← Chapters

ရှေးခေတ်မြွေဟောက်

Vol. 92 Ch. 1286

ရှေးခေတ်မြွေဟောက်

Vol. 92 Ch. 1286

ဝူလင်းယူသည်လည်း အရင်က ထန်ယွင်၏ သရုပ်မှန်ကိုမသိခဲ့ပေ။ သူတို့ နှစ်ယောက်သည် ဆက်ဆံရေးကောင်းလှသော်လည်း သူတို့၏ လျှို့ဝှက်ချက် များကို ဖလှယ်ခြင်းမပြုခဲ့ပေ။

နောက်ပိုင်း သူဝိညာဉ်ပေါင်းစပ်လိုက်သောအခါ နတ်ဆိုးမျိုးနွယ်ရောင်ဝါ ကို အာရုံခံနိုင်စွမ်းပိုမြင့်လာသည်။ ထိုအခါမှပင် သူ၏ သရုပ်မှန်ကိုသိလေသည်။

ထိုစဉ်က သူ အမှန်တကယ်ပင် အံ့ဩခဲ့သည်။ နောက်ပိုင်း သူ ထန်ယွင် အကြောင်း သိလာသည့်အချိန်တွင် နှစ်ယောက်သား ပိုရင်းနှီးခဲ့သည်။

“နတ်ဆိုးလောကက အခုအရမ်းကိုရှုပ်ယှက်ခတ်နေပြီ မင်းပြန်သွားရင် မင်းရန်သူတွေတောင် မင်းကိုနောက်ကလိုက်ဖို့ အချိန်ရှိမှာမဟုတ်ဘူး” ဝူလင်းယူ ပြောလိုက်သည်။

“မမှန်တာတော့ မဟုတ်ပါဘူး” ထန်ယွင်၏ မျက်လုံးသည် ‌ရန်ငြိုးများဖြင့် ပြည့်သွားသည် “ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်လေ ငါ နတ်ဆိုးလောကကို သေချာ ပေါက် သွားရမယ်”

“အင်း လိုအပ်ရင် လက်စားချေလိုက်”

“မင်းလည်း အမြန်ပြန်ပြီး အဲဘက်က ကိစ္စတွေကို ဖြေရှင်းသင့်တယ်၊ ဒီလိုမှ ငါပြန်ရင် ဆုံးရှုံးတာတွေ မများမှာ” ထန်ယွင်ပြောလိုက်သည်။

“ငါနဲ့အတူပြန်ပါဆိုတာကို မပြန်ချင်ဘူး”

“နောက်တစ်ခါမှပေါ့ ငါပြန်ဖို့ သတ္တိတွေမွေးပြီးရင် သေချာပေါက် မင်းနဲ့ လိုက်မယ်”

“ကောင်းပြီလေ”

….

သူတို့ပြောနေသည်များကို ဘေးသင့်မှုတိမ်တိုက်နှင့် စကားပြောနေသော ရှီမာယူယူ မကြားရပေ။ ထိုအခိုက်တွင် သူမသည် တိမ်တိုက်ဝိညာဉ်နှင့် တစ်ခွက်တစ်ဖလားသောက်နေကြသည်။

“ဒီနှစ်တွေမှာ မင်းဘယ်ရောက်နေတာလဲ” တိမ်တိုက်ဝိညာဉ်သည် ဝိုင် ကရားကို ခေါင်းပေါ်မြှောက်လိုက်သည်။ ထိုဝိုင်ကရား ကုန်သွားသည်မှာ နှစ် မိနစ်ပင်မကြာလိုက်။

သူသည် ပါးစပ်အပြည့် နောက်ထပ်နှစ်ငုံစာကို အရသာခံလိုက်သည်။ ရင်းနှီးတဲ့ အရသာပဲ။

“ငါ ထာဝရရှင်သန်သူနယ်မြေကိုသွားပြီး အဲဒီမှာ နှစ် ၂၀ လောက်နေခဲ့ တယ်” ရှီမာယူယူ ပြောလိုက်သည် “ဘာလဲ ငါ့ကို အများကြီးလွမ်းနေတာလား”

“မင်းဝိုင်ကိုလွမ်းတာပါ” တိမ်တိုက်ဝိညာဉ်သည် တည့်တိုးပြောလိုက် သည်။

“လောကသုံးခုကို မင်းအုပ်ချုပ်တယ်လို့ အရင်ကပြောဖူးတယ်မလား၊ အံ့ဖွယ်နယ်မြေမှာကျ ဘာလို့ မင်းမဟုတ်တာလဲ” ရှီမာယူယူ မေးလိုက်သည်။

“အံ့ဖွယ်နယ်မြေက တစ္ဆေ၊ နတ်ဆိုးနဲ့ လူသားလောကရဲ့ သုံးခုဆိုင် နယ်မြေမလား၊ လောကသုံးခုရဲ့အစိတ်အပိုင်းမှာမဟုတ်တာ အဲတော့ ဘယ်လို လုပ် ငါတာဝန်ယူမှာလဲ” တိမ်တိုက်ဝိညာဉ်ပြောလိုက်သည်။

“အဲတော့ တစ္ဆေလောကမှာ ဘေးသင့်မှုဖြစ်ရင်လည်း မင်းက တာဝန်ရှိ သူပေါ့”

“ဟုတ်တယ်” တိမ်တိုက်ဝိညာဉ်သည် နောက်ဝိုင်တစ်ကရားကို ဆုပ်ကိုင် ပြီးတော့ ချက်ချင်းပင် ခေါင်းမြှုပ်လိုက်လေသည်။

ရှီမာယူယူသည် မသဲမကွဲပြောသော တိမ်တိုက်ဝိညာဉ်အားကြည့်ပြီး ရယ်မောလေသည်။

အကယ်၍ တခြားလောကနှစ်ခုသည် သူ၏ စီရင်မှုအောက်မရှိလျှင် အနာဂတ်တွင် သူမ၏ ရန်သူနှင့် ညှိနှိုင်းရဦးမည်။

“ကောင်းပြီ ငါသွားရတော့မယ် မင်း ဆင်းသွားတော့ ဪ ဟုတ်သားပဲ အရင်ဆုံး ဝိုင်နဲ့ဆေးတွေပေးသွားဦး” တိမ်တိုက်ဝိညာဉ်သည် ပြောရင်းနှင့် နောက်ကရားတစ်ခုကို အပြောင်ရှင်းလိုက်သည်။

ရှီမာယူယူသည် အသီးဝိုင်နှင့်ဆေးများကို ချန်ထားခဲ့ပြီး ပျံဆင်းလာလိုက် သည်။

သူမ ဆင်းသက်သည်နှင့် မိုးကြိုးဘေးသင့်မှု မိုးကြိုးသွားများ ပစ်ချလေ သည်။ အင်အားမကြီး၍တော်သေးသည်။ မဟုတ်လျှင် သူမ ပြင်ဆင်ချိန်ရလိုက် မည်မဟုတ်ပေ။

“ဒီတိမ်တိုက်ဝိညာဉ်ကတော့ဘေ ဘာလို့များ ဒီလောက်မြန်မြန်ပစ်ချရ တာလဲ” သူမ ရေရွတ်ပြီးနောက် ထိပ်တန်းခရမ်း‌ရောင်လျှပ်စီးကို သူမ ခေါင်းပေါ်တက်ခိုင်းပြီး ကျန်သည့်ပစ်ချက်များကို ရင်ဆိုင်လေသည်။

ရှီမာယူယူ မိုးကြိုးဘေးသင့်မှုကို ခြစ်ရာတစ်ခုမှမရှိဘဲ လွယ်ကူစွာ ဖြေရှင်းနိုင်သည်ကို ထန်ယွင်မြင်လိုက်ရသည်။ သူ သက်ပြင်းချလိုက်သည် “သူမကလွဲပြီးတော့ ဒီဟာကို ဘယ်သူမှ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး အာ… ကောင်းကင်ဘုံဘေးသင့်မှုက ဘာလို့အင်အားတိုးလာတာလဲ”

ဝူလင်းယူသည် သူမကို တစ်ချိန်လုံးကြည့်နေရာ ကောင်းကင်ဘုံဘေးသင့် မှု ဘာကြောင့် ပြင်းထန်သည်ကို အလိုလိုသိသည်။

ရွှေမြွေလေးသည် ကောင်းကင်ဘုံဘေးသင့်မှုပေါ်လာသည်နှင့် ထိုမျှ လောက် ကြီးမားသော အပြောင်းအလဲလုပ်လိမ့်မည်ဟု ရှီမာယူယူ ထင်မထား ပေ။ ထိုကဲ့သို့ အရင်ကတစ်ခါမှ မဖြစ်ဖူးပေ။

ရွှေမြွေလေးသည် ရှီမာယူယူ၏ လည်ပင်းကိုရစ်ပတ်ထားသည်။ မိုးပေါ်မှ ကောင်းကင်ဘေးသင့်မှုကို သူကြည့်ရင်း ကြောက်ရွံ့စွာဖြင့် ခေါင်းကိုနောက်ပြန် ဆုတ်မိလေသည်။

“မင်းကြောက်ရင် ပြန်လိုက်လေ” ရှီမာယူယူသည် သူ၏ ခေါင်းလေးကို ပုတ်လိုက်သည်။

“ငါမကြောက်ပါဘူး” ရွှေမြွေလေး ပြောလိုက်သည် “ဟိန်းသံလေးနဲ့ တခြားသူတွေလုပ်နိုင်ရင် ငါလည်းလုပ်နိုင်ရမယ် ငါက သူတို့ထက် အားပို ကောင်းတယ်၊ ပြီးတော့ ငါက တစ်ခါတော့အပစ်ခံရမယ်လို့ ခံစားနေရတယ်၊ ဘာလို့အဲလိုခံစားရတာလဲတော့ မသေချာဘူး”

ရှီမာယူယူသည် ရွှေမြွေလေးကို အနည်းငယ်နားမလည်စွာကြည့်လိုက် သည်။ တစ်ခါတော့ အပစ်ခံရမယ်ဟုတ်လား။

“မင်းက ရှေးဟောင်းသားရဲဖြစ်ပြီးတော့ အဆင့်လည်းတက်တာဆိုတော့ မင်းက အပစ်ခံသင့်တယ်မဟုတ်ဘူးလား” သူမ ခန့်မှန်းလိုက်သည်။

ရွှေမြွေလေးလည်း မသိတော့ပေ။ သို့သော် မိုးကြိုးအပစ်ခံရလျှင် အကျိုး အမြတ်ရနိုင်မည်ဟု ပြောခဲ့သည်လေ။

သည်လိုနှင့် မိုးကြိုးဘေးသင့်မှုကျရောက်သည်နှင့် ရွှေမြွေလေးသည် ကောင်းကင်ဘက်သို့ ဆန့်ထုတ်လိုက်ကာ မိုးကြိုးသွားကို တိုက်ရိုက်ရင်ဆိုင် လေသည်။

“ရွှီး”

သူ့ခန္ဓာကိုယ်နှင့် မိုးကြိုးဘေးသင့်မှု ထိတွေ့သည်နှင့် ရွှေလေးသည် ချက်ချင်းပင် သူ၏ မူလအသွင်သို့ပြန်ပြောင်းသွားသည်။ မိုးကြိုးသွားထိမှန် သည်နှင့် ရွှေရောင်ခန္ဓာကိုယ်သည် အရောင်ထွက်ကာ မီတာ တစ်ရာရှည်သော ခန္ဓာကိုယ်သည် မိုးကြိုးသွားကြောင့် ဒဏ်ရာရသွားသည့်အလား မြေပေါ်သို့ ပြင်းထန်စွာကျသွားလေသည်။

“ဒါ... ဒါက…” ထန်ယွင်သည် ရှီမာယူယူအား ကြည့်လိုက်သည် “ဘယ်လို လုပ် ဘယ်လိုလုပ် ဒါ…”

ရွှေလေးသည် ရှေးဟောင်းသားရဲဖြစ်သည်ကို ဝူလင်းယူသိထား‌ သော်လည်း သူ၏ မူလအသွင်ကို အရင်ကတစ်ခါမှမမြင်ဖူးပေ။ ဒီနေ့ သူ၏ ခန္ဓာကိုယ်ကိုကြည့်ပြီး သူ အနည်းငယ်အံ့ဩမိသည်။

ထန်ယွင်သည် သူ့ကိုကြည့်လိုက်ရာ သူပါအံ့ဩနေသဖြင့် မျှတမှုရှိသည် ကိုသိလိုက်ရသည်။

“ဒဏ္ဍာရီထဲက အထွတ်အထိပ်မြွေဟောက်က အခုထိအသက်ရှင်နေဦး မယ်လို့ထင်မထားဘူး၊ သူက ဝိညာဉ်ကျောက်တုံးထဲကထွက်လာတာမလား”

ဝူလင်းယူသည် ခေါင်းညိတ်ကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် “ဒီ မြွေသေးသေးလေးက ရှေးဟောင်းမြွေဟောက်ဖြစ်လိမ့်မယ်လို့ ထင်မထားဘူးပဲ ဒီကောင်မလေးကတော့ သူမ စာချုပ်သားရဲတွေက တခြားသူတွေထက် အားကောင်းကြတယ်”

“မင်းအသံက မာလှချည်လား ဒါကကောင်းတာမဟုတ်ဘူးလား ဒါက သူမရဲ့ ကံပဲလေ၊ ရှေးကတည်းက မင်းကလွဲပြီး ဘယ်သူမှမယှဉ်နိုင်တဲ့ဟာပဲ လေ” ထန်ယွင်သည် အဓိပ္ပာယ်ပါပါပြောလိုက်သည်။

သူ ပြောနေသည်မှာ လက်ရှိသရုပ်မှန်ကိုမဟုတ်ဘဲ လွန်ခဲ့သည့် နှစ်ပေါင်း သောင်းချီက နတ်ဆိုးဘုရင်ကိုပြောနေခြင်းဖြစ်သည်။

“အဲဒါကြောင့် ငါ ငယ်ငယ်လေးနဲ့သေခဲ့တာပဲ” ဝူလင်းယူ ပြောလိုက် သည်။

“ဘာတွေ စိုးရိမ်နေတာလဲ”

“အကုန်လုံးရဲ့ ကံတရားက သတ်မှတ်ပြီးသား” ဝူလင်းယူ ပြောလိုက် သည် “လူတစ်ယောက်ရဲ့ ကံကအရမ်းကောင်းနေရင် တာဝန်ယူမှုတွေ ဒါမှ မဟုတ် ပြန်ပေးဆပ်မှုတွေနဲ့ ရင်ဆိုင်ရမှာပဲ၊ သူမ ကံကအရမ်းကောင်းလွန်း တယ်၊ သူမ လေ့လာခဲ့တဲ့ မတူညီတဲ့ အသက်မွေးဝမ်းကျောင်းမှုတွေနဲ့အတူ ကျင့်ကြံရမှာရလာတဲ့ လက်ဆောင်တွေ၊ သူမရဲ့ စာချုပ်သားရဲတွေရဲ့ သရုပ်မှန် တွေ၊ ဒါတွေအကုန်လံးက သူမရဲ့ကံပဲ၊ နောက်ပိုင်းကျရင် ငါတို့မှန်းလို့မရတဲ့ တစ်စုံတစ်ရာဖြစ်လာမှာကို ကြောက်တယ်”

သူပင်လျှင် သူမ၏ ကံတရားတွင် တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့သည်။ သူမ သာ သူနှင့်မတွေ့ခဲ့လျှင် သူမ၏ ဆေးများ၊ သားရဲထိန်းကျောင်းမှုနှင့် တည်ဆောက်မှုများသည် လက်ရှိကဲ့သို့ ကျွမ်းကျင်အဆင့်ရောက်မည်မဟုတ် ပေ။

ထန်ယွင်သည်လည်း ထိုအရာကို ကောင်းစွာနားလည်သည်။ ပိုအားကောင်းသူများသည် ထိုအကြောင်းများနှင့်ပတ်သတ်ပြီး ပိုနားလည်နိုင် သည်။

“သူမ ကံကောင်းမှုနဲ့ အရည်အချင်းတွေကတကယ်ပဲ ပေါက်ထွက်နိုင် တယ်၊ ဒါကိုဖြေရှင်းဖို့ ငါတို့လုပ်နိုင်တာမရှိဘူးလား” ထန်ယွင် မေးလိုက်သည်။

“အရင်တုန်းကဆိုရင်တော့ ငါ တစ်ခုခုကို အာရုံခံနိုင်မှာ၊ ဒါပေမဲ့ အခု လက်ရှိ ငါ့အားက…” ဝူလင်းယူသည် အကူအညီမဲ့နေသည်။ သူသည် သူမ အနာဂတ်ရှိ မည်သည့်အရာကိုမှ အာရုံမခံနိုင်ပေ။ ထိုသည်မှာ ကောင်းသလား ဆိုးသလားကို မပြောနိုင်တော့ပေ။

“အချိန်ယူပြီးတော့ ရင်လင်းကို ဘာလို့သွားမရှာတာလဲ၊ ဘယ်သူသိမလဲ သူ တစ်ခုခုကိုသိထားလောက်မှာ” ထန်ယွင် အကြံပေးလိုက်သည်။

“အင်း ကြည့်ရတာ ငါ လုပ်နိုင်တာ အဲတစ်ခုပဲရှိတယ်”

ရင်လင်းသည် တစ်စုံတစ်ခုကို အသေအချာတပ်အပ် ပြောလိမ့်မည် မဟုတ်ဆိုသည်ကိုတော့ သူတို့နှစ်ယောက်လုံး သိသည်။

“အရင်က ငါ အများကြီးမစဉ်းစားမိဘူး ဒါပေမဲ့ မင်းအခုပြောတာကို ကြား ပြီးတော့ တိုင်းပြည်က မကြာသေးခင်ကပဲ အရမ်းကိုရှုပ်လာတဲ့ပုံပဲ” ထန်ယွင် သည် အနည်းငယ် စိတ်မအေးဖြစ်နေသည် “အရင်ကတည်းက အရှုပ်အထွေး တွေဖြစ်လာရင် ထင်ရှားတာတစ်ခုခုထွက်ပေါ်လာတတ်တယ်၊ အခု သူမကို ကြည့်ပြီး လူသားလောကက မကြာခင်ကို အရှုပ်အထွေးတွေဖြစ်လာတော့မယ်”

“အခုက ရှုပ်ထွေးတာမလုံလောက်သေးလို့လား” ဝူလင်းယူ ပြောလိုက် သည် “ဒီနှစ်တွေမှာ စစ်ဆေးတာဘယ်လိုရှိလဲ”

“ဘယ်လိုအင်အားစုကများ ပညာရှိစံအိမ်တော်ရဲ့ သတင်းအဖွဲ့အစည်းက တစ်ခုမှစုံစမ်းလို့မရအောင်လုပ်ထားလဲ မသိဘူး” ထန်ယွင် ပြောလိုက်သည် “အင်အားစု တချို့က မဟာမိတ်ဖွဲ့လိုက်ပြီလို့ ထင်တာပဲ မဟုတ်ရင် အဲလောက် အင်အားကြီးမှာမဟုတ်ဘူး”

“မင်းတောင် ဘာမှရှာမတွေ့ဘူးလား” ဝူလင်းယူ အံ့ဩသွားသည်။

ထန်ယွင် ခေါင်းညိတ်ပြီး ပြောလိုက်သည် “အင်း ငါ့လူတွေ အဲကိုရောက် တိုင်းကို နောက်ပြန်ဆုတ်ရတာပဲ၊ သဲလွန်စတွေအများကြီးရပေမဲ့ ဘယ်ဟာမှ အသုံးဝင်တဲ့ သတင်းမရှိဘူး၊ ပညာရှိစံအိမ်တော်က အဲဒါနဲ့ပတ်သတ်နေလား မပတ်သတ်ဘူးဆိုတာကို သိချင်နေတာ”

***

All Chapters