အခန်း (၁၃၀၃)
Vol. 88 Ch. 1303
သေမလိုဖြစ်နေသည့် ဆေးမင်ကြောင်နှင့်လူသည် အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာပဲ ပြန်လည်ကောင်းမွန် သွားခဲ့၏။ ဤအချင်းအရာသည် ကျွင်းချောင်ရှောင်းအား အမှန်ပင် ထိတ်လန့် တုန်လှုပ်စေခဲ့၏။
စနစ်မှ ရရှိသော ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးသည် ထိုကဲ့သို့သော အရာမျိုးကို ပြုလုပ်နိုင်ခဲ့၏။ သို့သော်ငြား ထိုအရာသည် ဂိမ်းဆာဗာခိုး၍ ရရှိခဲ့ခြင်းပင်ဖြစ်သည်။
သို့ပေမဲ့ တခြားတစ်ဖက်မှာတော့ တစ်ဖက်လူသည် မြေပေါ်တွင် လဲလျောင်းလျက်ရှိနေပြီး မည်သည့်အရာ တစ်ခုခု ကိုမှ မပြုလုပ်ခဲ့ချေ။ သို့ပေမဲ့ ပိုးစုန်းကြူးကဲ့သို့သော အလင်းတန်းများကို စုပ်ယူပြီးသည့်နောက်မှာတော့ ပြန်လည် ကောင်းမွန်ခဲ့၏။ ဖြစ်နိုင်သည်မှာ သူသည် သူ၏တူညီသည့်တစ်စုံတစ်ယောက်ကို စတင်တွေ့ရှိခဲ့ပြီလား။ ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ သတိအပြည့် ဖြစ်သွား၏။
“မဖြစ်နိုင်ဘူး”
စနစ်က ပြောလိုက်သည်။ “လက်ခံသူဆီမှ စနစ်ရှိလို့ ဒီလိုဖြစ်တာလေ။ သူ့လိုမျိုး အလုံးစုံ ပြန်လည် ကောင်းမွန်တဲ့ အခြေအနေမျိုးကို ပြုလုပ်လို့ ရမှာ မဟုတ်ဘူး”
“ဒါဆိုရင် သူဘယ်လိုလုပ် ရုတ်တရက် ပြန်ပြီးကောင်းသွားတာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“ဒါက”
စနစ်သည် အနည်းငယ် စဉ်းစားကာဖြင့် ပြောလိုက်၏။ “ဖြစ်နိုင်တာက သူက ဒဏ်ရာတွေကနေ ပြန်လည် ကောင်းမွန်လာစေနိုင်တဲ့ သိုင်းနည်းစနစ်ကို ကျင့်ကြံထားတာလား”
“ပြောရမယ်ဆိုရင် ဒါက သန္ဓေပါရမီမျိုးလား”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ သူ၏ စိတ်ထဲတွင် ရဲတင်းလွန်းသော အကြံအစည်များ ဖြစ်ပေါ်လာခဲ့၏။ မှန်ပေသည်။ ထိုသူကို ခေါ်သွားမည် ဆိုပါက သူသည် ဒိုင်းတစ်ခုအနေဖြင့် အသုံးပြုနိုင်မည်ဖြစ်၏။ ရှောင်ကျီသည် ဒိုင်းကြီးအား ကိုင်ဆောင်ရင်း တခြားသူများနှင့် တိုက်ခိုက်တတ်၏။ ထိုသို့တိုက်ခိုက်လျှင် ရှောင်ကျီ၏ တိုက်ခိုက်မှုအားအင်သည် ပိုမိုကာ တိုးတက်သွားတတ်သည်။
ထို့ကြောင့် သူသည်သာ တစ်ဖက်လူအား ဒိုင်းအဖြစ် အသုံးပြု၍ တိုက်ခိုက်မည်ဆိုပါက....
တွေးကြည့်လိုက်ရုံနှင့်ပင် ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှားမှုများ ဖြစ်လာခဲ့၏။ သို့ပေမဲ့ သူသည် တစ်ဖက်လူ အား ကြည့်ရှုကာဖြင့် မေးလိုက်၏။ “ခင်ဗျား ဘာဖြစ်လို့ သေချင်ရတာလဲ”
“ဘာလို့လဲဆိုတော့”
ဆေးမင်ကြောင်နှင့်လူ၏ ခေါင်းသည် ပိုမိုကာ ငုံ့ကျသွား၏။ သူသည် နာကျင်နေသည့် မျက်နှာ အမူအရာမျိုးဖြင့် ပြောလိုက်သည်။ “ကျုပ်ရဲ့ ဘဝတစ်ခုလုံးမှာ ကျင့်ကြံခြင်းနည်းလမ်းတွေကိုပဲ ကျင့်ကြံနေတာ။ အဆုံးသတ်မှာတော့ ကျုပ်ရဲ့မိန်းကလေးက တခြားတစ်စုံတစ်ယောက်နဲ့အတူ လိုက်ပြေးသွားခဲ့တယ်”
သူ့အနေနှင့် ပြန်လည်မွေးဖွားနိုင်သည့် စိတ်ဝိညာဉ်ကောင်ရှိသည်ဆို၍ ပြောဆို၍ မဖြစ်ချေ။ သူ့အနေနှင့် သေဆုံးလေ၊ ပိုမို အားကောင်းလာလေဖြစ်သည်ဟု ပြောဆိုပါက တစ်ဖက်လူသည် ယုံကြည်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် လိမ်ညာ ပြောဆိုမှ ဖြစ်ပေလိမ့်မည်။
သူ့ကိုသူ အားတင်းပြီးသည့်နောက်မှာတော့ သူသည် မိန်းမတစ်ယောက်လုံး နောက်လင်နောက်ပါသွားသည့် တစ်စုံတစ်ယောက်အဖြစ် ဟန်ဆောင်လျက် ရှိနေ၏။ ဤကဲ့သို့သော လိမ်ညာမှုမျိုးကို ပြုလုပ်နိုင်သည်ကို ကြည့်ရှုသည်နှင့် ဤလူသည် အမှန်ပင် ဆိုးရွားလှသည့် လူတစ်ယောက်ဖြစ်ကြောင်း သိရှိနိုင်၏။
ကျွင်းချောင်ရှောင်းမှာတော့ စာနာသနားစွာဖြင့် ပြောလိုက်သည်။ “အစ်ကိုကြီး... ခင်ဗျားက တကယ့်ကို သနားဖို့ ကောင်းတာပဲ။ ဒါပေမဲ့ …”
ခဏလောက် ရပ်တန့်ပြီးနောက် သူက ပြောလိုက်၏။ “ပင်လယ်ကြီးထဲမှာ ငါးတွေ အများကြီးရှိတယ်လေ။ ဘာလို့ ခင်ဗျားက လူတစ်ယောက်တည်းကိုပဲ သဘောကျနေရတာလဲ။ ပြီးတော့ သူ ခင်ဗျားကို စွန့်ခွာသွားပြီဆိုရင်တောင်မှ သူ့ထက်ကောင်းတဲ့ တစ်စုံတစ်ယောက်ကို ရနိုင်သေးတယ်လေ။ အချစ်အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တော့ မလိုပါဘူး”
သူ့အနေနှင့် ဤလူအား သေဆုံးစေ၍ မဖြစ်ချေ။ ဂိုဏ်းထဲသို့ ခေါ်ဆောင်ခြင်း သို့မဟုတ် ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာစေနိုင်သည့် သိုင်းကျင့်ကြံခြင်း ကျင့်စဉ်တစ်ခုခုကို ပြန်လည်သင်ပြခိုင်းခြင်းများကို ပြုလုပ်၍ ရနိုင်သည်။
“မဟုတ်ဘူး”
ဆေးမင်ကြောင်နှင့်လူသည် နာကျင်စွာဖြင့် ပြောလိုက်မိ၏။ “ကျုပ်ရဲ့ နှလုံးသားက အစောကြီး ကတည်းက သေဆုံးပြီးသားလေ။ အသက်ရှင်နေလို့လည်း ဘာအဓိပ္ပာယ်မှ မရှိဘူး”
သူ၏ မျက်နှာပေါ်ရှိ အမူအရာများကို ကြည့်ရှုလိုက်မည်ဆိုလျှင် တစ်ဖက်လူသည် ထိပ်တန်းသရုပ်ဆောင်ဖြစ်မှန်း သိရှိနိုင်ပေလိမ့်မည်။
“ခင်ဗျားတကယ်သေချင်တာလား”
“သေဆုံးခြင်းကသာ ကျုပ်ကို လွတ်မြောက်နိုင်တာလေ”
“........”
ကျွင်းချောင်ရှောင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ပြီးနောက် ပြောလိုက်သည်။ “ကောင်းပြီ။ ခင်ဗျားရဲ့ ဆန္ဒကို ကျုပ်ဖြည့်ဆည်းပေးမယ်”
ဆေးမင်ကြောင်နှင့်လူ၏ မျက်လုံးပေါ်တွင် စိတ်လှုပ်ရှားမှုများ ဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ မြေပြင် ပေါ်သို့ လဲချပြီးသည့်နောက် ခြေကားယား၊ လက်ကားယားဖြင့် ပြောလိုက်တော့၏။ “ကျေးဇူးပြုပြီးတော့ တစ်ချက် ကလေးမှ သက်ညှာမှုကို မတွေးနဲ့။ တကယ်လို့ သတ်နိုင်မယ်ဆိုရင် မြန်မြန်ဆန်ဆန် သတ်လိုက်တာ ပိုကောင်းမယ်”
“..........”
ဤလူသည် အမှန်ပင် ဆိုးရွားလွန်းလှသည့်လူဖြစ်၏။
“ကျုပ်ဆီမှာ ခင်ဗျားကို သတ်ဖို့ နည်းလမ်းရှိတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားအနေနဲ့ ပူးပေါင်းထားဖို့ လိုအပ်တယ်”
“ဖြစ်နိုင်တာက”
စနစ် တီးတိုးရေရွတ်နေတုန်းမှာပဲ ဆေးမင်ကြောင်နှင့်လူသည် နှောင့်နှေးမှုမရှိဘဲ တစ်ခါတည်း ပြောလိုက်၏။ “ကျုပ်သာ သေရမယ်ဆိုရင် ဘာကိုဖြစ်ဖြစ် ကျိန်းသေပေါက် လိုက်လျောပေးပါ့မယ်”
သူသည် စိတ်ကိုဖျော့ထားပြီးသည့်နောက်မှာတော့ ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားခဲ့၏။ ပြီးနောက် ထျန်းယွမ်အကျဉ်းထောင်ထဲတွင် ပေါ်လာခဲ့သည်။ သူသည် အံ့အားတသင့်ဖြင့် မေးလိုက်မိသည်။ “ဒါ ဘယ်နေရာလဲ”
ဖြောက်
ရုတ်တရက် အလင်းတစ်ခုသည် သူ၏နောက်တွင် တောက်ပလာခဲ့၏။ ချစ်ဖို့ကောင်းလှသည့် မျက်နှာသေးလေး သည် သူ၏ ရှေ့တွင် ပေါ်ပေါက်လာ၏။ “ကြိုဆိုပါတယ်”
“အားရာ”
အနောက်မှ လိုက်ပါလာသော ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလူက သေချင်နေတာလေ။ ဒီလူ့ကို မင်းဆီမှာ ထားလိုက်မယ်။ မှတ်ထား… ဒီလူ့ကို သေတဲ့အထိ နှိပ်စက်လိုက်”
“ကောင်းပါပြီ”
အားရာ၏ မျက်လုံးများသည် တောက်ပလာ၏။ ပြီးသည့်နောက်မှာတော့ အသံပို့လွှတ်လိုက်သည်။ “သခင်... ကျွန်မရဲ့ ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်က သန့်စင်ဖို့ပဲ ပြုလုပ်နိုင်တယ်လေ။ တကယ်သတ်လို့မရဘူး”
“အင်း... ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူ့ကို သေတာထက်ဆိုးတဲ့ခံစားချက်ကို နက်နက်နဲနဲ ခံစားစေချင်တာလေ။ ဒါမှ သူ့ရဲ့ သေချင်တဲ့စိတ်တွေ လုံးဝပြောင်းလဲသွားမှာ မဟုတ်လား။ ရဲရဲရင့်ရင့်နဲ့ အသက်ကို ရှင်သန်နေထိုင်သွားနိုင်ဖို့ သူရွေးချယ်လိမ့်မယ်”
“...........”
စနစ်က ပြောလိုက်သည်။ “ဒီလူကတော့ ကံဆိုးတာပဲ”
သို့ပေမဲ့ ဆိုးရွားသည်လို့တော့ ပြောလို့မရချေ။ သေဆုံးရန် ပြင်နေသည့်လူအား ကယ်ဆယ်ရန် ကြိုးစားလိုက်ခြင်း သည် ကျွင်းချောင်ရှောင်းအတွက် ကောင်းမွန်သည့်ကုသိုလ်တစ်ခုကို ပြုလုပ်ခြင်းနှင့်ပင် ဆင်တူလှ၏။
“အမ်”
အားရာသည် ရုတ်တရက် နားလည်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “ကျွန်မ နားလည်ပါပြီ”
ကျွင်းချောင်ရှောင်းသည် သူ၏ လက်နက်စိတ်ဝိညာဉ်နှင့်ပတ်သက်၍ အလွန်တရာ စိတ်ကျေနပ်မှုရှိ၏။ ထို့ကြောင့် ဆေးမင်ကြောင်နှင့်လူ၏ပခုံးကို အသာပုတ်ကာ ပြောလိုက်၏။ “အစ်ကိုကြီး... နောက်ဘဝမှာ အဲအမျိုးသမီးနဲ့ ပြန်ဆုံပြီးတော့ ခံစားခဲ့ရတာတွေအတွက် လက်စားချေနိုင်ဖို့ မျှော်လင့်မိတယ်”
ဆေးမင်ကြောင်နှင့်လူသည် လက်သီးကို ဆုပ်ကာဖြင့် ကျေးဇူးတင်စွာ ပြောလိုက်သည်။ “ညီလေး... မင်းက တကယ့်ကို လူကောင်းတစ်ယောက်ပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဂရုစိုက်ပါ”
ထျန်းယွမ်အကျဉ်းထောင်ထဲမှ ပြန်လည်ထွက်ခွာလာပြီးသည့်နောက်မှာတော့ အကျဉ်းထောင်ထဲတွင် ခြေချိတ် ထိုင်ကာဖြင့် ပြန်လည်အားမွေးလျက်ရှိ၏။
အချိန်သည် အလွန်တရာ အရေးကြီးနေ၏။ ထို့ကြောင့် သူသည် ခံတပ်သခင်ထက် ပိုမိုမြန်ဆန်စွာ အားပြည့်မှ ဖြစ်ပေလိမ့်မည်။ ပြီးသည့်နောက်မှာတော့ မြို့ထဲတွင်ရှိနေသော လူများအားလုံးကို အပြင်ဘက်သို့ထွက်ရန် ပြောဆိုမှ ဖြစ်ပေလိမ့်မည်။ ဗုံးကိုလည်း မည်သည့်နေရာတွင် ထားရမည် ဆိုသည်ကိုလည်း စဉ်းစားရဦးမှာဖြစ်သည်။
ဝှစ် ဝှစ် …။
ကုန်းရှန့်သည် ထွက်သွားပြီးပြီးချင်းမှာပဲ ကြိုးများသည် လေဟာနယ်ထဲတွင် ပျံသန်းလာပြီးသည့်နောက် ဆေးမင်ကြောင်နှင့်လူအား ချိတ်ဆွဲလိုက်၏။
“ဟေး”
သူသည် သွားဖြီးကာ ပြောလိုက်သည်။ “ဒီလို သေရတဲ့ နည်းလမ်းက ဆန်းသစ်တာပဲ”
ဝှစ် ဝှစ်
ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်၊ ဝိညာဉ်ဖိနှိပ်ခြင်း ဖယောင်းတိုင်နှင့် တခြားသော ပစ္စည်းများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။
ဝှစ်
အားရာသည် သူမ၏ ညအိပ်ဝတ်စုံကို ဆွဲဖြဲလိုက်တော့ လည်သာဝတ်စုံ၊ လည်သာ ဘောင်းဘီနှင့် လည်သာဖိနပ်တို့ကို ဝတ်ဆင်ထားတာ ပေါ်လာ၏။ သူမသည် ဦးထုပ်ကို အသာဆောင်းကာဖြင့် ဟန်ပါပါ ပြောလိုက်တော့၏။ “ဘယ်လိုနည်းလမ်းမျိုးနဲ့ သေချင်လဲ ရွေးလိုက်တော့”
“ကလေးတွေကပဲ ရွေးချယ်မှုလုပ်တာ”
ဆေးမင်ကြောင်နှင့်လူသည် ဂုဏ်ယူစွာ ပြောလိုက်၏။ “နည်းလမ်းမျိုးစုံနဲ့ သေတာကို ပိုကြိုက်တယ်”
တစ်ဖက်လူသည် သူ့အား နှိပ်စက်ရန် ပြင်ဆင်နေသည့်ကို သူကောင်းကောင်းသိ၏။ သို့ပေမဲ့ တစ်ချက်ကလေးမှ ဂရုမစိုက်ချေ။ သေဆုံးသွားမည်ဆိုပါက မည်သည့်နည်းလမ်းနှင့်ဖြစ်ဖြစ် သူ အဆင်ပြေ ကျေနပ်နေသည်။
အားရာ၏ မျက်လုံးထဲတွင်တော့ အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။ သူသည် သခင့်နောက်သို့ လိုက်ပါလာခဲ့ ပြီးသည့်နောက်မှာတော့ သိုင်းကျင့်ကြံသူ တော်တော်များများကို လေ့ကျင့်ပေးသည့် တာဝန်ကို ယူခဲ့ရ၏။ သို့ပေမဲ့ ဤကဲ့သို့ စိတ်လိုလက်ရနှင့် နှိပ်စက်ခံရန် ပြင်ဆင်နေသည့်လူကိုတော့ ပထမဦးဆုံးအကြိမ် မြင်ဖူးခဲ့ခြင်းပင် ဖြစ်၏။
“ကောင်းပြီ”
အားရာသည် ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်ကို လှမ်းဆွဲယူကာဖြင့် မိစ္ဆာဆန်ဆန် မျက်နှာဖြင့် ပြောလိုက်၏။ “ရှင့်ရဲ့ဆန္ဒကို ကျွန်မ ဖြည့်ဆည်းပေးမယ်။ အရင်တုန်းက မလုပ်ဘူးတဲ့ နည်းလမ်းတွေနဲ့ အသုံးပြုရမှာပေါ့”
“မြန်မြန်၊ မြန်မြန်”
ဆေးမင်ကြောင်နှင့်လူက ပြောလိုက်၏။ “ငါ မစောင့်ချင်တော့ဘူး”
“........”
အားရာ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ တစ်ဖက်လူသည် ထူးခြားသည့် ဝါသနာရှိပုံရ၏။ သူမ၏ သခင်သည် ဤနေရာဆီသို့ ခေါ်ဆောင်လာခဲ့ခြင်းဆိုသည်မှာ အံ့အားသင်စရာတော့ မဟုတ်တော့ချေ။
ဝှစ်
အားရာသည် ရုတ်တရက် ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်ကို မြှောက်ကိုင်ကာဖြင့် ရိုက်နှက်လိုက်တော့၏။ ထောင့် တစ်နေရာတွင် ရှိနေသော မျက်လုံးကြီးနှင့် ကင်းသမား ဆယ့်နှစ်ယောက်တို့သည် ခွေခွေလေး ငြိမ်သက်လျက် ရှိနေကြ၏။ ၎င်းတို့အားလုံးသည် ဇောချွေးများ ပြန်သည်အထိ ကြောက်လန့်လျက် ရှိနေကြသည်။ အတွေ့အကြုံ ရှိပြီးသားလူများ ဖြစ်သည်မို့ ဤကြာပွတ်၏ အားအင်အဆင့်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့ သိ၏။ ဤကြာပွတ်ရိုက်နှက်ချက်၏ အန္တရာယ်ပေးနိုင်မှုအဆင့်သည် အဆင့်အတန်း သတ်မှတ်ရမည်ဆိုလျှင် အဆင့်တစ်နှင့်အထက်တွင် ရှိနေမှာ သေချာ၏။
ဖြောင်း …..။
ကြာပွတ်ရိုက်နှက်သံသည် အကျဉ်းထောင်ထဲတွင် ထွက်ပေါ်လာ၏။ အကျဉ်းသားအားလုံးသည် ကြက်သီး မွေးညှင်းများ ထလျက် ရှိနေကြသည်။
.....
ကြာပွတ်ရိုက်နှက်မှုကြောင့် စိတ်လှုပ်ရှားလျက်ရှိနေသည့် ဆေးမင်ကြောင်နှင့်လူသည် ကြာပွတ်ရိုက်ချက်ကြီး ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည့်အချိန်မှာတော့ မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားခဲ့၏။ သူသည် အံကို တင်းတင်းကြိတ်ကာ ပြောလိုက်၏။ “ထပ်ရိုက်အုံး”
ဖြောင်း ဖြောင်း
အားရာသည် ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်ကို လေထဲတွင် ချာချာလည်အောင် ဝှေ့ယမ်းပြီးသည့်နောက် ရိုက်နှက်လျက် ရှိနေသည်။ ဝိညာဉ်နာကျင်မှုသည် ဆေးမင်ကြောင်နှင့်လူ၏ သိစိတ်ပင်လယ်ထဲသို့ တိုးဝင်လာခဲ့၏။ ဆေးမင်ကြောင်နှင့်လူ၏ မျက်နှာသည် တင်းမာခက်ထန်သွားခဲ့၏။ ပြီးသည့်နောက်မှာတော့ ၎င်းသည် စဉ်းတီးတုံး ပေါ်သို့ ရောက်ရှိနေသည့် ငါးတစ်ကောင်နှင့်ပင် ဆင်တူလျက် ရှိနေတော့သည်။
ဖြောင်း ဖြောင်း ဖြောင်း
နာကျင်မှုသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် လှိုက်တက်လာခဲ့၏။ အားရာသည် ရိုက်နှုန်းကို ပိုမိုကာ တိုးမြှင့်ပြီးသည့် နောက် ဆေးမင်ကြောင်နှင့်လူသည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ သတ်ဖြတ်ခံရမည့် ဝက်တစ်ကောင်ကဲ့သို့ စတင်ကာ အော်ဟစ်တော့သည်။ ဤကဲ့သို့ ရိုက်နှက်နှိပ်စက်ရခြင်း၏ နာကျင်မှုအစစ်နှင့်ဆိုလျှင် သူသည် ကျိန်းသေပေါက် သေဆုံးသွားနိုင်၏။