← Chapters

အခန်း (၁၃၁၅)

Vol. 89 Ch. 1315

အခန်း (၁၃၁၅)

Vol. 89 Ch. 1315

အစစ်အမှန် ဆရာကြီးဆိုသည်မှာ မည်သို့သောလူကို ဆိုလိုသနည်း။ ဘယ်တော့မှ တိုက်ပွဲမဝင်ဘဲ နောက်လိုက်များကိုသာ အပြင်ဘက်သို့ စေလွှတ်၍ လူပေါင်းများစွာကို ထိတ်လန့်စေအောင် ပြုလုပ်နိုင်သောလူသည် အစစ်အမှန် ဆရာကြီးပင်ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် လက်ရှိ အခြေအနေမှာတော့ ထိုကဲ့သို့ ပြုလုပ်လျက် ရှိနေသည်။ သူ၏အကျဉ်းသားထဲမှ တစ်ယောက်ဖြစ်သော ဓားကိုးလက် ရီဖေးရွှယ်သည် သေမျိုးစကြဝဠာထဲတွင် အလွန်တရာ လူသိများလှသည့် လူတစ်ယောက် ဖြစ်နေ၏။ ၎င်းသည် ကြောက်မက်ဖွယ်ရာကောင်းသည့် ကိစ္စရပ် များကို ပြုလုပ်ခဲ့ဖူးသူ တစ်ယောက်လည်း ဖြစ်နေသည်။

ထို့အပြင် သံမဏိလူသားကလည်း ရှိလို့နေသေး၏။ ၎င်း၏ အဆင့်သည် တည်နေရာချိုးဖြတ်ခြင်း အဆင့်နိမ့်အဆင့် တွင် ရှိနေသည်ဆိုသော်လည်း ၎င်း၏ ဂုဏ်သိက္ခာမှာမူ သေးသေးကွေးကွေးတော့ မဟုတ်ချေ။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ကြယ်ကောင်းကင်ခံတပ်၏ ငရဲကြီးကိုးထပ်တွင် ဖမ်းချုပ်ခံရသော အဓိကပြဿနာကောင်များ အားလုံးသည် သေမျိုးစကြဝဠာထဲတွင် တဟုန်းဟုန်းနှင့် ကျော်ကြားနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများပင် ဖြစ်၏။

ကြယ်နှင်ဘုရင်သည် နှိုင်းယှဉ်ရမည်ဆိုလျှင် ဤအကျဉ်းသားများ၏ ဖိနပ်ကိုပင် ကိုင်စွဲနိုင်လောက်သည့် လူသားမျိုး မဟုတ်ချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေနှင့် တစ်ချက်ကလေးမှ မလှုပ်ရှားချေ။ တိုက်ရိုက်ဆိုသလိုပဲ သူ၏ အဓိကပြဿနာကောင်နှစ်ကောင်အား အပြင်ဘက်သို့ စေလွှတ်လိုက်ပြီးသည့်နောက် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်အား ထိတ်လန့် တုန်လှုပ်စေခဲ့သည်။

“အမှန်ပဲ”

ကုန်းရှန့်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်မိ၏။ “အဲတာကျုပ်ပဲ”

စမ်းချောင်းကိုးခု ကုန်းမြေတိုက်ဆီမှ စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်သည် မေ့မျောလုမတတ်ပင် ဖြစ်သွား ကြ၏။

အောက်ဘက်တွင် ဟန်ထုတ်လျက်ရှိနေသည့် လူငယ်သည် ကြယ်ကောင်းကင်ခံတပ်တစ်ခုလုံးကို ဖောက်ခွဲပစ်ခဲ့ပြီးသည့်နောက် ခံတပ်သခင်အား သတ်ဖြတ်ပစ်ခဲ့သည့်လူလည်း ဖြစ်နေသည်။

“သွားပြီ။ သွားပြီ”

ဤတစ်ကြိမ်မှာတော့ သူတို့သည် အစစ်အမှန် ပြဿနာကြီးထဲသို့ ရောက်ရှိနေတော့သည်။ သူတို့ သည်သာလျှင် ထိတ်လန့်တုန်လှုပ်ကြသည် မဟုတ်ချေ။

ထျန်းရင်မြို့၏ မျှော်စင်တွင် မတ်တပ်ရပ်လျက်ရှိနေသော စစ်သူကြီးနှင့် စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးသည်လည်း မျက်လုံးအပြူးသား ဖြစ်လို့ နေခဲ့၏။

ကြယ်ကောင်းကင်ခံတပ် ဖောက်ခွဲခံလိုက်ရသည့်သတင်းသည် များပြားလှသည့် ဂြိုဟ်များအသီးသီးဆီသို့ သတင်းပျံ့နှံ့ပြီး ဖြစ်နေသည်။ ထို့ကြောင့် ထျန်းဟယ်ကုန်းမြေတိုက်သည်လည်း ထိုအရာကို ကျိန်းသေပေါက် ကြားဖူးကြသည်။

သို့ပေမဲ့ ဤကဲ့သို့ ကြမ်းတမ်းလှသောလူသည် သူတို့၏ တည်နေရာ၌ ပေါ်ပေါက်လာလိမ့်မည်ဟု မည်သူကမှ မထင်မှတ်မိချေ။ ထို့အပြင် သူတို့အား လာရောက်ကူညီခြင်းလည်း ဖြစ်လို့နေ၏။

ဤလောကကြီးထဲတွင် အဓိက အရာသည် ငွေကြေးနှင့် စိတ်ဝိညာဉ်ကျောက်တုံးများသာဖြစ်ကြောင်း ကောင်းကောင်းကြီး သာဓက ပြနိုင်သည့်အရာလည်း ဖြစ်သည်။

ဟုတ်ပေသည်။ ငွေကြေးများကို ရယူပြီးသော ကျွင်းချောင်ရှောင်းအနေဖြင့် တာဝန်ယူမှုလည်း ရှိရမည်ဖြစ်၏။ ထို့ကြောင့် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ဒီနေ့ကစပြီး ထျန်းဟယ်ကုန်းမြေတိုက်ကြီးက ကျုပ်ရဲ့ ကာကွယ်မှု အောက်မှာ ရှိနေတယ်။ သူတို့ကို ပြဿနာရှာရဲတဲ့ လူတွေအကုန်လုံးက ကျုပ်ကို ပြဿနာရှာတာပဲ”

သူ မည်သူ ဖြစ်သည်ကို မသိရှိခင်က ထိုစကားလုံးများသည် ဝါကြွားစွာ ပြောဆိုခြင်းဟု သတ်မှတ်ကြပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ …….။

“နားလည်ပါပြီ။ နားလည်ပါပြီ”

စမ်းချောင်းကိုးခု ကုန်းမြေတိုက်ကြီးဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် အလောတကြီးဖြင့် ပြောလိုက်၏။ “ကျုပ်တို့ ထျန့်ဟယ်ကုန်းမြေတိုက်ကြီးကနေ စစ်တပ်ကြီးတစ်ခုလုံးကို ပြန်ပြီး ဆုတ်ခွာသွားပါ့မယ်။ ဘယ်တော့မှ ထပ်ပြီး ကျုးကျော်တော့မှာ မဟုတ်ပါဘူး”

တခြားသော တစ်စုံတစ်ယောက်သာဆိုပါက သူတို့အနေနှင့် တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။ သို့ပေမဲ့ တစ်ဖက်လူသည် ကြယ်ကောင်းကင် ခံတပ်ကြီးကိုပင် ဖျက်ဆီးပစ်နိုင်သည့် လူတစ်ယောက် ဖြစ်နေ၏။ ထို့ကြောင့် သူတို့အနေနှင့် ကျိန်းသေပေါက် ကြောက်ရွံ့ရပေလိမ့်မည်။ ထိုကဲ့သို့သော အစွမ်းအစကို ပိုင်ဆိုင်သော လူသည် သူတို့၏ ဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးရန်အတွက် လုံလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည့် လူတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

“သွားစမ်း”

ကျွင်းချောင်ရှောင်းက ထူးမခြားနားသလို ပြောလိုက်သည်။

တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်တို့သည် အလောတကြီးနှင့် ပြန်လည် ထွက်ခွာသွားခဲ့ကြ၏။ ၎င်းတို့၏ အနောက်ဘက်တွင်တော့ စစ်သည်ပေါင်းသန်းချီတို့သည် ရွက်သင်္ဘောကြီးပေါ်သို့တက်ကာ တစ်ခုပြီးတစ်ခု ပျောက်ကွယ်ကုန်ကြ၏။ ထွက်ခွာသွားခဲ့သည့် အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်လွန်းလှချေသည်။

“သူတို့ ထွက်သွားပြီပဲ”

“ထျန်းရင်မြို့ကြီးက လုံခြုံပြီဟေ့”

ကောင်းကင်နှင့် မြေကြီးတွင် စုဝေးလျက်ရှိနေသည့် သတ်ဖြတ်လိုခြင်းအော်ရာများသည် အလုံးစုံ ပျောက်ကွယ် သွားခဲ့ကြ၏။ မြို့ထဲတွင် ရှိနေသော မြို့သူမြို့သားများ အားလုံးသည် ကျယ်လောင်စွာဖြင့် အောင်ပွဲခံလျက် ရှိနေ ကြတော့သည်။

“ဂိုဏ်းချုပ်ကျွင်း”

ဒဏ်ရာ ရရှိထားသည့် သက်လတ်ပိုင်းလူသည် ရွက်သင်္ဘောကြီးဆီမှ ဆင်းသက်လာခဲ့တော့၏။ သူသည် အလွန်တရာ စိတ်လှုပ်ရှားလျက် ရှိနေတော့၏။ ချက်ချင်းပဲ ဒူးထောက်ထိုင်ကာ ကျေးဇူးတင်စွာဖြင့် ပြောလိုက်၏။ “ကျုပ်တို့ ထျန်းဟယ်ကုန်းမြေတိုက်ကြီးက ခင်ဗျားရဲ့ ကြင်နာမှုကို သေသေချာချာ မှတ်သားထားပါ့မယ်”

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ ဒူးထောက်လာမည်ကို အသာတားဆီးလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “တခြားသောသူတစ်ယောက်ရဲ့ ပိုက်ဆံကိုယူပြီးသွားရင် ဘေးဒုက္ခကနေ ကူညီပေးရမှာက သဘာဝပဲ မဟုတ်လား။ ဒီတော့ ဒီလိုမျိုး လုပ်နေစရာ မလိုပါဘူး”

တစ်ဖက်လူသည် ငွေကြေးများကို လောဘကြီးလှသူတစ်ယောက် ဖြစ်သည်ဆိုသော်လည်း ထိုအရာကို ရယူပြီး သည့်နောက်မှာတော့ ၎င်းတို့ ကုန်းမြေတိုက်ကြီး တစ်ခုလုံးသည် ဘေးရန်ကင်းရှင်း လုံခြုံသွားခဲ့ကြ၏။ ထို့ကြောင့် ကျိန်းသေပေါက် ကျေးဇူးတင်ရမှာ ဖြစ်တော့၏။

ဤနေရာတွင် ပြဿနာတစ်ခု ရှိလို့နေခဲ့သည်။

ကျွင်းချောင်ရှောင်းအား ငွေကြေး လာရောက် ပေးအပ်သည့်လူသည် စမ်းချောင်းကိုးခုကုန်းမြေတိုက်မှ ဖြစ်သည် ဆိုလျှင် မည်သို့ လုပ်ရမည်နည်း။ ကျွင်းချောင်ရှောင်းသည် တခြားသောသူများကို သွားရောက်ကာ အနိုင်ကျင့် ဗိုလ်ကျနေပေလိမ့်မည်လား။

မဟုတ်ပေ။ အစစ်အမှန်တရားမှာတော့ ထိုကဲ့သို့ လာရောက်ကာ ပိုက်ဆံများ ပေးမည် ဆိုပါက သူသည် ထိုသူများအား မကူညီသည့်အပြင် ထိုသူများတွင်ရှိသော စိတ်ဝိညာဉ်ကျောက်တုံးများကိုပင် ထပ်မံကာ ညှစ်ထုတ်လိုက်ဦးမည်။

ကျွင်းချောင်ရှောင်းအနေဖြင့် အခြေခံ စည်းမျဉ်းစည်းကမ်းများကို လိုက်နာတတ်သည့် လူတစ်ယောက်လည်း ဖြစ်၏။ စမ်းချောင်းကိုးခု ကုန်းမြေတိုက်ကြီး ဆုတ်ခွာသွားပြီးသည့်နောက်မှာတော့ ထျန်းဟယ်ကုန်းမြေ တိုက်ကြီးသည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြန်လည်ဖြစ်တည်သွားခဲ့၏။ အားလုံးပြီးမြောက်သွားပြီးသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အရာအားလုံးကို ထပ်မံစီမံပေးရန် အချိန်မရှိတော့ချေ။

ထို့ကြောင့် သူ့အနေနှင့် တစ်ဖက် လူများ စီစဉ်ပေးသည့် စားပွဲကိုပင် မစားဘဲ တပည့်များနှင့်အတူ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။ ထို့အပြင် သူ၏ အဆင့်အရဆိုလျှင် စားချင်သောက်ချင်စိတ် သိပ်၍ ရှိလှသည် မဟုတ်ပေ။ နှစ်ပေါင်းများစွာ အစား မစားဘဲနှင့် နေထိုင်နိုင်စွမ်း ရှိနေ၏။ ထို့ပြင် ပိုမို၍ အရေးကြီးသည့်အရာ တစ်ခုလည်း ဖြစ်လို့နေသေး၏။ မထွက်ခွာခင်တွင် တစ်ဖက်လူများသည် သူ့အား စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းနှင့် တခြားသော သိုင်းပညာအရင်းအမြစ်များကိုလည်း ပေးအပ်လိုက်သေး၏။

“လူကြီးလူကောင်းတွေက ငွေကြေးကို ချစ်မြတ်နိုးကြတယ်။ အမြတ်တနိုး ထားကြရတယ်”

ရွက်သင်္ဘော၏ ပဲ့ဦးတွင် မတ်တပ်ရပ်လျက်ရှိနေသော ကုန်းရှန့်သည် ကျယ်လောင်စွာ ပြောလိုက်တော့၏။ “ငါက မှန်ကန်တဲ့ လမ်းစဉ်ကိုပဲ လျှောက်လှမ်းတယ်”

ထျန်းဟယ်ကုန်းမြေတိုက်ကြီးသည် ကျူးကျော်ခြင်းကို ခံခဲ့ရပြီး အချိန်မရွေး ဖျက်ဆီးခံလိုက်ရမည့် အခြေအနေသို့ ရောက်ရှိလာခဲ့၏။ ထို့ကြောင့် ထိုကဲ့သို့သော အခက်အခဲကြီးတစ်ခုလုံးကို ကူညီဖြေရှင်းပြီးသည့်နောက် စိတ်ဝိညာဉ် ကျောက်တုံး သန်းနှစ်ဆယ်ကို ရယူခြင်းဆိုသည်မှာ မှားယွင်းသည့်အရာ မဟုတ်ချေ။ ထိုသို့ပင် သူက သတ်မှတ် ထားမိ၏။

ရက်အနည်းငယ် ကြာပြီးသည့်နောက် ထျန်းဟယ်မြို့၏ မြို့လယ်ခေါင်တည့်တည့်တွင် ကျွင်းချောင်ရှောင်း၏ ကျောက်ရုပ်တုကြီးသည် တည်ရှိလို့နေခဲ့သည်။ မြို့၏ တည်နေရာအနှံ့အပြားတွင်လည်း ကျွင်းချောင်ရှောင်း သူ၏ တပည့်များနှင့်အတူ ရွက်သင်္ဘောဆီမှ ဆင်းသက်လာသည့်ပုံရိပ်များအား ပန်းချီရေးထိုးခြင်းများ ပြုလုပ်ထားခဲ့ တော့သည်။

သူရဲကောင်း။

ဤလူသည် သူတို့၏ ကြီးမြတ်လှသော သူရဲကောင်းပင် ဖြစ်တော့၏။

.............

စမ်းချောင်းကိုးခု ကုန်းမြေတိုက်

ဂြိုဟ်တည်နေရာတစ်ခုလုံးသည် လေးနက်တည်ကြည့်သည့် အော်ရာများနှင့် ပြည့်နှက်လျက်ရှိ၏။ လက်ရှိ အခြေ အနေမှာတော့ စမ်းချောင်းကိုးခု အင်ပါယာမြို့၏ ကောင်းကင်ယံထက်တွင် ရှေးရွက်သင်္ဘောကြီးတစ်စင်းသည် လွင့်မျောလျက်ရှိနေတော့၏။ ကျွင်းချောင်ရှောင်းသည် သင်္ဘော၏ ပဲ့ဦးတွင် ထိုင်လျက်ရှိနေပြီး လောကကြီး တစ်ခုလုံးကို ကြည့်ရှုနေသည်။ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် အနောက်ဘက်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေကြ၏။ ၎င်းတို့၏ မျက်နှာများသည် တင်းမာခက်ထန်လျက် ရှိနေ၏။

ထျန်းယွမ်အကျဉ်းထောင်စေတီထဲတွင် ရှိနေသော အကျဉ်းသားများသည် အပြင်ဘက်သို့ ရောက်ရှိလျက် ရှိနေကြ၏။ တချို့သည် ရွက်သင်္ဘောကြီးကို ခိုလျက် ရှိပြီး တချို့မှာတော့ ထိုအင်ပါယာမြို့၏ မြို့ရိုးပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကြ၏။ ၎င်းတို့အားလုံး၏ မျက်နှာပေါ်တွင် ဆိုးရွားလှသည့် မိစ္ဆာကဲ့သို့ အပြုံးများ ဖြစ်တည်လျက် ရှိနေ၏။ ကင်းသမား ဆယ့်နှစ်ယောက်တို့သည် ပေါ်လာခဲ့ကြ၏။ ၎င်းတို့သည် လက်ပိုက်ကာ မြို့၏တည်နေရာ တစ်ခုလုံးအား ဝန်းရံထားကြသည်။

ဝှစ် ဝှစ် …..။

မည်သူမှသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို မထုတ်ဖော်ကြချေ။ သို့ပေမဲ့ ခန္ဓာကိုယ်မှ ထုတ်ဖော်နေသည့် အော်ရာများသက်သက်နှင့်ပင် မြို့ကြီးတစ်ခုလုံးအား ဖိနှိပ်ထားခဲ့ကြ၏။ မြို့ထဲတွင်ရှိနေသော ကျင့်ကြံသူများ အားလုံးသည် ကြောက်ရွံ့စွာဖြင့် တုန်ယင်လျက် ရှိနေကြ၏။

ဂလု

သေသပ်လှသော အင်ပါယာဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက်သည် နန်းတော်၏ ဟောခန်းရှေ့ဆီသို့ လျှောက်ထွက်လာတော့၏။ ပြီးသည့်နောက်မှာတော့ ခက်ခက်ခဲခဲဖြင့် တံတွေးကို မျိုချလိုက်ရသည်။ ၎င်း၏ မျက်လုံးထဲတွင်တော့ ကြောက်လန့်သည့် အရိပ်အယောင်များ ပေါ်ပေါက်နေ၏။ ထိုသူသည် စမ်းချောင်းကိုးခု ကုန်းမြေတိုက်၏ အုပ်စိုးသူလည်း ဖြစ်နေပြီး ထျန်းဟယ်ကုန်းမြေတိုက်အား ကျူးကျော်မှုတွင် အဓိက တရားခံပင် ဖြစ်သည်။

သူ့အနေနှင့် အဘယ်ကြောင့် ဤကဲ့သို့ ရူးကြောင်ကြောင်ကိစ္စမျိုးကို ပြုလုပ်ခဲ့ ရသနည်း။ အဆုံးသတ်မှာတော့ မည်သည့်အကျိုးအမြတ်မှ မရရှိရုံသာမက ဤကြမ်းတမ်းလှသောလူသည် သူ၏ တည်နေရာဆီသို့ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ကြယ်ကောင်းကင်ခံတပ်သည် ကင်းသမားများကို စေလွှတ်၍ သူ့အား သတိပေးခဲ့ဖူး၏။ ဤမြင်ကွင်းသည် အလွန်တရာ ကြီးမြတ်လွန်းလှပြီး ၎င်းနှလုံးသားထဲတွင် ကဗ္ဗည်းရေးထိုးထားသလို စွဲထင်လျက် ရှိနေ၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ ခြားနားလွန်းလျက်ရှိနေတော့သည်။ သူသည် အကျဉ်းသားအားလုံးကို စေလွှတ်ရုံသာမက မြို့၏ပတ်ပတ်လည်အားလည်း ကင်းသမား ဆယ့်နှစ်ယောက်တို့နှင့် ဝိုင်းရံထားစေသည်။

ခန္ဓာကိုယ်မှ ထွက်ပေါ်လျက်ရှိနေသော အော်ရာသီးသန့်နှင့်ပင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် လူများ ဖြစ်ကြောင်း သိရှိနိုင်စွမ်းရှိနေတော့သည်။ ကြယ်ကောင်းကင်ခံတပ်သည် လုပ်ရိုးလုပ်စဉ်အတိုင်း ပြုလုပ်တတ်သည့် လူများဖြစ်သည်ဆိုသော်လည်း ကုန်းရှန့်မှာတော့ ဆန့်ကျင်ဘက်ပင် ဖြစ်၏။ သူ့အနေနှင့် အားအကောင်းဆုံးသော အရှိန်အဝါများကို ထုတ်ဖော်ကာ တစ်ဖက်လူအား ဖိနှိပ်ရန် အစဉ်အမြဲ ကြိုးစားလျက် ရှိနေ၏။ သူ့အား အခွင့်အရေးပေးသည်ဆိုပါက တစ်ဖက်လူ၏ မျက်ခွက်ကို မြေပေါ်သို့ နင်းချကာ ကြမ်းပင်နှင့် ပက်ပက်စက်စက် တိုက်နေမှာ သေချာသည်။ တစ်ဖက်လူအနေနှင့် တစ်သက်လုံး နှလုံးသားထဲတွင် ထိတ်လန့်ကြောက်ရွံစေသည့်အခြေအနေမျိုးထိ ရောက်သွားအောင် ပြုလုပ်ဖို့ အစီအစဉ်လည်း တည်ရှိနေခဲ့၏။

“ခင်ဗျားတို့ စဉ်းစားပြီးပြီလား”

“........”

စမ်းချောင်းကိုးခု ကုန်းမြေတိုက်၏ အင်ပါယာသည် ပြိုလဲလုမတတ် ဖြစ်နေ၏။ “ဂိုဏ်းချုပ်ကျွင်း... အဆင့်ကိုး စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာဆိုတာက နည်းနည်းတော့များ……..”

ကျွင်းချောင်ရှောင်းသည် စိတ်မရှည်သလို ဖြတ်ပြောလိုက်သည်။ “ခင်ဗျား ရှင်းပြနေစရာ မလိုပါဘူး။ ခင်ဗျား ဒီအတိုင်း မတ်တပ်ရပ်နေရုံပဲ။ ဘာမှ လုပ်မစရာ မလိုဘူး”

သူသည် ခဏလောက်ရပ်တန့်လိုက်၏။ ပြီးသည့်နောက်မှာတော့ ဆက်ကာ ပြောလိုက်၏။ “ကျုပ်က ကုန်းမြေတိုက်ကြီးအနှံ့ကို ကျုပ်ရဲ့လူတွေ ရှာဖွေခိုင်းလိုက်မယ်”

စမ်းချောင်းကိုးခု ကုန်းမြေတိုက်၏ အင်ပါယာသည် အလောတကြီးဖြင့် ပြောလိုက်တော့သည်။ ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ရှာဖွေပြီးပြီဆိုလျှင် ရှိရှိသမျှ အရာအားလုံးကို လုယက်သွားမည် မဟုတ်ပါလား။ များပြားလွန်းလှ သော သိုင်းပညာအရင်းအမြစ်များကို ယူဆောင်သွားမည်ဆိုပါက အဆင့်ကိုး စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ ထက် ပိုမိုကာ ကုန်ကျနိုင်သည်။

ထျန်းဟယ်ကုန်းမြေတိုက်ဆီသို့ စေလွှတ်ခဲ့သော စွမ်းအားမြင့်ကျင့်ကြံသူ တစ်ရာတို့သည်လည်း သေဆုံးခဲ့ကြပြီ ဖြစ်၏။ ဤသို့ တစ်ဖက်လူများအား လုပ်ချင်ရာလုပ်ဖို့ ခွင့်ပြုပေးလိုက်သည်ဆိုပါက အခြေအနေ တစ်ခုလုံး သည် ပြောင်းပြန်လန်သွားမှာ သေချာ၏။

အကျိုးနှင့်အကြောင်းကို သုံးသပ်ပြီးသည့်နောက်မှာတော့ စမ်းချောင်းကိုးခု ကုန်းမြေတိုက်၏ အင်ပါယာသည် နှလုံးသားထဲတွင် ရှိနေသော နာကျင်မှုကို အောင့်အည်းသည်းခံကာဖြင့် သူ၏ နိုင်ငံရတနာတိုက်ထဲဆီမှ အဆင့်ကိုး စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာကို ထုတ်ယူလိုက်၏။ တစ်ဖက်လူများအနေနှင့် မြန်မြန်ဆန်ဆန် ပြန်လည် ထွက်ခွာသွားရန်သာ သူမျှော်လင့်နေမိသည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ငွေကြေးများကို ရယူပြီးသည့်နောက်မှာတော့ ထွက်ခွာ မသွားသေးချေ။ သင်္ဘော၏ပဲ့ဦးတွင် ဆက်လက်ကာ ထိုင်လျက်ရှိနေပြီး အေးစက်စက်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ “မှတ်ထား... ကြယ်ကောင်းကင်ခံတပ်က မရှိတော့ဘူး။ အဲအစား ကျုပ်က အစားထိုး ဝင်ရောက်လိုက်ပြီ။ ဒီတော့ သေမျိုးစကြဝဠာထဲမှာ လုပ်ချင်ရာ လုပ်နေတဲ့ ဘယ်ဂြိုဟ်ကိုမဆို ကျုပ်က ကောင်းကောင်း အပြစ်ပေးပစ်မယ်”

All Chapters