← Chapters

အခန်း (၁၂၉၈)

Vol. 88 Ch. 1298

အခန်း (၁၂၉၈)

Vol. 88 Ch. 1298

သေမျိုးလောကထဲတွင် အချောမောဆုံးဟု ကိုယ့်ကိုယ်ကို သတ်မှတ်ထားသည့် ချင်လင်းရန်၏ အသားအရေ သည် အလွန်တရာဖြူလျော်ပြီး မိန်းမဆန်လှသည်ဆိုသော်လည်း ယောကျ်ားတစ်ယောက်၏ သွင်ပြင်လက္ခဏာမျိုးတော့ အနည်းဆုံး တည်ရှိလို့နေခဲ့၏။ ထို့ကြောင့် ချောမောပြီး ကြည့်ကောင်းလှသည်ဟု ဆိုရမည်ဖြစ်သော်လည်း မိန်းမတစ်ယောက်တော့မဟုတ်ချေ။

သို့ပေမဲ့ မြောင်ရှိမှာတော့ ခြားနားလျက်ရှိနေ၏။ ၎င်းသည် သံသယရှိစရာမလိုပင် မိန်းမတစ်ယောက်ဟု သတ်မှတ်နိုင်၏။ မိန်းမတစ်ယောက်၏ သွင်ပြင်အမူအရာမျိုးသည် အလုံးစုံပြည့်စုံသည့်အခြေအနေဆီသို့ပင် ရောက်ရှိလို့နေ၏။

မိန်းကလေးများ၏ မျက်နှာကို မျက်လုံးကန်းသလိုပင် သတိမပြုရှိတတ်သည့် ကျွင်းချောင်ရှောင်းသည်ပင်လျှင် မြောင်ရှိအား ပထမဦးဆုံးအကြိမ် မြင်ရသည့်အချိန်မှာတော့ ကြိတ်ကာ အံ့အားသင့်မိသည်။

“လှလိုက်တဲ့မိန်းကလေး”

လုချင်းချင်း၊ ရှစ်ကျန်းရွှမ်နှင့် နှင်းဆီဧကရီတို့သည် ထိပ်တန်းအလှပိုင်ရှင်များဖြစ်၏။ သို့ပေမဲ့ သူသည် ဤမိန်းကလေးများအား မည်သည့်မှတ်ချက်မှ မပေးခဲ့ဖူးချေ။ ထိုသို့ဆိုလျှင် မြောင်ရှိ၏ အလှအပသည် မည်မျှပြည့်စုံလှသည်ဆိုသည် ကို သိရှိနိုင်စွမ်းရှိပေလိမ့်မည်။

သို့ပေမဲ့ စကားပြောလိုက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မိုးကြိုးအပစ်ခံလိုက်ရသလိုပင် တည်နေရာတွင် တွေတွေကြီး ရပ်လျက်ရှိမိနေ၏။

သူ၏ စိတ်ထဲတွင် တည်ရှိနေသော အတွေးပေါင်းများစွာတို့သည် ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။

“ချီးတဲ့မှ ….”

တစ်ဖက်လူသည် ယောကျ်ားလား၊ မိန်းမလား ပြောဆိုရန်ပင် ခက်ခဲလွန်းလှ၏။ တစ်ဖက်လူ၏ စကားသံကို ကြားရ သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ကြက်သီးများပင် ထလာမိတော့၏။

ဤကဲ့သို့ လှပလွန်းသည့် မိန်းကလေးတစ်ယောက်ဆီမှ ယောကျ်ားတစ်ယောက်ကဲ့သို့ အသံကြီး ထွက်ပေါ်လာသည်ကို ကြားရသည့်အချိန်မှာတော့ သူတကယ်ပင် ထိတ်လန့်အံ့ဩမိနေ၏။

“မောင်ငယ်လေး”

မြောင်ရှိသည် အသာလျှောက်လှမ်းလာပြီးသည့်နောက်မှာတော့ ချိုသာစွာ ပြုံးလိုက်သည်။ “ငါနဲ့အတူ ကြယ်ကောင်းကင်ခံတပ်ကို လိုက်ခဲ့ပါ။”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် လက်သီးတစ်လုံးကို ပစ်လွှတ်ကာ ထိုးနှက်လိုက်တော့၏။

ဆွစ် …။

မြောင်ရှိသည် ရှောင်တိမ်းပြီးသည့်နောက်မှာတော့ တစ်စုံတစ်ခုမှားယွင်းသွားသည့် ဟန်ပန်အမူအရာမျိုးဖြင့် လှမ်း၍ ပြောလိုက်သည်။ “မောင်ငယ်လေးက အရမ်းကို ကြမ်းတမ်းတာပဲ။”

ပြီးသည့်နောက်မှာတော့ ၎င်းသည် နှုတ်ခမ်းကို စူကာဖြင့် ပြောလိုက်၏။ “ကျွန်မက အရမ်းကို ချောတယ်လေ။ မောင်ငယ်လေးက သည်းမခံနိုင်ဘူးလား။ ဘာလို့ရိုက်ချင်ရတာလဲ။”

ဝေါ့ ….။

ကျွင်းချောင်ရှောင်းသည် မည်သို့မှ မခံစားနိုင်တော့ဘဲ သွေးတစ်လုတ်ပင် အန်ထွက်လာခဲ့မိ၏။ ဤအရာသည် တိုက်ခိုက်ထိုးနှက်ခံရခြင်းထက်ပင် ပိုမို၍ ကြောက်မက်ဖွယ်ရာကောင်းလွန်းနေ၏။

ဟူး ဟူး

ချက်ချင်း ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ငရဲပြည်မှ လှမ်းလျှောက်ထွက်လာသည့် နတ်ဆိုးတစ်ပါးကဲ့သို့ပင် အသွင်ပြောင်း လဲသွား၏။ သူသည် အေးစက်စက်နှင့်ပြောလိုက်သည်။ “ဒီနေ့မှာ ယောကျ်ားနဲ့မိန်းမဆိုတာ ဘယ်လိုကွာခြားလဲဆိုတာ ခင်ဗျားကို ကျုပ် ရှင်းရှင်းလင်းလင်း နားလည်အောင် ပြောပြမယ်။”

မြောင်ရှိ၏ မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားသည်။ ဤမောင်ငယ်လေးသည် အလွန် အားကောင်းလွန်းနေချေ၏။

“ကောင်းကင်နီဓားကွက်”

ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ သူ၏ လက်နှစ်ဖက်သည် တောက်ပလွန်းသော မီးတောက်များနှင့် ဖုံးလွှမ်းသွားပြီးသည့်နောက်မှာတော့ လေထုနှင့် တည်နေရာတစ်ခုလုံးကိုပင် ဆွဲဖြဲပစ်နိုင်သည့် စည်းတစ်ခုသည် ဖြစ်တည်လာခဲ့သည်။

ဒေါသတရား၏ လွှမ်းမိုးမှု၊ မီးစိတ်ဝိညာဉ်၏ ထောက်ပံ့မှုအောက်မှာတော့ မီးဓာတ်အမျိုးအစား သိုင်းနည်းစနစ်သည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အခြေအနေတစ်ခုဆီသို့ တိုးတက်ရောက်ရှိသွားခဲ့၏။

မြောင်ရှိ၏ လှပလွန်းသော မျက်နှာသည် ရုတ်တရက် ဖြူလျော်သွား၏။ ပြီးသည့်နောက်မှာတော့ ဘန်းဟူသည့် အသံ နှင့်အတူ လေဟာနယ်ထဲသို့ ပြုတ်ကျသွားခဲ့တော့၏။ ၎င်း၏ ထူးခြားလွန်းသည့် သဘာဝလွန် စွမ်းအင်များ သည် တည်နေရာထဲတွင် ပျောက်ကွယ်သွားခဲ့တော့သည်။

ကောင်းကင်နီဓားကွက်သည် တည်နေရာကို ဖြတ်သန်းသွားပြီးနောက် လေဟာနယ်တစ်ခုလုံးသည် ပူလောင်သည့် အော်ရာများနှင့် ဖုံးလွှမ်းသွားစေ၏။

“ဟမ်”

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ပြီးသည့်နောက် သူ၏ စွမ်းအားမြင့် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည်။

မကြာခင်မှာပဲ အဝေးတစ်နေရာသို့ ရောက်ရှိနေသည့် မြောင်ရှိအား မြင်လိုက်ရ၏။ ပြီးသည့်နောက်မှာတော့ သူသည် အမြန်ဆန်ဆုံးနှုန်းဖြင့် အနောက်မှ လိုက်တော့၏။

“မကောင်းတော့ဘူး။ ဒီကောင် လိုက်လာပြီပဲ။”

မြောင်ရှိ၏ မျက်နှာသည် ပျက်ယွင်းသွားခဲ့မိ၏။ သူသည် ချက်ချင်းပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ အခြား တည်နေရာတစ်ခုဆီသို့ ရောက်ရှိသွားပြန်သည်။

သူသည် တည်နေရာဖြတ်သန်းသွားလာခြင်းထက် ပိုမို၍ မြန်ဆန်သည့် နည်းလမ်းမျိုးပင် ထုတ်ဖော်အသုံးပြုနေခြင်းဖြစ်၏။ ဤအရာသည် သူ၏ သန္ဓေစွမ်းအင်ပဲဖြစ်၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းကဲ့သို့ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ သူမည်မျှ လှုပ်ရှားသည်ဆိုဆို မလွတ်မြောက်နိုင်ချေ။ အနည်းငယ် လိုက်ပါပြီးသည့်နောက်မှာတော့ ပစ်ချက်တစ်ချို့ကို ကျွင်းချောင်ရှောင်းသည် ရှာဖွေတွေ့ရှိသွား၏။ တစ်ဖက်လူပြေးနေသည်မှာ တြိဂံတည်နေရာ သုံးခု ကို လှည့်ပတ်ကာ ပြေးနေခြင်းဖြစ်ကြောင်းကို သူ နားလည်လိုက်မိသည်။

“သူ့ကို စောင့်ကြည့်ထား။”

“ကောင်းပါပြီဖေဖေ။”

ရှောင်ဟော့ နှင့်ရှောင်ရှစ်တို့သည် သက်ဆိုင်ရာတည်နေရာနှစ်ခုတွင် ဆောင့်ကြောင့်ထိုင်ကာ စောင့်လျက်ရှိ၏။

ကုန်းရှန့် သည် ဆက်လက်ကာ လိုက်တော့သည်။

ဘန်း

မြောင်ရှိသည် ထပ်မံကာ ပျောက်ကွယ်သွား၏။ ပြီးသည့်နောက်မှာတော့ အခြားတည်နေရာတစ်ခုဆီသို့ ပေါ်လာသည်။ ထိုအချိန်မှာပဲ ရှောင်ဟော့သည် မြောင်ရှိအား တားဆီးကာဖြင့် တိုက်ခိုက်၏။ တစ်ခြားတည်နေရာသို့ ပြေးသည့် အချိန်မှာတော့ ရှောင်ရှစ်သည် တားဆီးကာ တိုက်ခိုက်ပြန်၏။

ဟူး ဟူး ဟူး

နာရီဝက်လောက်ကြာပြီးသည့်နောက်မှာတော့ ဤမိန်းမလိုလို၊ ယောကျ်ားလိုလိုလူသည် ရင်ဘတ်ကို လက်နှင့်ဖိကာ ဖြင့် အသက်ကို ပြင်းပြင်းထန်ထန်ရှူရှိုက်နေရ၏။ သူ၏ နဖူးပေါ်တွင်တော့ ချွေးသီးချွေးပေါက်များ ပြည့်နှက်လျက် ရှိလို့နေသည်။

“ငါဆက်ပြီးပြေးလို့မနိုင်တော့ဘူး။”

ဘုန်း ဘုန်း ……။

ဘုန်း ……..။

ကျွင်းချောင်ရှောင်းနှင့် စိတ်ဝိညာဉ်နှစ်ကောင်တို့သည် ရုတ်တရက် ရောက်ရှိလာပြီးသည့်နောက်မှာတော့ လူသား မဆန်သည့် တိုက်ခိုက်ချက်များကို ထုတ်ဖော်ကာ ပက်ပက်စက်စက် ထိုးနှက်တိုက်ခိုက်တော့၏။

အကြောင်းမသိသည့် တစ်ခြားသူများသာ ထိုမြင်ကွင်းကို မြင်သည်ဆိုပါက မိန်းကလေးကို ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်နေသည်ဟု ထင်ပေလိမ့်မည်။

…….

ဘုတ် ….။

မြောင်ရှိသည် ငရဲကြီးကိုးထပ် နဝမမြောက်အကျဉ်းခန်းထဲသို့ ပို့ဆောင်ခြင်းခံခဲ့ရ၏။ ၎င်း၏ ဆိုးရွားလွန်းသော ပုံပန်း သွင်ပြင်ကို ကြည့်လိုက်သည်ဆိုသည်နှင့် ကျန်သည့်ကင်းသမားများအားလုံး၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့မိ၏။

အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးသည့်နောက်မှာတော့ ၎င်းတို့အားလုံးသည် သံပြိုင်ပြောဆိုလိုက်မိ ကြသည်။ “အခုမှပဲ နေရထိုင်ရကောင်းသွားတော့တယ်။”

ကျွင်းချောင်ရှောင်းအနေနှင့် ဤကဲ့သို့ ယောကျ်ားလိုလို မိန်းမလိုလို လူများကို ကြည့်မရသလို သူတို့သည် လည်း ကြည့်မရလှချေ။ သို့ပေမဲ့ ၎င်းတို့သည် အပေါင်းအဖော်များဖြစ်နေသည်မို့ မနည်းသည်းခံထားခဲ့ရ၏။ ယခု ကျွင်းချောင်ရှောင်းသည် သူတို့ ကြည့်မရသည့်သူကို ရိုက်နှက်ခဲ့ချိန်မှာတော့ စိတ်သက်သာရာရသလိုပင် ခံစားနေမိကြ၏။

ခေါင်းဆောင်ကျိသည် သက်ပြင်းကို ချကာ ပြောလိုက်သည်။ “အင်း … တစ်ယောက်ပဲ ကျန်တော့တာပဲ။”

“ခေါင်းဆောင်”

ရင် က ပြောလိုက်၏။ “ငါးယောက်မြောက်အစ်ကိုက အဆင်ပြေပါ့မလား။”

“အင်း .. .မျှော်လင့်မိပါတယ်။” ခေါင်းဆောင်ကျိက ပြောလိုက်၏။

သို့ပေမဲ့ သူတို့ပြောနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် မြောင်ရှိ၏ ရွက်သင်္ဘောပေါ် လိုက်လံရှာဖွေနေ၏။ လှေ၏ ဘယ်ဘက်ဆီသို့ လှမ်း၍ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ မျက်နှာဖုံး ဝတ်ဆင်ထားသည့် လူတစ်ယောက် ရှိနေသည်ကို မြင်လိုက်ရသည်။ “ဟမ် …. ဒါက နိုင်ငံ့အုပ်ချုပ်သူ ယွမ်မလား။”

ကုန်းရှန့်သည် ရုတ်တရက် ထအော်လိုက်မိ၏။ ထိုသူသည် အနည်းငယ်တုန်ယင်သွား၏။ ပြီးနောက် တည်ငြိမ်စွာနှင့်ပြောလိုက်၏။ “မင်း လူမှားနေပြီ။”

“……….”

ကျွင်းချောင်ရှောင်း၏ နဖူးပေါ်တွင် အရေးအကြောင်းများဖြစ်တည်လာခဲ့သည်။

“အဘိုးကြီး …. မျက်နှာကို ဘယ်လိုပဲ ဖုံးထား၊ ဖုံးထား အပြာရောင်ဝတ်စုံကြီး ဝတ်ထားပြီး ဆံပင်ဖြူတွေလည်း ရှိတယ်။ ခါးမှာလည်း ဝိုင်ဘူးသီးခြောက်ကြီးနဲ့။ ဒါက ချင်းယန်နိုင်ငံရဲ့ နိုင်ငံအုပ်စိုးသူ ယွမ်ဟယ်မဟုတ်ရင် ဘယ်သူလဲ။”

တစ်ဖက်လူသည် အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးသည့်နောက်မှာတော့ သူ၏မျက်နှာဖုံးကို ချွတ်ကာဖြင့် ရယ်မောလိုက်၏။

ဟား ဟား ဟား ဟား

“မင်းငါ့ကို သိသွားပြီပေါ့။”

သေချာပေသည်။ မျက်နှာကိုပြသပြီးသည့်နောက်မှာတော့ ဤလူသည် ချင်းယန်နိုင်ငံ၏ နိုင်ငံ့အုပ်ချုပ်သူ ယွမ်ဟယ် ဖြစ်ကြောင်း သိရှိလိုက်ရ၏။ မျက်နှာသည် အလွန်အမင်းနီမြန်းနေသည်ကို ကြည့်ရှုလိုက်သည်နှင့်တစ်ပြိုင်နက် အလွန် အရက်မူးနေမှန်း သိသာလွန်းလှသည်။

“…….”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားမိ၏။ တစ်ဖက်လူသည် သူ၏ မှတ်ဉာဏ်ကို စမ်းသပ်နေ သည်လား။ သို့မဟုတ် သူ၏ အမြင်အာရုံကို စမ်းသပ်နေသည်လား။ မသိချေ။

“ဟမ်”

ယွမ်ဟယ်သည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ငါ မင်းရဲ့ အရှေ့ စကြဝဠာထဲကို ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာတာလဲ။ ဒါ အံ့အားသင့်စရာမဟုတ်ဘူးလား။”

“ဘာလို့လဲဆိုတော့ ခင်ဗျားက ကျွမ်းကျင်သူတစ်ယောက်မို့လို့လေ။”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါကြောင့် ကျုပ် အံ့အားမသင့်ဘူး။”

တကယ်တန်းမှာတော့ ယွမ်ဟယ်မည်သူဖြစ်သည်ကို အတည်ပြုပြီးသည့်အချိန်တွင် သူအနည်းငယ် အံ့အားသင့်မိ၏။ ထို့အပြင် ရွက်သင်္ဘောကြီးမပါဘဲနှင့် စကြဝဠာထဲသို့ ခရီးသွားလာနိုင်သည်ဆိုခြင်းမှာ တစ်ဖက်လူသည် အနိမ့်ဆုံး တည်နေရာချိုးဖြတ်ခြင်းအနိမ့်အဆင့်တွင် တည်ရှိနေသူတစ်ယောက်ဖြစ်ပေလိမ့်မည်။

သို့ပေမဲ့ အချိန်ပြောင်းပြန်လှည်ခြင်းနည်းစနစ်ကို လွန်ခဲ့သည့် နှစ် ၂၀ ဆီသို့ ပြန်လည်ကာ ကြည့်ရှုပြီးသည့် ကျွင်းချောင်ရှောင်းအနေနှင့်တော့ ဤအရာသည် ရိုးရှင်းသည့်ကိစ္စမဟုတ်မှန်း ကောင်းကောင်းနားလည်ပြီးသား ဖြစ်၏။

တစ်ဖက်လူသည် သူ့အား သံမဏိအရိုးဂိုဏ်းဆီသို့ ခေါ်ဆောင်လာပြီး ဂိုဏ်းချုပ်ဝမ်၏ လက်ထဲတွင် အပ်နှံခဲ့၏။ ဤအရာသည် အမှန်ပင် မရိုးရှင်းလှချေ။

ဟား ဟား ဟား ဟား

ယွမ်ဟယ်သည် ဝိုင်ဘူးသီးခြောက်ကြီးကို အသာမြှောက်ကိုင်ကာဖြင့် ကောက်မော့လိုက်၏။ “ငါ မှန်တယ်။ ဆယ်နှစ်အတွင်းမှာ တကယ့်ကို အသေးငယ်ဆုံးသော ဂိုဏ်းလေးတစ်ခုကနေ အားအကောင်းဆုံးသော ဂိုဏ်းတစ်ခုဖြစ်အောင် လုပ်နိုင်ခဲ့တာပဲ။”

“ခင်ဗျား”

ကျွင်းချောင်ရှောင်းက လေးလေးနက်နက်နှင့် မေးလိုက်မိ၏။ “ခင်ဗျား ဘယ်သူလဲ။”

တည်နေရာချိုးဖြတ်ခြင်းအဆင့်ကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဖြစ်သည်မို့ ယွမ်ဟယ်ဆိုသည်မှာ ဖုံးကွယ်ထားသည့် အရာတစ်ခုသာဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း”

အရက်မူးလျက်ရှိနေသော ယွမ်ဟယ်၏ မျက်လုံးများသည် ရုတ်တရက် အုံ့မှိုင်းသွား၏။ ပြီးသည့်နောက်မှာတော့ လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ်က ကြယ်ကောင်းကင်ခံတပ်ရဲ့ ကင်းသမား ၁၂ ယောက်ထဲက တစ်ယောက်ပဲလေ။”

“ဟမ် … ခင်ဗျားက ပဉ္စမကင်းသမားဆိုတာလား။”

ဤတစ်ကြိမ်မှာတော့ ကျွင်းချောင်ရှောင်းသည် အမှန်ပင် တုန်လှုပ်သွားမိခဲ့၏။

All Chapters