အခန်း (၁၃၀၄)
Vol. 88 Ch. 1304
ကျွင်းချောင်ရှောင်းသည် ခြေချိတ်ထိုင်လျက်ရှိ၏။ သူ၏ ဓာတ်ငါးပါးနည်းစနစ်သည် ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်လျက် ရှိပြီး လောကထဲတွင် ရှိသော ဓာတ်ငါးပါးတို့သည် ၎င်း၏ကိုယ်ကို လွှွမ်းခြုံလျက် ရှိနေတော့၏။
ပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ပိုးအိမ်ကြီး တစ်ခုကဲ့သို့ ဝါးမြိုသွားတော့သည်။ ကင်းသမားဆယ့်နှစ်ယောက်နှင့် တိုက်ခိုက်ပြီးနောက် သူသည် စွမ်းအင်တစ်ချို့ကို ဆုံးရှုံးခဲ့သည်ဆိုသော်လည်း ယနေ့ကဲ့သို့ မောပန်းသည့်အခြေအနေထိ မဖြစ်ခဲ့ဘူးချေ။
အဓိကအားဖြင့် အစောကတိုက်ခိုက်ခဲ့သော တိုက်ပွဲကြောင့်ပင် ဖြစ်ရမည်။
"ဒီခံတပ်သခင်ကို ကြည့်ရတာ အရမ်းအားကောင်းပုံမပေါ်ဘူး၊ အများဆုံးအားအင်အဆင့်က ငါနဲ့တူတူလောက်ပဲ ဖြစ်ရမယ်"
မကြာသေးခင်က ဖြစ်ပွားခဲ့သော တိုက်ပွဲအကြောင်းကို စဉ်းစားပြီးနောက် ကျွင်းချောင်ရှောင်းသည် နှလုံးသားထဲတွင် တွက်ချက်လိုက်၏။
"ပြောဖို့ခက်တယ်"
စနစ်က ပြောလိုက်သည်။ "ဒီလူက ဒဏ်ရာရထားပုံပေါ်တယ်"
ဤစကားလုံးသည် ကျွင်းချောင်ရှောင်းအား အမှန်ပင်ရင်နာစေ၏။ "သူဒဏ်ရာရတာတောင် ငါ့လက်ထဲကနေ လွတ်သွားသေးတယ်ပေါ့။ ဒါဆိုရင် ငါတော်တော် ညံလို့ပဲ"
"မင်းလုပ်နိုင်တာ ဘာမှမရှိဘူးလေ"
စနစ်က ပြောလိုက်၏။ "ပြီးတော့ ဒါကသူရဲ့ တည်နေရာဌာနတစ်ခုပဲ မဟုတ်လား"
စနစ်သည် လက်ခံသူအား နှစ်သိမ့်ပေးလေ့ပေးထ ရှိသူတစ်ယောက် မဟုတ်ပေ။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ နားလည်မှုရှိအောင် သေချာပြောဆိုပြသလျက် ရှိနေသည်။
"ဒါကအမှန်ပဲ"
ကျွင်းချောင်ရှောင်းသည် စိတ်ပိုင်းဆိုင်ရာ အနည်းငယ်ကိုက်ညီသွားသလို ခံစားလိုက်မိ၏။ သို့ပေမဲ့ သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိ၏။ "ဒီလူက ဒဏ်ရာရထားမဟုတ်ဘူးဆိုရင် အရမ်းကို အားကောင်းနေမှာပေါ့။ ဒါဆိုရင် အခုပြန်ကောင်းလာရင် ပိုပြီးကြောက်ဖို့ကောင်းတဲ့ လူတစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူးလား။ မဖြစ်ဘူး … မဖြစ်ဘူး။ ငါ့အနေနဲ့ အတတ်နိုင်ဆုံး အမြန်ပြန်ကောင်းအောင် လုပ်ရမယ် ။ ဒီခံတပ်ကြီးကို အရင်ဆုံး ဖျက်စီးပစ်မှ ဖြစ်မယ်"
နာရီအနည်းငယ် ကြာပြီးသည့် အချိန်မှာတော့ ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ကိုလှည့်ပတ်ပြီးသည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ကုန်ခမ်းနေသော စိတ်ဝိညာဉ်များအား ြ"အားရာ လေ့ကျင့်ပေးထားတဲ့ လူတွေအခြေအနေ ဘယ်လိုရှိလည်းမသိဘူး"
သူသည် တီးတိုးရေရွတ်လိုက်ပြီးသည့် အချိန်မှာတော့ အကျဉ်းထောင်ထဲသို့ ဝင်ရောက်လိုက်၏။
ကြောပွတ်ရိုက်နှက်သံများသည် အဆုံးမဲ့ ထွက်ပေါ်လျက် ရှိသည်။
အား အား အား
လူတစ်ကိုယ်လုံး ကြာပွတ်ရာများနှင့် ပြည့်နှက်နေပြီး ဖူးရောင်လျက်ရှိနေသော ဆေးမင်ကြောင်နှင့်လူသည် နာကျင်စွာ အော်ဟစ်လျက် ရှိ၏။ "ကြီးကြီး… ကြီးကြီး … ကျေးဇူးပြုပြီး ကျုပ်ကိုသနားပါ။ ကျုပ်မသေချင်တော့ပါဘူး"
"ညီငယ်လေး … ကျုပ်ကို လာကယ်ပါအုံး။ ညီငယ်လေး ကျုပ်သေသေချာချာ စဉ်းစားပြီးပါပြီ။ ညီငယ်လေး … ကျုပ်က ငယ်ပါသေးတယ် ကျုပ်မသေချင်သေးပါဘူး"
ကျွင်းချောင်ရှောင်းက ပြုံးလိုက်မိ၏။ ဤကဲ့သို့ သေချင်စိတ်ပေါက်နေသော လူတစ်ယောက်အား အသက်ရှင်ရခြင်းသည် မည်မျှကောင်းလှကြောင်း သိရှိအောင် ပြုလုပ်နိုင်သည့်အတွက် အမှန်ပင် သူ့ကိုယ်သူ ဂုဏ်ယူနေမိတော့၏။
မျက်လုံးကြီးနှင့် ကင်းသမား ဆယ့်နှစ်ယောက်တို့မှာတော့ ဒေါင့်တစ်ခုတွင် ကွေးကွေးလေး ဖြင့် ထိတ်လန့် တုန်လှုပ်နေကြ၏။ ၎င်းတို့သည် အားရာတစ်ယောက် အကျဉ်းသားအသစ်အား နှိပ်စက်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရ၏။ ဤကဲ့သို့ ရိုက်နှက်မှုများသည် အသစ်၊ အသစ်သော နည်းလမ်းများဖြစ်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ကြည့်ရှုနေရင်းနှင့်ပင် ကြက်သီးများ တထြမိစေသည်။
ဘုတ် …..။
ကြိုးများအားလုံး ဖယ်ရှားပြီးသည့် အချိန်မှာတော့ ဆေးမင်ကြောင်နှင့်လူသည် ရွံ့ကဲ့သို့ ပျော့ခွေလျက် ရှိနေ၏။ ၎င်း၏ ခြေနှင့်လက်များသည် အချိန်တိုင်းလိုလို တုန်ခါလျက် ရှိနေပြီး ပြင်းပြင်းထန်ထန် ဓာတ်လိုက်ခံထားရသော လူတစ်ယောက်ကဲ့သို့ပင် ။
ထိုသို့ဆိုလျှင် သူသည် လက်ရှိအချိန်မှာ သေချင်နေသေးသည်လား။ မဟုတ်ပေ၊ လက်ရှိအချိန်မှာတော့ သူသည် အသက်ရှင်ချင်နေပြီ ဖြစ်၏။
ပြင်းပြင်းထန်ထန် လေ့ကျင့်ခံရပြီးနောက် သူသည် လောကကြီးမှာ အလွန်တရာလှပသည့် အရာဖြစ်ကြောင်း နားလည်သွားမိ၏။ အားရာ၏ ချစ်ခြင်းမေတ္တာပါသော ရိုက်နှက်ချက်များကို ခံယူပြီးနောက် နာရီဝက်အကြာမှာပဲ ဆေးမင်ကြောင်နှင့်လူသည် သေဆုံးခြင်းမှာ ကြောက်မက်ဖွယ်ရာကောင်းသည့် အရာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်သွားမိသည်။
"အစ်ကိုကြီး"
ကျွင်းချောင်ရှောင်းက မေးလိုက်၏။ "ခင်ဗျားက အထက်နယ်မြေဆီက လာခဲ့တာလို့ ကျုပ်ကြားမိတယ်"
"အင်း"
ဝိညာဉ် သည် ပြင်းထန်သည့် နာကျင်မှုကို ခံစားနေရသည် ဖြစ်သောကြောင့် ဆေးမင်ကြောင်နှင့်လူသည် အားပျော့စွာ ပြောလိုက်မိသည်။ "ဒါနဲ့ ဘာလို့အခုလို ဖမ်းချုပ်ခံရတာလဲ"
“………” ဆေးမင်ကြောင်နှင့်လူသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ခင်ဗျားမပြောချင်ဘူးဆိုလည်း အတင်းကြီး ဖိအားပေးနေမှာ မဟုတ်ပါဘူး။ အားရာ သူ့ကို မြန်မြန်သေအောင် လုပ်လိုက်တော့"
"ညီ … ညီလေး"
ဆေးမင်ကြောင်နှင့်လူသည် မျက်လုံးပြူးသွားမိ၏။ သူသည် စောနတုန်းကလို မဟုတ်ပေ။ သူသည် အမှန်ပင် ကောင်းမွန်သည့် လူတစ်ယောက် ဖြစ်သွား၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ကောင်းမွန်သည့် လူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် အားရာအား ရိုက်နှက်ခိုင်းခြင်း ဖြစ်သည်။
ကျွီ …။
အားရာသည် အမိန့်ပေးမှုကို ရရှိပြီးနောက် ကြိုးပေါင်းများစွာသည် လေထဲတွင် ထပ်မံကာ ပေါ်ပေါက်လာခဲ့၏။
"မ … မလုပ်ပါနဲ့"
ဆေးမှင်ကြောင်နှင့်လူသည် အလျင်အမြန်ပင် ပြောလိုက်သည်။ "ကျုပ်ပြောမယ်။ ကျုပ် က အထက်နယ်မြေကနေ သစ္စာဖောက်လို့ အမည်တပ်ခံရတဲ့ လူတစ်ယောက်ပဲလေ။ ကျုပ်က နယ်မြေဟောခန်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်။ ဒါကြောင့် သူတို့ကကျုပ်ကို ဖမ်းချုပ်ခဲ့တာပဲ"
"သစ္စာဖောက်ဟုတ်လား။ ဒါက ဘာကိုဆိုလိုတာလဲ" ကျွင်းချောင်ရှောင်းက မေးလိုက်၏။
ဆေးမှင်ကြောင်နှင့်လူက ပြောလိုက်သည်။ "နယ်မြေဟောခန်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တဲ့ လူတွေအားလုံးကို သစ္စာဖောက်တွေလို့ သတ်မှတ်ကြတယ်။ အဓိကအားဖြင့် သူတို့ကို ပုန်ကန်မဲ့သူတွေက သစ္စာဖောက်တွေပေါ့"
"ကျုပ်သိပြီ"
ကျွင်းချောင်ရှောင်းသည် ထိုသူအား သံဃယဖြင့် ကြည့်လိုက်၏။ "ခင်ဗျားရဲ့ အားအင်အဆင့်က အထက်နယ်မြေမှာဆို အတော်လေးကို အားကောင်းမဲ့ပုံပဲ။ သူတို့ဖမ်းချုပ်တာကို ခံရပြီးတော့ ဘာလို့တစ်ခါတည်း သတ်မပစ်တာလဲ။ ပြီးတော့ ဘာလို့သေမျိုးလောကရဲ့ ငရဲကြီးကိုးထပ်ဆီကို စေလွှတ်လိုက်ရတာလဲ"
"ဘာလို့လဲဆိုတော့ …"
ရွှီ … ရွှီ … ရွှီ ….။
ကြိုးပေါင်းများစွာတို့သည် သူ့အား မြွေတစ်ကောင်ကဲ့သို့ပင် ချုပ်နှောင်လျက် ရှိနေ၏။ ဤအရာသည် တွေဝေေငေးငိုင်လျက် ရှိနေသော ဆေးမှင်ကြောင်နှင့်လူအား အလျင်အမြန်ပင် ဖွင့်ဟပြောဆိုစေခဲ့သည်။
"ဘာလိုလဲဆိုတော့ ကျုပ်ဆီမှာ ပြန်လည်ရှင်သန်နိုင်စေတဲ့ စိတ်ဝိညာဉ်ရှိနေလို့ပဲ။ ကျုပ် သေပြီးတိုင်း သေပြီးတိုင်းမှာ ပိုပြီးတော့ အားကောင်းလာခဲ့တယ်။ "
"ပြန်လည်မွေးဖွားနိုင်စေတဲ့ စိတ်ဝိညာဉ်ဟုတ်လား"
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေခဲ့၏။ အဆင့်မြင့်ကျင့်ကြံခြင်းအဆင့်များနှင့် ထိတွေ့ပြီးနောက် သူသည် လူစိတ်ဝိညာဉ်၊ မိစ္ဆာစိတ်ဝိညာဉ် စသော စိတ်ဝိညာဉ်များအကြောင်းကို ကောင်းကောင်းနားလည်ခဲ့ပြီး ဖြစ်၏။
ထိုကဲ့သော စိတ်ဝိညာဉ်မျိူးစေ့များသည် စကြဝဠာထဲတွင် မွေးဖွားဖြစ်တည်ခဲ့သော အရာများပင် ဖြစ်တော့၏။ ဒါဆိုရင် သူနှင့် တူညီသောလူ ဖြစ်နေသည်လား။
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို လက်ဖြင့်ပွတ်သပ်ကာ ပြောလိုက်၏။ "ဒါဆိုရင် ခင်ဗျားအခု ဘာကြောင့်သေချင်လာလဲဆိုရင် ပိုပြီးအားကောင်းလာဖို့ပေါ့"
"မဟုတ်ဘူး"
ဆေးမှင်ကြောင်နှင့်လူက ပြောလိုက်သည်။ "ကျုပ်ဒီနေရာကနေ လွတ်မြောက်ဖို့ လိုအပ်နေလို့"
အတိတ်တုန်းကဆိုလျှင် သူသည် ပိုမိုအားကောင်းရန်အတွက် သေချင်မိ၏။ လက်ရှိအချိန်မှာတော့ သူသည် လွတ်မြောက်ရန်အတွက် သေချင်မိ၏။ ထို့ပြင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ပိတ်မိလျက် ရှိနေတော့၏။ ဤနေရာသည် အစီအရင်ပေါင်းများစွာနှင့် ပိတ်ဆို့ထားသောကြောင့် ဤနေရာတွင် သူသည် ထာဝရပိတ်မိနေမှာ သေချာ၏။
ကျွင်းချောင်ရှောင်းသည် သူ့အား စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ "ကျုပ်ခင်ဗျားကို ဒီနေရာကနေ လွတ်အောင် ကူညီပေးနိုင်တယ်"
ဆေးမှင်ကြောင်နှင့်လူသည် ချက်ချင်းပဲ သတိအပြည့်နှင့် ဖြစ်သွား၏။ သေဆုံးစေရန် ကူညီမည်ဟု ပြောဆိုပြီးနောက် ပက်ပင်စက်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရပြီးပြီ ဖြစ်၏။ ထို့ကြောင့် ကူညီမည်ဆိုသည့် စကားကို ကြားချိန်မှာတော့ ကြက်သီးထမိနေ၏။
"ခင်ဗျားကို အမှန်ပြောရမယ်ဆိုရင် "
ကျွင်းချောင်ရှောင်းက လေးလေးနက်နက်နှင့် ပြောလိုက်သည်။ "ကျုပ်ကလည်း သစ္စာဖောက်တစ်ယောက်ပဲ"
"ဘာ"
ဆေးမှင်ကြောင်နှင့် လူသည် အံအားသင့်မိသွား၏။ ပြီးနောက် သူကပြောလိုက်၏။ "မင်းကလည်း သစ္စာဖောက်တစ်ယောက် ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် လက်ကိုနောက်ပစ်ကာ ပြောလိုက်သည်။ "အထက်နယ်မြေရဲ့ ပြိုင်စံရှားဂိုဏ်းဆိုတာ ကြားဖူးလား"
ဆေးမှင်ကြောင်နှင့် လူသည် ခနလောက်တွေးလိုက်သည်။ ပြီးနောက် ပြောလိုက်၏။ "တစ်ခါမှ မကြားဖူးဘူး"
သူသည် မကြားဖူးယုံတင်မကပေ။ အထက်နယ်မြေရှိ သိုင်းကျင့်ကြံသူ တော်တော်များများသည်လည်း ကြားဖူးကြမည်မဟုတ်ချေ။
"ဟင်း …."
ကျွင်းချောင်ရှောင်းက သက်ပြင်းအရှည်ကြီးချကာ ပြောလိုက်၏။ "တစ်ချိန်တုန်းက …. ကျုပ်တို့ပြိုင်စံရှားဂိုဏ်းက အထက်နယ်မြေမှာ နေလိုလလို ထွန်းတောက်ခဲ့တာပေါ့။ လောကကြီးကို တုန်လှုပ်စေနိုင်တဲ့ အစွမ်းရှိခဲ့တယ်။ ဒါပေမဲ့ နယ်မြေဟောခန်းကို အပြစ်လုပ်မိတာကြောင့် အားလုံးဖျက်သိမ်းခြင်းကို ခံခဲ့ရတယ် "
ဂျွတ်
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏ ဒေါသတရားများသည် ပေါက်ကွဲထွက်လာခဲ့၏။ "ကျုပ်အထက်နယ်မြေကို တက်လှမ်းနိုင်တဲ့ အချိန်ကျရင် ကျိန်းသေပေါက် နယ်မြေဟောခန်းကို ဖျက်စီးပြမယ်"
ဤအမုန်းတရားနှင့် ဒေါသတရားများသည် သူ၏ မျက်လုံးထဲတွင် အရှိန်ကြီးကြီးနှင့် ထွန်းတောက်လာခဲ့၏။ ၎င်း၏ ကိုယ်ဟန်အမူအရာကို ကြည့်ရှုလိုက်သည်နှင့် အလွန်ကြီးမားသည့် အငြိုးအတေးကို ပိုင်ဆိုင်သူ တစ်ယောက်မှန်း သိသာစေသည်။
ဆေးမှင်ကြောင်နှင့်လူသည် မည်သို့မျှ မတွေးဘဲ မနေနိုင်တော့ချေ။ "ဒီကောင်က ငါ့လောက်နီးနီး နယ်မြေဟောခန်းကို မုန်းတဲ့လူတစ်ယောက် ဖြစ်နေတာကို"
ရန်သူ၏ ရန်သူသည် မိတ်ဆွေပင်ဖြစ်၏။
"ညီလေး"
ဆေးမှင်ကြောင်နှင့်လူသည် လေးလေးနက်နက်နှင့် ပြောလိုက်သည်။ "မင်းငါ့ကို ဒီကနေထုတ်ပေးမှာလား"
"ကောင်လေး"
ကျွင်းချောင်ရှောင်းသည် မထူးမခြားနားသလို ပြောလိုက်၏။ "ကျုပ်ရဲ့အသက်က ၁၆၀၀၀ ရှိနေပြီ။ ဒီတော့ အစ်ကိုကြီးလို့ခေါ်မှ ပိုပြီးသင့်တော်လိမ့်မယ် မဟုတ်လား"
"ဒါက"
ဆေးမှင်ကြောင်နှင့်လူက အားနာစွာ ပြောလိုက်သည်။ "ဘာလိုလဲ ဆိုတော့ ကျုပ်က ၃၅၄၇၂ နှစ်ရှိတဲ့လူမလို့ပဲ"
သူသည် လျှောက်ကာပြောဆိုခဲ့ခြင်း မဟုတ်ပေ။ သူသေဆုံးပြီးသော အသက်ပေါင်းတို့ကို ပေါင်းစပ်လိုက်မည်ဆိုလျှင် ဤအသက်အတိအကျပင် ဖြစ်တော့၏။
"........."
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ပြီးသည့်နောက်မှာတော့ သူသည်စိတ်ထဲမှ ကြိတ်ကာရေရွတ်လိုက်မိသည်။ ဒီလိုမှန်းသိလိုက်ရင် ငါ့အသက်ကို အသက်ပေါင်းတစ်သိန်းလို့ ပြောလိုက်ပါတယ်။
"အသက်က အရေးမကြီးပါဘူး"
သူသည် လှည့်ပြီးသည့်နောက် လေးလေးနက်နက်နှင့် ပြောလိုက်သည်။ "အရေးကြီးတာက တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်ပြုဖို့ပဲလေ"
"ချီးတဲ့မှ"
စနစ်က ပြောလိုက်၏။ "မင်း အစ်ကိုကြီးလို့ ခေါ်စေချင်လို့ လျှောက်လိမ်နေတာ မဟုတ်ဘူးလား။ ဘာလို့ အခုချက်ချင်း ပုံစံပြောင်းသွားရပြန်တာလဲ"
အားရာသည် သူမ၏ သခင်ဘေးတွင် မတ်တပ်ရပ်ပြီးနောက် အပြစ်ကင်းစင်သည့် အပြုံးကို ပြုံးလျက် ရှိနေ၏။ ဆေးမှင်ကြောင်နှင့်လူသည် သူမအား တစ်ချက်လှမ်းကြည့်ပြီးသည့် အချိန်မှာတော့ ချက်ချင်းပဲ မှန်ကန်သည့် ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်၏။
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။ "အသက်အရွယ်က အရေးမကြီးပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အသိမှတ်ပြုဖို့က ပိုအရေးကြီးတယ်။ ဒီနေ့ကစပြီး ခင်ဗျားက ကျုပ်ရဲ့ အစ်ကိုကြီးပဲ"
"ဒီလိုဆိုရင်"
ကျွင်းချောင်ရှောင်းသည် လက်ကိုဝှေ့ရမ်းကာ ပြောလိုက်၏။ "ဒီဝင်ခွင့်ဖောင်ကို ဖြည့်လိုက်တော့။ "
"အဲလိုလား"
စနစ်က စိတ်ဓာတ်ကျသွားမိသည်။ "ဦးနှောက်ပျက်တဲ့လူပဲ သဘောတူလိမ့်မယ်"
ဆေးမှင်ကြောင်နှင့်လူသည် ဝင်ခွင့်ဖောင်အား တစ်ချက်လှမ်းကြည့်ပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ "အစ်ကိုကြီး ကျုပ်ဒီကနေ ထွက်ချင်တယ်"
သူ့အနေဖြင့် ဤကဲ့သို့သော ပုံစံမျိုးဖြင့် ဂိုဏ်းထဲကို မဝင်ချင်ပေ။ သို့ပေမဲ့ ဂိုဏ်းထဲသို့ ဝင်ရောက်ရန် လေးနက်သည့်အမူအရာတစ်ခုခုကို ပြသမှ ဖြစ်ပေလိမ့်မည်။ ဥပမာအားဖြင့် သူ့အား ဤအလွန်တရာ မဲမှောင်လှသောနေရာကြီးမှ လွတ်မြောင်အောင် ကူညီခြင်းပင် ဖြစ်သည်။
"သွားကြစို့ … ဒီကထွက်ကြရအောင်"
ရွှီ … ရွှီ …။
သူတို့နှစ်ယောက်သည် ငရဲကြီးကိုးထပ်၏ နဝမမြောက်အလွှာတွင် ပေါ်ပေါက်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များ ဖြန့်ကျက်ကာဖြင့် တည်နေရာအား စတင်ကာ ထောက်လှမ်းလိုက်၏။ ပြီးနောက် တည်နေရာအတားအဆီးအား စတင်ကာ ချိုးဖျက်တော့သည်။
သူသည် အမှတ်မထင်ပဲ လှမ်းပြောလိုက်၏။ "ညီငယ်လေး မင်းက ပြန်လည်ရှင်သန်ခြင်း စိတ်ဝိညာဉ်ကို ပိုင်ဆိုင်တယ်ဆိုတော့ ဘယ်လောက်များများ သေပြီးပြီလဲ"
"တစ်ရာခြောက်ဆယ့်ငါးကြိမ်ပါ"
"ချီးတဲ့မှ … အဲ့လောက်တောင် သေပြီးသွားပြီလား"
"အင်း ကျုပ်ဆီမှာ အခြားနည်းလမ်းလည်း မရှိဘူးလေ။ တစ်ခါတစ်ရံ အခုမှမွေးဖွားပြီးကာစ ရှိသေးတယ်။ သိုင်းကျင့်ကြံဖို့ အချိန်တောင်မရှိသေးဘူး သေသွားတာရှိသေးတယ်။ ဒီနေ့လို အခြေအနေမျိုး ရောက်အောင်အတွက် ကျုပ်ရင်ဆိုင်ခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းမှုတွေက ပြောမကုန်အောင်ပဲ "
"ဒါဆိုရင် အခုဘာလို့မသေတာလဲ"
"ဘာလို့လဲဆိုတော့ အရမ်းအားကောင်းလာလို့ပေါ့"