← Chapters

အပိုင်း (၁၂၈၇)

Vol. 87 Ch. 1287

အပိုင်း (၁၂၈၇)

Vol. 87 Ch. 1287

နဝမမြောက်အကျဉ်းလွှာ …

တိုင်လုသည် မတ်တပ်ထရပ်ရုံသာမက သူ၏ ကျန်ရှိနေသော ဆံပင်များကိုပင် ဖြတ်၍ ခေါင်းတုံး တုံး၍ထားသည်။ ချက်ချင်းဆိုသလိုပင် သူသည် နှစ်ပေါင်းများစွာ ငယ်ရွယ်သွားပုံပေါ်၏။ ဤအတောအတွင်း သူသည် အကြောင်းအရာ တော်တော်များများကို စဉ်းစားခဲ့ဖူး၏။ သူ၏ အတွေးအခေါ်များကို ဖော်ပြရလျှင် အပိုင်းရေ တစ်ပိုင်း၊နှစ်ပိုင်းမက ကြာရှည်နေလိမ့်မည်။ ထို့ကြောင့် စာရေးသူသည် ထုတ်၍ မပြောကျေိုးဒူဒူ သည် အနည်းငယ် ပျော်ရွှင်နေမိ၏။ ဂိုဏ်းချုပ်အနေဖြင့် တိုင်လုအား နှစ်သိမ့်နွေးဆွေးရန် အမိန့်မပေးခဲ့ ချေ။

သို့ပေမဲ့ သူသည် အားလပ်သည့် အချိန်တိုင်း လာရောက်ကာ တစ်ဖက်လူအား မြူဆွယ်လျက် ရှိ၏။ သူတို့သည် အချိန်အတော်ကြာအောင် အတူနေလာပြီးသည့်အခါမှာတော့ အတွင်းစိတ်ထဲ၌ ပြောပြ၍မရသော ရင်းနှီး ဆက်နွယ်မှု တည်ရှိနေပြီ ဖြစ်၏။

"သေသေချာချာ တွေးတောပြီးပြီ ဟုတ်လား"

ကျွင်းချောင်ရှောင်းသည် အပြင်ဖက်မှ အထဲဆီသို့ လျှောက်ဝင်လာခဲ့၏။ ကျိုးဒူဒူ ၏ စကားကို ကြားသည့်နောက် သူသည် အနည်းငယ် ဆွံ့အလျက်ရှိနေသည်။

ထို့ပြင် ဤခေါင်းမာလှသောလူသည် သေဆုံးသည့်အထိ အကျဉ်းထောင်ထဲတွင်သာ နေသွားရန် ဆုံးဖြတ်ထား ၏။ သို့ပေမဲ့ သူသည် ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်လိမ့်မည်ဟု မည်သို့မျှ မထင်မှတ်ထားခဲ့ချေ။

တိုင်လုက ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းကို ဂိုဏ်းထဲ ဝင်ခွင့်ပေးဖို့ တောင်းပန်ပါတယ်"

အမြဲတမ်း သံမဏိကဲ့သို့ စိတ်ဓာတ်နှင့် မာကြောလျက်ရှိနေသော အစိမ်းရောင်မာဖလာနှင့် အစ်ကိုကြီးသည် နောက်ဆုံးမှာတော့ သူ၏ ဂုဏ်သိက္ခာတရားများကို ဖယ်ရှားကာဖြင့် ပြိုင်စံရှားဂိုဏ်းကို ဝင်ရောက်ရန် တောင်းပန်လျက် ရှိနေသည်။

အဘယ့်ကြောင့်နည်း။ သူ့အနေဖြင့် အကြောင်းအရာတစ်ခုသာ ရှိတော့၏။ သူ၏အိမ်မက်ကို ပြည်စုံအောင် ပြုလုပ်ရန်သာဖြစ်၏။ တစ်ကယ်တမ်းမှာတော့ တိုင်လုသည် ကျွင်းချောင်ရှောင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို အမှန်တကယ် ဖယ်ရှားပြီးသည့်အခါမှာတော့ အမှန်တကယ်ပင် ပြောင်းလဲခဲ့၏။

သူသည် ဘာမှန်းမသိသည့် အကြာင်းအရာထဲတွင် ပိတ်မိနေသည့် လူတစ်ယောက် မဟုတ်တော့ချေ။ အားလုံးသော လူတို့သည် မိမိအလိုရှိသည့် ဆန္ဒအတိုင်း နေထိုင်လိုစိတ် ရှိကြ၏။ သို့ပေမဲ့ အစစ်အမှန်မှာတော့ အကြောင်းအရာများသည် ၎င်းတို့အား ပြောင်းလဲစေခဲ့သည်။

"ပြိုင်စံရှားဂိုဏ်းက တပည့် မလိုတော့ဘူး။ တကယ့်လို့ မင်းဝင်ချင်ရင် မင်းအနေနဲ့ သဘောကျနိုင်လောက်မဲ့ အကြောင်းအရာတစ်ခုငါ့ကိုပေး" ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာ ပြောလိုက်၏။

ဂိုဏ်းထဲသို့ မဝင်ချင်လျှင် မဝင်ဘဲနေလို့ရ၏။ ဝင်ချင်လျှင် အလိုရှိသည်အတိုင်း ဝင်ခွင့်ရနိုင်၏။ ထိုသို့ဆိုလျှင် သူ့အား ဘာထင်နေသနည်း။ ပြိုင်စံရှားဂိုဏ်းကို ဘာထင်နေသနည်း။ သူ့ကိုယ်သူ ကောင်းကင်၏ အစစ်အမှန်သားတော်တစ်ပါးပင် ထင်မှတ်နေလား မသိချေ။

စနစ်က သက်ပြင်းချလိုက်၏။ "ဂိုဏ်းထဲကို ဝင်ကြေးတွေပေးပြီးဝင်တဲ့သူနဲ့ တကယ့်ကို ကွာခြားတာပဲ။ ပိုက်ဆံရှိတဲ့လူနဲ့ ပိုက်ဆံမရှိတဲ့လူကြား ဆက်ဆံခံရမှုက တစ်ကယ့်ကို ကွာခြားလိုက်တာ"

ဘုတ်

ရုတ်တရက်ဆိုသလိုပင် တိုင်လုသည် ဒူးထောက်ထိုင်ချလိုက်တော့၏။ ပြီးသည့်နောက်မှာတော့ လေးနက်သည့် မျက်နှာအသွင်အပြင်နှင့် ပြောလိုက်သည်။ "တစ်ချိန်တုန်းက ကျုပ်ရဲ့ အရိုးအရည်နဲ့ ခန္တာကိုယ်က တစ်သက်မှာ တစ်ယောက်သာ ရှိနိုင်တဲ့ သိုင်းပညာရှင်တစ်ယောက်လို့ ဂိုဏ်းချုပ်ကျွင်းက ပြောခဲ့ဖူးတယ်လေ"

"ငါအဲလိုပြောခဲ့တာလား" ကျွင်းချောင်ရှောင်းသည် မမှတ်မိချေ။

"အင်း ပြောလိုက်တယ်"

စနစ်သည် သတိပေးလိုက်၏။ “အပိုင်း (၁) မှာတုန်းက ပြောခဲ့တာ "

"......."

ကျွင်းချောင်ရှောင်း၏နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့၏။ အရင်တုန်းက သူသည် တပည့်တစ်ယောက်ရရှိရန်အတွက် ကြုံသလို မှတ်ချက်ပေးခဲ့ခြင်းသာ ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် ဤအကြောင်းအရာအား အမှန်ပင် မှတ်မိလို့နေသည်။

လက်ရှိအချိန်မှာတောာ့ တိုင်လုသည် ကျွင်းချောင်ရှောင်းမမှတ်မိခဲ့သည့် အရာအား ပြန်လည်ကာ ထုတ်ဖော်ပြောဆိုလျက် ရှိနေ၏။

"မင်းပြိုင်စံရှားဂိုဏ်းရဲ့ အဆင့်နိမ့်တပည့်တစ်ယောက်ဖြစ်ဖို့ စိတ်ရှိလား"

"လိုလိုချင်ချင် ရှိပါတယ်"

"နေ့စဉ်နေ့တိုင်း အိမ်သာတွေကို သန့်ရှင့်ပေးနိုင်လား"

"ရှင်းပေးနိုင်ပါတယ်"

"ဒါဆိုရင်အပင်ပန်းဆုံးသော အလုပ်တွေကိုကော လုပ်နိုင်လား"

"လုပ်နိုင်ပါတယ်"

ကျွင်းချောင်ရှောင်းသည် သုံးကြိမ်တိုင်တိုင် မေးမြန်းပြီးသည့်နောက် တိုင်လုသည် သုံးကြိမ်တိုင်တိုင် ပြန်လည်ဖြေဆိုခဲ့၏။ မည်ကဲ့သို့ အသားကျအောင် ကောင်းကောင်းနေထိုင်ရမည်ကို သိရှိသည်ဆိုသော်လည်း သူ၏ အမူအကျင့်အရဆိုလျှင် ဤကဲ့သို့သော အရာမျိုးကို လုပ်ဆောင်ရန်မှာ ခက်ခဲလွန်းလှချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ တိုင်လုသည် အလုံးစုံ အညံ့ခံလိုက်ပြီဖြစ်၏။ သူ့အနေဖြင့် ရှေ့သို့ တည့်တည့်မတ်မတ်လျှောက်သွားရန်သာ စဉ်းစားထား၏။

ရွှီ

ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင်အား ထုတ်ယူပြီးနောက် ပြောလိုက်၏။

"နာမည် "

"တိုင်လု"

"လိင်"

"ယောက်ျား"

"အသက်"

"နှစ်ဆယ့်ရှစ်"

ဘုတ်

ပြိုင်စံရှားဂိုဏ်း၏ တံဆိပ်တုံးကို ထုနှက်ပြီးသည့်အချိန်မှာတော့ သတိပေးချက်သည် သူ၏ နားထဲတွင် ပေါ်ပေါက်လာ၏။

“ဒင် …. ဂိုဏ်းသားအဖွဲ့ဝင် ၁၀၀၀၀၀ / ၁၀၀၀၀၀”

စနစ်စတင်အသက်ဝင်ပြီးနောက် ကျွင်းချောင်ရှောင်းသည် နောက်ဆုံးမှာတော့ အဓိကတာဝန်၏ အခြေခံ လိုအပ်ချက်ကို ပြည့်စုံသွားခဲ့ပြီ ဖြစ်၏။ ဂိုဏ်းသားအရေအတွက်သည် တစ်သိန်းဆီသို့ ရောက်ရှိသွားခဲ့သည်။

ပထမပိုင်းတွင် ပြိုင်စံရှားဂိုဏ်းသည် တပည့်တစ်ယောက်ကိုပင်ရရှိရန် ခက်ခဲခဲ့သည် ဆိုသော်လည်း လက်ရှိအချိန်မှာတော့ အဖွဲ့ဝင်အရေအတွက်သည် တစ်သိန်းဆီသို့ပင် ရောက်ရှိခဲ့ပြီ ဖြစ်၏။ အံ့အားသင့်ဖွယ် ကောင်းလွန်းလှချေ၏။

တပည့်အရေအတွက် ပြည့်စုံသွားလျှင် ဂိုဏ်း၏တာဝန်သည် ပုံမှန်အတိုင်း ပေါ်လာရမည်ဖြစ်၏။ သို့ပေမဲ့ တိုင်လုဂိုဏ်းထဲသို့ ဝင်ရောက်ပြီးသည့်နောက် ဂိုဏ်းသားအရေအတွက်သည် ပြည့်စုံသွားခဲ့ပြီး နောက်ထပ် တာဝန်သည်လည်း ဖြစ်တည်မလာခဲ့ချေ။

"ဘာကြောင့်လဲ" ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

စနစ်က ပြောလိုက်၏။ "ဘာလို့လဲဆိုတော့ လက်ခံသူက အဓိကတာဝန်ကြီး ပြည့်စုံဖို့ နီးကပ်နေပြီလေ။ ဒီတော့ ဂိုဏ်းရဲ့တာဝန်ဆိုပြီး သီးခြားပေါ်လာဖို့ မလိုတော့ဘူး"

"ဆိုလိုတာက "

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ငါ့အနေနဲ့ နောက်ဆုံးအဆင့်ဆီ ရောက်နေပြီလို့ ဆိုလိုတာလား"

"ဒါအမှန်ပဲ" စနစ်က ပြောလိုက်၏။

"အချိန်တွေက တစ်ကယ့်ကို မြန်မြန်ဆန်ဆန် ကုန်လွန်နေတာပဲ။ ငါဘာလို့ ရုတ်တရက်ကြီး ဝမ်းနည်းသလို ခံစားနေရတာလဲ" ကျွင်းချောင်ရှောင်းက ပြောလိုက်မိသည်။

"ဘာလို့လဲ ဆိုတော့"

စနစ်က နာနာကျင်ကျင်နှင့် ပြောလိုက်၏။ "လက်ခံသူသာ အဓိက တာဝန်ကြီးကို ပြီးပြည့်စုံသွားခဲ့ရင် ငါရဲ့ တာဝန်တွေအားလုံးက ပြီးသွားပြီလေ။ ဒီတော့ ငါစိတ်အေးချမ်းသာစွာနဲ့ အနားယူနိုင်ပြီပေါ့"

“ဟားဟား ဟားဟားဟား”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုမော့ကာ ရယ်မောလိုက်သည်။ "မင်းလို အမြဲငါ့ကို ဒုက္ခပေးနေတဲ့လူက နောက်ဆုံးမှာ ထွက်ခွာသွားရတော့မှာလား"

"ချီးတဲ့မှ … ငါဒီလောက်ကြာအောင် မင်းနဲ့တူတူနေထိုင်ခဲ့တာ။ အန္တရာယ်တွေကိုလည်း အတူတူ ကျော်ဖြတ်ခဲ့ဖူးတယ်။ ဒီလိုအချိန်မျိုးမှာတောင် မင်းက ရယ်နေနိုင်သေးတယ်ပေါ့။ မင်း လူသားတစ်ယောက်ကော ဟုတ်ရဲ့လား"

"ဒါက ပျော်ရွှင်ဖွယ်ကိစ္စပဲလေ။ ဘာလို့မရယ်ရမှာလဲ" ကုန်းရှန့်သည် ပိုမိုကျယ်လောင်စွာပင် ရယ်မောလိုက်၏။ သို့ပေမဲ့ ခနလောက် ရယ်မောပြီးသည့် အခါမှာတော့ သူသည် ဆက်လက်ကာ မရယ်နိုင်တော့ချေ။ လေးလေးနက်နက်နှင့် ပြောလိုက်၏။ "စိတ်အေးချမ်းသာစွာနဲ့ အနားယူမယ်ဆိုတဲ့ အဓိပ္ပာယ်က … "

"ငါက အထောက်အပံ့ပစ္စည်း တစ်ခုပဲလေ။ လက်ခံသူတွေက အဓိကတာဝန်တွေ ပြီးပြည့်စုံသွားတဲ့ အချိန်ကြရင် ငါက ချိန်ကိုက်ဗုံးလိုပဲ ပျောက်ကွယ်သွားရမဲ့ အရာပေါ့"

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ် ငြိမ်သက်သွား၏။ သူသည် စနစ်၏ ပေါက်ပန်းလေဆယ် ပြောဆိုသည့် စကားများကို မုန်းတီးမိသည်ဆိုသော်လည်း တစ်ကယ်တမ်း တစ်နေ့နေ့တွင် သူ၏ အနားဆီမှ ထွက်ခွာသွားပါက ကျိန်းသေပေါက် နေမထိထိုင်မသာ ဖြစ်မိနေမှာသေချာ၏။

“ဟားဟားဟား”

စနစ်က ရယ်လိုက်သည်။ "လက်ခံသူသာ အဓိကတာဝန်ကို မပြည့်စုံဘူးဆိုရင် ငါအကြာကြီးနေလို့ပြီပေါ့။ ဒီတော့ စိုးရိမ်ပူပန်စရာ မလိုဘူး"

"ဟောခန်းသခင်ရီ"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ငါးရက်ကြာပြီးတဲ့နောက် ပြိုင်စံရှားဂိုဏ်းရှေ့မှာ ဂိုဏ်းရဲ့ အသိအမှတ်ပြုမှုကို လုပ်ဆောင်ကြရအောင်..."

သိုင်းတာအိုဆွေးနွေးပွဲ ကျင်းပမပြုလုပ်မီ လေးရက်ခန့် အလိုတွင် အမြို့မြို့အနယ်နယ်အသီးသီးတွင် ပုံရိပ်ယောင် အစီအရင်များ စတင်ကာ ဖြစ်ပေါ်ခဲ့တော့၏။ အစီအရင်ဆရာပေါင်း တစ်သောင်းကျော်တို့သည် ပါဝင်ပြီးဤ ပုံရိပ်ယောင် အစီအရင်များကို အကောင်းဆုံးအခြေအနေဖြစ်အောင် ပြုပြင်မွန်းမံကြတော့၏။

သိုင်းတာအိုဆွေးနွေးပွဲမရောက်ခင် တတိယမြောက်နေ့မှာတော့ လီချင်းယန်နှင့် အခြားသော သူများအားလုံးသည် ပွဲအခမ်းအနား ကျင်းပမည့် တည်နေရာကြီးတစ်ခုလုံးအား အလှဆင်နေကြ၏။ လာရောက်ကြမည့် သိုင်းကျင့်ကြံသူများသည် ဂုဏ်သိက္ခာကြီးမားလှသော သိုင်းကျင့်ကြံသူများ ဖြစ်ကြသည်မို့ ၎င်းတို့အနေဖြင့် လေးနက်သည့် တည်နေရာကြီးတစ်ခုဖြစ်အောင် ဖန်တီးနေခြင်းပင် ဖြစ်သည်။

သိုင်းတာအိုဆွေးနွေးပွဲမစမီနှစ်ရက်အလိုမှာတော့ ရှစ်ကျန်းရွှမ်သည် သူမ၏ အကြီးအကဲများနှင့်အတူ ပွဲဆီသို့ ရောက်ရှိလာ၏။ ၎င်းတို့အား ကျွင်းချောင်ရှောင်းသည် လှိုက်လှိုက်လှဲလှဲ သွားရောက်ကြိုဆိုပြီးသည့် အခါမှာတော့ ကောင်းမွန်သည့် တည်နေရာတစ်ခုတွင် နေရာချထားပေးခဲ့၏။

ပွဲကျင်းပရန် တစ်ရက်အလိုတွင် သိုင်းအင်ပါယာကိုးယောက်တို့သည် ကောင်းကင်ယံထက်တွင် ပျံသန်းရောက်ရှိလာခဲ့တော့၏။ အလုံးစုံ လေးစားသည့် အမူအရာကို ပြသည့်အနေဖြင့် သံမဏိအရိုးတောင်ကို တက်ရောက်ရာတွင် ပျံသန်း၍မလာဘဲ ခြေလျင်လျှောက်၍ လာခဲ့သည်။

ဤအချင်းအရာသည် ကျန်သည့်သူများအား အုတ်အော်သောင်းနင်း ဖြစ်ကုန်စေ၏။

"ကောင်းကင်ဘုံ …. သိုင်းအင်ပါကိုးယောက်တို့က တစ်ကယ့်ကို ပင့်ဖိတ်ခြင်း ခံထားရတာပဲ။ ဒါဆိုရင် တကယ့်ကို ကြီးကျယ်လှတဲ့ သိုင်းတာအိုဆွေးနွေးပွဲကြီး ဖြစ်လာပြီပေါ့..."

နှစ်သစ်၏ ရှစ်ရက်မြောက်နေ့ ……။

ဤနေ့သည် လက်ထပ်ရန်၊ ခရီးသွားလာရန် သို့မဟုတ် တစ်စုံတစ်ခုပြုလုပ်ရန် အကောင်းမွန်ဆုံးသော မင်္ဂလာနေ့ထူးနေ့ရက်ပင် ဖြစ်၏။

တင်းရှင်းဝမ်၊ အကြီးအကဲဝေနှင့် အခြားသော အကြီးအကဲများ အားလုံးသည် အဓိကဟောခန်း၏ အပြင်ဖက်တွင် မတ်မတ်ရပ်နေကြသည်။

၎င်းတို့၏ အရှေ့ဖက် သိုင်းလေ့ကျင့်ရေးကွင်းပြင်မှာတော့ လုချင်းချင်းဦးဆောင်သော တပည့်များသည် မတ်တပ်ရပ်နေကြသည်။ ပွဲအခမ်းအနားအတွင်းသို့ ဝင်ရောက်ပြီးသော လူများသည် ယနေ့တွင် သိုင်းတာအိုဆွေးနွေးပွဲ ကျင်းပမည်ကို သိရှိထားကြ၏။

သို့ပေမဲ့ လက်ရှိအခြေအနေတွင် ပြိုင်စံရှားဂိုဏ်းသည် ဂိုဏ်းအသိအမှတ် ပြုမှုကို ပြုလုပ်မည် ဖြစ်သောကြောင့် အားလုံးသည် စိတ်ဝင်တစားနှင့် စောင့်ကြည့်လျက် ရှိနေကြသည်။

"စီနီယာအစ်ကို "

လီဖေးသည် စိုးရိမ်စွာဖြင့် ပြောလိုက်၏။ "ကျုပ် ဘယ်လိုကြီးမှန်းမသိဘူး ခံစားနေရတယ်"

စုရှောင်မိုသည် မျက်လုံးတွေ ချာချာလည်ကာ ပြောလိုက်၏။ "မင်း ဒီစကားကိုပြောတာ ငါးကြိမ်ရှိနေပြီလေ။ စိတ်မပူနဲ့"

လီဖေးသည်သာ စိတ်လှုပ်ရှားနေသည်မဟုတ် လီချင်းယန်အပါဝင် အခြားသောတပည့်များသည်လည်း စိတ်လှုပ်ရှားနေကြ၏။

အထူးသဖြင့် အတွင်းစည်းတပည့်များ ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဆယ်နှစ်တိတိ အလုပ်ကြိုးစားပြီး နောက်မှာတော့ လောက၏ ထိပ်ဆုံးအဆင့်သို့ မကြာမီတွင် ရောက်ရှိတော့မှာဖြစ်သည်။

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် အလွန်လေးနက်တည်ကြည်သော အမူအရာဖြင့် အဓိက သေူသည် အထက်ပိုင်းအကြီးအကဲများကို ကျော်ဖြတ်ပြီးသည့် အချိန်မှာတော့ တပည့်များကို တစ်ယောက်ချင်းစီ ကျော်ဖြတ်လိုက်၏။ ပြီးသည့်နောက် သံမဏိအရိုးဂိုဏ်း၏ အဝင်ဝတွင် မတ်မတ်ရပ်လိုက်၏။ သူသည် ညာဖက်လက်ကို မြောက်ကာ ပြောလိုက်သည်။ "ပွဲကျင်းပတဲ့ နေရာဆီကို သွားရအောင်။ ပြီးတော့ ငါတို့ဂိုဏ်းကို ပထမအဆင့်ဂိုဏ်းအဖြစ် အသိအမှတ်ပြုကြောင်း တစ်လောကလုံးကို သိရှိစေရမယ်"

"ကောင်းပါပြီ"

တပည့်များ၏ အော်ဟစ်သံသည် ကောင်းကင်ကြီးတစ်ခုလုံးကိုပင် တုန်ခါသွားစေ၏။

ချလပ် ချလပ်

အဓိကဟောခန်းရှေ့တွင် လှဲလျောင်းလျက်ရှိနေသော လီထျန်းထျန်းသည် ကင်မရာခလုတ်ကို နှိပ်ကာဖြင့် အလွန်ကောင်းမွန်လှသော ပုံများအား ရိုက်လျက်ရှိနေသည်။

ဂိုဏ်းချုပ်၏ ဝတ်စုံသည် လေနှင့်အတူ လွင့်မျောလျက်ရှိ၏။ အနောက်ဖက်တွင်တော့ တပည့်အသီးသီးနှင့် အထက်ပိုင်းအကြီးအကဲများ အားလုံးသည် ကြည့်ကောင်းစွာဖြင့် လမ်းလျှောက်လျက် ရှိနေ၏။

၎င်းတို့၏ နောက်ခံမြင်ကွင်းမှာတော့ သံမဏိအရိုးဂိုဏ်းဟု ရေးထိုးထားသော ဆိုင်းဘုတ်ကြီးနှင့် အဓိကဟောခန်းကြီးက တည်ရှိလို့နေလေသည်။

All Chapters