← Chapters

အပိုင်း (၁၂၉၀)

Vol. 87 Ch. 1290

အပိုင်း (၁၂၉၀)

Vol. 87 Ch. 1290

ကျွင်းချောင်ရှောင်းသည် မဟာမိတ်အဖွဲ့ခေါင်းဆောင်းအဖြစ် ရွေးချယ်ခံရပြီး နောက်မှာတော့ သိုင်းတာအိုဆွေးနွေးပွဲသည် ပြည့်စုံစွာဖြင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ သို့ပေမဲ့ ရုတ်တရက် ကောင်းကင်ယံထက်တွင် ထူးဆန်းလှသည့် သဘာဝဖြစ်စဉ်များ ပေါ်ပေါက်လာပြီးသည့်နောက် ဆန်းကြယ်လှသည့် ပုလ္လင်ကြီးတစ်ခုသည် ပေါ်ပေါက်လာခဲ့၏။

ထိုအရာသည် တတိယမျိုးဆက်ကျင့်ကြံသူများကို အမှန်ပင် ထိတ်လန့် တုန်လှုပ်စေခဲ့သည်။

"ဒါက …. "

သိုင်းအင်ပါယာ ကိုးယောက်တို့သည်လည်း ဆွံ့အသွားခဲ့ကြ၏။ ညအင်ပါယာ သေဆုံးပြီးကတည်းက ဤပုလ္လင်သည် လစ်ဟာနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး ယနေ့အချိန်မှာတော့ ထပ်မံကာ ပေါ်ပေါက်လာခဲ့၏။ တစ်စုံတစ်ယောက်သည် သူတို့နှင့် ခြေရာခြင်းတူသော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဟု ဆိုလိုခြင်း မဟုတ်ပါလား။

ဂျွတ်

ရီရှင်းချန်သည် ဆန်းကြယ်လှသော ပုလ္လင်ကြီးကို လှမ်းကြည့်ပြီးသည့် အခါမှာတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏ လက်သီးဆီမှ အသံများပင် ထွက်ပေါ်လာ၏။ မျက်လုံးထဲတွင်လည်း ဒေါသတရားများနှင့် ပြည့်နှက်နေခဲ့တော့သည်။ ဤအရာသည် သူ၏ ပုလ္လင် ဖြစ်ခဲ့ဖူးသည်။

လက်ရှိအချိန်မှာတော့ တစ်စုံတစ်ယောက်သည် ထိုပုလ္လင်အား ရယူသွားခဲ့သည်ကို အတိုင်းသား ကြည့်ရှုနေရ သည်။ သူ့ကဲ့သို့သော သူတစ်ယောက်သည် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို မည်သို့မျှ လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။

အဆုတ်ကွဲမတတ် အော်ဟစ်ချင်သည်အထိ ရီရှင်းချန်သည် ဒေါသထွက်လျက် ရှိနေ၏။ လက်ရှိအချိန်မှာတော့ အားညိုသည် စင်မြင့်ပေါ်တွင် ရပ်နေသူူမှာ ကျွင်းချောင်ရှောင်း ဖြစ်ကြောင်း သတိပြုမိလိုက်၏။ သူသည် ထိတ်လန့် တုန်လှုပ်သွားမိ၏။

"သူ သိုင်းအင်ပါယာအဆင့်ကို ကျော်ဖြတ် ရောက်ရှိသွားတာလား"

အမှန်ပင် ဖြစ်တော့၏။ သိုင်းအင်ပါယာပုလ္လင်ကို ဆက်ခံသွားသူမှာ သူ၏ဂိုဏ်းချုပ်ကျွင်းပင် ဖြစ်တော့၏။

များပြားလှသော ဂိုဏ်းများသည် သူတို့၏ဂိုဏ်းများအား ပြိုင်စံရှားဂိုဏ်းကို အသိအမှတ်ပြုပြီးသည့် နောက်မှာတော့ သူု၏ ဂိုဏ်းချုပ်သည် သိုင်းတာအိုဆွေးနွေးပွဲ၏ မဟာမိတ်ခေါင်းဆောင်ဖြစ်လာခဲ့သည်။

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်း၏ ခေါငိးထဲတွင် သတိပေးသံများ ထွက်ပေါ်လာခဲ့၏။

ဒင် ….

"အထူးတာဝန် ပြည်စုံ"

ဒင် ….

"ပြိုင်စံရှားဂိုဏ်းသည် ပထမအဆင့် ဂိုဏ်းတစ်ခုအဖြစ်သို့ တိုးတက်ရောက်ရှိခဲ့ပြီ ဖြစ်သောကြောင့် အထူးတာဝန်၏ ပြည့်စုံနှုန်းသည် နှစ်ရာရာခိုင်နှုန်းနှင့် ပြည့်စုံသွားခဲ့၏။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်သိန်းအား ရရှိ၏။”

ဒင် ….

"ဂိုဏ်းစုဆောင်းမှတ် - ၃၀၀၀၀၀ / ၁၀၀၀၀၀”

ဒင် ……….

"ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့်..."

"လာပြီ …. လာပြီ"

ကျွင်းချောင်ရှောင်းသည် သူ၏ ခံစားချက်များကို မည်သို့မျှ မထိန်းချုပ်နိုင်တော့ချေ။ ထို့ကြောင့် လက်နှစ်ဖက်ကို ဖြန့်ကားကာဖြင့် တည်နေရာကြီးတွင် မတ်မတ်ရပ်လျက် ရှိနေ၏။

ဂိုဏ်းစုဆောင်းမှတ်များ ဆိုသည်မှာ ဒုတိယသာ ဖြစ်ကြောင်း သူကောင်းကောင်းနားလည်မိ၏။ အစစ်အမှန် ဆုလာဘ်ည် ကျင့်ကြံခြင်းအဆင့် တိုးတက်ခြင်းသာဖြစ်သည်။

ဒင် …..

"လက်ခံသူသည် အထူးတာဝန် (၁၃) ကို ပြည့်စုံစေခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ သင်သည် အထူးပစ္စည်းတစ်ခု၊ သက်တန့်ရောင်စဉ်ကျမ်းတစ်ခု၊ စည်းဖွင့်ခြင်း အဆောင်တစ်ခုနှင့် ဂိုဏ်းအဆောက်အအုံ အဆင့်မြင့်တင်မှုတစ်ခု၊ ဂိုဏ်း၏ ခန်းမဆောင်ဘွဲ့ ပြောင်းလဲခြင်းတစ်ခု "

ဒင် …..

"လက်ခံသူသည် အထူးတာဝန် (၁၄) အား ပြည့်စုံစေခဲ့၏။ ထို့ကြောင့် နတ်ဘုရားအဆင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်တစ်ခု၊ နတ်ဘုရားအဆင့် အစီအရင် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်တစ်ခု၊ သူတော်စင်အဆင့် အစီအရင်ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်တစ်ပုလင်း၊ အလင်းရောင်ခန်းမဆောင်၏ လက်နက်မြင့်တင်ခြင်း ကျောက်တုံးနှစ်တုံးတို့ကို ရရှိခဲ့သည်။"

အထူးတာဝန် (၁၃) ၏ အောင်မြင်မှုနှုန်းသည် နှစ်ရာရာခိုင်နှုန်း ဖြစ်၏။ ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ် နှစ်သိန်းကို ရရှိခဲ့ရုံသာမက များပြားပြီး ရက်ရောလွန်းလှသော ဆုများကိုလည်း ရရှိခဲ့၏။

အခြားတစ်ဖက်မှ ကြည့်ရမည်ဆိုလျှင် အထူးတာဝန် (၁၄) သည် တစ်ရာရာခိုင်နှုန်းသာ ပြည့်စုံခဲ့၏။ ထို့ကြောင့် အနည်းငယ် နည်းပါးနေသည်။

သို့ပေမဲ့ အဓိက အကြောင်းအရာမဟုတ်ချေ။ အဓိက အကြောင်းအရာသည် တာဝန်နှစ်ခုလုံး ပြည့်စုံသွားခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို တားမြစ်ထားသော အတားအဆီးသည် ချိုးဖျက်ခံလိုက်ရ၏။ မယုံကြည်နိုင်လောက်အောင် ဆန်းကြယ်လှသော အော်ရာများသည် သူ၏ ဒန်ထျန်ထဲတွင် ဖြစ်တည်လာပြီး ထိုစွမ်းအင်နှစ်ခုသည် အကန့်အသတ်မဲ့ များပြားကာဖြင့်သူ၏ အသိစိတ်ပင်လယ်ထဲသို့ တိုးဝင်လာသည်။

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ့ကိုသူ ပုံရိပ်ယောင်နယ်မြေအတွင်းသို့ ရောက်ရှိနေသလိုပင် ခံစားလျက်ရှိ၏။ သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် သိုင်းကျင့်ကြံခြင်းကို ကိုယ်စားပြုသည့် သမုဒ္ဓရာပင်လယ်ကြီး ထဲတွင် ပေါင်းစပ်သွားသလို ခံစားနေမိ၏။ ထိုခံစားချက်သည် အလွန်တရာ ကောင်းမွန်လွန်းသောကြောင့် အော်ညည်းလုမတတ်ပင် ဖြစ်နေတော့၏။

ဝူး ဝူး …….။

တစ်ချိန်တည်းမှာပဲ သူ၏ ခန္ဓာကိုယ်သည် ခုနှစ်ရောင်စဉ်များ နှင့် ထွန်းလင်းလျက်ရှိနေပြီး အင်ပါယာတစ်ယောက်၏ ဖိအားများသည် ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာကာ တည်နေရာတစ်ခုလုံးကို ဖုံး၍ လွှမ်းခြုံစေသည်။

ချီလှိုင်းနှစ်ခုသည် ဖြစ်တည်နေ၏။ တစ်ခုမှာတော့ ထူထဲလှပြီး နောက်တစ်ခုမှာတော့ မယုံကြည်နိုင်လောက်အောင် ထက်ရှနေ၏။ သိုင်းအင်ပါယာ ကိုးယောက်တို့သည် ထက်ရှလှသည့်ချီကို အာရုံခံမိချိန်မှာတော့ ၎င်းတို့၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ခါနေတော့၏။

သူတို့သည် အလန့်တကြားနှင့် ထ၍ အော်လိုက်မိသည်။ "ဓားနဲ့သိုင်းအင်ပါယာ..."

ရီရှင်းချန်၏ မျက်နှာပေါ်တွင် အလွန်စိတ်ဝင်စားသည့် အမူအရာများ ဖြစ်တည်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း၏ အဆင့်တက်မှုသည် ယခင် သူအဆင့်တက်သည်ထက် များစွာ အားကောင်းလျက် ရှိ၏။

တစ်ခြားသော တစ်စုံတစ်ယောက်သာ အဆင့်တက်ပါက သူ့အနေဖြင့် သဘောမတွေ့ဖြစ်နေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအဆင့်တက်နေသူမှာ သူ၏ ဂိုဏ်းချုပ်ဖြစ်လို့နေသည်။ ထို့ကြောင့် ထားလိုက်ပါတော့၊ သူဘာသွားလုပ်၍ ရနိုင်မည်နည်း။

ဆွစ်

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ခုနှစ်ရောင်တောက်လျက်ရှိသည့် အလင်းရောင်များနှင့်အတူ ကွင်းပြင်မှ ထွက်ခွာသွားပြီး ကောင်းကင်၏အထက် အင်ပါယာပုလ္လင်ပေါ်တွင် ရောက်ရှိသွားသည်။ သူသည် ဓားအင်ပါယာနှင့် သိုင်းအင်ပါယာတစ်ယောက် ဖြစ်လို့နေခဲ့၏။

ဆန်းကြယ်လှသည့် ပုလ္လင်ကြီးပေါ်တွင် ထိုင်ပြီးသည့်အခါမှာတော့ တစ်လောကလုံး၏ အသိအမှတ်ပြုမှုကို ခံယူနေရသည်။

ဝူး … ဝူး ……

အားကောင်းလှသည့် အော်ရာနှစ်ခုသည် သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီး ကြယ်ကြွယ်ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။ သာမန်လူများ၊ အဆင့်နိမ့်ကျင့်ကြံသူများသည် မည်သို့မျှ မနေနိုင်ဘဲ ဒူးထောက်ခြင်းကို ပြုလုပ်ကြရ၏။

ရွှမ် ရွှမ် ရွှမ် ………

တစိချိန်တည်းမှာပဲ သိုင်းကျင့်ကြံသူများ၏ ခါးတွင်ရှိသော ဓားများသည် ကောင်းကင်ယံထက်ဆီသို့ ပျံတက်သွားကြ၏။ ပြီးသည့်နောက် လေထဲသို့ရောက်ရှိကာ ကျွင်းချောင်ရှောင်းအား ဦးညွှတ် ဂါရဝပြုလျက် ရှိနေကြသည်။

ဖျောက် ဖျောက် …..။

သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထက်မှာတော့ လီထျန်းထျန်း သည် ဂိုဏ်းချုပ်အဆင့်တက်သည့် မြင်ကွင်းအား ကင်မရာဖြင့် ရိုက်ကူးလျက် ရှိနေ၏။

"အကြီးအကဲတို့ ….. "

ရှစ်ကျန်းရွှမ်သည် ကျန်းစွန်းဖန့်ဟွာနှင့် လန့်ရှင်းရွဲ့တို့၏ လက်ကို အသာဆွဲကာဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းက ပုလ္လင်ပေါ်ကို တက်ထိုင်နေပြီ။ သူက အခုသိုင်းအင်ပါတစ်ယောက် ဖြစ်သွားပြီပဲ”

“…....."

မြောင်ဟွာခန်းမ အကြီးအကဲ နှစ်ယောက်တို့၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့သည်။ ကျွင်းချောင်ရှောင်း ဓားအင်ပါယာနှင့် သိုင်းအင်ပါယာသို့တက်လှမ်းသွားမှုသည် သူတို့ကို အမှန်ပင် ထိတ်လန့်တုန်လှုပ်စေ၏။ သို့ပေမဲ့ အဘယ့်ကြောင့်ခန်းမသခင်သည် ပြိုင်စံရှားဂိုဏ်း၏ တပည့်များထက် ပိုမိုကာ ပျော်ရွှင်သည့် ပုံပေါက်နေရသနည်း။

အမှန်ပင် ဖြစ်သည်။

လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသူများသည် ပုလ္လင်ပေါ်တွင် ထိုင်လျက်ရှိနေသော ဂိုဏ်းချုပ်အား မော့ကြည့်လိုက်ကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် အပြုံးများ ဖြစ်တည်နေသည်ဆိုသော်လည်း အံ့အားသင့်သည့် အမူအရာတော့ မရှိချေ။ ဤကိစ္စမှာ ဖြစ်ကိုဖြစ်ထိုက်သည့် ကိစ္စတစ်ခုဟု အားလုံးက မှတ်ယူထားကြသည်။

"ဂိုဏ်းချုပ်က တစ်ကယ့်ကို ကြမ်းတယ်။”

“ဂိုဏ်းချုပ်က တစ်ကယ့်ကိုကြမ်းတယ်။"

ပြိုင်စံရှားဂိုဏ်းသားများ၏ အော်ဟစ်သံသည် ကောင်းကင်ယံတစ်ခုလုံးကိုပင် လွှမ်းခြုံသွား၏။ လက်ရှိအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းသားများ၏ မျက်နှာပေါ်တွင် ဂုဏ်ယူမှုနှင့် မောက်မာမှုများသည် ပေါ်ထွန်းနေတော့၏။

လျိုဝမ်ရှစ်သည် အလွန်တရာ စိတ်လှုပ်ရှားလွန်းသောကြောင့် ထ၍ပင် ခုန်မိနေသည်။ "ဂိုဏ်းချုပ်က နောက်ဆုံးမှာတော့ သိုင်းအင်ပါယာတစ်ယောက် ဖြစ်လာခဲ့ပြီပဲ..."

"အဆင်မပြေဘူး။ ဖင်နာတယ်"

ကျွင်းချောင်ရှောင်းသည် ခေါင်းခါယမ်းကာ ပြောလိုက်၏။ “ငါ့ဂိုဏ်းရဲ့ ထိုင်ခုံလောက်တောင် မကောင်းပါလား..."

“…….”

စနစ်သည် ဆွံ့အသွားမိ၏။ "ဒီထိုင်ခုံမှာ ထိုင်ချင်တဲ့ ကျင့်ကြံသူတွေဆိုတာ မရေတွက်နိုင်အောင် များပြားတယ်။ လက်ခံသူက ဘယ်လိုဖြစ်ပြီးတော့ ဒါကို စောဒကတက်နေတာလဲ"

"ဂိုဏ်းချုပ်ကျွင်း"

စိတ်ဝိညာဉ်အင်ပါယာသည် အသံပို့လွှတ်လိုက်၏။ "ခင်ဗျား ပုလ္လင်ပေါ်ကို လှမ်းတက်ပြီးပြီဆိုတော့ ခင်ဗျားရဲ့ အင်ပါယာဘွဲ့ထူးကို ကြေညာတော့လေ။ "

သိုင်းအင်ပါဆယ်ယောက်တို့သည် သူတို့၏ အသီးသီးနာမည်များ ရှိကြ၏။ အထူးသဖြင့် တောရိုင်းအင်ပါယာ ၊ ညအင်ပါယာစသဖြင့် ဖြစ်သည်။

"သက်ရှိအားလုံးတို့ "

ကျွင်းချောင်ရှောင်းသည် အသံကျယ်လောင်စွာ ပြောလိုက်သည်။ "ဒီနေ့ကစပြီး ကျုပ်ကို လူချောအင်ပါယာလို့ ခေါ်ပါ"

"......" အားလုံးသောလူများသည် ဆွံ့အသွားခဲ့ကြ၏။

စနစ်သည် ထ၍အော်လိုက်သည်။ "ချီးတဲ့မှ …. ဘာတွေလျှောက်လုပ်ပြန်ပြီလဲ"

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် လူချောအင်ပါယာဟူ၍ သိုင်းကျင့်ကြံသူ တစ်ယောက်မှ မရှိချေ။ ထို့ကြောင့် ကျွင်းချောင်ရှောငိးသည် ထိုနာမည်ကိုသာ အတည်ပြုရယူရန် စဉ်းစားလိုက်ခြင်းဖြစ်သည်။ သူများနှင့် မတူမှ ပြိုင်စံရှားဖြစ်မည် မဟုတ်ပါလား။

ဒင် ……

"လက်ခံသူသည် ပြိုင်စံရှားဂိုဏ်းအား နှစ်တစ်ရာအတွင်း အားအကောင်းဆုံးသော ဂိုဏ်းတစ်ခုဖြစ်အောင် ဖန်တီးပြုလုပ်နိုင်ခဲ့သည်။ဂိုဏ်းသားအရေအတွက်လည်း ပြည့်စုံသွားခဲ့၏။ ထို့ကြောင့် လိုအပ်ချက်နှင့်ပြည့်စုံပြီး အဓိကတာဝန် ပြည့်စုံသွားခဲ့သည်ဟု ဆိုရမည်။ "

စက်ရုပ်တစ်ခုကဲ့သို့သော အသံသည် သူ၏ နားထဲတွင် ပေါ်ပေါက်လာခဲ့သည်။

ဟင်း

ခနလောက်ကြာပြီးသည့်နောက် စနစ်သည် သက်ပြင်းချကာ အားတင်းလျက် ပြုံးလိုက်၏။ "ဆယ်နှစ်ဆိုတာ တကယ့်ကို တိုတိုလေးပဲ။ ဒါပေမဲ့ ငါမင်းလို ကြောင်တောင်တောင်ကောင်ကို ကူညီပေးရတဲ့အတွက် အနည်းငယ်တော့ ပျော်ရွှင်မိပါတယ်။ ရှေ့မှာ သွားစရာလမ်းတွေက အများကြီးကျန်သေးတယ် ဒီတော့ မင်းကိုမင်း အားကိုးဖို့ပဲ ကျန်တော့တယ်။ ငါထွက်မသွားခင်မှာ …."

စနစ်သည် ခနလောက်ရပ်တန့်ပြီး ပြောလိုက်၏။ "လက်ခံသူရဲ့ နောက်ဆုံးဆန္ဒကို ငါဖြည့်စည်းပေးမယ်"

ဝှစ် ဝှစ် ………

ရုတ်တရက်ဆိုသလိုပင် ဆန်းကြယ်လှသော အော်ရာများသည် ကျွင်းချောင်ရှောင်း၏ အရှေ့ဖက်တွင် ဖြစ်တည်လာခဲ့၏။ စွမ်းအင်လှိုင်းများသည် ဝတ်ရုံတစ်ခုနှင့်အတူ လူသားတစ်ယောက်အသွင် ဖြစ်တည်လာသည်။ "လာစမ်း … ငါ့ကိုလာရိုက်တော့"

All Chapters