← Chapters

အခန်း (၁၃၀၇)

Vol. 88 Ch. 1307

အခန်း (၁၃၀၇)

Vol. 88 Ch. 1307

သတ်ဖြတ်ခြင်းစွမ်းအင်များ ပါဝင်လျက်ရှိနေသည့် မြားကြီးသည် ကျွင်းချောင်ရှောင်းဆီသို့ တိုးဝင်လာခဲ့၏။ ဖျက်ဆီးနိုင်မှုအားအင်ကို ကြည့်ရှုမည်ဆိုလျှင် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးပင်လျှင် ပြိုလဲလျက် ရှိနေပြီး အဆောက်အဦများသည် အမှုန့်ပင် ပြောင်းလျက်ရှိ၏။

ဤနေရာတွင် မေးခွန်းတစ်ခု ရှိနေ၏။ ဆေးမင်ကြောင်နှင့် လူသည် ဤကဲ့သို့ ကောင်းမွန်လှသည့် အခွင့်အရေးတစ်ခု တည်ရှိနေသည့်အချိန်တွင် အဘယ်ကြောင့် ရုတ်တရက် ရှေ့သို့ပြေးကာဝင်မလာရသနည်း။ ထိုအစား ခပ်ဝေးဝေးတွင် မတ်တပ်ရပ်လျက် ရှိနေပြီး အဘယ်ကြောင့် ထိတ်လန့် အံ့အားသင့်မှုမျိုးကို ပြသနေသနည်း။

ဤအရာမှာ ရိုးရှင်းလွန်းလှ၏။ သေဆုံးရမည်ကို ကြောက်ရွံ့သောကြောင့်ဖြစ်၏။

အမှန်ပင်ဖြစ်သည်။ ထပ်တလဲလဲ သေလမ်းရှာလျက် ရှိနေသည့် ပြန်လည် မွေးဖွားနိုင်သည့်လူတစ်ယောက်သည် အားရာ၏ ကိုယ်တိုင်ကိုယ်ကျ ရိုက်နှက်ခြင်းကို ခံရပြီးသည့်နောက်မှာတော့ သေဆုံးရမည်ကို ကြောက်ရွံ့သည့်စိတ်တစ်ခု ပေါ်ပေါက်လာခဲ့၏။ ထို့ကြောင့် အခွင့်အရေးတစ်ခု သူ့ရှေ့တွင် ပေါ်ပေါက်လာသည် ဆိုသော်လည်း သူသည် တွန့်ဆုတ် နှောင့်နှေးနေခြင်းပင် ဖြစ်သည်။

သာမာန်မဟုတ်သည့် လူတစ်ယောက်သည် နောက်ဆုံးအချိန်မှာတော့ သာမာန်ဖြစ်၍ သွားတော့သည်။ ဤအရာသည် ဂုဏ်ပြုရန်အတွက် ထိုက်တန်လွန်းလှ၏။

တခြားသောမေးခွန်းကို ပြန်လည်ဖြေဆိုရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း သည် အဘယ်ကြောင့် မရှောင်ရှားရသနည်း။

ဟုတ်ပေသည်။ သူ့အနေနှင့် အလွန်တရာ ဟန်ထုတ်ချင်သောကြောင့် မရှောင်ရှားခြင်းတော့ မဟုတ်ချေ။ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲတွင် သတ်ဖြတ်ခြင်းစွမ်းအင်များကို အတွေ့အကြုံများကို ရရှိပြီးဖြစ်နေ၏။ ထို့ကြောင့် လက်ရှိ မြားဆီမှ ထွက်ပေါ်လာသော စွမ်းအင်များသည် အလွန်တရာ အားနည်းကြောင်း သူ သိရှိသည်။

အရိုးသားဆုံးပြောရမည်ဆိုလျှင် ကုန်းရှန့်သည် အထက်နယ်မြေ၏ နယ်မြေဟောခန်းဆီမှ အပြစ်ပေးမှုများကို ဆက်တိုက်ဆိုသလို ခုခံခဲ့ရသည်ဖြစ်သောကြောင့် အတွေ့အကြုံ ကောင်းကောင်းလည်း ရှိနေ၏။ ဤနေရာ နှင့်ပတ်သက်လျှင် သူသည် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်လို့ပင် ခေါ်ဆိုနိုင်စွမ်း ရှိနေ၏။

နယ်မြေဟောခန်းရှိ သိုင်းကျင့်ကြံသူများသည် တခြားသောနည်းလမ်းများနှင့် တိုက်ခိုက်မည်ဆိုလျှင် သူ လေးလေးနက်နက် ထားရပေလိမ့်မည်။ သို့ပေမဲ့ ဤကဲ့သို့ အပြစ်ပေးမှု စွမ်းအင်များနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ အကြောက်အလန့်ကင်းလို့ နေခဲ့သည်။ “လာစမ်း ကောင်လေး”

မြားသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးရှိ စွမ်းအင်များလောက် အားကောင်းသလားဆိုသည်ကို သူသိချင် စမ်းမိသည်။ ကျိန်းသေပေါက် နှိုင်းယှဉ်၍ ရသည့်အရာမျိုး မဟုတ်ပေ။ ထို့အပြင် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် ကြုံခဲ့ရသည့် သတ်ဖြတ်ခြင်းစွမ်းရည်များသည် ရွှေရောင်ချပ်ဝတ်နှင့်လူ၏ အားကုန်ပြည့် တိုက်ခိုက်ခြင်းကြောင့် ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိ မြားဆီမှ စွမ်းအင်များသည် အထက်နယ်မြေဆီမှ ရောက်ရှိလာခြင်းဖြစ် သည်ဆိုသော်လည်း လက်နက်တစ်ခုဆီမှ ထွက်ပေါ်လာသည့်အရာမျိုးဖြစ်၏။ အစစ်အမှန် စွမ်းအင်မျိုး မဟုတ်ခဲ့ချေ။

ဝှစ် ဝှစ်

သူ့ရှေ့တွင်ရှိသော အကာအကွယ်နံရံများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုအရာများသည် ပိုင်ရှင်၏ စိတ်ခံစားချက်အတိုင်း တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေတော့၏။

ဘုန်း

သတ်ဖြတ်လိုခြင်းစွမ်းအင်လှိုင်းများ ပါဝင်လျက်ရှိနေသည့် မြားကြီးသည် တောက်လျှောက်ဆိုသလိုပဲ ရှေ့ဆီသို့ ပျံသန်းရောက်ရှိလာခဲ့၏။ မြို့ကြီးတစ်ခုလုံးသည်လည်း လှုပ်ခါလျက် ရှိနေသည်။

ဝှစ် ဝှစ် ဝှစ်

အဆောက်အဦများအားလုံး ပြိုလဲပြီးသည့်နောက် အမှုန့်အဖြစ်သို့ ပြောင်းလဲနေ၏။ ကောင်းကင်ယံတစ်ခုလုံးတွင် ဖုန်များ အလိမ်းလိမ်း ဖြစ်တည်နေ၏။

“ဘယ်လို ဖြစ်နိုင်မှာလဲ” အခြေအနေတစ်ခုလုံးကို မျက်မြင်တွေ့နေရသည့် ဆေးမင်ကြောင်နှင့်လူသည် မျက်လုံး အပြူးသား ဖြစ်မိနေ၏။ သတ်ဖြတ်ခြင်းစွမ်းရည်များ ပါဝင်လျက်ရှိနေသည့် လေးကြီးသည် တစ်ဖက်လူ၏ အကာအကွယ်များကြားတွင် ပိတ်ဆို့လျက် ရှိနေသည်။

ဤအချင်းအရာကို မြင်ရသည့်အချိန်မှာတော့ ခံတပ်၏ သခင်သည်လည်း ဆွံ့အသွားခဲ့၏။ သူ့အနေနှင့် ဤအထူး သတ်ဖြတ်ခြင်း နတ်ဘုရားလေးကို ထုတ်ဖော်အသုံးပြုသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်၏။ ယခင်ပိုင်ရှင်ဆီမှ လက်လွှဲရယူပြီးသည့်နောက်မှာတော့ ဤအရာသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအင်များ ပါဝင်လျက် ရှိပြီး လူတစ်ယောက်ကို ပစ်မှတ်ထားလိုက်သည်ဆိုသည်နှင့် ခန္ဓာကိုယ်နှင့် ဝိညာဉ်တစ်ခုလုံး ဖျက်ဆီး ခံရမှာ သေချာသည်။

သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ လူကို ထိခိုက်နာကျင်ရန် မဆိုနှင့် အကာအကွယ် အတား အဆီးကိုပင် မချိုးဖြတ်နိုင်ခဲ့ချေ။ ယခင်ပိုင်ရှင်ဆီမှ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့သည့်ပစ္စည်းသာ မဟုတ်ပါက ဤအရာမှာ အတုဖြစ်မည်လားဟုပင် သံသယဝင်မိနိုင်၏။

ဟူး ဟူး

ထိုအချိန်မှာတော့ အားကောင်းလှသော လေလှိုင်းများ တိုက်ခတ်လာပြီး ဖုန်များ၊ သဲများသည် လွင့်စင်သွားခဲ့၏။ မြားကြီးသည် အားကောင်းလွန်းလှသော အကာအကွယ်နံရံကြီးတွင် စိုက်ဝင်လျက် ရှိနေ၏။ မြားထဲတွင် ပါဝင်သော သတ်ဖြတ်လိုခြင်းဆန္ဒများအားလုံးသည် အကာအကွယ်နံရံ၏ ရူးရူးမူးမူး စုပ်ယူခြင်းကို ခံနေရ၏။

“ဒါက ပစ္စည်းကောင်းတစ်ခုပဲ” ကျွင်းချောင်ရှောင်းသည် ပြောလိုက်မိ၏။ သူ့အနေနှင့် ကောင်းကင်မူလဝိညာဉ် ဖိနှိပ်ခြင်းစေတီကို ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ စေတီသည် ထိုစွမ်းအင်များ အားလုံးကို ထိန်းချုပ်ပြီး စုပ်ယူ နိုင်စွမ်း ရှိနေ၏။ အားရာမှာတော့ အလုပ်များလျက် ရှိနေသည်။ လူသားတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး ဖြစ်လာသော ဝင်ရောက်လာသည့် စွမ်းအင်များအား အားရာသည် လေ့ကျင့်ပေးရန် ပြင်ဆင်နေရသည်။

ဘုတ် ….။

အချိန်ခဏလောက် ကြာပြီးသည့်နောက်မှာတော့ မြားကြီးဆီမှ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုခြင်း စွမ်းအင်များသည် အလုံးစုံစုပ်ယူခြင်းကို ခံလိုက်ရ၏။ ပြီးသည့်နောက်မှာတော့ အစွမ်းသက်ရောက်မှုကင်းမဲ့စွာဖြင့် မြေပေါ်သို့ ပြုတ်ကျကာ ပျောက်ကွယ်သွားခဲ့တော့သည်။

“ဘယ်လို၊ ဘယ်လိုဖြစ်နိုင်မှာလဲ”

ခံတပ်သခင်၏ အသံသည် တုန်ယင်လျက်ရှိနေ၏။ အထက်နယ်မြေဆီမှ စွမ်းအင်လှိုင်းများသည် ကြောက်မက်ဖွယ်ရာကောင်းလွန်း၏။ သို့ပေမဲ့ တစ်ဖက်လူသည် ဤအရာကို အမှန်ပဲ စုပ်ယူနိုင်နေ၏။ အဓိပ္ပာယ်မရှိလှချေ။

ဆေးမင်ကြောင်နှင့်လူက ပြောလိုက်သည်။ “တကယ့်ကို သစ္စာဖောက် ပီသတာပဲ”

ပထမတုန်းက ကျွင်းချောင်ရှောင်း အနေဖြင့် ပါးစပ်ထဲရှိရာများ လျှောက်ပြောနေသည်ဟု သူထင်မှတ်ခဲ့၏။ သို့ပေမဲ့ အထက်နယ်မြေအား ကိုယ်စားပြုသည့် သတ်ဖြတ်ခြင်းစွမ်းရည်များကိုပင် တိုက်ရိုက်ဆိုသလို စုပ်ယူရဲနေသည် ဆိုမှတော့ တစ်ဖက်လူသည် ကျိန်းသေပေါက် တရားရေးရာဟောခန်းနှင့် ပဋိပက္ခ ဖြစ်ပွားထားသည့် လူတစ်ယောက် သ ဖြစ်ပေလိမ့်မည်။

သစ္စာဖောက်ဆိုသည်မှာ မည်သို့သောလူကို ဆိုလိုသနည်း။ ထူးဆန်းသည့်စွမ်းရည်များကို ပိုင်ဆိုင်ရုံဖြင့် သစ္စာဖောက် ဖြစ်လာလိမ့်မည် မဟုတ်ချေ။ စကားလုံး၊ အမူအရာနှင့် လုပ်ရပ်များ အားလုံးသည် တရားရေးရာ ဟောခန်းကို ဆန့်ကျင်မှ ဖြစ်ပေလိမ့်မည်။

“ဒါကမှ တကယ့်ကို မိတ်ဆွေပဲ”

ဆေးမင်ကြောင်နှင့်လူက တွေးလိုက်မိသည်။ “ငါ ကျိန်းသေပေါက် သူနဲ့ မိတ်ဆွေလုပ်ရမယ်”

..............

ကျွင်းချောင်ရှောင်းသည် အကာအကွယ်နံရံကြီး၏ အနောက်တွင် မတ်မတ်ရပ်ပြီးသည့်နောက် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ခင်ဗျား စုစည်းခဲ့တဲ့ အထက်နယ်မြေရဲ့ စွမ်းအင်တွေက အရမ်း အားနည်းလွန်းတယ်လေ။ အရင် ကျုပ် ကြုံခဲ့ရတဲ့ မိုးကြိုးအပစ်ပေးမှုရဲ့ သုံးဆယ်ရာခိုင်နှုန်းတောင် မပါဝင်ဘူးထင်တယ်”

သူ့အနေနှင့် အထက်နယ်မြေဆီမှ မိုးကြိုးအပစ်ပေးမှုကို ခံယူရသည့်အချိန်တွင် သူကိုယ်တိုင် ခံယူခဲ့သည်သာမက နှင်းဆီဧကရီကိုလည်း ကာကွယ်ပေးခဲ့ရသေး၏။ ဟုတ်ပေသည်။ ထိုကဲ့သို့သော ရင်ဆိုင် ခုခံရသည့်နေရာတွင် လောကအဆောင်အား ထုတ်ဖော်အသုံးပြုခဲ့၏။ လက်ရှိအခြေအနေမှာတော့ သူသည် ပိုမိုကာ အားကောင်းလာခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် စွမ်းအင်လှိုင်းများကို ခုခံသည့်နေရာတွင် သူ၏ စွမ်းအင်အစစ်အမှန်ကို ထုတ်ဖော်ကာ ခုခံခဲ့ခြင်း ပင်ဖြစ်တော့သည်။ သို့ပေမဲ့ တစ်ဖက်လူ၏ မြားသည် သူ၏ အကာအကွယ်ကိုပင် မချိုးဖောက်နိုင်ခဲ့ချေ။

“ချီးတဲ့မှ”

ခံတပ်၏ သခင်သည် လေးကြိုးကို ထပ်မံကာ ဆွဲယူလိုက်၏။ ပြီးသည့်နောက်မှာတော့ ခုနှစ်ရောင် အလင်းတန်းများ ဖြစ်တည်လျက်ရှိနေသည့် မြားတစ်စင်းသည် စုဝေးရောက်ရှိလာ၏။ ဘန်း ဟူသော အသံနှင့်အတူ မိုးကြိုးသံများ ထွက်ပေါ်ကာ ရှေ့ဆီသို့ ပြေးထွက်လာပြန်သည်။

ဘုန်း ဘုန်း ဘုန်း

စကြဝဠာ၏ အပြင်ဘက်ရှိ သိုင်းကျင့်ကြံသူများသည် ထိုအချင်းအရာကို ကြားလျက် ရှိနေကြ၏။ ၎င်းတို့သည် လှုပ်ရှားမှုအားလုံးကို သေသေချာချာ မြင်နေရသည်ဖြစ်သောကြောင့် ဤမြားကြီးဆီမှ ထွက်ပေါ်လာသည့် စွမ်းအင် လှိုင်းများသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ကောင်းကောင်း သိရှိနေကြ၏။ ကြည့်ရှုနေရင်းနှင့်ပင် ဒူးများခွေလျက် ရှိနေကြ၏။

မြားတစ်စင်းသည် ပစ်မှတ်ကို မသတ်ဖြတ်နိုင်ဘူးဆိုပါက သူသည် ကျိန်းသေပေါက် မြားတွေ အများကြီးကို ထုတ်ဖော်ကာ အသုံးပြုမှာဖြစ်သည်။ သို့ပေမဲ့ အမှန်တရားမှာတော့ ရက်စက်လွန်းလှချေသည်။

ခံတပ်သခင်သည် မြားဆယ်ချောင်းကို ဆင့်ခေါ်ကာ ဆက်တိုက်ပစ်ခတ်မှုကို ပြုလုပ်သော်လည်း ကျွင်းချောင်ရှောင်း၏ အရှေ့တွင် ရှိနေသော အကာအကွယ်သည် တစ်ချက်ကလေးမှ တုန်လှုပ်မှု မဖြစ်ခဲ့ပေ။

ဟူး ဟူး

အပြစ်ပေးမှု၏ သတ်ဖြတ်ခြင်းစွမ်းရည်များသည် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီ၏ စုပ်ယူခြင်းကို ခံခဲ့ရ၏။ အားရာသည် ထိုစွမ်းအင်များကြောင့် ဖြစ်တည်လာသည့် လူပုံသဏ္ဍာန် တစ်ယောက်ချင်းစီအား ကြာပွတ်ဖြင့် ရိုက်နှက်ကာ ဆိုဆုံးမလျက် ရှိနေ၏။ ၎င်းတို့အားလုံးသည် သနားဖို့ကောင်းသော ကင်းသမား ဆယ့်နှစ်ယောက်နှင့်ပင် ဆင်တူနေ၏။

ဘုန်း ဘုန်း …..။

ခံတပ်သခင်သည် အကြိမ်ပေါင်းများစွာ ထပ်မံကာ တိုက်ခိုက်ခဲ့၏။ သို့ပေမဲ့ သူ၏ တိုက်ခိုက်ချက်သည် တစ်ဖက်လူ၏ အကာအကွယ်ကိုပင် မချိုးဖောက်နိုင်ကြောင်း သိရှိလိုက်ရတော့၏။ ထို့ကြောင့် လေးကြီးကို ပြန်လည် သိမ်းဆည်းလိုက်ရ၏။

“ကျုပ် ဒါကို ကြိုက်တယ်။ ဒီတော့”

ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ဒါက ကျုပ်ပစ္စည်း ဖြစ်တော့မယ်”

ဆွစ်

ထိုအချိန်မှာပဲ ခံတပ်သခင်သည် အရိပ်တစ်ခုကဲ့သို့ပင် ပေါ်ပေါ်လာခဲ့တော့၏။ ကြမ်းတမ်းလှသော စွမ်းအင်လှိုင်း များသည် ဖြစ်တည်လာခဲ့၏။ အထက်နယ်မြေဆီမှ လက်နက်သည် အသုံးမဝင်ဘူးဆိုပါက သူသည် သူ့ကိုယ်သူ အားကိုးရတော့မှာဖြစ်သည်။

တောင်ပင်လယ် ပြောင်းပြန်လှည့်ခြင်း ….။

အကန့်အသတ်မဲ့ ပင်လယ် …။

များပြားလွန်းလှသော တိုက်ခိုက်မှုများကို တစ်ခုပြီးတစ်ခု ထုတ်ဖော်ပြီးသည့်နောက်မှာတော့ လေဟာနယ်ကြီးတစ်ခုလုံးပင် တုန်ခါလျက် ရှိနေ၏။

ကျွင်းချောင်ရှောင်းသည်လည်း အလကား ရပ်မနေချေ။ သူ၏ လက်သီးနှင့် ခြေထောက်များကို မြှောက်ကာဖြင့် တိုက်ကွက်မျိုးစုံတို့ကို ထုတ်ဖော်ကာ တိုက်ခိုက်တော့သည်။

“နတ်ဘုရားနဂါး အမြှီးလှုပ်”

“တောင်အောက်မှာ ကျားချောင်း”

“ရွှေကြက်ဖကြီး မတ်တပ်ရပ်”

တိုက်ကွက်မျိုးစုံတို့၏ နာမည်တို့သည် ဆိုးရွားလွန်းလှသည်ဆိုသော်လည်း နှစ်ဖက် ကျွမ်းကျင်သူများသည် ပြင်းပြင်းထန်ထန်နှင့် တိုက်ခိုက်လျက် ရှိနေကြ၏။ ၎င်းတို့၏ လှုပ်ရှားမှုများသည် ကောင်းကင်တာအို၏ အော်ရာ များပင် ထွက်ပေါ်နေခဲ့၏။

ဒွီ ဒွီ ဒွီ

အဓိကဟောခန်းထဲတွင် ထားရှိသည့် ဗုံး၏ စက္ကန့်များသည် တဖြည်းဖြည်း လျော့ကျလာလျက်နေခဲ့၏။ နောက်ဆုံးမှာတော့ ပေါက်ကွဲရန် ဆယ်မိနစ်သာလျှင် ကျန်ရှိတော့သည်။

“ညီလေး”

ကျွင်းချောင်ရှောင်းသည် ခံတပ်သခင်နှင့် အကြီးအကျယ် ရင်ဆိုင်တိုက်ခိုက်ပြီးနောက် အော်လိုက်သည်။ “အကျဉ်းသားတွေကို ဒီကနေ ခေါ်ထုတ်သွားတော့။ ပြီးရင်မြို့ရဲ့ ဂိတ်တံခါးအရှေ့ဘက်မှာ ရွက်သင်္ဘောတစ်စင်း ကျုပ်ထားထားတယ်”

“ကောင်းပါပြီ” ဆေးမင်ကြောင်နှင့်လူသည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်ကျင့်ကြံသူ တစ်ယောက်အား အဝေးဆီသို့ ကန်ထုတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ရှုပ်ထွေးလျက်ရှိနေသည့် တိုက်ပွဲထဲသို့ တိုးဝင်သွားပြီးသည့်နောက် သူ၏ ဒန်ထျန်ထဲတွင်ရှိနေသော စွမ်းအင်များကို စုစည်းကာ အော်ဟစ်လိုက်၏။ “ကျုပ်နောက်လိုက်ခဲ့ကြတော့”

စစ်သည်များနှင့် တိုက်ခိုက်လျက် ရှိနေသည့် အကျဉ်းသားများ အားလုံးသည် အဓိကပြဿနာကောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ယောက် အော်ဟစ်လိုက်သည့်အချိန်မှာတော့ ချက်ချင်းပဲ တိုက်ခိုက်ရာမှ ရပ်တန့်ကာ ထိုသူနောက်သို့ လိုက်ပါလာခဲ့တော့သည်။

ဆွစ် ဆွစ်

အကျဉ်းသားများ အားလုံးသည် ရွက်သင်္ဘောဆီသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ ရွက်သင်္ဘောကြီးတစ်ခုလုံး အား စည်းခတ်ထားလိုက်တော့၏။ ပြီးသည်နောက်မှာတော့ ခပ်ဝေးဝေး တည်နေရာဆီသို့ ပျံသန်းသွားခဲ့၏။

“အစ်ကိုကြီး... ဘာလို့ ဒီမှာ အတားအဆီးတွေ အများကြီး ရှိနေတယ်လို့ ထင်နေရတာလဲ”

“ကျုပ်တို့ ဝံပုလွေအုပ်ထဲကနေ လွတ်မြောက်ပြီးတော့ ကျားခံတွင်းထဲ ရောက်သွားတယ်လို့ ဘာလို့ ခံစားနေရ တာလဲ”

“အရမ်းကြီး မတွေးနဲ့။ လက်ရှိ စကြဝဠာရဲ့ စွမ်းအင်တွေက ငါတို့ကို လာပြီးတော့ သက်ရောက်မှာကို စိုးရိမ်လို့ အကာအကွယ် အတားအဆီးတွေ ထားတာပဲ ဖြစ်ရမယ်”

အကျဉ်းသားများသည် ဆွေးနွေးလျက် ရှိနေတုန်းမှာပဲ ရှေးရွက်သင်္ဘောကြီးသည် ခပ်ဝေးဝေးတည်နေရာဆီသို့ ရောက်ရှိပြီးသည့်နောက်မှာတော့ ဖြည်းညှင်းစွာဖြင့် ရပ်တန့်သွားခဲ့၏။

ဒွီ ဒွီ

ထူးဆန်းလှသည့်အသံကြီးသည် ဆက်တိုက်ဆိုသလိုပဲ မြည်နေ၏။ ထိုအသံ၏ စည်းချက်သည် တဖြည်းဖြည်းနှင့် ပိုမိုကာ မြန်ဆန်လာခဲ့သည်။ ခံတပ်သခင်သည် ကျွင်းချောင်ရှောင်းနှင့် တိုက်ခိုက်လျက်ပင် ရှိနေသေးသည်။ သူသည် တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်ကြောင်းကို နားလည်လိုက်သောကြောင့် ချက်ချင်းပဲ မြို့ထဲရှိ စစ်သည်များကို အသံပို့လွှတ်လိုက်တော့၏။ “ခံတပ်ကို မြန်မြန်ဆန်ဆန် စွန့်ခွာကြ”

ရွှီး ရွှီး ……။

အချိန်တိုအတွင်းမှာပဲ ရွက်သင်္ဘောများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပြီးသည့်နောက် ကြယ်ကောင်းကင် ခံတပ်ဆီမှ အပြင်ဘက်ဆီသို့ ပျံသန်းတော့၏။ ပြောရမည်ဆိုလျှင် ကြယ်ကောင်းကင်ခံတပ်ထဲတွင် လူတော်တော်များများ မရှိတော့ချေ။ ထို့အပြင် ကျွင်းချောင်ရှောင်းနှင့် ခံတပ်သခင်တို့၏ တိုက်ပွဲကြားတွင် မြို့ကြီး သည်လည်း အပျက်အစီးတစ်ခုအဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဘုန်း ဘုန်း

တိုက်ပွဲသည် ဆက်တိုက် ဖြစ်တည်လာပြီးသည့်နောက် တိုက်ပွဲ၏ အခြေအနေသည်လည်း ပိုမိုကာ ပြင်းထန်လာခဲ့သည်။ အချိန်များသည် တစ်စက္ကန့်ချင်း ချိုးဖြတ်လျက် ရှိနေ၏။ နောက်ဆုံးမှာတော့ ငါးဆယ့်ကိုး စက္ကန့်သာ ကျန်တော့သည်။

ကျွင်းချောင်ရှောင်းသည် သူ၏ ပြိုင်ဘက် အနောက်ဆီသို့ လွင့်စင်သွားသည်ကို အခွင့်အရေးယူပြီးသည့်နောက် မှာတော့ အနောက်ဘက်ဆီသို့ ပျံသန်းဆုတ်ခွာလိုက်၏။

“မင်းမလွတ်ဘူး”

ခံတပ်သခင်က အော်ဟစ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ လက်နှစ်ဖက်ကို လှုပ်ရှားလိုက် ပြီးသည့်နောက်မှာတော့ လက်စည်းသင်္ကေတတစ်ခုကို ပြုလုပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ကောင်းကင်ယံ ထက်ဆီမှ အတားအဆီးများသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လာပြီးသည့်နောက်မှာတော့ မြို့တစ်ခုလုံးရှိ ဂိတ်တံခါး အားလုံးကို စည်းခတ်လိုက်သည်။

ဘုန်း

ကျွင်းချောင်ရှောင်းသည် အတားအဆီးကြီးအား လက်သီးဖြင့် ချိုးဖြတ်လိုက်၏။ သို့ပေမဲ့ မကျိုးပြတ်ခဲ့ချေ။ ထို့ကြောင့် သူသည် ကျိန်ဆဲလိုက်မိ၏။ “ချီးတဲ့မှ”

ဗုံးသည် အသက်ဝင်သွားပြီး ပေါက်ကွဲတော့မည် ဖြစ်၏။ သူသည် အထဲတွင် ကျန်ရှိခဲ့ပြီး ခံတပ်သခင်သည် အပြင်ဘက်သို့ ရောက်ရှိနေခဲ့၏။ သောက်ကျိုးနည်းလှချေသည်။

“ကောင်လေး”

ခံတပ်သခင်၏ မျက်လုံးများသည် ပြူးကျယ်လျက် ရှိနေ၏။ “မင်း အကျဉ်းသားတွေ အကုန်လုံးကို လွှတ်ပေးလိုက်ပြီး ငါ့ရဲ့ ခံတပ်ကြီးကို ဖျက်ဆီးလိုက်တယ်။ ဒီတော့ ဒီနေရာမှာ သေရမယ်”

ကျွင်းချောင်ရှောင်းသည် သူ့အား လျစ်လျှူရှုထား၏။ ပြီးသည့်နောက်မှာတော့ ချီမင် အစီအရင်ကျမ်းအား ပြန်လည် စဉ်းစားကာဖြင့် အတားအဆီးအား ချိုးဖြတ်ရန် စဉ်းစားလိုက်၏။ သို့ပေမဲ့ စက္ကန့်အနည်းငယ်သာ ကျန်ရှိတော့သဖြင့် နောက်ကနေပြီြုဖစ်သည်။

“ချီးတဲ့မှ” စောစောကတည်းက သိလျှင် သူအရင်ဆုံး အပြင်ဘက်သို့ရောက်အောင် ထွက်ပြေးမိမှာ သေချာ၏။ တစ်မိနစ်လောက် နောက်ကျခဲ့ခြင်းသည် သူ့အတွက် ဒုက္ခများစွာဖြစ်ပေါ်စေခဲ့သည်။ ဤတည်နေရာသည် ကြယ်ကောင်းကင်ခံတပ်၏ နောက်ဆုံး အကာအကွယ် အတားအဆီးလည်း ဖြစ်၏။ ထိုအရာကို အသက်သွင်းလိုက်သည်ဆိုသည်နှင့် အထဲတွင်ရှိသောလူများသည် အပြင်ဘက်သို့ ထွက်မခွာနိုင်သလို အပြင်မှာ ရှိသည့်လူများသည်လည်း အထဲသို့ မဝင်ရောက်နိုင်တော့ချေ။

ခံတပ်သခင်သည် အပြင်ဘက်တွင် မတ်မတ်ကြီး ရပ်လျက် ရှိနေတော့၏။ အခြေအနေသည် ပြောင်းပြန်ဖြစ်လို့ နေခဲ့တော့၏။

“ဆိုးရွားလိုက်တာ”

စနစ်သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “ဒါက လုံးဝ အခြေအနေဆိုးတာပဲ”

ကျွင်းချောင်ရှောင်းအနေဖြင့် ထိုအရာများကို ဂရုစိုက်ရန် အချိန်မရှိတော့ချေ။ သူ့အနေနှင့် စက္ကန့်တိုင်း၊ စက္ကန့်တိုင်း တွင် ရှေ့အတားအဆီးကို ချိုးဖြတ်ရန်သာ အာရုံစိုက်ထားသည်။

ဒွီ ဒွီ

ဗုံးသည် ဆက်တိုက်ဆိုသလိုပဲ မြည်နေ၏။ နောက်ဆုံး ဆယ်စက္ကန့်သို့ ရောက်ရှိသည့်အချိန်မှာတော့ တုန်ခါမှုနှုန်း သည် ပိုမိုကာ တိုးလာခဲ့တော့၏။ လှိုင်းများ၊ လှိုင်းများအဖြစ် တည်နေရာကြီးတစ်ခုလုံးတွင် ဖြစ်တည်လာခဲ့၏။

အား အား

ကျွင်းချောင်ရှောင်းသည် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ၏ နဖူးကြောများသည် ထောင်ထလာခဲ့၏။ ဝိညာဉ် ချိန်ကိုက်ဗုံးအား ဤနေရာတွင် ထားဖို့ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ချေ။ သူ့အနေနှင့် များပြားလှသော အခက်အခဲများကို ကျော်ဖြတ်ကာဖြင့် ထားရှိခဲ့ခြင်းပင် ဖြစ်သည်။ သို့ပေမဲ့ ထိုကဲ့သို့ ထားရှိခြင်းသည် သူ့ကိုသူ သတ်သေရန်အတွက် ဖြစ်လို့နေခဲ့သည်။

ဒွီ

၁၀ .. ၉ … ၈ .. ၇ … ဝ.၉ .. ဝ.၈ ..ဝ.၇ …

ဝ.၁ ဆီသို့ရောက်ရှိသည့်အချိန်တွင် ကျွင်းချောင်ရှောင်းမှာ နောက်ဆုံးအတားအဆီးကို ချိုးဖြတ်နိုင်ခဲ့၏။ သို့ပေမဲ့ သူ့တွင် အချိန်ဟူ၍ မကျန်တော့ချေ။

အား

ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပျက်ယွင်းလာခဲ့တော့၏။ သူ၏ ခွေးရူးတစ်ကောင်ကဲ့သို့ ခံတပ်ထဲမှာ အမြန်ဆုံး ထွက်သွားခဲ့၏။ လက်ရှိအချိန်မှာတော့ သူ၏ သွေး၊ ကြွက်သားနှင့် ခန္ဓာကိုယ်တစ်ခုလုံးသည် ကြမ်းကြမ်း တမ်းတမ်းနှင့် လှုပ်ရှားနေခဲ့၏။ အမြန်နှုန်းသည် မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။

“တပည့်တွေက ငါပြန်လာ မှာကို စောင့်နေတယ်။ ငါ သေလို့ မရဘူး။ ငါတကယ်ပဲ အသက်ရှင်ချင်သေးတယ်”

ဘုန်း

All Chapters