← Chapters

အခန်း (၁၃၀၂)

Vol. 88 Ch. 1302

အခန်း (၁၃၀၂)

Vol. 88 Ch. 1302

ခံတပ်သခင်သည် မဟာယနစည်းဟု ခေါ်သော သိုင်းကျင့်ကြံခြင်းနည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်သည့် အချိန်မှာတော့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအင်များသည် ရုတ်တရက် ခမ်းခြောက်သွားသလို ဖြစ်သွား၏။ ပြီးသည့်နောက် မြေပေါ်သို့ လဲကျလုမတတ်ပင် ဖြစ်နေသည်။

ဤအရာသည် အထက်နယ်မြေဆီမှ နယ်မြေဟောခန်း၏ အထူးလျှို့ဝှက်နည်းစနစ်ဖြစ်သည်ဆိုသော်လည်း အောက်နယ်မြေမှ လူများ အသုံးပြုနိုင်ရန်အတွက် အထူး ပြန်လည်ပြင်ဆင်ထားသည့် အရာမျိုးဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ အသုံးပြုရန်အတွက် အလွန်တရာ ခက်ခဲလို့နေသည်။ သို့သော်ငြား အလွန်တရာတော့ အားကောင်းလွန်းလှ၏။

နယ်မြေဟောခန်းနှင့် ယခင်တုန်းက ရင်ဆိုင်ခဲ့ဖူးသည့် ဆေးမင်ကြောင်နှင့်လူသည် ထိုသိုင်းနည်းစနစ်ကို မြင်ဖူးခဲ့ ပြီးသား ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ သူသည် အောက်နယ်မြေ၌ အကျဉ်းချ ခံထားရပြီး သူ၏ အားအင် အဆင့်သည်လည်း ယုတ်လျော့သွားခဲ့၏။ ထို့ကြောင့် သူ့အနေနှင့် ဤတိုက်ခိုက်ချက်ကို ထိပ်တိုက် ရင်ဆိုင်မည်ဆိုပါက ကျိန်းသေပေါက် သေဆုံးသွားပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် လက်ဝါးရိုက်ချက်ကြီး ကျဆင်း လာသည်နှင့်တပြိုင်နက် သူသည် လက်ဝါးနှစ်ဖက်ကို ဖြန့်ကားကာဖြင့် သေဆုံးခြင်းအား ကြိုဆိုလျက်ရှိ၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်နေခဲ့သည်။

သို့ပေမဲ့ သူ၏ အပြုံးသည် ရုတ်တရက် ဆွံ့အသွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် စွန်းဝူခုံးဝတ်စုံကို ဝတ်ဆင်ထားသည့် ကျွင်းချောင်ရှောင်းသည် လက်ဝါးရိုက်ချက်ကြီးကို အပေါ်ကိုတက်ကာ ခုခံကာကွယ်နေသောကြောင့်ပင်ဖြစ်သည်။ “ခင်ဗျား ကျုပ်ကို သတ်ချင်တာ ဟုတ်လား”

ဘုန်း

ဝတ်စုံ၏ ထောက်ပံ့မှုနှင့်အတူ အလွန်အားကောင်းလှသည့် အားလှိုင်းများသည် တည်နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့၏။ အထက်နယ်မြေမှ ကျဆင်းလာခဲ့သလို အားကောင်းလွန်းလှသော လက်ဝါးရိုက်ချက်ကြီးသည် ရုတ်တရက် အပေါ်ဘက်သို့ ပြန်လည်တွန်းကန်ခြင်းကို ခံလိုက်ရပြီး လေထုထဲမှာတင် အပိုင်းပိုင်းအစစ ပျောက်ကွယ်သွားခဲ့၏။

ဆေးမင်ကြောင်နှင့်လူသည် ကြောင်အသွားခဲ့၏။ သူ့အနေနှင့် ငရဲကြီးကိုးထပ်တွင် ချုပ်နှောင်နေရသည့်အချိန်တွင် အကြိမ်ပေါင်းများစွာ သေဆုံးရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ အသုံးမဝင်ခဲ့ချေ။ လက်ရှိ တစ်ဖက်လူသည် နယ်မြေ ဟောခန်း၏ လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်သည့်အချိန်မှာတော့ သူသည် အချိန်အတော်ကြာ တောင့်တမျှော်မှန်းနေခဲ့သော သေဆုံးခြင်းတရားကို ကြုံဆုံရတော့မည်ဟု စဉ်းစားလိုက်မိ၏။ သို့ပေမဲ့ ဤကောင်လေးကြောင့် သူ၏ ဆန္ဒများ ကျိုးပျက်သွားခဲ့ရပြီ ဖြစ်သည်။

အား ….။

ဆေးမင်ကြောင်နှင့်လူသည် ခေါင်းကို အသာမော့ကာဖြင့် အော်ဟစ်လိုက်၏။ “မင်း ငါ့ရဲ့အစီအစဉ်တွေကို ဖျက်ဆီးပစ်လိုက်ပြီပဲ”

ဘုန်း

ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် သူ၏ရှေ့၌ ပေါ်လာ၏။ ပြီးသည့်နောက်မှာတော့ အလွန်တရာ ကြည့်ကောင်းလှသည့် ဟန်ပန်မျိုးဖြင့် နောက်ဂျွန်းပစ်ကာ ခုန်ကန်လိုက်၏။ သူသည် တိုက်ရိုက်ပဲ တစ်ဖက်လူ၏ ညာဘက်မျက်နှာ တည့်တည့်ကို ကန်ချလိုက်ခြင်း ဖြစ်သည်။ “ခင်ဗျား ရူးနေတာဆိုရင် ဆေးသွားသောက်လိုက်။ ဒီမှာလာပြီး ရှုပ်မနေနဲ့”

ဝေါ့

နံရံနှင့် ရိုက်မိသွားသော ဆေးမင်ကြောင်နှင့်လူသည် သွေးများ အန်ထွက်လာခဲ့၏။ သူ၏ မျက်လုံးများသည် တောက်ပလျက်ရှိ၏။ “ဒီကောင်က အရမ်း အားကောင်းတာကိုး။ သူ ကျိန်းသေပေါက် ငါကို သတ်နိုင်လိမ့်မယ်”

တောက်လျှောက် ဒုက္ခပေးလျက်ရှိနေသည့် ဤလူကို ကန်ထုတ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အသာလှည့်ကာဖြင့် စွန်းဝူခုံးကဲ့သို့ မောက်မာစွာ ပြောလိုက်၏။ “ကျုပ် ဒီနေ့ ခင်ဗျားရဲ့ သောက်သုံးမကျတဲ့ခံတပ်ကို တစ်ခါတည်း ဖျက်ဆီးပစ်မယ်။ ပြီးတော့ ခင်ဗျား ပြောပြောနေတဲ့ စည်းမျဉ်းတွေ၊ ဥပဒေသတွေဆိုတဲ့အရာတွေ အကုန်လုံးကို ဖျက်ဆီးပစ်မယ်”

...........

ခံတပ်သခင်၏ အမူအရာသည် ရုတ်တရက် ပျက်ယွင်းသွားခဲ့၏။ နယ်မြေဟောခန်း၏ လျှို့ဝှက် နည်းစနစ်သည် လွယ်လွယ်ကူကူ ထုတ်ဖော်အသုံးပြု၍ရသည့်အရာမျိုး မဟုတ်ချေ။ သို့ပေမဲ့ ထိုတိုက်ခိုက်ချက်အား ဤကောင်လေး သည် ချိုးဖြတ်နိုင်ခဲ့၏။

ကြည့်ရသည်မှာ တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်၏ ထိပ်ဆုံးအဆင့်ဆီသို့ ရောက်ရှိနေသည့် ကျင့်ကြံသူပင် ဖြစ်ပေလိမ့်မည်။ ပြောနေစရာပင် မလိုချေ။ သူခန့်မှန်းသည်မှာ အမှန်ပင် ဖြစ်တော့၏။

ကျွင်းချောင်ရှောင်းသည် ဓားနှင့်သိုင်းအင်ပါယာအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသည့်နောက်မှာတော့ တည်နေရာ ချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်၏ ထိပ်ဆုံးဆီသို့ ရောက်ရှိသွားခဲ့၏။ ထို့ကြောင့်ပင်လျှင် ကင်းသမား ဆယ့်နှစ်ယောက်အား တိုက်ခိုက်အနိုင်ယူခဲ့ခြင်းပင် ဖြစ်သည်။

“ကောင်လေး”

ခံတပ်သခင်သည် အေးစက်စက် ပြောလိုက်၏။ “ဒီကိုအရင်လာတိုက်”

ဟူး

ပြောပြီးပြီးချင်းမှာပဲ သူသည် လေထုထဲတွင် ပျောက်ကွယ်သွားသည်။

“ပြေးချင်တာလား”

ကျွင်းချောင်ရှောင်းသည် သူ၏ နောက်ဘက်ရှိ ဝတ်ရုံကြီးကို အသာဝှေ့ယမ်းလိုက်၏။ ပြီးနောက် တစ်ဖက်လူနောက်သို့ လိုက်ရန် ပြင်လိုက်၏။ သို့ပေမဲ့ သူ ရှေ့သို့ မလှမ်းခင်မှာပဲ ကြောက်မက်ဖွယ် ကောင်းလှသည့် အားအင်လှိုင်းများသည် ရုတ်တရက် သူ၏နောက်ဘက်ဆီမှ ဖြစ်တည်လာခဲ့၏။ ထို့ကြောင့် အသာ လှည့်ကာဖြင့် လက်သီးနှင့် ထိုးလိုက်၏။

ဟူး

ထန်း ထန်း ထန်း ထန်း …။

အားကောင်းလွန်းသော စွမ်းအင်များနှင့် တိုက်ရိုက် ထိတွေ့ပြီးသည့်နောက်မှာတော့ ကုန်းရှန့်သည် အနောက် ဘက်ဆီသို့ ခြေလှမ်းဆယ်လှမ်းခန့် ဆုတ်ခွာသွားခဲ့ရ၏။ သူသည် ခက်ခက်ခဲခဲဖြင့် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းသိမ်းပြီးသည့်နောက် မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွားရသည်။

“အမှိုက်လေး”

ခေါင်းငုံ့လျက်ရှိနေသည့် ဆေးမင်ကြောင်နှင့်လူသည် သူ၏ခါးကို အသာကုန်းထားသည်။ မြေပေါ် တွင်တော့ ချိန်းကြိုးများသည် ပုံလျက်ရှိနေသည်။ သူ၏ လည်ချောင်းထဲမှ ထွက်ပေါ်လာခဲ့သလို အက်ကွဲကွဲ နိုင်လှသည်။ “မင်းရဲ့ ပြိုင်ဘက်က ငါပဲ”

“...........”

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်လိုက်မိသည်။ တစ်ဖက်လူသည် သူတို့နှစ်ယောက် တိုက်ခိုက်သည့်အချိန် တွင် ကြားထဲမှ ရှုပ်နေသည်သာမက လက်ရှိအခြေအနေမှာတော့ သေဆုံးခွင့်ရရန် တိုက်ခိုက်ချက်များရှေ့သို့ ပြင်းပြင်းထန်ထန်နှင့် ဝင်ရောက်လျက်ရှိနေ၏။ သို့ပေမဲ့ ဤမျှ ရိုက်နှက်ခံရပြီး အလုံးစုံ အဆင်ပြေနေသေးသည်။ အံ့အားသင့်စရာ ကောင်းလွန်းလှချေသည်။

“မမေ့နဲ့”

စနစ်က သတိပေးလိုက်သည်။ “သူက အထက်နယ်မြေရဲ့ ရာဇဝတ်သားတစ်ယောက်လေ”

ကျွင်းချောင်ရှောင်းသည် ဖြူမဲညီနောင်တို့ကို စဉ်းစားလိုက်မိ၏။ ဤညီအစ်ကို နှစ်ယောက်တို့သည် အထက်နယ်မြေဆီမှ ရောက်ရှိလာခဲ့၏။ သူ့အနေနှင် ကျောက်ရုပ်ထုကြီး၏ အစွမ်းကို ထုတ်ဖော်အသုံးပြုပြီး ရိုက်နှက်ခဲ့သည်တောင်မှ ဖြူမဲညီနောင်တို့သည် အဆင်ပြေခဲ့သေး၏။

“ချီးတဲ့မှ... အထက်နယ်မြေက လူတွေအကုန်လုံးက မျက်နှာ အရေထူကြတာလား”

“အမှိုက်လေး”

ဆေးမင်ကြောင်နှင့်လူသည် ချိန်းကြိုးကြီးကို ဆွဲကာဖြင့် တစ်လှမ်းချင်း ရှေ့သို့ လျှောက်လာ၏။ သူ၏ မျက်လုံးများသည် တောက်ပလျက် ရှိနေသည်။ “မင်းကို ရွေးချယ်ခွင့် နှစ်ခုပေးမယ်။ တစ်ခုက ငါ့ကို သတ်ဖို့ပဲ။ နောက်တစ်ခုကတော့ ငါသတ်တာကို ခံဖို့ပဲ။ မင်းရွေးချယ်ထား”

“အားနာပါတယ်”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို့ ပြောလိုက်၏။ “ကျုပ် မသေချင်ဘူး”

“အရမ်းကောင်းတယ်”

ခြေဆယ်လှမ်းအကွာအဝေးသို့ ရောက်သည့်အချိန်မှာတော့ ဆေးမင်ကြောင်နှင့်လူသည် တိုက်ရိုက်ဆိုသလို မြေပေါ်သို့ လဲချလိုက်၏။ ပြီးသည့်နောက်မှာတော့ တင်ပါးတစ်ခြမ်းကို အသာစောင်းကာဖြင့် ဟန်ပါပါ ကိုယ်ဟန် အမူအရာမျိုးနှင့် ပြောလိုက်သည်။ “လာ ... ငါ့ကို လာသတ်တော့။ ငါ ကျိန်းသေပေါက် ခုခံမှာ မဟုတ်ဘူး”

“.........”

ကျွင်းချောင်ရှောင်း၏ အမူအရာသည် နဝေတိမ်တောင် ဖြစ်သွား၏။ တစ်ဖက်လူက ဤကဲ့သို့ ပုံစံမျိုးနှင့် လာရောက် သတ်ဖြတ်ရန် စိန်ခေါ်လျက်ရှိနေသည်။ ထူးခြားလှသည့် အသွင်အပြင်မျိုးပင် ဖြစ်ပေလိမ့်မည်။ “ရောင်းရင်း”

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် ခေါင်းကိုခါယမ်းလိုက်၏။ သူ၏ အကြည့်များသည် အေးစက်လျက် ရှိနေသည်။ “ခင်ဗျားက တကယ့်ကို စည်းကမ်းဘောင်မရှိတဲ့ လူတစ်ယောက်ပဲ”

“အင်း... သိပ်မှန်တာပေါ့”

ဆေးမင်ကြောင်နှင့်လူသည် သူ၏လက်ညိုးအား ကွေးချည်ဆန့်ချည် လုပ်ကာဖြင့် လှမ်းခေါ်လျက် ရှိနေသည်။ “လာ.. ငါ့ကို လာသတ်လိုက်။ ငါ ထပ်ပြီး မစောင့်ချင်တော့ဘူး” မြေပေါ်တွင် လဲလျောင်းလျက်ရှိနေသည့်လူသည် မည်သို့မှ မစောင့်နိုင်သည့် ပုံစံမျိုးဖြင့် ပြောဆိုလျက်ရှိ၏။

ဤအရာသည် ကျွင်းချောင်ရှောင်းအား အမှန်ပင် ဒေါသထွက်စေ၏။ သူသည် လက်ကို မြှောက်ပြီးသည့်နောက် တစ်လက်လက် တောက်ပနေသော မီးတောက်များကို စုစည်းလိုက်၏။ ပြီးသည့်နောက် ဒေါသတကြီး ပြောလိုက်တော့သည်။ “ခင်ဗျားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်”

ဟူး ဟူး

ကောင်းကင်နီဓားကွက်သည် အင်ပြည့်အားပြည့်ဖြင့် ဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ ငရဲကြီးကိုးထပ်ရှိ အပူချိန်များသည် ထိုးတက်သွားသည်။

သို့ပေမဲ့ ပေါက်ကွဲမှုများ ဖြစ်ပြီးသည့်နောက် ဆေးမင်ကြောင်နှင့် လူသည် မျက်နှာပေါ်တွင် ဖုန်များအလိမ်းလိမ်း ဖြစ်နေသည်ကလွဲ၍ အားလုံး အဆင်ပြေနေသေး၏။ ထို့သူသည် ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။ “ထမင်းတွေ ဘာတွေ မစားခဲ့ဘူးလား။ ချီးတဲ့မှ...”

ဒေါသတရားကို မည်သို့မှ မထိန်းသိမ်းနိုင်ခဲ့သော ကျွင်းချောင်ရှောင်းသည် သူ၏ လက်သီး၊ ခြေထောက်များတွင် အားများ ဖြည့်သွင်းကာ ဆေးမင်ကြောင်နှင့်လူဆီသို့ လှမ်းသွားခဲ့၏။ ပြီးသည့်နောက်မှာတော့ ပြင်းပြင်းထန်ထန်နှင့် ထိုးနှက်တော့သည်။

ဘုန်း ဘုန်း ဘုန်း

မည်သည့်ခုခံမှုများကိုမှ မပြုလုပ်ထားသော ဆေးမင်ကြောင်နှင့်လူသည် ကုန်းရှန့်၏ ဒေါသနှင့် ဆယ်မိနစ် ကျော်ကျော် တိုက်ခိုက်မှုကို ခံရပြီးသည့်နောက်မှာတော့ မြေပေါ်တွင် လဲကျလျက်ရှိနေသည်။

ကုန်းရှန့်သည် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ပြုလုပ်ရန်အတွက် သူ၏ စိတ်ဝိညာဉ်အမြူတေနှစ်ခုထဲမှ ဝိညာဉ်စွမ်းအင် တစ်ဝက်လောက် ကုန်ဆုံးခဲ့ရ၏။

သူသည် မောပန်းလွန်းသောကြောင့် အသက်ကိုပင် ပြင်းပြင်းထန်ထန် ရှူနေရသည်။ မြင်ကွင်းထဲမှာတော့ အထက်နယ်မြေမှရာဇဝတ်သားသည် မြေပေါ်တွင် လဲလျောင်းလျက် ရှိနေသည်ကလွဲလျှင် သေဆုံးခြင်းအဖြစ်သို့ မရောက်ရှိခဲ့ချေ။

ကျွင်းချောင်ရှောင်းသည် မောပန်းလျက်ရှိနေတုန်းမှာပဲ ဆေးမင်ကြောင်နှင့်လူသည် သူ၏လက်ချောင်းများကို ဖြည်းဖြည်းချင်း မြှောက်ကာဖြင့် ယမ်းခါလိုက်၏။ သူပြောဆိုနေသည့်အဓိပ္ပာယ်မှာ သူမသေသေးဟူသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

ဘုန်း ဘုန်း

ကုန်းရှန့်သည် ဒေါသထွက်သွား၏။ ထို့ကြောင့် သူ၏ ခြေထောက်ကို မြှောက်ကာဖြင့် တစ်ဖက်လူ၏ မျက်နှာအား အားရပါးရ ဆောင့်နင်းတော့သည်။ သူသည် အော်ဟစ်ဆဲဆိုလျက်ပင် ရှိသေး၏။ “ဒီလောက်မာတဲ့လူ တစ်ခါမှ မမြင်ဖူးဘူး”

စနစ်က ပြောလိုက်သည်။ “ငါတော့ အရင်က မြင်ဖူးတယ်”

ထို့အပြင် ကျွင်းချောင်ရှောင်းသည် လူသားတစ်ယောက်ပင် ဖြစ်သေး၏။ စိတ်ဝိညာဉ်စွမ်းအင် တော်တော် များများကို အသုံးပြု၍ ခံတပ်သခင်နှင့် တိုက်ခိုက်ခဲ့ရ၏။ ထို့အပြင် မဟာယနစည်း တိုက်ကွက်ကိုလည်း ခုခံခဲ့ရ သေး၏။ ထို့ကြောင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးသည့်နောက် မည်သို့မှ မနေနိုင်တော့ဘဲ မြေပေါ်သို့ ထိုင်ချကာ အသက်ကို မောကြီးပန်းကြီး ရှုနေရ၏။

ကြီးမားသည့်တွင်းကြီးထဲတွင် နစ်မြှုပ်လျက်ရှိနေသည့် ဆေးမင်ကြောင်နှင့်လူမှာတော့ ခန္ဓာကိုယ်တစ်ခုလုံးသည် ဆိုးရွားစွာ ရိုက်နှက်ခံထားရသည်ဖြစ်သောကြောင့် လူသားတစ်ယောက်ဟုပင် ပြောဆို၍ မရတော့ချေ။ တစ်ကိုယ်လုံး ပျော့ခွေလျက် ရှိနေသည်။

“ခံတပ်သခင်ရဲ့ သိုင်းကျင့်ကြံခြင်း နည်းစနစ်က အရမ်းကို အားကောင်းတယ်ဆိုပေမဲ့ သူ့ကို ကြည့်ရတာ တိုက်ခိုက်မှုရဲ့အောက်မှာ အလုံးစုံ အားကုန်သွားတဲ့ပုံပဲ။ အခု အားပြန်မွေးနေတာ ဖြစ်မယ်”

ကျွင်းချောင်ရှောင်းက တွေးလိုက်မိ၏။ “ငါ ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်ပြီး အားကောင်းအောင် လုပ်ရမယ်။ ပြီးလို့ရှိရင် ကြယ်ကောင်းကင် ခံတပ်ကို…”

ရုတ်တရက် သူ၏ မျက်လုံးများသည် ပြူးကျယ်သွားမိ၏။ အကျဉ်းထောင်ထဲတွင် ပိုးစုန်းကြူးကဲ့သို့ အလင်းများ တဖြည်းဖြည်း ဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ သေမလိုဖြစ်နေသည့် ဆေးမင်ကြောင်နှင့် လူ၏ရှေ့တွင် ထိုအလင်းများ စုစည်းလာခဲ့သည်။

ပြီးသည့်နောက်မှာတော့ ဆန်းကြယ်လွန်းသော အရာတစ်ခုက ဖြစ်တည်လာခဲ့ သည်။ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားသော တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအားလုံးသည် ပုံမှန် အတိုင်း ပြန်လည် ကောင်းမွန်သွားတော့၏။

“ချီးတဲ့မှ...”

ကျွင်းချောင်ရှောင်းက တုန်လှုပ်သွားမိသည်။ “ဒီလူက ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစားနိုင်စွမ်းလည်း ရှိတာလား”

ဖြောက် ဖြောက် ဖြောက်

၎င်း၏ အရေပြားများသည် ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်သွားပြီးသည့်နောက်မှာတော့ ဆေးမင်ကြောင်နှင့် လူသည် တွင်းထဲမှ မတ်တပ်ထရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ကျောရိုးမကြီးကို ဆန့်ကာ အကြိမ် အနည်းငယ်လောက် ခုန်လိုက်၏။ သူ၏ မျက်နှာပေါ်တွင်တော့ မျက်ရည်များ ဝိုင်းလျက် ရှိနေ၏။ “ငါ ဘာလို့ ခုချိန်ထိ အသက်ရှင်နေရတာလဲ”

“..........”

ကျွင်းချောင်ရှောင်းသည် သွေးအန်လုမတတ် ဖြစ်နေ၏။ ဤစကားကို နားထောင်လိုက်သည်နှင့် ဆေးမင်ကြောင်နှင့်လူသည် မသေဆုံးသောကြောင့် အလွန်တရာ စိတ်ပျက်လျက်ရှိနေကြောင်း သိသာလှသည်။

“ညီလေး... ညီလေး”

ဆေးမင်ကြောင်နှင့်လူသည် မြေပေါ်တွင် ဒူးထောက်ထိုင်ချပြီးသည့်နောက်မှာတော့ သူ၏ မျက်နှာကို လက်နှင့် အုပ်ကာ ကာ အော်ဟစ်ငိုယိုလိုက်တော့၏။ “ငါတောင်းပန်ပါတယ်။ ငါ့ကို သတ်လိုက်ပါတော့”

All Chapters