← Chapters

အပိုင်း(၁၂၈၉)

Vol. 87 Ch. 1289

အပိုင်း(၁၂၈၉)

Vol. 87 Ch. 1289

ကျွင်းချောင်ရှောင်း၏ ခံစားချက်များသည် အစစ်အမှန်ပင် တိုးတက်လာခဲ့၏။ ပထမအဆင့် ဂိုဏ်းတစ်ခုဆီသို့ တိုးတက်ရောက်ရှိပြီးသည့်အချိန်မှာတော့ သူသည် ပြုလုပ်ချင်သည့်အရာများကို အချိန်မဖြုန်းတော့ဘဲ လိုရင်းကိုသာ သွားရန် ဆုံးဖြတ်လိုက်၏။

“ပြိုင်စံရှားဂိုဏ်းက ဒီကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာရှိတဲ့ ဂိုဏ်းအသီးသီးရဲ့ ခေါင်းဆောင်ဖြစ်ချင်တယ်။ ကျုပ် ကျွင်းချောင်ရှောင်းက အားလုံးရဲ့ ခေါင်းဆောင်ပေါ့။ ခင်ဗျားတို့ သဘောတူလား။ မတူလားကို ကျုပ်မေးချင်တယ်။”

သို့ပေမဲ့ သူပြောပြောပြီးချင်းမှာပဲ တည်နေရာကြီးတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည်လည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

သိုင်းတာအိုဆွေးနွေးပွဲ၏ အဓိပ္ပာယ်ကို လူတော်တော်များများက မသိခဲ့ချေ။ သို့ပေမဲ့ နောက်ဆုံးမှာတော့ သူတို့သိရှိခဲ့ပြီးဖြစ်၏။ ပြိုင်စံရှားဂိုဏ်းသည် ပထမအဆင့်ဂိုဏ်းတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်သာမက တစ်လောကလုံးကို ဦးစီးနိုင်သည့်အခြေအနေမျိုးကို လိုချင်နေသည်။

အတိတ်တုန်းကသာဆိုလျှင် ၎င်းတို့သည် အားရပါးရထ၍ ကျိန်ဆဲမိမှာသေချာ၏။ ထို့အပြင် မည်သူကသည် ကုန်းမြေတိုက်ကြီးတစ်ခု၏ ခေါင်းဆောင်ဖြစ်စေချင်သနည်း။

ရှေးယခင်ကတည်းက ထိုကဲ့သို့သော ကိစ္စများကို ပြုလုပ်နိုင်သည့်လူဟူ၍ မည်သူမျှမရှိချေ။ သို့ပေမဲ့ လက်ရှိအခြေအနေ မှာတော့ သိုင်းကျင့်ကြံသူများသည် နဝေတိမ်တောင်ဖြစ်လို့နေခဲ့၏။ အထူးသဖြင့် သာမန်လူများပင် ဖြစ်တော့သည်။

မည်သူသည် ခေါင်းဆောင်ဖြစ်ချင်သနည်း။ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်ပင်ဖြစ်တော့၏။

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ အရင်ဝင်ရောက်ပြီး ခံတပ်တည်နေရာကြီးကို ကျယ်ပြောစွာ ချဲ့ထွင်နိုင်ခဲ့သည့် လူတစ်ယောက် ဖြစ်ပြီး တစ်လောကလုံးရှိ ထိပ်တန်းကျင့်ကြံသူများအားလုံးအား အကူအညီမဲ့ နေသည့်အခြေအနေဆီမှ ကယ်တင်ခဲ့သည့် လူတစ်ယောက်လည်းဖြစ်လို့နေသည်။ သူ၏ ကြင်နာမှုကို မည်သူက မသိရှိဘဲနေသနည်း။

ပွဲခင်းတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားသလို အခြေအနေ တစ်ခုလုံးသည်လည်း လေးနက်သွားခဲ့သည်။

ကျွင်းချောင်ရှောင်းသည် လက်တစ်ဖက်ကို ခါးထောက်ကာဖြင့် တည်ကြည် လေးနက်လှသည့် လေသံမျိုးဖြင့် ပြောလိုက်၏။ “သိုင်းအင်ပါယာ ကိုးယောက်တို့ …. ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ အမြင်ကို ပြောပါအုံး။”

…

အင်ပါယာကျင်း၊ အင်ပါယာလင်းနှင့် တစ်ခြားသောသူများအားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှု လိုက်ကြ၏။

သိုင်းတာအိုဆွေးနွေးပွဲဆိုသည်မှာ မဟာမိတ်အဖွဲ့ဖွဲ့ရန် ဖြစ်ကြောင်းကို သူတို့ သိရှိပြီးဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း သည် ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်ဖို့ ပြောဆိုလိမ့်မည်ဟု သူတို့မထင်မှတ်ခဲ့ချေ။ သူတို့အားလုံးသည် အငိုက်မိသွားခဲ့ကြသည်။

“အဟမ့် … အဟမ့်။”

ရုတ်တရက် အထက်ဆီမှ ချောင်းဟန့်သံတစ်ခု ထွက်လာခဲ့၏။ သိုင်းအင်ပါယာကိုးယောက်တို့သည် အပေါ်သို့ မော့ကြည့်လိုက်သည့်အချိန်မှာတော့ မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွား၏။

ငရဲကြီးကိုးထပ်တွင်ရှိသော အဓိကပြဿနာကောင်များအားလုံးသည် ၎င်းတို့အား ပြုံးပြုံးကြီး ကြည့်ရှုလျက်ရှိနေ၏။ ထိုအပြုံးများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

မည်သည့်အဓိပ္ပာယ်ကို ဖော်ဆောင်နေသနည်း။ အစစ်အမှန်ခြိမ်းခြောက်မှုပင်ဖြစ်တော့၏။

“ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို ပါရမီရှင်ပဲလေ။ ဒီတော့ တလောကလုံးကို ဦးစီးဦးဆောင်ပြုလုပ်ဖို့ ထိုက်တန်တဲ့ လူတစ်ယောက်ပါပဲ။ ကျုပ်သဘောတူတယ်။”

အင်ပါယာလင်းသည် ပထမဦးဆုံးအကြိမ် သူ၏ သဘောထားကို စတင်ကာ ထုတ်ဖော်ပြောဆိုလိုက်၏။ တစ်ခြားသော သိုင်းအင်ပါယာရှစ်ယောက်တို့သည်လည်း ၎င်းတို့၏ ဆန္ဒများကို ထုတ်ဖော်ပြောဆိုလိုက်ကြသည်။

အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် ရီဖေးရွှယ် နှင့်အခြားသောသူများကို ထုတ်ဖော်၍ အသုံးမပြုချင်ပေ။ သို့ပေမဲ့ ၎င်းတို့ကို လူသိရှင်ကြား အရှေ့ဆီသို့ ထုတ်ထားမည်ဆိုပါက သိုင်းအင်ပါယာ ကိုး ယောက်တို့သည် ကျိန်းသေပေါက် သဘောတူမှာ သေချာ၏။ ထို့ကြောင့် သူ့အနေနှင့် ခေါ်ဆောင်ထားခြင်းပင် ဖြစ်၏။

“အားလုံးပဲ။”

ကျွင်းချောင်ရှောင်းသည် များပြားလှသည့် ပထမအဆင့် ဂိုဏ်းအသီးသီးရှိ ဂိုဏ်းချုပ်များအား လှမ်း၍ ကြည့်ရှုကာ မေးမြန်းလိုက်သည်။ “ခင်ဗျားတို့ကော ဘယ်လိုထင်လဲ။”

“အချိန်အတိုင်းအတာတိုအတွင်းမှာ အဆင့်ကိုးဂိုဏ်းတစ်ခုကနေ ထိပ်တန်းဂိုဏ်းတစ်ခုအထိ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်နိုင်ခဲ့တယ်ဆိုတော့ ဒီစွမ်းရည်က တကယ့်ကို့ ဩချရလောက်တယ်လေ။ ကျုပ်တို့ ထိုက်ရွှမ်အအေးဂိုဏ်းက ပြိုင်စံရှားဂိုဏ်း၏ ဦးဆောင်မှုနောက်ကိုလိုက်ပြီးတော့ ဂိုဏ်းချုပ်ကျွင်းကို မဟာမိတ်ခေါင်းဆောင်အဖြစ် အသိ အမှတ်ပြု ပါတယ်။”

ထိုက်ရွှမ်အအေးဂိုဏ်း၏ ဂိုဏ်းချုပ်သည် မတ်တပ်ထရပ်ပြီး လက်သီးဆုပ်ကာ ပြောလိုက်၏။

ဤကိစ္စသည် တစ်ယောက်တည်းနှင့် အဆုံးမသတ်ခဲ့ချေ။ အားလုံးသော သူများသည်လည်း ထကာဖြင့် တစ်ယောက်ပြီး တစ်ယောက် ၎င်းတို့၏ ထင်မြင်ယူဆချက်များကို ပြောဆိုလျက်ရှိနေကြသည်။

ဒုတိယအဆင့်နှင့် တတိယအဆင့် ဂိုဏ်းများသည် မတ်တပ်ထရပ်၍ မပြောနိုင်ခဲ့ကြချေ။ ပထမအဆင့်ဂိုဏ်းများ ပြောဆိုခဲ့ပြီးပြီဖြစ်သောကြောင့် သူတို့အနေနှင့် မလိုအပ်သည်မှာ သေချာ၏။ ရုတ်တရက်ဆိုသလိုပဲ ပြိုင်စံရှားဂိုဏ်း သည် တစ်လောကလုံးတွင် အားအကောင်းဆုံးသော ဂိုဏ်းအဖြစ် ပြောင်းလဲသွားပြီဖြစ်၏။

ထို့အပြင် ဂိုဏ်းအသီးသီးတို့၏ မဟာမိတ်အဖွဲ့ခေါင်းဆောင်သည်လည်း ကျွင်းချောင်ရှောင်းဖြစ်လို့သွားခဲ့သည်။

“အရှေ့တောင်ရန်ကျူးရဲ့ ကိုယ်စားပြုသူတွေ”

“သဘောတူညီရဲ့လား။”

“သဘောတူညီပါတယ်။”

“အနောက်မြောက်ရန်ကျူးရဲ့ ကိုယ်စားပြုတွေရော သဘောတူညီရဲ့လား။”

“သဘောတူညီပါတယ်။”

…

ဒေသကိုးခုတွင်ရှိနေသော ကိုယ်စားပြုသူများအားလုံးကို အသီးသီးမေးမြန်းပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း သည် ထပ်မံကာ မေးလိုက်သည်။

“ပင်လယ်ဒေသဘက် ကိုယ်စားပြုသူတွေရော သဘောတူရဲ့လား။”

“သဘောတူပါတယ်။”

နန်းတော်သခင်လျှို နှင့် တစ်ခြားသောလူများအားလုံးသည်လည်း သူတို့၏ သဘောထားများကို ထုတ်ဖော်ပြောဆို လိုက်ကြ၏။

အားလုံးသဘောတူညီပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် ဆီသို့ လှမ်းကြည့်၍ ပြုံးကာ မေးလိုက်သည်။ “ခင်ဗျားရော သဘောတူလား။”

“သဘောတူပါတယ်။ သဘောတူပါတယ်။”

ထိုဂိုဏ်းချုပ်သည် အလျင်အမြန်နှင့် ပြောဆိုလိုက်ကြ၏။ စီရင်စုအသီးသီးတွင်ရှိနေသော လမ်းမှန်ဂိုဏ်းများအားလုံး သည်လည်း အသိအမှတ်ပြုခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်းသည် ကုန်းမြေတိုက်ကြီးအား ကူညီခဲ့သောကြောင့်ပင်။

ထို့အတူ နတ်ဆိုးဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းတွေမှာလည်း အလျင်အမြန် သဘောတူညီခဲ့ရ၏။ အဘယ့်ကြောင့်ဆိုသော် ထပ်မံကာ ငွေလာညှစ်မည်ကို ကြောက်ရွံ့သောကြောင့်ပင် ဖြစ်၏။

“အားလုံးပဲ။”

ကျွင်းချောင်ရှောင်းသည် ဟောခန်းထဲတွင်ရှိသော လူများအားလုံးကို လှမ်းကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ ဦးခေါင်းကို မော့ကာဖြင့် ပုံရိပ်ယောင်အစီအရင်ကြီးကို လှမ်းကြည့်သည်။ “အားလုံး သဘောတူရဲ့လား။”

“သဘောတူပါတယ်။ သဘောတူပါတယ်။”

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ မြို့အသီးသီးနှင့် နိုင်ငံအသီးသီးတွင်ရှိနေသော ပုံရိပ်ယောင်မြင်ကွင်းထဲမှတဆင့် ကြည့်ရှုနေကြသူများသည် သဘောတူညီကြောင်း အော်လိုက်ကြ၏။

သိုင်းအင်ပါယာ ကိုးယောက်နှင့် ထိပ်တန်းဂိုဏ်းများအားလုံးသည် သဘောတူညီခဲ့ပြီးဖြစ်၏။ သူတို့ကဲ့သို့ သာမန် လူများ၊ နာမည်မရှိသည့်သိုင်းကျင့်ကြံသူများအနေနှင့် သဘောမတူဘဲ ဘာလုပ်၍ ရနိုင်မည်နည်း။

“ကဲ …. ဘယ်သူမှ ငြင်းပယ်မယ့်လူမရှိဘူးဆိုတော့”

ကျွင်းချောင်ရှောင်းသည် စာရွက်စာတမ်းများကို ထုတ်ယူကာဖြင့် ပြောလိုက်၏။ “ဒါဆိုရင် ဂိုဏ်းအသီးသီးမှာ ရှိတဲ့ ဂိုဏ်းချုပ်တွေကို ဖိတ်ခေါ်ပြီးတော့ စာချုပ်ချုပ်မှုကိစ္စကို လုပ်ရအောင်။ လမ်းမှန်ဂိုဏ်းဖြစ်ဖြစ်၊ မိစ္ဆာဂိုဏ်းဖြစ်ဖြစ် အားလုံးဟာ ဒီသဘောတူညီမှုမှာပါဝင်တယ်။”

“……….”

သိုင်းကျင့်ကြံသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။ ထိုသူသည် သဘောတူညီမှုစာချုပ်ကိုပင် ရေးထိုးထားခဲ့သေး၏။ ထင်မှတ်ထားသည့်အတိုင်းပင် တကယ်ပင် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။

ဂိုဏ်းအသီးသီး၏ ဂိုဏ်းချုပ်များဆီသို့ သဘောတူညီမှုစာချုပ်များ ပေးအပ်ခဲ့၏။ အားလုံးလက်မှတ်ရေးထိုးပြီးသည့် နောက်မှာတော့ မဟာမိတ်အဖွဲ့သည် ဖြစ်တည်သွားခဲ့ပြီဖြစ်၏။ ပြိုင်စံရှားဂိုဏ်း၏ ခေါင်းဆောင်မှုနှင့်အတူ ၎င်းတို့ အားလုံးသည် ကြီးမားသည့် အခြေအနေတစ်ခုဆီသို့ တက်လှမ်းနိုင်လိမ့်မည်ဟု ယုံကြည်လျက်ရှိနေကြ၏။

“အင်း”

ဟောခန်း၏ ထောင့်တစ်ခုတွင် ပုန်းလျှိုးကွယ်လျှိုးနှင့် ရှိနေသော ချင်ဟောင်ရန်သည် သက်ပြင်းချလိုက်၏။

ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ကို သူတည်ထောင်ခဲ့ဖူး၏။ သို့ပေမဲ့ လက်ရှိဖြစ်တည်နေသည့်အဖွဲ့အစည်းနှင့် နှိုင်းယှဉ်ရမည်ဆိုပါက တစ်ဖက်လူ၏ ဖိနပ်ကို သိမ်းရန်ပင် သူသည် ထိုက်တန်လှသူမဟုတ်ချေ။

သဘောတူညီမှုသည် ချက်ချင်းပဲ အသက်ဝင်ခဲ့သည်။ ကျွင်းချောင်ရှောင်းသည် စာချုပ်များအားလုံးကို သပ်သပ်ရပ်ရပ်စီပြီးနောက် ပြောလိုက်၏။ “ကျုပ်က ပထမဦးဆုံး မဟာမိတ်အဖွဲ့ရဲ့ခေါင်းဆောင်ပဲ။”

“နှုတ်ဆက်ပါတယ်။ မဟာမိတ်အဖွဲ့ခေါင်းဆောင်။”

“နှုတ်ဆက်ပါတယ်။ မဟာမိတ်အဖွဲ့ခေါင်းဆောင်။”

သိုင်းအင်ပါယာ ကိုးယောက်တို့နှင့် ဂိုဏ်း၏ ဂိုဏ်းချုပ်များ အားလုံးတို့သည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းကို လေးလေးစားစားနှင့် ဂါရဝပြုလိုက်ကြသည်။

“အားလုံးက ကျုပ်ကို မဟာမိတ်ခေါင်းဆောင်အဖြစ် ရွေးချယ်ပြီးပြီဆိုမှတော့ ကျုပ်ရဲ့ တာဝန်ဝတ္တရားတွေကိုလည်း ကျိန်းသေပေါက် ပြုလုပ်ပေးရမယ်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး အားကောင်းလာစေရမယ်။ ဒီတော့ …”

ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးလိုက်၏။ သူ၏ အနောက်တွင်တော့ သေးငယ်လှသည့် ပုံရိပ်ယောင် အစီအရင်လေးတစ်ခုသည် ပေါ်ပေါက်လာခဲ့၏။ ဤအရာသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ပြည့်စုံသည့် မြေပုံတစ်ခုပင်ဖြစ်သည်။

ထိုမြေပုံ၏ နေရာအသီးသီးတွင် အလင်းစက်ကလေးများ ထင်ရှားစွာ ပေါ်ပေါက်လျက်ရှိ၏။

ကုန်းရှန့်သည် ကျယ်လောင်စွာ ပြောလိုက်သည်။ “ဒါက အထူးတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ပဲ။ ပြိုင်စံရှားဂိုဏ်းက ဖန်တီးထားတာ။ ဒါကို ဟိုဘက်ဒီဘက် သွားလို့ရတဲ့ တည်နေရာရွှေ့ပြောင်းခြင်းလို့ခေါ်တယ်။ ဒီနေ့ကစပြီး လူတွေအားလုံးဟာ လွတ်လွတ်လပ်လပ်နဲ့ ကုန်းမြေတိုက်ကြီးအနှံ့ကို ခရီးထွက်လို့ သွားလာလို့ရပြီ။”

သိုင်းအင်ပါယာ ကိုးယောက်တို့သည် မျက်လုံးပင် ပြူးသွားမိကြ၏။ ဤတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် အလွန်ပင်အားကောင်းလွန်းလှ၏။

“ဟုတ်တယ်။ ဒီ်ဟာ ကျုပ်တို့ဂိုဏ်းအသုံးပြုဖို့အတွက် ဖန်တီးထားတာပဲ။ ဒါပေမဲ့ ကျုပ်က မဟာမိတ်ခေါင်းဆောင်ဖြစ်ခဲ့ပြီဆိုတော့ ခင်ဗျားတို့လည်း ဒီနေရာမှာ ဝင်ပြီးတော့ အသုံးပြုလို့ရနိုင်တယ်။ ဒါပေမဲ့ ဒါကြီးကို အသုံးပြုမယ်ဆိုရင်တော့ သက်ဆိုင်တဲ့ စိတ်ဝိညာဉ်ကျောက်တုံး ပမာဏကိုတော့ ပေးအပ်ရမယ်။”

“ဂိုဏ်းချုပ်ကျွင်း”

တစ်စုံတစ်ယောက်က ထကာ မေးလိုက်သည်။ “ဒီတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဟာ ဘယ်လောက်ဝေးဝေး ကို သွားလို့ရလဲ။”

ကျွင်းချောင်ရှောင်းသည် အနောက်ဘက်တွင် ရှိနေသော မြေပုံကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “ဒီကုန်းမြေတိုက်ကြီးရဲ့ အလင်းစက်တွေရှိနေတဲ့ တည်နေရာတိုင်းကို ကြိုက်သလိုသွားလာလို့ရတယ်။ ပြီးတော့ မျက်စိတစ်မှိတ်အတွင်း ရောက်သွားလိမ့်မယ်။”

“မျက်စိတစ်မှိတ်အတွင်း ဟုတ်လား။ အဲလောက်ကြီး မှော်ဆန်တာလား။”

“ကြည့် ကြည့် …. ဟိုဘက်နားတစ်ချက်မှာ အစီအရင်တစ်ခုရှိနေတယ်။”

ကြီးမားသောမြို့ကြီးတစ်ခုတွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် လူများ ရှုပ်ထွေးစွာ သွားလာလျက်ရှိနေသည့် လမ်းကြီးပေါ်တွင် အစီအရင်တစ်ခုတည်ရှိနေကြောင်းကို ရှာဖွေတွေ့ရှိလိုက်ကြ၏။

စိတ်ဝိညာဉ်ကျောက်တုံးများကို ပေးအပ်ပြီးသည်ဆိုပါက ၎င်းတို့သည် သွားလာနိုင်သည့်တည်နေရာကို ရွေးချယ်ပြီး တည်နေရာ ရွှေ့ပြောင်းနိုင်စွမ်းရှိလေသည်။

“ဘယ်အချိန်က ဒါကို လာပြီးဖန်တီးထားတာလဲ။”

ဟုတ်ပေသည်။ ပြိုင်စံရှားဂိုဏ်း၏ အစီအရင်ဟောခန်းဆီမှ လူများအားလုံးသည် ဤနေရာသို့ ရောက်ရှိလာပြီး တိတ်တဆိတ် ကြိတ်ကာ ဖန်တီးထားကြခြင်းဖြစ်သည်။ သို့ပေမဲ့ အထူးသီးခြားဖြစ်တည်ခြင်းအစီအရင်များကို အသက်သွင်းကာဖြင့် ဖုံးကွယ်ထားခဲ့၏။

ထို့ကြောင့် ဖြတ်သွားဖြတ်လာများအားလုံးသည် ဤနေရာတွင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုရှိနေလိမ့် မည်ဟု မထင်မှတ်ကြချေ။ ကျွင်းချောင်ရှောင်းသည် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းကို ခံခဲ့ရ၏။ သဘာဝအားဖြင့် သူ့ကိုယ့်သူ သက်သေပြရတော့မှာဖြစ်သည်။ ထို့ကြောင့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များအားလုံးကို ထုတ်ဖော်ပြသခဲ့ခြင်းပင် ဖြစ်သည်။

“စမ်းကြည့်လိုက်မယ်။”

သိုင်းကျင့်ကြံသူတစ်ယောက်သည် စိတ်ဝိညာဉ်ကျောက်တုံးအား ပေးအပ်ပြီးသည့်နောက်မှာတော့ သက်ဆိုင်ရာ တည်နေရာကို ရွေးချယ်ကာ တည်နေရာရွှေ့ပြောင်းမှုကို ပြုလုပ်လိုက်ကြ၏။ ပြီးသည့်နောက်မှာတော့ သူသည် အနောက်မြောက်လုကျိုးဆီမှသည် အနောက်ဘက်ဒေသဆီသို့ ရောက်ရှိသွားခဲ့၏။

ဝှစ်

“ဒါက တကယ့်ကို ဆန်းကြယ်လွန်းတယ်။ အနာဂတ်မှာ အပြင်ထွက်တဲ့အချိန်ကို ခက်ခက်ခဲခဲ ခရီးသွားလာနေစရာ မလိုတော့ဘူး။ ဂိုဏ်းချုပ်ကျွင်းရဲ့ လုပ်ဆောင်မှုက ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးကို တကယ့်ကို အကျိုး ကျေးဇူးရှိစေတာပဲ။ နောင်လာနောင်သားတွေအတွက် တကယ့်ကို အခွင့်အရေးပဲ။”

အားလုံးသော သူတို့သည် အံ့အားတသင့်ဖြင့်ဖြစ်လျက် ရှိနေကြ၏။ အထူးသဖြင့် ဝေးကွာလွန်းသည့် တည်နေရာများကို ခရီးသွားလာမည်ဆိုပါက များပြားလှသည့်အချိန်၊ နေ့ရက်၊ ငွေကြေးများ ကုန်ဆုံးမှာသေချာ၏။ သို့ပေမဲ့ လက်ရှိအခြေ အနေမှာတော့ လွယ်ကူစွာ ခရီးသွားလာနိုင်စွမ်းရှိနေကြပြီဖြစ်၏။

အားလုံးအံ့အားသင့်နေသည့်အချိန်မှာပဲ ကောင်းကင်ယံထက်တွင် ရုတ်တရက် အားကောင်းလှသည့် အော်ရာများ ဖြစ်တည်လာခဲ့သည်။ ပြီးသည့်နောက်မှာတော့ တစ်စုံတစ်ခုသော စွမ်းအင်ဖြင့် ဖြစ်တည်ခဲ့သလို သက်တန့်ရောင်စဉ် တောက်လျက်ရှိနေသည့် ပလ္လင်ကြီးတစ်ခုသည် ကောင်းကင်ယံအထက်၌ ပေါ်ပေါက်လာခဲ့သည်။

“ဒါ … ဒါက”

အားလုံးသောသူတို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်မိ၏။ “ဒါက အင်ပါယာပလ္လင်ပဲ။”

ဤအင်ပါယာပလ္လင်သည် ဂြိုဟ်ကြီးထဲတွင်ရှိနေသည့် အားအကောင်းဆုံးသော လူအား ပေးအပ်ခြင်းပင် ဖြစ်သည်။

ဤပြောင်းလဲသွားသည့် ကောင်းကင်ယံထက်ဆီမှအခြေအနေကို ကြည့်ရှုမည်ဆိုလျှင် တစ်စုံတစ်ယောက်သည် သိုင်းအင်ပါယာ ဖြစ်လာခြင်းဖြစ်ကြောင်း အားလုံးက သိရှိလိုက်ကြသည်။

မည်သူသည် သိုင်းအင်ပါယာ ဖြစ်လာသနည်း။

“ပေါ်လာပြန်ပြီ။ သိုင်းအင်ပါယာပလ္လင်က ထပ်ပြီးပေါ်လာပြီ။ အရင်တုန်းက သိုင်းအင်ပါယာ ကိုးယောက်တို့ ထိပ်ဆုံး အဆင့်ကို တက်တဲ့အချိန်မှာ ဒီလိုမြင်ကွင်းမျိုးဖြစ်ခဲ့ဖူးတယ်။ ဆိုးရွားတာက ညအင်ပါယာသေဆုံးပြီးတဲ့ အချိန်က ဒီပလ္လင်ကြီးက ထပ်ပြီးပေါ်မလာခဲ့တာ ကြာပြီမလား။” အားလုံးတုန်လှုပ်စွာဖြင့် ဆွေးနွေးလျက်ရှိနေသည်။

တစ်ချို့သော ကျင့်ကြံသူများသည် ဒူးထောက်ပြီး ဂါရဝပြုလျက်ပင် ရှိနေကြ၏။

ဤနေရာတွင် မေးခွန်းတစ်ခုရှိရသည်မှာ မည်သူသည် သိုင်းအင်ပါယာအဆင့်ကို ချိုးဖြတ် ရောက်ရှိသွားခဲ့သော ကြောင့် သိုင်းအင်ပါယာ၏ ပလ္လင်သည် ပေါ်ပေါက်လာရသနည်း။

“ပုံရိပ်ယောင်မြင်ကွင်းကို သေချာကြည့်အုံး။”

ရုတ်တရက် တစ်စုံတစ်ယောက်သည် ထ၍ အော်ဟစ်လိုက်သည်။

ဝှစ် ဝှစ်

ကုန်းမြေတိုက်ထဲတွင် ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် ပုံရိပ်ယောင်အစီအရင်ကို လှမ်း၍ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ စင်မြင့်ပေါ်အရှေ့တွင် ရပ်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ဆိုသလိုပဲ သိုင်းအင်ပါယာပလ္လင်ပေါ်သို့ ရောက်ရှိနေ၏။

“သူပဲ … သူ … ဂိုဏ်းချုပ်ကျွင်းပဲ။ သူက သိုင်းအင်ပါယာပလ္လင်ကို ဆက်ခံခဲ့တဲ့ လူတစ်ယောက်ဖြစ်ခဲ့တာကိုး။”

All Chapters