← Chapters

ဧကရာဇ်အဆင့် သားရဲထိန်းကျောင်းသူသခင်

Vol. 92 Ch. 1280

ဧကရာဇ်အဆင့် သားရဲထိန်းကျောင်းသူသခင်

Vol. 92 Ch. 1280

ရှီမာယူယူသည် သူမ အပေါ်မှ စုဝေးလာသော တိမ်တိုက်မည်းများကို မြင်သောအခါ ငိုတော့မိမလို ခံစားရလေသည်။

သူမ ရူးချင်နေတာလည်း မဟုတ်ဘူး။ တစ္ဆေမျိုးနွယ်ဝင်တွေက သာမန် ပြည်သူတွေကို ထိခိုက်အောင်လုပ်မှာကိုသာ မစိုးရိမ်ရင် ဒီလိုဆုံးဖြတ်ချက် ဘယ်လိုလုပ် ချမိမလဲ။

သို့သော် မိုးကြိုးဘေးသင့်မှုသည် သူမ၏ စွမ်းရည်များကို ဖိနှိပ်ထားသည် မှာ ကြာပြီဖြစ်သည်။ သူမ မည်မျှကြာအောင် တောင့်ခံနိုင်မည်ဆိုသည်ကို မသိ ပေ။

မည်သို့ပင်ဖြစ်စေကာမူ သူမ ပိုပြီးကြိုးစားပြီးရင်း ကြိုးစားရမည်။

“တိမ်တိုက်ဝိညာဉ်၊ တိမ်တိုက်ဝိညာဉ် ငါ့ကို လမ်းနည်းနည်းလွှဲပေးရမယ် နင် ငါ့ကိုသေအောင်မိုးကြိုးပစ်ရင် နင့်ကိုဝိုင်မပေးတော့ဘူး” သူမသည် ပါးစပ် တွင် လက်နှစ်ဖက်တင်ထားပြီး လေထဲရှိ တိမ်တိုက်မည်းကို အော်လိုက်သည်။

ဝေးကွာလှကာ သူမတွင်လည်း စွမ်းအားမရှိသော်လည်း တိမ်တိုက် ဝိညာဉ်သည် သူမ စကားကိုသေချာပေါက် ကြားမည်ဟု ယုံထားသည်။

“…”

သူမ အော်သံကိုကြားသောအခါ ဘေးတွင်ရပ်နေသောလူများသည် ဆွံ့အ သွားကြသည်။ ဒီလောက်အကြပ်အတည်းအချိန်မှာတောင် ဘာတွေဒီလောက် အော်နေတာလဲ။ ဒါသာအသုံးဝင်တယ်ဆိုရင် ဘေးသင့်မှုကို လှုပ်ရှားစေဖို့ လူတိုင်းအော်ကြတော့မှာပေါ့။ ဘာလို့မဖြစ်နိုင်တာကို စိုးရိမ်နေတော့မှာလဲ။

သူမနှင့် တိမ်တိုက်ဝိညာဉ်တို့၏ ဆက်ဆံရေးကိုသိသူများသာ တိမ်တိုက် ဝိညာဉ်အပေါ် သက်ရောက်မှုရှိသည်ကို သိကြသည်။

တိမ်တိုက်ဝိညာဉ်သည် ရှီမာယူယူကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာကာ အသီးဝိုင်ကုန်နေသည်မှာလည်း ကြာပြီဖြစ်သည်။ သူမကို မတွေ့ရ သည်မှာ ကြာပြီဖြစ်ကြောင်း မသိမသာညည်းညူနေစဉ်မှာပင် သူမ ခေါ်လိုက် ခြင်းဖြစ်သည်။

သို့သော် သူ ရောက်ရောက်ချင်းတွင် ရှီမာယူယူ၏ အော်သံကိုကြားလိုက် ရသောအခါ သူမ တစ်ခုခုဖြစ်ပြီဆိုသည်ကို သိလိုက်ရပြီး ဒေါသထွက်သွား သည်။

သူမ ဘယ်လိုလုပ် ဝိညာဉ်စွမ်းအင် ဆုံးရှုံးသွားတာလဲ။

အဲဒါကြောင့် သူမကို သက်သက်သာသာလုပ်စေချင်နနတာပဲ။ မဟုတ်ရင် သူမ လက်ရှိအခြေအနေနဲ့ဆိုရင် မိုးကြိုးနည်းနည်းပစ်လိုက်တာနဲ့ သေသွားနိုင် တယ်။

ပြီးနောက်တွင် ရောက်သည်နှင့် တစ္ဆေမျိုးနွယ်ဝင်မှား အများအပြားရှိ နေပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားသည်ကိုပါ တွေ့လိုက်ရသည်။ သူတို့ကို သေချာ အပြစ်ပေးရမယ်။

တိမ်တိုက်ဝိညာဉ်ရောက်ပြီးနောက်တွင် တိမ်တိုက်မည်းများသည် ပိုမို လျင်မြန်စွာ စုဝေးလာသည်။ အားလုံးသည် ဖိအားကိုပိုခံစားလာရကာ တစ္ဆေ မျိုးနွယ်ဝင်တချို့သည် ရပ်ပင်မရပ်နိုင်တော့ပေ။ သူတို့အတွက်တော့ မိုးကြိုး တစ်ချက်သည် ပြာဖြစ်အောင်လုပ်နိုင်သည်။

သို့သော် တိမ်တိုက်ဝိညာဉ်ရောက်နေသဖြင့် သူတို့လှုပ်မရတော့ပေ။ ထွက်ပြေးရန် နည်းလမ်းမရှိတော့ပေ။

“မိုးကြိုးဘေးသင့်မှု ဖိအားကို ငါ ခံစားဖူးတာ ပထမဆုံးပဲ ငါ့တစ်ဘဝလုံး မှာ အခုတစ်ခါပဲဖြစ်ကောင်းဖြစ်လိမ့်မယ်”

“အဲဒါကြောင့် အဲနှစ်တုန်းက သူ အဲဒီဧကရာဇ်အဆင့်ကျွမ်းကျင်သူတွေကို မိုးကြိုးဘေးသင့်မှုကိုသုံးပြီး သတ်လိုက်နိုင်တာကိုး၊ အဲအင်အားကိုအခြေခံ ကြည့်ရင် ငါတို့အဲမှာရှိနေရင်လည်း အသက်ရှင်ဖို့မဖြစ်နိုင်ဘူး”

အကြီးအကဲအဖွဲ့သည် သက်ပြင်းချမိတော့သည်။ ထိုအဖြစ်အပျက်ပြီး နောက်တွင် သူတို့သည် ရှီမာယူယူကို မည်သို့ချီးကျူးရတော့မည်ကိုပင် မသိ တော့ပေ။

သူမသည် မောက်မာပြီး ရိုင်းစိုင်းသည်ဟု ထင်သည့်အချိန်များရှိခဲ့သည်။ သူမ ထာဝရရှင်သန်သူနယ်မြေ မဝင်ခင်အချိန်က အသည်းကွဲတောင်ကြားမှလူ များကို မည်သို့ကာကွယ်မည်ဖြစ်ကြောင်းပြောခဲ့သည့် သတင်းသည် ပျံ့နှံ့သွားခဲ့ သည်။ ထိုကဲ့သို့ မျက်နှာပြောင်တိုက်မှုသည် အတွင်းပိုင်းဒေသမှအင်အားစုများ တွင်ပင် မရှိပေ။ အသည်းကွဲတောင်ကြားမှလူအများစုမှာ သွေးမိစ္ဆာမြို့တော်မှ ဖြစ်သည်ကိုတော့ ပြောရန်မလိုတော့ပေ။

သည်တစ်ကြိမ် အစပိုင်းတွင် သူမသည် ဘာကိုမှဂရုမစိုက်ဘဲ ထွက်သွား လို့ရသည်။ ဟင်္သာပဒါးရောင်ငှက်၏ လှုပ်ရှားမှုနှင့် တစ္ဆေမျိုးနွယ်ဝင်များသည် သူမကိုဘာမှမလုပ်နိုင်ကြပေ။ သို့သော် အန္တရာယ်အရှိဆုံးအချိန်များတွင် သူမ ရဲရင့်စွာ အရှေ့ထွက်ခဲ့သည်။

“လူမိုက်ဖြစ်ဖို့ မလွယ်ဘူးပဲ” ဖန်မင် သက်ပြင်းချလိုက်သည်။

“အမှန်ပဲ ဟူး သူမ လုပ်ဆောင်မှုတွေက ကျုပ်တို့ကို ရှက်သွားစေတယ်” ဟော်ချန်းဒုန် ပြောလိုက်သည်။

“ဒီလောက် စာချုပ်သားရဲတွေနဲ့ဆိုရင် သူမက သားရဲထိန်းကျောင်းသူ သခင်ဖြစ်နိုင်တယ်” ဖန်ယွင်လုံ ပြောလိုက်သည်။ ထို့နောက်တွင် သူ ရုတ်တရက် တစ်စုံတစ်ရာတွေးမိသည့်အတိုင်း မျက်နှာတစ်ခုလုံးမှာ ထိတ်လန့် သွားလေသည်။ အားလုံး သတိထားမိလိုက်ကြသည်။

“ဘာဖြစ်သွားတာလဲ” ရှန်းယန် မေးလိုက်သည်။

“ရုတ်တရက် တစ်ခုကိုစဉ်းစားမိသွားလို့ သားရဲထိန်းကျောင်းသူသခင် လောကမှာ အဆိုရှိတယ်” ဖန်ယွင်လုံသည် စဉ်းစားရင်းနှင့် သူ့ခန္ဓာကိုယ်သည် ရုတ်တရက် အဆက်မပြတ် စတင်တုန်ယင်လာသည်။

“ဟူး ဒီအဘိုးကြီးက ဒီနေ့ထူးဆန်းတယ် ဘယ်လိုအဆိုကများ ခင်ဗျားကို ဒီလို အလွန်အကျွံတုံ့ပြန်မှုဖြစ်စေတာလဲ”

ဖန်ယွင်လုံသည် ဘေးဘီကိုကြည့်ပြီး ပြောလိုက်သည် “သားရဲ ထိန်းကျောင်းသူ သခင်လောကမှာ အံ့ဖွယ်ငှက်တွေကို ထိန်းကျောင်းနိုင်တဲ့သူ တွေက ဧကရာဇ်အဆင့်သားရဲထိန်းကျောင်းသူ သခင်တွေလို့ပြောကြတယ်”

“သူမက ဧကရာဇ်အဆင့် သားရဲထိန်းကျောင်းသူသခင်လို့ ပြောလိုက်တာ လား၊ သူမက အဲလောက်အားကောင်းတဲ့ ဝိညာဉ်သားရဲကို စာချုပ်ချုပ်နိုင်တယ် ပေါ့”

ဖန်ယွင်လုံ ခေါင်းခါလိုက်သည် “သူမက အထွတ်အထိတ်သားရဲတွေ အားကောင်းတဲ့အကောင်တွေကို ထိန်းကျောင်းနိုင်တယ်လို့ ပြောနေတာ မဟုတ်ဘူး၊ ရှေးဟောင်းအံ့ဖွယ်သားရဲတွေကို စာချုပ်တည်ထောင်နိုင်တဲ့သူ တွေက ဧကရာဇ်အဆင့်သားရဲထိန်းကျောင်းသူတွေလို့ ပြောနေတာ၊ အဲဒါက လည်း သူတို့စိတ်စွမ်းအင်က အဲအဆင့်ကိုရောက်နေလို့ပဲ”

“သူမက အံ့ဖွယ်ငှက်တင် စာချုပ်တည်ထောင်ထားတာမဟုတ်ဘူး၊ တခြား အထွတ်အထိပ်သားရဲတွေလည်းရှိသေးတယ်၊ သူမ စိတ်စွမ်းအင်က အံ့မခန်းပဲ”

“ရွှီး”

ကောင်းကင်ပေါ်မှ မိုးကြိုးဘေးသင့်မှုဆီမှလာသော လျှပ်စီးအသံသည် သူတို့ စကားပြောနေသည်ကို နှောင့်ယှက်လိုက်သည်။ မိုးကြိုးသည် ဆင်းသက် လာသည်နှင့် ပိုထူလာသည်ကို သူတို့ကြည့်နေကြသည်။ အများစုမှာ ထိတ်လန့် မိကြသည်။

“အမလေး ဘုရားရေ အဲဒီမိုးကြိုးသာ ငါ့ကိုပစ်လိုက်လို့ကတော့ သွားပါပြီ”

“ကြည့်ရတာ ပစ်မှတ်က တစ္ဆေမျိုးနွယ်ပဲထင်ပါတယ်”

“ရှီမာယူယူကိုသာ ပစ်မှတ်မထားပါစေနဲ့” ရှီမာမျိုးနွယ်ဝင်များသည် သူတို့ရင်ဘတ် သူတို့ပုတ်ကြလေသည်။

ရုတ်တရက်ပင် သူမနားမှမီးတောက်များသည် ပျောက်ကွယ်သွားသဖြင့် အားလုံး ကြည့်လိုက်ကြသည်။ ငှက်ပေါက်စသည် ချက်ချင်းပင် သေးငယ်သွား ကာ ကြက်သွေးရောင်မီးတောက်၏ ဘေးသို့ပြန်သွားလေသည်။

ကြက်သွေးရောင်မီးတောက်သည် ရှီမာယူယူအား မီးတောက်ဖြင့် ပတ်ပြီး ပြောလိုက်သည် “ဒီလိုဆိုမှတော့ နည်းနည်းလွှတ်ပေးဖို့ ကူညီပေးမယ်”

ရှီမာယူယူ မငြင်းဆန်ပေ။ သူတို့အားလုံးသည် အစောပိုင်းက မိုးကြိုးသွား ၏စွမ်းအားကို မြင်ပြီးကြလေပြီ။ သူမကိုသာ ထိမှန်ပါက သူမ တောင့်ခံနိုင်မှ ခံ နိုင်မည်။

ပြီးနောက်တွင် မိုးကြိုးဘေးသင့်မှုသည် ဆက်ပြီးပြင်းထန်လာသည်။ သူမ တောင့်မခံနိုင်မည်ကို အနည်းငယ်စိုးရိမ်မိသည်။

“ရွှီး”

မိုးကြိုးသွားတစ်ချက်သည် သူမအပေါ်သို့ တိုက်ရိုက်ကျရောက်လာရာ ကြက်သွေးရောင်မီးတောက် ပျံသွားပြီး ဘေးသင့်မှုမိုးကြိုးသွားကို ကာပြီး သူမ အား အပစ်ခံလိုက်လေသည်။

ရှီမာယူယူသည် အခုလေးတင်ပစ်လိုက်သော မိုးကြိုးသွားကိုကြည့်ပြီး ပို၍စိတ်အေးသွားသည်။ သူမ အကြိမ်ပေါင်းရာချီအပစ်ခံရသည့် အတွေ့အကြုံ အရ တိမ်တိုက်ဝိညာဉ်သည် သူမဆီသို့ ပစ်ချရာတွင် အလွန်အားနည်းပေး သည်။ ထိုအတိုင်းသာဆက်သွားပါက အသက်ရှင်ကျန်ရန် စိုးရိမ်ဖို့မလိုတော့ ပေ။

အနည်းဆုံးတော့ သူမ မသေနိုင်ပေ။ အများဆုံး မိုးကြိုးပစ်ခံရခြင်း အကြောင့် အရေခွံဆုံးရှုံးရုံသာရှိမည်။

“အား”

“မလုပ်ပါနဲ့”

တစ္ဆေမျိုးနွယ်ဝင်များသည် ကြီးမားလှသောဆင်းရဲဒုက္ခခံစားရကာ အော်သံများထွက်လာသည်။ သူတို့သည် သေအောင်အထိ မိုးကြိုးပစ်ခံရသည့် လူတိုင်းကိုကြည့်ပြီး ကြက်သီးထိမိလေသည်။

ထိုမြင်ကွင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းကာ မကြည့်ရဲကြပေ။

ကြက်သွေးရောင်မီးတောက်သည် ရှီမာယူယူအစား မိုးကြိုးသွား အကြိမ် နှစ်ဆယ်မှ သုံးဆယ်အထိ ခံပေးလေသည်။ သူ့ဒဏ်ရာများပြင်းထန်လာသည် နှင့် ရှီမာယူယူသည် သူ့ကိုသိမ်းလိုက်သည်။

ဝိညာဉ်စေတီအတွင်းမှ သားရဲများသည် ထွက်ခွင့်ပေးရန် တောင်းဆိုကြ သည်။ သို့သော် ရှီမာယူယူ အားလုံးကိုငြင်းဆန်လိုက်သည်။

“မင်းတို့အကုန်လုံးက မိုးကြိုးခဏခဏအပစ်ခံဖူးတာမဟုတ်ဘူး အခု ထုတ်လိုက်ရင် အရမ်းအန္တရာယ်များတယ်၊ ငါစမ်းကြည့်ဦးမယ် ငါ မခံနိုင်ဘူး ဆိုရင် မင်းတို့ကိုထပ်ခေါ်လိုက်မယ်”

“ရွှီး”

မိုးကြိုးသွားသည် ရှီမာယူယူအား တိုက်ရိုက်ထိမှန်သွားသည်။ မိုးကြိုးသွားမှ ရင်းနှီးသောထုံကျင်မှုသည် ချက်ချင်းပင် သူမ ခန္ဓာကိုယ်ကို ပြည့် သွားသည်။ သို့သော် မိုးကြိုးသွားစွမ်းအင်အများစုမှာ သူမခန္ဓာကိုယ်မှ ဝိညာဉ် လက်နက်ကြောင့် ပိတ်ပင်ခံလိုက်ရသောကြောင့် သူမ များစွာထိခိုက်ခြင်းမရှိ ပေ။ သို့သော် နောက်ပိုင်းပစ်ချက်များသည် ပို၍ခက်ခဲလာသည်။

သူမခန္ဓာကိုယ်မှ ဝိညာဉ်လက်နက်ပျက်စီးပြီးသည့်နောက်တွင် လျှပ်စီး ပမာဏကို တိုးပွားရန် စတင်စုပ်ယူတော့သည်။ ထိပ်တန်းအဆင့် ခရမ်းရောင် လျှပ်စီးသည် ကောင်းကင်ဥပဒေ၏ လက်ရောက်ရောက်နေသောကြောင့် သူ၏ အရင်စွမ်းရည်ကဲ့သို့ ရာနှုန်းပြည့် စုပ်ယူရန်မဖြစ်နိုင်ပေ။ ထို့ကြောင့်ပင် ရှီမာယူယူ ခံစားရသော နာကျင်မှုသည် အရင်ကခံစားရသည်ထက် အကြိမ် ပေါင်းရာချီများလေသည်။

သူမ၏ အသားများလောင်ကျွမ်းသွားသည်ကို အနံ့ခံ၍ရနေသည်။

အနည်းငယ်တောင့်ခံပြီးနောက်တွင် ထပ်ပြီးမခံနိုင်တော့ပေ။ သူမသည် တခြားသော သားရဲများကို ထုတ်ရုံအပြင်မရှိတော့ပေ။ တစ်ယောက်ချင်းစီ သည် နှစ်ချက်စီခံရကာ တချို့မှာ သုံးချက်ခံရသည်။ သူတို့သည် သူမအတွက် အကြိမ်အနည်းငယ်စီ အပစ်ခံပေးကြသည်။

သို့သော် တစ္ဆေမျိုးနွယ်ဝင်မှာ များပြားလှပြီး မိုးကြိုးဘေးသင့်မှု၏ ကြာချိန်မှာလည်း ရှည်လွန်းသည်။ သူမ သွေးဆောင်ရင်းက ကံကောင်းစွာ လွတ်မြောက်ခဲ့သည်။ သူမ၏ သားရဲများသည် ဆိုးရွားစွာ အပစ်ခံရသဖြင့် သူတို့ ဒဏ်ရာကုသရန် အားလုံးကို သိမ်းလိုက်သည်။

“ရွှီး”

မိုးကြိုးချက်စွမ်းအားများသည် သူမခန္ဓာကိုယ်သို့ဝင်သွားပြီး ပြင်းထန် သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူမ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်း သည် သူမကိုယ်ပိုင်မဟုတ်တော့သလိုပင်။

သူမသည် စိတ်ထဲမှ အော်လိုက်သည် “ခရမ်းလေး ဒီလိုသာဆက်သွားရင် ငါ အရှင်လတ်လတ် အသားကင်ဖြစ်သွားလိမ့်မယ် နင် နည်းနည်းလောက် အားထုတ်ဦး”

“ရွှီး”

မိုးကြိုးနောက်တစ်ချက် ပစ်တော့မည်ကို သူမ စောင့်ကြည့်နေခဲ့သည်။ ပြီးနောက် နောက်တစ်ချက်။ သူမသည် ထိုနေရာတွင်ပင် သေတော့မည်ဟု ထင်လိုက်မိသည်။ ထိုအခိုက်တွင် သူမ သွေးကြောထဲမှ ရင်းနှီးသောစွမ်းအား တက်လာသည်ကို ခံစားမိလိုက်သည်…

***

All Chapters