← Chapters

အခန်း (၁၂၉၉)

Vol. 88 Ch. 1299

အခန်း (၁၂၉၉)

Vol. 88 Ch. 1299

ကင်းသမား ၁၂ ယောက်ထဲမှ ၁၁ ယောက်ကို ဖမ်းဆီးခဲ့ပြီးပြီဖြစ်၏။ နောက်ဆုံး ၅ ယောက်မြောက် ကင်းသမားသာ ကျန်ရှိတော့၏။ သို့ပေမဲ့ ရုတ်တရက်ပေါ်ပေါက်လာခဲ့သော နိုင်ငံ့အုပ်ချုပ်သူ ယွမ်သည် သူ့ကိုယ်သူ ကင်းသမားတစ် ယောက်ဟု ပြောဆိုလျက်ရှိနေ၏။ ဤအချင်းအရာသည် ကျွင်းချောင်ရှောင်းအား အမှန်ပင် အံ့အားသင့်စေခဲ့၏။

“မင်း အံ့အားသင့်သွားပြီမဟုတ်လား။”

ယွမ်ဟယ်သည် သူ၏ ခါးတွင်ရှိသော ကင်းသမားအမှတ်တံဆိပ်ကတ်ပြားကို ထုတ်ယူပြသကာ ပြောလိုက်သည်။ “ဒါပေမဲ့ ဒါ အမှန်တရားပဲလေ။”

ကျွင်းချောင်ရှောင်းသည် အနောက်သို့ ခြေတစ်လှမ်းလှမ်းဆုတ်ပြီးနောက် အကွာအဝေးတစ်ခုအနေအထားဖြင့် ထိန်းသိမ်းလိုက်၏။ ပြီးနောက် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်တို့က ရန်သူတွေပေါ့။”

“ဟင်း”

ယွမ်ဟယ်သည် ဝိုင်တစ်ခွက်ကို ကောက်မော့ပြီးသည့်နောက် နာနာကျင်ကျင် ပြောလိုက်သည်။ “အကျဉ်းထောင်ထဲမှာ ရှိတဲ့ အဓိကပြဿနာကောင်တွေအကုန်လုံးကို လွှတ်ပေးလိုက်တဲ့လူက သံမဏိအရိုးဂိုဏ်း ထဲ ငါပို့ခဲ့တဲ့ ကလေးတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ လုံးဝမထင်ခဲ့မိဘူး။”

“ဒါနဲ့ ကျုပ်ကို ဘာလို့ ခေါင်းဆောင်ဝမ်ရဲ့ ဂိုဏ်းဆီကို ပို့လွှတ်ခဲ့တာလဲ။” ကျွင်းချောင်ရှောင်းသည် ပြုံးကာမေးလိုက်မိ၏။

ယွမ်ဟယ်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ အနာဂတ်မှာ မင်းက ကောင်းမွန်တဲ့အရာတွေ လုပ်နိုင်မယ်လို့ ထင်ခဲ့လို့ပဲ။”

“……….”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ သူ၏သာ ဝိညာဉ်ကူးပြောင်းရောက်ရှိလာသူ မဟုတ်ပါက ဤကိစ္စကို ယုံကြည်ကောင်းယုံကြည်နိုင်ပေလိမ့်မည်။ သို့ပေမဲ့ မူလလက်ဟောင်း ကျွင်းချောင်ရှောင်း ဆိုသည်မှာ ညနက်သန်းခေါင်တွင် ဂိုဏ်း၏ ဆိုင်းဘုတ်ပြားပိကာ သေဆုံးခဲ့သည့်လူတစ်ယောက်ဖြစ်၏။ အဘယ်သို့ အနာဂတ်တွင် ကြီးမားတဲ့ အရာများကို ပြုလုပ်နိုင်မည်ဟု သတ်မှတ်ခဲ့သနည်း။

“ဒီလိုမရိုးရှင်းပါဘူး။ ဟုတ်တယ်မလား။”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဥပမာအားဖြင့် ကျုပ်က အထက်နယ်မြေ မိသားစုကြီးတစ်ခုရဲ့ သားတစ်ယောက်ဖြစ်လိမ့်မယ်။ ဒါမှမဟုတ်လို့ရှိရင်လည်း ကောင်းကင်ကိုတောင် ပုန်ကန်လို့ရနိုင်တဲ့ စွမ်းအားတွေရှိတဲ့ မင်းသားတစ်ပါးလည်း ဖြစ်နိုင်လိမ့်မယ်။ ကောင်းကင်ကြီးကို ပုန်ကန်မှာစိုးလို့ ဒါမှမဟုတ် နိုင်ငံရေးရေစီးကြောင်းမှာ ရှုပ်ရှက်ခက်နေတဲ့ အကြောင်းအရာတွေဖြစ်တည်လာတာကြောင့်မလို့ ကျုပ်ကို သေမျိုးလောကဆီကို ခင်ဗျားခေါ်ဆောင်လာခဲ့တာပဲဖြစ်မယ်။ အဲဒါ ဟုတ်တယ်မလား။”

“……..”

ယွမ်ဟယ်သည် မျက်လုံးများ ချာချာလည်သွားမိ၏။ “ဘယ်လိုပေါက်တက်ကရတွေ လျှောက်ပြောနေတာပါလိမ့်။”

“မဟုတ်ဘူးလား။”

“ဒီကိစ္စကို ခဏဖယ်ထားကြအောင်။ ငါ ကုန်းမြေတိုက်တွေဆီကို ဖြတ်သန်းခရီးသွားလာတဲ့အချိန်မှာ အမှတ်မထင်နဲ့ အလားအလာရှိတဲ့ ကလေးတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့တယ်။ ဒါကြောင့်ပဲ အနီးဆုံးမှာရှိတဲ့ သံမဏိအရိုးတောင်ဆီကို ခေါ်လာပြီး ဂိုဏ်းချုပ်ဝမ်ဆီ ပေးခဲ့တာပဲ။”

“ပေါက်ကရတွေ။ ခင်ဗျား ညာနေတာ။”

ကျွင်းချောင်ရှောင်းက ထအော်လိုက်၏။ “ကျုပ်အဖေက အထက်နယ်မြေက အင်ပါယာ တစ်ယောက်ယောက်ဖြစ်ရမယ်။ သူက သူလုပ်ချင်တာ ဘာကိုမဆို လုပ်နိုင်သူ ဖြစ်ရမယ်။ ကျုပ်အမေကတော့ အထက်နယ်မြေက ဧကရီမတစ်ယောက်ပဲ ဖြစ်ရမယ်။ လောကကြီးရဲ့ ကောင်းချီး ကို ခံစားပြီး အားလုံးသောသူတွေ ဒူးထောက်ပြီး ကိုးကွယ်ရတဲ့ သူတစ်ယောက်ပဲ ဖြစ်ရမယ်။ ကျုပ်ကတော့ အင်ပါယာတွေရဲ့ ဒုတိယမျိုးဆက်ဖြစ်မယ်။ ခင်ဗျားနဲ့ ဂိုဏ်းချုပ်ဝမ်တို့က ကျုပ်ရဲ့ ကျေးကျွန်တွေပဲ။”

“………”

စနစ်သည် ဆွံ့အသွားမိ၏။ “ကောင်းလိုက်တဲ့ ဝတ္ထု။ တစ်ယောက်တည်း ပြောချင်တာတွေ လျှောက်ပြောပြီး ဒီလောက်အရှက်မဲ့တဲ့လူ ငါတစ်ခါမှမမြင်ဖူးဘူး။”

ယွမ်ဟယ်သည် အရူးတစ်ယောက်ကို ကြည့်သလိုမျိုး ကြည့်ရှုလျက်ရှိနေ၏။ သို့ပေမဲ့ ချက်ချင်း သူသည် စကားလမ်း ကြောင်းကို ပြောင်းကာ မေးလိုက်သည်။ “အခုပျောက်ဆုံးနေတဲ့ ကင်းသမား ၁၁ ယောက်လုံးကို မင်းခေါ်ဆောင်ထားတာ ဟုတ်တယ်မလား။”

“အမှန်ပါပဲ။” ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။

ယွမ်ဟယ်က ပြောလိုက်သည်။ “ကင်းသမား ၁၂ ယောက်ဆိုတာက ကြယ်ကောင်းကင်ခံတပ်ကို ကိုယ်စားပြုတယ်လေ။ ကြယ်ကောင်းကင်ခံတပ် ဆိုတာက အထက်နယ်မြေကို ကိုယ်စားပြုတာ။ မင်းအခုလုပ်နေတာတွေအကုန်လုံးက ကောင်းကင်ကို ပုန်ကန်နေတာနဲ့ အတူတူပဲ။ ဒီတော့ ကင်းသမားတွေ အားလုံးကို လွှတ်ပေးလိုက်ပြီးတော့ ငါနဲ့အတူ ကြယ်ကောင်းကင်ခံတပ်ကို လိုက်ပြီးတော့ အပြစ်ပေးမှုကို ခံယူတော့။”

ရွှီ

ယွမ်ဟယ်သည် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ သူ၏ အပြာရောင်ဝတ်စုံကို ဆုတ်ဖြဲလိုက်၏။

ဆွစ်

ဆွစ် ဆွစ်

ထိုဝတ်စုံ၏ အောက်တွင်တော့ အသစ်စက်စက် ကင်းသမားဝတ်စုံသည် ပေါ်ပေါက်လာခဲ့တော့၏။ မူလအားဖြင့် မူးဝေလျက်ရှိနေသည့် ပုံပန်းသွင်ပြင်သည် ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ တည်ကြည်လေးနက်သည့် အမူ အရာမျိုး ဖြစ်တည်လာခဲ့သည်။

ရှုပ်ပွလျက်ရှိနေသော ဆံပင်များသည် ချက်ချင်းပဲ ဘီးနှင့်ဖြီးပြီး ခွေးယက်ခံထားရသလို တောက်ပြောင်လျက်ရှိနေ သည်။ ယခင်တုန်းက ယွမ်ဟယ်သည် အရက်သမား၊ သူတောင်းစား တစ်ယောက်၏ အော်ရာများကို ပေးစွမ်း လျက်ရှိသည်ဆိုသော်လည်း လက်ရှိအခြေအနေမှာတော့ အလွန်အားကောင်းလှသည့် သမာဓိစွမ်းအင်များကို ထုတ်လွှတ်နေသည့် ကျင့်ကြံသူတစ်ယောက်နှင့် ဆင်တူနေ၏။

စနစ်က ပြောလိုက်မိသည်။ “မြန်လိုက်တာကွာ။ ဘယ်လို ဘယ်လို ပြောင်းလိုက်တာလဲ။”

“ခင်ဗျား ကျုပ်ကို ခေါ်သွားချင်တာလား။” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

ယွမ်ဟယ်က ပြောလိုက်၏။ “အင်း …. အဲဒါ ငါ့တာဝန်ပဲလေ။”

“ဒါပေမဲ့ ခင်ဗျားလုပ်နိုင်မှာမဟုတ်ဘူး။”

“မင်းအနေနဲ့ ငါနဲ့အတူ လိုက်လာဖို့ပဲ မျှော်လင့်မိတယ်။”

“တောင်းပန်ပါတယ်။”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကျုပ် ခင်ဗျားနဲ့ မပူးပေါင်းနိုင်ဘူး။”

သူ့အနေနှင့် အပြစ်ပေးမှုခံယူရန်အတွက် ကြယ်ကောင်းကင်ခံတပ်ဆီကို လိုက်ပါလာမည်မဟုတ်သလို သူလုပ်ချင်သည့် လုပ်ငန်းများ၏ အရှေ့တွင် ကန့်လန့်ကာ တားဆီးမည့်သူများ အားလုံးကိုလည်း သတ်ဖြတ်သွားမှာဖြစ်သည်။

ဤလူသည် သူ့ထက်အဆင့်တစ်ဆင့်ပို၍မြင့်မားသော ချင်းယန်နိုင်ငံ၏ နိုင်ငံ့အုပ်ချုပ်သူ ဖြစ်နေသည် ဆိုလျှင်တောင်မှ သူသည် ချွင်းချက်အနေနှင့် ထားရှိလိမ့်မည်မဟုတ်ချေ။

“ကလေး”

ယွမ်ဟယ်က ပြောလိုက်သည်။ “ဘာလို့ ခက်ခဲအောင်လုပ်ရတာလဲ။”

“ကျုပ်ဆီမှာ ရွေးချယ်ခွင့်မရှိလို့ပါပဲ။” ကျွင်းချောင်ရှောင်းက ခွန်းတုံ့ပြန်လိုက်၏။

သူ အထက်နယ်မြေဆီသို့ ချိုးဖြတ်ဝင်ရောက်ဖို့နည်းလမ်းတွင် ကြယ်ကောင်းကင်ခံတပ်သည် လာ၍ ရှုပ်လျက်ရှိနေ၏။ ထို့ကြောင့် ရွေးချယ်ခွင့်မရှိတော့ချေ။ ထိုသို့မပြုလုပ်လျှင်လည်း သူ၏ ဝိညာဉ်ချိန်ကိုက်ဗုံးသည် ပေါက်ကွဲသွားပေလိမ့်မည်။

ထို့ကြောင့် သူသည် တောင်းပန်ရန်သာ တတ်နိုင်တော့၏။

“အင်း”

ယွမ်ဟယ်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အင်း။ အမှန်တရားက တကယ့်ကို ရက်စက်လွန်းတာပဲ။ လာခဲ့။”

အလွန်အားကောင်းလှသည့် အော်ရာများသည် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာခဲ့သည်။

“လေတိုက်ပြီး ကြီးလာတဲ့ ကောင်လေးဟာ ဘယ်လောက်အားတွေရှိလာလဲ ငါကြည့်ကြတာပေါ့။”

“ကျုပ် ခင်ဗျားနဲ့ မတိုက်ခိုက်ချင်ဘူး။”

ကျွင်းချောင်ရှောင်းသည် သူ၏ ကျင့်ကြံခြင်းအဆင့်များကို အပြည့်အဝထုတ်ဖော်ကာဖြင့် ပြောလိုက်မိ၏။

ယွမ်ဟယ်သည်လည်း သူ့နည်းလည်းကောင်းပင်။

ယွမ်ဟယ်က ပြောလိုက်၏။ “ငါနဲ့ မင်းနဲ့ မတိုက်ခိုက်ချင်ဘူး။ ဒါပေမဲ့ လူတိုင်းဆီမှာ ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းဆိုတာ ရှိတယ်မဟုတ်လား။ ငါတို့ ကြားမှာရှိတဲ့ ဒီတိုက်ပွဲဟာ ဘယ်လိုမှ ရှောင်ရှားလို့ရမှာ မဟုတ်ဘူး။”

“……..”

စနစ်က အော်ဟစ်လိုက်၏။ “မတိုက်ခိုက်ချင်တဲ့ ပုံစံမျိုးလည်းမတွေ့ရပါလား။နှစ်ယောက်လုံးကို ကြည့်ရတာ ပါးစပ်ကသာ မတိုက်ခိုက်ချင်ဘူး လုပ်နေတာ လက်က သတ်တော့ဖြတ်တော့မယ့်ပုံပဲ”

“ခင်ဗျားက ကျန်တဲ့ ကင်းသမားတွေထက် ပိုပြီး အားကောင်းလိမ့်မယ်။”

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို လက်သီးဆီသို့ ပို့ဆောင်ပြီးသည့်နောက် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်သည်။ “ဒီတော့ ကျုပ် လေးလေးနက်နက် တိုက်ခိုက်မယ်။ လာခဲ့။”

ယွမ်ဟယ်သည် လက်ကိုယမ်းခါလိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ လက်ဆီမှ နဂါးသားရဲကြီးကဲ့သို့ အသက်ဝင် လှုပ်ရှားလျက်ရှိနေသည့် စွမ်းအင်လှိုင်းများသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ သူ၏ ခန္ဓာကိုယ်ကို ဝိုင်းပတ် လှုပ်ရှားလျက်ရှိနေ၏။

ကြည့်ရှုရသည်မှာ အလွန်ပင်ဆန်းကြယ်လွန်းလှသည်။ မည်သည့်တိုက်ခိုက်ချက်ကိုမှ မပြုလုပ်သေးဘူး ဆိုသော်လည်း ထွက်ပေါ်လျက်ရှိနေသည့် အော်ရာသီးသန့်ကပင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အရှိန်အဝါများ ကို ထုတ်ဖော် လျက်ရှိနေလေသည်။

ကျွင်းချောင်ရှောင်းသည် သွေးများဆူဝေလာခဲ့တော့၏။ ယခင်ကင်းသမားများ ၁၁ ယောက်နှင့် တိုက်ခိုက်ခဲ့စဉ်က သူသည် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခဲ့ပြီး အောင်မြင်ခဲ့ခြင်းပင်ဖြစ်၏။ သူ၏ အားအင်အဆင့်ကို သေသေချာချာ မစမ်းသပ်ခဲ့ရချေ။ လက်ရှိအခြေအနေမှာတော့ ကောင်းကောင်းတိုက်ခိုက်ဖို့ အခွင့်အရေးရပြီဖြစ်၏။

စနစ်က ပြောလိုက်သည်။ “နှစ်ယောက်လုံးဆီက ထွက်ပေါ်လာတဲ့ အော်ရာတွေကို သုံးသပ်ရမယ်ဆိုရင် ဒီတိုက်ပွဲဟာ အနည်းဆုံး ဘယ်သူ အနိုင်ရမလဲကို သုံးသပ်ဖို့ အပိုင်းနှစ်ပိုင်းလောက် ရေးရမယ်ထင်တယ်။”

ဆွစ် ………။

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ယွမ်ဟယ်ဆီသို့ တိုးဝင်သွား၏။ သူ၏ အလွန်အားကောင်းလှသော အော်ရာ များသည် လက်သီးထဲတွင် စုဝေးပြီးသည့်နောက်မှာတော့ အားကောင်းလှသည့် စွမ်းအင်များအဖြစ် ထိုးနှက်တိုက်ခိုက်တော့၏။

ဝှစ် ဝှစ်

လေထဲတွင် ဖုန်များ ဝဲလွင့်သွား၏။ ကျွင်းချောင်ရှောင်း၏ လက်သီးချက်ကြီးသည် ယွမ်ဟယ်ဆီသို့ ရောက်ရှိလာခဲ့၏။ အခြားတစ်ဖက် ယွမ်ဟယ်မှာတော့ တည်နေရာမှာတင် မတ်မတ်ရပ်လျက်ရှိ၏။ မျက်နှာပေါ်တွင် အပြုံးတစ်ခုတည်ရှိ လို့နေခဲ့သည်။

ဘုန်း

ရုတ်တရက် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီးသည့်နောက် ညမှောင်မှောင်ထဲတွင် မီးပန်းများဖောက်လိုက် သကဲ့သို့ လင်းလက်သွားခဲ့၏။ ပတ်ဝန်းကျင်တည်နေရာကြီးတစ်ခုလုံး လင်းထိန်သွား၏။

ဝှစ် ဝှစ် ဝှစ် …….။

လှိုင်းအဟုန်များသည် တဖြည်းဖြည်းဖြစ်တည်လာပြီးသည့်နောက်မှာတော့ ကြမ်းတမ်းလှသည့် လေများသည် တဟုန်းဟုန်း နှင့်တိုက်ခိုက်နေ၏။ ကျွင်းချောင်ရှောင်းသည် ယွမ်ဟယ် ရပ်တန့်သည့်နေရာတွင် ရောက်ရှိနေပြီဖြစ်သည်။

မျက်နှာပေါ်တွင်တော့ နဝေတိန်တောင်အမူအယာမျိုးနှင့်ပင်။ ယွမ်ဟယ်သည် အဝေးဆီသို့လွင့်စင်သွားခဲ့ပြီး ခပ်ဝေးဝေးတည်နေရာရှိ ဥက္ကာခဲကြီးတွင် ကျွံဝင်လျက်ရှိနေ၏။

ဝေါ့ ….

ယွမ်ဟယ်သည် သွေးတစ်လုတ်အန်ထုတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ခက်ခက်ခဲခဲပြောလိုက်သည်။

“မင်း … မင်းနိုင်ပြီ”

“………” ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွား၏။

စနစ်က ထအော်လိုက်သည်။ “ဒါနည်းနည်းမလွန်လွန်းဘူးလား။ ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်တွေကို အသုံးပြုပြီး သွေးအန်ထုတ်ပြနေတာ။ အရိုက်ခံရတာမျက်နှာလေ ။ ဘယ်လိုကြောင့် သွေးအန်ရတာလဲ။”

…

စိတ်လှုပ်ရှားစရာကောင်းမွန်လှသော တိုက်ပွဲကြီးသည် လက်ဝါးရိုက်ချက်တစ်ခုတည်းနှင့်ပင် ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ ကြည့်ရှုနေသူများဆိုလျင် နေကြာစေ့တစ်ခုတောင် ကိုက်လိုက်ရမည်မဟုတ်ချေ။

“ဒါဘာကိုဆိုလိုတာလဲ” ကျွင်းချောင်ရှောင်းက မျက်မှောင်ကုတ်လိုက်သည်။

ယွမ်ဟယ်သည် အမှတ်မထင်နှင့်ပြောလိုက်၏။ “ဘာမှမဟုတ်ပါဘူး။ ငါမင်းကို မနိုင်တာပဲလေ။”

“…….” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။

ယွမ်ဟယ်ကပြောလိုက်၏။ “ဒါဆို ငါ့ကိုခေါ်သွားတော့ ကျုပ်က ကြယ်ကောင်းကင်ခံတပ်ကိုပဲ ပစ်မှတ်ထားတာ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူအနေနှင့် ဤအဖွဲ့ကို သုတ်သင်ရှင်းလင်းပစ်ချင်နေ၏။ သို့ပေမဲ့ အားလုံးသောသူများကို မသတ်ဖြတ်ချင်ပေ။

“ငါအနေနဲ့ ငါတရားမျှတတယ်ထင်တဲ့ အလုပ်တွေအကုန်လုံးကို လုပ်ခဲ့ပြီးပြီ။”

ယွမ်ဟယ်က ပြောလိုက်သည်။ “ဒီတော့ မင်းငါ့ကို ချင်းယန်နိုင်ငံရဲ့ နိုင်ငံအုပ်ချုပ်သူလို့ သတ်မှတ်နေသေးတယ်ဆိုရင်တော့ အဓိပ္ပာယ်မရှိဘူး ကင်းသမားတွေနဲ့အတူတူ ဆက်ဆံတာပဲကောင်းလိမ့်မယ်။”

ဆွတ်

သူသည် ချက်ချင်းပဲ ယွမ်ဟယ်ဆိုလိုသည်ကို နားလည်လိုက်မိ၏။ လက်တစ်ချက်ယမ်းခါပြီးသည့်နောက်မှာတော့ သူသည် ယွမ်ဟယ်အား ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ပို့ဆောင်ပြီး နဝမမြောက်အကျဉ်းထပ်ဆီသို့ စေလွတ်လိုက်၏။

ဘုတ်

ကင်းသမားများ၏ ဂုဏ်သိက္ခာကို ကာကွယ်မည်ဟု သတ်မှတ်ခံထားရသော ငါးယောက်မြောက်ကင်းသမားသည် ရုတ်တရက် သူတို့၏ ရှေ့ကို ရောက်ရှိလာသည့်အချိန်မှာတော့ ခေါင်းဆောင်ကျိ နှင့် တစ်ခြားသူများအားလုံးသည် ကြက်သေသေလျက်ရှိနေတော့၏။ ၎င်းတို့အားလုံးသည် အမှန်ပင် စိတ်ပျက်လက်ပျက်ခံစားလိုက်မိ၏။

“အားလုံးပဲ”

ယွမ်ဟယ်၏ မျက်နှာသည် ဖြူလျှော်လျက်ရှိနေသည်။ “ဒီလူက အရမ်းအားကောင်းတယ်။”

…….

စောင့်ကြည့်ရေးအခန်းထဲတွင် မတ်တပ်ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ယွမ်ဟယ်၏ သရုပ်ဆောင်မှုကို မြင်ရသည့်အချိန်မှာတော့ မချီးကျူးပဲနေနိုင်ချေ။ ဤသရုပ်ဆောင်မှုစွမ်းရည်သည် သူ့ထက်ပင် ပိုမိုကာကောင်းမွန်နေသေး၏။

သူသည် ယွမ်ဟယ်အား ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့၏။ သို့ပေမဲ့ အပေါ့စားဒဏ်ရာများသာဖြစ်သည်။ ဒါပေမဲ့ တစ်ဖက်လူမှာ ယခုပင်သေတော့လုမတတ် လေးနက်သည့် ပုံစံမျိုးဖြင့် ဟန်လုပ်သရုပ်ဆောင်လျက်ရှိနေတော့သည်။

အထဲတွင်ရှိသော ကင်းသမားများသည် ဘာတွေဖြစ်ခဲ့သည် ဆိုသည်ကို ကောင်းကောင်းမသိချေ။ သို့ပေမဲ့ သူတို့ထဲတွင် အားအကောင်းဆုံးဟုသတ်မှတ်ထားသော ငါးယောက်မြောက်ကင်းသမားသည် ဤကဲ့သို့ ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံရသည်ကို မြင်ရသည့်အချိန်မှာတော့ တစ်ဖက်လူမည်မျှအားကောင်းသည် ဆိုသည်ကို မစဉ်းစားပဲ မနေနိုင်တော့ချေ။

တစ်ဖက်လူသည် တည်နေရာချိုးဖျက်ခြင်း အထက်အဆင့်ဆီသို့ ရောက်ရှိနေသည့် လူတစ်ယောက်များလား။

All Chapters