အခန်း (၁၃၀၁)
Vol. 88 Ch. 1301
နဝမမြောက်အထပ်ဆီသို့ ရောက်ရှိလာပြီး အထက်နယ်မြေဆီမှ အကျဉ်းသားကို လာရောက်ကြည့်ရှုသည့် ကျွင်းချောင်ရှောင်းသည် ဤအဆင့်တွင် ခံတပ်သခင်နှင့် တစ်ခါတည်း တွေ့လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ တစ်ဖက်လူသည် သူ ဤနေရာသို့ ဝင်ရောက်လာသည်ကို သိရှိပြီး ဖြစ်လို့နေ၏။ တကယ်လည်း သိရှိနေသင့် ပေသည်။ အဘယ်ကြောင့်ဆိုသော် ခံတပ်သခင်သည် အကြိမ်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ် သေလမ်းရှာလျက် ရှိနေသည့် ဆေးမင်ကြောင်နှင့်လူအား တစ်ချိန်လုံး စောင့်ကြည့်ရေးခန်းထဲတွင် စောင့်ကြည့်နေသောကြောင့်ပင် ဖြစ်တော့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းတစ်ယောက် အစီအရင်ကို ချိုးဖြတ်နေကြောင်း မသိရှိဘူး ဆိုပါက မျက်လုံးကန်းနေ၍သာ ဖြစ်ပေလိမ့်မည်။
ခံတပ်သခင်သည် အံ့အားသင့်မိနေ၏။ ဤသာမန်ပုံစံရှိသည့် ကျောင်းတော်သားတစ်ယောက်သည် ပထမအထပ် ဆီမှသည် နဝမမြောက်အထပ်ဆီသို့ ရောက်ရှိလာခဲ့၏။ သူသည်သာ ဤနေရာမှာ တစ်ချိန်လုံး စောင့်ကြည့် မနေလျှင် သတိထားမိလိမ့်မည် မဟုတ်ပေ။
“ဖြစ်နိုင်တာက”
သူ၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သွား၏။ “မင်းက အဓိကပြဿနာကောင်တွေကို ထောင်ထဲကနေ ထုတ်သွားတဲ့ကောင် မဟုတ်လား”
ကျွင်းချောင်ရှောင်းသည် တည်နေရာရွေ့ပြောင်းခြင်းအစီအရင်ကနေ အောက်ဆီသို့ ဆင်းသက်လာသည်ဆိုပါက သူသည် ဤကိစ္စကို ကိစ္စကြီးဟု သတ်မှတ်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ တစ်ဖက်လူသည် တည်နေရာရွေ့ပြောင်း ခြင်းအစီအရင်ဆီမှ ရောက်ရှိလာခဲ့ခြင်းမဟုတ်ဘဲ တည်နေရာအတားအဆီးနှင့် ပေါင်းစပ်ကာ အထဲသို့ ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်သည်။
“အမ်... ဒါက”
ကုန်းရှန့်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။
သူ၏ အစီအစဉ်သည် အမှောင်ထဲမှာ ပုန်းအောင်းကာ တိတ်တဆိတ်ဖြင့် ချိန်ကိုက်ဗုံးကို ထောင်ခဲ့ရန်ပင်ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်၏ ဆရာကြီးနှင့် လွယ်လွယ် ကူကူ တွေ့ဆုံခဲ့ရသည်။
“ဟား ဟား ဟား ဟား”
ထိုအချိန်မှာပဲ အဝေးဆီမှ ရယ်သံကြီး ထွက်ပေါ်လာခဲ့၏။ လက်နှင့် ခြေကျင်းဝတ်များအား ချိန်းကြိုးများနှင့် ချုပ်နှောင်ခြင်း ခံထားရသည့် ဆေးမင်ကြောင်နှင့်လူသည် အမှောင်ထဲမှ လှမ်းလျှောက်ထွက် လာ၏။ သူသည် ရှုပ်ထွေးပေပွလျက်ရှိနေသည့် အမဲရောင်ဆံနွယ်များကို ဖယ်ရှားလိုက်သည့်အချိန်မှာတော့ မျက်နှာတွင် သွေးများနှင့် ပြည့်နှက်နေ၏။ ထိုသူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်မိ၏။ “ကြည့်ရတာ နည်းနည်း စိတ်လှုပ်ရှားဖို့ ကောင်းလာသလိုပဲ”
“........”
ကျွင်းချောင်ရှောင်းက ပြောလိုက်မိ၏။ “ဒါက အထက်နယ်မြေရဲ့ ရာဇဝတ်သားလား။ ဆိုးဆိုးရွားရွား နှိပ်စက်ခံထား ရတာပဲ။ လူသားမဆန်လိုက်တာ”
“ဒါက ခံတပ်နဲ့ ဘာမှ မဆိုင်ဘူးကွ” ခံတပ်သခင်သည် ဒေါသတကြီးနှင့် ခွန်းတုံ့ပြန်လိုက်မိသည်။
ကျွင်းချောင်ရှောင်းသည် အတွေးနက်နေသည့် ဟန်ပန်အမူအရာမျိုးဖြင့် ပြုံးလျက်ရှိနေ၏။
ဟား ဟား ဟား ဟား
ဆေးမင်ကြောင်နှင့်လူသည် အားရပါးရ ရယ်မောကာ ပြောလိုက်သည်။ “မင်းတို့ နှစ်ယောက်ကို ကြည့်ရတာ အားကောင်းမယ်လို့ ထင်တယ်။ လာခဲ့။ မြန်မြန် ငါ့ကို သတ်ကြ”
ကျွင်းချောင်ရှောင်းသည် ထိုသူ့ကို လျစ်လျှူရှပြီးသည့်နောက် ခံတပ်သခင်ကို လှည့်ကြည့်ကာ ပြောလိုက်၏။ “ဒီကိုဝင်ဝင်ချင်း ခင်ဗျားနဲ့ တွေ့လိမ့်မယ်လို့ မထင်မှတ်ဘူးလေ။ ဒီလိုဆိုမှတော့ ငရဲကြီးကိုးထပ်မှာရှိတဲ့ အဓိကပြဿနာ ကောင်တွေ အကုန်လုံးကို ခေါ်ဆောင်သွားခဲ့တာ ကျုပ်ပဲ။ ဒါက အမှန်ပဲ”
သူသည် ဝန်ခံခဲ့၏။ သူသည် ရှိရှိသမျှသော ဝှက်ဖဲများအားလုံးကို ထုတ်ဖော်ခဲ့ပြီး ဖြစ်တော့၏။ မနှေးနှင့် မမြန်ဆိုသလိုပဲ ဤအရာသည် ပေါ်သွားမှာ သေချာ၏။ နှေးခြင်းနှင့် မြန်ခြင်းကသာ ကွာပေလိမ့်မည်။
ခံတပ်သခင်၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သွားခဲ့၏။ ဤ အားနည်းလွန်းသည့်ပုံစံပေါ်သော ကျောင်းတော်သားတစ်ယောက်သည် ငရဲကြီးကိုးထပ်ထဲတွင် ရှိနေသော အဓိကပြဿနာကောင်များ အားလုံးကို ခေါ်ဆောင်သွားသူတစ်ယောက်ဖြစ်မှန်း သိသည့်အချိန်မှာတော့ သူ အံ့အားသင့်မိသွား၏။ ပို၍ အံ့အားသင့်စေသည့် အရာသည် အရာအားလုံးကို ခေါ်ဆောင်သွားပြီးသည့်နောက်တွင် အဘယ်ကြောင့် ပြန်လည်ကာ ရောက်ရှိလာရ သနည်း။
“ငရဲကြီးကိုးထပ်က အထက်နယ်မြေက ဖန်တီးထားတာ။ ဒီအထဲမှာ ချုပ်နှောင်ထားတဲ့လူတွေ အကုန်လုံးက တကယ့်ကို အန္တရာယ်များတဲ့လူတွေကြီးပဲ။ ခွင့်ပြုချက်မရှိဘဲနဲ့ ဒီထဲကနေ ထုတ်ပေးလိုက်တယ်ဆိုတော့ မင်းရဲ့ အပြစ်ဒဏ်က ဖြေဖျောက်ပေးလို့ရတဲ့အရာမျိုး မဟုတ်တော့ဘူး။ ဒီနေ့မှာတော့”
ခံတပ်သခင်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ဆီမှ ကြမ်းတမ်းလွန်းသော အော်ရာများ ထွက်ပေါ်လာခဲ့တော့သည်။ သူပြောဆိုသော အမူအရာသည် တစ်ဖက်လူအား သေမိန့်ပေးလိုက်ခြင်းပင် ဖြစ်တော့၏။ “မင်းသေပြီ”
ဤစကားစုသည် အထက်နယ်မြေ၏ အပြစ်ပေးမှုကို အကြိမ်ကြိမ်ခံရပြီးသည့် ကျွင်းချောင်ရှောင်း အတွက်တော့ အမှန်ပင် နာကျင်သည့်ခံစားချက်များကို ခံစားရစေ၏။ သူ၏နှလုံးသားထဲတွင် ဒေါသတရားများ လှိမ့်တက် လာခဲ့၏။ သူသည် ဒေါသတကြီးဖြင့် ပြောလိုက်မိသည်။ “ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် သေမျိုးလောကရဲ့ အုပ်ချုပ်သူတစ်ယောက်လို့ ထင်နေတာလား။ တခြားသူတစ်ယောက်ရဲ့ သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်တဲ့ လူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မှတ်နေတာလား”
ရုတ်တရက် အားကောင်းလွန်းလှသော လှိုင်းအဟုန်တစ်ခုသည် တည်နေရာထဲတွင် ဖြစ်တည်လာပြီးနောက် အကျဉ်းခန်းကြီးတစ်ခုလုံးသည် တုန်ယင်လာခဲ့တော့၏။ ဤတည်နေရာကြီးတစ်ခုလုံး၏ ခံတပ်သခင်နှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အချိန်မှာတော့ ကြီးကျယ်လွန်းသော အော်ရာများကို ထုတ်ဖော်၍ တိုက်ခိုက်မှ ဖြစ်ပေ တော့မည်။
တစ်ဖက်လူသည်ကလည်း ပိုမိုကာ မြန်ဆန်လွန်းလှ၏။ တစ်ခါတည်း ထုတ်ဖော်ကာ တိုက်ခိုက်ခြင်းကို ပြုမူတော့ သည်။ သို့ပေမဲ့ ၎င်းသည် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ကို မထိမှန်ခဲ့ချေ။ ထိုအစား သူ၏ တိုက်ခိုက်ချက်သည် ဆေးမင်ကြောင်များရှိနေသည့် လူ၏ ကျောပေါ်သို့ ကျဆင်းသွားခဲ့၏။
ထိုသူ၏ မျက်နှာသည် နာကျင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။ ထိုသူက ပြောလိုက်တော့သည်။ “ချီးတဲ့မှ... နေလို့ထိုင်လို့ ကောင်းလိုက်တာ”
ခံတပ်သခင်သည် ဆွံ့အသွားမိ၏။ သူသည် သူ၏ရန်သူကို တိုက်ခိုက်ရန် ပြင်လိုက်သည့်အချိန်မှာပဲ တစ်ဖက်လူ သည် ကြားထဲသို့ ဝင်ရောက်ကာ တိုက်ခိုက်မှုကို ခံခဲ့ရ၏။ မည်သည့်ကာကွယ်မှုကိုမှ မပြုလုပ်ခဲ့သောကြောင့် မိမိ ကိုယ်ကို သတ်သေခြင်းနှင့်ပင် ဆင်တူတော့၏။
“ငါတို့ တစ်ယောက်ကို တစ်ယောက် သိနေလို့လား။ ငါသူ့ကို ထောင်ထဲက လာခေါ်ထုတ်တယ်ဆိုတာသိလို့ ငါ့ကို လာပြီး ကူညီတာလား” ကျွင်းချောင်ရှောင်းက ကြောင်အသွားမိသည်။
“ကောင်လေး”
ဆေးမင်ကြောင်များနှင့်လူက ပြောလိုက်၏။ “သူ မင်းကို ရိုက်ချင်နေတယ်လေ။ မင်း ယောက်ျား တစ်ယောက်ဆိုရင် သူ့ကို ပြန်ရိုက်တော့”
ဝှစ်
ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက်မှာတော့ ခန္ဓာကိုယ်ထဲတွင် ရှိသော စိတ်ဝိညာဉ် စွမ်းအင်များကို ထုတ်ဖော်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် ခံတပ်သခင်ကို အားကုန် တိုက်ခိုက်တော့ သည်။
သို့ပေမဲ့ သူ့အား စိတ်ဓာတ်ကျစေသည်မှာ သူတိုက်ခိုက်လိုက်သည်နှင့်တပြိုင်နက် ဆေးမင်ကြောင်နှင့် လူသည် တစ်ဖက်မှ ဝင်ရောက်ကာ ခုခံလျက် ရှိနေ၏။ ၎င်းသည် ပြုံးပြုံးကြီး ရိုက်နှက်ခံနေရ၏။ “ခင်ဗျား ရူးသွားတာလား”
ဘုန်း ဘုန်း
ကျွင်းချောင်ရှောင်း၏ လက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့သော ဆေးမင်ကြောင်နှင့်လူသည် ရုတ်တရက် အဝေးဆီသို့ လွင့်စင်သွားခဲ့သည်။ ထိုသူသည် နံရံနှင့် သွားရောက်တိုက်မိကာဖြင့် မြေပေါ်သို့ ပြုတ်ကျသွားပြီး ပျော့ခွေသွားခဲ့၏။ အလွန်တရာ နာကျင်လှသည်ဆိုသော်လည်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ကတော့ တည်ရှိနေသေးသည်။
အထက်နယ်မြေဆီမှ ရာဇဝတ်သားသည် အလွန် အားကောင်းလှသည်ကိုတော့ သူ ဝန်ခံမိ၏။ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခံရပြီးသည့်နောက်မှာတော့ ဒဏ်ရာအကြီးအကျယ် ရရှိသွားခဲ့သည် ဆိုလျှင်တောင်မှ ခန္ဓာကိုယ်မှာတော့ အလုံးစုံ ကောင်းမွန်လျက် ရှိနေသည်။ ၎င်း၏ ခုခံနိုင်မှုသည် ဟောခန်း သခင်ကျိထက်ပင် ပိုမိုကာ အားကောင်းနေသေး၏။
“သေစမ်း”
ခံတပ်သခင်သည် ရှေ့ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းတက်လာ၏။ ခန္ဓာကိုယ်ပေါ်တွင် အလွန် အားကောင်းသော အော်ရာများ ထွက်ပေါ်လာခဲ့၏။ ၎င်းလှိုင်းများသည် တရိပ်ရိပ်ဖြင့် လွှမ်းမိုးလာခဲ့ပြီးသည့်နောက် အကျဉ်းခန်းတစ်ခုလုံးကို ပျံ့နှံ့သွားသည်။
ကျွင်းချောင်ရှောင်းသည်လည်း ငြိမ်ငြိမ် မနေချေ။ သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ကာဖြင့် အရှေ့ဆီသို့ တိုးဝင်ကာ ကျားသားရဲရိုင်းကြီး တစ်ကောင်ကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း ထိုးနှက်တိုက်ခိုက်တော့၏။
ဘုန်း ဘုန်း ဘုန်း
ချက်ချင်းပဲ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံကြီးများသည် နဝမမြောက် အကျဉ်းခန်းထဲတွင် ထွက်ပေါ်လာသည်။ စွမ်းအင်အမျိုးအစားအစုံသည် လှိုင်းထန်သွားပြီးသည့်နောက် တည်နေရာကြီးတစ်ခုလုံးပင် ယိမ်းယိုင်လာခဲ့သည်။
ခံတပ်သခင်သည် အမှန်ပင် အားကောင်းလွန်းလှ၏။ ကင်းသမား ဆယ့်နှစ်ယောက်တို့၏ အထက်အဆင့်တွင် တည်ရှိနေသော လူတစ်ယောက်ပင်ဖြစ်မည်။
ကျွင်းချောင်ရှောင်းမှာတော့ ထိုသို့သောလူနှင့် ရင်ဆိုင်ရသည့်အချိန်တွင် အသာစီး မယူနိုင်ချေ။ အထက်စီးမှရရန် အလွန်တရာ ခက်ခဲလျက်ရှိသည်။
သို့ပေမဲ့ ဤတိုက်ပွဲသည် ထူးခြားလို့ နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဆေးမင်ကြောင်နှင့်လူသည် ရုတ်တရက် ကြားမှဝင်ကာ တိုက်ခိုက်ချက်များကို ခံယူနေသောကြောင့် ဖြစ်၏။ သူ့ကို ကြည့်ရသည်မှာ သေဆုံးချင်နေသည့်ပုံပေါ်သည်။ သို့ပေမဲ့ တိုက်ခိုက်ခံရပြီးသည့်နောက် ချက်ချင်း မတ်တပ် ပြန်ရပ်ခြင်းကို ပြုလုပ်နိုင်စွမ်း ရှိနေ၏။ ၎င်းကို ကြည့်ရှုရသည်မှာ ခွေးရူးတစ်ကောင်ကဲ့သို့ပင်။
ကျွင်းချောင်ရှောင်းနှင့် ခံတပ်သခင်သည် ရက်စက်လွန်းပါသည်ဆိုသော တိုက်ပွဲများကို တွေ့ကြုံခဲ့ရသူများ ဖြစ်၏။ သို့ပေမဲ့ ဤကဲ့သို့ အရှုပ်ထုတ်တစ်ယောက်သည် တိုက်ခိုက်မှုများကို ကြားဝင်ကာ တိုက်ခိုက်မှုများကို ခံယူသောကြောင့် တိုက်ခိုက်ရသည်မှာ ဘယ်လိုမှ ခရီးမရောက်ကြချေ။ အလွန်တရာ စိတ်တိုဖို့ ကောင်းလွန်းလှ၏။
“မင်းတို့ ငါ့ကို ထိအောင် မရိုက်နိုင်ရင် ငါမင်းကို ရိုက်မယ်”
ဆေးမင်ကြောင်နှင့်လူက အော်ဟစ်လိုက်၏။ ထို့ကြောင့် တိုက်ပွဲသည် နှစ်ဦးသား တိုက်ခိုက်သည့်အခြေအနေဆီမှ သုံးယောက်သား ဘတပြန်၊ ကျားတပြန် တိုက်ခိုက်သည့် အခြေအနေဆီသို့ ပြောင်းလဲသွားခဲ့တော့သည်။
တည်နေရာတစ်ခုလုံးတွင် မီးတောက်များ ဖြစ်ပေါ်လာပြီးသည့်နောက် ကြမ်းတမ်းသည့် တိုက်ခိုက်မှု အားအဟုန် များသည် လှိုင်းထန်လျက် ရှိနေတော့၏။
“ခင်ဗျား သောက်ရူးပဲ”
ဆေးမင်ကြောင်နှင့်လူ၏ ကန်ကျောက်ခြင်းကို ခံလိုက်ရသော ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် လက်ကို ဆန့်တန်းပြီးသည့်နောက် ခံတပ်သခင်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
တစ်ဖက်လူသည် ဆေးမင်ကြောင်လူ၏ ခွကြားကို ကန်ကြောက်ခြင်းအား ခံခဲ့ရသေး၏။ ၎င်းတို့ သုံးယောက်သည် အပြန်အလှန် တိုက်ခိုက်လျက် ရှိနေ၏။ မည်သူက နာကျင်ပြီး မည်သူက အသာရနေသည် ဆိုသည်ကိုပင် ခွဲခြား၍ မရနိုင်တော့ချေ။
ဟုတ်ပေသည်။ မည်မျှ ကြမ်းတမ်းသည့်တိုက်ပွဲဖြစ်ဖြစ် အချိန်တန်လျှင် ခဏတော့ ရပ်တန့်ရမှာ ဖြစ်၏။ ထို့ကြောင့် တစ်နာရီကျော် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ၎င်းတို့ သုံးယောက်သည် တြိဂံပုံစံ အနေ အထားမျိုးဖြင့် အနောက်သို့ လှမ်းဆုတ်လိုက်ကြတော့၏။ သုံးယောက်လုံးသည် ဒူးပေါ်သို့ လက်တင်ကာဖြင့် အသက်ကို မောကြီးပန်းကြီး ရှုနေရ၏။
“ချီးတဲ့မှ၊ ချီးတဲ့မှပဲ”
ခံတပ်သခင်၏ မျက်နှာသည် ဒေါသတရားများနှင့် ပြည့်နှက်နေခဲ့၏။ “နေအုံး... ငါ့ရဲ့ မျက်နှာဖုံး ဘယ်ရောက်သွားလဲ” လက်ရှိ အခြေအနေမှာတော့ တိုက်ပွဲပြီးသည့်နောက် သူ၏ မျက်နှာဖုံးသည် မည်သည့် နေရာသို့ ရောက်ရှိသွားမှန်း မသိတော့ချေ။
ဟား ဟား ဟား ဟား
ဆေးမင်ကြောင်နှင့်လူသည် မည်သို့မှမနေနိုင်တော့ဘဲ ထက အော်ရယ်လိုက်မိတော့၏။ မူ
လအားဖြင့် မရယ်မိအောင် ထိန်းချုပ်ထားသည့် ကျွင်းချောင်ရှောင်းပင်လျှင် မည်သို့မှ မနေနိုင်တော့ချေ။ ဆောင့်ကြောင့်ထိုင် လိုက်ပြီးသည့်နောက် မျက်နှာကို အုပ်ကာကာဖြင့် အားရပါးရ ရယ်မောနေမိတော့သည်။
ခံတပ်သခင်သည် ယောက်ျား တစ်ယောက်ဖြစ်၏။ သို့ပေမဲ့ သူ၏ မျက်နှာသည် ဝိုင်းဝိုင်းကြီးဖြစ်ပြီး မျက်လုံးများသည် တစ်လုံးက ကြီးမားကာ တစ်လုံးက သေးသွယ်လွန်း၏။ မျက်တောင်များမှာ တစ်ခုက မြင့်လျက်ရှိပြီး တစ်ခုက နိမ့်လျက် ရှိ၏။ နှာခေါင်းမှာလည်း ကြက်သွန်ဖြူတစ်ခုကဲ့သို့ပင် ကွေးကွေးကောက်ကောက်ဖြစ်၏။ နှုတ်ခမ်းနှစ်ခုမှာတော့ ဝက်အူချောင်းနှစ်ချောင်းကဲ့သို့ပင် ထူအမ်းလျက်ရှိနေ၏။ မျက်နှာသွင်ပြင်ကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် ရယ်မောချင်ဖွယ်ရာ မျက်နှာသွင်ပြင်မျိုးပင် ဖြစ်ေဖြောက် ဖြောက် ဖြောက်
ဆောင့်ကြောင့်ထိုင်ပြီး အားရပါးရ ရယ်မောနေသည့် ကျွင်းချောင်ရှောင်းနှင့် မြေပေါ်တွင်လဲလျောင်းကာ အူတက်လုမတတ် ရယ်မောနေသည့် ဆေးမင်ကြောင်နှင့်လူတို့ကို မြင်ရသည့်အချိန်မှာတော့ ခံတပ်သခင်၏ မျက်လုံးများတွင် အဆုံးမဲ့သော ဒေါသတရားများ ဖြစ်တည်လာခဲ့၏။ ၎င်းသည် လက်များကို ဖြန့်ကျက်ကာ ဒေါသ တကြီးဖြင့် အော်ဟစ်လိုက်သည်။ “မဟာယနစည်း”
ဝှစ် ဝှစ်
ရုတ်တရက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လေလှိုင်းများသည် အကျဉ်းခန်း၏အထက်တွင် ဖြစ်တည်လာပြီးသည့် နောက်မှာတော့ ကြီးမားသည့်လက်ဝါးရိုက်ချက်ကြီးအဖြစ် ပြောင်းလဲကာ မရပ်မနား ရယ်လျက်ရှိနေသည့် လူနှစ်ယောက်ဆီသို့ ကျဆင်းလာခဲ့၏။
“ဒီလူက တကယ့်ကို နယ်မြေဟောခန်းရဲ့ လျှို့ဝှက် နည်းစနစ်ကို သိနေတာပဲ”
ဆေးမင်ကြောင်နှင့်လူသည် ဆွံ့အသွားမိ၏။ ပြီးနောက် အားရပါးရ ရယ်မောကာ ပြောလိုက်၏။ “ငါသေတော့မယ်ဟေ့၊ ငါသေတော့မယ်ဟ။ ဟား ဟား ဟား ဟား”
ဘုန်း
ရုတ်တရက် နဝမမြောက် အကျဉ်းခန်းကြီးတစ်ခုလုံးသည် တုန်ခါသွားခဲ့တော့၏။ တည်နေရာကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားသည့် အကာအကွယ်စနစ်သည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါလျက်ရှိ၏။ အချိန်မရွေး ကျိုးပြတ်သွား မည့် ပုံပန်းသွင်ပြင်မျိုးလိုပင်။ သို့ပေမဲ့ နောက်ဆုံးမှာတော့ ထိုစွမ်းအင်လှိုင်းများ အားလုံးကို ထိန်းချုပ်နိုင်ခဲ့သေး၏။ ဤအကာအကွယ်စနစ်သည် ဟန်ပြသက်သက် မဟုတ်တာ သေချာလေသည်။