← Chapters

မဟာမိတ်ဒုခေါင်းဆောင်

Vol. 93 Ch. 1290

မဟာမိတ်ဒုခေါင်းဆောင်

Vol. 93 Ch. 1290

ရှီမာယူယူသည် သူတို့အကြည့်များကို လန့်သွားပြီး မသိစိတ်မှ အနောက် ပြန်ဆုတ်မိပြီး မေးလိုက်သည် “ဘာလုပ်ဖို့ စီစဉ်နေကြတာလဲ”

“တကယ်တော့ ဘာမှမဟုတ်ပါဘူး” ရှားကျောငထျန်သည် နှစ်ကြိမ်မျှ ရယ်သွမ်းလိုက်သည် “ဒီနေ့ မင်းရဲ့အားစိုက်မှုတွေအကုန်လုံးကို ပြန်ပေးဆပ်ဖို့ အတွက် ငါတို့ မဟာမိတ်ကိုဝင်ဖို့ မင်းကိုဖိတ်ချင်လို့”

ရှီမာယူယူသည် ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သည်။ မဟာမိတ်ထဲ ဝင်ရမယ်ဟုတ်လား။ အဲဒါက ဘာကြီးလဲ။

“ဥက္ကဌ အဂ္ဂိရတ်ပညာရှင်အသင်းကလည်း မဟာမိတ်ပဲမဟုတ်ဘူးလား ကျွန်မကဘာလို့ သီးသန့်ဝင်ရမှာလဲ” သူမသည် ရှုပ်ထွေးစွာ မေးလိုက်သည်။

“ဒီတစ်ခါကို မင်းကိုဖိတ်တာက မင်းကအဂ္ဂိရတ်ပညာရှင်အသင်းက အကြီးအကဲရာထူးကြောင့်မဟုတ်ဘူး မင်းရဲ့ ကိုယ်ပိုင်သရုပ်မှန်ကြောင့်ပဲ” ဖန်မင် ပြောလိုက်သည် “မင်း မဟာမိတ်ကိုဝင်ပြီး မဟာမိတ်ဒုခေါင်းဆောင် ရာထူးယူဖို့ မျှော်လင့်ပါတယ်”

“ရှင်” ရှီမာယူယူသည် အံ့ဩသွားသည် “ကျွန်မကို မဟာမိတ် ဒုခေါင်းဆောင်ဖြစ်စေချင်တာလား ဥက္ကဌတို့များ မှားနေသလား”

“ဒါက ငါတို့ ဆွေးနွေးမှုရလဒ်ပဲ” ရှားကျောင်းထျန် ပြောလိုက်သည် “အကြောင်းအရင်းတစ်ခုကတော့ မင်းလုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးတင် လို့ရော ငါတို့အားလုံးမှာလည်း ကိုယ့်အတွေးနဲ့ကိုယ်ရှိကြလို့လေ”

သူ ပြောရင်းနှင့် ခေတ္တမျှရပ်သွားပြီး သူမ နောက်မှပါလာမလားဟု တွေး နေသည်။ သို့သော် သူမသည် သူ့ကိုကြည့်ရုံသာကြည့်နေကာ သူ ဆက်ပြောရန် စောင့်နေသည်။

“အဟွတ် အဟွတ် ဒီလိုပါ၊ အဲဒီအင်အားစုက အရမ်းကိုလျှို့ဝှက်တာ မင်း သိပါတယ် ပြီးတော့ မင်းမှာ မရေတွက်နိုင်တဲ့ငှက်တွေကို ဆင့်ခေါ်နိုင်တဲ့ အံ့ဖွယ် ပဒါးရောင်ဟင်္သာငှက်ရှိနေတယ်လေ စွမ်းအားတွေပေါင်းလိုက်ရင် ငါတို့ မဟာမိတ်တစ်ခုလုံး ပေါင်းတာထက် ပိုကောင်းတာပေါ့၊ အဲဒါကြောင့် အဲအချိန် ရောက်ရင် အဲဒီအင်အားကို ငှားလို့ရမရကို ငါတို့သိချင်နေတာ” ရှားကျောင်ထျန် သည် အဆုံးနားရောက်သည့်အချိန်တွင် အနည်းငယ် ရှက်ရွံ့မိလေသည်။

သူသည် ယူယူနှင့် ရင်းနှီးကာ ငှက်မျိုးနွယ်၏ အင်အားကို သာမန်ကာ လျှံကာ မသုံးသည်ကို သူ သိသည်။ သို့သော် အခုချိန်၌ သူတို့တွင် ထိုအစီအစဉ် သာရှိသည်။

ထိုမှလွဲပြီး ရွေးစရာမရှိပေ။ ထိုရက်များတွင် သူတို့ရှာတွေ့သော သတင်း အချက်အလက်များကို စုစည်းပြီးနောက် အသင်းမဟာမိတ်အားလုံး ရှာတွေ့ သည့်သတင်းများတွင် မည်သည့်အရာမှ ရှာမတွေ့ခဲ့သဖြင့် အံ့ဩခဲ့ရသည်။

ထိုမှတဆင့် ထိုလျှို့ဝှက်နေရာမှရှိနေသော အင်အားစု၏ မည်မျှအင်အား ကြီးပုံကို သိခဲ့ရသည်။ သူတို့ မဟာမိတ်တည်ထောင်လိုက်သော်လည်း သူတို့ကို အနိုင်မရနိုင်သည်လည်း ဖြစ်နိုင်သည်။

ထို့ကြောင့်ပင် ရှီမာယူယူ၏ အင်အားနောက်ခံကို စဉ်းစားမိကြသည်။

သူတို့သည် ဤအချက်ကို တွေးမိလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ ထို့ကြောင့် ထိုအကြောင်းကို ထုတ်ပြောလိုက်သည်နှင့် သူမ အံ့ဩမိသည်။

တစ်ဖက်တွင် ရှီမာယူယူသည် ကိုယ်ပိုင်အကြောင်းများကြောင့် ငှက် မျိုးနွယ်ကို အသက်မသွင်းသည်ဟု ရှားကျောင်ထျန်ပြောဖူးသဖြင့် သူမ တွေဝေ နေသည်ဟု အားလုံးထင်လိုက်ကြသည်။

“ဒါကို ကျုပ်တို့အတွက် ဒီလိုစဉ်းစားလိုက်တာ မဟုတ်ပါဘူး၊ အဲဒီ အင်အားစုကြောင့် ကမ္ဘာကြီး ဂယ်ကထသွားရင်၊ ငှက်မျိုးနွယ်လည်း လွတ်မှာ မဟုတ်ဘူးလေ အဲဒါကြောင့် သူတို့ကို ကျုပ်တို့အင်အားမှာထည့်ဖို့ စဉ်းစား လိုက်တာပါ” ဖန်မင် ရှင်းပြလေသည်။

“ကျွန်မသဘောမတူတာ မဟုတ်ပါဘူး ဒါကိုကြားလိုက်တော့ လန့်သွား ရုံတင်ပါ” ရှီမာယူယူသည် သူတို့အထင်လွဲနေသည်ကို မြင်သောအခါ ရှင်းပြ လိုက်သည် “လက်ရှိအခြေအနေအတွေနဲ့ဆိုရင် ငှက်မျိုးနွယ်လည်း ငြင်းမယ်လို့ မထင်ပါဘူး”

“ဆိုလိုတာက မင်းသဘောတူလိုက်ပြီပေါ့”

“မဟုတ်ပါဘူး” ရှီမာယူယူ လက်ကိုဝှေ့ယမ်းလိုက်သည် “ကျွန်မက ဒီအပေါ်မှာ အားထုတ်မှုတချို့ကို ထည့်ပေးချင်ပါတယ် ဒါပေမဲ့ မဟာမိတ် ဒု ခေါင်းဆောင်ဆိုတဲ့ ရာထူးကိုတော့ မေ့သင့်တယ်လို့ထင်ပါတယ် စိတ်ချပါ ကျွန်မက နည်းနည်းလေးပဲ လုပ်နိုင်ရင်တောင် အကောင်းဆုံးလုပ်သွားမှာပါ”

ဘယ်လိုဟာသလဲ။ မဟာမိတ်ဒုခေါင်းဆောင် ရာထူးလား။ သူမ ပခုံးပေါ် ကို ဘယ်လောက်တောင်ကြီးတဲ့ တာဝန်ကြီးတင်ပေးလိုက်တာလဲ။ အဲလိုကိစ္စ တွေ ဖြေရှင်းဖို့ သူမမှာ အချိန်အဲလောက်ရှိတာလည်း မဟုတ်ဘူး။

“ကြည့်လေ ကျုပ်ပြောတာ မမှားဘူးလမလား၊ သူမ လက်မခံပါဘူးလို့” ရှားကျောင်ထျန် ပြောလိုက်သည်။

ဘာကို ရာထူးအာဏာလဲ။ အဲဒါတွေက သူမကို ဆွဲဆောင်နိုင်တာ မဟုတ် ဘူး။

“ဒီလိုပါ ယူယူ မဟာမိတ်ဒုခေါင်းဆောင်ရာထူးက မင်းကို ပိတ်လှောင် ထားမှာမဟုတ်ပါဘူး၊ အဂ္ဂိရတ်ပညာရှင် အသင်းရဲ့ အကြီးအကဲရာထူးလိုပဲ၊ ခေါင်းစဉ်သက်သက်ပဲ ဘာမှအထွေအထူးလုပ်စရာမလိုဘူး တစ်ခါတစ်ခါမှ ဝင် ကူရုံပါပဲ” ဟော်ချန်ဒုန်ပြောလိုက်သည်။

ရှီမာယူယူ မျက်တောင်ခတ်လိုက်သည်။ ဒီကမ္ဘာကြီးမှာ ဒီလောက် ကောင်းတာရှိသေးလို့လား။

“ဒါကိုရှေ့ဆက်မလုပ်ခင် မင်းလက်ခံမှာမဟုတ်ဘူးဆိုပြီးတော့ ငါ သူ့တို့ ကို ပြောပါတယ် မင်းကိုရာထူးနာမည်သက်သက်ပဲ ပေးမယ်လေ လိုတဲ့အချိန်မှ ပဲ လုပ်ပေးရုံပဲ” ရှားကျောင်ထျန် ပြောလိုက်သည်။

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ ဥက္ကဌ အရမ်းကိုတည့်တိုးလွန်းနေ ပြီ။

“မင်းက မဟာမိတ်ဒုခေါင်းဆောင် နာမည်နဲ့ဆိုတာကို ကျုပ်တို့ပဲသိထား မယ်၊ သာမန်အဖွဲ့ဝင်တွေအတွက်တော့ မင်းက မဟာမိတ်ဒုခေါင်းဆောင်ပဲ၊ အဲလိုဆိုရင် အမိန့်ပေးပြီး သူတို့ကို လှုပ်ရှားဖို့ခိုင်းလို့ရမဲ့ လုပ်ပိုင်ခွင့်ရှိမယ်” ရှဲချောင်လင်း ပြတ်သားစွာပြောလေသည်။

“ဥက္ကဌတို့က ကျွန်မကို ဒီလိုရာထူးကြီးတာကိုပေးတာ ကျွန်မ အလွဲသုံးစား လုပ်လိုက်မှာကို မကြောက်ဘူးလား” ရှီမာယူယူသည် သူမအပေါ် တွင်ထားရှိသည့် ယုံကြည်မှုကို အံ့ဩသွားသည်။

“ဒါက မဟာမိတ်ဒုခေါင်းဆောင် ရာထူးတစ်ခုပါပဲ၊ ဂဠုန်တွေရဲ့ဘုရင် ရာထူးလို မြင့်တာလည်းမဟုတ်ပါဘူး” ရှန်းယန် ပြောလိုက်သည်။

အဲလိုပုံပါပဲ…

ရှီမာယူယူ စဉ်းစားပြီးရင်း စဉ်းစားကာ ပြောလိုက်သည် “ကျွန်မ အဂ္ဂိရတ် ပညာရှင်အသင်းကိုဝင်တုန်းက ကျွန်မမှာ ဖြေရှင်းရမဲ့ ကိုယ်ရေးကိုယ်တာကိစ္စ တွေရှိတယ်ဆိုတာကို ဥက္ကဌကိုပြောခဲ့ပါတယ်၊ ကျွန်မကို မဟာမိတ်ဒု ခေါင်းဆောင် လုပ်ခိုင်းရင်လည်း အဲလိုစကားပဲထပ်ပြောရပါလိမ့်မယ်၊ ကျွန်မမှာ လုပ်စရာတွေရှိလို့ အဲဘက်ကကိစ္စတွေကို လုပ်ပေးပါဆိုပြီး အမိန့်ပေးလို့တော့ မရဘူး”

“ဒါကတော့ ဖြစ်သင့်ပါတယ်၊ ဒီရာထူးက နာမည်သက်သက်ပါပဲလို့ပြော မှတော့ တောင်းဆိုမှုအများကြီးမလုပ်ပါဘူး” ဟော်ချန်းဒုန် ပြောလိုက်သည်။

“ဒါဆိုလည်း ကောင်းပါပြီ သဘောတူလိုက်တာက ဥက္ကဌတို့အားလုံးကို ကျွန်မ လေးစားသမှုကို ပြလိုက်တာပါပဲ” ရှီမာယူယူ ပြုံးလိုက်သည်။

“ဒါက မင်းရဲ့နာမည်ပြားပါ နောက်ကို သူတို့ဒါကိုမြင်ရင် မင်းအမိန့်ကို နာခံကြလိမ့်မယ်” ဟော်ချန်းဒုန်သည် နာမည်ပြားတစ်ခုကို ထုတ်ပေးလေ သည်။ ဘေးတွင်ရပ်နေသော အစေခံမလေးတစ်ယောက်သည် လျှောက်လာပြီး ယူကာ ရှီမာယူယူလက်ထဲသို့ ထည့်ပေးလေသည်။

သူတို့သည် နာမည်ပြားကို ကြိုတင်ပြင်ဆင်လာခဲ့ကြသည်။ သူတို့ ပြင်ဆင်ပြီးမှ လာတဲ့ပုံပဲ။

ရှီမာယူယူသည် နာမည်ပြားကိုယူပြီး စစ်ဆေးကြည့်လိုက်သည်။ တခြား သူများနှင့် အတူတူပင်။ ‘မဟာမိတ်’ ဆိုသည့်စာလုံးရေးထားကာ သူမ၏ နာမည်ယူကို အနောက်တွင် ထွင်းထားသည်။ သူမ၏ သရုပ်မှန်ကို ကိုယ်စားပြု နေသည်။

“မင်းဟာက ငွေရောင်၊ မဟာမိတ်ခေါင်းဆောင်ရဲ့ နာမည်ပြားက ရွှေရောင်ပဲ” ဟော်ချန်းဒုန် ရှင်းပြလေသည် “မင်း သွေးတစ်စက်ချပြီး ဝိညာဉ် စွမ်းအင်တချို့ကိုထည့်လိုက်ပါ၊ အဲလိုဆိုရင် နာမည်ပြားက မင်းရဲ့ရောင်ဝါကို မှတ်တမ်းတင်သွားလိမ့်မယ်၊ တခြားတစ်ယောက်က ကောက်ရရင်တောင် သုံးလို့ရမှာမဟုတ်ဘူး”

ရှီမာယူယူသည် သူ၏ ပြောဆိုချက်အတိုင်း သွေးတစ်စက်ချကာ ဝိညာဉ် စွမ်းအင်တချို့ထည့်လိုက်သည်။ သွေးနှင့် ဝိညာဉ်စွမ်းအင် နာမည်ပြားထဲသို့ ဝင်သွားသောအခါ နာမည်ပြားမှ အဖြူရောင်အလင်းတန်းထွက်လာပြီး သူမကို ဝန်းပတ်လေသည်။ ထိုသည်မှာ သူမနှင့် ဆက်သွယ်မှုရှိသွားသည်ဟု ခံစားရ သည်။

“ဒါက…” သူမသည် ဟော်ချန်းဒုန်ကို အလန့်တကြားကြည့်လိုက်သည်။

“ဒါက လောင်ဟော်က မင်းအတွက် အထူးတလည်လုပ်ပေးထားတာပဲ၊ ငါတို့ လူကြီးတွေထက်ကို အဆင့်မြင့်တယ်၊ ငါတို့ဟာက အဆင့်နိမ့် အံ့ဖွယ် ပစ္စည်းပဲ၊ မင်းဟာက အဆင့်တစ်ဆင့်မြင့်တယ်” ရှန်းကျောင်ထျန် တိုးညင်းစွာ ရှင်းပြလေသည်။

“အဆင့်မြင့် အံ့ဖွယ်ပစ္စည်း” ရှီမာယူယူသည် ပင့်သက်ရှိုက်လိုက်သည်။ ဒါက နာမည်ပြားလေးတင်ပဲကို ဒီလောက်အဆင့်မြင့်ဖို့လိုလို့လား။

“အင်း” ဟော်ချန်းဒုန် ခေါင်းညိတ်လေသည် “မင်းရဲ့ အခြေအနေအရ မင်း ကို ကာကွယ်ဖို့အတွက် အသုံးဝင်လိမ့်မယ်၊ ဒါက စံတင်အဆင့်နဲ့အောက်က အဆင့်တွေတိုက်ချက် သုံးချက်ကို ခံနိုင်တယ်၊ မင်းအတွက် အသုံးမဝင်ရင် တောင် ဘာမှမဟုတ်တာထက်တော့ တော်ပါသေးတယ်၊ ဒါက မင်းကို ကျေးဇူး တင်ကြောင်း ဖော်ပြတာပါပဲ”

သူမကြောင့်သာမဟုတ်လျှင် ထိုနေ့က ရှောင်ဟုန်သည် တစ္ဆေမျိုးနွယ် လက်ထဲတွင် အသက်သေသွားနိုင်သည်။ သူတို့လည်း ထိုကပ်ဘေးမှ ရှောင်နိုင် မည်မဟုတ်ပေ။

ထိုပစ္စည်းသည် သူမအတွက် အသုံးမဝင်သော်ငြား ကျေးဇူးတင်မှုကို ဖော်ပြသည့်အနေနှင့် ဂရုစိုက်သိမ်းဆည်းလိုက်သည်။

ထိုအချိန်တွင် ပိုင်ထာ့သည် အပြင်မှဝင်လာသည်။

“တောင်ကြားဒုခေါင်းဆောင် အပြင်မှာ ဒုခေါင်းဆောင်ကိုလာရှာတဲ့သူ တွေရှိတယ်….”

***

All Chapters