← Chapters

ကြက်သွေးရောင်မီးတောက် ပေါ်လာခြင်း၊ အလွန် အံ့အားသင့်ခြင်း

Vol. 92 Ch. 1278

ကြက်သွေးရောင်မီးတောက် ပေါ်လာခြင်း၊ အလွန် အံ့အားသင့်ခြင်း

Vol. 92 Ch. 1278

အားလုံးသည် အထဲမှအဖြစ်အပျက်ကို ခံစားမိပြီး ရှီမာယူယူအတွက် စိုးရိမ်လာသည်။

သူတို့လူ အများအပြားရှိသော်လည်း ထိုတစ္ဆေမျိုးနွယ်ဝင်များကို ရှင်းရန် မဖြစ်နိုင်ပေ။ အခု သူတို့သည် ရှီမာယူယူတစ်ယောက်တည်းကို အာရုံစိုက်သွား ကြရာ ဖြစ်လာမည့်ရလဒ်ကို သူတို့မတွေးနိုင်ကြပေ။

စွမ်းအားများသည် မရပ်မနားထွက်လာသည်။ နောက်မှလူများသည် အဖြစ်အပျက်ကိုမသိကြပေ။ သို့သော် မျက်စိရှေ့မှ မြင်ကွင်းကိုမြင်သောအခါ မှင်တက်သွားကြလေသည်။

ကောင်းကင်ဘုံအထိရောက်သွားသော မီးနံရံလည်းရှိသလို မှောင်မည်း နက်နေသော တစ္ဆေမျိုးနွယ်ဝင်များလည်းရှိသည်။ အားလုံးခြုံကြည့်လျှင် ကမ္ဘာ ကြီး အဆုံးသတ်သွားသည့်အတိုင်းပင်။

“ဘာတွေဖြစ်နေတာလဲ” လူတချို့မှာ အော်ဟစ်ကြသည်။

“တစ္ဆေမျိုးနွယ်ပဲ တစ္ဆေမျိုးနွယ်တွေက အဲဒီကဝင်ပေါက်ကိုဖွင့်ပြီး ပြေး ထွက်လာကြတယ်”

“အဲဒီမီးတောက်တွေကရော”

“အဲဒါက ရှီမာယူယူရဲ့ မီးတောက်ပဲ တစ္ဆေမျိုးနွယ်တွေ ပြေးထွက်လာပြီး တခြားသူတွေကို မထိခိုက်စေနိုင်အောင် အကုန်လုံးကို အထဲမှာပိတ်ထားလိုက် တာ”

“အားကောင်းလိုက်တဲ့ မီးတောက်ပဲ”

“သူမကရော”

“အထဲမှာ”

“ဘာ”

“ဘာလို့ သူမကို မမြင်မိတာလဲ”

မီးတောက်များသည် သူတို့ကို ပိတ်ထားသော်လည်း မီးတောက်မှာ ပါးလွှာသော အလွှာတစ်ခုပင်ဖြစ်သည်။ သူတို့သည် အထဲမှအခြေအနေကို ရှင်းလင်းစွာ မြင်ရသည်။ အားလုံးသည် လှည့်ပတ်ကြည့်လိုက်သော်လည်း သူမ ၏ အရိပ်အယောင်ကိုမမြင်ရပေ။

“တစ္ဆေမျိုးနွယ်တွေမှာ အခုနည်းလမ်းမရှိတော့ဘူး၊ သူမက ကောင်းကင် ဘုံဘေးသင့်မှုကို ခေါ်လိုက်တဲ့သူဆိုတာ သိသွားတော့ သူမကိုတိုက်ခိုက်ကြ တော့တာပဲ”

“ဘာ” အခုလေးတင်ရောက်လာပြီး အာကျယ်အာကျယ်ပြောနေသူမှာ ရှီမာမျိုးနွယ်ဖြစ်သည်။ ထိုနေရာတွင် တစ်ခုခုဖြစ်နေပြီး ရှီမာယူယူပါ ထိုနေရာ တွင်ရှိနေသည်ဟု ကြားသောကြောင့် အမြန်ပြေးလာခြင်းဖြစ်သည်။ သူတို့ ရောက်သည်နှင့် ထိုသို့အခြေအနေကို ကြားလိုက်ရမည်ဟု ထင်မထားကြပေ။

သူမသာ တစ်ခုခုဖြစ်ပါက သူတို့ ပြန်သွားလျှင် မည်သို့မျက်နှာပြရတော့ မည်နည်း။

သူတို့သည် စတင်ပျာယာခတ်ကြကာ သူမကို ကယ်ရန်အပြေးသွားမည် အပြုတွင် အားလုံးက တားကြလေသည်။

“ခင်ဗျားတို့ ဝင်မသွားသင့်ဘူး မီးတောက်တွေက အရမ်းအားကောင်း တယ်၊ အဲဒါတွေကိုထိလိုက်တာနဲ့ ပြာဖြစ်သွားမယ်”

ရှီမာမျိုးနွယ်ဝင်များသည် ရပ်လိုက်ရုံအပြင် ရွေးချယ်စရာမရှိတော့ပေ။ မီးတောက်များသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလေသည်။

တခြားအင်အားစုများ ရောက်လာရာ သူတို့ပတ်ဝန်းကျင်မှ အဖြစ်များကို ကြားလိုက်ရလေသည်။ လူတိုင်းသည် စိတ်ဒုက္ခရောက်စွာဖြင့် သက်ပြင်းချမိ လေသည်။

“အငယ်ဆုံးသခင်မလေး ဘာမှမဖြစ်ရဘူးနော်” ရှီမာမျိုးနွယ်ဝင်များသည် အော်ကြလေသည် “သခင်မလေးတစ်ခုခုဖြစ်ရင် ကျွန်တော်တို့ အသက်ရှင်နိုင် မှာမဟုတ်တော့ဘူး”

“အငယ်ဆုံးသခင်မလေး ဟုတ်လား ရှီမာယူယူက ဘယ်တုန်းက ရှီမာ မျိုးနွယ်ဝင်ဖြစ်သွားတာလဲ၊ သခင်မလေးဆိုတာ တစ်ခါမှမရှိခဲ့ဖူးမလား” အတွင်းပိုင်းဒေသမှ အင်အားစုများသည် ရှီမာမျိုးနွယ်၏ အခြေအနေကိုသိကြ သည်။

ထန်ယွင်သည်လည်း ရောက်လာကာ သူတို့ပြောသည်ကို ကြားသောအခါ မေးလေသည် “ငါတို့မှာ အဲအရွယ်ရှိတဲ့ကလေးမရှိဘူးလို့ ဘယ်သူပြောလဲ ရှီမာလျူရွမ်က အဲနှစ်က ကလေးမွေးခဲ့တယ်လေ”

ထိုအင်အားစုများသည် မှင်တက်ကုန်ကြသည်။

“ရှီမာယူယူက အဲကလေးလား”

သူမသည် သေချာပေါက် ထိုကလေးဖြစ်သည်။ သူတို့သတ်လုနီးပါးဖြစ်ပြီး မှ ရင်လင်းမှကယ်သွားခြင်း မဟုတ်ပါလား။

“အဲနှစ်က ဒီကလေးက ကမ္ဘာကြီးရဲ့ ဘေးကင်းမှုနဲ့ငါတို့ကို ပြန်ပေးဆပ် လိမ့်မယ်လို့ ရင်လင်း ပြောခဲ့တယ်၊ ဒါကိုများရည်ညွှန်းတာဖြစ်မလား”

“အဲလိုဖြစ်နိုင်တယ်” ထန်ယွင်သည် အဖြစ်အပျက်ကို နားမလည်သေးဘဲ ပြောလိုက်သည်။

“တစ္ဆေမျိုးနွယ်တွေသာ လူသားလောကကိုဝင်လာခဲ့ရင် နောက်ကို ဘာဖြစ်မလဲဆိုတာ ဘယ်သူသိမလဲ၊ သူမက တကယ်ဖြစ်လာမယ်လို့ ဘယ်သူ ထင်မိမှာလဲ၊ ကြည့်ရတာ အဲနှစ်က သခင်ကြီးရင်လင်းပြောခဲ့တာ အမှန်တွေပဲ ထင်တယ်” လူတစ်ယောက် သက်ပြင်းချလေသည်။

“သခင်ကြီးရင်လင်းက ဘယ်လိုလုပ်များနိုင်မှာလဲ၊ တစ္ဆေမျိုးနွယ်အများ ကြီးက သူမကို ပစ်မှတ်ထားနေတာ၊ သူမ မိုးကြိုးဘေးသင့်မှုမလာခင်အထိ တောင့်ခံနိုင်ပါ့မလား၊ သူမ တောင့်မခံနိုင်ဘူးဆိုရင် ငါတို့လည်း အဲဒီတစ္ဆေ မျိုးနွယ်တွေကို ဖြေရှင်းဖို့ နည်းလမ်းမရှိတော့ဘူး”

“မျိုးနွယ်ခေါင်းဆောင်၊ သူမက မီးကိုင်ထားတဲ့ လူငယ်တစ်ယောက်သာ သာပဲ၊ သူမကို ဒီလောက်အရေးကြီးတဲ့ကိစ္စကိုအပ်ထားမလို့လား” တချို့လူများ သည် နားမလည်ကြပေ။

သူမသည် မိန်းမငယ်လေးတစ်ယောက်သာ ဖြစ်သည်။ ဒီလောက အရေး ကြီးတဲ့ကိစ္စကို အပ်ဖို့ လိုလို့လား။

“မင်းဘာသိလို့လဲ၊ သူမကလွဲပြီး ဒီပြဿနာကို ဘယ်သူမှဖြေရှင်းလို့ရနိုင် မှာမဟုတ်ဘူး”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ငါတို့ ရှေးဟောင်းကမ္ဘာဦးနယ်မြေမှာ ကျင့်ကြံသူတွေ သန်းချီရှိတာ၊ တစ်ယောက်မှ ဒီပြဿနာကို မရှင်းနိုင်ကြဘူး လား”

“ဟင်း ဒါဆိုရင် ဘယ်နယောက်များလာကြလို့လဲ၊ လာတဲ့သူတွေထဲမှာ လည်း တစ္ဆေမျိုးနွယ်တစ်ခုလုံးကို ရှင်းပစ်ဖို့ စွမ်းရည်ရှိကြလား၊ လူများတာကို လာမပြောနဲ့ အင်အားစုတွေပေါင်းထားတဲ့ အသင်းမဟာမိတ်အဖွဲ့တောင်မှ ဒီပြဿနာကို မရှင်းနိုင်ကြဘူး၊ ဒီနည်းလမ်းကိုသုံးရုံအပြင် ရွေးချယ်စရာမရှိဘူး၊ ပြောပါဦး၊ သူမ မရှိရင် အဲဒီတစ္ဆေမျိုးနွယ်ဝင်တွေကို အထဲမှာပိတ်ထားနိုင်မှာ လား၊ တစ္ဆေမျိုးနွယ်တွေ ဒီနေရာကထွက်သွားရင် လူဘယ်နယောက်များသေ သွားမလဲ၊ အဲဒါကိုစဉ်းစားမိရဲ့လား သူမသာ သေသွားရင် ကောင်းကင်ဘုံ ဘေးသင့်မှုကို ဘယ်သူကများ ခေါ်နိုင်မှာလဲ”

အဆက်မပြတ်ထွက်လာသော မေးခွန်းများသည် အ‌ခြေအနေကို ဆန့်ကျင်သည့်သူများကို နှုတ်ဆိတ်သွားစေသည်။ အနည်းဆုံးတော့ မေးခွန်း ထုတ်နေသည့် အကြီးအကဲများတွင် ပြန်ဖြေရန် အဖြေမရှိပေ။

“ငါ့ကိုလွှတ်”

“မသွားနဲ့ မင်းမီးတောက်တွေကြောင့် လောင်သွားရင် ဘယ်လိုလုပ်မလဲ”

ရှုပ်ယှက်ခတ်နေသော အခြေအနေတစ်ခုကြောင့် အားလုံး၏ အာရုံမှာ ထိုနေရာသို့ရောက်သွားပြီး ကြည့်လိုက်ကြသည်။ ရှီမာလျူယွင်သည် ရှီမာလျူဖန်၏လက်ကို ကိုင်ထားပြီး နှစ်ယောက်သား ရန်ဖြစ်နေသည်ကို တွေ့ လိုက်ရသည်။

“ငါ့ကိုလွှတ်ပေး ငါမသွားရင် ယူယူတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ၊ ငါ လျူရွှမ်ကိုဘယ်လိုပြန်ဖြေရမလဲ” ရှီမာလျူဖန်သည် ရှီမာလျူယွင်ကို ဒေါသ တကြီးအော်လေသည်။

“ယူယူရဲ့ မီးတောက်ရှိသေးတယ် သူမအဆင်ပြေမှာပါ”

“တစ္ဆေမျိုးနွယ်ဝင်တွေက သူမကိုတိုက်ခိုက်နေတာကို သူမက ကလေး တစ်ယောက်သာသာပဲရှိသေးတာ ဘယ်လိုလုပ်တောင့်ခံနိုင်မှာလဲ” ရှီမာလျူဖန် အော်လိုက်သည်။

“သူမ လုပ်နိုင်တယ် မင်း သူမကို ယုံထားရမဘ်” ရှီမာလျူယွင် ပြောလိုက် သော်လည်း သူ့မျက်လုံးတွင်လည်း စိုးရိမ်မှုများပြည့်နေသည်။ တစ္ဆေမျိုးနွယ် ဝင်များ ဝိုင်းနေသဖြင့် သူမ၏ ရောင်ဝါကို အာရုံခံမရတော့ပေ။ ဟင်္သာပဒါး ရောင်ငှက်၏ မီးတောက်နှင့် ကောင်းကင်တွင် ဘေးသင့်မှုတိမ်တိုက်များ စုဝေး နေဆဲကြောင့်သာမဟုတ်ရင် သူမ သေသွားပြီဟု သူ သံသယဝင်မိဦးမည်။

ဒါပေမဲ့ အဲဒီတစ္ဆေမျိုးနွယ်ဝင်တွေ… သူမ တကယ်ပဲလုပ်နိုင်ပါ့မလား။

အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းသည် ပို၌အဆိုးမြင်လာတော့သည်။ ရှီမာယူယူ တောင့်ခံနိုင်ခြင်း ရှိ မရှိကို သိချင်နေကြသည်။

သူတို့ မျှော်လင့်ချက်ဆုံးတော့မည့်အချိန်တွင် တစ္ဆေမျိုးနွယ်များအကြား မှ ရွှေရောင်အလင်းတန်း တောက်ပလာသည်။ ထို့နောက်တွင် ရှည်လျားသော အော်သံထွက်လာပြီး မီးတောက်များဝန်းပတ်နေသော ပုံရိပ်တစ်ခုသည် တစ္ဆေ မျိုးနွယ်ဝင်များ ဝိုင်းထားသည့်နေရာမှ ပေါ်ထွက်လာသည်။

“ရွှီး”

ဟင်္သာပဒါးရောင်ငှက်သည် အသွင်ပြောင်းကာ ရှီမာယူယူအား လေထဲ တွင် တစ်ပတ်ပတ်လိုက်သည်။ သူသွားသည့်နေရာတိုင်းတွင် တစ္ဆေမျိုးနွယ်ဝင် များသည် မီးစွဲပြီး ပြာြဖစ်ကြသည်။

“ရွှီး ရွှီး”

ငှက်မျိုးနွယ်အားလုံး ကြီးကြီးငယ်ငယ်ဖြစ်စေ အားလုံးသည် သူတို့၏ မူလအသွင်အပြင်သို့ ပြောင်းကြလေသည်။ တစ်ခဏအတွင်းမှာပင် ငှက်မျိုးနွယ်များသည် ကောင်းကင်တွင် ပြည့်သွားကြသည်။

ငှက်မျိုးနွယ်များ လေထဲတွင် လှည့်ပတ်ပျံသန်းပြီးနောက် မြေပေါ်သို့ ဆင်းသက်ကြကာ ကြက်သွေးရောင်မီးတောက်အား ဦးညွှတ်ကြလေသည်။

“ငှက်မျိုးနွယ်… သူတို့အကုန်လုံး အသွင်ပြောင်းလိုက်ကြပြီ…”

အပြင်မှလူများသည် ထိုမြင်ကွင်းကိုမြင်သောအခါ ကြက်သွေးရောင် မီးတောက်ကို ထိတ်လန့်စွာကြည့်ကြလေသည်။

“ဒါက… အံ့ဖွယ်ဟင်္သာပဒါးရောင်ငှက်ပဲ” လူတစ်ယောက်သည် လွန့်လူးနေသော ဟင်္သာပဒါးရောင်ငှက်ကို ညွှန်ပြလေသည်။

“အံ့ဖွယ်ဟင်္သာပဒါးရောင်ငှက် တကယ်ပဲ”

“ရှီမာယူယူက စီးထားတယ်”

“သူမမှာ စာချုပ်သားရဲ ဘယ်လောက်တောင် ရှိတာလဲ”

“ဒါက… အမြီးရှစ်ချောင်းမြေခွေး၊ ပြီးတော့ မြေခွေးမျိုးနွယ်ရဲ့ ဘုရင်”

“ဒါက ဒဏ္ဍာရီလာဂဠုန်ငှက်ပဲ ဂဠုန်တွေရဲ့ ဘုရင် မဟုတ်သေးဘူး အခု ဂဠုန်တွေရဲ့ဘုရင်က ဟင်္သာပဒါးရောင်ငှက်ပဲ”

“ဘုရားရေ အသားစားပန်းဘုရင် အဲဒါက အရမ်းအားကောင်းတဲ့ ရှောင်ချီ နဲ့ အိမ်မက်လေးပဲ”

“အဲဒီခွေးလေး ကြောက်စရာမျက်လုံးတွေနဲ့ ခွေးပဲ”

“မျက်လုံးလေးလုံးနဲ့ ငှက်လည်းရှိသေးတယ်…”

“….”

ရှီမာယူယူ ကြက်သွေးရောင်မီးတောက် စီးနေသည်ကို မြင်သည်နှင့် ထုတ်လွှတ်သော အပူချိန်သည် တစ္ဆေမျိုးနွယ်ဝင်များ အနားမကပ်နိုင်ကြပေ။ သူမ ဘေးတွင်တန်းစီရပ်နေကြသော တခြားသော ဝိညာဉ်သားရဲများသည် မူလ အသွင်ပြောင်းထားကြကာ ရှောင်ချီနှင့်အိမ်မက်လေးသည်လည်း ပြောင်းထား ရာ တစ်ယောက်ချင်းစီသည် အလွန်အားကောင်းကြသည်။ အတူစုပေါင်း လိုက်ရာ ထိုနေရာတွင်ရှိနေသူများ အားလုံးကိုထိတ်လန့်သွားစေသည်။

***

All Chapters