← Chapters

အပိုင်း (၁၂၉၂)

Vol. 87 Ch. 1292

အပိုင်း (၁၂၉၂)

Vol. 87 Ch. 1292

ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ပထမဦးဆုံးအကြိမ်ရောက်ရှိလာသည့်အချိန်တုန်းက သူသည် ပြိုင်စံရှားဂိုဏ်း စနစ်အား အသက်သွင်းနိုင်ခဲ့၏။ ပြီးသည့်နောက်မှာတော့ ထိပ်ဆုံးအဆင့်ဆီသို့ လျှောက်လှမ်းနိုင်ခဲ့၏။ လက်ရှိအခြေအနေ၌ သူသည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်၏။

သူ၏အားအင်အဆင့်သည် အလွန်ကောင်းမွန်လှသည်ဟု သုံးသပ်၍ရနိုင်ခဲ့၏။ သူသည်သာ အဆင့်မြင့်ဗားရှင်းနှင့် စနစ်ကို ထပ်မံရရှိမည်ဆိုပါက အထက်နယ်မြေဆီသို့ပင် တက်လှမ်းနိုင်ပေလိမ့်မည်။

ပထမဗာရှင်းနှင့်မတူဘဲ နောက်ထပ်ဖြစ်တည်လာခဲ့သည့် ဗားရှင်းသည် အသုံးပြုသူအား ပိုမိုကာ လုပ်ဆောင်နိုင်စွမ်း များလာခဲ့၏။ စနစ်နှင့် ချည်နှောင်မှုအောင်မြင်ပြီးသည့်နောက်မှာတော့ လက်ခံသူသည် စနစ်၏အကူအညီကို ရယူမလား။ မရယူဘူးလားဆိုသည့် ရွေးချယ်မှုကိုပင် ပြုလုပ်နိုင်စွမ်းရှိနေ၏။

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ဆွံ့အသွား၏။ သူသည် ကြောင်တောင်တောင်ခံစားနေမိ၏။ ခုနှစ်ရက်တိတိ ထွက်ခွာသွားသော စနစ်သည် နောက်ဆုံးအချိန်၌ သူ့ဆီသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

လက်ခံမလား ၊ လက်မခံရဘူးလားကို ရွေးချယ်ရမည်လား။ ရွေးချယ်စဉ်စားနေရန်ပင်မလိုတော့ချေ။

ကျွင်းချောင်ရှောင်းသည် သူ၏လက်ကိုမြှောက်ပြီးသည့်နောက်မှာတော့ နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ လက်ခံမည် ဆိုသည့်ဟာကို အသာနှိပ်လိုက်၏။ သို့ပေမဲ့ ရုတ်တရက်ဆိုသလိုပဲ သူသည် လက်ချော်သွားပြီး လက်မခံပါဆိုသည့် စာလုံးကို နှိပ်မိသွားခဲ့၏။

“ဒင် …

လက်ခံသူသည် စနစ်၏ အကူအညီကို ပယ်ဖျက်ခဲ့သည်။”

“ချီးတဲ့မှ ….”

ကျွင်းချောင်ရှောင်းသည် သူ၏ ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် စိတ်ဓာတ်တကျ ဖြစ်လို့နေခဲ့၏။ “ဘာတွေဖြစ်နေတာ လဲ။”

သူသည် ရှင်းရှင်းလင်းလင်း လက်ခံမည်ကို ရွေးချယ်ခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ မမြင်ရသည့် အားလှိုင်းတစ်ခုသည် သူ၏လက်ကို ယိမ်းယိုင်သွားစေပြီးနောက် လက်မခံပါ ဆိုသည့် စာတန်းကို နှိပ်မိခဲ့သည်။

“မဟုတ်ဘူး … မဟုတ်ဘူး။ ငါက လက်ခံမယ်ဆိုတာကို ရွေးခဲ့တာ ထပ်လုပ်လို့ ရသေးလား။” ကျွင်းချောင်ရှောင်းသည် ဒေါသတကြီး အော်ဟစ်နေ၏။ သို့ပေမဲ့ စနစ်သည် မည်သည့်အသံမှ ထွက်မလာခဲ့ချေ။

အား

ကျွင်းချောင်ရှောင်းသည် သူ၏ ဆံပင်များကို ဆွဲဆုပ်ပြီးသည့်နောက်မှာတော့ အော်ဟစ်လျက်ရှိနေသည်။ “ငါဘာလို့ လက်မခံတာကို နှိပ်မိတာလဲ။”

ဟင်း

ရုတ်တရက်ဆိုသလိုပဲ ရင်းနှီးနေသည့် အသံတစ်ခုသည် သူ၏ နားထဲတွင် ပေါ်ပေါက်လာခဲ့၏။

“ဘာလို့လဲဆိုတော့ ငါက လက်မခံပါဆိုတဲ့ စကားလုံးကို ရွေးအောင်လုပ်ခဲ့တာကို။”

“ဟမ် ….”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ခဏလောက်ကြာပြီးသည့်နောက် သူသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက် သည်။ “မင်း … မင်း ပြန်ပြီး အသက်ပြန်ဝင်လာခဲ့တာလား။”

စနစ်က ပြောလိုက်၏။ “လက်ခံသူ အဓိကတာဝန်ကို အောင်မြင်ပြီးတဲ့နောက်မှာ ငါက အဆင့်မြင့် အခြေအနေတစ်ခုဆီကို တက်လှမ်းနိုင်ခဲ့ တယ်လေ။ ဒီတော့ အဆင့်မြင့်ဗားရှင်းက အသက်ဝင်သွားခဲ့တာပေါ့။ ငါ အဆင့်မြင့်တင်မှုပြုလုပ်နေတုန်းမှာ မင်း ဝမ်းနည်းအောင်လို့ ခဏလေး လိမ်ခဲ့တာပေါ့ကွာ။ ဟား ဟား ဟား ဟား ခုနက မင်းရွေးချယ်မှုကိစ္စကတော့ ငါတမင်သက်သက် လုပ်ထားတာပဲ။”

“…….”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။

ဟားဟားဟား

ဟားဟားဟား

ဟားဟားဟား

အဓိကဟောခန်း၏ လှေကားပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် တစ်ကိုယ်လုံးလှုပ်ခါသည့်အထိ ရယ်မောလျက် ရှိနေ၏။

ပျော်ရွှင်စွာဖြင့် ဘောလုံးကန်လျက်ရှိနေသော စုရှောင်မိုနှင့် တစ်ခြားသူများအားလုံးသည် ပျော်ပျော်ရွှင်ရွှင်နှင့် ပြောလိုက်မိသည်။ “အရင်တုန်းက ဂိုဏ်းချုပ်က ပြန်ရောက်လာပြီပဲ။”

…

စာကြည့်ခန်းထဲမှာတော့ ခုနလေးတင်က ပျော်ရွှင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် လက်ရှိအခြေအနေ မှာတော့ စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ခုံပေါ်တွင် ပက်လက်လှန်လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်း၏ မျက်နှာပြင်ကို သူဖွင့်လှစ်ခဲ့သောကြောင့်ဖြစ်၏။

ဂိုဏ်းအမည် - ပြိုင်စံရှားဂိုဏ်း။

ဂိုဏ်းချုပ် - ကျွင်းချောင်ရှောင်း။

ဂိုဏ်းအဆင် - ပထမအဆင့်။

ဂိုဏ်းအဆောက်အအုံ - အဆင့် ၁၀။

ဂိုဏ်းအဖွဲ့ဝင် - ၁၀၀၀၀၀။

ဂိုဏ်းစုဆောင်းမှတ် - ၃၀၀၀၀၀။

ဂိုဏ်းအောင်မြင်မှုတန်ဖိုး - သုံည။

လက်ရှိအချက်အလက်များကို ကြည့်ရှုမည်ဆိုလျှင် ကန့်သတ်ချက်များမှာ မရှိတော့ချေ။ ထို့ကြောင့် သူ့အနေနှင့် တပည့်များကို လိုအပ်သလို ခေါ်ယူနိုင်တော့မည်ဖြစ်ပြီး ဂိုဏ်းစုဆောင်းမှတ်များကို လိုအပ်သလို ထိန်းသိမ်းထားနိုင် စွမ်း ရှိပေတော့မည်။ ထို့ကြောင့် များပြားပြီး အသုံးမပြုမိမည်ကို စိုးရိမ်စရာမလိုတော့ချေ။

သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ အဓိကတာဝန်သည် လက်ခံသူအား ဆယ်နှစ်အတွင်း အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်ရန်ဆိုသည့် အကြောင်းအရာပါလာ၏။ အကယ်၍ တာဝန်ကို ပြည့်စုံအောင် မပြုလုပ်နိုင်ဘူးဆိုပါက လက်ခံသူ၏ ဝိညာဉ်သည် အချိန်ပြည့်သည်နှင့် ဖျက်ဆီးခံရမှာဖြစ်၏။

“ချီးတဲ့မှ …. ချီးပဲ … ချီးပဲ။”

ကျွင်းချောင်ရှောင်းသည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာမှာတော့ မရင့်ကျက်သေးချေ။

“ဒါက ပုံမှန်ပဲလေ။”

စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ အဆင့်မြင့် ဗားရှင်းကို အသက်သွင်းခဲ့ပြီးတော့ ကျိန်းသေပေါက် အပေါ်ကို ဆက်ပြီး သွားရတော့မှာပေါ့။ ဒီလောကထဲမှာ ပတ်ပြီး လုပ်ချင်တာလျှောက်ပြီး လုပ်နေလို့မှမရတာ။”

စနစ်သည် သူ့အား ရင်နာအောင် ပြုလုပ်လျက်ပင် ရှိနေသေး၏။

“………”

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိသည်။ “ဆယ်နှစ်ဆိုတာက အရမ်းတိုလွန်းတယ် မဟုတ်ဘူးလား။”

နောက်ဆုံးပြီးမြောက်ခဲ့သည့် တာဝန်သည် နှစ်တစ်ရာအတွင်း ပြိုင်စံရှားဂိုဏ်းအဖြစ် ရောက်ရှိအောင်ပြုလုပ်ရန် ဖြစ်၏။ လက်ရှိတွင် သူ့အား အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်ရန်အတွက် ဆယ်နှစ်သာလျှင် ပေးအပ်ခဲ့၏။ ဤတာဝန်ကို စဉ်းစားရမည်ဆိုလျှင် မည်သို့မျှမဖြစ်နိုင်ချေ။

“နေအုံး။”

စနစ်သည် အဆင့်မြင့် ဗားရှင်းဆီသို့ ရောက်ရှိပြီးသည့်နောက်တွင် သူ့အား ပထမဦးဆုံးတောင်းဆုပစ္စည်းဟူ၍ ပေးအပ်သင့်သည် မဟုတ်ပါလား။

ပထမတစ်ကြိမ်တုန်းက သူ့ကိုယ်သူ သတ်သေရန်အတွက် စည်းဓားမော့ကြီးကိုပင် ပေးအပ်ခဲ့ဖူးသည်။

“စနစ်က ဗားရှင်းအသစ်ရဲ့ပထမဆုံး တောင်းဆု လက်ဆောင်ထုတ်ကို ပေးတယ်။ဒါပေမဲ့လက်ခံသူက အထက်နယ်မြေကို ရောက်မှသုံးလို့ရလိမ့်မယ်” စနစ်က ပြောလိုက်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အင်း … ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာပါတယ်။”

လက်ရှိအခြေအနေမှာတော့ သူသည် အထက်နယ်မြေဆီသို့ သွားရန်အနည်းငယ်တော့ နှောင့်နှေးလို့နေခဲ့တော့၏။ အဘယ်ကြောင့်ဆိုသော် ဘာမှန်းမသိသည့် အကြောင်းအရာနှင့် ပိုမိုအားကောင်းလွန်းသည့် ပတ်ဝန်းကျင်တွင်ရှိသော လူများနှင့်ရင်ဆိုင်ရမှာဖြစ်သောကြောင့်ပင်။

သေမျိုးလောကထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားရှင်တစ်ယောက်ဖြစ်နေသည်ဆိုလျှင်တောင်မှ အထက်နယ်မြေဆီသို့ တက်လှမ်းသွားမည်ဆိုပါက ဟိုလူက ခေါ်၍ ပါးရိုက်၊ ဒီလူကခေါ်၍ ပါးရိုက် ပြုလုပ်နိုင်သည့် အခြေအနေတစ်ခုဆီသို့ ပြောင်းလဲသွားနိုင်၏။

ထို့ကြောင့် ဤနေရာတွင်သာနေပြီး သူ၏ ချစ်သူနှင့်အတူ တည်နေရာအနှံ့ဆီသို့ လှည့်လည်ကာ ပျော်ပျော်ရွှင်ရွှင်နှင့် နေထိုင်သွားသည်ကို ပို၍နှစ်သက်မိသည်။

ယခု ပထမဦးဆုံးတောင်းဆု လက်ဆောင်ထုပ်ကြီးကို ပေးအပ်မည်ဟု စနစ်ကပြောဆိုခဲ့သည် ဖြစ်သောကြောင့် သူ့အား ထိုနေရာဆီသို့ ရောက်ရှိရန် အကောင်းဆုံးကူညီပေးနိုင်လိမ့်မည့်အရာဖြစ်ကြောင်း နားလည်လိုက်မိ၏။

သို့ပေမဲ့ အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်ရန်ဆိုသည်မှာ အလွန်တရာ ခက်ခဲလှချေသည်။ ကျွင်းချောင်ရှောင်း အနေနှင့် ကောင်းကင်နှင့် မြေကြီးဖန်တီးခြင်းအစီအရင်ကို ရယူခဲ့ပြီးပြီဖြစ်သည်။ သူကိုယ်တိုင်သည်လည်း တည်နေရာချိုးဖြတ်ခြင်းအလယ်အလတ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လို့နေသည်။

ထို့ကြောင့် အစီအရင်ကြီးကို အသုံးပြု၍ အတင်းချိုးဖြတ်ရန် မတတ်သာဘူးဆိုလျှင်တောင်မှ ဖြည်းဖြည်းချင်း ခိုးကာဖြင့် တက်သွားနိုင်စွမ်းတော့ ရှိနေ၏။

သို့ပေမဲ့ ဤနေရာတွင် သူ၏ တပည့်တစ်သိန်းကျော်တို့ ကျန်ခဲ့ပေလိမ့်မည်။ အကုန်လုံးကို ခေါ်သွားသည် ဆိုလျှင်လည်း ခိုးဝင်သည်နှင့်မတူတော့ချေ။ မိသားစုလိုက်ကြီး ပြောင်းရွှေ့သွားသည်နှင့်ဆင်တူနေမည် မဟုတ်ပါလား။

“ဘာပဲပြောပြော ငါယုံကြည်တယ်။”

စနစ်သည် လေးလေးနက်နက်ပြောလိုက်၏။ “လက်ခံသူက ဒါကို လုပ်နိုင်မှာပါ။”

……..

ကျွင်းချောင်ရှောင်းသည် ကျန်သည့်ကိစ္စများအားလုံးကို ဘေးဖယ်ထားပြီးသည့်နောက် ပြောလိုက်သည်။ “မင်းလူသားပုံစံအဖြစ်ကို ပြောင်းလိုက်စမ်း။ မင်းဘာတွေပြောင်းလဲသွားလဲ။ ငါကြည့်လိုက်မယ်။”

“ချီးတဲ့မှ။”

ယခင်တစ်ချိန်တုန်းက ဘာမှန်းမသိဘဲ အကန်ခံခဲ့ရ၏။ ထို့ကြောင့် သူသည် ကောင်းကောင်းပြန်၍ ပညာပေးချင်စိတ် ပေါက်မိနေသည်။ မနိုင်လျှင်တောင်မှ ကုန်းရှန့်ဆိုသည့်လူသည် အရှုံးပေးမည့်လူမျိုးမဟုတ်ချေ။

စနစ်က ပြောလိုက်၏။ “အားနာပါတယ်။ လူသားပုံစံအသွင်ကို ပြောင်းတယ်ဆိုတာ အကန့်အသတ်တစ်ခုရှိသေးတယ်။”

သူသည် ကုန်းရှန့်၏ အတွေးကို ကောင်းကောင်းသိ၏။

ကျွင်းချောင်ရှောင်းသည် ဘာတစ်ခုမှ ဆက်၍ မပြောတော့ချေ။ သူ၏သိစိတ်က သိုလှောင်လက်စွပ်ထဲသို့ တိုးဝင်လိုက်တော့၏။ မူလအားဖြင့် ကွယ်ပျောက်သွားခဲ့ပြီဖြစ်သော အုတ်ခဲ ကဲ့သို့သော ချိန်ကိုက်ဗုံးကို ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

သူသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိ၏။ “ငါ ဒီ သောက်ဗုံးကြီးကို ထပ်ပြီးတော့ သယ်သွားရအုံးမှာပါလား။”

“ဒင် ….

ဝိညာဉ်ချိန်ကိုက်ဗုံးသည် တရားဝင်စတင်ခဲ့ပြီဖြစ်၏။ အချိန်ကာလသည် ချက်ချင်း ၁၀ ရက် လျော့ကျသွားခဲ့ပြီ ဖြစ်၏။”

အချိန်လျော့ကျသွားရသည့်အကြောင်းအရင်းကိုတော့ အားလုံးသိပြီးဖြစ်ပေလိမ့်မည်။

…

စနစ်သေဆုံးသွားသည့်အတောအတွင်း ကျွင်းချောင်ရှောင်းသည် အမှန်ပင်ဝမ်းနည်းမိသည်ဆိုသော်လည်း တစ်ခါတစ်ရံ တွင်တော့ ပျော်ရွှင်မိသေး၏။ ချိန်ကိုက်ဗုံးသာမရှိဘူးဆိုပါက သူသည် လွတ်လပ်သည့်ဘဝတွင် အပူပင်ကြောင့်ကျကင်းစွာဖြင့် နေထိုင်နိုင်စွမ်း ရှိပေလိမ့်မည်။

သို့ပေမဲ့ ကောင်းမွန်သည့်အရာများသည် ကြာကြာမခံလှချေ။ သူ၏ ယခင်ပုံစံအတိုင်းပင် စနစ်သည် ပြန်လည် ရောက်ရှိလာကာ ချိန်ကိုက်ဗုံးကိုပါ တစ်ခါတည်းပြန်လည်ခေါ်ဆောင်လာခဲ့၏။

တစ်ခြားနည်းလမ်းလည်းမရှိချေ။ ဘာပဲပြောပြောသူသည် ထိုအရာကို အသားကျနေပြီဖြစ်၏။ ငြင်းဆန်၍ မရနိုင် မှတော့ လက်ခံရပေလိမ့်မည်။

ဂလု ဂလု

ကျွင်းချောင်ရှောင်းသည် သူတော်စင်နှင့်နတ်ဘုရားအဆင့် အစီအရင် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်များကို သောက်သုံးပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အားအကောင်းဆုံး အဆင့်ဖြစ်သော အစီအရင် အင်ပါယာအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့၏။

ကုန်းရှန့်သည် ဤတစ်ကြိမ်မှာတော့ ကျန်းတယ်ကျွင်းအား မပေးတော့ချေ။ သူ့အနေနှင့် ကောင်းကင် နှင့် မြေကြီး ဖန်တီးခြင်းအစီအရင်ကို ဖန်တီးရန် အာရုံစိုက်ထားရမည်မဟုတ်ပါလား။

ဂိုဏ်းတစ်ခုလုံး အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်ရန်ဆိုသည်မှာ တပည့်တစ်သိန်းလုံးအား အပေါ်သို့ ခေါ်ဆောင် သွားရခြင်းနှင့်ဆင်တူ၏။ ထို့ကြောင့် သူသည် ဆယ်နှစ်အတွင်း တည်နေရာချိုးဖြတ်ခြင်းအထက်အဆင့်ကို ရောက်ရှိ သည်ဆိုလျှင်တောင်မှ မလွယ်ကူလှချေ။ အများကြီးပို၍ ကြိုးစားရမှာဖြစ်၏။

“ဒါက အလုပ်ဖြစ်နိုင်ပါ့မလား။”

ကျွင်းချောင်ရှောင်းသည် အနည်းငယ်ယုံကြည်ချက်ကင်းမဲ့လို့နေ၏။ သူသည် အချိန်အတော် အားစိုက်ပြီး ကြိုးစားမည် ဆိုပါက ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်းအစီအရင်ကို ပြုလုပ်နိုင်မှာသေချာ၏။ သို့ပေမဲ့ တပည့်တစ်သိန်းအား ခေါ်ဆောင်သွားရန်ဆိုသည်မှာ လွယ်ကူလှသည့်အရာမျိုးတော့ မဟုတ်ချေ။

ယခင်အချိန် ဧကရီလင်းရောင်သည် အစီအရင်ကို အသုံးပြု၍ ချိုးဖြတ်ဝင်ရောက်သည့်အချိန်တွင် ကြယ်ကောင်းကင် ခံတပ်က သိရှိသွားခဲ့သည်။ သူသည်သာ ဤနည်းလမ်းကို အသုံးပြုသည်ဆိုပါက ကျိန်းသေပေါက် တစ်ဖက်လူများ သည် ရှာဖွေတွေ့ရှိသွားမှာသေချာ၏။

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်သည်။ “ငါ ဘယ်လိုပဲလုပ်လုပ် ကြယ်ကောင်းကင်ခံတပ်က ပြဿနာကြီးတစ်ခုအဖြစ် ကြားထဲမှာ ရှိနေတာပဲ။ ဒီတော့ ကြယ်ကောင်း ကင်ခံတပ်ကိုသာ ရှင်းပစ်လိုက်မယ်ဆိုရင် …..”

ကျွင်းချောင်ရှောင်း၏ မျက်လုံးအကြည့်များသည် အေးစက်ကာ ကြမ်းတမ်းသွားလေသည်။

All Chapters