← Chapters

အခန်း (၁၃၁၄)

Vol. 89 Ch. 1314

အခန်း (၁၃၁၄)

Vol. 89 Ch. 1314

စမ်းချောင်းကိုးခုကုန်းမြေတိုက်ကြီးသည် ထျန်းဟယ်ကုန်းမြေတိုက်ကြီးကို ကျုးကျော်လာသည့်အချိန်တွင် များပြားလှသည် စွမ်းအားမြင့်ကျင့်ကြံသူများကို စေလွှတ်လိုက်၏။

ကျွင်းချောင်ရှောင်း ရုတ်တရက် ပေါ်ပေါက်လာပြီးသည့် နောက်မှာတော့ တိုက်ခိုက်ပွဲအား တာဝန်ယူကာ အမိန့်ပေးနေသည့် စစ်သူကြီးအား ရုတ်တရက် သတ်ဖြတ်ပစ် လိုက်၏။ ထိုအရာသည် သူတို့အား မပျော်မရွှင် ဖြစ်စေခဲ့၏။ ဤမောက်မာလှသောလူသည် မည်သည့်နေရာက ရောက်ရှိလာခဲ့သနည်း။ မည်ကဲ့သို့သော အကြောင်းအရာကြောင့် သူတို့၏ လူများကို လာရောက်သတ်ဖြတ်ရဲနေသနည်း။ ယနေ့တွင် ထိုသူကိုမှ မရိုက်နှက်ရလျှင် ၎င်းတို့အနေဖြင့် ကျေနပ်နိုင်လိမ့်မည် မဟုတ်ချေ။

သေမျိုးစကြဝဠာထဲရှိ ပထမအဆင့်ဂြိုဟ်တစ်ခု ပီသစွာပင် သိုင်းနယ်မြေကျင့်ကြံသူတစ်ရာကျော်တို့ တည်ရှိ လျက်ရှိနေ၏။ အထက်နယ်မြေသည် ၎င်းတို့အား ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ပါဝင်ယှဉ်ပြိုင်ရန် ခွင့်မပြုခြင်း သည် အံ့အားသင့်စရာ မဟုတ်တော့ချေ။

လီချင်းယန်နှင့် တခြားသောသူများသည် ဤအခြေအနေကို ခုခံနိုင် လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီထဲတွင် ရှိနေသော အကျဉ်းသားများကို စေလွှတ်လိုက်ခြင်းပင် ဖြစ်၏။

ချက်ချင်းဆိုသလိုပဲ ခပ်တောင့်တောင့်နှင့် ကြမ်းတမ်းပုံပေါ်သော စွမ်းအားမြင့် ကျင့်ကြံသူများသည် တစ်ယောက်ပြီး တစ်ယောက် ပေါ်ပေါက်လာခဲ့ကြ၏။ ၎င်းတို့၏ မျက်လုံးများထဲတွင်တော့ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက် ရှိနေကြသည်။ ဤကဲ့သို့ တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ရန် ဆင့်ခေါ်လိုက်သည် ဆိုပါက ကောင်းမွန်သည့် လုပ်ဆောင်မှုများကို ပြသနိုင်သည့်လူသည် သီလမှတ်များကို ရရှိမှာ ဖြစ်သည်။

အတိတ်တုန်းကသာဆိုလျှင် ၎င်းတို့သည် ငရဲကြီးကိုးထပ်ထဲတွင် ချုပ်နှောင်ခံထားခဲ့ရပြီး အစဉ်သဖြင့် မှောင်မဲသည့် တည်နေရာတွင်သာ နေထိုင်ခဲ့ရ၏။ ၎င်းတို့အတွက် ပျော်ရွှင်မှုဆိုသည်မှာ အသစ်ဝင်ရောက်လာသည့်လူများကို အနိုင်ကျင့်ခြင်းသာ ရှိတော့၏။

လက်ရှိ ထျန်းယွမ်အကျဉ်းထောင်စေတီထဲတွင် ချုပ်နှောင်ခြင်းခံထားရပြီးသည့် နောက်မှာတော့ အခြေအနေသည် ခြားနားသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် ပိုမိုကာ လူသားဆန်လွန်းနေ၏။ သီလအမှတ်များကို အသုံးပြု၍ ခဏတာ လွတ်မြောက်မှုကို ရှာဖွေနိုင်စွမ်း ရှိသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် ရည်မှန်းချက်များ ရှိလာသလို စိတ်လှုပ်ရှားတက်ကြွမှုများလည်း အားကောင်းလာခဲ့သည်။ အကျဉ်းသားများသည် အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြ၏။ ထိတ်လန့်တုန်လှုပ်စရာပင် ဖြစ်တော့၏။

စမ်းချောင်းကိုးခု ကုန်းမြေတိုက်မှ စွမ်းအားမြင့် ကျင့်ကြံသူများသည် တိုက်ခိုက်ရန် ပြင်နေကြသည်ဆိုသော်လည်း ချက်ချင်းပဲ တွေဝေငေးငိုင်စွာဖြင့် ဖြစ်သွားခဲ့ကြ၏။ ၎င်းတို့၏ ကြမ်းတမ်းလှသော အကြည့်များ၏ နေရာတွင် ထိတ်လန့်ကြောက်ရွံ့မှု အမူအရာများ ပေါ်ပေါက်လာခဲ့ကြသည်။

သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ရာကျော် ရှိနေသည်လား။ အားနာပါသည်။ ကျွင်းချောင်ရှောင်း တွင် တစ်သောင်းနီးပါးခန့် ရှိနေ၏။ လမ်းမှန်၊ မိစ္ဆာ၊ နတ်ဆိုး၊ မွန်းစတား မျိုးစုံသော အကျဉ်းသားများသည် ဤနေရာတွင် တည်ရှိနေ၏။ မိမိကြိုက်နှစ်သက်ရာကို ရွေးချယ် တိုက်ခိုက်နိုင်၏။

ကျွင်းချောင်ရှောင်းသည် အကျဉ်းသားများကို စေလွှတ်ရုံသာ ရှိသေး၏။ အဓိကပြဿနာကောင်များကို မစေလွှတ်ရသေးချေ။ မဟုတ်ပါက သက်သက်အနိုင်လာကျင့်ခြင်းနှင့်ပင် ဆင်တူနေပေလိမ့်မည်။

အချက်အလက်အားဖြင့် လက်ရှိအခြေအနေတွင်လည်း အနိုင်ကျင့်နေခြင်းပင် ဖြစ်တော့သည်။ တစ်ဖက်လူတွင် လူတစ်ရာလောက်သာ ရှိသည်ဆိုသော်လည်း မိမိတို့ဘက်မှာတော့ လူတစ်သောင်းနီးပါးခန့် ရှိနေ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသော အော်ရာများ အသီးသီးကပင်လျှင် စမ်းချောင်းကိုးခုကုန်းမြေတိုက်ကြီးမှ စွမ်းအားမြင့်ကျင့်ကြံသူများ အသက်ပင်ရဲရဲ မရှုရဲအောင် ဖြစ်တည်လျက် ရှိနေ၏။

“ခင်ဗျားတို့က ကျုပ်ကို မျက်နှာသာ မပေးဘူးဆိုမှတော့ ဒီကျွင်းကလည်း ခင်ဗျားတို့ကို မျက်နှာသာပေးမှာ မဟုတ်တော့ဘူး”

ကျွင်းချောင်ရှောင်း၏ အသွင်အပြင်သည် ပြောင်းလဲသွားခဲ့၏။ ပြီးသည့်နောက်မှာတော့ အေးစက်စက်ဖြင့် ပြောလိုက်သည်။ “အားလုံးကို သတ်ပစ်လိုက်၊ တစ်ယောက်မှ အရှင်မထားနဲ့တော့”

လမ်းတလျှောက်မှာတော့ သူတို့အားလုံးသည် စမ်းချောင်းကိုးခုကုန်းမြေတိုက်ကြီး၏ ရည်မှန်းချက်ကို အစောကြီး ကတည်းက သိရှိပြီး ဖြစ်၏။ ထိုကဲ့သို့ အညှာအတာကင်းမဲ့လှသည့်လူများကို ရင်ဆိုင်ရန်အတွက် အကောင်းဆုံးသော နည်းလမ်းသည် ပိုးစိုးပက်စက် ရိုက်နှက်ရန်ပင် ဖြစ်ပေလိမ့်မည်။ ထိုက်တန်သည့် နာကျင်မှုကို ခံရမှသာလျှင် ကောင်းကောင်းမှတ်သားနိုင်မှာ ဖြစ်သည်။

“သတ်ကြ၊ သတ်ကြ”

အကျဉ်းသားများသည် ချက်ချင်းပဲ ရှေ့သို့လှမ်းတက်လာကြ၏။ ရရှိနိုင်သည့် အောင်မြင်မှု သီလအမှတ်များသည် ၎င်းတို့အတွက် လုံလောက်သည့်အရာများနှင့် လဲလှယ်၍ ရနိုင်သည်ကို သိရှိပြီးသည့်နောက် မှာတော့ ၎င်းတို့၏ လုပ်ဆောင်မှုပုံစံများသည် တကယ့်ကို ကြမ်းတမ်းလွန်းလျက် ရှိနေကြတော့၏။

“မဖြစ်ဘူး” စမ်းချောင်းကိုးခု ကုန်းမြေတိုက်မှ ကျွမ်းကျင်သူများသည် စိတ်ပျက်လက်ပျက်ဖြင့် ဖြစ်သွားကြသည်။

ဘုန်း …။

တိုက်ခိုက်ရေးတည်နေရာတွင်တော့ စွမ်းအင်လှိုင်းပေါင်းမျိုးစုံတို့သည် ဖြစ်တည်လာပြီး မြေပြင်တစ်ခုလုံးပင် ကွဲအက်လုမတတ် ဖြစ်နေ၏။ စမ်းချောင်းကိုးခု ကုန်းမြေတိုက်သည် အရေအတွက်နှင့် အားအင်အဆင့်အရ မယှဉ်ပြိုင်နိုင်ပေ။ ထို့ကြောင့် ဆိုးရွားသည့် အခြေအနေဆီသို့ ကျိန်းသေပေါက် ရောက်ရှိနေတော့သည်။

ဘုန်း ဘုန်း

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ တိုက်ခိုက်ရေးတည်နေရာထဲတွင် ဖုန်လုံးများ တလုံးလုံး ဖြစ်တည်နေ တော့၏။ အကျဉ်းသားများသည် တည်နေရာအနှံ့တွင် ပျံ့ကျဲလျက် ရှိနေကြ၏။ တချို့သည် ၎င်းတို့၏ ဆံပင်များကို ပြန်လည် စည်းနှောင်နေပြီး တစ်ချို့မှာတော့ ကျောက်တုံးများပေါ်တွင် ထိုင်နေကြ၏။ တချို့သည် အဝတ်အစားများပေါ်တွင် ပေလျက်ရှိနေသည့် သွေးစီးကြောင်းများကို သုတ်လျက်ရှိနေ၏။ ၎င်းတို့၏ ခြေထောက်အောက်ခြေ တွင် ရှိနေသော မြေပြင်တစ်ခုလုံး အလောင်းများ၊ သွေးများဖြင့် ပြန့်ကျဲလျက်ရှိနေသည်။

“အားလုံး သေသွားပြီလား”

ထျန်းရင်မြို့၏ မြို့မျှော်စင်ပေါ်တွင် ရှိနေသော စစ်သူကြီးနှင့် ကျွမ်းကျင်သူများ အားလုံးသည် ဆွံ့အလျက်ရှိနေကြ၏။ စမ်းချောင်းကိုးခုကုန်းမြေတိုက်မှ စေလွှတ်လိုက်သော ကျင့်ကြံသူများသည် အလွန့်အလွန်ကို အားကောင်းလွန်းလှ၏။ ၎င်းတို့မြို့၏ အကာအကွယ် အစီအရင်ကြီးသည် ပျက်စီးလုမတတ် ဖြစ်နေသည်။ ထိုသို့သော အခြေအနေမျိုးတွင် စစ်ကူများ ရောက်ရှိလာခဲ့ပြီးအားလုံးသည် သတ်ဖြတ် ခံလိုက်ရ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။

ကျွင်းချောင်ရှောင်းက ထူးမခြားသလို ပြောလိုက်၏။ “ခင်ဗျားတို့တွေ အခြေအနေကို နားလည်ပြီလား”

“နားလည်ပါပြီ”

“ဒါဆိုရင် စစ်သည်တွေအားလုံးကို လက်နက်ချဖို့ပြောလိုက်။ ကျုပ် လူတွေ ထပ်မသတ်ချင်ဘူး”

စမ်းချောင်း ကိုးခု ကုန်းမြေတိုက်ကြီးဆီမှ ခေါ်ဆောင်လာခဲ့သော စစ်သည်များသည် သန်းနှင့်ချီ၍ ရှိနေကြ၏။ သူသည်သာ တစ်ဖက်လူများကို သတ်ဖြတ်ချင်သည်ဆိုပါက အလွန်တရာ လွယ်ကူစွာဖြင့် သတ်ဖြတ်ပစ်နိုင်စွမ်း ရှိနေသည်။

“လက်နက်တွေ ချလိုက်ကြ” စစ်သူကြီးတစ်ယောက်သည် တုန်ယင်နေသည့်အသံဖြင့် အော်လိုက်၏။

ထို့ကြောင့် မြင်ကွင်းထဲတွင် ရှိနေသော စစ်သည်များ အားလုံးသည် လက်နက်နှင့် ချပ်ဝတ်များကို ပစ်ချလိုက်ပြီးသည့်နောက် မှာတော့ မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ကြသည်။

ပထမအဆင့် ဂြိုဟ်တစ်ခုအနေနှင့် အသုံးပြု သည့် ပစ္စည်းပစ္စယနှင့် လက်နက်၊ ချပ်ဝတ်များသည် ကျိန်းသေပေါက် အားကောင်းလွန်းလှ၏။ ထို့ကြောင့် လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် သွားရောက်ကာ သိမ်းဆည်းလျက် ရှိနေကြ၏။ သိုင်းကျင့်ကြံသူများ၏ အရင်းအမြစ်များသည် ကျွင်းချောင်ရှောင်း၏ လက်ထဲသို့ ရောက်ရှိနေ၏။

“ဒါက ပိုက်ဆံရှာဖို့ အမြန်ဆန်ဆုံး နည်းလမ်းပါလား။ အနာဂတ်မှာ ငါက ငြိမ်းချမ်းရေးဗိသုကာတစ်ယောက်လို ပြုလုပ်ပြီး စစ်ပွဲတွေ ဖြစ်တဲ့နေရာတိုင်းကို သွားမှဖြစ်မယ်”

စနစ်သည် ထကာ ဆဲဆိုလိုက်မိ၏။ “ချီးကို ငြိမ်းချမ်းရေးပါလား”

ရွှီး ရွှီး ……..။

ရုတ်တရက် ကောင်းကင်ယံဆီမှ အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။ ပြီးသည့်နောက်မှာတော့ တိုက်ခိုက်ရေး တည်နေရာ၏ အပေါ်၌ အလင်းတန်းများသည် ရပ်တန့်သွားခဲ့၏။ အလွန်တရာ အားကောင်းလှသည့် အော်ရာများ ထွက်ပေါ်လျက်ရှိနေသည့် ကျွမ်းကျင်သူ လူတစ်စုသည် ရောက်ရှိလာခဲ့သည်။ ၎င်းတို့၏ မျက်လုံးထဲ တွင်တော့ ဒေါသတရားများနှင့် ပြည့်နှက်နေလေသည်။

ကျွတ် ကျွတ် ကျွတ်

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ပထမအဆင့် ဂြိုဟ်တစ်ခုပီသတဲ့အတိုင်းပဲ။ တည်နေရာ ချိုးဖြတ်ခြင်း စွမ်းအားမြင့် ကျင့်ကြံသူ အများအပြားကို စေလွှတ် နိုင်စွမ်း ရှိတာပဲ”

“အကြီးအကဲတုံ”

စစ်သူကြီးသည် အလောတကြီးဖြင့် အော်ဟစ်လိုက်သည်။ “ကျုပ်ကို ကယ်ပါအုံး”

ဖောင်း

သေနတ်ပြောင်းဝဆီမှ ကျည်ဆန်သည် ရုတ်တရက် တစ်ဖက်လူ၏ နဖူးတည့်တည့်ဆီကို ဝင်ရောက်သွားတော့ သည်။ ကျွင်းချောင်ရှောင်းအနေနှင့် စစ်သည်ပေါင်း သန်းချီကို မသတ်ဖြတ်ချင်သော်လည်း စစ်သူကြီးကိုတော့ သတ်ဖြတ်ပစ်နိုင်စွမ်းရှိ၏။

သို့ပေမဲ့ သူတို့၏ မျက်စိရှေ့တွင် သူတို့၏ လူတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် ရောက်ရှိလာခဲ့ကြသော တည်နေရာချိုးဖြတ်ခြင်း ကျွမ်းကျင်သူ ဆယ်ယောက်အား အကြီးအကျယ် ဒေါသထွက် စေ၏။ ထို့အပြင် အနောက်ဘက်တွင်လည်း တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူ နှစ်ယောက်က ပါဝင်နေသေး၏။

“မြို့ထဲမှာရှိတဲ့ လူတွေအကုန်လုံးကို သတ်ပစ်လိုက်ကြ”

ဆွစ် ဆွစ်

တည်နေရာချိုးဖြတ်ခြင်းအဆင့်နိမ့် စွမ်းအားမြင့်ကျင့်ကြံသူ ဆယ်ယောက်တို့သည် အောက်သို့ ဆင်းသက်လာခဲ့ကြ၏။

၎င်းတို့သည် အလွန်တရာ အားကောင်းလှသော စွမ်းအင်များကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးသည် မုန်တိုင်းတိုက်သကဲ့သို့ တဝုန်းဝုန်းနှင့် ဖြစ်တည်လျက် ရှိနေတော့သည်။

ဘုန်း ဘုန်း

တိုက်ခိုက်ရေး တည်နေရာထဲတွင် ကြမ်းတမ်းလှသော လေလှိုင်းများ ဖြစ်တည်လာပြီး ဖုန်များသည် နေရာအနှံ့သို့ ပျံ့လွင့်လျက် ရှိ၏။

ဆွစ် ဆွစ်

ရုတ်တရက်ဆိုသလိုပဲ ဓားအလင်းကိုးခုသည် တည်နေရာထဲတွင် ဖြစ်တည်လာပြီးသည့်နောက် တည်နေရာ ချိုးဖြတ်ခြင်းအဆင့်နိမ့် စွမ်းအားမြင့်ကျင့်ကြံသူဆယ်ယောက်တို့အား ဖြတ်သန်းသွားခဲ့၏။ ပြီးသည့်နောက် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်ရှေ့တွင် ဓားများသည် ဝဲလျက် ရှိနေသည်။

မည်သူဖြစ်သနည်း။ ရီဖေးရွှယ်ပင် ဖြစ်တော့၏။

ဤဓားသမားသည် ဓားလမ်းစဉ်၌ ကြောက်မက်ဖွယ်ရာကောင်းလှသည့်အဆင့်သို့ ရောက်ရှိနေသူတစ်ယောက် ဖြစ်၏။ သူ၏ ခန္ဓာကိုယ်ဆီမှ ဓားကိုးလက် ထွက်ပေါ်လာပြီးသည့် နောက်မှာတော့ ထူးခြားသည့် အစွမ်းသတ္တိများ ဖြစ်တည်လာခဲ့သည်။

ဇွိ ဇွိ ……။

တည်နေရာချိုးဖြတ်ခြင်းအဆင့်နိမ့် ကျွမ်းကျင်သူ ဆယ်ယောက်တို့၏ အဝတ်အစားများသည် အပိုင်းပိုင်း အစစ ပြတ်သွားကြပြီး လေထုထဲမှာတော့ ၎င်းတို့အားလုံးသည် အတွင်းခံသာ ကျန်ရှိတော့ကြ၏။

ထိုသူများ အားလုံး သည် ရှက်ရွံ့နေရန် အချိန်မရှိကြတော့ချေ။ နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ဖုံးလွှမ်းနေသောကြောင့်ပင်။

အဘယ်ကြောင့်ဆိုသော် ထွက်ပေါ်လာခဲ့သော ဓားချီများသည် ၎င်းတို့အား ထိခိုက်နာကျင်အောင် မလုပ်ဘဲ တမင်တလာ အဝတ်အစားများကို ပိုင်းဖြတ်သွားခြင်းဖြစ်ကြောင်းကို နားလည်သောကြောင့်ပင်ဖြစ်၏။ မဟုတ်ပါက ၎င်းတို့၏ ဦးခေါင်းသည် မြေပေါ်သို့ ပြုတ်ကျနေမှာ သေချာ၏။

“ခင်ဗျား... ခင်ဗျား”

တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်တို့သည် မျက်လုံးများ ပြူးကျယ်သွားကြ၏။ ၎င်းတို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်ကြသည်။ “ရီဖေးရွှယ်”

ရီဖေးရွှယ်သည် သက်ပြင်းချကာ ပြောလိုက်၏။ “ငရဲကြီးကိုးထပ်မှာ နှစ်ပေါင်းများစွာကြာအောင် ဖမ်းချုပ်ခြင်းကို ခံထားရပြီးတဲ့နောက်မှာ ကျုပ်ကိုသိတဲ့လူတစ်ယောက် ရှိနေလိမ့်မယ်လို့ မထင်မိဘူး”

“.........”

တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူနှစ်ယောက်၏ မျက်နှာများသည် နဝေ တိမ်တောင်နှင့် ဖြစ်တည်လာခဲ့၏။ ၎င်းတို့သည် ရီဖေးရွယ်ကို မသိချေ။ သို့ပေမဲ့ ၎င်းအကြောင်းကိုတော့ ကောင်းကောင်း ကြားဖူးကြ၏။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် လူတစ်ယောက် ဖြစ်ကြောင်းကိုလည်း သူတို့ ကောင်းကောင်း သိကြတော့သည်။ ဤကဲ့သို့ ကျော်ကြားလှသော ဓားသမားတစ်ယောက်သည် ထျန်းဟယ် ကုန်းမြေတိုက်ကြီးတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်းဆိုသည်မှာ မယုံကြည်နိုင်ဖွယ်ရာပင် ဖြစ်တော့သည်။

“နေအုံး”

အကျဉ်းသားများ၏ရှေ့တွင် ခန္ဓာကိုယ် ခပ်တောင့်တောင့်နှင့် လူတစ်ယောက်သည် မတ်တပ်ရပ်လျက် ရှိနေ၏။ ဤလူသည် သေမျိုးလောကထဲတွင် အားအကောင်းဆုံးသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည်ဟု ထုတ်ဖော် ပြောဆိုလေ့ရှိသည့် သံမဏိလူသားပင် ဖြစ်နေသည် မဟုတ်ပါလား။

ရုတ်တရက်ဆိုသလိုပဲ တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်ကို ပိုင်ဆိုင်သည့် စွမ်းအားမြင့် ကျင့်ကြံသူ နှစ်ယောက်သည် တစ်စုံတစ်ခုကို သတိရလိုက်တော့၏။ ကြယ်ကောင်းကင်ခံတပ်ကြီးသည် မကြာသေးခင်က ဖောက်ခွဲခံလိုက်ရ၏။ ခံတပ်သခင်သည်လည်း သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ သတ်ဖြတ်သူသည် အကျဉ်းသား များကို ခေါ်ဆောင်ပြီး ရွက်သင်္ဘောနှင့် ထွက်ခွာသွားခဲ့သည်ဟု သူတို့ သတင်းရရှိကြပြီးသား ဖြစ်၏။

ရီဖေးရွှယ်၊ သံမဏိလူသားတို့သည် ငရဲကြီးကိုးထပ်တွင် ချုပ်နှောင်ခံထားရသည့်လူများ ဖြစ်၏။ ယခု ရုတ်တရက် ပေါ်ပေါက်လာသည် ဆိုမှတော့.....

တွေးကြည့်ပြီးသည့်နောက်မှာတော့ စမ်းချောင်းကိုးခု ကုန်းမြေတိုက်ဆီမှ စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်တို့၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ခါသွားခဲ့ကြ၏။

၎င်းတို့သည် အမိန့်ပေးလျက်ရှိနေသည့် လူငယ်ကို မနည်းကြိုးစားကာ လှမ်းကြည့်လိုက်ကြတော့သည်။ ပြီးသည့်နောက်မှာတော့ ၎င်းတို့သည် တုန်ယင်နေသည့်အသံနှင့်အတူ ပြောလိုက်မိသည်။ “ကြယ်ကောင်းကင်ခံတပ်သခင်ကို သတ်ဖြတ်ပစ်ခဲ့တဲ့လူက သူများလား”

All Chapters