← Chapters

အရှက်မဲ့တဲ့ ရှီမျိုးနွယ်ခေါင်းဆောင်

Vol. 93 Ch. 1289

အရှက်မဲ့တဲ့ ရှီမျိုးနွယ်ခေါင်းဆောင်

Vol. 93 Ch. 1289

နောက်ရက်အနည်းငယ်များတွင် ရှီမာယူယူသည် အခန်းထဲတွင်သာ နေ ကာ အပြင်ထွက်ခဲသည်။ ရှီမာကျိယွင်ကို အဖော်ပြုပေးရန် တစ်ခါတလေသာ အပြင်ထွက်ခဲ့သည်။

အစပိုင်းတွင် သူ့ကို အဖော်ပြုပေးရန် ရှီမာလျူဖန်နှင့် တခြားသူများကို ပြောထားသည်။ စည်းစနစ်မကျသော ရှီမာလျူဖန်နှင့် မာနကြီးသော ရှီမာလျူယွင်တို့သည် သူတို့ရှေ့တွင် အလွန်နာခံကြလေသည်။ မပြေပြစ်သော သူသည် ပြေပြစ်သွားပြီး ထောင်လွှားသောသူသည် ရိုကျိုးသွားကာ နှစ်ယောက် လုံးသည် ကျိုးနွံသော ကလေးများဖြစ်သွားကြသည်။

သို့သော် ရှီမာကျိယွင်သည် သူ၏ မြေးများကို သဘောမကျကာ ရှီမာယူယူ အဖော်ပြုပေးရန်သာ ငြင်းဆန်ခဲ့သည်။ သူသည် ရှီမာယူယူ ငြင်းရန် ခက်အောင် ချစ်ခင်မှုကို ဆင်ခြေပေးလေသည်။

ထိုသို့ဆိုလျှင်တောင် သူမသည် သူ့ကို အဖော်ပြုပေးရသည်မှာ အချိန် မကြာပေ။

နောက်ရက်အနည်းငယ်ကြာသောအခါ သူတို့လက်ဖက်ရည် စမ်းသပ်ရင်း နှင့် ရှီမာကျိယွင်သည် ထွက်သွားရန် ရည်ရွယ်ချက်မရှိသေးကြောင်းကို မသိမသာ ပြောသွားလေသည်။

“ဘိုးဘိုးကြီး မျိုးနွယ်နဲ့ ဂူမျိုးနွယ်နဲ့ ဘယ်လိုနေလဲ” သူမသည် မီးညှပ် ဖြင့် လက်ဖက်ရည်ခွက်များကို သူ့ရှေ့တွင်ချပေးရင်း ယဉ်ကျေးသောအပြုအမူဖြင့် မေးလိုက်သည်။

“ဂူမျိုးနွယ်က ငါတို့နောက်ကွယ်ကနေ မရိုးသားတဲ့နည်းလမ်းတွေ တကယ်သုံးနေတာ အဲတော့ ငါတို့ဒေါသပဲပြန်ရတာပေါ့၊ အခု မျိုးနွယ်က သူတို့ ကို ဖိနှိပ်ထားတယ် တစ်ခါတလေတော့ တိုက်ခိုက်မှုရှိတယ် ဒါပေမဲ့ အသေ အပျောက်ရှိအောင်ထိတော့ မပြင်းထန်ဘူး” ရှီမာကျိယွင်သည် အချိန်အများစု မှာ တံခါးပိတ်ကျင့်ကြံနေတတ်သော်လည်း မျိုးနွယ်အကြောင်းအားလုံးကို သိ ထားသည်။

“ဂူမျိုးနွယ်က အတွင်းဒေသတွေမှာ အကြီးဆုံးမျိုးနွယ်ထဲက တစ်ခုမလား အဲလောက်မကြီးတဲ့ တိုက်ပွဲမဟုတ်တာတောင် အဲဒါကိုကိုင်တွယ်ဖို့ အကြီးအကဲတွေကိုပဲ အပ်ထားတာလား” ရှီမာယူယူ မေးလိုက်သည်။

“ကောင်မလေး မင်းက ငါတို့ကိုသွားစေချင်ပြီ ဟုတ်တယ်မလား” ရှီမာကျိယွင် ဆက်ပြောလေသည် “ငါ ဒီမှာနေရတာ အတော်အဆင်ပြေတယ်၊ ထွက်မသွားချင်သေးဘူး မင်းတို့ထဲက နည်းနည်းလောက်တော့ အရင်ပြန်နှင့် ကြပါလား”

“ကျုပ်ကပြန်သွားရင်တောင် တံခါးပိတ်ကျင့်ကြံဖြစ်မှာ အပြင်မှာ အတွေ့ အကြုံယူချင်သေးတယ် အဲဒါကလည်း အဆင့်တက်ဖို့ အကူအညီဖြစ်နိုင်တယ်”

ထိုမျိုးနွယ်အကြီးအကဲများလည်း မပြန်ချင်ကြ‌ပေ။ မျိုးနွယ်ခေါင်းဆောင် မသွားမှတော့ သူတို့ပြန်သွားရင် အကုန်လုံး သူတို့လုပ်နေရမှာလေ အဲဒါကို မလို ချင်ဘူး။

သူတို့ ငြင်းဆန်နေကြသော်လည်း ရှီမာကျိယွင်၏ ခြိမ်းခြောက်မှုနှင့် လာဘ်ထိုးမှုကို မခံနိုင်ကြပေ။ မျိုးနွယ်အကြီးအကဲအချို့မှာ အိမ်ပြန်ရန် နှင်ထုတ်ခံရပြီး ရှီမာလျူဖန်နှင့် ရှီမာလျူယွင်မှလွဲပြီး တခြားသော မျိုးနွယ်ဝင် များလည်း ပြန်ပို့ခံရလေသည်။

ပိုင်ထာ့သည် အပြင်မှဝင်လာသည်။ သူသည် ရှီမာယူယူ သူတို့နှင့် လက်ဖက်ရည်သောက်နေသည်ကို ကြည့်ပြီးနောက် ထိုနေရာသို့သွားလိုက် သည် “တောင်ကြားဒုခေါင်းဆောင် ဟော့ဘာမျိုးနွယ်နဲ့ အသင်းအကြီးအကဲ တချို့လာပါတယ်”

“ကျွန်မကိုရှာတာလား ဖန်အာနဲ့ တခြားသူတွေရော” ရှီမာယူယူ မေး လိုက်သည်။

“တောင်ကြားခေါင်းဆောင်က ဘိုင်ရှန်းတို့ကို ခေါ်ပြီးအပြင်ထွက်သွားပါ တယ်၊ လွန်ခဲ့တဲ့တစ်လခွဲက အဖြစ်အပျက်ပြီးတော့ ဒုခေါင်းဆောင်ရဲ့ အခြေအနေကို ကြည့်ချင်တယ်လို့ ဥက္ကဌပြောပါတယ်” ပိုင်ထာ့ပြောလေသည်။

“သိပါပြီ ဒီမှာရှိတယ်လို့ သူတို့ကိုပြောလိုက်ပါ”

‌“ကောင်းပါပြီ” ပိုင်ထာ့ ပြန်ထွက်သွားသည်။

ရှီမာယူယူသည် ရှီမာကျိယွင်ကို ကြည့်ပြီးပြောလိုက်သည် “ကျွန်မ အပြင် ခဏလောက်သွားလိုက်ပါဦးမယ် ဘိုးဘိုးကြီးတို့…”

“သွားလိုက်ပါ ငါတို့ကို စိတ်ထဲမထားနဲ့” ရှီမာကျိယွင် ပြောလိုက်သည်။

“ခပ်မြန်မြန်လေး ပြန်လာပါမယ်” ရှီမာယူယူသည် သူတို့ကိုခေါင်းညိတ် ပြပြီး မတ်တတ်ရပ်ကာ ထွက်သွားလိုက်သည်။

ဝူလင်းယူသည်လည်း ရပ်ပြီး အတူလိုက်သွားရန်ပြင်လိုက်သော်လည်း ရှီမာကျိယွင်က တားလိုက်လေသည်။

“လင်းယူ မင်းက လက်ဖက်ရည်ဖျော်တာ ကောင်းတယ်လို့ကြားတယ် ဒီမှာနေပြီး ကျုပ်တို့လည်း လက်ဖက်ရည် အရသာမြည်းကြတာပေါ့”

ရှီမာယူယူ မှင်တက်သွားပြီး ပြောလိုက်သည် “အစ်ကို ဘိုးဘိုးကြီးနဲ့ ဒီမှာ နေခဲ့လေ”

ဝူလင်းယူသည် အရိပ်အမြွက်ကို သိပြီး ပြန်ထိုင်ကာ ပြောလိုက်သည် “ရှီမာမျိုးနွယ်ခေါင်းဆောင်နဲ့ အတူလက်ဖက်ရည်သောက်ရတာ ဂုဏ်ယူမိပါ တယ်၊ ယူယူ လုပ်စရာရှိတာသွားလုပ်ပါ”

ရှီမာယူယူသည် သူတို့ကိုကြည့်ပြီး ခေါင်းညိတ်ပြကာ လှည့်ထွက်သွား လေသည်။

ဝူလင်းယူသည် ထိုင်ပြီးလက်ဖက်ခြောက်အသစ်များထုတ်လိုက်သည်။ လက်ဖက်ရည်များ ကုန်လုနီးပါးဖြစ်သည်ကို မြင်ပြီးနောက် စတင်ကျိုချက် တော့သည်။

“ရှီမာမျိုးနွယ်ခေါင်းဆောင် ကျွန်တော့်ကိုပြောချင်တာများ ရှိလို့လား”

ရှီမာကျိယွင်သည် ဝူလင်းယူ၏ အကြည့်ကို ကြည့်ရင်းပြောလေသည် “မင်းနဲ့ ယူယူအကြောင်းကို ကျုပ်ကြားပါတယ်၊ မင်းက အရည်အချင်းရှိပြီး သူမ ကိုလည်း ကောင်းကောင်းဆက်ဆံပေးတယ် မင်းက ပညာရှိစံအိမ်တော်ရဲ့ မြင့်မြတ်သောသားတော်ပဲ၊ ပညာရှိစံအိမ်တော်နဲ့ ရှီမာမျိုးနွယ်တို့က အမြဲတမ်း ကတောက်ကဆဖြစ်တဲ့အထဲကို သူမကိုပါ ဆွဲသွင်းမိသွားနိုင်တယ်ဆိုတာ စဉ်းစားမိရဲ့လား”

သူ့အသံမှာ သူတို့ဆက်ဆံရေးကို သဘောမတူသကဲ့သို့ အေးစက်လှ သည်။

ဝူလင်းယူ ရယ်မောပြီး ပြောလိုက်သည် “ရှီမာမျိုးနွယ်ခေါင်းဆောင် ကျွန်တော်တို့အတူရှိရင် သူမကို ပြဿနာထဲဆွဲသွင်းမိမှာကို ဘာလို့သေချာနေ တာလဲ”

“မဟုတ်ဘူးလား မဟုတ်ရင် မင်းက မင်းရဲ့သရုပ်မှန်ကို လက်လျော့နိုင် လား”

ရှီမာလျူဖန်နှင့် ရှီမာလျူယွင်တို့သည် အခြေအနေမကောင်းသည်ကို ခံစားမိသည်။ သို့သော် ဘာမှဝင်မပြောပေ။ သူတို့သည်လည်း ဝူလင်းယူ ဘာ ပြောမည်ကို သိချင်သည်။

တစ်ဖက်တွင် ရှီမာယူယူသည် အရှေ့ခန်းမဆီသို့လာရာ ဟော့ဘာဟုန်ယဲ့ နှင့် အသင်းဥက္ကဌတချို့ လက်ဖက်ရည်သောက်နေသည်ကို မြင်လိုက်သည်။ ရှောင်ဟုန်၊ ဟော့ဘာဟန်နှင့် လူငယ်မျိုးဆက်များပင် ရောက်နေကြသည်။

သူမသည် ထွက်မလာခင်တွင် လက်အိတ်နှင့် ဝတ်ရုံဝတ်ခဲ့လိုက်သည်။ သူမ ခန်းမထဲသို့လျှောက်လာချိန်တွင် အားလုံးသည် သူမ၏ ပုံရိပ်ကိုသာ မြင်နိုင် လေသည်။

“တောင်းပန်ပါတယ် ပြင်ဆင်နေရလို့ လာတာနောက်ကျသွားတယ်၊ ဟော့ဘာမျိုးနွယ်ခေါင်းဆောင်နဲ့ ဥက္ကဌတွေ ကျွန်မကို ခွင့်လွှတ်ပေးဖို့ မျှော်လင့် ပါတယ်” သူမသည် ဝင်လာသည်နှင့် တောင်းပန်လေသည်။

သူမသည် သွက်လက်ဖျတ်လတ်နေခြင်းကြောင့် သူမ ခန္ဓာကိုယ်မှာ အဆင်ပြေနေသည်ဟု အားလုံးတွေးလိုက်ကြသည်။

“မင်းဘယ်လိုနေလဲလို့ ငါတို့လာကြည့်တာ ဒဏ်ရာတွေ သက်သာပြီလား” ရှားကျောင်ထျန် မေးလိုက်သည်။

“ဒဏ်ရာတွေက အပြည့်အဝကောင်းလုနီးပါးပဲ ဒါပေမဲ့ အရေပြားကတော့ ပြန်မကောင်းသေးဘူး အဲဒါကြောင့် အခုတော့ အားလုံးကိုမပြရဲသေးဘူး” ရှီမာယူယူသည် သာမန်မျှသာပြောလိုက်သည်။

“ဒီလိုမြင်ရတော့ မကြာခင် အပြည့်အဝပြန်ကောင်းမှာပါ အစတုန်းက နင် ဒဏ်ရာရတုန်းက ငါတို့အားလုံး စိုးရိမ်နေကြတာ အခုမြင်လိုက်ရတော့ အနည်း ဆုံးတော့ စိတ်ချသွားတာပေါ့” ရှောင်ဟုန် ပြောလေသည်။

ထိုနေ့က သူမ မည်မျှဆိုးဝါးစွာ ထိခိုက်ထားသည်ကို သူတို့ မြင်ထား သဖြင့် သူမ ပြောသည်များကို သံသယမဝင်ပေ။ အသက်ရှင်နေသည်ကပင် အံ့ဖွယ်ဖြစ်နေကာ အချိန်တိုအတွင်း ပြန်ကောင်း လာသည်ကို မြင်ရသည်က အံ့ဩစရာပင်။ သူမ အပြည့်အဝပြန်ကောင်းလာသည်ကို သူတို့ သိပါက အလွန် ပင် ထိတ်လန့်သွားကြမည်။

ရှီမာယူယူသည် ရှောင်ဟုန် အကြည့်ထဲမှ စိတ်ရင်းဖြင့် ဂရုစိုက်သည်ကို မြင်သောအခါ သူမ နှလုံးသားမျာ နွေးထွေးသွားရသည်။ “ဪ ဟုတ်သားပဲ လမ်းကြောင်းက ဖြေရှင်းပြီးပြီလား တစ္ဆေမျိုးနွယ်က နောက်တစ်ခါ မလာနိုင် တော့ဘူးမလား”

“လမ်းကြောင်းကို ပြန်ပြီးချိပ်ပိတ်လိုက်ပြီ ထိန်းချုပ်ခံရတဲ့သူတွေလည်း အသိစိတ်ပြန်ဝင်လာပြီ နောက်ဆုံးတော့ အကုန်လုံးပြီးဆုံးသွားပြီ” ဟော့ဘာ ဟုန်ယဲ့ ပြောလိုက်သည်။

“ဒီအတွက် မင်းကို ငါတို့ကျေးဇူးတင်ရမယ် မင်းသာမရှိရင် လူသားတွေ တော့ ကပ်ဘေးနဲ့ရင်ဆိုင်ရတော့မယ်” ရှဲချောင်လင်း ဆက်ပြောလေသည် “အဲတော့ မင်းကို လာကြည့်တာအပြင် ကျုပ်တို့အဆုံးအဖြတ်ကိုလည်း ပြချင် လို့ပါ”

“ဥက္ကဌရှဲ ယဉ်ကျေးနေပြန်ပါပြီ ကျွန်မတို့လည်း လူသားတွေပါပဲ ကူညီရ မှာ ကျွန်မတာဝန်ပါပဲ” ရှီမာယူယူသည်လည်း ယဉ်ကျေးစွာပြန်ပြောလေသည်။

“ဒါပေမဲ့ ဒီအတွက်ကြောင့်နဲ့ မင်း အသက်ဆုံးရှုံးလုနီးပါးဖြစ်သွားတာ ကျုပ်တို့က အပြင်ကနေပဲ ကြည့်နေကြတယ်၊ မင်းအသက်အရွယ်နဲ့ ဒီလောက် ကြီးတဲ့ တာဝန်ကြီးကိုပေးလိုက်ရတာ ကျုပ်တို့လို အကြီးတွေအနေနဲ့ အပြစ်ရှိ ပါတယ်” ဖန်မင်ယွီသည် ခပ်တိုးတိုးပြောလေသည်။

“ဥက္ကဌဖန် ဒီလိုလုပ်ရင် ယူယူတော့ နေရခက်ပါတယ်” ရှီမာယူယူသည် သူမ လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး “ဒီလိုဆိုရင် ကျွန်မတော့ တွင်းတူးပြီး ပုန်းရ တော့မယ်”

“အားယား မင်းတို့က တခမ်းတနားကြီးလုပ်ဖို့မလိုပါဘူး မင်းတို့ အဲလို ဆက်ပြောနေရင် ယူယူရှက်တော့မယ်” ရှားကျောင်ထျန် ဆက်ပြောလေသည်။ “ယူယူ မင်းက ပြန်ကောင်းတော့မှာဆိုတော့ ပိုအရေးကြီးတဲ့ ကိစ္စတွေ ပြောရ အောင်”

“ဟုတ်တယ် အရေးကြီးတဲ့ကိစ္စပြောရအောင်”

ပြောပြီးနောက်တွင် အားလုံး၏ မျက်လုံးများသည် သူမ အပေါ်ကျရောက် လာသည်။

***

All Chapters