အခန်း (၁၃၀၀)
Vol. 88 Ch. 1300
ယွမ်ဟယ်သည် သူ့အား တမင်တကာ လွယ်ကူစေရန်အတွက် နဝမမြောက် အကျဉ်းထောင်ထဲတွင် စိတ်လိုလက်ရ အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း ကျွင်းချောင်ရှောင်းက ကောင်းကောင်းမသိချေ။ သို့ပေမဲ့ ကင်းသမားဆယ့်နှစ်ယောက်လုံးကို ဖြေရှင်းပြီးသည့်နောက်မှာတော့ ခံတပ်သခင်သာ ကျန်ရှိတော့ကြောင်း နားလည်လိုက်မိ၏။
“ထူးဆန်းလိုက်တာ။ ငါ သူ့ရဲ့နောက်လိုက်တွေ အကုန်လုံးကို ဖမ်းထားပြီးပြီလေ။ သူဘာလို့ ဘာမှမလုပ်တာလဲ” ခံတပ်ဆီသို့ သွားရာလမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် တွေးတောလျက် ရှိနေသည်။
အချက်အလက်အားဖြင့် ကင်းသမားများ သူ့ကို ရှာဖွေတွေ့ရှိသွားသည်ဆိုသည့် အဓိပ္ပာယ်သည် တစ်ဖက်လူသိရှိသွားပြီဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်တော့၏။ သို့ပေမဲ့ အစစ်အမှန်ခေါင်းဆောင်သည် ပေါ်ပေါက်မလာသေးချေ။ အဘယ်ကြောင့်နည်း။
အစစ်အမှန်မှာတော့ ခံတပ်သခင်သည် သူ့အားအချိန်ပေးရန် လုံးဝအချိန်မရှိကြောင်းကို ကုန်းရှန့်တစ်ယောက် မသိရှိပေ။ အဘယ်ကြောင့်ဆိုသော် အထက်နယ်မြေမှ စေလွှတ်လိုက်သော အကျဉ်းသားသည် သူ့အား အလွန်အမင်း ခေါင်းကိုက်နေစေ၏။ တစ်ချိန်လုံး သေလမ်းရှာလျက် ရှိနေလေသည်။
“အား.... ငါ ငရဲပြည်ကို သွားမယ်”
ဘုန်း ဘုန်း
နဝမမြောက် အကျဉ်းထောင်ထဲမှာတော့ ဆေးမင်ကြောင်များနှင့်လူသည် ဦးခေါင်းနှင့် အကာအကွယ် အတားအဆီး ကြီးအား တဒိုင်းဒိုင်းနှင့် တိုက်လျက်ရှိ၏။ ခေါင်းတစ်ခုလုံးသည်လည်း သွေးများနီရဲနေတော့သည်။ သို့ပေမဲ့ သူသည် မသေရုံသာမက ပိုမို၍ပင် အားကောင်းလာခဲ့သေး၏။
ဂလု
အလွန်ပြင်းထန်လွန်းသော အဆိပ်ပုလင်းကို ထုတ်ယူ၍ မျိုချလိုက်၏။ သို့ပေမဲ့ သူ၏ ခန္ဓာကိုယ်ထဲမှ အဆိပ် များသည် လေလည်လိုက်သည်နှင့် ပြန်လည်ကာ ထွက်ခွာသွားခဲ့တော့၏။ သူသည် အလုံးစုံ ကောင်းမွန်လို့ နေ လေသည်။ သူသည် ပြန်လည်ရှင်သန် နိုင်စွမ်းရှိသော စိတ်ဝိညာဉ်ကို ပိုင်ဆိုင်၏။ သေဆုံးပြီးသည့်နောက် မှာတော့ ပြန်လည်မွေးဖွားနိုင်စွမ်းရှိသည်။ ပြီးလျှင် ယခင်ကထက် ပိုမိုကာ အားကောင်းလာပေလိမ့်မည်။
ဤအရာ သည် ကောင်းကင်မှ ငြင်းပယ်လောက်သည့်အရာမျိုး ဖြစ်သည်ဆိုသော်လည်း အားနည်းချက် တစ်ခုတော့ တည်ရှိနေသေး၏။ ထိုအရာမှာ သေဆုံးရန် အလွန်တရာ ခက်ခဲခြင်းပင်ဖြစ်သည်။
ထိုသို့ဆိုလျှင် အသက်ရှင်သန်ရခြင်းက ပိုမို၍ ကောင်းမွန်သည် မဟုတ်လား။
ဟုတ်ပေသည်။ အသက်ရှင်သန် နေထိုင်ရခြင်းသည် ကောင်းမွန်သည့်အရာပင်ဖြစ်၏။ သို့ပေမဲ့ သူသာ မသေပါက သူ၏ သက်တမ်းကုန်ဆုံးသွားသည်အထိ လက်ရှိအဆင့်တွင် တစ်နေပေလိမ့်မည်။ ထို့ကြောင့် သူ့အနေနှင့် ပြန်လည်မွေးဖွားရန် မဖြစ်မနေ လိုအပ်နေ၏။ ဆေးမင်ကြောင်နှင့်လူ၏ဘဝကို သုံးသပ်ရမည်ဆိုလျှင် ကျော်ဖြတ်၍မရနိုင် သည့်အဆင့်တစ်ခု၏ ထိပ်ပိုင်းဆီသို့ ရောက်ရှိသွားသည်နှင့်တပြိုင်နက် သူသည် သေလမ်းစ၍ ရှာတော့သည်။
သေဆုံးပြီးသည့်နောက် ပြန်လည်မွေးဖွားလာသည်။ ထိုမှတဆင့် အထက်အဆင့်ဆီသို့ ချိုးဖြတ်နိုင်ခဲ့သည်။ ပြီးသည့်နောက်မှာတော့ ထပ်မံကာ သေလမ်းရှာပြန်သည်။ သူ၏ဖြစ်စဉ်တစ်ခုလုံးသည် သေဆုံးခြင်း၊ ပြန်လည် မွေးဖွားခြင်းနှင့် ပိုမိုကာ အားကောင်းလာခဲ့ခြင်း စသည်ဖြင့် သံသရာလည်နေတော့၏။
ဤကဲ့သို့သော လူမျိုး၏ အရှေ့တွင် ကုန်းရှန့်ဆိုသည်မှာ သေလမ်းရှာသည်ဟုပင် ပြောဆိုရန် ထိုက်တန်လှသူ မဟုတ်ပေ။ တစ်ဖက်လူသည် အစစ်အမှန်ပင် သေလမ်းရှာသည်သာမက သေဆုံးရဲသည့် လူတစ်ယောက်လည်း ဖြစ်လို့နေသည်။
.............
ခံတပ်သခင်သည် ဆွံ့အလျက်ရှိနေ၏။ အထက်နယ်မြေသည် သူ့ဆီသို့ အူကြောင်ကြောင်လူတစ်ယောက်အား ပို့လွှတ်လိုက်သည်လား။ နေ့စဉ်နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် သတ်သေလျက်ရှိနေသည်။ ဤအရာသည် ကြောင်တောင်တောင်နိုင်လွန်းလှ၏။ သို့ပေမဲ့ သူသည် တစ်ဖက်လူအား အလစ်အငိုက် တစ်ခါမှ မထားရဲခဲ့ချေ။ တစ်ဖက်လူသာ အတားအဆီးကို ချိုးဖြတ်၍ လွတ်မြောက်သွားပါက ပြဿနာ အကြီးအကျယ်တက်မှာ သေချာသည်။
အတိတ်တုန်းကသာဆိုလျှင် ခံတပ်သခင်သည် အကာအကွယ်စနစ်အား အလွန်တရာ ယုံကြည်လွန်းလှ၏။ သို့ပေမဲ့ အကျဉ်းထောင်ကျိုးပြတ်ပြီး အဓိက ပြဿနာကောင်များ လွတ်မြောက်သွားပြီးသည့်နောက်မှာတော့ သူသည် ဤအကာအကွယ်စနစ်ကို အယုံအကြည် မရှိတော့ချေ။
ထူးဆန်းလှသည့် ဆေးမင်ကြောင်နှင့်လူကြောင့် ခံတပ်၏ သခင်သည် နေ့စဉ်နေ့တိုင်း နဝမမြောက်အကျဉ်းထောင်ထဲတွင်ပင် အာရုံစိုက်လျက်ရှိနေ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း တစ်ယောက် ကင်းသမားဆယ့်နှစ်ယောက်တို့ကို လွယ်လွယ်ကူကူနှင့် ဖမ်းဆီးသွားခဲ့ပြီ ဖြစ်ကြောင်းကို သူမသိရှိခြင်းပင် ဖြစ်တော့သည်။
.............
ကျယ်ပြောလှသည့် စကြဝဠာကောင်းကင်ကြီးအတွင်းမှာတော့ ရှေးရွက်သင်္ဘောကြီးတစ်စင်းသည် တည်နေရာကို ဖြတ်သန်းကာ ခရီးနှင်နေ၏။ ကျွင်းချောင်ရှောင်းသည် ကောင်းကင်နှင့် မြေကြီးဖန်တီးခြင်း အစီအရင်ကို လေ့လာ နေစဉ်အတွင်းမှာပဲ ကြယ်ကောင်းကင်ခံတပ်နှင့် မည်သို့ ရင်ဆိုင်ရမည်ဆိုသည်ကို စဉ်းစားလျက် ရှိနေ၏။ သူ့အနေ နှင့် အစီအရင်အင်ပါယာအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိပြီးပြီ ဖြစ်သောကြောင့် အစီအရင်တာအိုနှင့်ပတ်သက်၍ နားလည်မှုသည် ပိုမိုကာ မြင့်မားလာခဲ့သည်။ သို့ပေမဲ့ ထိုက်ရွှမ်အဘိုးအို ချန်ရစ်ခဲ့သော အစီအရင်သည် အလွန် အားကောင်းလွန်းလှချေ၏။ အပြည့်အစုံ တည်ထောင်ရန် ဆိုခြင်းမှာ အချိန်အနည်းငယ်တော့ လိုအပ်နေပေလိမ့်မည်။ ထို့အပြင် ဤအရာသည် ဂိုဏ်းတစ်ခုလုံးကို အထက်နယ်မြေဆီသို့ ပို့ဆောင်ခေါ်သွားနိုင်သည့်အရာမျိုး ဖြစ်နေသည်မဟုတ်ပါလား။
ဧကရီလင်းရောင်၏ အတွေ့အကြုံအရဆိုလျှင် ဤအစီအရင်ကြီးသည် အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူကိုယ်တိုင် တက်လှမ်းနိုင်သည်ဆိုလျှင်တောင်မှ သူ၏ မိသားစုကို ခေါ်ဆောင်သွားရန် တာဝန်ကလည်း ရှိလို့နေသေးသည် မဟုတ်ပါလား။ တစ်ယောက်နှင့် အများကြား ထဲတွင် ကွာခြားချက်မှာ တည်ရှိနေနိုင်သည်။
စနစ်က ပြောလိုက်သည်။ “တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်လည်း ပြောင်းလဲရမှာပေါ့။ အားလုံး တက်လှမ်းနိုင်တဲ့ အရာတစ်ခုဖြစ်အောင် ပြောင်းလဲပစ်ရမယ်”
“..........”
ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွားမိ၏။
“ဟုတ်တယ်”
စနစ်က ပြောလိုက်သည်။ “စနစ်က အထက်အဆင့်ကို အဆင့်မြှင့်တင်ပြီးတဲ့နောက်မှာ အရာအားလုံး ကလည်း တိုးတက်လာခဲ့တယ်လေ။ လက်ခံသူအနေနဲ့ အထက်နယ်မြေကို တက်လှမ်းနိုင်ဖို့ နည်းလမ်း မရှာဖွေနိုင်ဘူးဆိုရင် အဆင့်မြင့်စတိုးဆီသွားပြီး အကူအညီတောင်းလို့ရတယ်။ အဲမှာ ဘာမှန်းမသိတဲ့ အံ့အားသင့်စရာ အရာတွေ အပြည့်ပဲ”
“မင်းခဏလောက် အပြင်ကို ထွက်ခဲ့ပါလား။ ငါတစ်ချက်လောက် ကန်ချင်လို့”
“မင်း ငါ့ကို မနိုင်ပါဘူး”
ဤစကားသည် တကယ့်ကို ရင်နာလွန်းလှ၏။ ကျွင်းချောင်ရှောင်း၏ နှလုံးသားအား ဓားထက်ထက်နှင့် ထိုးစိုက် လိုက်သကဲ့သို့ပင် ဖြစ်တော့သည်။
ကြယ်ကောင်းကင်ခံတပ်ပိုင်ရှင်၏ အားအင်အဆင့်သည် ဘာမှန်း သူသေသေ ချာချာ မသိသေးချေ။ ထို့ကြောင့် ကုန်းရှန့်သည် သူ၏ အားအင်အဆင့်ကို အပြည့်အဝ စမ်းသပ်ရန်လည်း စိတ်ဝင်စားလျက် ရှိနေသေး၏။ သို့ပေမဲ့ သူသည် ပေါ်ပေါ်တင်တင် အထဲသို့ ဝင်ရောက်သွားလိမ့်မည် မဟုတ်ချေ။ ရုပ်ဖျက်ကာဖြင့် မြို့ထဲသို့ ခိုးဝင်မှသာလျှင် ပိုမိုကာ အဆင်ပြေမှာ သေချာ၏။
ပထမဦးဆုံး သူသည် မှောင်ခိုဈေးကွက်ထဲသို့ သွားပြီးသည့်နောက်မှာတော့ ဆေးပစ္စည်း တော်တော်များများကို ဝယ်ယူလိုက်၏။ ပြီးသည့်နောက် စားသောက်ခန်းတစ်ခု၏ ပထမထပ်တွင် ထိုင်ကာ စားသောက်လျက် ရှိနေ၏။ ဤလောကကြီးတွင် သတင်းအချက်အလက် အများဆုံးရရှိနိုင်သည့်နေရာသည် ဤကဲ့သို့ စားသောက်ခန်း မျိုးပင် ဖြစ်သည်။
ထင်မှတ်ထားသည့်အတိုင်းပင် သိုင်းကျင့်ကြံသူတစ်ယောက်သည် ဝိုင်တစ်ခွက်ကို ကောက်မော့ကာဖြင့် ပြောလိုက်၏။ “မကြာသေးခင်က အထက်နယ်မြေဆီကနေပြီးတော့ အလင်းတန်းတစ်ခု ကျဆင်းလာတယ်။ ခင်ဗျားတို့ မြင်လိုက်လား”
“ကျိန်းသေပေါက် မြင်တာပေါ့”
ဘေးနားတွင် ရှိနေသော လူတစ်ယောက်သည် အသာပြောလိုက်သည်။ “အစ်ကိုတုံ.... အဲတာ ဘာအရာလဲ သိလား။ တစ်ချက်ကြည့်လိုက်တာနဲ့ ရင်ထဲတောင် တုန်ကနဲ ဖြစ်သွားတယ်”
စားသောက်ခန်းထဲတွင် ထိုင်လျက်ရှိနေသော တခြားသောကျင့်ကြံသူများသည်လည်း နားစွင့်ကာ နားထောင်နေ ကြ၏။ ၎င်းတို့သည် လက်ရှိအခြေအနေမှာတော့ ကြယ်ကောင်းကင်ခံတပ်ဆီသို့ ရောက်ရှိလာပြီး ပစ္စည်းများကို ဝယ်ယူခြင်းပင်ဖြစ်သည်။ ထိုလာရာလမ်းတွင်မှာတော့ တော်တော်များများသည် လေဟာနယ်ထဲမှ ထိုးထွက်ကာ ကြယ်ကောင်းကင်ခံတပ်ဆီ ရောက်ရှိလာသည့် အလင်းတန်းကြီးကို အားလုံးက မြင်ခဲ့ကြရ၏။ သို့ပေမဲ့ အရက် သောက်နေသည့်လူသည် ထိုအကြောင်းအရာကို သူသိရှိသည်ဟု ပြောဆိုသည့်အချိန်မှာတော့ အားလုံးက စိတ်ဝင် စားလျက် ရှိနေ၏။
ဒုတ် ….။
ထိုအချိန်မှာပဲ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ခုသည် သူ၏ရှေ့ဆီသို့ ကျဆင်းလာ၏။ ပြီးသည့်နောက် မှာတော့ ကျယ်လောင်ပြီး ကြင်နာလှသည့် အသံတစ်ခုက ထွက်ပေါ်လာသည်။ “အစ်ကိုကြီး... ဒီအစားအသောက်ဖိုး ကျုပ်ရှင်းလိုက်မယ်”
အားလုံး လှည့်ကြည့်လိုက်သည့်အချိန်မှာတော့ ပြတင်းပေါက်၏ ဘေးနားတွင် ထိုင်လျက်ရှိနေသည့် ကျောင်းတော်သားဝတ်စုံနှင့် လူတစ်ယောက်ကို မြင်လိုက်ရ၏။ သူသည်သာ စကားမပြောဆိုပါက ဤနေရာတွင် ရှိနေလိမ့်မည်ဟု မည်သူမှ သတိပြုမိလိမ့်မည် မဟုတ်ချေ။
“ရက်ရောလိုက်တာ”
ထိုလူသည် သွားဖြီးကာ ပြောလိုက်၏။ ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်ကျောက်တုံးကို အိတ်ကပ်ထဲသို့ ကောက်ထည့်ကာ ပြောလိုက်၏။ “ကျုပ် သိသလောက်ဆိုရင် ကြယ်ကောင်းကင်ခံတပ်ကလို့ နာမည် မပေါ်ခင်က ဒီလိုမျိုး အလင်းတန်း တစ်ခုပြီးတစ်ခု ဖြစ်လာခဲ့ကြတယ်။ အချိန်တော်တော်ကြာရင်တစ်ခါ ဆိုသလိုပေါ့”
“ဘာလို့လဲ” အားလုံးက မေးလိုက်ကြသည်။
“ဘာလို့လဲဆိုတော့”
ထိုလူသည် ခဏရပ်တန့်လိုက်၏။ ပြီးသည့်နောက်မှာတော့ လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “ဒီအလင်းတန်းတွေက အထက်နယ်မြေဆီက လာတဲ့အရာပဲလေ”
သိုင်းကျင့်ကြံသူများ အားလုံးသည် မျက်လုံးပြူးသွားမိကြ၏။ “ဒါဆိုရင် သတင်းအချက်အလက်တွေ၊ ကောလဟလ တွေက အမှန်ပဲလား”
အနီးအနားတွင် ထိုင်နေသော အဘိုးအိုသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “အကျဉ်းသားတွေကို ချုပ်နှောင်ဖို့ အသုံးပြုတဲ့ ငရဲကြီးကိုးထပ်က အထက်နယ်မြေဆီကဆိုတာ အမှန်ပဲပေါ့”
“ဒါ အမှန်ပဲ”
ထိုသူသည် စားပွဲကို အသာရိုက်ကာ ပြောလိုက်သည်။ “စောနက လေဟာနယ်ထဲမှာ ဖြစ်တည်ခဲ့တဲ့ အလင်းတန်းက အထက်နယ်မြေဆီက အကျဉ်းသားတစ်ယောက် စေလွှတ်လိုက်တာပဲ။ အဲလူကို ကြယ်ကောင်းကင် ခံတပ်ရဲ့ ငရဲကြီးကိုးထပ်ထဲမှာ ချုပ်နှောင်ထားလိမ့်မယ်”
“ဒါ အမှန်ပဲလား။ နည်းနည်းတော့ မယုံကြည်နိုင်သလိုပဲ”
“အထက်နယ်မြေက အကျဉ်းသားတွေက ကျိန်းသေပေါက် အထက်နယ်မြေမှာပဲ ရှိရမှာပေါ့။ ဘာလို့ သေမျိုး စကြဝဠာထဲကို ခေါ်လာရတာလဲ”
အားလုံးသည် မယုံကြည်နိုင်စွာပဲ ဆွေးနွေးလျက်ရှိနေသည့် အချိန်မှာတော့ ကျောင်းတော်သားတစ်ယောက်ကဲ့သို့ အယောင်ဆောင်ထားသည့် ကျွင်းချောင်ရှောင်းသည် ရုတ်တရက် စားသောက်ခန်းထဲမှ ထွက်ခွာလာပြီး ငရဲကြီးကိုးထပ်ဆီသို့ ဦးတည်လိုက်တော့၏။
“အထက်နယ်မြေဆီက အကျဉ်းသားလား” သူ့အနေနှင့် သွားကြည့်မှသာလျှင် သိပေလိမ့်မည်။ ကျွင်းချောင်ရှောင်း သည် ထွက်လာသည်ဆိုမှတော့ ကျိန်းသေပေါက် ငရဲကြီးကိုးထပ်ထဲသို့ ဝင်တော့မှာဖြစ်သည်။
ထို့ကြောင့် သူသည် ငရဲကြီးကိုးထပ်၏ တည်နေရာဆီသို့ သွားရောက်ပြီးသည့်နောက်မှာတော့ အထဲတွင် ရှိနေသော တည်နေရာ အတားအဆီးအား စတင်ကာ ဆက်သွယ်၍ ချိုးဖြတ်တော့သည်။ ပြီးသည့်နောက်မှာတော့ ငရဲကြီးကိုးထပ်၏ ပထမ အထပ်ဆီသို့ ရောက်ရှိသွားခဲ့၏။ သူသည် အိမ်ကို ပြန်သည်ထက်ပင် ပိုမိုကာ လွယ်ကူလွန်းနေ၏။
“ဘယ်သူလဲ”
“ကျုပ်ပဲ”
“ချီးတဲ့မှ... ဒီလူ ရောက်လာပြန်ပြီ”
ပထမအလွှာတွင် ရှိနေသော အကျဉ်းသားများသည် ရင်းနှီးနေသည့်အသံကို ကြားရသည့်အချိန်မှာတော့ ဆွံ့အသွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေဆီမှ အကျဉ်းသား မည်သူဖြစ်သနည်း ဆိုသည်ကို အဓိက သိချင်နေမိ၏။ ထို့ကြောင့် ထိုသူတို့နှင့် စကားမပြောတော့ချေ။ ဤအဆင့်တွင် ဘာမှလုပ်စရာ မရှိသည်မို့ ဒုတိယအထပ်၏ အတားအဆီး အစီအရင်နှင့် ဆက်လက်ကာ ပေါင်းစပ်တော့၏။ အဋ္ဌမအထပ်သို့ ရောက်ရှိပြီး မည်သည့် ထူးခြားမှုကိုမှ မတွေ့ရသည့်အချိန်မှာတော့ သူက ခန့်မှန်းလိုက်မိ၏။ “ဒါဆိုရင် နဝမမြောက်မှာ ချုပ်နှောင်ထားတာပဲ ဖြစ်ရမယ်”
“........”
စနစ်သည် ဆွံ့အသွားမိ၏။ “တစ်ထပ်ပဲကျန်တော့တယ်လေ။ မင်းက ခန့်မှန်းနေချင်သေးတာလား”
“သူ့ကို နဝမမြောက်မှာ ချုပ်နှောင်ထားခဲ့တယ်ဆိုတော့ ဒီလူက အရမ်းကို အန္တရယ်များတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား။ သူ့ကိုသာ လွတ်မြောက်သွားအောင် ခေါ်သွားနိုင်မယ်ဆိုလို့ရှိရင် ခံတပ်သခင်ကတော့ ဒေါသထွက် လွန်းလို့ သေသွားနိုင်တယ်” ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။
ဝှစ်
တွေးနေတုန်းမှာပဲ သူသည် တည်နေရာ အတားအဆီးနှင့် ပေါင်းစပ်ပြီးပြီ ဖြစ်၏။ တူညီလှသည့် အမှောင်နှင့် တူညီသည့်ပတ်ဝန်းကျင် တည်နေရာတစ်ခုကို မြင်လိုက်ရ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း ရောက်ရောက်ချင်းတွင် ပတ်ဝန်းကျင်ရှိ အလင်းများသည် လင်းထိန်သွားခဲ့၏။ ထိုစူးရှသည့်အလင်းများသည် သူ့အား အမှတ်မထင် မျက်လုံးများပင် မှိတ်သွားစေခဲ့၏။ အေးစက်စက်အသံသည် သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့၏။
“ကောင်လေး... မင်း ဘယ်သူလဲ။ ဘယ်လိုဖြစ်ပြီး ပထမထပ်ကနေ နဝမမြောက်အထပ်ထိ ဝင်ရောက်လာနိုင်ရတာလဲ”
ကုန်းရှန့်သည် အားကောင်းလှသည့် အလင်းများနှင့် အသားကျသွားပြီးသည့် အတောက်ပဆုံး တည်နေရာ၏ အရှေ့တွင် ထိုင်လျက်ရှိနေသည့် မျက်နှာဖုံးနှင့် လူတစ်ယောက်ကို တွေ့ရှိလိုက်၏။ ထိုလူသည် အလွန်အားကောင်းလှသည့် အော်ရာတစ်ခုကို ထုတ်ဖော်လျက်ရှိနေသည်။ ဝတ်စားဆင်ယင်မှုကို သုံးသပ်ရမည် ဆိုလျှင် သူသည် ကျိန်းသေပေါက် အကျဉ်းသားတစ်ယောက် မဟုတ်ပေ။
“ခင်ဗျား... ခင်ဗျားက ခံတပ်သခင်ပဲ”
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဟန်ဆောင်မနေတော့ချေ။ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်တော့၏။ “ကျုပ်ဘယ်သူလဲ။ ကျုပ် ဘယ်မှာလဲ။ ဒီကို ဘာလာလုပ်တာလဲ”
စနစ်က ထ၍ ပြောလိုက်မိ၏။ “မင်းက ကုန်းရှန့်၊ နဝမမြောက်အထပ်ကို ရောက်နေတာလေ။ ဘာလာလုပ်တာလဲ ဆိုတော့ အဓိကအကျဉ်းသားကို လွှတ်ပေးချင်လို့ပဲ။ အခု မင်း ခံတပ်သခင်နဲ့ လက်ပူးလက်ကြပ်မိပြီ”