အပိုင်း (၁၂၈၅)
Vol. 87 Ch. 1285
ပင်လယ်ဒေသဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် အမှန်ပင် ချမ်းသာလွန်းလှ၏။ ထို့အပြင် လက်ဖွာလွန်းလှ သည်ဟုလည်း ဆိုရမည်။ အဘယ့်ကြောင့်ဆိုသော် ထန်မိသားစုဆေးဆိုင်ထဲမှ ရောင်းချသည့်ဆေးလုံးများသည့် တကယ့်ကို အံ့အားသင့်စရာကောင်းလွန်းလှ၏။ အထူးသဖြင့် ဒဏ်ရာများအား မြန်မြန်ဆန်ဆန်ပြန်လည်ကောင်းမွန် စေသည့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဤနေရာသို့ ရောက်ရှိလာ သည်ဆိုသည်နှင့် ကောင်းမွန်လှသည့်ဆေးလုံးများကို မြင်ပြီး မည်သို့မျှငွေမသုံးဘဲ မနေနိုင်တော့ချေ။ ထိုအရာများ အားလုံးကို ဝယ်ယူလျက်ရှိနေတော့၏။ သံမဏိအရိုးမြို့တစ်ခုလုံးသည် ကြီးမားသည့် အကျိုးအမြတ်ကို ရရှိလျက် ရှိနေ၏။
“အချိန်ရောက်ပြီပဲ။”
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲရှိ ထိုင်ခုံပေါ်တွင် အသာလှဲပြီးသည့်နောက် စားပွဲပေါ်သို့ ခြေထောက် ကိုတင်ကာ ပြောလိုက်သည်။
“တပည့်အရေအတွက် ပြည့်မီအောင် ခဏစောင့်ပြီး ပထမအဆင့်ဂိုဏ်းအထိ အဆင့်မြှင့်တင်နိုင်အောင် လုပ်ရမယ်။ ပြီးရင် တစ်ခါတည်း သိုင်းတာအိုဆွေးနွေးပွဲကို ကျင်းပရမယ်။ ဟုတ်တယ်။ ငါ့အနေနဲ့ သိုင်းအင်ပါယာ ကိုးယောက်ကိုလည်း သတင်းပေးရအုံးမှာပဲ။”
တခြားသူများသည် မလာလျှင် ကိစ္စမရှိသည်ဆိုသော်လည်း သိုင်းအင်ပါယာ ကိုးယောက်မှာတော့ မဖြစ်မနေ လာကို လာရပေမည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ထိပ်တန်းစွမ်းအားရှင်များဟု အသိအမှတ်ပြုထားပြီးသား လူများဖြစ်နေသည်မဟုတ်လား။
ကျွင်းချောင်ရှောင်းသည် အနားမယူခဲ့ချေ။ ချက်ချင်းပဲ ဂိုဏ်းထဲမှ ပျံသန်းထွက်ခွာသွားခဲ့တော့၏။ ပြီးသည့်နောက်မှာ တော့ သိုင်းအင်ပါယာကိုးယောက်တို့ တည်ရှိနေသည့်နေရာအား စိတ်ဝိညာဉ်စွမ်းအင်များဖြန့်ကျက်ကာ သေသေ ချာချာ ကြည့်ရှုကာ ရှာဖွေလိုက်၏။
“ဂိုဏ်းချုပ်ကျွင်း …. ကျေးဇူးပြုပြီး စိတ်ချပါ။”
လှပလွန်းသော နေရာတစ်ခုမှာတော့ စိတ်ဝိညာဉ်အင်ပါယာသည် ၎င်း၏ လျှို့ဝှက်ခန်းထဲတွင် လေ့ကျင့်လျက်ရှိနေ၏။ သူက ပြောလိုက်သည်။ “အချိန်ရောက်လာပြီဆိုရင် ကျိန်းသေပေါက် လာခဲ့ပါမယ်။”
အခြားသော အင်ပါယာရှစ်ယောက်တို့ကလည်း သတင်းကို ရရှိပြီးနောက်မှာတော့ ချက်ချင်းပဲ ပြန်လည်ကာ ပြောဆိုလိုက်၏။ “ကျုပ်တို့ လာခဲ့ပါ့မယ်။”
သို့ပေမဲ့ ၎င်းတို့အားလုံးသည် ကြိတ်ကာ စဉ်းစားလျက်ရှိနေမိသည်။ “ငါတံခါးပိတ်ကျင့်ကြံနေတဲ့နေရာက တကယ့်ကို လျှို့ဝှက်တဲ့ နေရာပဲ။ သူဘယ်လိုလုပ်ပြီး ရှာတွေ့တာလဲ။”
အရာအားလုံး အခြေကျပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းဆီသို့ ပြန်လာခဲ့သည်။ဂိုဏ်းထဲသို့ ဝင်ရောက်ခါစ အမျိုးသမီးတပည့်များအား သင်ကြားလျက်ရှိနေသည့် လုချင်းချင်းအား မြင်လိုက်ရချိန်မှာတော့ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
အချက်အလက်အားဖြင့် ဤမိန်းကလေးသည် ဂိုဏ်းအား သူမ၏ အိမ်တစ်ခုအဖြစ် မသတ်မှတ်သေးပေ။ သို့ပေမဲ့ သူမ၏ ကိုယ်ရည်ကိုယ်သွေးအရ ဤတည်နေရာနှင့် တဖြည်းဖြည်း အသားကျလာခဲ့ပုံပေါ်၏။ ဤတစ်ကြိမ် ထိုက်ရွှမ်အဘိုးအို၏ လှိုဏ်ဂူထဲမှ ပြန်လည်ထွက်ခွာလာပြီးသည့်နောက်မှာတော့ သူမသည် အတွင်းရော၊ အပြင်ရော နှစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီဟု ဆိုရမည်။
“စီနီယာအစ်မကြီး …. ခုနက လျှောက်သွားခဲ့တာက ဂိုဏ်းချုပ်မဟုတ်လား။”
“ဟုတ်တယ်။”
“ကောင်းကင်ဘုံ …. သူက ချောလိုက်တာ။ လမ်းလျှောက်ပုံကိုက ခန့်ညားလွန်းတယ်။”
“ဒါပေမဲ့ ဘာလို့ဆံပင်မရှိရတာလဲ။”
တပည့်သစ်များ၏ သူ့အကြောင်း တီးတိုးပြောဆိုနေမှုများကို နားထောင်ပြီး သဘောအကျကြီးကျလျက် ပြုံးပြုံး ၊ ပြုံးပြုံးနှင့် အဓိကဟောခန်းဆီသို့ လှမ်းလျှောက်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ မြေပေါ်သို့ လဲကျလုမတတ် ဖြစ်သွားရ၏။ ထိုအရာမျိုးကိုသူ သည်းမခံနိုင်ချေထို့ကြောင့်ဒေါသတကြီးဖြင့် တောင်အနောက်ဘက်ဆီသို့ လှမ်းလျှောက်သွားခဲ့၏။
နှောင့်နှေးခြင်းမရှိဘဲနှင့် အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲသို့ လှမ်းကာ ဝင်လိုက်သည်။ ပြန်လည်ထွက်ခွာ လာသည့်အချိန်မှာတော့ သူ၏ ခေါင်းအထက်တွင် ခါးလောက်ရှိသည့် ဆံပင်ရှည်များနှင့် ပြည့်နှက်နေခဲ့ပြီဖြစ်သည်။ သူသည် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။သူ့အား လာစမ်း၍ မရချေ။
…….
တစ်လခန့်ကြာပြီးသည့်နောက်မှာတော့ နင်ညီအစ်ကိုတို့၏ ဦးဆောင်မှုအောက်တွင် တပည့်ခေါ်ယူမှု သည် ပြန်လည်ကာ စတင်လာခဲ့၏။ လူသိရှင်ကြားကြေညာထားခဲ့သောကြောင့် များပြားလှသည့်လူငယ် လူရွယ်များအားလုံးသည် ဂိုဏ်းစစ်ဆေးမှုတွင် လာရောက်ကာ ဖြေဆိုကြသည်။
ထိုသူများထဲတွင် လောကပုန်ကန်နတ်ဂိုဏ်း၏ သခင်လေး အောင်းဝူရှန်းလည်း ပါဝင်လျက်ရှိနေတော့သည်။ ဟုတ်ပေသည်။ သူသည် ဂိုဏ်းထဲက ထွက်ခွာပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်၏သား .. သခင်လေးဆိုသည့် ဂုဏ်ပုဒ်သည် ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း နားလည်ပြီးဖြစ်၏။ သူသည် သာမန်လူများကဲ့သို့ပင် စမ်းသပ်မှုကို ဝင်ရောက်ဖြေဆိုရမှာဖြစ်၏။
………
ပြိုင်စံရှားဂိုဏ်း
ရှည်လျားလွန်းလှသော လှေကားထစ်များကို ဆက်လျှောက်ပြီးသည့်နောက်မှာတော့ အောင်းဝူရှန်းသည် တောင်၏ အဝင်ဝတည်နေရာတွင် မတ်တပ်ရပ်လိုက်၏။ ပြီးသည့်နောက် အနီရောင်ဂိတ်တံခါးတွင် ရေးထိုးထားသော ပြိုင်စံရှားဂိုဏ်း ဟူသည့် အရာအား လှမ်းကာ ကြည့်ရှုလိုက်သည်။
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပြောလိုက်၏။ “ကျုပ်ဒီနေရာကို ရောက်လာပြီ။ ကျိန်းသေပေါက် စာမေးပွဲကို အောင်အောင်ဖြေရမယ်။”
“အောင်းဝူရှန်း … သခင်လေးအောင်း ဟုတ်တယ်မလား။”
နင်တုရှင်းသည် သူ့အား လှမ်းခေါ်ကာ ပြောလိုက်၏။ “ခင်ဗျားက အဓိကတည်ရှိသူတစ်ယောက်ဖြစ်တာကြောင့်မလို့ အထူးစမ်းသပ်မှုကို ဖြေဆိုရမယ်လို့ ဂိုဏ်းချုပ်က ပြောထားတယ်။ ကျေးဇူးပြုပြီး ပြိုင်စံရှားဂိုဏ်းထဲကို အရင်ဝင်ပါအုံး။”
“အထူးစမ်းသပ်မှုဟုတ်လား။”
အောင်းဝူရှန်းသည် အနည်းငယ် မျက်မှောက်ကုတ်သွား၏။ ပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်းထဲသို့ လျှောက်ဝင်လိုက်သည်။ ဂိုဏ်းထဲသို့ လျှောက်ဝင်ပြီးသည့်နောက်မှာတော့ သိုင်းလေ့ကျင့်ရေး ကွင်းပြင်နေရာတွင် ဂုဏ်ယူစွာဖြင့် မတ်မတ်ရပ်လျက်ရှိ၏။
အဓိကဟောခန်း၏ရှေ့မှာတော့ ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို အသာပိုက်ကာဖြင့် ပြုံးကာ ကြည့်လိုက်သည်။ “မင်းတကယ်ရောက်လာပြီလား။”
“ဂိုဏ်းချုပ်ကျွင်း”
အောင်းဝူရှန်းသည် ရင်ကိုကော့ကာဖြင့် ပြောလိုက်၏။ “ကျေးဇူးပြုပြီး စမ်းသပ်မှုကို စတင်ပါတော့။”
နဂါးကျားတိုက်ပွဲတွင် ရီရှင်းချန်၏ ပက်ပက်စက်စက် ရိုက်နှက်ခြင်းကို ခံရပြီးသည့်နောက်မှာတော့ သူသည် သူ၏ အကန့်အသတ်ကို နားလည်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူ၏ မောက်မာမှု၊ ဂုဏ်ယူမှုများအားလုံးသည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
လူငယ်ဆိုသည်မှာ ဤသို့ပင်ဖြစ်တော့၏။ မျက်ကန်းတောတိုး ယုံကြည်မှုမျိုးကိုလည်း တည်ရှိနေ၏။ ထို့ကြောင့် မောက်မာမှုများဆိုသည်မှာ ငယ်ရွယ်သည့်အသက်အရွယ်၌ တည်ရှိနေခြင်းမှာ သာမန်သာဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းက နဂါးကျားပြိုင်ပွဲကိုတောင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတယ်ဆိုတော့ တကယ့်ကို ကောင်းမွန်တဲ့ ပင်ကိုယ်စွမ်းရည် နှင့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်ပြီးသားလေ။ ဒီတော့ မင်းကို စမ်းသပ်မှုက သာမန်အတိုင်းဖြစ်မှာမဟုတ်ဘူး။ ဒီတော့ ….”
ဖြောက်
သူသည် လက်ဖျောက်တစ်ချက် တီးလိုက်၏။
ဘုတ် ဘုတ် ဘုတ်
ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ဒါဇင်ကျော်တို့သည် အဓိကတိုက်ခိုက်ရေးတည်နေရာဆီသို့ လှမ်းလျှောက်လာခဲ့ကြ၏။ ပြီးသည့်နောက်မှာတော့ စီတန်းကာ ရပ်လျက်ရှိနေသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီထဲက ကြိုက်တဲ့ ၃ ယောက်ကို ရွေးပြီးတော့ ၃ ပွဲပြိုင်လိုက်။ ၁၅ မိနစ်အတွင်း မရှုံးဘူးဆိုလို့ရှိရင် အောင်မြင်ပြီ။”
“အဲလောက်ရိုးရှင်းတာလား။”
“အရမ်းရိုးရှင်းတာပေါ့။”
အောင်းဝူရှန်း၏ မျက်နှာသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။ ပြီးသည့်နောက်မှာတော့ သူသည် ရှေ့တွင် ရှိသော တပည့်များကို သတိတကြီးနှင့် လှမ်း၍ ကြည့်ရှုလိုက်သည်။ “သူတို့က အရမ်းအားကောင်းတာလား။”
၎င်းတို့သည် အားကောင်းရုံတင်မကပေ။ အဘယ့်ကြောင့်ဆိုသော် လီထျန်းထျန်း၊ စီမာကျုံးတ၊ လင်းကျန့်ဟန်နှင့် တခြားသော တပည့်များဖြစ်သောကြောင့်။ ဤလူများအားလုံးသည် ပြိုင်စံရှားဂိုဏ်း၏ အကောင်းဆုံးတိုက်ခိုက်နိုင်စွမ်းရှိသည့် ဒုတိယမြောက်အဖွဲ့ပင် ဖြစ်၏။
မည့်သူ့ကိုရွေးရွေး ကျိန်းသေပေါက် ဆိုးရွားသည့် အခြေအနေမျိုးကို ရောက်ရှိမှာသေချာသည်။
“ဂိုဏ်းချုပ်ကျွင်း”
အောင်းဝူရှန်းသည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။ “ရီရှင်းချန်ကို ရွေးလို့ရနိုင်လား။”
ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “သူ့ကို ဘာလို့ ရွေးချင်တာလဲ။”
“ဘာလို့လဲဆိုတော့”
အောင်းဝူရှန်းသည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်သည်။ “ကျုပ် ကျဆုံးခဲ့တဲ့ နေရာကနေ ပြန်စချင်လို့ပါ။”
“ကောင်းပြီ။”
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ ပြောလိုက်သည်။ “ငါ မင်းရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးလိုက်မယ်။ ရှင်းချန် ထွက်ပြီးတော့ မင်းရဲ့ ဧည့်သည်ကို ကြိုဆိုလိုက်အုံး။”
…
အဓိကတောင်ထွတ်
သိုင်းလေ့ကျင့်ရေးကွင်းပြင်မှာတော့ ရီရှင်းချန်သည် အေးစက်စက်အမူအရာဖြင့် လှမ်းလျှောက်လာခဲ့သည်။ သူသည် မျက်မှောင်ကြုတ်လျက်ရှိနေတော့သည်။ သူသည် အလွန်တရာ မပျော်မရွှင်ဖြစ်လို့နေတော့သည်။
နဂါးကျားတိုက်ပွဲတွင် ရှုံးနိမ့်သည့်အမှိုက်တစအား သူသည် သွားရောက် တိုက်ခိုက်ရပေမည်။ အဘယ့်ကြောင့် သူ့အား တိုက်ခိုက်ရန် ရွေးချယ်ခဲ့ရသနည်း။ သူသည် အလွန်အမင်းအားနည်းနေသည်မို့လား။ သို့မဟုတ် သူ့အား အားယားနေသည်ဟု ထင်မှတ်နေသည်လား။
ရီရှင်းချန်လျှောက်လာသည်ကို မြင်ရသည့်အချိန်မှာတော့ အောင်းဝူရှန်း၏ နဖူးပေါ်တွင် ချွေးသီးများ ပြန်လာခဲ့၏။ သူ၏ လက်နှင့်ခြေထောက်များအားလုံးသည် တုန်ယင်လျက်ရှိနေတော့သည်။ အတိတ်က ကိစ္စများကို သူသည် မည်သို့မျှ မမေ့နိုင်ချေ။ သူ၏ နှလုံးသားထဲတွင် ညအင်ပါယာသည် အကြိတ်အခဲကြီးအဖြစ် တည်ရှိလို့နေခဲ့သည်။
ထိုသို့ဆိုလျှင် အဘယ့်ကြောင့် ညအင်ပါယာအား စိန်ခေါ်ခဲ့ရသနည်း။ အဘယ့်ကြောင့်ဆိုသော် သူ၏ ရင်ထဲတွင်ရှိနေသော အကြိတ်အခဲကြီးကို ဖျက်ဆီးပြီး အစစ်အမှန်လွတ်လပ်မှုကို ရရှိချင်သောကြောင့်ပင်။
“လာခဲ့။”
အောင်းဝူရှန်းသည် သတ္တိမွေးကာဖြင့် အော်ဟစ်လိုက်၏။
ဘုန်း
သူပြောပြီးပြီးချင်းမှာပဲ ရီရှင်းချန်သည် ရှေ့ဆီသို့ ရောက်လာပြီး သူ၏ မျက်နှာအား ရိုက်နှက်တော့သည်။
…
လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများအားလုံးသည် အကူအညီမဲ့စွာဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်မိ၏။
ဘုန်း ဘုန်း ဘုန်း
သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် ပေါက်ကွဲသည့်အသံများ ထွက်ပေါ်လျက်ရှိ၏။ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများသည် လှိုင်းထလျက်ရှိနေ၏။ ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးသည်လည်း လေများတဟူးဟူးနှင့် တိုက်ခတ်နေသည်။
မိနစ်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် ရုတ်တရက် ရပ်တန့်လိုက်၏။ ပြီးသည့်နောက်မှာတော့ အောင်းဝူရှန်းအား အမှိုက်တစကို လှမ်း၍ ပစ်လိုက်သလို တည်နေရာကြီး၏ အစပ်ဆီသို့ လှမ်းပစ်လိုက်တော့၏။ ပြီးနောက် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်။ ကျုပ်သွားပြီးလေ့ကျင့်လို့ရပြီလား။”
“သွား။ သွား။”
ရီရှင်းချန်သည် ထွက်ခွာသွားသည်။
“ေနေအုံး။”
သို့ပေမဲ့ သူထွက်ခွာသွားရန်မပြင်ရသေးခင်မှာဘဲ အောင်းဝူရှန်း၏ အားနည်းလှသည့်အသံသည် ထွက်ပေါ်လာခဲ့၏။
အောင်းဝူရှန်း သည် ကြိုးစား၍ မတ်တပ်ထရပ်လိုက်၏။ သူ၏ ခေါင်းတစ်ခုလုံးသည် သွေးများဖြင့် ပြည့်နှက်နေတော့ သည်။ “ကျုပ် အရှုံးမပေးသေးဘူး။”
လီချင်းယန်နှင့် တစ်ခြားသောသူများသည် ဆွံ့အသွားခဲ့ကြ၏။ သူတို့ ဂျူနီယာညီလေး၏ ဆိုးရွားစွာရိုက်နှက်မှုကို ခံယူပြီးသည့်နောက်မှာတော့ တစ်ဖက်လူသည် မတ်တပ်ရပ်နိုင်စွမ်းရှိနေသေး၏။
ဘုန်း …။
ရုတ်တရက်ဆိုသလိုပဲ နောက်ထပ်ကျယ်လောင်သည့် အသံကြီးများ ထွက်ပေါ်လာခဲ့သည်။ ရီရှင်းချန်သည် အောင်းဝူရှန်း၏ အရှေ့တွင် မတ်တပ်ရပ်လျက်ရှိပြီး ဝမ်းဗိုက်ကို လက်သီးနှင့် ထိုးနှက်နေခြင်းပင်ဖြစ်သည်။
ဘုတ်
ပြီးသည့်နောက်မှာတော့ အောင်းဝူရှန်းသည် လွင့်စင်သွားကာ တိုက်ခိုက်ရေးတည်နေရာ၏ အပြင်ဘက်သို့ ဘုတ်ခနဲ ပြုတ်ကျတော့၏။ သူသည် နာကျင်စွာဖြင့် သွေးများအန်ထွက်လျက်ရှိ၏။
“ကျုပ် ရှုံးပြီလား။”
အောင်းဝူရှန်းသည် အနောက်ဘက်သို့ အသာလှန်ချလိုက်တော့၏။ သူ့အနေနှင့် အရှုံးကို ဝန်မခံချေ။ သို့ပေမဲ့ သူနှင့် တစ်ဖက်လူ၏ ကြားထဲရှိသော ကွာခြားချက်သည် အလွန်တရာ ကြီးမားလွန်းလှ၏။ ဤကဲ့သို့သော တောက်လျှောက် တိုက်ခိုက်ချက်များအကြားတွင် မတ်တပ်ရပ်နိုင်သေးသည်ကပင် ကံကောင်းသည်ဟု ပြောရမှာဖြစ်သည်။
သူ၏ အမြင်များသည် ရုတ်တရက် မှောင်မဲသွား၏။
ကျွင်းချောင်ရှောင်းသည် သူ၏ ရှေ့ဆီသို့ လှမ်းလျှောက်လာကာ ပြောလိုက်သည်။ “ရီရှင်းချန်ကို စိန်ခေါ်တဲ့အနေနဲ့ အချိန်မှာ မင်းအနေနဲ့ အရင်တုန်းကလို ခံစားနေသေးလား။”
အောင်းဝူရှန်းသည် အားတင်းကာ ပြုံးလိုက်၏။ ပြီးနောက်ပြောလိုက်တော့သည်။ “ကျုပ် … ကျုပ် နောင်တမရဘူး။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူ့ကို ဆေးဟောခန်းမဆောင်ဆီကို ခေါ်ပြီးတော့ ကုသပေးလိုက်။”
“ကောင်းပါပြီ။”
လီချင်းယန်သည် အသာပြေးလာပြီးသည့်နောက်မှာတော့ အောင်းဝူရှန်းအား ပခုံးပေါ်သို့ လှမ်းကာတင်လိုက်၏။ သို့ပေမဲ့ သူထွက်ခွာရန်ပြင်သည့်အချိန်မှာပဲ ဂိုဏ်းချုပ်က ထပ်ကာ ပြောလိုက်၏။ “သူ့ကို ဂိုဏ်းရဲ့ စည်းကမ်းစာအုပ်နဲ့ ဂိုဏ်းဝတ်စုံတွေ ပေးလိုက်ဖို့ကို မမေ့နဲ့အုံး။”
“နားလည်ပါပြီ။”
ရီရှင်းချန်က တီးတိုးပြောလိုက်သည်။ “ဂျူနီယာညီလေး မြန်မြန် ဂိုဏ်းချုပ်ကို ကျေးဇူးတင်လိုက်လေ။”
“ကျေးဇူးတင်ပါတယ်။ ဂိုဏ်းချုပ်”
အောင်းဝူရှန်းသည် နာကျင်မှုများကို အတင်းဖိနှိပ်ပြီးသည့်နောက်မှာတော့ ကျေးဇူးတင်စကားကို ပြောဆိုလိုက်၏။ ပြီးနောက် ချက်ချင်းပင် မေ့မျောသွားတော့၏။
ယခုလအတွက် လူသစ်ခေါ်ဆောင်မှုသည် အဆင်ပြေပြေ ချောမောစွာဖြင့် ပြီးဆုံးသွားခဲ့၏။ လိုအပ်ချက်များသည် နှိမ့်ချထားသည်ဖြစ်သောကြောင့် တပည့်ငါးထောင်မှ ခြောက်ထောင်နီးပါးခန့်ကို ရရှိခဲ့၏။
ကျွင်းချောင်ရှောင်းသည် ပထမဦးဆုံး ရရှိခဲ့သည့် ဂိုဏ်းစုဆောင်းမှတ်များနှင့် များပြားလှသည့် သိုင်းအရင်းအမြစ်များ ကို ဝယ်ယူခဲ့၏။ ပြီးသည့်နောက် သူ၏ လက်များကို ပွတ်သပ်ကာ ပြောလိုက်သည်။ “တပည့်တစ်သိန်း ပြည့်တဲ့အချိန်မှာ ဂိုဏ်းကလည်း ပထမအဆင့်ဂိုဏ်းတစ်ခုကို အဆင့်တိုးမြှင့်ရမယ်။ ပြီးတော့ တစ်ချိန်တည်း မှာပဲ သိုင်းတာအိုဆွေးနွေးပွဲကို ကျင်းပရမယ်။”
စနစ်က သက်ပြင်းချလိုက်၏။ “ဘာမှန်းမသိဘဲနဲ့ ဂိုဏ်းက လူတစ်ယောက်ထဲက နေပြီး လူတစ်သိန်းတောင် ပြည့်တော့မှာပဲ။ အချိန်တွေက ကုန်မြန်လိုက်တာ။”
“ဟုတ်တယ်။”
ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့ ချိန်ကိုက်ဗုံးကလည်း ပျောက်ကွယ်တော့မှာပဲ။”