အပိုင်း (၁၂၉၇)
Vol. 87 Ch. 1297
အဓိကတာဝန်သည် ဆယ်နှစ် အချိန်ကာလကိုသာ သတ်မှတ်ပေးထားခဲ့၏။ ထို့ကြောင့် ကျွန်းချောင်ရှောင်းအနေဖြင့် အထက်နယ်မြေသို့ တက်လှမ်းရာတွင် အစီအရင်ကို ထုတ်ဖော်အသုံးပြုပါက တတ်နိုင်သမျှ အနှောင့်အယှက်မဖြစ်စေရန် ကြယ်ကောင်းကင်ခံတပ်ကို အရင်းဆုံး ရှင်းထုတ်မှ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သူသည် နောက်ထပ် ကင်းသမားတစ်ယောက်ကိုရှာပြီး အလစ် ချောင်းတိုက်ခဲ့ခြင်းသာ ဖြစ်၏။ သူ၏ အားအင်အဆင့်သည် အစောကတည်းက အားကောင်းပြီးသား ဖြစ်၏။ အလစ်ချောင်းတိုက်ခိုက်မှုကို ပြုလုပ်ပြီးနောက် အနိုင်ယူရန်မှာ အခက်အခဲမရှိတော့ချေ။ ထို့ကြောင့်ပင်လျှင် အခြားသော ကင်းသမားတစ်ယောက်သည် ထျန်းယွမ် အကျဉ်းထောင်စေတီထဲသို့ ရောက်ရှိသွားသည်။
ထို့ပြင် သူသည် တည်နေရာချိုးဖျက်ခြင်း အလယ်အလတ်အဆင့်ကို ရောက်ရှိနေသူတစ်ဦးလည်း ဖြစ်၏။ ထို့ကြောင့် လေးစားသမှုကို ပြသသည့်အနေဖြင့် ကျွင်းချောင်ရှောင်းသည် ထိုသူအား ရင် နှင့်အတူ အကျဉ်းထောင်၏ နဝမမြောက် အခန်းထဲတွင် ထည့်သွင်းထားလိုက်၏။
အား အား အားအား ……။
ထိုညီနောင်နှစ်ယောက်သည် အတူတူ ချိန်းကြိုးများနှင့် ချိတ်ဆွဲခံရပြီးနောက် အားရာ၏ မေတ္တာမဲ့ ရိုက်နှက်ခြင်းကို ခံနေရတော့သည်။
"ကျုပ်ပြောပြမယ်။ ကျုပ်ပြောပြမယ်"
ပက်ပက်စက်စက် ရိုက်နှက်ခြင်းကို ခံစားရပြီးသညိ့ နောက်မှာတော့ နောက်ထပ် ကင်းသမားတစ်ယောက်သည် ဇီးသီးလုံးခန့်ရှိသော ချွေးစေးများပင် ကျလို့နေ၏။ သူသည် သိရှိသမျှ သတင်းအချက်အလက် အားလုံးအား ထုတ်ဖော်ကာ ပြောဆိုခဲ့၏။
ပြီးသည့်နောက်မှာတော့ သူသည် သူ၏ အသင်းအဖော်များ မည်သည့်နေရာတွင် ရှိနေလောက်သည်ဆိုသည့် အကြောင်းအရာကိုပါ ထုတ်ဖော် ပြောဆိုခဲ့တော့သည်။
"မင်း “
ရင်သည် ဒေါသတကြီးဖြငိ့ အော်ဟစ်လိုက်၏။ "ငကြောက်ပဲ"
အေားအားအား …..။
"ကျုပ်ကို ထပ်ပြီးတော့ မရိုက်ပါနဲ့တော့ …. တောင်းပန်ပါတယ်..."
သတင်းအချက်အလက်များကို ရယူပြီးနောက် ကျွင်းချောင်ရှောင်းသည် စကြဝဠာအတွင်းရှိ သူ၏နောက်ထပ် သော ပစ်မှတ်များကို ထပ်မံကာ ရှာဖွေတော့၏။ ရက်အနည်းငယ်အတွင်းမှာပဲ သူသည် အခြားသော ကင်းသမားသုံးဦးတို့အား ထပ်မံကာ တွေ့ရှိခဲ့သည်။
၎င်းတို့၏ အားအင်အဆင့်သည် ရင် ထက် အားနည်းလွန်း၏။ သို့ပေမဲ့ တည်နေရာချိုးဖျက်ခြင်း အလယ်အလတ်အဆင့်ကို ချိုးဖျက်ရောက်ရှိပြီး ဖြစ်သောကြောင့် သူသည် ဖမ်းဆီးရာတွင် သေချာသတိထား ပြုလုပ်ခဲ့၏။
"တောင်းပန်ပါတယ်"
ကျွင်းချောင်ရှောင်း ဖမ်းဆီးပြီးသည့်နောက် အကူအညီမဲ့စွာ ပြောလိုက်၏။ "ကျုပ်က အယောင်ဆောင်ပြီး ဖမ်းဆီးခဲ့တာပါ"
"အရှက်မဲ့လိုက်တာ" စနစ်သည် ဆွံ့အလျက် ရှိနေ၏။ သို့ပေမဲ့ လက်ခံသူအနေဖြင့် ထိပ်တိုက်ရင်မဆိုင်ဘဲ ဤကဲ့သို့ နောက်ကွယ်မှနေ၍ တိုက်ခိုက်သည်ကိုတော့ သူသည် သဘောတူညီမိသည်။
အတိတ်တုန်းကသာဆိုလျှင် ကျွင်းချောင်ရှောင်းသည် အလွန်တရာ မောက်မာလွန်းလှပြီး သေလမ်းရှာတတ်၏။ သို့ပေမဲ့ ဝှက်ဖဲပေါင်းများစွာ တည်ရှိနေသောကြောင့် ပြိုင်ဖက်ကင်းဟု ခံစားလုမတတ် ဖြစ်နေသည်။ လက်ရှိ နောက်ကွယ်မှ တိတ်တခိုးတိုက်ခိုက်သည့် အချိန်မှာတော့ တစ်ဖက်လူသည် မည်သို့မျှ မရှောင်တိမ်းနိုင်ကြချေ။ ထို့ပြင် မည်သည့်ပြဿနာမှ ကြီးကြီးမားမားမရှိသလို အားအင်ကိုလည်း ချွေတာနိုင်ခဲ့၏။
သနားစရာကောင်းလှသော ကင်းသမားများသည် တည်နေရာချိုးဖျက်ခြင်း အလယ်အလတ်အဆင့်ကို ရောက်ရှိပြီးသူများ ဖြစ်ကြ၏။ ၎င်းတို့သည် ရှုံးနိမ့်ခဲ့သည် ဆိုသော်လည်း အနည်းဆုံးတော့ တစ်ယောက်ချင်းဆီကို အနိုင်ယူရန် အပိုင်းတစ်ပိုင်းမျှ ရေးသားရန် လိုအပ်သည်။ သို့ပေမဲ့ ၎င်းတို့သည် ဂုဏ်သိက္ခာတရား ကင်းမဲ့စွာဖြင့် ဤကဲ့သို့ ရှုံးနိမ့်ခဲ့ရတော့၏။ လူအရေအတွက် တိုးမြင့်လာသော်လည်း ကျွင်းချောင်ရှောင်းမှာတော့ ဆက်လက်ကာ ရှာဖွေလျက် ရှိနေတုန်းပင်။
အန္တရာယ်များလှသော ကင်းသမားတစ်ယောက်နှင့် ထပ်မံရင်ဆိုင်ရ၏။ တစ်ဖက်လူသည် အလွန်တရာ မြန်ဆန်လွန်းလှပြီး မြွေတစ်ကောင်ကဲ့သို့ပင် လှုပ်ရှားသွားလာနိုင်စွမ်း ရှိ၏။
ကျွင်းချောင်ရှောင်း၏ လျပ်တပြက် တိုက်ခိုက်မှုသည် အောင်မြင်ခဲ့သည် ဆိုသော်လည်း တစ်ဖက်လူ သည် ထူးခြားသော စွမ်းအင်များကို အသုံးပြုကာဖြင့် လွတ်မြောက်သွားခဲ့သည်။
ကျွင်းချောင်ရှောင်းအနေဖြင့် ရက်အနည်းငယ်ကြာ နောက်မှလိုက်၍ ဖမ်းဆီးခဲ့ရ၏။
ချိတ်ဆွဲခံထားရသော ရင် သည် ကင်သမားများ တစ်ယောက်ပြီးတစ်ယောက် ဝင်လာချိန်မှာတော့ မည်သို့မျှ မခံစားနိုင်တော့ဘဲ ခေါင်းကိုခါရမ်းကာ သက်ပြင်းချလိုက်မိသည်။ "ငါတို့ထဲမှာ ထွက်ပြေးတိမ်းရှောင်တာ အကောင်းဆုံးဆိုတဲ့ လူတောင်ဖမ်းဆီးခံလိုက်တာပဲ"
လက်ရှိအချိန်မှာတော့ သူနှင့်အတူ ဖမ်းဆီးခံထားရသော အဖော်သည် ခြောက်ယောက်ခန့် ရှိနေပြီဖြစ်၏။ ၎င်းတို့အားလုံးသည် နေ့စဉ်နေ့တိုင်း အားရာ၏ ရိုက်နှက်ခြင်းကို ခံနေရ၏။
သို့ပေမဲ့ ၎င်းတို့သည် ပျော်ရွှင်လျက်တော့ ရှိနေသေး၏။ လူစုံတက်စုံနှင့် ရိုက်နှက်ခံရသည်မှာလည်း ပျော်ရွှင်စရာကောင်းလှသည် မဟုတ်ပါလား။
ဘုန်း ဘုန်း ဘုန်း
နက်မှောင်လှသော စကြဝဠာကြီး အတွင်းမှာတော့ အားကောင်းလှသည့် စိတ်ဝိညာဉ်စွမ်းအင်များသည် လှိုင်းထလျက် ရှိနေသည်။
ဘုန်း
ခနလောက်ကြာပြီးသည့် အချိန်မှာတော့ အရပ်ရှည်ရှည် ဗလတောင့်တောင့်နှင့် ကင်းသမားတစ်ယောက်သည် ကြီးမားလှသော ဥက္ကာခဲကြီးအား ဝင်တိုက်မိခဲ့၏။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းအား နာကျင်မှုအပြည့်နှင့် လှမ်းကာ ကြည့်ရှုလိုက်၏။
ကြယ်ကောင်းကင်ခံတပ်၏ တည်နေရာခပ်ဝေးဝေးတွင် သူသည် ရှေးရွက်သင်္ဘောတစ်စင်း၏ တားမြစ်ခြင်းကို ခံခဲ့ရ၏။ တစ်ဖက်လူ၏ အားအင်အဆင့်သည် မယုံကြည်နိုင်လောက်အောင် အားနည်းလွန်းလှ၏။ ထို့ကြောင့် လွယ်လွယ်ကူကူနှင့်ပင် အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ခဲ့၏။ သို့ပေမဲ့ အဘယ့်ကြောင့် တစ်ဖက်လူသည် လက်ရှိအခြေအနေတွင် ကြောက်မက်ဖွယ်ကောင်းသော အားအင်ကို ထုတ်ဖော်ပြသနေနိုင်သနည်း။
"ရောင်ရင်း"
ကျွင်းချောင်ရှောင်းသည် မထူးမခြားနားသလို ပြောလိုက်၏။ "ခင်ဗျားက ကန့်သတ်ထားတဲ့ အရှိန်ကို ကျော်ပြီးမောင်းနေပြီ"
မှန်ပေသည်။ ဤလူသည် ကြယ်ကောင်းကင်ခံတပ်ဆီသို့ သွားရောက်စဉ်က ကျွင်းချောင်ရှောင်းအား တားဆီးကာ ဟိန်းဟောက်ခဲ့သူပင် ဖြစ်၏။
"ချီးတဲ့မှ … ချီးတဲ့မှ"
ထိုသူသည် မနည်းရုန်းကန်ကာ ထပြီးသည့်အချိန်မှာတော့ သူ၏ လက်များကို ဆန့်တန်းလိုက်၏။ ထူးခြားလှသော အော်ရာများသည် သူ၏လက်မှ ဖြစ်တည်လာပြီးနောက်မှာတော့ သူ၏ နောက်တွင် မြင်းတစ်ကောင်၏ ပုံရိပ်ယောင် တစ်ခု ဖြစ်တည်လာခဲ့သည်။
"စိတ်ဝိညာဉ်စွမ်းအင်ကနေ မြင်းတစ်ကောင် အသွင်ပြောင်းတယ်၊ ဟုတ်လား" ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။
ဆွစ်
ထိုအချိန်မှာပဲ ထိုသူသည် မြင်းပေါ်သို့တက်ကာ အလွန်အားကောင်းလှသော အော်ရာများကို ထုတ်ဖော်လျက် လှည့်ကာထွက်ပြေးတော့သည်။
"မိုင်တစ်ထောင်မြင်း …. ဟုတ်လား"
ကျွင်းချောင်ရှောင်း ကြည့်နေတုန်းမှာပဲ မြင်းသည် အဝေးဆုံးတည်နေရာဆီသို့ ရောက်ရှိသွားပြီဖြစ်သည်။ ဤအမြန်နှုန်းသည် အလွန်တရာ မြန်ဆန်လွန်းလှ၏။ ကြယ်ကောင်းကင်ခံတပ်ရှိ ရွက်သင်္ဘောများသည် ကျိန်းသေပေါက် လိုက်လံဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ချေ။
"ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား"
ကျွင်းချောင်ရှောင်းသည် နာှခေါင်းရှုံ့လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် ရှေးရွက်သသေူ၏ ပဲ့ခန်းထဲတွင်ရှိနေသော စိတ်ဝိညာဉ်ကျောက်တုံးများကို အားဖြည့်ပြီးသည့်နောက် ချက်ခြင်းပဲ တည်နေရာကို ဖြတ်သန်းသွားသလို တစ်ဖက်လူနောက်သို့ လိုက်ပါသွားနိုင်သည်။
ဘုတ်
မကြာခင်မှာပဲ ခုနှစ်ယောက်မြောက် ကင်းသမားသည် အကျဉ်းထောင်ထဲတွင် ရောက်ရှိနေပြီ ဖြစ်၏။ သူသည် မျက်လုံးများနှင့် မျက်ခုံးများသည် မို့ဖောင်းလျက်ရှိနေပြီး ပါးစပ်ထဲမှ အမြုပ်များပင် ထွက်လျက်ရှိနေ၏။
"သူလည်း ဒီလိုဖြစ်လာတာလား"
ထိုသူသည် ၎င်းတို့ ဆယ့်နှစ်ယောက်ထဲတွင် အမြန်ဆုံးလူဟု သတ်မှတ်ခံထားရသူ ဖြစ်၏။ သို့ပေမဲ့ ကြည့်ရှုရသည်မှာ ပြေးရင်းမောပန်းသွားသောကြောင့် ဖမ်းဆီးခံလိုက်ရသော အရူးတစ်ကောင်နှင့်ပင် ဆင်တူနေလေသည်။
ရင် နှင့် အခြားသူများ အားလုံးသည် အကြီးအကျယ် စိတ်ဓာတ်ကျလျက်ရှိနေ၏။
"သွားပြီပဲ။ ခေါင်းဆောင်နဲ့ အခြားသူတွေ အားလုံးကတော့ ဒီပုံစံအတိုင်းပဲ ရောက်လာတော့မှာပဲ"
ကင်းသမား ခုနှစ်ယောက်တို့သည် စိတ်ပျက်လက်ပျက် ခံစားနေရ၏။ အဓိကအားဖြင့် ကျွင်းချောင်ရှောင်းသည် သူတို့၏ အပေါင်းအဖော်များအား သွားရောက် ဖမ်းဆီးနေခြင်းမှာ အလွန်တရာ မြန်ဆန်လွန်းလှချေ၏။
ပျမ်းမျှအရ တွက်ချက်ရမည်ဆိုလျှင် ခုနှစ်ရက်၊ ရှစ်ရက်တိုင်း တစ်ယောက်ကို ဖမ်းဆီးနေ၏။
"အဆင်ပြေတယ်။ အဆင်ပြေတယ်"
ရင်က ပြောလိုက်၏။
"ငါတို့ဆီမှာ ဟိုကောင်ရှိနေသေးတယ်မလား။ သူက ငါတို့ဆယ့်နှစ်ယောက်လုံးရဲ့ ဂုဏ်သိက္ခာကို ကျိန်းသေပေါက် ကယ်တင်ပေးနိုင်မှာပဲ"
ပြောပြီးသည့်နောက်မှာတော့ ကင်းသမားများသည် အားအင်များ ပြန်လည်ထွန်းတောက်လာ၏။ ကင်းသမားများထဲတွင် ငါးယောက်မြောက် ကင်းသမားသည် အားအကောင်းဆုံးဖြစ်၏။ ထို့ပြင် သူ၏မျက်နှာအစစ်ကို ပြသသည်ကလည်း ရှားပါးလွန်းလှ၏။ ခံတပ်သခင်မှ လွဲလျင် အခြားသောသူများသည် သူ၏မျက်နှာအား မည်သူမျှ သေချာမမြင်ဘူးကြချေ။
အလွန်လည်း ဆန်းကြယ်လွန်းလှ၏။ ထို့ပြင် သခင်ကြီးပြောဖူးသည်မှာ ငါးယောက်မြောက် ကင်းသမား၏ အားအင်အဆင့်သည် ဤနေရာတွင် ရှိနေသော လူများထက် ပိုမိုကာအားကောင်းသည်ဟုပင် ဖြစ်သည်။
ရင်သည် သဘောမတူချ။ ထို့ကြောင့် စုဝေးပွဲတွင် အရက်မူးပြီးသည့်နောက် စိန်ခေါ်ခြင်းကို ပြုလုပ်ခဲ့၏။ အဆုံးသတ်မှာတော့ တိုက်ကွက်အနည်းငယ်အတွင်း ရှုံးနိမ့်ခဲ့၏။
ပြီးသည့်နောက်မှာတော့ ငါးယောက်မြောက် ကင်းသမားသည် စိတ်ပျက်လက်ပျက်နှင့် ပြောဆိုခဲ့သည်။ " ဒီလို ကြမ်းတမ်းလှတဲ့ တိုက်ခိုက်နည်းတွေကိုပဲ သိတဲ့လူတစ်ယောက်ကို ကျုပ်က အားအင်အနည်းငယ်လောက်ပဲ ထည့်ပြီးတော့ သတ်ဖြတ်ပစ်လို့ရတယ်"
အချိန်ကြာပြီးသည့်နောက် ကျန်ကင်းသမားများသည် ငါးယောက်မြောက် ကင်းသမားမှာ တည်နေရာချိုးဖြတ်ခြင်း အထက်အဆင့်သို့ ရောက်ရှိနေသည့် လူတစ်ယောက်ဖြစ်မလားဟုပင် ခန့်မှန်းနေမိကြ၏။
"ငါးယောက်မြောက် ညီအစ်ကို"
ကင်းသမားများသည် ကြိတ်ကာ ဆုတောင်းနေကြသည်။ "ကျုပ်တို့ရဲ့ဂုဏ်သိက္ခာက မင်းအပေါ်မူတည်နေပြီ"
ဘုတ်
ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ ၎င်းတို့ကင်းသမားများ အားကိုးရသည့် ကင်းသနားခေါင်းဆောင်ကျိသည် အကျဉ်းထောင်ထဲသို့ ရောက်ရှိလာခဲ့၏။ ရိုက်နှက်ခံထားရ၍ မျက်လုံးပင် ကောင်းကောင်းမဖွင့်နိုင်ချေ။
လက်ရှိအချိန်မှာတော့ အားလုံးသောလူများသည် ကြိုးနှင့်ချုပ်နှောင်ခြင်းကို ခံထားရပြီး အားရာ၏ အချိန်တိုင်းလိုလို ရိုက်နှက်ခြင်းကို ခံနေရ၏။ ရက်အနည်းငယ်အတွင်းမှာပဲ ကင်းသမားဆယ့်နှစ်ယောက်တွင် ဆယ်ယောက်သည် ကျွင်းချောင်ရှောင်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ၏။
ကျွင်းချောင်ရှောင်းသည် မကြာခင်ထပ်မံရှာဖွေသည့် အချိန်မှာတော့ ကင်းသမားမြောင်နှင့် ထပ်မံတွေ့ဆုံခဲ့၏။ ထိုအချိန်မှာတော့ သူ၏မျက်နှာသည် အလုံးစုံပျက်ယွင်းသွားခဲ့ရသည်။ "ညီငယ်လေး ငါရဲ့ ချောမောမှုအောက်မှာ ကျဆုံးသွားတာလား ညီငယ်လေး"
ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ခံစားချက်ကို အလုံးစုံတည်ငြိမ်အောင် ထိန်းချုပ်ခဲ့ရ၏။ အမျိုးသမီးတစ်ယောက်သည် ပြည့်စုံလှပသည့် မျက်နှာမျိုးကို ပိုင်ဆိုင်ထားသော်လည်း စကားပြောလိုက်သည့် အချိန်မှာတော့ ယောက်ျားတစ်ယောက်၏အသံမျိုး ထွက်ပေါ်လာခဲ့သည်။ သူသည် ထိုအရာကို မည်သို့မှ သည်းမခံနိုင်တော့ချေ။
"ချင်လင်းရန် …. ကျုပ် ခင်ဗျားကိုမှားယွင်းပြီး သုံးသပ်ခဲ့မိတယ်။ ခင်ဗျားက တစ်ကယ့်ကို ယောက်ျားပီသသူပါပဲ"