အခန်း (၁၃၁၂)
Vol. 88 Ch. 1312
ထျန်းယွမ်အကျဉ်းထောင်စေတီ ကို အထင်မသေးသင့်ပေ။ ထို့အတူ စေတီထဲတွင် ရှိနေသော အကျဉ်းသားတစ်ယောက်ချင်းစီကိုလည်း အထင်မသေးသင့်ပေ။
အဘယ့်ကြောင့်ဆိုသော် အားလုံးသောလူများသည် အတွေ့အကြုံရှိသောလူများ ဖြစ်နေသောကြောင့်ပင်။ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံခြင်းအဆင့်ကို ချိုးဖျက်ရောက်ရှိခဲ့သော ညအင်ပါယာပင်လျှင် သူ့ကိုယ့်သူ ပြိုင်ဖက်ကင်းဟု ခံစားနေရသည် ဆိုသော်လည်း အများနှင့်တစ်ယောက်တိုက်ခိုက်သည့်အချိန်မှာတော့ နှာနှပ်၍ပင်ယူခဲ့ရ၏။
တစ်ရက်တည်းမှာပဲ ဤသတင်းသည် ပြန့်နှံ့သွားခဲ့၏။ မည်သူဖြန့်လိုက်သည်က အရေးမကြီးချေ။ အရေးကြီးသည်မှာ လီချင်းယန်နှင့် အခြားသူများအားလုံးသည် ထိုအကြောင်းအရာကို သိရှိသွားခြင်းပင် ဖြစ်သည်။
ဂျူနီယာညီလေးရီအား ဤကဲ့သို့အခြေအနေမျိုးထိရောက်အောင် ရိုက်နှက်ခဲ့သည်ဆိုမှတော့ အကျဉ်းထောင်ထဲတွင် ရှိနေသော အကျဉ်းသားများ၏ အားအင်အဆင့်သည် ရိုးရှင်းလှသည်မဟုတ်တော့ပေ။ အထဲသို့ ဝင်ရောက်ပါက သေသေချာချာဂရုစိုက်ရန် လိုအပ်နေ၏။
နောက်တစ်ရက်မှာတော့ ရှောင်ကျီသည် အကျဉ်းထောင်၏ ပထမအထပ်ဆီသို့ ဝင်ရောက်လာခဲ့၏။ ပြီးသည့်နောက် ဝင့်ကြွားစွာဖြင့် စိန်ခေါ်လိုက်သည်။ "ကျုပ် ဆယ်ယောက်တစ်ယောက် တိုက်ခိုက်မယ်"
"ဟမ့်"
အကျဉ်သားတစ်ယောက်သည် ရယ်မောကာပြောလိုက်၏။ "နောက်ထပ် မောက်မာတဲ့ကောင်တစ်ကောင်ပဲ။ ညီအစ်ကိုတို့ သူကိုကောင်းကောင်းပြုစုလိုက်ကြ"
ဝှစ် ဝှစ်
ချက်ချင်းပဲ တောင့်တင်းခိုင်မာလှသော အကျဉ်းသားဆယ်ယောက်တို့သည် ရောက်ရှိလာခဲ့၏။ ၎င်းတို့အားလုံးသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများ ဖြစ်ကြသည်။
"လာခဲ့စမ်း"
ရှောင်ကျီသည် ဂရုမစိုက်ဘဲ မနေရဲဘေုန်း ဘုန်း ……။
တစ်နာရီခန့်ကြာပြီးသည့်အခါမှာတော့ အကျဉ်းထောင်တံခါးသည် ထပ်မံကာ ပွင့်သွားခဲ့၏။ ကျိုးဒူဒူ သည် ရှောင်ကျီအား ဖေးမကာ ပြန်ထွက်လာသည်။ ရှောင်ကျီ၏ မျက်နှာတစ်ခုလုံးသည် ဖူးရောင်ကိုင်းလျက် ရှိနေ၏။
ကျိုးဒူဒူ က ပြောလိုက်သည်။ "စီနီယာအစ်ကိုရှောင် နောက်တစ်ခါကျရင် တစ်ယောက်ချင်းပဲ တိုက်ခိုက်ပါလား"
"မဖြစ်ဘူး၊ ငါ ဆယ်ယောက်ထပ်ပိုပြီးတော့ တိုက်ခိုက်ရမယ်"
ရှောင်ကျီသည် ဂိုဏ်း၏အဓိက တိုက်ခိုက်သူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူ့အနေဖြင့် ထိခိုက်ချက်များကို ခံယူရသည်မှာ နေသားကျသေူတို့သည် တော်တော်များများ ရှုံးနိမ့်ပြီးသည့်အချိန်မှာတော့ အနည်းငယ် ပြန်၍အနိုင်ယူနိုင်ခဲ့ကြ၏။
လီချင်းယန်က ပြောလိုက်သည်။ "ဒီအကျဉ်းထောင်ထဲမှာရှိတဲ့ လူတွေက တော်တော်ကြမ်းတာပဲ"
စာကြည့်ခန်းထဲတွင် ထိုင်နေသော ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်သို့ ခြေတင်ကာ ပြုံးလိုက်၏။ "ဒါက အတွေ့အကြုံတွေရဖို့ အခွင့်ကောင်းတစ်ခုပေါ့ကွာ။ မင်းတို့ အထဲကိုဝင်ပြီး အတွေ့အကြုံတွေ များများယူကြ"
ငရဲကြီးကိုးထပ်မှ အကျဉ်းသားများအား ထျန်းယွမ်းအကျဉ်းထောင်ထဲသို့ ပို့ဆောင်လိုက်ခြင်းသည် ပိုမိုအားကောင်းလှသည့် လေ့ကျင့်ရေးတည်နေရာတစ်ခုကို ဖန်တီးချင်သောကြောင့်ပင် ဖြစ်၏။ ဤတစ်ကြိမ်မှာတော့ သူ၏မျှော်လင့်ချက်သည် ပြည့်ဝသွားခဲ့သည်ဟု ဆိုရမည်။
ဟုတ်ပေသည်။ တပည့်များသာမက အဆင့်မြင့်အကြီးအကဲများလည်း ဝင်ရောက်နိုင်၏။ လီချင်းယန်၊ ရှောင်ကျီနှင့်အခြားသူများ ဝင်ရောက်ပြီးသည့်အချိန်မှာတော့ ခရမ်းရောင်ဘုရင်သည်လည်း မည်သို့မျှ မနေနိုင်တော့ဘဲ အကျဉ်းထောင်၏ပထမထပ်ဆီသို့ ဝင်ရောက်လိုက်၏။
မတိုက်ခိုက်ခင် အဝတ်အစားများကို ချွတ်နေကြောင်း မြင်ရသည့်အချိန်မှာတော့ ကျန်သော အကျဉ်းသားများ သည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ "ချီးတဲ့မှ … ဒီကောင်က ရူးနေတာနဲ့တူတယ်"
ထျန်းယွမ်အကျဉ်းထောင်ရှိ အကျဉ်းသားများမှာ အလွန်သန်မာလှသလို စောင့်ကြည့်နေသော ကင်းသမားဆယ့်နှစ်ယောက် တို့မှာလည်း အလွန်အားကောင်းလွန်းလှ၏။ ဤနေရာတွင်ရှိနေသော အဆင့်မြင့်အကျဉ်းသားများကိုသာ လွတ်ပေးလိုက်ပါက ဂြိုလ်တစ်ခုကိုပင် ဖျက်စီးနိုင်စွမ်းရှိလို့နေ၏။
ကျွင်းချောင်ရှောင်းအနေဖြင့် အချိန်အများစုကို ပြိုင်စံရှားဂိုဏ်းအတွင်း နေထိုင်နေသည်ဆိုသော်လည်း ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် နေထိုင်ကြသော သိုင်းကျင့်ကြံသူများ မသိရှိသည်မှာ သေမျိုး စကြာဝဠာကြီးတစ်ခုလုံးအား လွှမ်းမိုးခြယ်လှယ်နိုင်သော အဖွဲ့အစည်းတစ်ခုသည် ၎င်းတို့၏ ကုန်းမြေတိုက်ကြီးတွင် တည်ရှိနေသည်ဆိုခြင်းပင်။
"ငါ အထက်နယ်မြေကို တက်လှမ်းတဲ့အချိန်ကြရင် ဒီအကျဉ်းထောင်ကို ငါနဲ့အတူခေါ်သွားရမလား"
ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်းအစီအရင်ကို လေ့လာပြီးနောက် ကျွင်းချောင်ရှောင်းသည် ထိုပြဿနာကို အစောကြီးကတည်းက စဉ်းစားပြီးသားဖြစ်၏။ အထူးသဖြင့် အထက်နယ်မြေသို့ တက်လှမ်းချိန်တွင် ကြယ်ကြွေကုန်းမြေတိုက်ကြီးအား အခြားသူများက အနိုင်ကျင့်ဗိုလ်ကျနေလျှင် မည်သို့လုပ်မည်နည်း။
ပိုမိုအားကောင်းသည့် တည်နေရာတစ်ခုသို့ သွားရောက်ခြင်းသည် အလွန်တရာကောင်းမွန်လှ၏။ သို့ပေမဲ့ ဤတည်နေရာသည် သူ၏အိမ်ဖြစ်နေ၏။ ထို့ကြောင့် သူမရှိသည့်အချိန်တွင် ပြဿနာများ မဖြစ်ပွားလာစေရန်အတွက် တက်နိုင်သမျှ စောင့်ကြည့်ထားရန်လည်း လိုအပ်နေသေး၏။ ထို့ကြောင့် အလုံးစုံသောစွမ်းအင်နှင့် အဖွဲ့အစည်းတစ်ခုကို ချန်ထားခဲ့မှသာလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
များပြားလှသော ဂြိုလ်များအနေဖြင့် ဤတည်နေရာကို ဝင်ရောက်ဖျက်စီးဖို့ အခြေအနေမရှိအောင် ကြိုးစားထားမှသာလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ကင်းသမားဆယ့်နှစ်ယောက်နှင့် ထျန်းယွမ်အကျဉ်းထောင်ထဲတွင် ရှိနေသော အကျဉ်းသားများမှာ သံဃယ ရှိစရာမလိုအောင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးအား ကာကွယ်ပေးနိုင်၏။ သို့ပေမဲ့ ပြဿနာရှိသည်မှာ ၎င်းတို့အနေဖြင့် အလုံးစုံသော အသိအမှတ်ပြုမှုကို ရရှိရန် လိုအပ်နေသေး၏။
အကျဉ်းသားများအား သူ့အနေဖြင့်ရင်ဆိုင်ရန် လွယ်ကူ၏။ အများဆုံး အားရာအား လေ့ကျင့်ခိုင်းလိုက်ရုံသာရှိ၏။ သို့ပေမဲ့ ကင်းသမားဆယ့်နှစ်ယောက်မှာတော့ အနည်းငယ်လှည့်ကွက်များလှသည်။
"အခွင့်အရေး"
ကျွင်းချောင်ရှောင်းအနေဖြင့် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ "ငါ့အနေနဲ့ အခွင့်အရေးတစ်ခုခုကို လိုအပ်နေသေးတယ် "
"ညီငယ်လေး"
ထိုအချိန်မှာပဲ အဖြူရောင်နတ်ဆိုးသည် အသံပို့လွှတ်လိုက်သည်။ "နောက်ထပ် ရွက်သင်္ဘောတစ်စင်း ရောက်လာတယ်"
စနစ်သည် ချက်ချင်းပဲ သုံးသပ်လိုက်မိ၏။ "အင်း … ဒီလိုအခြေအနေမျိုးမှာ ပေါ်လာတယ်ဆိုတော့ အခွင့်အရေးရောက်လာတာပဲ ဖြစ်ရမယ်"
ဟမ် …..။
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။ ကြယ်ကောင်းကင်ခံတပ်ကြီး သည် သူ့ကြောင့် ပျက်စီးပျောက်ကွယ်သွားရသည် မဟုတ်လား။ အဘယ့်ကြောင့် တစ်စုံတစ်ယောက်သည် သူ့အားလာရောက်ရှာဖွေနေရသနည်း...။
အဆုံးမဲ့သော စကြာဝဠာအတွင်းမှာတော့ ရွက်သင်္ဘောတစ်စင်းသည် ရုတ်တရက်ရောက်ရှိလာခဲ့၏။
"ခင်ဗျားတို့က ဘယ်သူတွေလဲ" ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောကြီး၏ရှေ့တွင်ရပ်ကာ မထူးခြားသလို မေးလိုက်သည်။
များပြားလှသော ကျင့်ကြံသူများသည် စက်ခန်းအတွင်းမှ ထွက်လာကြ၏။ ရှေ့ဆုံးမှ ဦးဆောင်သော သက်လတ်ပိုင်း လူတစ်ယောက်သည် မျက်နှာများပင် ဖြူလျော်နေ၏။ ၎င်းသည် ပြင်းပြင်ထန်ထန် ဒဏ်ရာရရှိထားပုံလည်း ပေါ်၏။
ထိုသူသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း … ကျုပ်တို့ ထျန်းဟယ် ကုန်းမြေတိုက်ကြီးကို ကျေးဇူးပြုပြီးကယ်တင်ပေးပါ"
အမ်
ကျွင်းချောင်ရှောင်းသည် အနည်းငယ်ဆွံ့အသွားမိ၏။ ထို့ပေမဲ့ တစ်ဖက်လူ၏ စကားကို နားထောင်လိုက်သည်နှင့်တစ်ပြိုင်နှက် ဤနေရာကို ပြဿနာလာရှာခြင်းမဟုတ်ဘဲ အကူအညီ လာရောက်တောင်းခံခြင်းဖြစ်ကြောင်း သိရှိလိုက်ရ၏။
"ခင်ဗျားတို့ ပြောစရာတစ်ခုခုရှိရင် ကျုပ်တို့ကုန်းမြေတိုက်ကြီးကို လိုက်ခဲ့လေ"
"နောက်ကျနေပါပြီ"
သက်လတ်ပိုင်းလူသည် မြန်မြန်ဆန်ဆန်ပင် ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျွင်း … ကျုပ်တို့ ထျန်းဟယ် ကုန်းမြေတိုက်ကြီးက ပျောက်ကွယ်ဖျက်စီးခံရပါတော့မယ်"
"ရောင်ရင်း"
ကျွင်းချောင်ရှောင်းသည် ပုခုံးကို တွန့်ကာပြောလိုက်မိ၏။ "ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် သိတာလည်းမဟုတ်ဘူး။ ဟုတ်တယ်နော်"
တစ်ဖက်လူသည် သူ့အား ကယ်တင်ရန်ပြောဆိုသည်နှင့် သွားရောက်ကယ်တင်ပေးရန် မည်ကဲ့သို့သော ရင်းနှီးမှုတည်ရှိနေသနည်း။ ဤလောကကြီးတွင် ပြဿနာပေါင်းသောင်းခြောက်ထောင် ကို လိုက်လံဖြေရှင်းပေးသူ ဟူ၍ ရှိနေသည်လား။ သူ့အနေဖြင့် အားလုံးသောလူများကို လိုက်လံကယ်တင်နေပါက ဘာမှလုပ်ရတော့မည်မဟုတ်ပေ။
ဝှစ်
သက်လတ်ပိုင်းလူသည် လက်ကို ယမ်းခါလိုက်၏။ ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ် ကျောက်တုံးများ ပြည့်နှက်နေသည့် သေတ္တာကြီးတစ်ခုသည် ကုန်းပတ်ပေါ်တွင် ပေါ်လာခဲ့၏။
"ကျုပ်မှတ်မိပြီ"
ကျွင်းချောင်ရှောင်းသည် နဖူးကို ပွတ်သပ်ကာဖြင့် ပြောလိုက်မိသည်။ "ကျုပ်တို့ ကြယ်ကောင်းကင်ခံတပ်မှာ တစ်ခါဆုံတွေ့ဖူးတာပဲ"
စနစ်သည် ထ၍အော်လိုက်မိ၏။ "မင်းသိတာကလည်း မြန်လိုက်တာကွာ"
တစ်ခြားနည်းလမ်းလည်းမရှိချေ။ စိတ်ဝိညာဉ်ကျောက်တုံးများ၏ မျက်နှာနှင့် မှတ်မိမှ ဖြစ်ပေလိမ့်မည်။
"ဂိုဏ်းချုပ်ကျွင်း"
သက်လတ်ပိုင်းလူက လေးလေးနက်နက်ပြောလိုက်သည်။ "ဒီမှာ အဆင့်ကိုး စိတ်ဝိညာဉ် ကျောက်တုံး ဆယ်သန်းပါ။ ကျုပ်တို့ ထျန်းဟယ် ကုန်းမြေတိုက်ကြီးကို အမြန်ဆုံး ကယ်တင်ပေးပါ"
၎င်း၏ မျက်လုံးနှင့် အသံကို ကြည့်ရုံဖြင့် အလွန်အလျင်လိုနေသည့် ကိစ္စဖြစ်ကြောင်း နားလည်သွားမိ၏။ အလျင်လိုသည်မှာ နှောင့်နှေး၍ မဖြစ်နိုင်ချေ။
"အကြောင်းအရင်းကို ကျုပ်သိဖို့ လိုသေးတယ်"
ခနလောက်ကြာပြီးနောက် ….
အကူအညီလာရောက်တောင်းခံသည့် လူများနှင့် ကျွင်းချောင်ရှောင်းသည် အလွန်မြန်ဆန်သည့်နှုန်းထားဖြင့် စကြဝဠာကြီးထဲ၌ ခရီးနှင်လျက် ရှိနေကြ၏။ ၎င်းတို့၏ ဦးတည်ရာသည် ထျန်းဟယ် ကုန်းမြေတိုက်ဆီသို့သာ ဖြစ်တော့သည်။
"စိတ်မပူပါနဲ့"
ကျွင်းချောင်ရှောငိးသည် ပဲ့ဦးတွင် မတ်တပ်ရပ်ကာဖြင့် လေးလေးနက်နက်ပြောလိုက်၏။ "ခင်ဗျားတို့ ပြဿနာတွေကို ကျုပ်ကူပြီးတော့ ဖြေရှင်းပေးမယ်"
လွန်ကဲ့သော လဝက်တုန်းက ……..
ထျန်းဟယ် ကုန်းမြေတိုက်ကြီး၏ အိမ်နီးနားချင်းဂြိုဟ်ဖြစ်သော စမ်းချောင်းကိုးခုကုန်းမြေတိုက်ကြီးသည် ကြယ်ကောင်းကင်ခံတပ်ကြီး ဖျက်စီးခံရပြီးနောက် တစ်သက်လုံး မြိုသိမ့်ခဲ့ရသောဆန္ဒများအား ရုတ်တရပ် အကောင်အထည်ဖော်တော့၏။
၎င်းတို့သည် အိမ်နီးချင်းဂြိုလ်များကို ကျူးကျော်ခြင်းပင် ဖြစ်၏။ ယခင်တုန်းက ဤဂြိုလ်သည် ကြယ်ကောင်းကင်ခံတပ်၏ သတိပေးမှုကို ခံထားရသောကြောင့် ငြိမ်ငြိမ်သက်သက် နေထိုင်ခဲ့ရသည်။
ယခု ၎င်းတို့အား တားဆီးထားသည့် အင်အားစု မရှိတော့သောကြောင့် မည်သူကိုမှ မကြောက်တော့သည်မှာ သဘာဝပင် ဖြစ်လိမ့်မည်။
စမ်းချောင်းကိုးခု ကုန်းမြေတိုက်ကြီးသည် အလွန်တရာအားကောင်းလှပြီး သေမျိုးစကြာဝဠာ၏ စွမ်းအားမြင့်ကျင့်ကြံသူများ ကိုလည်း ပိုင်ဆိုင်ထားကြ၏။ ထို့ကြောင့် ထျန်းဟယ် ကုန်းမြေတိုက်အနေဖြင့် မည်သို့မှ မယှဉ်နိုင်ချေ။
သေချားစဉ်းစားပြီးသည့် အချိန်မှာတော့ ၎င်းတို့အနေဖြင့် အကူအညီတောင်းခံရန်သာ ကျန်ရှိတော့၏။ မည်သူ့ကို အကူအညီတောင်းခံရမည်နည်း။
ကြယ်ကောင်းကင်ခံတပ်ကို ဖျက်စီးခဲ့သော မည်သူ့ကိုမဆိုသွားရောက်ကာ အကူအညီတောင်းမှ ဖြစ်ပေလိမ့်မည်။ ထျန်းဟယ် ကုန်းမြေတိုက်ကြီးမှ စစ်သည်တော်များသည် တိုက်ခိုက်ခံနေရာမှ အတင်းဖောက်ထွက်ပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ လာရောက်ကာ အကူအညီတောင်းခံခဲ့ကြသည်။
လမ်းတစ်ဝက်မှာတော့ ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ကျုပ်တို့ဂြိုလ်နှစ်ခုက တော်တော့်ကို ဝေးကွာကြတယ်လေ။ လဝက်အတွင်း ဘယ်လိုရှာတွေ့တာလဲ၊ မြန်လိုက်တာ"
သက်လတ်ပိုင်းလူက ပြောလိုက်သည်။ "ဒါကတော့ ဘုံကိုးပါးကုန်းမြေတိုက်ကြီးက မြို့တော်ဝန်မိုကို ကျေးဇူးတင်ရမယ်။ သူက ဂိုဏ်းချုပ်ကျွင်းရဲ့ ဂြိုလ်တည်နေရာကို တိတိကျကျပြောလိုက်တာလေ။ ဒီတော့ မလိုအပ်တဲ့ ရှာဖွေရမှုမျိုး လုပ်စရာမလိုတော့ဘူးပေါ့"
"ကျုပ် နားလည်ပြီ"
ကျွင်းချောင်ရှောင်းသည် နားလည်သွားမိ၏။ မိုရှန်ရှမ်းအနေဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာကို ပြောဆိုလိုက်ရုံသာမက ဂိုဏ်းချုပ်ကျွင်းဆီသို့ သွားရောက်ကာ အကူအညီတောင်းမည်ဆိုပါက လေးနက်သည့်ခံစားချက်များကိုလည်း ထုတ်ဖော်ပြသရန် သတိပေးပြောကြားလိုက်သေး၏။
သက်လတ်ပိုင်းလူသည် ထိုအရာကို သေသေချာချာမှတ်သားထား၏။ ထို့ကြောင့်ပင် ဂိုဏ်းချုပ်ကျွင်းကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နှက် စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ပေးလိုက်ခြင်းဖြစ်သည်။
ထိုအရာသည် မြို့တော်ဝန်မိုပြောသော လေးနက်မှုပင် ဖြစ်ပေ၏။ မြို့တော်ဝန်မိုကဲ့သို့လူများသာ အများအပြားရှိသည်ဆိုပါက ကျွင်းချောင်ရှောင်းအနေဖြင့် ငွေကြေးပြတ်တောက်လိမ့်မည် မဟုတ်ချေ။
"စမ်းချောင်းကိုးခုကုန်းမြေတိုက် ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် ရွက်သေင်္ဘာ၏ ပဲ့တွင် မတ်မတ်ရပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး စကြဝဠာအတွင်းသို့ လှမ်းကြည့်လိုက်၏။ ပြီးနောက် တွေးလိုက်မိသည်။
"အခွင့်အရေးရောက်မလာနိုင်လို့ ငါ စိတ်ပူနေတာလေ။ နောက်ဆုံးတော့ အခွင့်အရေးက ငါ့ဆီရောက်လာခဲ့တာပဲ .. ဟားဟား ဟားဟားဟား …”