← Chapters

အပိုင်း (၁၂၈၄)

Vol. 87 Ch. 1284

အပိုင်း (၁၂၈၄)

Vol. 87 Ch. 1284

သိုင်းတာအိုဆွေးနွေးပွဲ၏ ဖိတ်စာသည် အနယ်နယ်အရပ်ရပ်သို့ ပေးပို့ခြင်းခံခဲ့ရ၏။ ဖိတ်ကြားခံရသည့် လူအရေအတွက်သည် မရေတွက်နိုင်အောင် များပြားပြီးနောက် ကျင့်ကြံခြင်းလောက တစ်ခုလုံးကိုပင် လွှမ်းခြုံထား၏။

အဓိကဂိုဏ်းများသည် စုပေါင်း၍ အစီအစဉ် ချမှတ်ခဲ့ပုံပေါ်၏။ တကယ်တမ်း ထိုအရာကို ဆုံးဖြတ်ချက်ချခဲ့သူမှာ ကျွင်းချောင်ရှောင်းနှင့် ပြိုင်စံရှားဂိုဏ်းတို့သာ ဖြစ်သည်။

ထို့ပြင် သိုင်းအင်ပါယာကိုးယောက်တို့သည် ထိုလူအား ကောင်းကင်ယံထက်တွင် ကျေးဇူးတင်စကား ပြောဆိုခဲ့၏။ သူတို့အနေနှင့် လျစ်လျူရှု၍ မရချေ။ လေးစားမှုပြမှ ဖြစ်ပေလိမ့်မည်။ ဖိတ်ကြားခံရခြင်းမှာ ကျိန်းသေပေါက် ကောင်းချီးပေးခြင်းဟုပင် သတ်မှတ်၍ရနိုင်၏။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း၏ ဂုဏ်သိက္ခာသည် လက်ရှိ အင်ပါယာကိုးယောက်နှင့်ပင် နှိုင်းယှဉ်၍ ရနိုင်၏။ သို့ပေမဲ့ သိုင်းတာအိုဆွေးနွေးပွဲအကြောင်းကို တစ်လောကလုံးက ဆွေးနွေးနေသည့် အချိန်မှာပဲ ကျွင်းချောင်ရှောင်းမှာတော့ တောင်ပိုင်းပင်လယ်ဆီသို့ ခရီးနှင်လျက် ရှိနေသည်။

အထင်မမှားရန်တော့ သတိချပ်သင့်သည်။ သူ့အနေဖြင့် ဖိတ်စာသွားပို့ခြင်းသာ ဖြစ်၏။

ပင်လယ်ဒေသ သုံးခုသည်လည်း အဓိကကုန်းမြေတိုက်ကြီးတွင် ပါဝင်သည့် အရာများဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် သွားရောက်၍ ဖိတ်ကြားမှ ဖြစ်ပေလိမ့်မည်။ တခြားသော ရည်ရွယ်ချက်တော့ မရှိချေ။

ဤကိစ္စအား ဂိုဏ်း၏ အကြီးအကဲများကို စေလွှတ်လိုက်လျှင် မပြည့်စုံဖူးလား ၊ အဘယ့်ကြောင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရသနည်း။

ရွေးချယ်ရန် မရှိချေ။ ရှေးသင်္ဘောကြီးသည် အလွန်မြန်ဆန်လွန်းလှ၏။ သူ့အနေဖြင့် ဤအရာကို အသုံးပြု၍ သွားပါက ပိုမို၍ မြန်ဆန်ပေလိမ့်မည်။

တပည့်များသာ သွားမည်ဆိုလျှင် အချိန်နှစ်လလောက် ကြာမြင့်မှာဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း အနေဖြင့် လူကိုယ်တိုင် သွားရောက်ကာ ခေါ်ရန်စဉ်းစားခဲ့ခြင်းပင် ဖြစ်၏။

တခါတည်း ခေါ်ဆောင်လာမှသာလျှင် တစ်ဖက်လူများသည် ဤပွဲကို တက်ရောက်ရန် အခွင့်အရေးရရှိမှာ ဖြစ်၏။ မဟုတ်လျှင် ဆွေးနွေးပွဲ ပြီး၍ မေ့သလောက် ရှိမှသာလျှင် တစ်ဖက်လူများ ရောက်ရှိလာနိုင်သည်။

အဓိကကုန်းမြေတိုက်ကြီးတွင် ရှိသော သိုင်းကျင့်ကြံသူများမှာတော့ ရွက်သင်္ဘောကြီးကို စီးနှင့်ခွင့်မရချေ။

တောင်ပိုင်းပင်လယ်တုနယ်မြေ ……..။

ချီရှင်းနန်းတော်၏ သိုင်းလေ့ကျင့်ရေး ကွင်းပြင်ရှေ့တွင် မတ်တပ်ရပ်လိုက်တော့၏။ ပတ်ဝန်းကျင်တွင် ရှိနေသော သိုင်းတပည့်များသည် မျက်လုံးပြူး မျက်ဆံပြူးနှင့် ထိတ်လန့်တုန်လှုပ်လျက် ဖြစ်နေတော့၏။

"ဟာ … ဟိုမယ် သင်္ဘောတစ်စင်း"

ဤအရာသည် အမှန်ပင် ပျံသန်းနိုင်စွမ်း ရှိလို့နေ၏။ သို့ပေမဲ့ ဤအရာသည် အရေးမကြီးလှချေ။ အရေးကြီး သည်မှာ …….

ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်သည်။ "နန်းတော်သခင်လျို …. ခင်ဗျားအနေနဲ့ ကျုပ်ကိုယ်တိုင် သင်္ဘောကြီးနဲ့ လာပြီးပင့်ဖိတ်ရသည့်အတွက် ရင်ထဲမှာ ပြောမပြတတ်အောင် ခံစားနေရပြီလား"

နဂါးစိမ်းဓားမော့ကြီး၏ အောက်တွင် ရောက်ရှိနေသော ချီရှင်းနန်းတော်သခင်သည် မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားခဲ့၏။ သူသည် အစစ်အမှန်ပင် စိတ်ထိခိုက်သွားမိ၏။

သူသည် စိတ်လိုက်မာန်ပါ မလုပ်ရဲချေ။ တည်နေရာ၏ အနီးတွင် ရှိနေကြသော ဘိုးဘေးအကြီးအကဲ ခုနှစ်ယောက်တို့သည် နာကျင်စွာနှင့် မြေပေါ်တွင် လူးလိမ့်လျက် ရှိနေကြ၏။ ၎င်းတို့သည် ဝမ်းဗိုက်ကို ဆုပ်ကိုင်ထားကြသည်။ ကြည့်ရသည်မှာ ကုန်းရှန့်နှင့် ပြဿနာတတ်ပြီးသည့်နောက် ရိုက်နှက်ခံရခြင်းပင် ဖြစ်ပေလိမ့်မည်။

သူတို့အား အပြစ်တင်၍ မရချေ။ အဓိကကုန်းမြေတိုက်ကြီးဆီမှ ရောက်ရှိလာသော ကျွင်းချောင်ရှောင်းသည် ချီရှင်းနန်းတော်ဆီသို့ ရောက်ရှိလာပြီးနောက် အဓိကကုန်းမြေဆီသို့ လိုက်ပါလာရန် တစ်ခါတည်းတောင်းဆိုခဲ့၏။

ဤနေရာတွင် ရှိနေသော သတ္တိရှိပြီး ရဲရင့်လှသည့် လူများသည် ထိုသို့မောက်လာစွာ လာရောက်ပြောဆိုခြင်းအား သည်းခံလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့်ပင်လျှင် ဘိုးဘေးအကြီးအကဲကြီး ခုနှစ်ယောက်တို့သည် ဤကဲ့သို့ အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် ၎င်းတို့၏ အားအင်အစစ်အမှန်ကို ပြသခဲ့ပြီး ဖြစ်၏။ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်မှာတော့ ပြိုင်ဖက်ကင်းဆိုသည့်အရာသည် မည်သည့်အရာဖြစ်ကြောင်း ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးနေ၏။

၎င်းတို့အားထားရသော အစီအရင်သည် ချိုးဖျက်ခံရုံသာမက ၎င်းတို့၏ ခပ်ထန်လျက်ရှိနေသော စိတ်များသည်လည်း ပျော့ပြောင်းသွားခဲ့ရသည်။

"ကျေးဇူးပြုပြီး…."

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားမော့ကြီးကို ပြန်ရုပ်သိမ်းပြီး ထူးမခြားနားသလို ပြောလိုက်၏။

ဟင်း …….

နန်းတော်သခင်လျိုသည် သက်ပြင်းကိုချကာဖြင့် ရွက်သေင်္ဘာကြီးဆီသို့ လျှောက်သွားလိုက်သည်။

သင်္ဘောပေါ်သို့ တက်ရန်ပြင်နေစဉ်မှာပဲ ကျွင်းချောင်ရှောင်းက လှမ်းပြောလိုက်၏။ "ကျုပ် ဒီကိုလာရတဲ့ ခရီးစဉ်အတွက် ပိုက်ဆံပေးစရာမလိုဘူးဆိုပေမဲ့ ဒီကနေပြီးတော့ အဓိကကုန်းမြေဆီသွားတဲ့ခရီးမှာတော့ ပိုက်ဆံပေးစရာလိုတယ်။ လူတစ်ယောက်ကို သဘာဝစိတ်ဝိညာဉ် ကျောက်တုံး တစ်သိန်းတိတိ ကုန်ကျတယ်။ ဒါက လုပ်ငန်းအသေးလေးဆိုတော့ လျော့ပေးဖို့ မပြောနဲ့တော့နော်"

"…..."

နန်းတော်သခင်လျို၏ နှုတ်ခမ်းသည် တုန်ယင်သွားခဲ့၏။ တစ်ဖက်လူသည် ကျိန်းသေပေါက် သူ့အား ငွေလာညစ်ခြင်းပင် ဖြစ်၏။ သူ့အနေဖြင့် ပြန်၍လည်း ပြောလို့မရနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် သင်္ဘောကြီးကို မောင်းနှင်ရာတွင် စွမ်းအင်များ ကုန်ဆုံးလှ၏။

ထို့ကြောင့် အားသွင်းပြီးတော့ မောင်းမှသာလျှင် အဆင်ပြေသည်။ ဈေးကြီးလှသည် ဆိုသော်လည်း မြန်မြန်ဆန်ဆန်နှင့် အဓိကကုန်းမြေတိုက်ကြီးကို ရောက်ရှိသည်ဆိုသည်မှာ ထိုက်တန်သည်ဟု ဆိုရမည်။

"ဟိုလူခုနှစ်ယောက်"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ခင်ဗျားတို့လည်း တက်ကြ"

"ဂိုဏ်းချုပ်ကျွင်း … ချီရှင်းနန်းတော်ကို ကိုယ်စားပြုတဲ့ ကျုပ်တစ်ယောက်တည်းနဲ့ အဆင်ပြေနေပါပြီ။ သူတို့က …"

နဂါးစိမ်းလဓားမော့ကြီးသည် သူ၏ ပုခုံးထက်သို့ ထပ်မံရောက်ရှိလာ၏။

ထိုအချိန်မှာတော့ နန်းတော်သခင်လျိုသည် သူ၏ စကားကို ပြောင်းလဲလိုက်သည်။ "ဘိုးဘေးအကြီးအကဲတို့ ကျေးဇူးပြုပြီးတော့ သင်္ဘောပေါ်ကို မြန်မြန်တက်ကြပါ"

ထို့ကြောင့် နန်းတော်သခင်နှင့် ဘိုးဘေးအကြီးအကဲ ခုနှစ်ယောက်တို့သည် ရှေးရွက်သင်္ဘောကြီး၏ ပင့်ဖိတ်ခြင်းကို ခံခဲ့ရတော့သည်။ စုစုပေါင်း လူရှစ်ယောက်စာအတွက် စိတ်ဝိညာဉ်ကျောက်တုံး ရှစ်သိန်းလည်း ကုန်ကျသေးသည်။

ငါ့ရဲ့ သင်္ဘောာက အနည်းဆုံး လူတစ်ထောင်ကျော်လောက် ဆန့်တယ်။

တစ်ခြားဂိုဏ်းဆီသို့ သွားရာလမ်းတွင်တော့ ကျွင်းချောင်ရှောင်းသည်တွေးလိုက်မိ၏။ လူတစ်ယောက် ကို စိတ်ဝိညာကျောက်တုံး တစ်သိန်းဆိုရင် လူတစ်ထောင်ဆန့်တယ်ဆိုရင် သန်းတစ်ရာမဟုတ်လား။

“………”

စနစ်က ပြောလိုက်သည်။ "တကယ့်ကို ငွေညစ်တဲ့ကောင်ပဲ"

ကျွင်းချောင်ရှောင်းအနေဖြင့် လောဘမကြီးချေ။ သူ့အနေဖြင့် ထိုက်သင့်သည့်အရာကိုသာ တောင်းဆိုခဲ့ခြင်း ဖြစ်၏။

ဥပမာဆိုလျှင် အခြားသော အဆင့်နိမ့်ဂိုဏ်းများဆိုလျှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းသာ ကုန်ကျ၏။ တောင်ပိုင်းပင်လယ်တစ်ခုလုံးကို လှည့်လည်ခရီးသွားပြီးနောက် ရှေးရွက်သင်္ဘောကြီးသည် ဂိုဏ်းအသီးသီးမှ အကြီးအကဲတို့ကို ခေါ်ဆောင်လာခဲ့တော့သည်။

"မြန်လိုက်တာ၊ ငါတစ်နေ့မှာ ဒီလိုအကန့်အသတ်မဲ့တဲ့ ပင်လယ်ကို ဒီလိုရွက်သင်္ဘောကြီး စီးပြီး ခရီးသွားနိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းကျတာ တန်ပါတယ်လေ"

များပြားလှသော ဂိုဏ်းအသီးသီးမှ အကြီးအကဲများ အားလုံးသည် ကျယ်ပြောလှသော သမုဒ္ဓရာကြီးကို ငုံ့ကြည့်ကာဖြင့် အလွန်မြန်ဆန်လှသော အရှိန်ကို ခံစားလျက် ရှိနေတော့၏။

နန်းတော်သခင်လျိုနှင့် ဘိုးဘေးအကြီးအကဲကြီး ခုနှစ်ယောက်တို့မှာတော့ သင်္ဘော၏ အလွန်မြန်ဆန်လှသော အရှိန်ကို ကြည့်ရှုပြီး ရင်နာနေကြသည်။

အနောက်ပိုင်းပင်လယ်၊ အင်မော်တယ်တစ်သောင်းအဖွဲ့အစည်း ……။

ရှေးရွက်သင်္ဘောကြီးသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်သို့ ရောက်ရှိလာချိန်မှာတော့ မဟာမိတ် ခေါင်းဆောင်ဟန်သည် အလောတကြီးနှင့် ထွက်လာသည်။ သူ၏ နောက်တွင် အဆင့်မြင့်အကြီးအကဲများလည်း ပါဝင်နေ၏။

၎င်းတို့သည် အဓိကကုန်းမြေတိုက်ကြီး၏ ပွဲအကြောင်းကို သိရှိပြီးနောက်မှာတော့ ချက်ချင်းပင် သဘောတူညီလိုက်ကြ၏။ ပြီးနောက် ၎င်းတို့သည် လိမ်လိမ်မာမာနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ကမ်းပေးခဲ့သေးသည်။

ဤအလိုက်သိမှုသည် ကျွင်းချောင်ရှောင်းအား စိတ်ချမ်းသာရစေ၏။ အနောက်ပိုင်းပင်လယ်တွင်ရှိသော အကြီးအကဲတို့ဆီမှ စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်ကို ရရှိပြီးနောက် ကျွင်းချောင်ရှောင်းသည် အရှေ့ပိုင်းပင်လယ်ဆီသို့ ထပ်မံကာ သွားရောက်ခဲ့၏။

ပြီးသည့်နောက်မှာတော့ အင်ပါယာသုံးခုဆီမှ အင်ပါယာများအား တစ်ခါတည်း ပင့်ဖိတ်ခဲ့တော့သည်။ လူတော်တော်များသောကြောင့် လူများမှာ အနည်းဆုံး သုံးထောင်ကျော်ခန့်ပင် ရှိလို့နေသည်။

ဤလူအားလုံးသည် ပင်လယ်ဒေသအား ကိုယ်စားပြုသော လူများပင် ဖြစ်ကြ၏။

"အားလုံးပဲ"

ကုန်းမြေတိုက်ကြီးဆီသို့ ပြန်လာရာလမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်နှင့် ပြောလိုက်၏။ "သိုင်းတာအိုဆွေးနွေးပွဲက နောက်နှစ်လနေမှ ကျင်းပမှာ။ ခင်ဗျားတို့ ရောက်တဲ့အချိန်မှာ သံမဏိအရိုးတောင်ရဲ့တောင်ခြေမှာ နေလို့ရတယ်။ ကျေးဇူးပြုပြီး အစားအသောက်နဲ့ နေထိုင်ဖို့ကတော့ ကိုယ့်စားရိတ်နဲ့ ကိုယ်ပေါ့..."

အားလုံး၏ မျက်နှာများသည် စိတ်ဝင်စားမှုများနှင့် ပြည့်နှက်သွား၏။ ဤရွက်သင်္ဘောကြီးသည် အလွန်တရာ မြန်ဆန်လွန်းလှ၏။ အဓိကကုန်းမြေဆီသို့ တစ်ရက်မကြာခင်ပင် ရောက်မှာသေချာ၏။

"သံမဏိအရိုးတောင်မှာ ပိုက်ဆံဖြုန်းဖို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ခေါ်လာတာလား မသိဘူး"

ဝှစ်

ရှေးရွက်သင်္ဘောကြီးသည် ကောင်းကင်ယံထက်တွင် အလွန်မြန်ဆန်လှသော အရှိန်နှုန်းဖြင့် သွားရောက်လျက် ရှိပြီးသည့်နောက်မှာတော့ အရှေ့တောင်ရန်ကျူး ချင်းယန်နိုင်ငံသို့ နာရီအနည်းငယ်အတွင်း ရောက်ရှိလာသည်။

"ခင်မင်ရပါသော ဧည့်သည်တို့ ….အခြေအနေက ဒီလိုပါပဲ။ အထဲမှာ နေရာလွတ်တွေ အများကြီးရှိပါတယ်"

အဒေါ်ဝမ်သည် သူ၏ စားသောက်ဆိုင်အပြင်ထွက်ကာဖြင့် အားလုံးကို ကြိုဆိုလိုက်၏။ ပြည်နယ်သုံးခုဆီမှ အကြီးအကဲတို့သည် အထဲသို့ ဝင်ရောက်သည့်အခါမှာတော့ သူမက တီးတိုးေ"ခွေးကောင်လေး … တမင်တကာ ဒီလူတွေကို ခေါ်လာတာပဲ ဖြစ်ရမယ်"

"အဒေါ်ဝမ်"

ကျွင်းချောင်ရှောင်းက တီးတိုးပြောလိုက်၏။ "ဒီလူတွေအားလုံးက တဖက်ပင်လယ်ဆီက အရေးကြီးတဲ့ လူတွေပဲ။ သူတို့ ဒီမှာ နှစ်လကျော်ကြာအောင် နေလိမ့်မယ်"

ပြီးသည်နောက်မှာတော့ သူသည် ပိုက်ဆံဆိုသည့် သင်္ကေတအား လက်အမူအရာဖြင့် ပြလိုက်သည်။ "ကျုပ်ဆိုလိုတာ နားလည်တယ်မလား"

ပင်လယ်ဒေသဖက်မှ ကျွမ်းကျင်သူများသည် ထိုအချင်းအရာကို မြင်လိုက်ရသည့် အချိန်မှာတော့ ချက်ချင်းပဲ နားလည်လိုက်ကြ၏။ တစ်ဖက်လူသည် သူတို့အား ပိုက်ဆံသုံးဖြုန်းရန်အတွက် ရည်ရွယ်ချက်ရှိရှိနှင့် ခေါ်ဆောင်လာခြင်းပင် ဖြစ်ပေ၏။

သို့ပေမဲ့ အဒေါ်ဝမ်သည် တကယ့်ကို ကျွမ်းကျင်လှသော စီးပွားရေးသမား ဖြစ်၏။ သူမအနေဖြင့် ဈေးကို မတိုးမြင့်ခဲ့သည့်အပြင် အားလုံးအား မနက်စာ အလကားကျွေးသည် ဝန်ဆောင်မှုပါ တိုးလိုက်သေးသည်။

သံမဏိအရိုးတောင်သည် အရှေ့တောင်အရပ်တွင် တကယ့်ကို စည်းကားလှသော ဈေးကြီးတစ်ခုလည်း တည်ရှိလို့နေ၏။အဘယ့်ကြောင့်ဆိုသော် ထိုရွာထဲတွင် များပြားလှသည့် သိုင်းပညာနှင့် ပတ်သက်သည့် အရင်းအမြစ်များကို ရောင်းချသည့် ဆိုင်များ တည်ရှိနေသောကြောင့်ပင် ဖြစ်၏။

ပင်လယ်ဒေသဆီမှ ရောက်ရှိလာသော ကျွမ်းကျင်သူများသည် ဤနေရာသို့ ရောက်ရှိပြီးနောက် အခန်းထဲတွင် တနေကုန်မနေကြချေ။ ၎င်းတို့ လုပ်စရာမရှိသည့် အချိန်တွင် မြို့ထဲသို့ လှည့်လည်ကာ သွားရောက်ကြ၏။ ပြီးသည့်နောက် ၎င်းတို့အိတ်ထဲမှ ပိုက်ဆံများ အားလုံးသည် ထန်မိသားစုဆေးဆိုင်ဆီသို့ ရောက်ရှိကုန်တော့သည်။

"ဂိုဏ်းချုပ်"

နောက်တစ်ရက်မှာပဲ ယွမ်ဖန်သည် လာရောက်ကာ သတင်းပို့တော့သည်။ "ဂိုဏ်းချုပ်ခေါ်လာတဲ့ လူတွေက တစ်ကယ့်ကို ရက်ရောတဲ့လူတွေပဲ။ ထန်မိသားစုဆေးဆိုင်မှာ မနေ့က စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းကျော်လောက် သုံးခဲ့တယ်"

All Chapters