← Chapters

ကာကွယ်ရေးအတားအဆီး

Vol. 92 Ch. 1279

ကာကွယ်ရေးအတားအဆီး

Vol. 92 Ch. 1279

ရှီမာယူယူ၏ ပြောင်လက်တောက်ပသော အသွင်အပြင်သည် လူတိုင်းကို ခဏတာ မှင်တက်သွားစေသည်။ သူမ ကြက်သွေးရောင်မီးတောက် ကျောပေါ် တွင် ဝိညာဉ်သားရဲအဖွဲ့လိုက်နှင့် ရပ်နေသည်ကို အားလုံးသည် မှိုင်တွေစွာ ကြည့်ကြလေသည်။

သူတို့တင် မှင်တက်သွားခြင်းမဟုတ်ပေ။ တစ္ဆေမျိုးနွယ်ဝင်များပင်လျှင် မှင်တက်ကြလေသည်။

သူမက ဘာလဲ၊ ဘာလို့ ဒီလောက် ဝိညာဉ်သားရဲတွေ အများကြီးရှိနေတာ လဲ။

သူတို့က အံ့ဖွယ်ဟင်္သာပဒါးငှက်အကြောင်းကို တစ်ယောက်ယောက် ပြောတာကိုပဲ ကြားလိုက်တာလေ။ အဲဒီငှက်က မီးတောက်တွေ ထုတ်တာ လား။ အဲဒါကြောင့် အရင်မီးတောက်တွေက အဲလောက်အားကောင်းတာကိုး။ အဲမီးတောက်က အံ့ဖွယ်ငှက်ဆီက လာလို့လေ။

ရှီမာယူယူသည် တအံ့တဩကြည့်နေသောလူများကို ကြည့်လိုက်သည်။ သို့သော် သူမ စိတ်အေးသွားခြင်းမရှိပေ။ တစ္ဆေမျိုးနွယ်ဝင်များ များပြားစွာကျန် နေကာ သူမ သတိနှင့်ရမည်။ အနည်းဆုံးတော့ ဘေးသင့်မှုတိမ်တိုက် မိုးကြိုး မပစ်ခင်အထိပင်။

သူမ တွေးနေစဉ်အတွင်းတွင် သေခြင်းတရားနှင့် ရင်ဆိုင်ရတော့မည့် အချိန်တွင် တစ္ဆေမျိုးနွယ်ဝင်များသည် ခဏတာတုံ့ဆိုင်းပြီးနောက်တွင် သတိ ပြန်ဝင်လာလေသည်။

“သူမ ဝိညာဉ်သားရဲတွေ ဘယ်လောက်အားကောင်းလဲဆိုတာ မေ့ထား လိုက်၊ သူမကို မသတ်ဘူးဆိုရင် ငါတို့အကုန် ဒီနေ့သေရလိမ့်မယ်”

“ဟုတ်တယ် မျှော်လင့်ချက်တစ်ခုအတွက် ဒီလူက သေကိုသေရမယ်”

သည်လိုနှင့် တစ္ဆေမျိုးနွယ်ဝင်များသည် ရှီမာယူယူကို ဆက်လက် တိုက်ခိုက်ကြလေသည်။

သားရဲများသည် အဘက်ဘက်သို့မျက်နှာမူကာ ရှီမာယူယူကို အလယ် တွင်ထားပြီး သူတို့အနားကပ်မလာအောင် ကာကွယ်ထားလိုက်ကြသည်။ သို့သော် သူတို့မှာ များပြားလွန်းသဖြင့် အဝိုင်းမှာ ပိုပိုသေးလာသည်။

ရှီမာယူယူသည် ခေါင်းမော့ကာ ကောင်းကင်ပေါ်ရှိ ဘေးသင့်မှုတိမ်တိုက် ကို ကြည့်လိုက်သည်။ ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် အခုချိန်တွင် အားမကောင်းသေးသဖြင့် ဖြည်းညင်းစွာ စုနေရသည်။ ထိုသို့သာဆက်သွားပါ က မိုးကြိုးဘေးသင့်မှုမလာခင်တွင် သူမ၏ သားရဲများ ဝိညာဉ်စွမ်းအင် ကုန် သွားနိုင်သည်။

မိုးကြိုးတစ်ချက် နှစ်ချက်ပစ်သည်အထိ သူမ၏ ဝိညာဉ်သားရဲများ သူမကို ကူညီပြီး တောင့်ခံပေးမည်ဟု သူမ မျှော်လင့်ခဲ့သည်။ အခု ဝိညာဉ်စွမ်းအင်များ အားလုံးသုံးလိုက်ရာ သူမ ဘာလုပ်ရတော့မလဲ။

“မင်းတို့ ပြန်ပြီဂနားလိုက်သင့်တယ် အဲဒီတစ္ဆေမျိုးနွယ်တွေကို သတ်လို့ ပြီးမှာမဟုတ်ဘူး၊ ဝိညာဉ်စွမ်းအင်တွေ ချွေတာထား၊ ကြက်သွေးရောင် မီးတောက် ငါ့ကို မြေပေါ်ခေါ်သွားပေး” ရှီမာယူယူသည် ဝိညာဉ်သားရဲများကို ညွှန်ကြားလိုက်သ်ည။

“ယူယူ ကိုယ်ပိုင်နယ်မြေကို သုံးမလို့လား” ရှောင်ချီသည် ရှီမာယူယူ၏ အတွေးကို ခန့်မှန်းမိကာ မေးလိုက်သည်။

“ဟုတ်တယ် ငါအခု အချိန်ဆွဲဖို့လိုတယ် သူတို့နဲ့မတိုက်ခိုက်ဘဲ မိုးကြိုး ဘေးသင့်မှုလာတဲ့အထိ ငါ စောင့်ဖို့လိုတယ်” ရှီမာယူယူ ပြောလိုက်လေသည်။

ကြက်သွေးရောင်မီးတောက်သည် သူမ၏ ရည်ရွယ်ချက်ကို နားလည် သောကြောင့် သူမကို မြေပေါ်သို့ ခေါ်သွားပေးလိုက်သည်။ သူသည် လူသား အသွင်ပြောင်းကာ သူမ ဘေးတွင်ရပ်လိုက်သည်။

ရှီမာယူယူသည် တခြားဝိညာဉ်သားရဲများကို အနားပေးရန် ဝိညာဉ်စေတီ အတွင်းထားလိုက်သည်။ ထိုအချိန်တွင် သူမသည် ကိုယ်ပိုင်နယ်မြေထုတ်လွှတ် ပြီး သူမကိုယ်သူမ ကာကွယ်လိုက်သည်။ ဝိညာဉ်လေးသည် သူမကို‌ေ ဆးများ ပေးလိုက်ရာ ဝိညာဉ်စွမ်းအင်များ ယာယီပြန်တက်လာသည်။

သို့သော် အားလုံးဝင်သွားချိန်တွင် ကြက်သွေးရောင်မီးတောက်သည် သူမ ဘေးတွင် မလှုပ်မယှက်ရှိနေသည်။

“ဘာလို့ဝင်မသွားတာလဲ” သူမသည် သူ့အား ဆွံ့အစွာကြည့်လိုက်သည်။

ဒီလူကတော့လေ၊ သူက သူမထက် ပိုပြီးအားကောင်းတယ်၊ သူ ဆန္ဒမရှိ ရင် သူမ သူ့ကိုအမိန်ပေးမရဘူးလေ။

“ငါ နင့်ကိုအဖော်ပြုပေးမယ်” ကြက်သွေးရောင်မီးတောက် ပြောလိုက် သည် “အဲလောက် ဝိညာဉ်စွမ်းအင် နည်းနည်းလောက်က ငါ့ကိုအသုံးမဝင်ဘူး”

ရှီမာယူယူ နားလည်သည်။ သူမ၏ ဝိညာဉ်စွမ်းအင်သည် ပြန်ကောင်းရန် အချိန်ကြာဦးမည်။ ထိုအချိန်အတွင်း ပြန်ကောင်းလာသော ပမာဏသည် သူ့ အတွက် များစွာအသုံးမဝင်လှပေ။

သူသည် သူမကိုအဖော်ပြုမည်ဟု ဆန့်ကျင်နေသဖြင့် သူ့ကို အတူနေခိုင်း ရသည်။

အပြင်တွင်ရှိနေသောလူများသည် သူမ ဝိညာဉ်သားရဲများသိမ်းလိုက် သည်ကို မြင်သောအခါ စိုးရိမ်သွားကြသည်။ သူမ ဘာမှမလုပ်ဘဲ ငြိမ်းချမ်းစွာ ထိန်းသိမ်းနိုင်မည်ဟု သူတို့ ထင်မထားကြပေ။

“သူမ ကိုယ်ပိုင်နယ်မြေကို လွှတ်မယ်လို့ထင်မထားဘူး” ထန်ယွင်သည် စက္ကန့်အနည်းငယ် ကြာပြီးနောက်မှပင် တုံ့ပြန်နိုင်လေသည်။

“သူမက အရမ်းငယ်လွန်းတယ်၊ ဘယ်လိုလုပ် ကိုယ်ပိုင်နယ်မြေရှိရမှာလဲ စံအိမ်တော်ဒုသခင်ထန် ကျွန်တော်တို့ကို မနောက်ပါနဲ့”

ထန်ယွင်သည် သူတို့ကို တစ်ချက်ကြည့်ပြီးတိုးညင်းစွာပြောလိုက်သည် “ရှီမာယူယူ ထာဝရရှင်သန်သူနယ်မြေမှာ လုပ်ခဲ့တာတွေကို လူတော်တော် များများသိကြတယ် မင်းတို့က တကယ်ပဲမသိဘူးလား”

ထိုအဘိုးကြီးများသည် မှင်တက်ကုန်ကြသည်။ ထိုလူများသည် တစ္ဆေ မျိုးနွယ်ပေါ်လာသဖြင့် သူတို့ကိုလာခိုင်းသောကြောင့် လာခြင်းဖြစ်သည်။ သူတို့ သည် ပုံမှန်အားဖြင့် သီးသန့်ကျင့်ကြံရာ တခြားသူကိစ္စများကို အာရုံစိုက်ရန် အချိန်မရှိပေ။ ဒီတိုင်းပြည်မှာ ဒီလိုကိစ္စတွေအများကြီးဖြစ်လိမ့်မယ်လို့ ဘယ်သူ ကထင်မိမှာလဲ။

သူတို့သည် မဖြစ်နိုင်ဟု တွေးကြသော်လည်း ရှီမာယူယူသည် အမှန် တကယ်ပင် ကိုယ်ပိုင်နယ်မြေကိုသုံးပြီး တစ္ဆေမျိုးနွယ်များကို ထိန်းသိမ်းထား သည်။

“ဒီလောက်ငယ်တဲ့မိန်းကလေးက ဘယ်လိုလုပ် ကိုယ်ပိုင်နယ်မြေကို ထုတ်နိုင်တာလဲ”

“ထာဝရရှင်သန်သူနယ်မြေ၊ ဒါက သေချာပေါက် ထာဝရရှင်သန်သူ နယ်မြေကြောင့်ဖြစ်ရမယ်၊ ထာဝရရှင်သန်သူနယ်မြေက တကယ်ပဲ အံ့ဩ လောက်စရာပဲ”

“အဲဒါကို ဒါတွေပြီးသွားမှ ပြောကြတာပေါ့ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့် ကြတာပေါ့”

“အင်း ဒီကိစ္စကို အရင်ဖြေရှင်းကြတာပေါ့ ဒါကတကယ့်ကို အနှောင့် အယှက်ဖြစ်စေတဲ့ ပြဿနာပဲ”

“မျိုးနွယ်ခေါင်းဆောင် အဲလူတွေက အထဲမှာပဲကိုဘာလို့ တစ္ဆေလောက ကိုမပြန်ကြတာလဲ” မိန်းကလေးတစ်ယောက်သည် အားလုံး စိတ်ထဲမှတွေးနေ သည့် မေးခွန်းကိုထုတ်မေးလိုက်သည်။

“အဲလောကတွေက လာချင်သလိုလာပြီး ပြန်ချင်သလိုပြန်လို့နေရာ မဟုတ်ဘူး”

“ဘာအဓိပ္ပာယ်လဲ”

“အဲလူတွေ ဒီကိုအလွယ်တကူလာတယ်လို့ပဲ မင်းတို့မြင်နေတာ၊ အဲတော့ ဒီလမ်းကြောင်းက မင်းတို့ပါဖြတ်လို့ရမယ်ထင်နေတာလား”

“အဲလိုမဟုတ်ဘူးလား”

“သေချာပေါက် မဟုတ်ဘူးပေါ့” မျိုးနွယ်ခေါင်းဆောင်ပြောလေသည် “ဒီ လမ်းကြောင်းမှာလည်း ကန့်သက်ချက်တွေရှိတယ်၊ လာဖို့လွယ်ပေမဲ့ ပြန်ဖို့ ခက်တယ်၊ မဟုတ်ရင် ပြန်ဖို့လွယ်ပေမဲ့ လာဖို့ခက်တယ်၊ သူတို့လာတဲ့အချိန် တော့ လူအုပ်အများကြီးခေါ်လာတာပဲ အဲတော့ သူတို့လာရတာလွယ်နေတယ် ဆိုတာကို ပြနေတာပဲ”

“ဒါဆိုရင် သူတို့ဒီကိုလာပြီးတော့ ပြန်ဖို့ခက်နေတာပေါ့”

“ဟုတ်တယ်”

“တကယ်တော့ သူတို့ပြန်ဖို့ နည်းလမ်းမရှိတာတော့ မဟုတ်ဘူး၊ ကောင်းကင်ဘုံ ဘေးသင့်မှုက ဒီမှာရှိနေလို့ ဖြေရှင်းဖို့အတွက် အချိန်ပိုလိုသွား တာ” ထန်ယွင် ပြောလေသည်။

“မိုးကြိုးဘေးသင့်မှုက သူတို့အပေါ် မူမတည်ဘူးမလား ဘာလို့ ဖြေရှင်းဖို့ လိုတာလဲ”

“ဒါက လူသားနဲ့ နတ်ဆိုးမျိုးနွယ်ဝင်တွေ ကွာခြားချက်ပဲ” ထန်ယွင်သည် ခံစားချက်ကောင်းနေသည့်ပုံပေါ်သည်။ ထိုသို့အကြောင်းအရာများကို ဘေးမှ လူငယ်များကို ရှင်းပြရန် စိတ်မရှိပေ။ “မိုးကြိုးဘေးသင့်မှုကို တွေ့ရင် ငါတို့က ကြောက်ရွံ့မှုနဲ့ နမိတ်ကိုခံစားရပေမဲ့ အရမ်းကိုကြီးမားတဲ့ ကြောက်ရွံ့မှုကို မခံစားရဘူးလေ၊ အင်း ငါတို့ထဲက ငကြောက်တွေတော့မပါဘူးပေါ့၊ ဒါပေမဲ့ တစ္ဆေမျိုးနွယ်ဝင်တွေအတွက်တော့ မတူဘူး၊ သူတို့က ကောင်းကင်ဘုံ ဘေးသင့်မှုကို လက်တွေ့ရင်ဆိုင်ရတာ၊ သူတို့မှာ မသိစိတ်က ကြောက်ရွံ့မှုရှိကြ တယ်၊ အဲဒါကြောင့် သူတို့ လက်ကူခေါ်ပြီး ရှီမာယူယူကို မသတ်နိုင်တာပဲ၊ တကယ်တော့ သူတို့စွမ်းအားက သူတို့ရဲ့အလိုလိုတုံ့ပြန်တဲ့နေရာမှာတင် ကုန် နေပြီ”

အားလုံးသည် သူ၏ ရှင်းပြချက်ကိုနားထောင်ပြီးနောက် တစ်စုတစ်ခုကို နားလည်သွားသည့်အလားကြည့်ကြလေသည်။

“အစတုန်းက အားကောင်းတယ်လို့ထင်တဲ့ တစ္ဆေမျိုးနွယ်ဝင်တွေက ကောင်းကင်ဘုံဘေးသင့်မှုရှေ့မှာ အဲလောက်ကြောက်တတ်မှန်းထင်မထားဘူး”

“ဒါကတော့ သဘာဝလေ၊ တစ္ဆေမျိုးနွယ်ဝင်တွေအတွက်က ကောင်းကင် ဘုံဘေးသင့်မှုက ကောင်းကင်ဘုံအပြစ်ပေးမှုလို့ပြောလို့ရတယ်၊ သာမန်လူ ဆိုရင်တောင် ကြောက်နေပြီ၊ တစ္ဆေမျိုးနွယ်ဝင်ဆိုရင် ပြောဖို့တောင်မလိုတော့ ဘူး”

“မိုးကြိုးဘေးသင့်မှု မလာခင်ကို ယူယူ တောင့်ခံနိုင်ဖို့ မျှော်လင့်ပါတယ်”

ထန်ယွင် ခေါင်းခါလိုက်သည် “ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် က ကောင်းကင်ဘုံဘေးသင့်မှုမတိုင်ခင်ထိ သူမ တောင့်ခံနိုင်ဖို့ပဲ မဟုတ်သေး ဘူး အဆုံးထိ တောင့်ခံဖို့ပဲ မဟုတ်ရင် တစ္ဆေမျိုးနွယ်တွေ အကုန် သေမှာမဟုတ် ဘူး”

“ဒါပေမဲ့ ဘေးသင့်မှုကို ခေါ်တဲ့လူက လွယ်လွယ်နဲ့ မသေဘူးမလား”

“ဘေးသင့်မှုကို လှုပ်ရှားစေတဲ့သူ၊ သူတို့က အဓိကလူလို့ သတ်မှတ် ရင်တောင် ဘေးသင့်မှုကိုလှုပ်ခတ်စေတဲ့အဓိကလူသေသွားရင် တစ္ဆေမျိုးနွယ် တွေက ပိုအားကောင်းလာပြီး ဒါကို ကျော်လွှားနိုင်မှာပဲ”

“အဲဒါဘာလဲ”

ထန်ယွင်သည် ဟော့ဘာဟုန်ယဲ့ကို ကြည့်ပြီး ပြောလိုက်သည် “ဟော့ဘာ မျိုးနွယ်ခေါင်းဆောင် တစ္ဆေမျိုးနွယ်ဝင်တွေကို သတ်ဖို့က အချိန်ပဲလိုတယ်၊ လမ်းကြောင်းကို မပိတ်လိုက်ရင် နောက်တစ်ခါလည်းထပ်ဖြစ်လာမှာပဲ အဲအချိန်ကျရင် သူမ ဒီမှာရှိပါ့မလားဆိုတာ မသေချာဘူး”

မှန်သည်၊ ဝင်ပေါက်ကိုသာ မပိတ်ပါက တစ်ဖက်မှ တစ္ဆေများပြန်လာနိုင် သည်။ သည်တစ်ကြိမ် သည်ကိစ္စကိုဖြေရှင်းနိုင်လျှင်တောင် နောက်တစ်ကြိမ် နောက်တစ်ခေါက်ဆိုသည်မှာ ရှိလာမည်။

လူများသည် ဟော့ဘာဟုန်ယဲ့ကိုကြည့်လိုက်ကြသည်။ ဟော့ဘာမျိုးနွယ် သည် ထိုနေရာ၏ တာဝန်ရှိသူများဖြစ်ကြသည်။ သူတို့မှာ ဘာထင်မြင်ချက်မှ မရှိတာတော့ မဟုတ်ဘူးမလား။

“ကျုပ်တို့မှာ အကြံတော့ရှိတယ် ဒါပေမဲ့ စံတင်ကျွမ်းကျင်သူတွေရဲ့ အကူအညီလိုတယ်” ဟော့ဘာဟုန်ယဲ့ ပြောလိုက်သည်။

“နည်းလမ်းရှိတယ်ဆိုတော်သေးတာပေါ့” အားလုံးသည် စိတ်သက်သာ ရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ သူတို့သည် အားထုတ်ရမည်ကို မကြောက် ပေ။ သူ မသိဟု ပြောလိုက်မည်ကို ကြောက်ခြင်းဖြစ်သည်။

“မိုးကြိုးဘေးသင့်မှု ပစ်တော့မယ်…”

မည်သူပြောလိုက်သည်တော့မသိ၊ အားလုံး ကောင်းကင်ပေါ်သို့ မော့ ကြည့်လိုက်ကြသည်။ အမှန်တကယ်ပင် ဘေးသင့်မှုတိမ်တိုက် မိုးကြိုးပစ်တော့ မည်ကို တွေ့လိုက်ရသည်။

**

All Chapters