကြိုးဘေးသင့်မှုဧရိယာမှ အလျင်အမြန် ထွက်ကြလေသည်။
မီးနံရံအတွင်းရှိနေသူများသည် စတင် စိုးရိမ်လာကြသည်။ ဒီလောက်လူ အများကြီးရှိတာ သူတို့ပါ ဒီအားကောင်းတဲ့ မိုးကြိုးလျှပ်စီးထဲပါသွားရင် ဘယ်လိုလုပ်မလဲ။
ဒါပေမဲ့ အပြင်မှာ မီးနံရံလည်းရှိသေးတယ်။ သူတို့ပြေးချင်ရင်တောင် ပြေး ဖို့လမ်းမရှိဘူး။
တစ္ဆေမျိုးနွယ်ဝင်များသည်လည်း မိုးကြိုးဘေးသင့်မှုကို မြင်သောအခါ သွေးရူးသွေးတန်းဖြစ်ကြလေသည်။ မီးတောက်တစ်ခုတင်မကဘဲ မိုးကြိုး ဘေးသင့်မှုပါ ရောက်လာပြီ။ သူတို့ အသက်ရှင်ဖို့ မျှော်လင့်ချက်ရောရှိသေးရဲ့ လား။
ထိန်းချုပ်ခံရသူများသည် အသိစိတ်ဝင်လာသည်။ သူတို့နိုးလာသည်နှင့် ထိုသို့မြင်ကွင်းမြင်ရလိမ့်မည်ဟု ထင်မထားကြပေ။
“ဘယ်သူမှ ပျာယာခတ်မသွားကြပါနဲ့” ရှီမာယူယူ ပြောလိုက်သည် “လူသားတွေက မီးကိုဖြတ်သွားလို့ရတယ် အဲမှာပြဿနာမရှိဘူး မြန်မြန်သာ ဒီနေရာက ထွက်သွားကြပါ”
ရှီမာယူယူသည် ကြားနိုင်သလောက် ကျယ်ကျယ်ပြောလိုက်သည်။ သို့သော် ထိုနေရာသည် ကြီးမားကာ သူမတွင်လည်း ဝိညာဉ်စွမ်းအင် မရှိပေ။
သို့သော် သူမအနားမှလူများ ကြားနိုင်သဖြင့် တော်သေးသည်။ မီးနံရံ သည် သူတို့ကိုထွက်သွားအောင် လုပ်ပေးမည့် နေရာဖြစ်ကြောင်း သိသွားကြ သည်။ သူတို့သည် အမြန်ပင် ပျံသွားကြလေသည်။
ထိုလူများ မီးနံရံကိုရောက်သောအခါ အပူချိန်ကို ခံစားမိသဖြင့် များစွာ တွေဝေမိကြလေသည်။
မီးအပူချိန်သည် မြင့်မားကာ သူ၏ စွမ်းအားကိုလည်း ကိုယ်ပိုင်မျက်လုံး ဖြင့် မြင်နိုင်လေသည်။ သူတို့ ဖြတ်ဝင်သွားရင် မီးလောင်ပြီး သေသွားမှာလား။
“အာ.. ထားလိုက်တော့ ဒီအတိုင်းသာသွားလိုက်တော့” ရှားကျောင်ထျန် သည် ဘာမှဂရုမစိုက်တော့ပေ။ သူသည် သူ့ကိုယ်သူ ဝိညာဉ်စွမ်းအားသုံးကာ ဖြတ်လိုက်သည်။
“ဟူး”
သူ မီးနံရံကို ဖြတ်လိုက်ချိန်တွင် ငှက်ပေါက်စသည် အပေါက်ဖွင့်ပေးရာ အားလုံး ဘေးကင်းစွာ ဖြတ်နိုင်ကြလေသည်။
“ပြဿနာမရှိဘူး အားလုံးပဲ မြန်မြန်ထွက်လိုက်ကြတော့”
ဖြတ်သွားသော လူများအော်သည်နှင့် အထဲမှလူများသည် ပြေးထွက်ကြ တော့သည်။
တစ္ဆေမျိုးနွယ်ဝင်များသည် လူသားများ ထိုသို့လုပ်သည်ကိုမြင်သောအခါ အသိဉာဏ်မဲ့စွာဖြင့် ဝင်တိုးကြလေသည်။ သူတို့သည် အမြန်ပင် လူသားများ အနောက်သို့လိုက်ကာ အခွင့်အရေးကိုအသုံးချကာ ဖြတ်သွားချင်မိသည်။ သို့သော် သူတို့သည် လောင်ကျွမ်းပြီးသေကြလေသည်။
ထိုအခါမှပင် မီးတောက်သည် လူသားများကို ထိခိုက်မှုမရှိစေဘဲ တစ္ဆေ မျိုးနွယ်ဝင်ကိုသာ ထိခိုက်စေကြောင်း ယုံကြည်ချက်ရှိသွားကြတော့သည်။
မှောင်မည်းပြီး ထူထဲသော တိမ်တိုက်များ တိုးပွားလာသည်ကို မြင်သော အခါ လူသားများသည် အပြင်သို့ အလျင်အမြန်ထွက်ကြလေသည်။ တစ္ဆေ မျိုးနွယ်ဝင်များသာ မျက်လုံးအပြူးသားဖြင့် ကြည့်နေရသည်။
“မဖြစ်တော့ဘူး ဒီပြဿနာရဲ့ အရင်းအမြစ်ကို ရှင်းဖို့နည်းလမ်းစဉ်းစားရ တော့မယ်” တစ္ဆေမျိုးနွယ်ဝင်များသည် ငတုံးများမဟုတ်ကြပေ။ မိုးကြိုး ဘေးသင့်မှုကို ခေါ်လိုက်သည်မှာ လူသားတစ်ယောက်ဖြစ်သည်ကို သူတို့သိကြ သည်။ သူတို့ ထိုလူသားကိုသတ်လိုက်သည်နှင့် မိုးကြိုးဘေးသင့်မှုသည် အလိုလိုပျောက်သွားမည်။
သည်လိုနှင့် ထိုတစ္ဆေမျိုးနွယ်ဝင်များသည် အလယ်ဗဟိုသို့သွားလိုက်ရာ တခြားသူများသည် အပြင်ပြေးထွက်ကြကာ ရှီမာယူယူတစ်ယောက်တည်း မလှုပ်မယှက်ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဝိညာဉ်စွမ်းအင်မရှိတဲ့ မိန်းကလေးတစ်ယောက်လား။ သူမက မိုးကြိုး ဘေးသင့်မှုကို ဆွဲဆောင်နိုင်တဲ့သူလား။
“သူမမှာ လျှပ်စီးရောင်ဝါရှိတယ် သူမက သေချာပေါက် ဆွဲဆောင်လိုက် တဲ့သူပဲ သူကိုသတ်ကြ”
သူတို့တွင် တွေဝေမှုများရှိသော်လည်း တစ္ဆေမျိုးနွယ်ဝင်များက သူမကို တိုက်ခိုက်သဖြင့် မည်သည့်အရာကိုမှ စဉ်းစားရန် အချိန်မရှိတော့ပေ။
***