မျိုးနွယ်ခေါင်းဆောင် ရောက်ရှိခြင်း
Vol. 92 Ch. 1287
အကြိမ်အနည်းငယ် ပစ်ခံရပြီးနောက် မိုးကြိုးဘေးသင့်မှုသည် ထိုအတိုင်း ထွက်သွားရာ ကျန်သုံးယောက်သည် အလွယ်တကူထွက်သွားသော ဘေးသင့်မှု ကို ကြည့်နေလိုက်ကြသည်။
ရှီမာယူယူသည် မိုးကြိုးဘေးသင့်မှုကို ဖြေရှင်းပြီးနောက် ပြန်လာရာ သူတို့နှစ်ယောက်သည် စကားပြောနေရာမှ ရပ်လိုက်ကြသည်။
ဝူလင်းယူသည် သူမ ပြန်လာသည်ကို မြင်သောအခါ သူမဆီသို့ လျှောက် သွားပြီး မေးလိုက်သည် “ဘယ်လိုလဲ”
“ညီမက အဆင်ပြေတယ် ဒါပေမဲ့ ရွှေလေးက တစ်ခုခုဖြစ်တဲ့ပုံပဲ၊ နှစ်ချက် အပစ်ခံရပြီးတော့ မေ့လဲသွားတယ်” ရှီမာယူယူ ပြောလိုက်သည်။
“မိုးကြိုးဘေးသင့်မှုက စွမ်းအင်ကို အစာချက်နေတာနေမှာ စိုးရိမ်ဖို့မလိုပါ ဘူး” ဝူလင်းယူသည် သူမ၏ ရှုပ်ပွနေသော ဆံပင်ကိုစည်းပေးလိုက်သည် “ဒီ တစ်ခေါက်ကို အဆင်ပြေပြေဖြတ်ခဲ့တယ်မလား”
“အင်း တိမ်တိုက်ဝိညာဉ်က ညီမကို အလွယ်တကူပဲ လွှတ်ပေးလိုက်တာ၊ ညီမအတွက် ဘာအခက်အခဲမှမရှိဘူး” ရှီမာယူယူသည် ပြုံးပြီး ပြန်ဖြေလေ သည်။
“မင်းစကားကို တခြားသူတွေကြားရင်တော့ မင်းကိုအားကျရမှာလား မဟုတ်ရင် ဒီလောက်အများကြီး မိုးကြိုးအပစ်ခံရလို့ မင်းဒုက္ခရောက်တာကို ရယ်ရမလား မသိဖြစ်နေမယ်” ထန်ယွင်သည် လျှောက်လာပြီး မရယ်ဘဲမနေ နိုင်တော့ပေ။
“သူတို့ ဘယ်လိုပဲထင်ထင်လေ ကျွန်မကို သက်ရောက်မှုမရှိပါဘူး” ရှီမာယူယူသည် အေးဆေးစွာ ပြန်ပြောလေသည်။
“မင်း အကျင့်ကတော့ တကယ်ပဲ…” ထန်ယွင်သည် ရှီမာယူယူကို ကြည့် လိုက်သည် “မင်းက တကယ်ပဲ ကလေးရောဟုတ်ရဲ့လား ဘယ်လိုလုပ် မင်းရဲ့ စရိုက်က ဒီလောက်တည်ငြိမ်နိုင်ရတာလဲ”
“ဘယ်လိုထင်လို့လဲ” ရှီမာယူယူသည် သူ့ကိုမေးခွန်းပြန်မေးလေသည်။
“အဲလိုမထင်ရဘူး” ထန်ယွင်သည် သူ၏ ခံစားချက်အမှန်ကို ပြောလေ သည် “မင်းရဲ့ အကျင့်က မသေနိုင်သေးတဲ့ လူအိုကြီးတွေထက်တော့ သာတယ်၊ မင်းက မင်းက သူတို့ငယ်ရွယ်မှုကို ဖုံးသွားနိုင်တဲ့လူအိုကြီးပဲလေ ဟုတ်တယ် မလား”
“အဲဒါကိုဖြည်းဖြည်းချင်းစဉ်းစားပေါ့ မပြောပြဘူး” ရှီမာယူယူ ပြောလိုက် သည် “လင်းယူ ပြန်ရအောင် ဘာမှမပြောဘဲထွက်လာရတာ ညီမတို့ပျောက်နေ တယ်ဆိုတာသိရင် စိုးရိမ်နေကြတော့မယ်”
“ကောင်းပြီ” ဝူယင်းယူသည် သူမလက်ကိုဆွဲပြီး လေဟာပြင်ဝင်ပေါက် ဖွင့်ကာ လေဟာနယ်မှတဆင့် ဖြတ်သွားသည့်အချိန်တွင် လှည့်ပြီးထန်ယွင်ကို ကြည့်လိုက်သည်။
ထန်ယွင်သည် အစပိုင်းတွင် သူတို့နှင့်အတူပြန်လိုက်ရန် အကောင်းနှင့် လှည့်ကြည့်သည်ဟု ထင်လိုက်သည်။ သို့သော် သူ ဘာမှမပြောရသေးခင်မှာပင် ဝူလင်းယူသည် သူ၏ အတွေးကို ရေခဲရေနှင့်ပက်လိုက်လေသည်။
“ငါတို့ထွက်သွားတာကိုစောင့်ပြီးမှ မင်းသွားလိုက်”
ဝူလင်းယူ ထိုသို့ပြောပြီးနောက် ရှီမာယူယူကိုဆွဲပြီး လေဟာပြင် ဝင်ပေါက်ကိုဖြတ်ကာ ထွက်သွားလေသည်။ သူတို့ဝင်သွားသည်နှင့် လေဟာ ပြင်မှာ ပိတ်သွားလေသည်။
ထန်ယွင်သည် လေဟာပြင်ပိတ်သွားသည်ကို ကြည့်ပြီး သက်ပြင်းချရုံ အပြင်မတတ်နိုင်တော့ပေ။ “လူတွေကလည်း မိန်းမရတာနဲ့ သူငယ်ချင်းကို တောင်မေ့သွားပြီ၊ ဟူး ငါကတော့ ကိုယ့်ဘာသာပဲပြန်ရတော့မှာပေါ့လေ”
သူ သက်ပြင်းချပြီးနောက်တွင် လေဟာပြင်ကို သူ့ဘာသာဖွင့်ကာ သူ့ဘာ သာပင် ပြန်လာလိုက်တော့သည်။
ရှီမာယူယူနှင့် ဝူလင်းယူသည် ရုတ်တရက် ခြံဝန်းထဲတွင်ပေါ်လာသဖြင့် အထဲမှ လူအားလုံးလန့်သွားကြလေသည်။
“ယူယူ ဘာလို့အပြင်ကနေ ပြန်လာတာလဲ”
“ငါ ဘေးသင့်မှုရင်ဆိုင်ဖို့ အပြင်သွားလိုက်တာ” ရှီမာယူယူ ပြောလိုက် သည်။
သူတို့သည် သူမအား တအံ့တဩကြည့်ကြလေသည် “နင် အဆင့်ထပ် တက်ပြန်ပြီလား”
“အင်း ငါ သတိမေ့နေတုန်းကို ရွှေလေးက ငါနဲ့ စာချုပ်တည်ထောင်လိုက် လို့ ငါအဆင့်တက်သွားတာ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ စာချုပ် စွမ်းအားကြောင့် ငါ့ဒဏ်ရာတွေလည်း ပျောက်သွားတယ်”
“နင်နေကောင်းသွားရင်ကို ရပါပြီ” ဘေဂုံထန်သည် သူမ အသားအရေမှာ အနာရွက်မကျန်ဘဲ မူလအခြေအနေသို့ပြန်ကောင်းလာသည်ကို မြင်လိုက်ရမှ ပင် စိတ်အေးသွားလေသည်။
ရှီမန်ဖန်၊ ရှီမာလျူယွင်နှင့် တခြားသူများလည်း ရောက်လာကြသည်။ ရှီမာယူယူ ပြန်ကောင်းနေသည်ကို သူတို့မြင်သည့်အချိန်တွင် အစပိုင်းတွင် တည်ငြိမ်နေကြသော်လည်း နောက်တွင် အံ့ဩကြလေသည်။
“ရက်နည်းနည်းပဲရှိသေးတာမလား ဒီလောက်မြန်မြန်ပြန်ကောင်းလာ တာလား၊ ငယ်တာကကောင်းလိုက်တာ” ရှီမာလျူဖန်သည် ရှီမာယူယူဘေးသို့ လာကာ သူမအား နှစ်ပတ်ပတ်လျှောက်ပြီး ရယ်မောရင်းနှင့် သက်ပြင်းချလေ သည်။
“မင်း ပြန်ကောင်းလာရင်ကို ကောင်းနေပါပြီ” ရှီမာလျူယွင်သည် သူမ ငယ်ရွယ်ခြင်းကြောင့် ဖြစ်သည်ဟု အသိအမှတ်မပြုသော်လည်း နောက်ထပ် ထပ်မမေးတော့ပေ။
ပိုင်ထာ့သည် အိမ်ထဲမှထွက်လာကာ ရှီမာယူယူ ပြန်ကောင်းလာသည်ကို မြင်သောအခါ ချက်ချင်းပင် မှင်တက်သွားလေသည်။
“ဆိုင်တာဝန်ခံပိုင် တစ်ခုခုများရှိလို့လား” ရှီမန်ဖန် ပြောလိုက်ရာ သူ့အတွေးများ ပြတ်တောက်သွားလေသည်။
“အာ.. ဒီလိုပါ အပြင်က ရှီမာမျိုးနွယ်တွေက တောင်ကြားဒုခေါင်းဆောင် ရဲ့ဒဏ်ရာအခြေအနေကို မေးနေကြာတာ၊ သူတို့က တောင်ကြားဒုခေါင်းဆောင် ဆီကိုလာချင်တယ်လို့ ပြောနေကြတယ်” ပိုင်ထာသည် သတိပြန်ကပ်ကာ ပြော လိုက်သည်။
“ရှီမာမျိုးနွယ်ဟုတ်လား” ရှီမာယူယူသည် ထိုလူများကို သူခေါ်လာ သလားဆိုသည့်အကြည့်ဖြင့် ရှီမာလျူယွင်ကို ကြည့်လိုက်သည်။
“အဲဒါက မင်းအဘိုးမျိုးဆက်ကလည်းဖြစ်တဲ့ မင်းဦးလေးရဲ့မျိုးဆက်က လူတေါနဲ့ ဒုတိယအကြီးအကဲလေ၊ သူတို့က မငး်ကိုလာတွေ့ချင်တယ်လို့ပြော ကြလို့” ရှီမာလျူယွင် ပြောလိုက်သည်။
ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ ကြည့်ရတာ လေးနက်တဲ့ သက်ရောက်မှုတွေ ရှိတယ်ထင်တယ်။
“ယူယူ မင်းဘာပဲပြောပြော မင်းက ရှီမာမျိုးနွယ်ကပဲ၊ မင်းသွေးကြောထဲ မှာ ရှီမာမျိုးနွယ်ရဲ့သွေးတွေစီးဆင်းနေတယ်” ရှီမာလျူဖန် ပြောလိုက်သည် “မင်းက ရှီမာမျိုးနွယ်ကလူတွေကို မကြိုက်ရင်တောင် အဲဒါက ငါတို့အိမ်ဖြစ် တုန်းပဲလေ”
“ဒါပေမဲ့ ကျွန်မအတွက်တော့ မျိုးရိုးနာမည်တူတဲ့ နေရာတစ်ခုသာသာပါ ပဲ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မကို ဘယ်တုန်းက မကျွေးမွေးခဲ့သလို သင်လည်းသင်မပေးခဲ့ဘူး၊ ကျွန်မက အဲဒီကနေ ထမင်းတစ်နပ် ဆေးတစ်လုံးမှ စားဖူးတာမဟုတ်ဘူး”
“မျိုးနွယ်က မင်းကိုစွန့်ပစ်ခဲ့တာ ဟုတ်ပါတယ်၊ ဒါပေမဲ့ မင်းကရှီမာ မျိုးနွယ်ဖြစ်တယ်ဆိုတဲ့ အမှန်တရားကို စွန့်ပစ်လို့မရဘူး” အသံတစ်သံသည် ပြတင်းပေါက်မှထွက်လာသည်။ ထို့နောက်တွင် လေဟာပြင်ဝင်ပေါက်ပွင့် သွားပြီး အဖြူရောင်ဝတ်ထားသော အကြီးအကဲတချို့ထွက်လာသည်။
ရှီမာလျူဖန်နှင့် ရှီမာလျူယွင်တို့သည် ထိုလူများကို မြင်လိုက်သောအခါ မှင်တက်သွားပြီးမှ ချက်ချင်းပင် အရိုအသေပေးကာ ပြောလိုက်သည် “မျိုးနွယ် ခေါင်းဆောင်နဲ့ မျိုးနွယ်အကြီးအကဲတို့ကို နှုတ်ဆက်ပါတယ်”
“မျိုးနွယ်ခေါင်းဆောင်တို့အကုန်လုံးက တံခါးပိတ်ကျင့်ကြံနေကြတာ မဟုတ်ဘူးလား ဘာလို့အကုန်ထွက်လာကြတာလဲ” ရှီမာလျူဖန် မေးလိုက် သည်။
“ဂန်ယိက ငါတို့ကိုခေါ်လိုက်တာ” ရှီမာမျိုးနွယ်ခေါင်းဆောင် ရှီမာကျိယွင် သည် ရှီမာလျူဖန်၏ မေးခွန်းကိုပြန်ဖြေလေသာ်လည်း သူ့မျက်လုံးများသည် ရှီမာယူယူအနားတွင် ဝဲနေသည်။
ရှီမာဂန်ယိသည် အကြီးအကဲကြီးတစ်ဦးဖြစ်သည်။ သည်တစ်ခေါက်တွင် မျိုးနွယ်ကို ကြည့်ပေးရန်လိုသဖြင့် သူ သူတို့နှင့်လိုက်မလာပေ။ ဒီအဘိုးကြီး ကိုယ်တိုင်ရောက်လာလိမ့်မည်ဟု သူတို့ထင်မထားကြပေ။
“ယူယူ ဒါက မျိုးနွယ်ခေါင်းဆောင်၊ ဒါက ငါတို့မျိုးနွယ်က အကြီးအကဲ တွေပဲ” ရှီမာလျူဖန် မိတ်ဆက်ပေးလေသည်။
ရှီမာယူယူသည် သူတို့ကို အသာအယာဦးညွှတ်ကာ ပြောလိုက်သည် “ကျွန်မ အသည်းကွဲတောင်ကြားဒုခေါင်းဆောင်က ရှီမာမျိုးနွယ်ခေါင်းဆောင် ကို နှုတ်ဆက်ပါတယ်”
သူမ ထိုသို့ပြောလိုက်သောအခါ ရှီမာမျိုးနွယ်မှ အကြီးအကဲများ၏ မျက်နှာများပျက်သွားကြသည်။
“ငါက မင်းရဲ့အဘေးပဲ” ရှီမာကျိယွင် ပြောလိုက်သည်။
“ကျွန်မအဘိုးရဲ့ မိဘတွေက ယိလင်းတိုင်းပြည်မှာ ဆုံးသွားတာကြာလှပါ ပြီ” ရှီမာယူယူသည် နှုတ်ခမ်းမှအနည်းငယ်ပြုံးထားသော်လည်း မျက်လုံးမှာ မပြုံးပေ။
သူမပြောလိုက်သောစကားကို ရှီမာလျူဖန်နှင့် ရှီမာလျူယွင်တို့ ကြား လိုက်သောအခါ အလန်တကြား ထခုန်မိလေသည်။ သူတို့သည် အလျင်အမြန် ရှင်းပြလေသည် “မျိုးနွယ်ခေါင်းဆောင် ယူယူက အဲလိုပြောတာမဟုတ်ပါဘူး သူမက…”
ရှီမာကျိယွင်သည် သူတို့ကိုစကားစဖြတ်ရန် လက်ဝှေ့ယမ်းလိုက်သည်။ သူသည် ရှီမာယူယူကို ကြည့်ပြီးပြောလိုက်သည် “မင်းတို့ တင်ပြချက်တွေ ငါ ကြည့်ပြီးပြီ၊ မင်းက မာနထောင်လွှားတာပဲ ဒါပေမဲ့ ဘယ်လောက်ပဲ ထောင်လွှား ပါစေ မင်းက ရှီမာမျိုးနွယ်ကဆိုတာကို ငြင်းလို့မရဘူး”
ရှီမာယူယူ ပခုံးတွန့်ပြီး ပြောလိုက်သည် “ကျွန်မက ထူးခြားတာသာ မဟုတ်ရင်၊ ကျွန်မမှာ အင်အားကောင်းတဲ့ စာချုပ်သားရဲတွေသာမရှိရင်၊ ကျွန်မ ရဲ့အရည်အချင်းသာမရှိရင် ဒီလိုမျိုးတွေပြောဦးမှာလား”
ရှီမာလျူဖန်သည် ခေါင်းငုံ့ပြီး နာကျင်မှုကိုခံစားရလေသည်။ သူတို့ မျိုးနွယ်အကြောင်း ဆက်ပြောကြသော်လည်း မျိုးနွယ်သည် ထိုနှစ်များတွင် စိတ်ပျက်စရာများသာ တိုးပွားလာခဲ့သည်။ ယူယူ ပြောသည်မှာ မှန်သည်။ သူမ သာ ယခုလို အားမကောင်းလျှင် မျိုးနွယ်မှ ဒီလောက်လူအများကြီးလွှတ်ပြီး သူမကို ဖိတ်ကြားမည်လား။
ရှီမာကျိယွင်သည် သူမ မျက်လုံးထဲမှ ဒေါသကိုမြင်သောအခါ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် သူ တည်ငြိမ်စွာ ပြောလိုက်သည် “မင်း ဒီလောက်အသက်ကြီးအောင်ထိ နေနိုင်တာ ဘာလို့လဲလို့ထင်လဲ”
ရှီမာယူယူ မျက်မှောင်ကြုတ်သွားသည် “ဘာကိုဆိုလိုချင်တာလဲ၊ အဲနှစ် က ကျွန်မကို မသတ်တာကို ကျွန်မက ကျေးဇူးတင်ရမှာလား”
ရှီမာကျိယွင်သည် ခေါင်းခါရမ်းလိုက်သည်။ သူဘာမှမပြောပေ။ သို့သော် ဝိညာဉ်စွမ်းအင် တချို့ထုတ်လွှတ်လိုက်သည်။
ရှီမာလျူယွင်သည် ရှီမာယူယူကို သူတစ်ခုခုလုပ်တော့မည်ဟု အထင်နှင့် သူမရှေ့တွင် ကာရန်ရှေ့ထွက်မည်ပြုသည်။ သို့သော် ရှီမာယူယူသည် သူ့ လက် မောင်းကို ဆွဲလိုက်သည်။
ရှီမာလျူယွင်သည် လှည့်ပြီး သူမကို ကြည့်လိုက်သည်။ သူမသည် ရှီမာကျိယွင်၏ လက်ထဲမှ ဝိညာဉ်စွမ်းအင်ကို တည့်တည့်ကြည့်လိုက်ရာ မယုံ ကြည်နိုင်သောအကြည့်များဖြစ်သွားသည်။
သူမ ငေးငိုင်စွာဖြင့် လျှောက်သွားပြီး လက်ဆန့်ထုတ်ကာ သူ၏ ဝိညာဉ် စွမ်းအင်ကို ထိတွေ့ကာ ရေရွတ်လိုက်သည် “ဘယ်လိုလုပ် ဒါက…”
***