သူကတကယ်တော့ နတ်ဆိုးမျိုးနွယ်ကပဲ
Vol. 92 Ch. 1285
သူသည် သူဆိုလိုချင်သည့်အရာကို ပွင့်လင်းစွာ ပြောလိုက်သည်။ ပညာရှိ စံအိမ်တော်နှင့် ရှီမာမျိုးနွယ်ဝင်များသည် အသည်းကွဲတောင်ကြားအဖွဲ့ဝင်များ ကို သဘောမတူမှုများရှိသည်။
သူတို့သည် အပြင်ဒေသအင်အားစုများမှ လာဘ်ပေးရသည့် အတွင်းဒေသ မှ အင်အားစုကြီးများဖြစ်ကြသည်။ သူတို့ကို ဒီလိုမျိုးတွန်းထုတ်ကြတာလား။
သို့သော် သူတို့ခေါင်းဆောင်ဖြစ်သူများ ဘာမှမပြောကြသဖြင့် သူတို့တွင် တခြားအတွေးရှိလျှင်တောင် ဘာမှမပြောနိုင်ကြပေ။
“ဘေးမှာ တည်းခိုဆောင်ရှိသေးတယ်လို့ကြားတယ် ငါတို့နဲ့လိုက်ချင်လား” ထန်ယန်သည် ဝူလင်းယူအားကြည့်ပြီး မေးလိုက်သည်။
ဝူလင်းယူ ခေါင်းခါလိုက်သည်။ “သူမ အခြေအနေကအခုထိ မတည်ငြိမ် သေးဘူး ကျွန်တော် သူမကို သွားကြည့်ပေးရဦးမယ်”
“သစ္စာရှိတာပဲ” ထန်ယွင်သည် သက်ပြင်းချပြီး ပညာရှိစံအိမ်တော်အဖွဲ့ ဝင်များကို ခေါ်ပြီးထွက်သွားလေသည်။
ဒေါသထွက်လျှင် မကောင်းသည်မှာ ရှီမာမျိုးနွယ်အတွက် ပညာရှိစံအိမ် တော်သည် ဥပမာဖြစ်သည်။ ထို့အပြင် ထိုသည်မှာ အငယ်ဆုံးသခင်မလေး၏ အင်အားစုဖြစ်သည်။ သူမသည် မျိုးနွယ်ကိုပြန်သွားရန် သဘောမတူခဲ့ပေ။ ထို့ကြောင့် သူတို့ ဖျက်ဆီးလိုပါက သူမကို ပြန်ခေါ်ရန်ပိုခက်သွားမည်။
“စီးပွားရေးလုပ်မှာမဟုတ်ဘူးလား ဒါဆိုရင် ကျုပ်တို့ကို ရောင်းလိုက် အားလုံးပဲ စားရအောင်”
“ရတာပေါ့ဗျာ”
ထို့ကြောင့် နောက်ရက်များတွင် ရှီမာမျိုးနွယ်သည် ထိုနေရာတွင် စားသောက်ကြကာ ပိုက်ဆံတော်တော်များများ သုံးလိုက်ရလေသည်။ ကံကောင်းစွာပင် ရှီမာမျိုးနွယ်သည် ချမ်းသာသဖြင့် ထိုပိုက်ဆံအနည်းငယ် လောက်ကို ဂရုမစိုက်ကြပေ။
ရှီမာယူယူသည် ဝိညာဉ်စေတီအတွင်းတွင် တစ်လကြာအောင်နေလိုက် သည်။ သူမ ခန္ဓာကိုယ်မှ ဒစ်ရာများသည်း ဆေး၏သက်ရောက်မှုနှင့်အတူ ခန္ဓာ ကိုယ်ဖွဲ့စည်းမှုကြောင့် လုံးဝအရင်းပျောက်သွားလေသည်။
အပြင်တွင် သူမကို အားလုံးစောင့်နေကြသည်ဟု ဝိညာဉ်လေး ပြောလာ သည်။ ထို့နောက် သူမသည် အံ့ဖွယ်အာရုံကိုပိတ်နိုင်သည့် အဝတ်ကို ရှာဝတ် လိုက်သည်။ ထို့နောက် သူမ၏ လက်ရှိအခြေအနေကို တခြားသူများ မမြင်နိုင်စေရန် သူမခန္ဓာကိုယ်ကို ဖုံးနိုင်သည့် ဝတ်ရုံနှင့် လက်အိတ်ကို ဝတ်ဆင် လိုက်သည်။
သူမသည် ဝူလင်းယူ အခန်းထဲတွင်ရှိနေမည်ကို သိထားသည်။ ထို့ကြောင့် သူမ ထွက်လာသည်နှင့် သူ့ကိုတွေ့လိုက်ချိန်တွင် မအံ့ဩတော့ပေ။
ဝူလင်းယူသည် သူမ ဖုံးကာထားသည်ကို ကြည့်ပြီး သူမ၏ ဝတ်ရုံကို ဆွဲဖယ်ပြီး ပြောလိုက်သည် “ဘာလို့အဲလောက်အောင် အကုန်ဖုံးထားတာလဲ”
“ရက်နည်းနည်းပဲရှိသေးတာလေ တခြားသူတွေရှေ့မှာရပ်နေရင် ကြည့် ကောင်းဖို့လိုသေးတယ်၊ သူတို့က ညီမကို သတ္တဝါတစ်ကောင် လိုကြည့်နေကြ လိမ့်မယ်” ရှီမာယူယူ ဆက်ပြောလေသည် “ညီမကို သတ္တဝါလို့မမြင်ရင်တောင် ဒါကိုအထူးအဆန်းလုပ်ပြီးကြည့်ကြမှာပဲ၊ သူတို့ တစ်ခုခုသိသွားရင် ညီမ ပြဿနာတက်လိမ့်မယ် ညီမ…”
ရှီမာယူယူသည် စကားမဆုံးသေးခင်မှာပင် မျက်နှာမှာထူးဆန်းလာ သဖြင့် သူမ မည်သို့ဖြစ်နေသည်ကို ကြည့်ရန် ဝူလင်းယူသည် သူမလက်ကို ဆွဲ ကိုင်လိုက်သည်။ ထို့နောက်တွင် သူမ စွမ်းအားမှာ တစ်ဆင့်တက်လာသည်ကို ခံစားမိလိုက်သည်။ သူမသည် အံ့ဖွယ်စံတင်အလယ်အလတ်အဆင့်မှ အံ့ဖွယ် အဆင့်မြင့်ထိတက်သွားသော်လည်း မရပ်ကာ အဆင့်ဆက်တက်သေးသည်။ ဧကရာဇ်အဆင့်ရောက်မှပင် ရပ်သွားလေသည်။
ကောင်းကင်မှ ပြောင်းလဲမှုများကို ခံစားမိပြီး သူမသည် ဝူလင်းယူ၏ လက်ကိုကိုင်ပြီး ပြောလိုက်သည် “မြန်မြန် ညီမကိုခေါ်သွားပေး”
သူမ မိုးကြိုးဘေးသင့်မှု နောက်တစ်ကြိမ်ခံရတော့မည်ကို ဝူလင်းယူ သိသည်။ သူသည် သူမလက်ကိုဆုပ်ကိုင်ကာ လေဟာပြင်ဝင်ပေါက်ဖွင့်ပြီး ထွက်သွားလိုက်သည်။
တည်းခိုဆောင်တွင် ထန်ယွင်သည် တစ်စုံတရာကိုခံစားမိပြီး လေဟာပြင်ဝင်ပေါက်ဖွင့်ကာ ဝင်လိုက်သ်ည။
ဝူလင်းယူသည် ရှီမာယူယူကို တခြားလူများနှင့် ဝေးရာ ရေပြင်မြို့တော် အပြင်ဘက်သို့ ခေါ်လာလိုက်သည်။
“ဒီမှာ ရေပြင်မြို့တော်နဲ့ဝေးတယ်၊ တခြားသူတွေ အာရုံစိုက်မိမှာမဟုတ် ဘူး” ဝူလင်းယူ ပြောလိုက်သည်။
သူ ပြောပြီးနောက်တွင် ကောင်းကင်ပေါ်မှ လှုပ်ရှားမှုလာနေသည်ကို ခံစားမိသည်။
ရှီမာယူယူသည် သူ့ကိုကြည့်လိုက်သည်။ ဘေးကင်းတယ်လို့ ပြောခဲ့တယ် လို့ သူပြောခဲ့တယ်မလား ဘယ်လိုလုပ် တခြားသူတွေက အမြန်ရောက်လာတာ လဲ။
ထန်ယွင်သည် လေဟာပြင်တင်ပေါက်မှထွက်လိုက်ရာ ရှီမာယူယူ သိချင် သွားသည်။ ဒီလူကြီးက ဘာလို့တောက်လျှောက်လိုက်နေတာလဲ။
တစ်စုံတစ်ယောက်သည် ထိုနေရာသို့ မရည်ရွယ်ဘဲရောက်လာသည်ဟု သူမ ထင်ထားသော်လည်း အခုသူ့ကိုမြင်လိုက်ချိန်တွင် ထိုသို့မဟုတ်သည်ကို သိလိုက်ရသည်။
ဘေးသင့်မှုတိမ်တိုက်သည် ကောင်းကင်တွင် လျင်မြန်စွာပင် စုစည်းလာ သည်။ သူဒီမှာရှိနေရင် သူမ ပေါ်သွားမှာမဟုတ်ဘူးလား။
ဝူလင်းယူသည် မအံ့ဩပေ။ သူသည် ရှီမာယူယူ၏ ပခုံးကိုပုတ်ပြီးပြော လိုက်သည် “အဆင်ပြေမှာပါ ဘေးသင့်မှုအတွက် သွားပြင်ဆင်လိုက်တော့”
ရှီမာယူယူသည် လျှောက်လာသော ထန်ယွင်အား ကြည့်လိုက် ဝူလင်းယူ အားကြည့်လိုက်လုပ်နေသည်။ သူ သေချာနေသည်ကို ကြည့်ပြီး သူမ ခေါင်းညိတ်ပြီး လှည့်ထွက်ကာ မြေလွတ်ဆီသို့ လျှောက်လာလိုက်သည်။
တိမ်တိုက်မည်းများသည် သူမ ခေါင်းပေါ်စုလာပြီး ပြီးခဲ့သည့် တစ်ခေါက်က မိုးကြိုးဘေးသင့်မှုကြောင့် ထိုအဆင့်တက်သည့် မိုးကြိုး ဘေးသင့်မှုသည် သူတို့သုံးယောက်အတွက် ဘာမှမဟုတ်သလိုပင်။
တခြားသူသာဆိုလျှင် ထိုအချိန်အတွက် သေချာပေါက်ပြင်ဆင်လိမ့်မည် ဖြစ်သည်။ သို့သော် ရှီမာယူယူအတွက်ကတော့ မိုးကြိုးဘေးသင့်မှုလောက် သည် မတုန်လှုပ်စေပေ။ သူမသည် တိမ်တိုက်ဝိညာဉ်ရောက်သည်ကို စောင့်ပြီး တိမ်တိုက်ဝိညာဉ်နှင့် စကားပြောရန် တိမ်တိုက်ဘေးသင့်မှုဆီသို့ တိုက်ပျံသန်း သွားလိုက်သည်။
ထန်ယွင်သည် ဝူလင်းယူဘေးတွင်ရပ်ကာ ပြောလိုက်သည် “မင်း ဒီကို ရောက်ကတည်းက မင်းမျက်လုံးက သူမဆီမှာပဲ ငါက အဲလောက်တောင် ဆွဲဆောင်မှုမရှိဘူးလား”
“ဒီစကားပြောတော့ ဘာလို့ ချဉ်သက်သက်ဖြစ်နေတာလဲ” ဝူလင်းယူ သည် သူ့ကို မျက်လုံးလှန်ကြည့်လိုက်သည်။
“ငါက ဘာလို့ချဉ်သက်သက်မဖြစ်ရမှာလဲ အနည်းဆုံးတော့ ငါက ပညာရှိ စံအိမ်တော်က ဒုစံအိမ်တော်သခင်လေ၊ မင်းက အပေါ်ယံလေးတောင် ထောက်ပံ့ဖို့ကို ဟန်ဆောင်ဖို့ ဆန္ဒမရှီဘူး၊ ငါ မင်းကိုခေါ်တာ နှစ်ခါရှိပြီ မင်းက ရောက်မလာဘူးလေ၊ သူမကိုပဲ နေ့တိုင်းစောင့်ကြည့်နေပြီး ရတနာတစ်ပါးလို ဆက်ဆံနေတာ ငါကကျ အသုံးမဝင်တဲ့ဟာကြီးကျနေတာပဲ” ထန်ယွင်သည် ခါးသီးမှုများကို ဖုံးကွယ်ပြီး ပြောလိုက်သည်။
“ကျွန်တော်က ဆရာ့ကို အသုံးမဝင်သလို ဆက်ဆံမိလို့လား” ဝူလင်းယူ သည် သူ့ကို အကူအညီမဲ့စွာ ကြည့်လိုက်သည်။
“ဟင်း မဟုတ်လို့လား မင်းက သူမနဲ့နီးစပ်တယ်ဆိုတာကို ငါ့ကိုတော့ ပြောသင့်တာပေါ့၊ ထာဝရရှင်သန်သူနယ်မြေမှာ မင်းကိုကူညီပြီး သူမကို ဂရုစိုက်ပေးလို့ရတာပေါ့” ထန်ယွင် ပြောလိုက်သည်။
“ပြောရမယ်ဟုတ်လား ဒါဆိုရင် မင်းကပိုပြီး သိချင်မှာမဟုတ်ဘူး” ဝူလင်းယူသည် ထန်ယွင်ကို ကောင်းကောင်းသိသည်။ သူ့ကိုမပြောခဲ့မိတာကို တောင် ရှီမာယူယူအကြောင်းကို စပ်စုချင်နေတာလေ၊ သူ့ကိုပြောလိုက်ရင် ပိုဆိုးတော့မှာပေါ့။
ပြီးတော့ အဲအချိန်တုန်းက သူက ယူယူနဲ့အတူရှိနေတာလေ၊ သူမကို စောင့်ရှောက်ဖို့ ထန်ယွင်ကိုမလိုပါဘူး။
အကယ်၍ တစ်စုံတစ်ယောက်သာ ထိုနေရာတွင်ရှိပါက သူတို့နှစ်ယောက် ပြောဆိုကြပုံကို သေချာပေါက် အံ့ဩကြမည်ဖြစ်သည်။ သူတို့သည် အထက် အောက်ပြောဆိုပုံနှင့်မတူဘဲ သူငယ်ချင်းနှစ်ယောက် ပြောသကဲ့သို့ဖြစ်နေ သည်။
ထန်ယွင်သည် ရုတ်တရက် ဘေးသင့်မှုတိမ်တိုက်ပေါ်သို့ တက်သွားသော ရှီမာယူယူကို မြင်သောအခါ အံ့ဩပြီးပြောလိုက်သည် “သူမက ဘာလို့ ဘေးသင့်မှုတိမ်တိုက်ပေါ်ကို တက်သွားတာလဲ”
“စကားပြောဖို့” ဝူလင်းယူ ပြောလိုက်သည်။
ထန်ယွင်သည် မျက်လုံးပြူးသွားသည်။ “စကားပြောဖို့ဟုတ်လား ဘယ်သူ နဲ့လဲ”
“တိမ်တိုက်ဝိညာဉ်နဲ့”
“ကောင်းကင်ဒွန့်ရဲ့ သတင်းပို့ဆောင်သူက မိုးကြိုးဘေးသင့်မှုကို ထိန်းချုပ်တာမဟုတ်ဘူးလား၊ သူတို့ အာလာပသာလပ ပြောရလောက်အောင် ဘယ်တုန်းကတည်းက ရင်းနှီးသွားတာလဲ” ထန်ယွင်သည် အံ့ဩနေသည်။ တိမ်တိုက်ဝိညာဉ်သည် သူမကို သက်ညှာပေးသည်ကို မြင်ခဲ့သည်ကထက် ပို၍ အံ့ဩနေသည်။
“မိုးကြိုးပစ်ရင်းက ရင်းနှီးသွားတာထင်တာပဲ” ဝူလင်းယူသည် သူ၏ အားကျသော မျက်လုံးများကို မြင်လိုက်သဖြင့် သူ့ပခုံးကိုပုတ်ပြီး ပြောလိုက် သည် “အဲလောက်စိတ်ဝင်စားမှတော့ မင်းလည်း နည်းနည်းလောက် မိုးကြိုး အပစ်ခံလိုက်လေ ရင်းနှီးသွားနိုင်တယ်”
“သွားတော့လေ သွားတော့ မင်းက ဘာလို့မသွားတာလဲ” ထန်ယွင်သည် သူ့လက်ကိုပုတ်ပြီး ပြောလိုက်သည် “သူမက မိုးကြိုးပြီးနေတာလား မဟုတ်ရင် ဘေးသင့်မှုတိမ်တိုက်ထဲကို ဘယ်လိုလုပ်ဝင်နိုင်တာလဲ”
ဝူလင်းယူသည် သူပြောသည့်အရာကို အသိအမှတ်ပြုသည့်အလား ဘာမှမပြောပေ။
“သူမက တကယ့်ကိုလျှို့ဝှက်ဆန်းကြယ်တဲ့ မိန်းကလေးပဲ…” ထန်ယွင် သည် မေးစေ့ကိုပွတ်သပ်ကာ သူ့မျက်လုံးများသည် သူမကို စိတ်ဝင်စားမှုများ ပြည့်နေသည်။ ပြီးနောက် သူ့ပတ်ပတ်လည်မှ အပူချိန် ရုတ်တရက်ကျသွား သည်ကို ခံစားမိပြီး မတတ်သာစွာပြောလိုက်သည် “မင်း အဲလိုဖြစ်သွားမှဖြစ်မှာ လား သူမက မင်းရဲ့မိန်းကလေးဖြစ်နေပြီပဲ ငါက ဘယ်လိုလုပ်လိုက်မှာလဲ”
“မင်းအကျင့်နဲ့ဆိုရင် လုပ်နိုင်တယ်” ဝူလင်းယူသည် လေထုဖိအားကို နှိမ့် ချလိုက်သ်ည။ သူသည် ရှီမာယူယူကို ယုံသော်လည်း ထိုလူကို မယုံနိုင်ပေ။
ထန်ယွင်သည် သူ၏ လေးနက်မှုကို ခံစားမိသဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “ဟုတ်ပြီ ဟုတ်ပြီ ငါ သူမကိုဘာမှမလုပ်ဘူး ဖြစ်လား”
“ဟင်း” ဝူလင်းယူသည် သူ့ကို ကြည့်နေဆဲပင်ဖြစ်သည်။
“ဒါပေမဲ့ မင်း နှစ် ၂၀ လောက် တံခါးပိတ်ကျင့်ကြံနေတာမလား” ထန်ယွင် ဆက်ပြောလေသည် “မင်း နတ်ဆိုးလောကကိုပြန်သွားတာလား”
“အင်း”
“နတ်ဆိုးလောက ငါ ပြန်လာတာအတော်ကြာနေပြီပဲ အခုဘယ်လိုရှိလဲ တောင်မသိတော့ဘူး” ထန်ယွင် သက်ပြင်းချလိုက်သည်။
အကယ်၍ တစ်စုံတစ်ယောက်သာ ထိုစကားကိုကြားလိုက်ပါက သူ ပြော လိုက်သောစကားကြောင့် အံ့အားသင့်သွားနိုင်သည်။ ပညာရှိစံအိမ်တော်၏ ရာထူးမြင့်သော စံအိမ်တော်ဒုသခင်သည် အလင်းနှင့် အမှောင်အရည်အချင်းရှိ သော နတ်ဆိုးမျိုးနွယ်ဖြစ်နေသည်လေ။
***