← Chapters

အပိုင်း (၁၂၈၆)

Vol. 87 Ch. 1286

အပိုင်း (၁၂၈၆)

Vol. 87 Ch. 1286

ကျွင်းချောင်ရှောင်းသည် စိတ်ကို ပိုင်းဖြတ်ခဲ့ပြီးသား ဖြစ်တော့၏။ ဂိုဏ်းအသိအမှတ်ပြုခြင်းနှင့် သိုင်းတာအိုဆွေးနွေးပွဲအား တစ်ရက်တည်း ကျင်းပရန်သာဖြစ်တော့သည်။ ကုန်းမြေတိုက်ကြီးတွင်ရှိသော လူပေါင်းများစွာတို့ကို ကြီးမားသည့်အပြောင်းအလဲကြီးအား မျက်မြင်ဒိဌိမြင်ရစေရန် သူစဉ်းစားထား၏။

ပြိုင်စံရှားဂိုဏ်း၏ ကြီးမားသည့်ပြောင်းလဲမှုကို တစ်လောကလုံးသိရှိစေရန်အဖြစ် သူစီစဉ်ထားမိသည်။ ထိုကဲ့သို့သောနေ့သည် ရောက်ရှိရန် တစ်လသာ လိုအပ်တော့၏။ ထို့အတူ တပည့်အရေအတွက်သည်လည်း သုံးထောင်ကျော်သာ လိုအပ်တော့သည်။

“ချင်းယန်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သေခြင်း၊ ရှင်ခြင်း စင်မြင့်ရဲ့ ဘေးနားမှာ တည်နေရာအကျယ်ကြီးတစ်ခုကို တည်ဆောက်လိုက်။ အဲနေရာကြီးမှာ သိုင်းတာအိုဆွေးနွေးပွဲကို ကျင်းပကြမယ်။”

“ကောင်းပါပြီ။”

လီချင်းယန်သည် အမိန့်ကိုရယူပြီးသည့်နောက်မှာတော့ သူ၏ ဂိုဏ်းတူရောင်းရင်းများကို ခေါ်ဆောင်ကာဖြင့် တောဝက်ရိုင်းလေးနှင့်အတူ စတင်ကာ အလုပ်လုပ်တော့သည်။ ဤသို့နှင့်ပင် များပြားလှသော ဆောက်လုပ်ရေး ပစ္စည်းများအားလုံးသည် သေခြင်း၊ ရှင်ခြင်းတိုက်ခိုက်ရေးတည်နေရာ၏ အနားဆီသို့ ရွှေ့ပြောင်းလိုက်တော့၏။

အဓိကစင်မြင့်၊ ဒုတိယစင်မြင့်နှင့် ပွဲကြည့်စင်မြင့်ဟူ၍ သေသေချာချာ ခွဲခြားထားခဲ့ပြီး ကြီးမားသည့် ကွင်းကြီးတစ်ခု၏ ပုံပန်းသွင်ပြင်တို့သည် တစ်စစ ပုံပေါ်လာခဲ့သည်။

ကျန်းတယ်ကျွင်းနှင့် သူ၏ အစီအရင်ဟောခန်းမှ တပည့်များအားလုံး သည်လည်း အငြိမ်မနေကြပေ။ ၎င်းတို့အားလုံးသည် ပုံရိပ်ယောင်အစီအရင်များကို အခြေပြုကာဖြင့် မြို့တော်ဝန်ဟန်၏ ပုံရိပ်ယောင်အစီအရင်နှင့် ချိတ်ဆက်လျက်ရှိနေ၏။ အချိန်ရောက်လာပြီဆိုလျှင် ဂိုဏ်း၏ အဆင့်မြင့်တက်မှုနှင့် သိုင်းတာအိုဆွေးနွေးပွဲများအား တည်နေရာအနှံ့အသီးသီးမှ ကြည့်ရှုနိုင်ရန်အတွက် စီစဉ်ထားခဲ့၏။

……….

“ဟောခန်းသခင်ရီ”

ဂိုဏ်းအသိအမှတ်ပြု ဟောခန်းထဲတွင် ထိုင်ချလိုက်ချင်းမှာပဲ ကျွင်းချောင်ရှောင်းသည် လိုရင်းကိုသာ စပြောတော့၏။ “နောက်တစ်လကြာပြီးလို့ရှိရင် ပြိုင်စံရှားဂိုဏ်းကိုလာပြီး ဂိုဏ်းအသိအမှတ်ပြုကိစ္စကို လုပ်ပေးပါအုံး။”

လက်ဖက်ရည်သောက်ရန် စဉ်းစားလျက်ရှိနေသော ရီထျန်းချန်သည် ရုတ်တရက် ဆွံ့အသွားခဲ့၏။ ပြိုင်စံရှားဂိုဏ်းအား ထပ်မံကာ ဂိုဏ်းအသိအမှတ်ပြုလုပ်ရမည်လား။ ထိုသို့ဆိုလျှင် ပထမအဆင့်ဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်ရမှာ မဟုတ်ဘူးလား။

ဟောခန်းသခင်ရီသည် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ချေ။ ပက်လက်လှန်လဲှချင်သည်အထိ စိတ်လှုပ်ရှားလျက် ရှိနေတော့သည်။ ကံကောင်းစွာဖြင့် ၎င်းသည် အလွန်အမင်း ထိန့်လန့်တုန်လှုပ်တတ်သူ တစ်ယောက် မဟုတ်တော့ချေ။ ခဏခဏ တုန်လှုပ်ရလွန်းသောကြောင့်ရိုးနေသောကြောင့်ပင်။

သို့ပေမဲ့ အဆင့်ကိုးဂိုဏ်းတစ်ခုမှသည် အဆင့်တစ်ဂိုဏ်းတစ်ခုဆီသို့ ဆယ်နှစ်အတွင်း ရောက်ရှိလာသည့် တိုးတက်မှုအား မျက်ဝါးထင်ထင်မြင်ရသည့်အခြေအနေကို ပြန်လည်စဉ်းစားမိသည့်နောက်မှာတော့ ကြီးမားသည့် ကောင်းချီးတစ်ခုဖြစ်ကြောင်းတော့ခံစားနေမိသည်။

“ဂိုဏ်းချုပ်ကျွင်း”

ရီထျန်းချန်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ခင်ဗျားနဲ့ ခင်ဗျားရဲ့ ပြိုင်စံရှားဂိုဏ်းက အရှေ့တောင်ရန်ကျူးရဲ့ တကယ့်ကို ဒဏ္ဍာရီလာပုဂ္ဂိုလ်တွေဖြစ်တာပဲ။”

အရှေ့တောင်ရန်ကျူး၏ မည်သည့်သိုင်းကျင့်ကြံသူများမဆို ထိုအချင်းအရာကို ကြားသည်ဆိုပါက ကျိန်းသေပေါက် သဘောတူညီမှာ သေချာသည်။

“ဟောခန်းသခင်ရီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်ရဲ့ ဂိုဏ်းနဲ့ ကျုပ်က ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ဒဏ္ဍာရီတွေ ဖြစ်လာရမှာပေါ့။”

“ဒါက”

ရီထျန်းချန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ယင်သွားခဲ့သည်။ ဂိုဏ်းချုပ်ကျွင်းတွင် ကြီးမားသည့် ရည်မှန်းချက် ရှိနေသည်ကို သူသိရှိလိုက်ရပြီဖြစ်၏။ သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးဖြစ်ရန် ဆိုသည်မှာတော့ ကုန်းမြေတိုက်ကြီးတွင် ရှိနေသော သိုင်းကျင့်ကြံသူများအားလုံး၏ အသိအမှတ်ပြုမှုကို လိုအပ်နေသေးသည်မဟုတ်ပါလား။

…

ထျန်းယွမ်အကျဉ်းထောင်စေတီ

ကျိုးဒူဒူသည် ထုံးစံအတိုင်း အကျဉ်းထောင်ထဲသို့ ရောက်ရှိလာ၏။ ပြီးသည့်နောက်မှာတော့ အစားအစာများကို အသာချကာဖြင့် ဘေးတစ်ဖက်တွင် အသာထိုင်ချလိုက်၏။ “ရောင်းရင်း … ဂိုဏ်းက အခု ဂိုဏ်းသားတပည့် တစ်သောင်းပြည့်တော့မယ်။ ဒီတော့ ခင်ဗျားအနေနဲ့ မစဉ်းစားရသေးဘူးလား။”

“ကျုပ် အထပ်ထပ်စဉ်းစားပြီးသွားပြီ။”

တိုင်လုက ပြောလိုက်သည်။ “ကျုပ် အရာကိစ္စအားလုံးကို လက်လွှတ်ရတော့မယ်။”

သူသည် ကျွင်းချောင်ရှောင်းကို မမုန်းတီးတော့ချေ။ ထို့အတူ ရီရှင်းချန်ကိုလည်း မမုန်းတီးချေ။ သူ့အနေနှင့် လက်ကျန် ဘဝတစ်ခုလုံးအား အကျဉ်းထောင်ထဲတွင်သာ အခြေချနေထိုင်သွားရန် စဉ်းစားခဲ့မိသည်။

ဤရောင်းရင်းသည် အမှန်ပင် အရာအားလုံးကို ချိုးဖြတ်ခဲ့ပြီးပြီဖြစ်တော့၏။ သူသည် ခံစားချက်ဆိုသည့်အကြောင်း အရာများ ဘာမှမရှိသလို နေနိုင်စွမ်းရှိနေပြီဖြစ်၏။

ကံဆိုးစွာဖြင့် သူ၏ ကျင့်ကြံခြင်းသည် မတိုးတက်သေးချေ။ မဟုတ်ပါက ဗုဒ္ဓကဲ့သို့ပင် ကျင့်ကြံနေနိုင်ပြီဖြစ်၏။ အချက်အလက်အားဖြင့် ဝိညာဉ်မျိုးနွယ်တို့၏ ကူညီမှုမရှိသောကြောင့်သူသည် သာမန်လူတစ်ယောက်အဖြစ်သို့ ပြန်လည် ပြောင်းလဲ သွားခဲ့ပြီဖြစ်သည်။

စနစ်ကို အမှီပြု၍ ပိုမိုတိုးတက်လာခဲ့သည့် ကျွင်းချောင်ရှောင်းလို မဟုတ်သလို ရီရှင်းချန်ကဲ့သို့ အတိတ်ဘဝက ကောင်းမွန်သည့်အတွေ့အကြုံများရှိနှင့်နေသည့်လူတစ်ယောက်လည်းမဟုတ်ချေ။ ထို့ကြောင့် ပိုမိုအားကောင်း စေရန်အတွက် သူသည် သူ့ကိုယ်သူ အားကိုးရပေလိမ့်မည်။

“အရာအားလုံးကို လက်လွှတ်ပြီးပြီဆိုမှတော့ ဘာလို့ အခြေအနေတစ်ခုဆီကို ပြောင်းလဲမပစ်လိုက်ရတာလဲ။” ကျိုးဒူဒူက မေးလိုက်သည်။

“ကျုပ် … ကျုပ် ပင်ပန်းနေပြီ။”

တိုင်လုသည် ခေါင်းကို ခါယမ်းလိုက်မိ၏။ “ကျုပ်အနေနဲ့ လက်ကျန်ဘဝတစ်ခုလုံး အကျဉ်းထောင်ထဲမှာပဲ နေထိုင်သွားချင်တယ်။”

……..

ကျိုးဒူဒူက ပြောလိုက်၏။

“ခင်ဗျားက စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သွားဖို့ အခွင့်အရေးကို ထပ်တလဲလဲ လွဲချော်နေခဲ့တာပဲ။ ခင်ဗျားက စည်းမျဉ်းစည်းကမ်းဆိုတဲ့ ဘောင်ထဲမှာ ပိတ်မိနေတယ်။ ဒါက ချီးကျူးရမှာလား။ ရှုံ့ချရမှာလားတောင် မသိတော့ဘူး။”

သူ့အနေနှင့် တိုင်လုအား ဆက်လက်ကာ သွေးမဆောင်တော့ချေ။ အရာအားလုံးဟာ သူ့ထိုက်နှင့်သူ့ကံဟုသာ သဘောထားလိုက်တော့သည်။

ကျွီ

အကျဉ်းထောင်တံခါးသည် ထပ်မံကာ ပိတ်သွား၏။ ပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးသည် မဲမှောင်သွားတော့သည်။ တိုင်လုမှာတော့ ခြေချိတ်ကာ ထိုင်လျက်ရှိနေပြီး သူ၏ အတွေးများသည် အတိတ်ဆီသို့ ပြန်လည်ရောက်ရှိသွား၏။

သူ၏ နားထဲတွင် ထင်ပေါ်လာသည့်စကားလုံးမှာတော့ “လူငယ်လေး။ မင်းက တကယ့်ကို ပြိုင်စံရှားတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်တယ်လေ။ တစ်သက်မှာ တစ်ယောက်သာ တွေ့ရတဲ့ သိုင်းပညာပါရမီရှင်တစ်ယောက်ပဲ။ ဒီတော့ ငါ့ရဲ့ သံမဏိအရိုးဂိုဏ်းကို ဝင်ပြီးတော့ ငါ့ရဲ့တပည့်လုပ်ဖို့ စဉ်းစားသင့်တယ်။ ဒါဆိုရင် မင်းရဲ့ အနာဂတ်က အကန့်အသတ်မဲ့တဲ့ အောင်မြင်မှုတွေနဲ့ ပြည့်နှက်သွားမှာ သေချာတယ်။”

“အင်း”

သူသည် ခေါင်းကို ခါယမ်းကာ သက်ပြင်းချလိုက်မိ၏။ ထိုစဉ်က မှန်ကန်သည့်ရွေးချယ်မှုကိုသာ ပြုလုပ်နိုင်မည်ဆိုလျှင် လက်ရှိအခြေအနေတွင် မြင်နေရသည့် မြင်ကွင်းမျိုးသည် တဖန် ပြောင်းလဲနေမှာသေချာ၏။

…

သိုင်းကျင့်ကြံခြင်းလောကတွင် သိုင်းကျင့်ကြံသူများ၏ သက်တမ်းဆိုသည်မှာ နှစ်တစ်ရာကို လွယ်လွယ်ကူကူ ရောက်ရှိနိုင်၏။ ထို့ကြောင့် တစ်လဆိုသည်မှာ အလွန်တရာ တိုတောင်းလှ၏။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ထိုတစ်လဆိုသည့် အချိန်ကာလသည် ကုန်ဆုံးသွားခဲ့၏။ သိုင်းတာအို ဆွေးနွေးပွဲကို စတင်ကျင်းပရန် ငါးရက်သာလိုအပ်တော့၏။

လက်ရှိအခြေအနေမှာတော့ မိသားစုများ၊ ဂိုဏ်းများနှင့် လွတ်လပ်သော ကျင့်ကြံသူများအားလုံးသည် သံမဏိအရိုးမြို့ ဆီသို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။ လူများ များပြားသည်ဆိုသော်လည်း အချိန်ကာလတစ်ခုအထိ တည်နေရာ အကျယ်အဝန်းကို ထောက်ပံ့ပေးထားနိုင်သည်။

သို့ပေမဲ့တည်နေရာအနေအထားသည် ကြပ်ညှပ်လျက်ရှိနေ၏။ ထို့ကြောင့် တစ်ချို့သောလူများသည် ချင်းယန်မြို့ထဲတွင် နေထိုင်ကြပြီး တစ်ချို့မှာတော့ ချင်းယန်ရွာထဲတွင် သွားရောက်ကာ နေထိုင်ကြရ၏။

ပြိုင်စံရှားဂိုဏ်းနှင့် ရင်းနှီးသည့်ဆက်ဆံရေးကို ပိုင်ဆိုင်သည့် သိုင်းကျင့်ကြံသူများနှင့် အဖွဲ့အစည်းများမှာတော့ ပြိုင်စံရှားဂိုဏ်းထဲတွင် ကြိုတင်ကာ နေထိုင်ခွင့်ရရှိကြ၏။ ဥပမာအားဖြင့် အိုက်မိသားစု၊ မြို့တော်ဝန်ဟန်ကဲ့သို့ ကျွမ်းကျင်သူများတို့ပင် ဖြစ်ကြသည်။

“ချင်းယန်”

ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “ခန်းမသခင်ရှစ် ဘာလို့မရောက်သေးတာလဲ။”

ပြိုင်စံရှားဂိုဏ်းတွင် မဟာမိတ်အဖွဲ့ ၂ ဖွဲ့ရှိ၏။ တောင်ပြာဂိုဏ်းသည် အစောကြီးကတည်းက ရောက်ရှိနှင့်ပြီးသား ဖြစ်သည်ဆိုသော်လည်း မြောင်ဟွာခန်းမမှာတော့ ယခုချိန်ထိ မရောက်ရှိသေးချေ

လီချင်းယန်က ပြောလိုက်၏။ “မရောက်သေးပါဘူး။ ဘာလို့လဲတော့မသိဘူး။”

“အင်း”

ကျွင်းချောင်ရှောင်းသည် များများစားစား တွေးတောမနေတော့ချေ။ ထို့အပြင် သူမသည် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် ဖြစ်၏။ ထို့ကြောင့် အပြင်သို့ ထွက်လာရန်အတွက် အလွန်တရာ အလုပ်များနေသည်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် လာသည့်ခရီးလမ်းတွင် တစ်စုံတစ်ခုသော အကြောင်းအရာကြောင့် နှောင့်နှေးနေခြင်းလည်း ဖြစ်နေနိုင်၏။

ဝှစ်

သူသည် အဓိကဟောခန်းထဲမှ လှမ်းလျှောက်ထွက်ပြီးနောက်မှာတော့ ခေါင်းကို လက်တင်ကာ ဟန်ပါပါဖြင့် ပြောလိုက်သည်။ “ဂိတ်တံခါးကို ဖွင့်လိုက်တော့။”

ကျွီ

ဟယ်ဝူတီသည် တင်းတင်းပိတ်ထားသော အနီရောင်ဂိတ်တံခါးကြီးအား ဖွင့်လှစ်လိုက်၏။ အေးစက်သည့် မနက်ခင်း လေသည် အပြင်ဘက်ဆီမှ တိုက်ခတ်လာခဲ့၏။ ယနေ့သည် လတစ်လ၏ ဂိုဏ်းသားအသစ်ခေါ်ဆောင်သည့် ပထမဦးဆုံးနေ့ပင် ဖြစ်တော့သည်။

ဂိုဏ်းသားအသစ် တစ်သိန်းပြည့်ရန် စိုးရိမ်ပူပန်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ဖြစ်စဉ်တစ်ခုလုံးကို တာဝန်ယူစောင့်ကြပ်ရန် ဆုံးဖြတ်ထား၏။ လက်ရှိအခြေအနေမှာတော့ သူသည် ဂိုဏ်းဝတ်စုံအား သပ်ရပ်စွာ ဝတ်ဆင်ထားခဲ့ပြီး မျက်နှာပေါ်တွင်လည်း လေးနက်သည့် အမူအရာများတည်ရှိလို့နေ၏။

ဤပုံပန်းသွင်ပြင်ကို မြင်ရသည့်အချိန်မှာတော့ မာယွင်တန်၊ အိုက်ရှန်းရီတို့အားလုံးသည် ထိပ်တန်းဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်တစ်ယောက်တွင် ရှိသင့်သည့် အော်ရာများ တည်ရှိနေသည်ကို ခံစားလိုက်မိကြရ၏။

…

“ဖွင့်ပြီ။ ဖွင့်ပြီ။ ဂိတ်တံခါးဖွင့်ပြီဟ။”

တောင်ခြေရင်းမှာတော့ ဂိုဏ်း၏ စာမေးပွဲကို လာရောက်ဖြေဆိုကြသည့် လူငယ်လူရွယ်များအားလုံးတို့၏ မျက်လုံး ထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက်ရှိနေကြ၏။ ၎င်းတို့အားလုံးသည် တောင်၏ ဂိတ်တံခါးဆီသို့ ပြေးတက် လာရန်ပင် မစောင့်မျှော်နိုင်တော့သလို ဖြစ်နေကြသည်။

ကျွတ် ကျွတ်

သိုင်းတာအိုပွဲသို့ လာရောက်ကြည့်ရှုကြသည့် သိုင်းပညာရှင်များသည် ဤနေရာဆီသို့ ရောက်ရှိလာကာ ကြည့်ရှုလျက် ရှိနေကြ၏။ ပါဝင်ယှဉ်ပြိုင်သူများအားလုံးကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ၎င်းတို့သည် အံ့အားသင့်လျက် ရှိနေကြ၏။ “ဒီလူတွေအားလုံးက တကယ့်ကို အလားအလာနဲ့ပြည့်စုံတဲ့ လူငယ်တွေပဲ။”

ဒုတိယအဆင့်နှင့် တတိယအဆင့်ဂိုဏ်းများနှ အကြီးအကဲများသည် မနာလိုပင် ဖြစ်မိနေကြ၏။ ဤလူငယ်လူရွယ်များသည် သူတို့၏ ဂိုဏ်းထဲသို့ လာဝင်မည်ဆိုပါက စစ်ဆေးမှုကို ကျိန်းသေပေါက် လိုအပ်နေမည် မဟုတ်ချေ။ တစ်ခါတည်းတန်းကာ အောင်သွားနိုင်သည့် လူမျိုးပင်ဖြစ်၏။ သို့ပေမဲ့ မတတ်နိုင်ချေ။

ဘယ်က ပေါ်လာမှန်းမသိသည့် ပြိုင်စံရှားဂိုဏ်းသည် လက်ရှိအခြေအနေမှာတော့ အားလုံးသောဂိုဏ်းတို့၏ အထက် တွင်ရှိသော ဂုဏ်ကျက်သရေကို ပိုင်ဆိုင်နေပြီဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့ ဂိုဏ်းထဲသို့ ဝင်ရောက်ရန်အတွက် ဤကဲ့သို့သော ပါရမီရှင်ကျင့်ကြံသူများ ရောက်ရှိလာသည်ဆိုခြင်းမှာ သဘာဝပင်ဖြစ်သည်။

“လူငယ်လူရွယ်တို့။”

ရုတ်တရက် ကျွင်းချောင်ရှောင်း၏ အသံသည် ဂိတ်တံခါးဆီမှ ထွက်ပေါ်လာ၏။ “ဒီလှေကားအတိုင်း တက်လာခဲ့ကြ။ ထုတ်ပယ်မခံရတဲ့လူတွေအကုန်လုံးက ဒုတိယအဆင့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့် ရှိလိမ့်မယ်။ ပြီးတော့ မင်းတို့ရဲ့ ဂုဏ်သိက္ခာမကျဆင်းအောင် အကောင်းဆုံးကြိုးစားကြပါ။”

ကုန်းရှန့်သည် ဂိုဏ်းချုပ်ကြီးတစ်ယောက်ကဲ့သို့ ဟန်ပန်အမူအရာဖြင့် ပြုလုပ်နေသည်ဆိုသော်လည်း ကိုယ်ဟန်အမူအရာများသည်အမှန်ပင်ခန့်ညားလွန်းသည်။

“ဒါ ဂိုဏ်းချုပ်ကျွင်းပဲ။ သူ ဂိတ်တံခါးရှေ့မှာ မတ်တပ်ရပ်နေတာ။ သွား သွား သွား။”

အောက်တွင်ရှိနေသော လူငယ်လူရွယ်တစ်သောင်းနီးပါးတို့သည် စာမေးပွဲ၏ ပထမဦးဆုံးအစဖြစ်သော လှေကားထစ် သို့ တက်ရောက်ရန် ပထမခြေလှမ်းကို စတင်ကာယူခဲ့ကြတော့၏။

ဟူး ဟူး ဟူး

ဤစွမ်းအားအစီအရင် သည် အသက်ဝင်သွား၏။ ပြီးနောက် ပါဝင်ယှဉ်ပြိုင်ကြသည့် သိုင်းကျင့်ကြံသူ များ၏ အဆင့်နှင့်လိုက်ညီစွာ မတူညီသည့်အဆင့်၊ မတူညီသည့်ဖိအားများသည် ၎င်းတို့၏ ခန္ဓာကိုယ်သို့ ကျဆင်း လာခဲ့ကြ၏။

ပြိုင်စံရှားဂိုဏ်း၏ စစ်ဆေးမှုသည် အလွန်တရာ တင်းကြပ်လှသည်ကို အားလုံးက ကြားဖူးခဲ့ကြ၏။ သို့ပေမဲ့ လက်ရှိ မြင်ရသည့်အချိန်မှာတော့ သူတို့ထင်မှတ်ထားသည်ထက်ပင် ပိုမိုကာ ဆိုးရွားနေသေးသည်။

ပါရမီရှင်လူငယ်လူရွယ်တစ်သောင်းကျော်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်ဆိုလျှင်တောင်မှ တကယ်တမ်း အောင်မြင် သွားခဲ့သည့်လူများမှာ ၇၀၀၀၊ ၈၀၀၀ နီးပါးခန့်သာ ရှိ၏။

“……”

စာမေးပွဲစစ်ဆေးမှုကို ကြည့်ရှုနေကြသည့် ကျွမ်းကျင်သူများအားလုံး၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိနေကြ၏။

စာမေးပွဲကို ကျရှုံးကြသော သိုင်းကျင့်ကြံသူ နှစ်ထောင်ကျော်တို့သည် မြေပေါ်တွင် လဲလျောင်းလျက်ရှိနေ၏။ သို့ပေမဲ့ ၎င်းတို့သည် အလွန်ကောင်းမွန်လှသည့် ပါရမီကို ပိုင်ဆိုင်သည့်လူများသာ ဖြစ်ကြ၏။ သူတို့၏ ဂိုဏ်းထဲတွင်ဆိုလျှင် ချက်ချင်းအတွင်းစည်းတပည့်များပင် ဖြစ်သွားနိုင်သည့်လူများပင်ဖြစ်၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ စာမေးပွဲမှာတော့ ပထမအဆင့်မှာတင် ထွက်ခွာခဲ့ရပြီဖြစ်သည်။ ဤကဲ့သို့ နှိုင်းယှဉ်ရသည်မှာ တကယ်ပင် ခံစားချက်မကောင်းလှချေ။

ကျွင်းချောင်ရှောင်းမှာတော့ လက်ရှိအခြေအနေ တွင် ဂိုဏ်းသားအသစ်များ၏ စာမေးပွဲအား သေသေချာချာ ကြည့်ရှုလျက်ရှိနေ၏။ သို့ပေမဲ့ ဘာတစ်ခုမှ ပြုလုပ်စရာ မလိုချေ။ သူ၏ အတွင်းစည်းတပည့်များနှင့် ဂိုဏ်း၏ အကြီးအကဲများအားလုံးသည် ထိုအရာများအားလုံးကို ကြီးကြပ် ဆောင်ရွက်လျက်ရှိနေကြ၏။ နောက်ဆုံးမှာတော့ လိုအပ်နေသည့် ဂိုဏ်းသားအရေအတွက်သည် ပြည့်ဝသွားခဲ့ကြပြီ ဖြစ်တော့၏။

“ဒင်

ဂိုဏ်းသားအဖွဲ့ဝင် ၉၇၂၃၁ / ၁၀၀၀၀၀”

“ဒင်

ဂိုဏ်းသား ၉၈၆၇၆ / ၁၀၀၀၀၀”

…

“ဒင်

ဂိုဏ်းသားအရေအတွက် ၉၉၉၉၉ / ၁၀၀၀၀၀”

“ဂိုဏ်းချုပ်”

ကျွင်းချောင်ရှောင်းအနေနှင့် နောက်ဆုံးတပည့်တစ်ယောက်ကို ရွေးချယ်ရန်စဉ်းစားနေသည့်အချိန်မှာပဲ ကျိုးဒူဒူ၏ အသံသည် သူ၏ နားထဲသို့ တိုးဝင်လာခဲ့၏။ “တိုင်လုက စဉ်းစားပြီးပြီတဲ့။ သူ ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ချင်တယ်တဲ့။”

All Chapters