အပိုင်း (၁၂၉၅)
Vol. 87 Ch. 1295
ရင်၏ ကျွင်းချောင်ရှောင်းနှင့်တိုက်ခိုက်သည့် ဒုတိယမြောက် တိုက်ပွဲသည် ရှုံးနိမ့်ခြင်းနှင့်သာ အဆုံးသတ်ခဲ့၏။ သူ့အနေနှင့် အကြောင်းပြချက် တစ်မျိုးကို ရှာဖွေရမည်ဆိုလျှင် ဒဏ်ရာရထားသောကြောင့် သူ၏ ကောင်းမွန်သည့် အခြေအနေတွင် မရှိသဖြင့် ရှုံးနိမ့်ခဲ့ရသည်ဟု ပြောဆိုနိုင်၏။ သို့ပေမဲ့ တကယ်တမ်း အားပြည့်အင်ပြည့်နှင့်တိုက်ခိုက်မည်ဆိုလျှင်တောင်မှ ကွာခြားချက် ရှိလိမ့်မည် မဟုတ်ချေ။
“အမဲရောင်နတ်ဆိုး”
အဖြူရောင်နတ်ဆိုးသည် တုန်လှုပ်သွားမိ၏။ “ညီငယ်လေးက အရမ်းကို အားကောင်းတာပဲ”
အမဲရောင်နတ်ဆိုးသည်လည်း မျက်မှောင်ကုတ်မိလိုက်၏။ သူသည် ကျွင်းချောင်ရှောင်း ထုတ်ဖော်လိုက်သည့် တိုက်ကွက်တွင် ပါဝင်လျက်ရှိနေသည့် စွမ်းအားမြင့် စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်လည်စဉ်းစားပြီးသည့်နောက် မှာတော့ လေးလေးနက်နက် ပြောလိုက်၏။ “သူ့ရဲ့လက်ရှိ အားအင်အဆင့်အရဆိုရင် သူက အထက်နယ်မြေကို ကျိန်းသေပေါက် တက်လှမ်းနိုင်မှာ သေချာတယ်”
တိုက်ပွဲဖြစ်စဉ်တစ်ခုလုံးကို ကြည့်ရှုလျက်ရှိနေသည့် ပွဲကြည့်ပရိသတ်တစ်ယောက်ဖြစ်သည်မို့ ကျွင်းချောင်ရှောင်း ၏ တိုက်ခိုက်မှုသည် သူတို့အား အလုံးစုံပင် ထိတ်လန့်တုန်လှုပ်စေခဲ့၏။ ထို့အပြင် သူတို့ ပထမဦးဆုံး တွေ့သည့် အချိန်က ကျွင်းချောင်ရှောင်းသည် အားကောင်းလှသည်ဆိုသော်လည်း ကျောက်ရုပ်ထုကြီး၏ စွမ်းအင်ကို မှီခိုခဲ့ရ သေး၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ တည်နေရာ ရွှေ့ပြောင်းခြင်း အလယ်အလတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူကိုပင် တိုက်ခိုက်အနိုင်ယူနိုင်ခဲ့ပြီဖြစ်၏။ ဤကဲ့သို့သော တိုးတက်မှုသည် အလွန်တရာ မြန်ဆန်လွန်းလှသည်။
“ခံစားလို့ ကောင်းလိုက်တာ”
ပျက်စီးလျက်ရှိနေသည့် ဂြိုဟ်ကြီးအတွင်းရှိ လေထုထဲတွင် မတ်တပ်ရပ်ပြီးသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်း သည် သဘောတကျဖြင့် ပြုံးလိုက်မိတော့၏။ သူ့အတွက် တစ်ချိန်က တောင်ကြီးတစ်လုံး ကဲ့သို့ပင် မြင့်မားသည့် အခြေအနေတစ်ခုတွင် ရှိနေသည့် သိုင်းကျင့်ကြံသူတစ်ယောက်အား အနိုင်ယူနိုင်ခဲ့ခြင်း သည် အမှန်ပင် ခံစားလို့ကောင်းသည့် အရာတစ်ခုပင် ဖြစ်တော့သည်။ သူသည် တဆက်တည်း ကြယ်ကောင်းကင်ခံတပ်ဆီသို့ သွားရောက်ပြီး ဗုံးခွဲချင်စိတ်ကို မနည်းပင် ထိန်းသိမ်းထားရ၏။
“စိတ်ကို အေးအေးထား။ စိတ်ကို အေးအေးထား”
ကျွင်းချောင်ရှောင်းသည် ပြောလိုက်မိ၏။ “ဒီလိုလူမျိုး ဆယ့်တစ်ယောက် ကျန်နေသေးတယ်။ ပြီးတော့ ခံတပ်သခင်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ရှိလဲဆိုတာ ငါ မသိသေးဘူး”
“မမောက်မာတာမျိုး၊ သတ္တိမရှိတာမျိုးက လက်ခံသူရဲ့ စတိုင်မှ မဟုတ်တာ”
စနစ်က အားပေးလိုက်၏။ “ကြယ်ကောင်းကင်ခံတပ်ဆီကိုပဲ တည့်တည့်သွားပြီးတော့ ရင်ဆိုင်တိုက်ခိုက် လိုက်တာက လက်ခံသူရဲ့ စတိုင်ပဲလေ”
“........”
ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွား၏။ ပြီးသည့်နောက်မှာတော့ သူသည် လက်ကို ဝှေ့ယမ်းပြီး သည့်နောက်မှာတော့ သတိလစ်မေ့မျောလျက် ရှိနေသည့် ရင် အား ဆွဲယူကာ ထျန်းယွမ် အကျဉ်းထောင်စေတီ ထဲသို့ ပစ်လွှတ်လိုက်တော့၏။ သူသည် ကြယ်ကောင်းကင်ခံတပ်ထဲတွင် ဤလူအား တိုက်ခိုက် အနိုင်ယူခဲ့၏။ ယခု ထပ်မံကာ အနိုင်ယူခဲ့ပြီး ထျန်းယွမ်အကျဉ်းထောင်ထဲသို့ စေလွှတ်ပြီးသည့်နောက် အကျဉ်းသားတစ်ယောက်၏ ခံစားချက်ကို နားလည်အောင် ဆက်ဆံပေးရတော့မည် ဖြစ်သည်။
“ကျန်တာတွေ ခဏထားအုံး။ ဒီလိုလူကို ထောင်ထဲထည့်နိုင်တာကိုက တကယ့်ကို ကောင်းမွန်တဲ့ ခံစားချက်ပဲ” ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ ပြောလိုက်မိ၏။ သူ၏ စိတ်ထဲတွင်တော့ ရဲတင်းလှသည့် အကြံအစည်တစ်ခု ဖြစ်တည်လာခဲ့သည်။ ထိုအရာမှာ ကြယ်ကောင်းကင်ခံတပ်ကို ဖောက်ခွဲရန်သာမက ကင်သမားများအားလုံးနှင့် ခံတပ်သခင်အား သူ၏ ကိုယ်ပိုင်အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ထားရန်သာ ဖြစ်၏။ ဤနည်းလမ်းအရ ဆိုလျှင် သူအထက်နယ်မြေသို့ တက်ရောက်သည့်အချိန်တွင် မည်သူမှ လာရောက်၍ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
...........
ထျန်းယွမ် အကျဉ်းထောင်စေတီ၊ နဝမမြောက်အလွှာ
သတိလစ် မေ့မျောလျက် ရှိနေသည့် ရင်သည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဆီမှ နာကျင်မှုသည် သူ၏ စိတ်ထဲတွင် ဖြစ်တည်လာခဲ့၏။ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့၏။ ခဏလောက် ကြာပြီးသည့်နောက် မနည်းရုန်းကန်ကာ မတ်တပ်ထရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ မရင်းနှီး သည့် ပတ်ဝန်းကျင်ကြီး တစ်ခုလုံးကို ကြည့်ရှုကာ တီးတိုး ပြောလိုက်မိသည်။ “ဒါ.. ဒါ ဘယ်နေရာမှာလဲ”
ဖောက်
ရုတ်တရက် သူ၏ ရှေ့တွင် အလင်းတစ်ခု ဖြစ်တည်လာခဲ့တော့သည်။ ကျွင်းချောင်ရှောင်းသည် ရှေ့တည့်တည့်ရှိ ထိုင်ခုံပေါ်တွင် ခြေချိတ်ကာ ထိုင်လျက်ရှိနေတော့၏။ မှောင်မဲလျက် ရှိနေသော တည်နေရာကြီးထဲတွင် တောက်ပ သည့် ကြယ်တစ်စင်းကဲ့သို့ ဖြစ်တည်လျက်ရှိနေသည်။ “ဒါက ကျုပ်ရဲ့ ကိုယ်ပိုင် အကျဉ်းထောင်လေ”
ရင်သည် သူ၏ ဒဏ်ရာများကို ဖိနှိပ်ကာ ဒေါသတကြီး ပြောလိုက်၏။ “ခွင့်ပြုချက်မရှိဘဲနဲ့ အကျဉ်းထောင် တစ်ခုကို တည်ဆောက်တယ်ဆိုတာ တကယ့်ကို ကြီးမားတဲ့ ပြစ်မှုပဲ”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံလက်ရန်းပေါ် အသာလက်တင်ကာဖြင့် အနောက်သို့ မှီလိုက်၏။ သူသည် ပြုံးကာ ပြောလိုက်သည်။ “ကြယ်ကောင်းကင်ခံတပ်ရဲ့ ငရဲကြီးကိုးထပ်ကကော တကယ့်ကို တရားဝင် ဟုတ်ရဲ့လား”
“ငရဲကြီးကိုးထပ်ဆိုတာ အထက်နယ်မြေကနေ ဖန်တီး တည်ဆောက်ထားတဲ့ အရာလေ။ ဒါကို တရားမဝင်ဘူးလို့ မင်းထင်နေတာလား” ရင်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။
“ထင်ထားတဲ့ အတိုင်းပဲကိုး”
ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ယှက်ကာဖြင့် ပြောလိုက်မိ၏။ “ဒါဆိုရင် ကြယ်ကောင်းကင်ခံတပ်ရဲ့ နောက်ခံက တရားရေးရာ ဌာနပေါ့”
ယခင်တုန်းက ဖြူမဲညီနောင်တို့သည် တရားရေးရာ လေးကြီးအား မြင်လိုက်သည့်အချိန်မှာတော့ ဤအရာသည် တရားရေးရာဌာနနှင့် ပတ်သက်ဆက်နွယ်နေသည့်အရာ ဖြစ်ကြောင်းပြောဆိုခဲ့ဖူး၏။ လက်ရှိ ကင်းသမား၏ ပါးစပ်ထဲမှ ထွက်လာသည့်စကားများကို ကြားရသည့်အချိန်မှာတော့ ၎င်းတို့နှစ်ခုကြား ဆက်စပ်မှုသည် ကျိန်းသေသွားပြီ ဖြစ်သည်။
အချက်အလက်အားဖြင့် ငရဲကြီးကိုးထပ်သည် အမှန်ပင် တရားရေးရာဌာနမှ တည်ဆောက်ထားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်သည် လောကကြီးအား ထိခိုက်အောင် ပြုလုပ်နိုင်သည့် သတ္တဝါများအား ဖမ်းဆီးချုပ်နှောင် ထားရန်ပင် ဖြစ်သည်။ အကျဉ်းသားများ ချုပ်နှောင်သည့် ကိစ္စသည် တရားရေးရာဌာနမှ ဆုံးဖြတ်ခဲ့သည့်အရာ ဖြစ်၏။
သို့ပေမဲ့ နောက်ပိုင်းတွင် ဖမ်းချုပ်ရသည့် လူအရေအတွက် များပြားလာသည်နှင့်အမျှ ခံတပ်သခင်များ၏ ကိုယ်ပိုင်ခံစားချက်များလည်း ပါဝင်လာခဲ့သည်။ ထို့ကြောင့်ပင်လျှင် တရားသည်၊ မတရားသည် အရာအားလုံး သည် ခံတပ်သခင်၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများနှင့် ဆက်စပ်သွားခဲ့တော့သည်။
“ကောင်လေး”
ရင်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “မင်း အခု ကြယ်ကောင်းကင်ခံတပ်ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာပဲ။ ဒီတော့ ခုလုပ်နေတာကို ရပ်တန်းက ရပ်ပြီးတော့ အပြစ်ပေးမှုကို ခံယူပါ”
ဘန်း
သူပြောပြောပြီးချင်းမှာပဲ ကျွင်းချောင်ရှောင်းသည် ၎င်း၏ ဝမ်းဗိုက်ဆီသို့ လက်သီးဖြင့် ထိုးလိုက်၏။ ပြီးနောက် အေးစက်စက် ပြောလိုက်၏။ “ကြယ်ကောင်းကင်ခံတပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မေ့လိုက်တော့။ အခု အထက်နယ်မြေရဲ့ ဥပဒေသတွေ ဆိုရင်တောင် ကျုပ်က လွယ်လွယ်ကူကူနဲ့ နင်းချေပစ်မှာပဲ”
“မင်း”
ရင်သည် ချက်ချင်းပဲ ပြိုလဲသွားမိ၏။ “မင်း … မင်းက တကယ့်ကို လွန်လွန်းအားကြီးတယ်”
တရားရေးရာ ဌာန၏ ဥပဒေသများကို နင်းချေပစ်မည်။ တစ်ဖက်လူသည် ဤစကားကို အမှန်ပင် ပြောဆိုရဲနေသည်။
“အားရာ”
ကျွင်းချောင်ရှောင်းက အော်လိုက်၏။ “သူ့ကို ကောင်းကောင်းသင်ခန်းစာ ပေးလိုက်”
“ကောင်းပါပြီသခင်”
အားရာသည် သတိပေးမှုမရှိဘဲနှင့် ရင်၏ အနောက်ဘက်တွင် ပေါ်ပေါက်လာခဲ့သည်။ “ကောင်းမွန်တဲ့ အခြေအနေ ကို ဖြတ်သန်းကြတာပေါ့”
ဆွစ် ဆွစ် …။
ရင် ၏ နှလုံးသားတစ်ခုလုံးသည် တုန်ယင်သွားခဲ့၏။
ဖြောင်း ဖြောင်း …….။
အား
အစောကတည်းက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားသော ကင်းသမားသည် ဝိညာဉ်ဖိနှိပ်ခြင်း ကြာပွတ်၏ အောက်မှာတော့ ပြင်းထန်သည့် နာကျင်မှုများကို ခံစားလျက် ရှိနေသည်။
မျက်လုံးကြီးသည် ထိတ်လန့် ကြောက်ရွံ့လွန်းသောကြောင့် ထောင့်တစ်ခုတွင် တုန်ယင်လျက် ရှိနေ၏။ နာရီပေါင်းများစွာ လေ့ကျင့်ပေးပြီး သည့်နောက်မှာတော့ ရင်သည် ရွံ့ကဲ့သို့ပင် ပျော့ခွေသွားလျက် ရှိနေ၏။ သူသည် ဆိုးရွားသည့် အခြေအနေ တစ်ခုဆီသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
တရားမျှတမှုကိုသာ ကိုယ်စားပြုသော ကင်းသမားတစ်ယောက်သည် လက်ရှိ အခြေအနေမှာတော့ အကျဉ်းသား တစ်ယောက်ကဲ့သို့ နှိပ်စက်ခံနေရပြီ ဖြစ်သည်။ လောကကြီးသည် ခန့်မှန်း၍ မရအောင် အလှည့်အပြောင်း များလွန်းလှသည်။
“ဒီတော့ အလုပ်ကိစ္စ ဆက်လုပ်ရအောင်”
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ “ခင်ဗျား ဒီကိုလာတာက ကျုပ်သတ်ခဲ့တဲ့ တရားရေးရာတပ်မှူးဆိုတဲ့အကြောင်းကို လာပြီး စုံစမ်းတာ မဟုတ်လား”
“ဒီ … ဒီတော့ … မင်းသူ့ကို သတ်ခဲ့တာလား”
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိနေပြီဖြစ်၏။ ရင်သည် အလွန်တရာ အားကောင်းလှသည် ဆိုသော်လည်း လက်ရှိ အခြေအနေမှာတော့ စကားပင် မနည်း ပြောဆိုနေရသည်။
“အင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်မိ၏။ “ကျုပ် အနေနဲ့ ကြယ်ကောင်းကင် ခံတပ်ဆီကို သွားဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်ကို ထပ်တလဲလဲ လူတွေလွှတ်ပြီးတော့ ဒုက္ခပေးခဲ့တယ်ဆိုမှတော့ ကျုပ်ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ပေါ့”
ကျွင်းချောင်ရှောင်းသည် ပခုံးကို အသာတွန့်ကာ ပြောလိုက်၏။ သူ၏ အသွင်အပြင်နှင့် လေသံသည် ချက်ချင်း ပြောင်းလဲသွားပြီးသည့်နောက်မှာတော့ ရင် ကဲ့သို့ပင် ပြောင်းလဲသွားခဲ့တော့သည်။
“မင်း... မင်း”
သူ၏မျက်နှာ အသွင်အပြင်အတိုင်း ပြောင်းလဲသွားသည့် တစ်ဖက်လူကို မြင်ပြီးသည့်နောက်မှာတော့ ရင်သည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားမိ၏။ ထို့ကြောင့် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “မင်း.. မင်း ငါ့အယောင်ဆောင်တော့မှာလား”
ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်ကာ ပြောလိုက်မိ၏။ “ကျုပ် အထင်မမှားဘူးဆိုရင် တခြားဆယ့်တစ်ယောက် ကလည်း စကြဝဠာအနှံ့ ကျုပ်ကို လိုက်ရှာနေမှာပဲ။ ဒီတော့ ကျုပ်သူတို့ကို အံ့အားသင့်သွားအောင် လုပ်မှ ဖြစ်မယ်လေ”
ဤကင်းသမားအား သူ၏ အားအင်အဆင့်ဖြင့် တိုက်ခိုက်အနိုင်ယူပြီးသည့်နောက်မှာတော့ ကုန်းရှန့်သည် အလုံးစုံသော ယုံကြည်မှုကို ရရှိခဲ့၏။ ထို့ကြောင့် ဤနေရာမှာ ထိုင်စောင့်မနေဘဲနှင့် တခြားသောသူများဆီသို့ သွားရောက်ကာ တစ်ယောက်ချင်းစီကို တိုက်ခိုက်ပစ်ရန် စဉ်းစား ဆုံးဖြတ်ခဲ့တော့သည်။
..............
ရင် ၏ မျက်နှာပေါ်တွင်ရှိသော ဒေါသတရားများသည် ပိုမိုကာ ကြီးထွားလာခဲ့တော့၏။ တစ်ဖက်လူသည် သူ့အယောင်ဆောင်နေသည်ဆိုသော်လည်း မျက်နှာအသွင်အပြင်နှင့် လေသံများ အားလုံးသည် သူကဲ့သို့ပင် တစ်ပုံစံတည်း ဆင်တူလျက်ရှိနေတော့၏။ ခေါင်းဆောင်နှင့် တခြားသော ကင်းသမားများ အားလုံးသည် သတိတစ်ချက်လွတ်သွားသည် ဆိုသည်နှင့် ကျိန်းသေပေါက် လွယ်လွယ်ကူကူ ခြုံခိုတိုက်ခိုက်ခံရမှာ သေချာ၏။
“အားရာ”
ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်သည်။ “သူ့ကို ထပ်ပြီး လေ့ကျင့်ပေးထား”
“ကောင်းပါပြီသခင်”
..........
ပြိုင်စံရှားဂိုဏ်း
ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ အတွင်းရေးကိစ္စများကို သေသေချာချာ စီမံပြီးသည့်နောက်ရင်၏ ရွက်သင်္ဘောကြီးကို ယူဆောင်ကာဖြင့် အဆုံးအစမဲ့သော စကြဝဠာထဲသို့ ပျံသန်းသွားခဲ့တော့၏။ “ကင်းသမား ဆယ့်တစ်ယောက်တို့... ကျုပ်လာနေပြီ”