နောက်ဆုံးအသက်ရှုသံ
Vol. 92 Ch. 1282
လေထဲတွင်ရပ်နေသော မိုးကြိုးမှာပြန်လက်လာပြီး တစ္ဆေမျိုးနွယ်ဝင်များ မှာလည်း ပြန်လှုပ်ရှားလာသည်။ အော်သံများပြန်ကြားရလာပြီး ဘေးသင့်မှု တိမ်တိုက်ဧရိယာတစ်ခုလုံးသည် ပြန်ပြီးစတင်ကာ ရှုပ်ယှက်ခတ်ကုန်တော့ သည်။
တချို့မှာ ထွက်ပြေးရင်း တချို့မှာ သေဆုံးကာ တစ်ချို့မှာ ခုခံနေကြသည် မှာ အချိန်ရပ်တန့်သွားခြင်းမရှိသကဲ့သို့ပင်ဖြစ်သည်။
မိုးကြိုးဘေးသင့်မှုပြန်အသက်ဝင်လာရာ ထိပ်တန်းခရမ်းရောင်လျှပ်စီး သည် တစ်ဝက်ကိုစားလိုက်ပြီး တစ်ဝက်မှာရှီမာယူယူ၏ ခန္ဓာကိုယ်ထဲသို့ဝင် သွားလေသည်။ ဝူလင်းယူကုသပေးခြင်းကြောင့်သာမဟုတ်လျှင် သူမ၏ အသက်တစ်ဝက်မှာ ပါသွားလောက်ပြီဖြစ်သည်။
နှစ်မိနစ်မျှသာကြာသော်လည်း သူမ ခန္ဓာကိုယ်တွင် အပြောင်းအလဲကြီး ဖြစ်ကာ ဝူလင်းယူမည်သို့လုပ်လိုက်သည်ကို မည်သူမှမသိကြပေ။
ဝူလင်းယူသည် ဘေးသင့်မှုတိမ်တိုက်ဘေးတွင်ရပ်ကာ ရှီမာယူယူကိုသာ အကြည့်မလွှဲဘဲ ကြည့်နေသည်။ သူ့မျက်နှာထားမှာ မပြောင်းလဲသော်လည်း သူမ ခန္ဓာကိုယ်ပေါ်သို့ မိုးကြိုးကျလာသည့်အချိန်တိုင်းတွင် သူ့နှုတန်ခမ်းမှာ အနည်းငယ်တွန့်သွားသည်။
တစ္ဆေမျိုးနွယ်ဝင်မှာ များပြားလှသဖြင့် တိုက်ပွဲတည်ဆောက်မှုသည် သွေးမိစ္ဆာမြို့တော်တွင်ဖြစ်ခဲ့သည့်ထက် များစွာအားကောင်းသောကြောင့် လေးရက်မှပင် ပြီးဆုံးလေသည်။
တိမ်တိုက်ဝိညာဉ်သည် တစ္ဆေမျိုးနွယ်ကို သေအောင်မိုးကြိုးပစ်ပြီးသည့် နောက်တွင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ရှီမာယူယူကိုကြည့်ပြီး နှုတ်ခမ်း တွန့်လိုက်သည်။ လူသားတွေကတော့ တကယ့်ပြဿနာပဲ၊ မိုးကြိုးအပစ်ခံလိုက် ရတာနဲ့ပဲ ဒီလိုဖြစ်သွားတယ်။
အကယ်၍ သူ့အတွေးကိုသာ ရှီမာယူယူသိပါက နောက်ဆုံးထွက်သက်မှာ ပင် ဒေါသထွက်၍သေသွားနိုင်သည်။ သူက ဘယ်တုန်းက တစ်ချက်ပဲပစ်ခဲ့လို့ လဲ။ ဒါတွေကလည်း အကြိမ်ပေါင်းတစ်ရာကျော်ပစ်လိုက်လို့ ဖြစ်တာမလား။ သားရဲတွေအများကြီး ဝင်ခံပေးပေမဲ့လည်း သူမကတော့ ဆိုးဆိုးဝါးဝါးထိခိုက် သွားတုန်းပဲ။
သူနှင့် စာချုပ်မရှိသောကြောင့် သူ့အတွေးကို သူမ မသိသည်မှာနှမြောဖို့ ကောင်းသည်။
“မင်းရဲ့လက်ရှိ အခြေအနေကြောင့်မင်းကို လွှတ်ထားလိုက်ဦးမယ်၊ နောက်ရက်နည်းနည်းကြာမှပဲ မင်းကိုလာရှာဦးမယ်”
တိမ်တိုက်ဝိညာဉ်ဆီမှ ချစ်စရာကောင်းသောအသံသည် ရှီမာယူယူ၏ ခေါင်းထဲသို့ဝင်လာရာ သူ့အသံကို ထိုသို့ထုတ်လွှတ်နိုင်မည်ဟု သူမ ထင်မထား ပေ။ သူ အသီးဝိုင်လိုချင်သည်ကို သိသဖြင့် သူမ စိတ်ထဲမှ ‘ကောင်းပြီ’ ဟုပြော ပြီးသည်နှင့် မျက်စိမှိတ်လိုက်ရာ မေ့လဲသွားလေသည်။
တိမ်တိုက်ဝိညာဉ်သည် သူမ၏ အာမခံချက်ကိုရပြီးနောက် ကျေနပ်စွာ ဖြင့် ထွက်သွားလေသည်။ သူထွက်သွားသည်နှင့် ဘေးသင့်မှုတိမ်တိုက်မှာ လျင်မြန်စွာပင် ပျောက်ကွယ်သွားလေသ်ည။
ဘေးသင့်မှုတိမ်တိုက်မသွားသေးသည်ကို မြင်သောအခါ ဘေးမှလူများ သည် တစ်ခုခုဖြစ်တော့မည်ဟု ထင်နေကြသည်။ အခု သူထွက်သွားသည်ကို မြင်တော့မှပင် စိတ်သက်သာရာရတော့သည်။
ဘေးသင့်မှုတိမ်တိုက် ထွက်သွားသည်နှင့် ချက်ချင်းပင် ဝူလင်းယူပေါ်လာ သည်။ သူမ မေ့လဲသွားသည်ကိုကြည့်ပြီး ရင်နာနာနှင့်ပင် သူမကိုချီသွားလိုက် သည်။
လေဟာပြင်ဝင်ပေါက် ပွင့်သွားကာ ဘိုင်ရှန်းသည် ရှီမန်ဖန်ကို ခေါ်ထွက် လာသည်။ သူသည် သတိမေ့နေသော ရှီမာယူယူကိုမြင်သောအခါ စိုးရိမ်တကြီး မေးလေသည် “သူမဘယ်လိုလဲ”
“အသက်ရှုနေသေးတယ် ဒါပေမဲ့ သူမ သတိမေ့သွားတယ်” ဝူလင်းယူ ဆက်ပြောလေသည် “သူမကို အနားယူဖို့ ခေါ်သွားရအောင်”
ရှီမာလျူဖန်နှင့် ရှီမာလျူယွင်တို့လည်း ရောက်လာပြီး တခြားသော ရှီမာ မျိုးနွယ်ဝင်များလည်း အနောက်မှလိုက်လာကြသည်။
“ယူယူ ဘယ်လိုနေလဲ” ရှီမာလျူဖန် မေးလိုက်သည်။
“ပြန်ရောက်မှ ပြောကြတာပေါ့” ဝူလင်းယူသည် ရှီမာယူယူကိုချီထား သဖြင့် လေဟာပြင်ဝင်ပေါက်ကို မဖွင့်နိုင်ပေ။ သူသည် လှည့်ပြီးဘိုင်ရှန်းအား ကြည့်လိုက်သည်။
ဘိုင်ရှန်း ခေါင်းညိတ်ကာ လေဟာပြင်ဝင်ပေါက်ဖွင့်ပြီး သူတို့ကို ပြန်ခေါ် သွားလိုက်သည်။
ရှီမာလျူယွင်နှင့် ရှီမာလျူဖန်တို့ အနောက်မှလိုက်လာကာ သူတို့ ဝင်ပြီးသည်နှင့် လေဟာပြင်ဝင်ပေါက်သည် ချက်ချင်းပိတ်သွားကာ အနောက်မှ လိုက်ချင်ကြသော ရှီမာမျိုးနွယ်များ အော်ကျန်နေခဲ့လေသည်။
“အာ…”
ရှီမာမျိုးနွယ်ဝင်များသည် ကိုးရိုးကားရားဖြစ်သွားသည်။ သခင်လေးတို့ ကလည်း လွန်လိုက်တာ။ သူတို့လည်း သခင်မလေးကို စိုးရိမ်တယ်လေ၊ ဘာလို့ သူတို့ကို ခေါ်မသွားရတာလဲ။
သည်တစ်ကြိမ်တွင် ဟော့ဘာဟုန်ယဲ့လျှောက်လာကာ အကြီးအကဲအဖွဲ့ ကို လမ်းကောင်းပိတ်ရန်လိုကြောင်း ပြောလိုက်သ်ည။
“ဒီခရိုင်မှာ ကောင်းကင်ဒွန့်ရဲ့ စွမ်းအားရှိနေသေးလို့ တော်သေးတယ်၊ ဒါကို သုံးပြီးချိပ်ပိတ်မယ်ဆိုရင် သက်ရောက်မှုပိုကောင်းမှာပါ” ဟော့ဘာဟုန်ယဲ့ ပြောလိုက်သည်။
“ဟော့ဘာမျိုးနွယ်ခေါင်းဆောင် ဘာလိုအပ်လဲ ပြောလိုက်ပါ”
“ကောင်းပါပြီ အားလုံး ကျုပ်နောက်လိုက်ခဲ့ပါ”
….
ဝူလင်းယူသည် ရှီမာယူယူအား အမှတ်တရစားသောက်ဆိုင်သို့ ခေါ်သွား လိုက်သည်။ ပိုင်ထာသည် ရှီမာယူယူ အသားကင်ဖြစ်လာသည်ကိုမြင်သော အခါ အံ့အားသင့်မိလေသည်။
“တောင်ကြားဒုခေါင်းဆောင် ဘာဖြစ်လာတာလဲ”
“မိုးကြိုးအပစ်ခံလိုက်ရတာ” ရှီမန်ဖန် ဆက်ပြောလေသည် “လင်းယူ သူမ အခန်းကိုခေါ်သွားပေမးယ်၊ လောင်ဘိုင် နောက်ပိုင်းသူတို့ပြန်လာရင် ဘယ်သူ့ ကိုမှ အဝင်မခံနဲ့နော် ကျွန်တော်တို့ ကုသလိုက်ဦးမယ်”
“ဟုတ်ကဲ့ပါ တောင်ကြားခေါင်းဆောင်”
ဝူလင်းယူသည် ရှီမန်ဖန်အား တစ်ချက်ကြည့်ပြီးနောက် သူတို့သည် ရှီမာယူယူ၏ အခန်းသို့တိုက်ရိုက်သွားကြလေသည်။
ပိုင်ထာ့သည် ရှီမာယူယူ ဆိုးဝါးစွာထိခိုက်လာသည်ကို မြင်ပြီးနောက် စိုးရိမ်လျက်ရှိရာ ခြံဝန်းရှေ့နောက်လျှောက်နေသည်။ ဘိုင်ရှန်းတို့ထွက်လာ သောအခါ သူသည် အခြေအနေကို မေးမည်ပြုထားသည်။
ခဏအကြာတွင် ဖန်ခိုင်နှင့် ဖန်ကျိတို့သည် ဘေဂုံထန်နှင့် တခြားသူများ ကို ခေါ်လာပြီးဝင်လာရာ ပိုင်ထာ့ကိုမြင်သောအခါ မေးလိုက်သည်။ “တောင်ကြားခေါင်းဆောင်နဲ့ ဆရာတို့ပြန်လာပြီလား”
“ပြန်လာပြီ သူမကို ကုသဖို့သွားကြတယ်” ပိုင်ထာ့ပြောလိုက်သည်။
“ဝင်ပြီးကြည့်ရအောင်” ဖက်တီးကျူသည် ခြံဝန်းအနောက်ကို ခြေလှမ်း ရင်း ပြောလိုက်သည်။
“မဖြစ်ဘူး မဖြစ်ဘူး” ပိုင်ထာ့သည် သူတို့ကိုဆွဲပြီး ပြောလိုက်သည် “တောင်ကြားဒုခေါင်းဆောင် ကုသမှာမို့လို့ မင်းတို့ဝင်လာပြီး မနှောင့်ယှက်ခိုင်း ဖို့ တောင်ကြားခေါင်းဆောင်က ကျုပ်ကိုအမိန့်ပေးထားပါတယ်၊ ဝင်ပြီး ပြဿနာမရှာတာကောင်းပါလိမ့်မယ်”
“ယူယူ ဘယ်လောက်တောင် ထိခိုက်ထားတာလဲ” ဘေဂုံထန် မေးလိုက် သည်။
“မိုးကြိုးကြောင့် ခေါင်းကနေ ခြေအထိ လောင်ထားတဲ့ပုံပဲ၊ ထိလို့ရတဲ့ နေရာဆိုတာ မရှိတော့ပါဘူး” ပိုင်ထာ့ ဆက်ပြောလေသည် “ဘာဖြစ်လာလဲ တောင်ကြားဒုခေါင်းဆောင်က ဘာလို့အဲလောက်ဆိုးဆိုးဝါးဝါးထိခိုက်ထားတာ လဲ”
“ခဏနဲ့တော့ ရှင်းပြလို့မရဘူး၊ အခုက ရှင်းပြဖို့စိတ်လည်းမရှိပါဘူးဗျာ” ဖန်ခိုင် ပြောလိုက်သည်။
“စိတ်လှုပ်ရှားနေလည်း အသုံးမဝင်ဘူး၊ တံခါးပိတ်ထားလို့ ဝင်သွားလို့ လည်းမရဘူး ဘာတွေဖြစ်ခဲ့လဲဆိုတာ ဘာလို့မပြောပြရမှာလဲ” ပိုင်ထာ့ ပြော လိုက်သည်။
ဖန်ခိုင်နှင့် တခြားသူများသည် မှန်ကန်သည်ဟု ခံစားရသည်။ သူတို့ သက်ပြင်းချက်ကာ ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖြစ်ခဲ့သည်များကို ရှင်းပြလိုက် သည်။
“တောင်ကြားဒုခေါင်းဆောင်က တစ္ဆေမျိုးနွယ်ဝင်တွေကို တစ်ယောက် တည်း အကုန်သတ်ခဲ့တယ်လို့ ပြောလိုက်တာလား” ပိုင်ထာ့သည် သူတို့ ပြော သည့်အကြောင်းအရာများကို ကြားသောအခါ တောင်ကြားဒုခေါင်းဆောင်သည် အံ့မခန်းလှဟု ခံစားမိသည်။
“မိုးကြိုးဘေးသင့်မှုက နေ့ရောညပါ ပစ်ခတ်နေတာကို တစ္ဆေမျိုးနွယ် တွေက ဘယ်လိုလုပ်မသေမလဲ” ဖက်တီးကျူသည် ထိုမြင်ကွင်းကို ပြန်မြင် ယောင်လိုက်ရာ အပြင်မှကြည့်ရသည်ပင်လျှင် ကြောက်ရွံ့မှုကိုခံစားရကာ မိုးကြိုးဘေးသင့်မှုအကြားတွင် သူမ မည်မျှသည်းခံရမည်ကို သူမ တွေးလို့ပင် မရပေ။
အထူးသဖြင့် သူမတွင် ဝိညာဉ်စွမ်းအင်မရှိစဉ်က သူမ မိုးကြိုးအပစ်ခံရ သည်ကို အဝေးမှကြည့်ရင်း ရင်နာမိသည်။
သူမ ယခုဘယ်လိုနေသည်ကို သူတို့သိချင်နေကြသည်။
အိမ်ထဲတွင် ရှီမာယူယူ၏ အခြေအနေမှာ မကောင်းလှပေ။ ဝူလင်းယူ၊ ဘိုင်ရှန်း၊ ရှီမန်ဖန်၊ ရှီမာလျူဖန်နှင့် ရှီမာလျူယွင်တို့သည် သူမကို ဝိညာဉ် စွမ်းအင်ထည့်ပေးကာ သူမခန္ဓာကိုယ်ထဲမှ ရှုပ်ထွေးနေသည့် ဝိညာဉ်စွမ်းအင်ကို ဖိနှိပ်ပေးလိုက်သ်ည။
သူမ ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်သည် သူမကိုယ်တိုင် လမ်းမပြလျှင် နားလည်မလွယ်ပေ။ သို့သော် အခုချိန်တွင် သူမသည် သတိမေ့နေကာ သူမ၏ ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်ကို လမ်းပြရန်မဖြစ်နိုင်သောကြောင့် သူတို့က ဖိနှပ် ပေးရသည်။
အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ်၏ ကျန်းမာရေးသည် သူမခန္ဓာကိုယ်ကို လျင်မြန်စွာသက်သာစေကာ ဆေးများ၏ သက်ရောက်မှုကိုပါ ထည့်ပေါင်းလိုက် သောအခါ နှစ်ရက်အကြာတွင် သူမ၏ အံ့ဖွယ်အသိဉာဏ်သည် တဖြည်းဖြည်း စတင်ပြန်ကောင်းလာကာ ခန္ဓာကိုယ်ထဲမှ ရှုပ်ထွေးနေသော ဝိညာဉ်စွမ်းအင်ကို ခံစားမိကာ အသိစိတ်မှ စတင်လမ်းပြတော့သည်။
သူမ ခန္ဓာကိုယ်ကို ကိုယ်တိုင် ထိန်းညှိနိုင်သဖြင့် ဘေးမှလူများသည် စိတ် သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်တော့သည်။
နေ့တစ်ဝက်ကြာသောအခါ ရှီမာယူယူ မျက်လုံးပွင့်လာပြီး သူမဘေးမှ လူများကိုမြင်သောအခါ သူမ၏ ပထမဆုံးတုံ့ပြန်မှုမှာ…
“ဘာလို့ဒီကိုအကုန်ရောက်ကြတာလား ငါ့ခန္ဓာကိုယ် အဝတ်မပါတာကို မြင်သွားကြတာလား”
“….”
အားလုံး၏ နဖူးတွင် အနက်ကြောင်းများဖြစ်သွားကြသည်။
“သူမ အဲလိုပြောနိုင်တယ်ဆိုတော့ ပြန်ကောင်းလာပြီဆိုတဲ့သဘောပဲ ကြည့်ရာ စိုးရိမ်ဖို့မလိုတော့ဘူး” ရှီမာလျူဖန် ပြောလိုက်သည်။
“မင်းခန္ဓာကိုယ်က အနာရွတ်တွေအပြည့်နဲ့ရှိသေးတယ် ဘယ်သူမှမမြင်ရ ဘူး”
ထိုသို့ပြောသော် သူမ၏ ဒုတိယတုံ့ပြန်မှုမှာ…
“ဘုရားရေ သူတို့က ငါ့ကိုရုပ်ဆိုးဆိုးကြီးကိုမြင်လိုက်ရတာလား”
“…”
“လင်းယူကနင့်ကို ပစ်မသွားသေးဘူးမလား” ရှီမန်ဖန် ပြောလိုက်သည်။
“ကောင်းပြီ သူမ အဆင်ပြေမှတော့ အနားယူဖို့ ငါတို့သွားရအောင်” ရှီမာလျူယွင် ပြောလိုက်သည်။
သူမကို ကယ်ရန်အတွက် သူတို့သည် ဝိညာဉ်စွမ်းအင်များစွာ သုံးလိုက်ရ သည်။ အခု သူမ နိုးလာသည်ကိုမြင်သောအခါ ပင်ပန်းပြီဟု ခံစားလာရသည်။
***