← Chapters

အခန်း (၁၃၁၇)

Vol. 89 Ch. 1317

အခန်း (၁၃၁၇)

Vol. 89 Ch. 1317

"ကျွန်မက ရှင့်ခေါင်းတုံးကိုပဲ ပိုကြိုက်တာ.. ။ ဘာလို့ ခေါင်းတုံး မတုံးထားတာလဲ"

"..."

"ဒါပေမဲ့ ရှင်က ဆံပင်နဲ့လည်းမဆိုးပါဘူး။ ကျွန်မကြိုက်တယ်"

"..."

ကျွင်းချောင်ရှောင်းသည် စိတ်ပိုင်းဆိုင်ရာအရ ပြိုလဲလျက်ရှိနေ၏။ နှင်းဆီဧကရီသည် သူနှင့်တွေ့သည့်အချိန်တိုင်း ဆံပင်ကိုသာလျှင် အာရုံစိုက်လျက် ရှိနေ၏။ အစ်မကြီး နေမကောင်းရင်လည်း စိတ်ကျန်းမာရေးဆေးရုံကိုသာ သွားပြလိုက်တော့။

နှင်းဆီဧကရီက ပြုံးလိုက်သည်။ "ရှင် ဂြိုလ်တိုက်ပွဲတည်နေရာကြီးကို လာပြီး ကျွန်မကိုတွေ့မယ်လို့ ယုံကြည်နေတယ်။ ဒါကြောင့် နေ့စဉ်နေ့တိုင်း ရှင့်ရဲ့ခံတပ်မှာ လာပြီးစောင့်နေတာပေါ့။ ထင်ထားတဲ့အတိုင်းပဲ တကယ်ရောက်လာခဲ့တယ်"

သူမ၏ မျက်လုံးထဲတွင် ဂုဏ်ယူမှုများနှင့် ပြည့်နှက်နေခဲ့၏။ သူမသည် သူမ၏ယောက်ျားရှေ့တွင်တော့ ချစ်စရာကောင်းလှသည့် အမူအရာနှင့် ပြောဆိုလျက်ရှိနေ၏။ ဂုဏ်သိက္ခာ ထည်ဝါလွန်းလှသော ဧကရီမတစ်ပါး၏ အသွင်အပြင်သည် ယခုအခါတွင် မရှိတော့ချေ။

သို့ပေမဲ့ သူမခန့်မှန်းချက်မှာ ဂြိုလ်တိုက်ပွဲတည်နေရာကြီးသို့ တစ်ဖက်လူရောက်ရှိလာခြင်းသာ မှန်၏။ အကြောင်းအရာမှာတော့ မှားယွင်းလျက် ရှိနေ၏။

ကျွင်းချောင်ရှောင်းအနေဖြင့် သူ၏ မိန်းမဆီသို့ လာရောက်လည်ပတ်ခြင်းမဟုတ်ပေ။ ဂြိုလ်တိုက်ပွဲ တည်နေရာကြီး တွင် ပြိုင်စံရှားအပြစ်ပေးမှု အမိန့်တော်အကြောင်းကို ဖြန့်ဝေလိုခြင်းဖြစ်သည်။

သူသည် အရေးကြီးသည့် တစ်စုံတစ်ခုကို သတိရလိုက်၏။ ထို့ကြောင့် သူသည်လေးလေးနက်နက်နှင့်ပင် ပြောလိုက်၏။ "ကျုပ် ကြယ်ကောင်းကင်ခံတပ်ကို ဖျက်ဆီးပြီး သူတို့ရဲ့နေရာကို ယူထားတယ်။ အခုချိန်ကစပြီး ခင်ဗျားတို့ ဝိညာဉ်ကုန်းမြေတိုက်အနေနဲ့ အခြားဂြိုလ်တွေကို သွားပြီးကျူးကျော်လို့ မဖြစ်ဘူး"

နှင်းဆီဧကရီသည် ကြောင်အသွားသည်။ "ရှင် ကြယ်ကောင်းကင်ခံတပ်ကို ဖျက်စီးလိုက်တယ် ဟုတ်လား"

နှစ်ပေါင်းများစွာကြာအောင် အပြင်ဖက်တွင် လှည့်လည်ကာ တိုက်ခိုက်ခဲ့ဖူးသော သူမသည် ကြယ်ကောင်းကင် ခံတပ်အကြောင်းကို အလုံးစုံ ကြားဖူးလှ၏။ ထိုခံတပ်သည် သေမျိုးစကြာဝဠာကြီးထဲတွင် ကြောက်ဖို့ အကောင်းဆုံး အဖွဲ့အစည်းတစ်ခုလည်း ဖြစ်၏။

အထက်နယ်မြေနှင့် ပတ်သက်ဆက်နွယ်နေသည်ဟုပင် သူမ ကြားခဲ့ဖူး၏။ ကျွင်းချောင်ရှောင်းသည် ခေါင်းကိုမော့ကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ "ကြယ်ကောင်းကင်ခံတပ်ကို ဖျက်စီးဖို့ဆိုတာ ကြက်ဥကြော် ကို ဟိုဖက်ဒီဖက် လှန်သလို အရမ်းလွယ်ကူတယ်။ ဒီတော့ ကျေးဇူးပြုပြီး အရမ်းကို အံ့အားမသင့်ပါနဲ့"

စနစ်က ပြောလိုက်သည်။ "တကယ့်ကို ဟန်ထုတ်တဲ့နေရာမှာ ဆရာကျတာပဲ"

"ကျွန်မ မအံ့ဩပါဘူး"

နှင်းဆီဧကရီသည် လေးလေးနက်နက်နှင့်ပင် ပြန်ပြောလိုက်၏။ "ကျွန်မယောက်ျားက ကိုယ့်ရဲ့ အရမ်းတန်ဖိုးရှိတဲ့ အချိန်တွေကို အသုံးပြုပြီး ကြယ်ကောင်းကင်ခံတပ်ကို ဖျက်ဆီးလိုက်တယ်ဆိုတော့ နည်းနည်းလေး အံ့အားသင့်မိရုံပါပဲ"

“…….”

စနစ်က ပြောလိုက်သည်။ "ကောင်းပါတယ်။ လင်ကလည်းဟန်ထုတ် ၊ မိန်းမကလည်း ဟန်ထုတ် ။ တစ်ကယ့်ကို လိုက်ဖက်ညီတဲ့ ဟန်ထုတ်လင်မယားပါပဲ"

ကျွင်းချောင်ရှောင်း က ပြောလိုက်၏။ "ကျုပ်က ပြိုင်စံရှားအပြစ်ပေးမှုအမိန့်တော်ကို ထုတ်ပြန်ထားခဲ့တယ်။ ဒီစည်းမျဉ်းကို ချိုးဖောက်တဲ့လူတွေအကုန်လုံးက ပြိုင်စံရှားဂိုဏ်းရဲ့ အပြစ်ပေးမှုကို ခံရမယ်။ ဒီတော့ ခင်ဗျားတို့ဂြိုလ်အနေနဲ့ အခြားသောဂြိုလ်တွေကို သွားပြီးတော့ ကျူးကျော်မှုမလုပ်ဖို့ မျှော်လင့်မိတယ်"

ဝိညာဉ်မျိုးနွယ်၏ ဥပဒေသများအရဆိုလျှင် အခြားဂြိုလ်များကို ထိုးဖောက်ဝင်ရောက်ပြီး အခွင့်အရေးများကို ရယူတတ်သည့် သဘောသဘာဝရှိနေ၏။ ကျွင်းချောင်ရှောင်းအနေဖြင့် သေမျိုးစကြာဝဠာတစ်ခုလုံးကို ထိန်းချုပ်ချင်သည်ဆိုမှတော့ သူ့အနေဖြင့် ဤကဲ့သို့သော အခြေအနေများ ထပ်မံမဖြစ်ပွားရန် ပြုလုပ်မှ ဖြစ်ပေလိမ်မည်။

ထို့ပြင် သူ့အနေဖြင့် ဝန်ခံခြင်းမရှိသော်လည်း အပြင်လောကတစ်ခုလုံးအနေဖြင့် ဤအမျိုးသမီးသည် သူ၏မိန်းမအဖြစ် သိရှိထားခဲ့၏။ သူမကိုသာ မကန့်သတ်ထားပါက တစ်လောကလုံး မေးခွန်းထုတ်ခြင်းကို ခံရမှာ သေချာ၏။

"ကောင်းပြီ"

နှင်းဆီဧကရီက ပြုံးကာပြောလိုက်သည်။ "ကျွန်မ .. ယောက်ျားရဲ့စကားကို နားထောင်ပါ့မယ်"

"ကျုပ် လေးလေးနက်နက်ပြောနေတာလေ"

"အွန်း … ကျွန်မလည်း လေးလေးနက်နက်ပြောနေတာပါ"

"..."

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထေ"ဒါဆိုရင် ခင်ဗျားရဲ့မျက်လုံးကို ကျုပ်ရဲ့ဆံပင်ဆီကနေ ခဏ ခွာလိုက်ပါလား။ ပြီးတော့ ဘာလို့ လက်က တပြင်ပြင် ဖြစ်နေတာလဲ"

"ကောင်းပြီ"

နှင်းဆီဧကရီသည် မျက်ခုံးပင့်ကြည့်ကာ ပြောလိုက်သည်။ "ကျွန်မတို့ကုန်းမြေတိုက်ကြီးရဲ့ သဘာဝ ပတ်ဝန်းကျင်က အရမ်းကို ဆိုးဝါးတယ်။ ပြီးတော့ အရင်းအမြစ်တွေကလည်း အကန့်အသတ်နဲ့ရှိနေတယ်။ အခြားဂြိုလ်တွေကို သွားရောက်ပြီး မရှာရင် သမိုင်းကနေ ပျောက်ကွယ်မယ့် ဂြိုလ်တစ်ခုဖြစ်သွားလိမ့်မယ်"

"တစ်ခြားဂြိုလ်တွေကို သွားရောက်ပြီး ဒီလိုလုပ်တယ်ဆိုတာ အကြောင်းအရင်း အမှန်မဟုတ်ဘူး။ ပတ်ဝန်းကျင် အခြေအနေက မကောင်းဘူးဆိုရင် တစ်ခုလုံး ကို ပြောင်းလဲပစ်ရမယ်။ လုံလောက်တဲ့ အရင်းအမြစ်တွေ ရှိမလာဘူးဆိုရင် ရှိလာအောင် ပြုစုပျိုးထောင်ပေးရမယ်"

"ဘယ်လိုပြောင်းလဲရမှာလဲ။ ဘယ်လိုပြုစုပျိုးထောင်ရမှာလဲ"

လေးနက်သည့်အကြောင်းအရာများကို ပြောဆိုသည့်အချိန်မှာတော့ နှင့်ဆီဧကရီသည် လေးနက်လာခဲ့၏။ သူမ၏ နှုတ်ခမ်းထောင့်တွင်တော့ နာကျင်နေသည့်အမူအရာတစ်ခု ဖြစ်တည်နေသည်။

အခြားနေရာများသို့ သွားရောက်၍ သိုင်းအရင်းအမြစ်များကို ရှာဖွေရသည့်အလုပ်ကို ဘယ်လုပ်ချင်ပါ့မည်နည်း။ သို့ပေမဲ့ ဝိညာဉ်မျိုးနွယ်တစ်ခုလုံး၏ ကံကြမ္မာသည် သူမ၏ပုခုံးပေါ်တွင် တည်ရှိနေခဲ့၏။ ထို့ကြောင့်ပင်လျှင် နန်းပုလ္လင်ကို ဆက်ခံပြီးနောက် ရွေးချယ်ခွင့်မရှိဘဲ ဤအလုပ်ကို ဆက်လုပ်နေခဲ့ရခြင်း ဖြစ်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည် "အခြေအနေက သေသေချာချာ စဉ်းစားရမှာ၊ လိုက်မေးနေလို့တော့ မဖြစ်ဘူး"

"ယောက်ျား … ကျေးဇူးပြုပြီးတော့ ဖြေရှင်းနည်းကို ရှာဖွေပေးပါအုံး"

နှင့်းဆီဧကရီအနေဖြင့် ဖြေရှင်းနည်းကို မစဉ်းစားနိုင်ခဲ့ချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းအနေဖြင့် စဉ်းစားနိုင်လိမ့်မည်ဟု ယုံကြည်နေမိ၏။ ထို့ပြင် ပျက်စီးပြိုလဲနေသည့် ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးကိုပင် နတ်ဘုရားပစ္စည်းတစ်ခုသုံးကာ ချိတ်ဆက်နိုင်ခဲ့သည် မဟုတ်ပါလား။

"ဒီကိစ္စကို ကျုပ်တို့အနာဂတ်မှာ ပြောကြတာပေါ့"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အခုဒီထက်ပိုပြီး အရေးကြီးတဲ့ကိစ္စ လုပ်စရာရှိသေးတယ်"

ပတ်ဝန်းကျင်ပြောင်းလဲခြင်းနှင့် အရင်းအမြစ်များကို ပျိုးထောင်ရခြင်းသည် ပုံမှန်အားဖြင့် ပါးစပ်ထဲမှ လွတ်ခနဲ ထွက်လိုက်ရသည့် အရာဖြစ်သော်လည်း သေသေချာချာစဉ်းစားပြုလုပ်ရမည့် အရာမျိုးဖြစ်၏။

"ကောင်းပြီ"

စနစ်က ပြောလိုက်၏။ "စနစ်ရဲ့ စတိုးထဲမှာ ရှိတယ်"

"တော်စမ်း"

ကျွင်းချောင်ရှောင်းအနေဖြင့် ပြိုင်စံရှားအပြစ်ပေးမှု အမိန့်တော်အကြောင်းကို ဖြန့်ဝေရန် လိုအပ်နေသေး၏။ ထို့ကြောင့် ယုဒြာ ကုန်းမြေတိုက်ကြီးသို့ သွားရောက်ကာ ကဲ့ကျင်းနန်ကို ရှာဖွေတော့သည်။

သေသေချာချာ ဆွေးနွေးပြီးသည့်နောက် သူသည် ဂြိုလ်တိုက်ပွဲတည်နေရာကြီးအတွင်းရှိ ခံတပ်သခင် အသီးသီးအား ဖိတ်စာကမ်းလိုက်၏။

"ဒီလူဘာလုပ်ပြန်ပြီလဲ။ ဖိတ်စာကမ်းပြီးတော့ ငွေညစ်ချင်တာလားမသိဘူး

“သွားကြအောင်။ မြန်မြန်သွားရအောင်။ တော်ကြာ နောက်ကျတယ်ဆိုပြီး ငွေညစ်နေအုံးမယ် "

ဖိတ်စာများ ရယူပြီးသည့်နောက် ခံတပ်သခင်များသည် လှုပ်ရှားကြတော့၏။ တစ်ချို့သည် စိတ်ဝိညာဉ်ကျောက်တုံး အရင်းအမြစ်များကိုပင် ကြိုတင်၍ ပြင်ဆင်ထားကြသည်။

တစ်ဖက်လူအနေဖြင့် ငွေညစ်သည်ဆိုပါက တစ်ခါတည်း ပေးလိုက်ရန်ဖြစ်၏။ မဟုတ်ပါက ထိပ်တိုက်ရင်ဆိုင်ကာ တိုက်ခိုက်နေရပေဦးမည်။

ကျွင်းချောင်ရှောင်းအနေဖြင့် သေမျိုးစကြဝဠာတစ်ခုလုံးကို ထိန်းချုပ်နိုင်မည်လား၊ မထိန်းချုပ်နိုင်ဘူးလား မသေချာသေးပေ။ သို့ပေမဲ့ ဂြိုလ်တိုက်ပွဲတည်နေရာကြီး တစ်ခုလုံးကို ထိန်းချုပ်နိုင်သည်ကတော့ လုံးဝသေချာ၏။

ထို့ပြင် ဤနေရာသို့ လာရောက်ကာပြဿနာရှာသည့် အရေအတွက်သည် နည်းပါးလှသည်ဆိုသော်လည်း ဂြိုလ်တိုက်ပွဲတည်နေရာကြီးသည် ဗြောင်းဆန်အောင် ဖြစ်သွားခဲ့သေးသည်မဟုတ်ပါလား...။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်အပြင်ဖက်တွင် စိန်ခေါ်မှုများ ပြုလုပ်ရန် ဖန်တီးတည်ဆောက်ထားသည့် တည်နေရာတစ်ခု ရှိ၏။ ကျွင်းချောင်ရှောင်းသည် ထိုနေရာတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်လျက်ရှိသည်။

သူ၏ မျက်နှာတွင် နူးညံ့ကြင်နာသည့် အပြုံးတစ်ခုတည်ရှိနေ၏။ နှင်းဆီဧကရီသည် သမရိုးကျ ဝတ်ဆင်ထားသည်ဆိုသော်လည်း အလွန်တရာလှပစွာ ကျွင်းချောင်ရှောင်း၏ ဘေးတွင် ရပ်လျက်ရှိနေ၏။

သူမ၏အော်ရာများသည် အလွန်တရာအားကောင်းလှသည်ဆိုသော်လည်း လက်ရှိအချိန်မှာတော့ တစ်ဖက်လူများ ကို ဖိနှိမ့်ရန် ထုတ်လွှတ်ထားခြင်း မဟုတ်ပေ။ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာများသည် ဧကရီတစ်ပါးတွင် ရှိသင့်ရှိထိုက်သော အရှိန်အဝါမျိုးပင် ဖြစ်သည်။

ကျွင်းချောင်ရှောင်းမှာတော့ အလုံးစုံပြိုလဲလျက် ရှိနေ၏။ သူသည် အသံပို့လွှတ်လိုက်၏။ "ခင်ဗျား ခပ်ဝေးဝေးသွားလို့မရဘူးလား"

"ကျွန်မက ရှင့်ရဲ့မိန်းမလေ။ ဘာလို့ရှင့်ရဲ့ဘေးမှာ မရပ်ရမှာလဲ" နှင်းဆီဧကရီက ပြန်ပြောလိုက်သည်။

"...."

ကျွင်းချောင်ရှောင်းအနေဖြင့် စကားပြောရန်ပြင်လိုက်သည့်အချိန်မှာပဲ ခံတပ်သခင်တစ်ယောက်သည် လက်သီးဆုပ်ကာ မေးမြန်းလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း ဒီနေရာကို ဘာလို့ဆင့်ခေါ်ရတာလဲ"

ရောက်လာကြသော ခံတပ်သခင်များသည်လည်း နားစွင့်ကာထောင်နေကြသည်။

အဟမ်း အဟမ်း …

ကျွင်းချောင်ရှောင်းသည် လည်ချောင်းကိုရှင်းလိုက်၏။ ပြီးသည့်နောက် တည်ကြည်ရှင်းလင်းသည့် အသံဖြင့်ပြောလိုက်၏။ "ကျုပ်က ဒီနေရာဆီ အားလုံးကို ဖိတ်ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက တစ်ခုပဲ ရှိပါတယ်။ အဲတာကတော့ …"

သူသည် လက်ကို ယမ်းခါလိုက်၏။ ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားအပြစ်ပေးမှုအမိန့်တော်အား စားပွဲပေါ်တွင် တင်ကာပြောလိုက်သည်။

"ဒီအရာကို သိစေချင်လို့"

"ဒါကဘာလဲ" အားလုံးသည် လှမ်း၍ကြည့်ရှုလိုက်ကြ၏။ ရတနာအမျိုးအစားတစ်ခုဖြစ်နေသည်လားဆိုတာ အားလုံးသည် သိချင်နေမိကြ၏။

"ဒါက ပြိုင်စံရှားအပြစ်ပေးမှု အမိန့်တော်ပဲ"

ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်သည်။ "ကျုပ် ဒါကိုဖန်တီးထားတာပဲ။ ခွင့်မလွတ်နိုင်တဲ့ အပြစ်ပေးမှုကို ကျူးလွန်တဲ့ ဘယ်သူမဆို အပြစ်ပေးမှုကို ခံရမယ်။ အပြစ်ပေးခံရတဲ့ လူတိုင်းက ဒီပြိုင်စံရှား အပြစ်ပေးမှု အမိန့်တော်ကို ရရှိလိမ့်မယ်။ ဒီအမိန့်တော်ကို ရရှိပြီဆိုရင်တော့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံဖို့က သေချာပြီ"

အားလုံးသော ခံတပ်သခင်များသည် ဆွံ့အသွားခဲ့ကြ၏။ ဂိုဏ်းချုပ်ကျွင်းသည် ဤအမိန့်တော်ကိုသုံးပြီး သေမျိုးစကြဝဠာတစ်ခုလုံးကို ထိန်းချုပ်ချင်နေသည်လား။ ဤအရာကို ကြယ်ကောင်းကင်ခံတပ်က သဘောတူညီလိုက်ပြီလား။

အားလုံးသောသူများသည် ကြယ်ကောင်းကင်ခံတပ်အကြောင်းကို ကောင်းကောင်းသိရှိပြီး ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် သေမျိုးစကြဝဠာကို ထိန်းချုပ်ချင်ကြောင်း နားလည်ပြီးနောက် အားလုံးသောသူတို့သည် အရင်ဦးဆုံး ကြယ်ကောင်းကင်ခံတပ်ကို စဉ်းစားလိုက်မိကြသည်။

"ဂိုဏ်းချုပ်ကျွင်း"

ကဲ့ကျင်းနန်က ပြောလိုက်၏။ "များပြားလှတဲ့ ဥပဒေသတွေကို ဖန်တီးတည်ဆောက်ထားတဲ့ ကြယ်ကောင်းကင်ခံတပ်ဆိုတာ ရှိတယ်။ သူတို့ကို အပြစ်ပြုမိတဲ့ လူတွေအားလုံးကို ငရဲကြီးကိုးထပ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်။ သူတို့က ရှင်ဒီလိုလုပ်ဖို့ သဘောတူရဲ့လား"

"ကြယ်ကောင်းကင်ခံတပ်ဆိုတာ သေမျိုးစကြဝဠာထဲမှာ မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ ကျုပ် ဖျက်ဆီးလိုက်လို့ပဲ" ကျွင်းချောင်ရှောငိးသည် လေးနက်တည်ကြည်စွာ ပြန်ပြောလိုက်သည်။

"ဘာ"

ကဲ့ကျင်းနန်သည် ပြန်၍ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းက ကြယ်ကောင်းကင်ခံတပ်ကို ဖျက်ဆီးလိုက်တယ် ဟုတ်လား"

သူမသည် အမှန်ပင် လိုက်ဖက်ညီစွာဖြင့် ဇာတ်လမ်းကို အရောက်ပို့လျက်ရှိနေ၏။ ကုန်းရှန့်၏ တကယ့်ကို ရွှေလက်တွဲထားသည့် စီးပွားရေးလက်တွဲဖော်ပီသလွန်းလှချေသည်။

တည်နေရာထဲတွင် ရှိနေကြေသာ ခံတပ်သခင်များသည်လည်း ဆွံ့အသွားခဲ့ကြ၏။ မြို့တော်ဝန်မိုမှလွဲလျှင် အခြားသူများသည် ဤတည်နေရာထဲတွင်သာ ရှိနေကြသောကြောင့် ကြယ်ကောင်းကင်ခံတပ်ကြီး ဖျက်စီးခံလိုက်ရကြောင်းကို မသိရှိကြချေ။

ကျွင်းချောင်ရှောင်း ပြောသည်ကို ကြားလိုက်ရသည့်အချိန်မှာတော့ သူတို့၏ နှလုံးသားသည် ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ ကြယ်ကောင်းကင်ခံတပ်ဆိုသည်မှာ သေမျိုးစကြဝဠာထဲတွင် အထူးသောဂုဏ်ပုဒ်ကို ပိုင်ဆိုင်သည့် အရာလည်းဖြစ်၏။

ပြိုင်စံရှားဂိုဏ်းချုပ်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည့်အပြင် လက်ရှိအချိန်တွင် ထိုခံတပ်၏ အခွင့်အာဏာကို ဂိုဏ်းချုပ်ကျွင်းက တာဝန်ယူထားသည်။

"အားလုံးပဲ"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ခင်ဗျားတို့ရဲ့ ဂြိုလ်အသီးသီးကို ဒီသတင်းကိုဖြန့်လိုက်။ ပြိုင်စံရှား အပြစ်ပေးမှု အမိန့်တော်အကြောင်းရောပေါ့"

အားလုံးသောသူများသည် ထိုစကားကို ကြားလိုက်ရသည့်အချိန်မှာတော့ တစ်ဖက်လူသည် ဤနေရာသို့ ဆင့်ခေါ်ခဲ့ခြင်းမှာ ငွေညစ်ရန်မဟုတ်ဘဲ သေမျိုးစကြဝဠာကြီးကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း နားလည်လိုက်ကြသည်။

"ကောင်းပြီ ကောင်းပြီ"

သူတို့၏ နှလုံးသားထဲတွင် ရှိနေသော ဝန်ထုပ်ဝန်ပိုးကြီးသည် လျော့ကျသွားခဲ့၏။ ထို့ကြောင့် စိတ်လိုလက်ရနှင့်ပင် ပြိုင်စံရှားအပြစ်ပေးမှု အမိန့်တော်အကြောင်းကို ဖြန့်ဝေရန် ဆုံးဖြတ်လိုက်ကြတော့၏။

"ဒီလိုဆိုရင် ခင်ဗျားတို့အားလုံး သွားလို့ရပြီ"

"နှုတ်ဆက်ပါတယ်"

များပြားလှသော ဂြိုလ်အသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် ထွက်ခွာသွားပြီးသည့်နောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

"ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ တည်နေရာခံတပ်ကနေ ဘာပိုက်ဆံမှ မပေးရဘဲ ထွက်လာနိုင်တာ ရှားပါးလှတဲ့ အခွင့်အရေးပဲ။ ဒါက စိတ်ချမ်းသာဖို့ကောင်းလိုက်တာ"

All Chapters