← Chapters

အခန်း (၁၃၀၈)

Vol. 88 Ch. 1308

အခန်း (၁၃၀၈)

Vol. 88 Ch. 1308

ဝိညာဉ် ချိန်ကိုက်ဗုံးသည် နောက်ဆုံးတွင် ပေါက်ကွဲသွားခဲ့၏။ လက်ရှိအချိန်မှာတော့ ဖြစ်ပေါ်လာခဲ့သော အဖြူရောင် အလင်းတန်းများသည် အခြားသောသူများ မျက်စိမဖွင့်နိုင်လောက်အောင် စူးရှစေခဲ့၏။

အားကောင်းပြင်းထန်လွန်းလှသော ပေါက်ကွဲမှုစွမ်းအင်သည် တည်နေရာတစ်ခုလုံးကို ပြန့်နှံ့သွားပြီးနောက် အဝေးတစ်နေရာတွင် ရပ်တန့်ထားသော ရွက်သင်္ဘောများပင်လျှင် ခက်ဝေးဝေးဆီသို့ လွှင့်စင်သွားခဲ့သည်။

"အမလေး … အား … ငါ့မျက်လုံးတွေ… ငါ့မျက်လုံးတွေ”

“အား … ငါ့နားတွေ"

သိုင်းကျင့်ကြံသူများသည် စူးရှသည့် အလင်းတန်းများကြောင့် မျက်လုံးများ နာကျင်သွားကြ၏။ ထို့အတူ အခြားသော ကျင့်ကြံသူများမှာတော့ ပေါက်ကွဲမှု၏ ပြင်းထန်သော အဟုန်ကြောင့် နားစည်များပင် တုန်ခါသွားခဲ့ရ၏။

၎င်းတို့အားလုံးသည် ပြန်လည်အသားကျပြီးနောက် နှလုံးသားထဲတွင် ဖြစ်နေသော ကြောက်ရွံ့ ထိတ်လန့်မှုများကို အသာဖိနှိပ်ကာ လှမ်း၍ ကြည့်ရှုလိုက်ကြသည်။

အလင်းတန်းများအားပျော့သွားသည့် တည်နေရာတစ်ခုကို သူတို့တွေ့ရှိလိုက်ရပြီး ကြယ်ကောင်းကင်ခံတပ် တစ်ခုလုံးသည် မရှိတော့ပေ။

"တည်နေရာကြီးတစ်ခုလုံး ပေါက်ကွဲထွက်သွားတာပဲ"

သိုင်းကျင့်ကြံသူများအားလုံးသည် အံ့အားသင့်သွားကြ၏။ ၎င်းတို့အနေဖြင့် ဤများအားကောင်းလှသော ပေါက်ကွဲမှုကြီးကို မျက်လုံးနှင့်မမြင်ရပါက မည်သို့မျှ ယုံနိုင်လိမ့်မည်မဟုတ်ချေ။

ဤပေါက်ကွဲမှုကြီးသည် အားကောင်းလှသည်ဆိုသော ကြယ်ကောင်းကင်ခံတပ်ကိုပင် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားစေ၏။ ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအင်များ ပါဝင်နေသည်မှာ အံ့အားသင့်စရာမရှိပေ။

သူတို့သည်သာ နည်းနည်းနီးကပ်နေပါက ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားမှာ သေချာသည်။

"အဲလူတော့ သေပြီနဲ့သူတယ်။ ဒီလိုစွမ်းအင်တွေရဲ့ ပေါက်ကွဲမှုအောက်မှာ ကြယ်ကောင်းကင်ခံတပ်ကြီးတောင် အပိုင်းပိုင်းအစစ ဖြစ်သွားတာလေ။”

“သာမန်သေမျိုး သိုင်းကျင့်ကြံသူတစ်ယောက်ကို မပြောနဲ့။ အထက်နယ်မြေမှာရှိတဲ့ သိုင်းကျင့်ကြံသူဆိုရင်တောင်မှ ဒီလိုပေါက်ကွဲမှုဒဏ်ကို ခံနိုင်မှာမဟုတ်ဘူးလို့ ငါထင်တယ်။ ခုနတုန်းက တဒွီဒွီမည်တဲ့အသံက ကြောက်ဖို့ကောင်းတယ်ဆိုတာ အံ့အားသင့်စရာမဟုတ်တော့ဘူးပဲ"

သိုင်းကျင့်ကြံသူများသည် ခံတပ်ဆီမှ လွတ်မြောက်လာသည့်အတွက် ကြိတ်ကာ ပျော်ရွှင်နေကြ၏။ မဟုတ်ပါက ၎င်းတို့သည်လည်း ဤကဲ့သို့ပင် အဆုံးသတ်သွားမည်မှာဖြစ်၏။

လေလှိုင်းများ ပေါက်ကွယ်သွားပြီးနောက် တည်နေရာတစ်ခုကို သေသေချာချာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ လူသားပုံရိပ်တစ်ခုသည် ပေါ်ပေါက်လာခဲ့၏။ အားလုံးသောသူများသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားကြသည်။

အဘယ့်ကြောင့်ဆိုသော် အားလုံးရှင်းလင်းသွားသည့် အချိန်မှာတော့ အမဲရောင်ဝတ်စုံနှင့်လူသည် တူညီသော တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်း၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတန်းများနှင့် ပြည့်နှက်နေခဲ့၏။

၎င်း၏ အမဲရောင်ဆံနွယ်များသည် လေထုထဲတွင် လွင့်မျောလျက်ရှိနေပြီး တည်နေရာကြီးတစ်ခုလုံးသည်လည်း အားအင်အဟုန်ကြောင့် တုန်ခါလျက်ရှိနေသေးသည်။

"ဒီလူ အသက်ရှင်နေသေးတာပဲ"

သိုင်းကျင့်ကြံသူများအားလုံးသည် ဆွံ့အသွားခဲ့ကြ၏။ သူတို့သည်အလွန်ခပ်ဝေးဝေးမှာပင် တည်ရှိနေကြ၏။ ၎င်းတို့အားလုံးသည် ပေါက်ကွဲမှုသံကို ကြားလိုက်ရသည့်အချိန်မှာတော့ သွေးအန်ထွက်လုမတက် ဖြစ်ခဲ့ရ၏။

သို့ပေမဲ့ တစ်ဖက်လူသည် ပေါက်ကွဲသွားသည့်တည်နေရာ၏ အလယ်တည့်တည့်တွင် တည်ရှိနေသည် ဆိုသော်လည်း လုံလုံခြုံခြုံနှင့် မတ်တပ်ရပ်လျက် ရှိနေသေးသည်။ ဤအရာသည်မှာ ….

"နေအုံး"

ထိုသူ၏ အနောက်ဖက်တွင် နောက်ထပ်တစ်ယောက်တည်ရှိနေသေး၏။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသာမက ဆေးမှင်ကြောင်နှင်လူလည်း တည်နေရာတွင် တည်ရှိနေသေး သည်။

ထိုသူသည် ကျွင်းချောင်ရှောင်း၏ အနောက်ဖက်တွင် မတ်တပ်ရပ်လျက် ရှိနေပြီး ကျောဖက်တွင်ရှိနေသော ကြွက်သားများသည်လည်း စုတ်ပြတ်သပ်ကာ သွေးများသည် တရဟောစီးဆင်းနေ၏။ ၎င်း၏ မျက်နှာအသွင်အပြင်တစ်ခုလုံး သည် ပျက်ယွင်းလျက် ရှိနေ၏။

"ခင်ဗျား …"

ကျွင်းချောင်ရှောငိးသည် ကြောင်အသွားမိ၏။ သူသည် ဤကဲ့သို့သောပေါက်ကွဲမှုကြီးကို ခုခံရန်အတွက် သူ့တွင်ရှိသော ဝှက်ဖဲများကို ထုတ်သုံးရန် ပြင်လိုက်သည့်အချိန်မှာပဲ ဆေးမှင်ကြောင်နှင့်လူသည် ရုတ်တရက် ရောက်ရှိလာခဲ့သည်။

ပြီးနောက် ၎င်း၏ခန္ဓာကိုယ်နှင့် ကာကွယ်ပေးခဲ့ရုံသာမက အတားအဆီးအစီအရင်တစ်ခုကိုပါ ဖန်တီးခဲ့သေး၏။ တစ်စုံတစ်ယောက်သည် ၎င်း၏ နောက်သို့ရောက်ရှိလာပြီး ပေါက်ကွဲမှုအဟုန်ကို အသက်ပေး တားဆီးပေးခဲ့သည်ကို မြင်တော့ ကျွင်းချောင်ရှောင်းသည် အလုံးစုံ အံ့အားသင့်လို့နေ၏။

ထို့ပြင် ကာကွယ်ပေးခဲ့သူမှာ သူ၏ တပည့်မဟုတ်သလို၊ သူ၏ ဆွေမျိုးလည်းမဟုတ်ချေ။ ယခုမှ စတင်တွေ့ဆုံခဲ့သည့် လူတစ်ယောက်ပင် ဖြစ်နေသည်။

ပြန်လည်မွေးဖွားနိုင်သော စိတ်ဝိညာဉ် မျိုးစေ့ကို ပိုင်ဆိုင်သော ထိုသူသည် သေဆုံးပြီးနောက် ပြန်လည်မွေးဖွားနိုင်သည်ကို သိရှိပြီးဖြစ်သော်လည်း လက်ရှိအချိန်တွင် သေရန် ဆန္ဒမရှိတော့သော သူလည်း ဖြစ်နေသည် မဟုတ်ပါလား.

"ခင်ဗျားသေပြီးတဲ့နောက် ပိုပြီးအားကောင်းလာစေချင်တာလား"

ဝေါ့

ဆေးမှင်ကြောင်နှင့်လူသည် သွေးတစ်လုတ် ကို အန်ထုတ်လိုက်၏။ ပြီးနောက်သူသည် ဆိုးဆိုးရွားရွားပြုံးကာ ပြောလိုက်၏။ "ကျုပ် … ကျုပ် ခင်ဗျားကို ကယ်တင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက ကျုပ်ကိုကယ်တင်ခဲ့လို့ပဲ "

"တကယ်တော့ ….."

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ လာပြီးမကယ်လျှင်လည်း အသက်ရှင်နိုင်သေးကြောင်း ၊ ဝှက်ဖဲအနည်းငယ်သာ ကုန်ဆုံးသွားမည်ကြောင်း ပြောချင်နေမိ၏။ သို့ပေမဲ့ ဤကဲ့သို့သော အခြေအနေမျိုးတွင် ထိုသို့ပြောလိုက်ပါက တစ်ဖက်လူအနေဖြင့် ပိုပြီးရင်နာသွားစေလိမ့်မည်။ထို့ကြောင့် သူ မပြောတော့ဘဲ ရေငုံနှုတ်ပိတ် နေလိုက်တော့သည်။

"ရင်နာမှာမဟုတ်ဘူး။ နှလုံးပါ ကွဲသွားမှာ " စနစ်က ပြောလိုက်၏။

ဝေါ့

ဆေးမှင်ကြောင်နှင့်လူသည် သွေးတစ်လုတ် အန်ထုတ်လိုက်၏။ ပြီးနောက် ပြောလိုက်၏။ "အ .. အစ်ကိုကြီး ကျုပ်တို့က ဒီနေ့ကစပြီး မိတ်ဆွေတွေပါ"

"ညီလေး"

ကျွင်းချောင်ရှောငိးသည် ပြေး၍ ဖက်လိုက်၏။ ပြီးသည့်နောက်မှာတော့ စိတ်ခံစားချက်တွေ ပြင်းထန်လွန်းနေသောကြောင့် တစ်ဖက်လူအား အတင်းလှုပ်ခါသလို ဖြစ်နေလေသည်။

တစ်ဖက်လူသည် နာကျင်သွားခဲ့၏။ "မ … မလှုပ်ပါနဲ့ .. ကျုပ်ပြောရစေအုံး"

ဆေးမှင်ကြောင်နှင့်လူသည် သွေးတစ်လုတ် အန်ထုတ်ပြီးနောက် အားယူကာ ပြောလိုက်သည်။ "တကယ်လို့ အစ်ကိုကြီးသာ အထက်နယ်မြေကို တက်လာမယ်ဆိုရင် ကျုပ်ကိုလာရှာပါ။ ကျုပ်နာမည်က ကု …. ချီးတဲ့မှ နာမည် မေ့သွားပြီ"

ချီးတဲ့မှ …. ဟု ပြောပြီးနောက် တစ်ဖက်လူသည် မျက်ဖြူစိုက်သွားခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံသည်လည်း အေးစက်သွားခဲ့၏။

အထက်နယ်မြေဆီမှ သစ္စာဖောက်သည် သေဆုံးရန် ကြိမ်ဖန်များစွာကြိုးစားခဲ့၏။ သို့ပေမဲ့ မအောင်မြင်ခဲ့ချေ။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ သူ ဖြစ်ချင်သည့်အတိုင်း သေဆုံးသွားခဲ့ပြီ ဖြစ်၏။

မည်သို့သောနည်းလမ်းကြောင့် သေဆုံးသွားရသည်ဆိုသော် ဝိညာဉ် ချိန်ကိုက်ဗုံးကြောင့်ပင် ဖြစ်သည်။ ဆေးမှင်ကြောင်နှင့်သူသည် ဂုဏ်သိက္ခာကြီးမားသည့်သေဆုံးခြင်းဖြင့် သေဆုံးသွားခဲ့သည်။

သူသည် ကုန်းရှန့်အား ကူညီပေးရင်း သေဆုံးသွားခဲ့၏။ ထို့ကြောင့်ကုန်းရှန့်အနေဖြင့် ဝှက်ဖဲများ သက်သာသွားသည်ဟု ဆိုရပေမည်။

"ညီလေး"

ကျွင်းချောင်ရှောင်းသည် ဆေးမှင်ကြောင်နှင့်လူအားဖက်ပြီးနောက် မော့ကြည့်ကာ ဒေါသတကြီးဖြင့် အော်ခေါ်လိုက်၏။ ပြီးနောက် သူသည် မျက်ရည်များပင် ကျဆင်းလာခဲ့၏။

ဘုတ်

အလောင်းကြီးသည် ရုတ်တရက် မီးလောင်သွားပြီးနောက် ပျောက်ကွယ်သွားခဲ့၏။ ဆေးမှင်ကြောင်နှင့်လူသည် ငြိမ်းငြိမ်းချမ်းချမ်းနှင့်ပင် ထွက်ခွာသွားခဲ့၏။ ပြာများသည်လည်း စကြာဝဠာအနှံ့တွင် ပြန့်ကျဲပြီး အလုံးစုံပျောက်ကွယ်သွားခဲ့သည်။

"ညီလေး"

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် ကျိန်ဆိုလိုက်၏။ "ကျုပ် အထက်နယ်မြေကိုလာပြီး မင်းကိုရှာမယ်။ မင်းက ပြိုင်စံရှားဂိုဏ်းရဲ့ အကြီးအကဲ ရာထူး နဲ့ လုံးဝကို လိုက်ဖက်တဲ့ သူပဲ"

မည်သို့သော အကြောင်းအရာပဲဖြစ်ဖြစ် တစ်ဖက်လူသည် သူ့အား အသေခံကာ ကာကွယ်ပေးခဲ့၏။ ထို့ကြောင့် သူတို့သည် ကျိန်းသေပေါက် သွေးသောက်ညီအစ်ကိုဖွဲ့ရပေမည်။

ကျွေင်းချောင်ရှောင်းသည် ထိုအရာများကို အသာကောက်ကာ သိုလှောင်လက်စွပ်ထဲတွင် သိမ်းထားလိုက်၏။ ပြီးနောက် ခံစားချက်အပြည့်နှင့် ကြုံးဝါးလိုက်သည်။ "ညီလေး … အထက်နယ်မြေမှာ ပြန်ဆုံကြတဲ့အခါ ကျိန်းသေပေါက် မင်းကို လက်ထိပ်၊ ခြေထိပ်တွေ ပြန်ခတ်မယ်။ မူရင်းနေရာမှန်ကို ပြန်ရောက်စေရမယ်"

"...."

စနစ်က ဆွံ့အသွားမိသည်။ "ဘယ်လိုသောက်ကျိုးနည်းအရာလဲ"

ကျွင်းချောင်ရှောင်သည် သူ၏ ဒေါသများအား အားအင်အဆင့်သို့ ပြောင်းလဲလိုက်၏။ သူ၏ မျက်လုံးများသည် အဝေးတစ်နေရာတွင်ရှိနေသော ခံတပ်သခင်ဆီသို့ ရောက်ရှိသွား၏။ သူသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ "ကျုပ်ခင်ဗျားကို သေအောင်သတ်မယ်"

ဤကဲ့သို့သော ပါရမီရှင်မျိုးကို ရှာဖွေရန်မှာ မလွယ်ကူလှချေ။ သို့ပေမဲ့ ဤခံတပ်သခင်ကြောင့် ဝိညာဉ်ချိန်ကိုက်ဗုံး ပေါက်ကွဲသွားပြီး တစ်ဖက်လူ သေဆုံးသွားခဲ့သည်။

ပြန်လည်မွေးဖွားနိုင်သည်ဆိုသော်လည်း အထက်နယ်မြေသည် မည်မျှကြီးမားပြီး မည်သည့်အချိန်တွင် ပြန်တွေ့ရမည်ကို သူကောင်းကောင်းမသိချေ။

တိုက်ဆိုင်စွာနှင့် ခံတပ်သခင်သည်လည်း အလွန်ဒေါသထွက်လျက် ရှိနေတော့၏။ ထို့ပြင် သူ မျိုးရိုးဆက်ခံခဲ့သော ကြယ်ကောင်းကင်ကင်ခံတပ်ကြီးသည် ယနေ့တွင် အလုံးစုံ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ သည်းခံနိုင်သည့် အကြောင်းအရာများ ရှိသည်ဆိုလျှင်တောင်မှ ဤအရာကို သူ သည်းခံနိုင်မည်မဟုတ်ချေ။

"အမှိုက်ကောင်"

ခံတပ်သခင်သည် လက်ကိုမြောက်လိုက်၏။ပြီးသည့်နောက်မှာတော့ သူ၏လက်ထဲတွင် ဓားမော့ကြီးတစ်ချောင်း ပေါ်လာခဲ့၏။ သူသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ "မင်း ဒီနေ့မှာသေရမယ်"

ဟူး … ဟူး

ဓားချီများသည် လင်းလက်လာပြီးသည့်နောက်မှာတော့ လေဟာနယ်ထဲကို ဖြတ်တန်းရောက်ရှိလာခဲ့သည်။

ဘန်း … ဘန်း …။

ကျွငိးချောင်ရှောင်းသည် သူ၏ ကောင်းကင်စတေးခြင်းလှံအားထုတ်ယူလိုက်ပြီး ဓားချီများကို ဖျက်စီးလိုက်၏။ သူသည် သတ်ဖြတ်လိုခြင်းဆန္ဒ အပြည့်ဖြင့် ရှေ့သိုလှမ်းတက်လိုက်၏။

ရွှီ ရွှီ ရွှီ …….

ထိုအချိန်မှာပဲ အဝေးတစ်နေရာဆီမှ ရွက်သင်္ဘောများ ပျံသန်းရောက်ရှိလာ၏။ ထိုအပေါ်တွင်တော့ အားကောင်းလှသည့်အော်ရာများ ထွက်ပေါ်နေသည့် ကျွမ်းကျင်သူအမြောက်အများ တည်ရှိလို့နေ၏။

အဆင့်အနိမ့်ဆုံးပင်လျှင် တည်နေရာချိုးဖျက်ခြင်းအနိမ့်အဆင့်ကို ရောက်ရှိသူများ ဖြစ်ကြ၏။ တည်နေရာချိုးဖျက်ခြင်း အလယ်အလတ်အဆင့်ကျွမ်းကျင်သူ တော်တော်များများလည်း ပါဝင်နေသေးသည်။

"နဂါးပျံကုန်းမြေတိုက်ကလူတွေ၊ ချင်းတွင် ကုန်းမြေတိုက်က လူတွေပါလား။ ဒီကုန်းမြေတိုက်က လူတွေအကုန်လုံးက ကြယ်ကောင်းကင်ခံတပ်နဲ့ ပတ်သက်နေတဲ့လူတွေကြီးပဲလေ"

ရွှီ ရွှီ

ရုတ်တရက် တဖြည်းဖြည်းချဉ်းကပ်လာခဲ့သော ရွက်သင်္ဘောများသည် များပြားသွားခဲ့၏။ ရွက်သင်္ဘော အသီးသီးဆီမှ လူများသည် ပျံသန်းလာပြီးနောက် ခန်းမသခင်၏ ရှေ့တွင် ရပ်တန့်လိုက်ကြ၏။

၎င်းတို့သည် လူတစ်ရာနီးပါးပင် ရှိ၏။ ငရဲကြီး ကိုးထပ်မှ အကျဉ်းသားများ လွတ်မြောက်သွားချိန်တွင် ခံတပ်သခင်သည် အနီးနားရှိ ကုန်းမြေတိုက်များဆီသို့ အကူအညီတောင်းခံခဲ့သည်။

ထို့ကြောင့် တစ်နာရီအတွင်း ၎င်းတို့သည် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ တစ်နာရီအတွင်း ရောက်ရှိလာသည်ဆိုလျှင်တောင် ရောက်ရှိလာသော ရွက်သင်္ဘောအရေအတွက်သည် မနည်းလှချေ။

သို့ပေမဲ့ သူတို့ရောက်ရောက်ချင်းမှာပဲ တည်နေရာကြီးတစ်ခုလုံးသည် ဆိုးဆိုးရွားရွားပျက်စီးနေသည်ကို တွေ့မြင်လိုက်ရ ၏။ သူတို့သည် ထိတ်လန့်တုန်လှုပ်သွားမိ၏။ "ကြယ်ကောင်းကင်ခံတပ်က ဘယ်ရောက်သွားတာလဲ"

"အားလုံးပဲ"

ခံတပ်သခင်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ဒီအကောင်က ငရဲကြီးကိုးထပ်က အကျဉ်းသားတွေကို လွတ်ပေးလိုက်ရုံတင်မကဘူး၊ ကြယ်ကောင်းကင်ခံတပ်တစ်ခုလုံးကိုပါ ဖောက်ခွဲပစ်လိုက်တယ်"

ဂြိုလ်အသီးသီးမှ များပြားလှသောကျွမ်းကျင်သူများသည် ဆွံ့အသွားခဲ့ကြ၏။ ကြယ်ကောင်းကင်ခံတပ်ဆိုသည်မှာ ဖျက်ဆီး၍မရနိုင်သောအရာ မဟုတ်ပေဘူးလား။အဘယ့်ကြောင့် ဖောက်ခွဲခံလိုက်ရသနည်း။

"ဟုတ်ပြီ ဟုတ်ပြီ"

သူတို့ရောက်ရှိလာချိန်တွင် ကြီးမားလှသည့်ပေါက်ကွဲသံကြီးကို ကြားလိုက်ရ၏။ ထိုအရာသည် ကြယ်ကောင်းကင်ခံတပ်ပေါက်ကွဲသွားခြင်းနှင့် သက်ဆိုင်နေပေလိမ့်မည်။

"ကျုပ်အားနာပါတယ်"

ရုတ်တရက် ရွက်သင်္ဘောကြီး၏ စက်ခန်းဆီမှ လူတစ်ယောက်လျှောက်လာပြီးနောက် ကျယ်လောင်စွာ ပြောလိုက်၏။ "ခံတပ်သခင် … ကျုပ်တို့ကုန်းမြေတိုက်ကြီးက ကြယ်ကောင်းကင်ခံတပ်နဲ့ အခြားသူတွေရဲ့ ရန်ငြိုးရန်စကြားမှာ ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး။ ဒီကိုလာတာ ပွဲကြည့်ရုံသက်သက် ရောက်လာခဲ့တာပါ"

ခံတပ်သခင်၏ မျက်နှာသည် ချက်ချင်းပဲ မဲမှောင်သွားခဲ့သည်။ "ချီးတဲ့မှ… ကျုပ်ခင်ဗျားတို့ကို ခေါ်လိုက်တာ အကူအညီတောင်းခံဖို့လေ။ ဘယ်လိုလုပ်ပြီး ပွဲကြည့်ဖို့ ဖြစ်သွားရတာလဲ"

"မြို့တော်ဝန်မို"

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် စပ်ဖြီးဖြီးနှင့်ပြောလိုက်၏။ "ဒီလိုနေရာမှာ လာဆုံလိမ့်မယ်လို့ မထင်မိဘူး။ သေမျိုးစကြဝဠာကြီးက တစ်ကယ့်ကိုသေးငယ်တာပဲ"

မှန်ပေ၏။ ရုတ်တရက်ထွက်လာပြီး ဘက်ပြောင်းသွားသူသည် ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆီမှ မိုရှန်ရှမ်းပင် ဖြစ်တော့၏။ လက်ရှိအချိန်မှာတော့ သူသည် ကြယ်ကောင်းကင်ခံတပ်၏ ဘေးတစ်ဖက်တွင် မတ်တပ်ရပ်ကာ ရှိနေသည်။

ထို့ပြင် သူသည်ဂြိုလ်များကြားတွင် စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်ခဲ့သူဖြစ်၏။ ရင်းနှီးနေသည့် မျက်နှာနှင့်၊ ရင်းနှီးနေသည့်လူကို မြင်လိုက်ရသည့်အချိန်မှာတော့ သူသည် ချက်ချင်းပင် ဘက်ပြောင်းသွားခဲ့၏။

ခံတပ်သခင်သည် အပြစ်ပြု၍ရသည့် လူမျိုးမဟုတ်ပေ။ ထို့ပြင် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည်လည်း အပြစ်ပြု၍ ရသည့်သူမဟုတ်ပေ။

နှစ်ဖက်ကို ရွေးချယ်ရမည်ဆိုပါက မြို့တော်ဝန်မိုသည် ကျိန်းသေပေါက် ကျွင်းချောင်ရှောင်း ဘက်သို့ ရွေးချယ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဂြိုလ်တိုက်ပွဲတည်နေရာကြီးတွင် မိုးကြိုးကပ်ဘေးနှစ်ခုကို ခုခံခဲ့သော မြင်ကွင်းသည် သူ၏စိတ်ထဲတွင် တည်ရှိနေတုန်းပင် မဟုတ်ပါလား။

"ဂိုဏ်းချုပ်ကျွင်း"

မိုရှန်ရှမ်းသည် လက်သီးကိုဆုပ်ကာပြောလိုက်သည် "မတွေ့တာ တော်တော်ကြာပြီပဲ"

"ဂိုဏ်းချုပ်ကျွင်းဟုတ်လား"

ဘုံကိုးပါးကုန်းမြေတိုက်ကြီးမှ တည်နေရာချိုးဖျက်ခြင်း အဆင့်နိမ့်ကျင့်ကြံသူများသည် ကြောင်အသွားခဲ့ကြ၏။ ပြီးသည့်နောက်မှာတော့ သူတို့သည် အသာလှည့်ကာ ရွက်သင်္ဘောအတွင်းသို့ ပြန်ဝင်လိုက်ကြ၏။

ကျွီ

ကျွင်းချောင်ရှောင်းသည် ကောင်းကင်စတေးခြင်းလှံကို အသာမြောက်ပြီးနောက် ပြောလိုက်သည်။ “ကြယ်ကောင်းကင်ခံတပ်ကို အကူအညီပေးတဲ့လူတွေ အကုန်လုံးက ကျုပ်ရဲ့ရန်သူ တွေပဲ။ သေသေချာချာ စဉ်းစားကြ"

ကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူများသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ "ကြယ်ကောင်းကင်ခံတပ်ကို ဖောက်ခွဲပစ်တယ်ဆိုတာ အထက်နယ်မြေရဲ့ အခွင့်အာဏာကို စိန်ခေါ်လိုက်တာနဲ့ အတူတူပဲဆိုတာ မင်းမသိဘူးလား"

မိုရှန်ရှမ်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ကျွင်းချောင်ရှောင်းအနေဖြင့် အထက်နယ်မြေကို စိန်ခေါ်သည်ဆိုသည်မှာ ပထမဆုံးအကြိမ်မဟုတ်သည်ကို သူ ကောင်းကောင်းသိရှိ၏။

"ကျုပ်သေမျိုးစကြဝဠာအတွင်းကို နှစ်ပေါင်းတစ်ထောင်ကျော် လှည့်လည်သွားလာခဲ့တယ်။ ဒါပေမဲ့ ဒီလိုရဲတင်းလှတဲ့လူကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး။ ကောင်းကင်က သည်းမခံနိုင်တဲ့ အရာတစ်ခုကို ပြုလုပ်ခဲ့တယ်ဆိုတော့ ကျုပ်တို့သူ့ကို သတ်မှဖြစ်မယ်"

ဘုံကိုးပါးကုန်းမြေတိုက်ကြီးထက် အနည်းငယ်အားကောင်းသော ကုန်းမြေတိုက်များသည် ဂြိုလ်တိုက်ပွဲတည်နေရာအတွင်းသို့ မဝင်ခဲ့ရချေ။ ထို့ကြောင့် အထဲတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာနှင့် ပတ်သက်၍ သူတို့မသိရှိသည်မှာ သဘာဝပင်ဖြစ်၏။

လက်ရှိအချိနိမှာတော့ ၎င်းတို့အားလုံးသည် ကြယ်ကောင်းပင်ခံတပ်ဘက်ကို ရွေးချယ်လိုက်ကြသည်။

"ကောင်းပြီ"

ကျွင်းချောင်ရှောင်းသည် ကောင်းကင်စတေးခြင်းလှံကို ကိုင်ပြီး သူ၏လက်များကို အသာမြောက်လိုက်၏။

ဝူး ဝူး

ထိုအချိန်မှာပဲ သူ၏ရှေ့ဖက်တွင် အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ တလက်လက်တောက်ပနေသော ရွှေရောင်အလင်းတန်းများ ဖြစ်တည်လာပြီးနောက်မှာတော့ မျက်နှာခပ်ဝါးဝါးနှင့် ဝိညာဉ်ရိပ်ယောင်တစ်ခုသည် သူ၏ရှေ့တွင် ဖြစ်တည်လာသည်။

ထိုအရာသည် စွန်းဝူခုန်းပင် ဖြစ်တော့၏။

ဝူး .. ဝူး …။

အလင်းများ တလက်လက်တောက်ပလာပြီးနောက်မှာတော့ တည်နေရာကြီးတစ်ခုလုံး ၌ အားကောင်းလှသည့် အော်ရာများနှင့် ပြည်နှက်သွားခဲ့သည်။ ဝိညာဉ် ပုံရိပ်ယောင်သည် သူ၏ ဦးခေါင်းကိုမော့ကာ မျက်လုံးကို ဖွင့်လိုက်သည်။

ပြီးနောက် ညာဖက်လက်ကိုမြောက်လိုက်သည့် အချိန်မှာတော့ ၎င်း၏ လက်ဆွဲ တုတ်ကြီးသည် ကောင်းကင်ယံထက်တွင် ထွက်ပေါ်လာ၏။ မျောက်ဘုရင်၏ ပုံသဏ္ဍာန် သည် ယခင်က အတိုင်းပင်ဖြစ်၏။

"မျောက်ဘုရင်ကြီး…"

ကျွငိးချောင်ရှောင်းက ပြောလိုက်သည်။ "ဒီကိစ္စကို ခင်ဗျားတာဝန်ထားလိုက်တော့မယ်"

စွန်းဝူခုန်းသည် ခံတပ်သခင်ကို တစ်ချက်ကြည့်လိုက်၏။ ပြီးသည့်နောက် အခြားသော ဂြိုလ်အသီးသီးမှ စစ်ကူများကို ငဲ့ကြည့်လိုက်ပြန်၏။ သူသည် စိတ်မရှည်သည့် လေသံဖြင့် ပြောလိုက်၏။ "မင်းဒီလို ငပေါတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ငါ့ကို ဆင့်ခေါ်နေရတယ် ဆိုတော့ ဘယ်လောက်တောင် အားနည်းတာလဲ"

All Chapters