ဘယ်သူကဘယ်သူနဲ့ ထိုက်တန်တာလဲ
Vol. 92 Ch. 1284
သူမ မည်သည့်အရာကို စဉ်းစားနေသည်ကို ရွှေမြွေလေးသိသောကြောင့် သူ၏လည်ပင်းဖြင့်ရစ်ပါတ်ကာ ပန်းရောင်သမ်းပြီး ကြီးမားသောသူ၏ခေါင်းကို သုံးပြီး သူမမျက်နှာကို ပွတ်သပ်ကာ ပြောလိုက်သည် “ငါက ဒီလောကကြီး အကြောင်းကို နည်းနည်းပဲသိပေမဲ့ စာချုပ်ကဘာလဲဆိုတာကို သိပါတယ်၊ ယူယူ့နောက်ကို လိုက်တာက ငါ့လွတ်လပ်မှုကို မပေးဆပ်ရပါဘူး”
“သေချာလား” ရှီမာယူယူသည် လက်ကိုလှုပ်ရှားလိုက်သည်။ စာချုပ် ကြောင့် သူမခန္ဓာကိုယ်မှ ဒဏ်ရာများသည် ပိုကောင်းလာသည်။ သို့သော် အနာရွတ်များမှာ ရှိနေသေးသောကြောင့် ကြောက်စရာကောင်းနေသေးသည်။
သူမ မတ်တတ်ထကာ လှည့်ကြည့်ပြီး ရွှေမြွေလေးကို လက်ထဲထည့်ကာ ကျေးဇူးတင်စွာဖြင့် ပြောလေသည် “နေကောင်းလာတော့ အရမ်းကို သက်တောင့်သက်သာဖြစ်သွားတာပဲ ရွှေလေး ကျေးဇူးပဲနော် မင်းကြောင့် ငါ အများကြီးသက်သာသွားတာ”
“ရွှေလေးက ယူယူနဲ့အတူ မိုးကြိုးဘေးသင့်မှုကို မခံရပေမဲ့ ယူယူ့ရဲ့ ဒဏ်ရာတေါကို ကုပေးနိုင်တယ် ရွှေလေးအရမ်းပျော်တာပဲ”
ရှီမာယူယူသည် ရွှေလေးခန္ဓာကိုယ် လွှဲနေသည်ကို ကြည့်ပြီး ရယ်မော လိုက်သည်။
“ဒါပေမဲ့ ငါနဲ့ စာချုပ်ချုပ်ပြီးတာတောင် ဝိညာဉ်စွမ်းအင် ဘာလို့တိုးမလာ တာလဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်သားပဲ ဘာလို့ပါလိမ့်” ရွှေလေးသည် ရပ်ပြီး သူမအား ချစ်စရာ ကောင်းလောက်အောင် ကြည့်လေသည်။
“ဘာလို့လဲဆိုတော့ ယူယူ့အတွက် ငါ ဖိနှိပ်ပေးထားတာ” ဝိညာဉ်လေး ဆက်ပြောလေသည် “အပြင်ထွက်တာနဲ့ ခံစားမိလိမ့်ယ်”
“ကျေးဇူးပဲ ဝိညာဉ်လေးရေ” ထိုသည်မှာ သူမ ကောင်းစားရေးအတွက် လုပ်ပေးသည်ကို ရှီမာယူယူသိသည်။ “ဪ ဟုတ်သားပဲ ကျန်တဲ့သူတွေရော ဘယ်လိုနေလဲ”
“သူတို့လည်း ဒဏ်ရာကြီးကြီးမားမားရထားတော့ တံခါးပိတ်ပြီး နလန်ထူ နေကြတယ် ဒါပေမဲ့ အဲဒါက သူတို့အတွက် အကျိုးရှိပါတယ်” ဝိညာဉ်လေး ပြောလိုက်သည်။
“ဘာအကျိုးလဲ” ရွှေလေးသည် နားမလည်ပေ။
“သူတို့က ဘေးသင့်မှုမိုးကြိုးသွား မှန်ထားတော့ ကောင်းကင်ဒွန့်ကို နားလည်ရာမှာ အထောက်အကူဖြစ်တယ်၊ လူသားတွေက တကယ့် စည်းမျဉ်း ကို နားမလည်နိုင်ရင်တောင်မှ ကျင့်ကြံမှုအတွက် အထောက်အကူဖြစ်တယ်၊ တိုက်ခိုက်ရေးအင်အားကိုလည်း တိုးစေနိုင်တယ်” ဝိညာဉ်လေး ပြောလိုက် သည်။
“အဲလိုတွေ အသုံးဝင်မှန်းမသိဘူး ယူယူ နောက်တစ်ခါ ဘေးသင့်မှုခံရ တော့မယ်ဆိုရင် ငါ့ကိုပါခွင့်ပေး” ရွှေမြွေလေး ပြောလိုက်သည်။
သူ စပ်စုနေသည့်ပုံစံကို ရှီမာယူယူ မြင်သောအခါ ခေါင်းညိတ်ပြီး ပြော လိုက်သည် “ကောင်းပါပြီရှင် နောက်တစ်ခါ မင်းကိုစမ်းကြည့်ခိုင်းမယ် အခုတော့ သူတို့ကိုသွားကြည့်ရအောင်”
သူမသည် ရွှေမြွေလေးကိုခေါ်ကာ သားရဲများကို ကြည့်ရန်သွားလိုက် သည်။ သူတို့အားလုံးသည် မူလအသွင်ပြောင်းကာ အိပ်မောကျနေကြလေ သည်။
ကြက်သွေးရောင်မီးတောက်သည် သူတို့နှင့်အတူရှိမနေဘဲ ချင်ယိ၏ သစ်ပင်တွင်ရှိနေသည်။ ရှီမာယူယူ သူ့ကိုသွားကြည့်ရာ သူလည်း ပြန်သက်သာ လာပြီဖြစ်သည်။
ချင်ယိသည် သူမဘေးတွင်ပေါ်လာပြီး သူမ၏ စွမ်းအား ပြန်ကောင်းလု နီးပါးဖြစ်သည်ကို ကြည့်ပြီး ပြောလိုက်သည် “ငါထင်ထားတာထက် မြန်သားပဲ၊ ဒါပေမဲ့ မင်းကဒီလောက်လူတွေအများကြီးကိုကယ်ပြီး ကောင်းကင်ဘုံ ဘေးသင့်မှုကို ငြီးငွေ့လောက်အောင် ခံလိုက်ရတော့ ကောင်းကင်ဒွန့်ကလည်း မင်းကို ထပ်ပြီးပိတ်မထားနိုင်တော့ဘူးလေ”
“ဒီလောက်မြန်မယ်လို့ ငါလည်းထင်မထားဘူး” ရှီမာယူယူ ဆက်ပြော လေသည် “ဒါပေမဲ့ ပေးဆပ်ရတာတော့ နည်းနည်းကြီးတယ်”
“သံသရာလည်တယ်ဆိုတာကို သိလား၊ ဒီနေ့မင်းစိုက်လိုက်တဲ့ သစ်ပင်က နောက်တစ်ခါ ဘယ်လိုအသီးသီးလာမလဲဆိုတာ မသိနိုင်ဘူး” ချင်ယိသည် သဲ့သဲ့ကလေးပြုံးလိုက်ရာ ရှီမာယူယူပင် မှင်တက်သွားလေသည်။
သံသရာလည်တယ်ဟုတ်လား။ ဒီနေ့ သူမစိုက်လိုက်တဲ့ အပင်… ဒါဆိုရင် နောက်တစ်ခါရလာမဲ့ဆုက အသီးကောင်းကောင်းတစ်လုံးလား။
ချင်ယိသည် ထိုအဓိပ္ပာယ်တစ်စုံတစ်ရာကို သိနေသည့်ပုံပေါက်သော် လည်း သူ၏ အမူအရာအရ လျှို့ဝှက်လွန်းသည်။
ရှီမာယူယူသည် အားလုံး အဆင်ပြေသည်ကို လှည့်ပတ်ကြည့်ပြီးနောက် ဆေးဖော်သည့်အခန်းသွားကာ ဆေးစတင် သန့်စင်တော့သည်။
သူမ၏ ခန္ဓာကိုယ်တွင် အနာများမပျောက်ကင်းသေးသောကြောင့် ပြန်ကောင်းလာစေရန် ဆေးပါကူရမည်။
တစ်ဖက်တွင် ဝူလင်းယူသည် အမှတ်တရစားသောက်ဆိုင်သို့သွားရာ ခန်းမတွင် စားသောက်သူများရှိမနေဘဲ အားလုံးသည် ပညာရှိစံအိမ်တော်နှင့် ရှီမာမျိုးနွယ်ဝင်များသာ ရှိနေကြသည်။
ဝူလင်းယူလာသည်ကို မြင်သည်နှင့် ပညာရှိစံအိမ်တော်အဖွဲ့ဝင်များသည် အရိုအသေပေးကာ နှုတ်ဆက်ကြလေသည်။
သူသည် ထန်းယွင်ဆီသို့လျှောက်သွားပြီး အသာအယာဦးညွှတ်ကာ ပြော လိုက်သည် “စံအိမ်တော်ဒုသခင်”
ထန်းယွင်သည် ဝူလင်းယူအား ကြည့်လိုက်သည်။ ဘာမှမပြောသဖြင့် သူ ဒေါသထွက်နေသည်ဟု အားလုံးထင်လိုက်သည်။ သို့သော် သူ ရယ်ရုံသာရယ် လေသည်။
“လင်းယူ ဒီလောက်နှစ်တွေအများကြီး ဘယ်ရောက်နေတာလဲ”
ထာဝရရှင်သန်သူနယ်မြေဖွင့်သည်မှစ၍ ပညာရှိစံအိမ်တော်လူများသည် သူ့သတင်းမရသည်နှင့် နှစ် ၂၀ ကျော်ပြီဖြစ်သည်။ သူ့အသက်ကျောက်စိမ်းပြား ပျက်စီးမှုမရှိခြင်းကြောင့်သာမဟုတ်လျှင် သူတစ်ခုခုဖြစ်လောက်ပြီဟု လူတိုင်း ထင်ကြမည်ပင်။
သူတို့သည် အလယ်ပိုင်းဒေသများကို လူလွှတ်ပြီး စုံစမ်းခိုင်းခဲ့သည်။ စံအိမ်တော်သခင်သည်လည်း သူ့ကို သတင်းစုံစမ်းခဲ့ခိုင်းသည်။ အဆုံးမှာတော့ သူတို့မရခဲ့ပေ။
“နားလည်ဖို့လိုတဲ့ဟာ တစ်ခုရှနေလို့ အခွင့်အရေးသွားရှာတာ အဲဒါကို တွေ့တာနဲ့ အဲဒီမှာပဲ တံခါးပိတ်ကျင့်ကြံလိုက်တာ” ဝူလင်းယူ ပြောလိုက်သည်။
“အခုမှ တံခါးပိတ်ကျင့်ကြံတာက ထွက်လာတာလား”
“ဟုတ်တယ်” ဝူလင်းယူ ဆက်ပြောလေသည် “ကျွန်တော်ထွက်လာ တော့ ယူယူ ဒုက္ခရောက်နေတာကို အာရုံခံမိလို့ လာကြည့်တာ”
အစောပိုင်းက သူ၏ အပြုအမူများကြောင့် မည်သူမှ သူ့စကားများကို သံသယမဝင်ပေ။ ထို့အပြင် နားလည်ရမည့်အရာဆိုလျှင် အနှစ် ၂၀ အပြင် အနှစ် ၂၀၀ ပါကြာသွားနိုင်သည်။
“အချိန်စွမ်းအားကို နားလည်သွားပြီလား” အတွင်းပိုင်းဒေသမှ အကြီးအကဲတစ်ယောက် မေးလိုက်သည်။
“အခြေခံလောက်ပါပဲ” ဝူလင်းယူသည် နှိမ့်ချစွာ ပြန်ဖြေလေသည် “အခု တော့ အချိန်ကိုပဲရပ်တန့်နိုင်သေးတယ်”
“အဲဒါကိုက အံ့မခန်းဖြစ်နေပြီလေ” ထိုအကြီးအကဲသည် သူ့ကို ချစ်ခင်စွာ ဖြင့် ကြည့်လေသည် “အချိန်နဲ့ လေဟာပြင်က မတူကြဘူး၊ အချိန်ကိုနားလည် ဖို့က ပိုခက်တယ်၊ ရှေးတုန်းက လူတစ်ယောက်က နားမလည်ဘူးဆိုရင် လိမ်တာလို့ပဲ ထင်ကြမျာ၊ ဒီနှစ်ပေါင်း ရာချီ ထောင်ချီမှာ နားလည်တဲ့သူ ဘယ်သူမှမရှိခဲ့ဘူး၊ မြင့်မြတ်သောသားတော် အရမ်းကြီးမနှိမ့်ချပါနဲ့”
ဝူလင်းယူသည် ပြုံးလိုက်သည်။ ထိုအကြောင်းကို သူ ဆက်မပြောလိုပေ။
“လင်းယူ မင်းနဲ့ ယူယူနဲ့က ဘယ်တုန်းက အတူရှိသွားတာလဲ” ထန်းယွင် မေးလိုက်သည်။
“ကျွန်တော် သူမကို ရင်လင်းတိုင်းပြည်သွားတုန်းက ပထမဆုံးတွေ့ခဲ့တာ ပဲ နောက်ကျ တဖြည်းဖြည်းဆက်သွယ်ရင်းနဲ့ သူမကို သဘောကျလာတာ” ဝူလင်းယူ ပြောလိုက်သည်။
“ရှီမာယူယူက ငယ်ပေမဲ့ သူမနောက်ခံနဲ့ စွမ်းအားက ကျုပ်ကိုတောင် အရှက်ရစေတယ်၊ သူမကပဲ မြင့်မြတ်သောသားတော်နဲ့ ထိုက်တန်တာပါ” အကြီးအကဲ ပြောလိုက်သည်။
ဘေးတွင်ရှိနေသာ ရှီမာမျိုးနွယ်သည် မပျော်တော့ဘဲ ပြောလိုက်သည် “ကျုပ်တို့ အငယ်ဆုံးသခင်မလေးက သူနဲ့ထိုက်တန်တယ်ဆိုတာ ဘာပြောတာ လဲ၊ သူကသာ ကျုပ်တို့အငယ်ဆုံးသခင်မလေးနဲ့ ထိုက်တန်တာပဲ”
“ရှီမာမျိုးနွယ် စည်းကျော်မလာနဲ့ ကျုပ်တို့က ခင်ဗျားတို့ကို ဂုဏ်သိက္ခာ ထောက်ခဲ့တာပဲ၊ ဒါပေမဲ့ ခင်ဗျားတို့က အဲဒါကိုအခွင့်ကောင်းယူဖို့ဆုံးဖြတ်ထား တာပဲ”
“အဲဒါ ခင်ဗျားတို့ ပညာရှိစံအိမ်တော်အဖွဲ့ဝင်တွေပဲလေ၊ ကျုပ်တို့ အငယ် ဆုံးသခင်မလေးကို ကောင်းကောင်းဆက်ဆံတဲ့ မြင့်မြတ်သောသားတော် ကြောင့်သာ မဟုတ်ရင် ခင်ဗျားတို့ကိုလှည့်တောင်မကြည့်ဘူး”
“ခင်ဗျား…”
“ကောင်းပါပြီ တိတ်လိုက်ကြပါ ဘာလို့ဒီမှာဒေါသထွက်နေကြမှာလဲ” ထန်းယွင် အပြစ်တင်လိုက်သည် “ဘာပဲဖြစ်ဖြစ် ရှီမာယူယူက ဘေးဒုက္ခကြီး ကနေ တိုင်းပြည်ကို ကယ်ခဲ့တာ၊ သူမ ဒဏ်ရာရာနေတာကို ခင်ဗျားတို့က ဘာလို့ဒေါသထွက်နေရတာလဲ”
ပညာရှိစံအိမ်တော်မှလူများသည် နှုတ်ဆိတ်သွားကြပြီး ရှီမာမျိုးနွယ်မှ လည်း ပြောချင်သည့်စကားများကို ရပ်လိုက်ရသည်။
“ကျုပ်မှတ်မိတာ မှန်ရင် ရှီမာယူယူကို အရင်တုန်းက ခင်ဗျားတို့ စွန့်ပစ် ခဲ့တာမလား၊ အခုမှ လာပြီးတော့ သူမကို အငယ်ဆုံးသခင်မလေး လာလုပ်နေ တယ်၊ သူမက ခင်ဗျားတို့ကို အသိအမှတ်ပြုချင်ရဲ့လားတောင်မသိဘဲနဲ့”
ရှီမာမျိုးနွယ်သည် ဓားနှင့်အစိုက်ခံလိုက်ရသလိုပင်။ သူတို့စိတ်ထဲတွင် ဒေါသများထွက်သော်လည်း ငြင်းဆန်ခြင်းမပြုပေ။
အဘယ့်ကြောင့်ဆိုသော် အကြီးဆုံးအကြီးအကဲ ပြန်လာစဉ်က ပြောပြ ချက်အရ ရှီမာယူယူသည် မျိုးနွယ်ကို ပြန်လာလိုသည့်ဆန္ဒမရှိသည့်ပုံပင်။
“အားလုံးပဲ” ပွဲကိုကြည့်နေသော ပိုင်ထာ့သည် နောက်ဆုံးတွင် စကားဟ လာပြီး နေရာတွင်ရှိနေသောလူအားလုံးကို လက်ဝှေ့ယမ်းပြပြီး ပြောလိုက်သည် “ကျွန်တော်တို့ တောင်ကြားခေါင်းဆောင်က တောင်ကြားဒုခေါင်းဆောင် နလန် ထူနေတုန်းကို ဘာအနှောင့်အယှက်မှမဖြစ်စေချင်ပါဘူး”
“ကျုပ်တို့က ဘာမှမနှောင့်ယှက်ပါဘူး ဒီမှာပဲစောင့်နေတာပါ” ရှီမာမျိုးနွယ်ဝင်များ ပြောလိုက်သည်။
“ဒါပေမဲ့…” ပိုင်ထာ့သည် ထိုနေရာတွင် ခေတ္တရပ်သွားသည်။
“ဒါပေမဲ့ ဒီမှာစီးပွားရေးလုပ်ရဦးမယ်၊ ကျွန်တော်တို့က နေစရာနေရာ မရှိဘူး၊ လူကြီးမင်းတို့ ဒီမှာနေနေရင်…” ငါတို့ စီးပွားရေးကို အနှောင့်အယှက် ဖြစ်တယ်လေ၊ ပိုင်ထာ့သည် နောက်စကားလုံးများကို ထုတ်မပြောသော်လည်း သူ မည်သည်ကိုဆိုလိုချင်သည်ကို အားလုံးနားလည်ကြသည်။
***