← Chapters

အခန်း (၁၃၁၈)

Vol. 89 Ch. 1318

အခန်း (၁၃၁၈)

Vol. 89 Ch. 1318

လွင့်မျောနေသောတောင်တန်း၏ မက်မွန်ပင်တစ်ပင်၏ အောက်မှာတော့ နှင်းဆီဧကရီသည် တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ဆီသို့ လှမ်းလျှောက်လျက်ရှိနေသည့် လူအား ကြည့်ကာ အပြစ်တင်လိုက်တော့၏။

“ရှင် ဒီမှာ ရက်အနည်းငယ်တောင် နေမသွားတော့ဘူးလား။”

ပျော်ရွှင်မှုဆိုသည်မှာ အချိန်ကာလတိုတောင်းလွန်းလှ၏။ အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် သူ၏ ကိစ္စများကို ပြုလုပ်ပြီးသည်ဆိုသည်နှင့်တစ်ခါတည်း ထွက်ခွာသွားသောကြောင့်ပင်။

“ကျုပ်ဆီမှာ အရေးကြီးလုပ်စရာတွေ အများကြီးရှိသေးတယ်။”

မည်သည့်အရာများဖြစ်သနည်း။ ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်းအစီအရင်ကို လေ့လာရန်ပင် ဖြစ်တော့၏။

“သြော်”

နှင်းဆီဧကရီသည် ပြုံးကာပြောလိုက်သည်။ “ဒါဆို ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ဘူး။”

သူမကို ကြည့်ရသည်မှာ ကျွင်းချောင်ရှောင်းအပေါ်တွင် တွယ်ကပ်သည့်ပုံစံမျိုးပေါ်သည်ဆိုသော်လည်း အစစ်အမှန်အားဖြင့် ကျွင်းချောင်ရှောင်းနှင့် ဂိုဏ်းတစ်ခုအား စီမံခန့်ခွဲရန်ကိစ္စများ ပြုလုပ်စရာ အများကြီးရှိကြောင်း ကောင်းကောင်းနားလည်၏။

ပြောနေစရာပင်မလိုပေ။ သူမကိုယ်တိုင်သည်လည်း ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဦးဆောင်နေရသည့် လူတစ်ယောက်ဖြစ်နေသည်မဟုတ်ပါလား။

အချစ်ဆိုသည်မှာ ဘဝ၏ အစိတ်အပိုင်းအသေးငယ်လေးတစ်ခုသာ ဖြစ်၏။ ထို့ကြောင့် အချိန်အတော်များများတွင် သူမသည် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးအတွက် အာရုံစူးစိုက်ထားခဲ့၏။ ကျွင်းချောင်ရှောင်းသည် မတ်တပ် ထရပ်ပြီးနောက် လေပွေလှိုင်းဆီသို့ အသာလျှောက်ထွက်သွားခဲ့သည်။ သို့ပေမဲ့ အထဲသို့ ဝင်ခါနီးမှာပဲ သူသည် သူမအား နောက်ကျောပေးကာဖြင့် ပြောလိုက်၏။ “ဒီအချိန် ထွက်ခွာသွားပြီးရင် ပြန်လာတော့မှာမဟုတ်ဘူး။ ဒီတော့ နေ့တိုင်း ဒီနေရာမှာ လာစောင့်မနေနဲ့။”

ပြောပြီးသည့်နောက်မှာတော့ သူသည် လေပွေတည်နေရာရွှေ့ပြောင်းခြင်းထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့သည်း။

နှင်းဆီဧကရီသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်မိ၏။ “ရှင်က ကျွန်မဘာသာ စောင့်နေတာကို မစောင့်နဲ့လို့ ပြောပိုင်ခွင့်ရှိတဲ့ လူတစ်ယောက်မို့လို့လား။”

ဝှစ်

လေပြေများတိုက်ခတ်သွားပြီးသည့်နောက်မှာတော့ မက်မွန်ပင်၏ အပွင့်လေးများ မြေပေါ်သို့ ပြုတ်ကျလာခဲ့သည်။

နူးညံ့သိမ်မွေ့ပုံပေါ်သော အမျိုးသမီးသည် ရုတ်တရက် ဧကရီတစ်ပါး၏ သွင်ပြင်အမူအရာမျိုး ပြန်လည်ဖြစ်တည် သွားခဲ့တော့၏။ ကျွင်းချောင်ရှောင်းအနားမှာရှိသည့်အချိန်တွင် သူမသည် မိန်းကလေးငယ်လေးတစ်ယောက်ကဲ့သို့ သော ခံစားချက်များကို ပေးစွမ်း၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းအနား၌ မရှိသည့်အချိန်မှာတော့ သူမသည် ဂြိုဟ်တစ်ခုလုံးကို စီမံအုပ်ချုပ်ရသည့် ဧကရီအရှင်မတစ်ပါးဖြစ်သည်မဟုတ်ပါလား။

…

ကြယ်ကြွေကုန်းမြေတိုက်ကြီး

ပြိုင်စံရှားဂိုဏ်း

ကျွင်းချောင်ရှောင်းသည် လေပွေလှိုင်းထဲမှ လျှောက်ထွက်လာပြီးသည့်နောက်မှာတော့ အချိန်အတော်ကြာ တွေဝေစွာ ဖြင့် မတ်တပ်ရပ်လျက်ရှိနေ၏။ သူသည် စိတ်ထဲမှ ကြိတ်ကာ ပြောလိုက်မိ၏။ “ကျုပ်တောင်းပန်ပါတယ်။”

“ရို ရို….”

စနစ်သည် အနည်းငယ်အံ့အားသင့်သွား၏။ “လက်ခံသူရဲ့ အမူအကျင့်က လုံးဝကို ပြောင်းသွားပြီပဲ။ တကယ်ပဲ ကိုယ့်ရဲ့ မိန်းမအပေါ်မှာ ညှာတာသနားစိတ်တွေ ပေါ်လာတာလား။”

“တော်စမ်း”

“နှင်းဆီဧကရီက လက်ခံသူအတွက် ဘာလဲဆိုတာကို ငါတောင် သေသေချာချာ မဆုံးဖြတ်နိုင်သေးဘူး။”

“………..”

ကျွင်းချောင်ရှောင်းသည် စနစ်ကို လစ်လျူရှုထားလိုက်၏။ သူသည် စာကြည့်ခန်းထဲသို့ ပြန်ရောက်ပြီးသည့်နောက်မှာ တော့ ကောင်းကင်နှင့် မြေကြီး ဖန်တီးခြင်းအစီအရင်ကို စတင်ကာ လေ့လာတော့သည်။ အရာကိစ္စတော်တော်များများ ကို စီမံခန့်ခွဲပြီးသားဖြစ်တော့၏။ ထို့ကြောင့် သူ့အနေနှင့် ဂိုဏ်းတစ်ခုလုံး အထက်နယ်မြေဆီသို့ တက်မည်ကိစ္စရပ်တွင် သူ၏ အာရုံများအားလုံးကို စူးစိုက်ထားခဲ့၏။

…

များပြားလှသောဂြိုဟ်အသီးသီးဆီမှ ရရှိလာသည့် သိုင်းပညာအရင်းအမြစ်များသည် အလွန်များပြားလွန်းလှသည် ဖြစ်သောကြောင့် ဂိုဏ်းတစ်ခုကို စီမံခန့်ခွဲရာတွင် အလွန်အသုံးတည့်လှ၏။ တပည့်များ၏ ကျင့်ကြံခြင်းအဆင့်သည် လည်း ထပ်ကာ တိုးတက်သွားခဲ့တော့သည်။

သို့ပေမဲ့ သူတို့တွင် အချိန်များများစားစားမရှိချေ။ ကျွင်းချောင်ရှောင်းအနေနှင့် ဆယ်နှစ်အတွင်း တာဝန်ကို ပြည့်စုံအောင်ပြုလုပ်ရမှာဖြစ်၏။ ၎င်းတို့သည် မည်သည့်ကျင့်ကြံခြင်းအဆင့်ကို ရှိသည်ဖြစ်စေ ကျိန်းသေပေါက် ကျွင်းချောင်ရှောင်း၏ အနောက်ဆီသို့ လိုက်ပါကြရမှာဖြစ်၏။

ကျွင်းချောင်ရှောင်းအနေနှင့် ဂိုဏ်းတစ်ခုလုံး အထက်နယ်မြေဆီသို့ တက်လှမ်းသွားမည့်ကိစ္စကို လျှို့ဝှက်ထားရန် မလိုအပ်ချေ။ ထို့ကြောင့် အချိန်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် အတွင်းစည်းတပည့်များအားလုံးကို ခေါ်ကာ အစည်းအဝေး ပြုလုပ်တော့၏။

“ဘာ”

တင်းရှင်းဝမ်သည် ရုတ်တရက် ထိုင်ခုံမှ မတ်တပ်ထရပ်ပြီးသည့်နောက် မယုံကြည်နိုင်သလို ပြောလိုက်မိသည်။ “အထက် … အထက်နယ်မြေဆီကို တက်လှမ်းချင်တာဟုတ်လား။”

အမြဲတမ်း အေးတိအေးစက်ဖြင့် ရှိနေတတ်သည့် အကြီးအကဲဝေသည်ပင်လျှင် မျက်လုံးပြူးသွားမိ၏။ “ဂိုဏ်းချုပ် လာနောက်နေတာလား။”

“မဟုတ်ဘူး။”

ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ယှက်ကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ် လေးလေးနက်နက် ပြောနေတာ။”

“…..…”

ကျန့်ရာ၊ နင်ညီအစ်ကိုနှင့် တစ်ခြားသောသူများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ဂိုဏ်းချုပ်၏ အမူအရာ သည် အမှန်ပင်လေးနက်လျက်ရှိ၏။ ပြောရမည်ဆိုလျှင် ၎င်းတို့အားလုံးသည် အထက်နယ်မြေဆီသို့ တက်လှမ်းရ တော့မည့် အဓိပ္ပာယ်ပင်ဖြစ်၏။ တုန်လှုပ်စရာကောင်းလွန်းလှချေသည်။ အရင်ဆုံးစိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းဦးမှ ဖြစ်မည်။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “အထက်နယ်မြေကို တက်လှမ်းသွားဖို့ဆိုတာ တစ်စုံတစ်ယောက်အနေနဲ့ သိုင်းအင်ပါယာအဆင့်ကို အနည်းဆုံး ရောက်ရှိနေဖို့ လိုအပ်တယ်လေ။ ကျွန်တော်တို့က …”

“ကျင့်ကြံခြင်းအဆင့်တွေက ပြဿနာမဟုတ်ဘူး။ ငါ့ဆီမှာ နည်းလမ်းတစ်ခုရှိတယ်။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းတို့အနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားဖို့ပဲ လိုတယ်။ အထက်နယ်မြေဆီကို ဝင်တဲ့အချိန်မှာ မင်းတို့အနေနဲ့ မယုံကြည်နိုင်စရာကောင်းလောက်တဲ့ စမ်းသပ်မှုမျိုးကို ရင်ဆိုင်ရလိမ့်မယ်။”

“……….”

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြ၏။ ၎င်းတို့ နှလုံးသားတွင်ရှိနေသော အံ့အားသင့်မှုများသည် ပိုမိုကာ ကြီးထွားလာခဲ့ကြသည်။ သိုင်းပညာနှင့်စတင်ကာ ထိတွေ့စဉ် ကတည်းက သူတို့၏ ရည်မှန်းချက်သည် သိုင်းအင်ပါယာတစ်ယောက်ဖြစ်ရန်ဖြစ်၏။

လက်ရှိ ဂိုဏ်းချုပ်သည် အထက်နယ်မြေဆီသို့ ၎င်းတို့အား ခေါ်ဆောင်သွားချင်နေသည်။ ဤအရာမှာ ယခင်တုန်းက စဉ်းပင်မစဉ်းစားမိသော ကိစ္စပင်ဖြစ်လေသည်။

“ဒီတော့ ငါတို့က အထက်နယ်မြေဆီကို သွားရတော့မှာပေါ့။”

ဟယ်ဝူတီသည် အပြင်ပိုင်းအသွင်အပြင်အရဆိုလျှင် တည်ငြိမ်လျက်ရှိနေသေး၏။ သက်တန့်ရောင် သူတော်စင်ဖန်တီး ခဲ့သည့် ဂိုဏ်းတစ်ခုသည် သေမျိုးစကြဝဠာ၏ သေမျိုးလောကထဲ၌ တည်ရှိသင့်သည့် အရာမျိုးမဟုတ်ချေ။ အထက်နယ်မြေတွင် တကယ့်ကို ထွန်းတောက်စွာဖြင့် တည်ရှိနေရမည့် ဂိုဏ်းမျိုးဖြစ်၏။

ခရမ်းရောင်ဘုရင်မှာလည်း အံ့အားမသင့်ချေ။ ထို့အပြင် သူသည် အထက်နယ်မြေဆီမှ ဆင်းသက်လာသည့် လူတစ်ယောက်ဖြစ်နေ၏။ သို့ပေမဲ့ သူ စိတ်ပူနေသည့်အရာမှာ သူပြုလုပ်ခဲ့သည့်အကြောင်းအရာကို နဂါးမျိုးနွယ်မှ သိရှိသွားမည့်အကြောင်းကိုပင် ဖြစ်သည်။

“ဂိုဏ်းချုပ်”

သူသည် တီးတိုးပြောလိုက်မိ၏။ “ကျုပ် မသွားလို့မရဘူးလား။”

“အထက်ပိုင်းအကြီးအကဲတွေနဲ့ ဂိုဏ်းထဲမှာရှိတဲ့ တပည့်တွေအကုန်လုံးက ကျိန်းသေပေါက် သွားရမယ်။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ ဆိုလိုသည်မှာ ဂိုဏ်းတစ်ခုလုံးအား အထက်နယ်မြေဆီသို့ ခေါ်သွားမည့် အဓိပ္ပာယ်ပင် မဟုတ်ပါလား။

အထက်နယ်မြေဆီသို့ ဂိုဏ်းတစ်ခုလုံးကို ခေါ်သွားမည့်အဓိပ္ပာယ်သည် ဂိုဏ်းထဲရှိ လျှိုဝမ်ရှစ် မွေးမြူထားသော ကြက်များ၊ ဘဲများ၊ ငါးများ၊ ငန်းများပင် ပါဝင်လျက်ရှိနေသေးသည်။

“အင်း”

ခရမ်းရောင်ဘုရင်သည် သက်ပြင်းချကာ ပြောလိုက်၏။ “နဂါးမျိုးနွယ်က အဲဒီအကြောင်းအရာကို သိရှိသွားရင် ကျိန်းသေပေါက် ဂိုဏ်းကို ပြဿနာတွေ တက်လာစေလိမ့်မယ်။”

အတိတ်တုန်းကဆိုလျှင် သူ့အနေနှင့် သားရဲမျိုးနွယ်များ ကျေးကျွန်မဖြစ်စေရေးအတွက် ပြိုင်စံရှားဂိုဏ်းနှင့် ပူးပေါင်း ခဲ့ရုံသာ ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ ဂိုဏ်းသည် သူ၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ ထင်မှတ်လာခဲ့ပြီ ဖြစ်သည်။

အထက်နယ်မြေသို့ သွားရသည့်အချိန်တွင် ဂိုဏ်း၏လုံခြုံရေးကို သူသည် ဦးစားပေးလျက်ရှိနေ၏။ ခန်းမသခင်ကျိသည် အမှန်ပင် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ အားညိုထက်ပင် ပိုမိုကာ ပြောင်းလဲသွားခဲ့၏။

ဖြောက် ဖြောက် ဖြောက်

ရုတ်တရက်ဆိုသလိုပဲ လက်သည်းနှင့်စားပွဲနှင့် ကုတ်ခြစ်သည့်အသံသည် ထွက်ပေါ်လာခဲ့၏။ အားလုံးသည် ကြက်သီး များပင် ထသွားမိကြ၏။ ခေါင်းကို အသာလှည့်ကြည့်လိုက်သည့်အချိန်မှာတော့ တင်းမာခက်ထန်လျက်ရှိသည့် ပုံပန်းသွင်ပြင်ဖြင့် ထိုင်လျက်ရှိနေသော ရီရှင်းချန်ကို မြင်လိုက်ကြရသည်။

“အားညို …. မင်းဘာဖြစ်တာလဲ။”

“ဂိုဏ်းချုပ်”

ရီရှင်းချန်သည် အသာမော့ကာဖြင့် ပြောလိုက်၏။ “ဘယ်အချိန်သွားကြမှာလဲ။”

သူ၏ လေသံကို ကြည့်ရသည်မှာ အထက်နယ်မြေဆီသို့ သွားရန်အတွက် မစောင့်နိုင်တော့သလိုပင် ဖြစ်နေသေးသည်။ ဤအရာမှာ နားလည်ပေးရမည့်အရာမျိုးဖြစ်၏။ စတင်မွေးဖွားလာကတည်းက အားညို၏ ဧကရီလင်းပင်အပေါ်တွင်ရှိသော အမုန်းတရားသည် ပျောက်ကွယ်၍ မသွားခဲ့ချေ။ ထိုအစား ပိုမိုကာပင် ကြီးထွားလာခဲ့သည်။

“နောက်အကျဆုံး ၁၀ နှစ်ပေါ့။” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

ဆွစ်

ရီရှင်းချန်သည် ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ “ဒါဆိုရင် သွားပြီး လေ့ကျင့်တော့မယ်။”

ဆယ်နှစ်ဆိုသည်မှာ မကြာလှချေ။ သူ့အနေနှင့် သတ်မှတ်ထားသော အချိန်ကာလအတွင်း သူ၏ အားအင်အဆင့်ကို ပိုမိုတိုးတက်အောင် ပြုလုပ်ရန် လိုအပ်နေသေး၏။

ဟုတ်ပေသည်။ အားညိုအနေနှင့် အထက်နယ်မြေဆီသို့ တက်လှမ်းလှမ်းပြီးချင်း ဧကရီ လင်းရောင်အား လက်စားချေနိုင်လိမ့်မည်ဟု မထင်မှတ်ချေ။

သို့ပေမဲ့ အထက်နယ်မြေဆီသို့ ရောက်ရှိသည်ဆိုပါက ပိုမိုကောင်းမွန်သည့် ကျင့်ကြံခြင်းပတ်ဝန်းကျင်ကို ရရှိမှာ သေချာ၏။ ထိုသို့ဆိုလျှင် သူ့အတွက် ပိုမိုကာ အကျိုးကျေးဇူးများရရှိမှာ သေချာ၏။

“ဒီမိန်းမ …. တူညီတဲ့ ကျင့်ကြံခြင်းအဆင့်ကို ရောက်သွားပြီဆိုရင် ငါ … ရီရှင်းချန်က မင်းကို ကျော်တက်ပြမယ်။” ရီရှင်းချန်သည် စိတ်ထဲမှာ ကြွေးကြော်လျက်ရှိသည်။

အားညိုထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားနှင့် တွေးလိုက်မိ၏။ “အထက်နယ်မြေမှာရှိတဲ့ ဒီကောင့်ရဲ့ ရန်သူက ဘယ်သူများလဲ။”

နဂါးကျားတိုက်ပွဲတွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်နှင့်ပတ်သက်၍ ကုန်းရှန့်သည် ပြန်လည် စဉ်းစားလိုက်မိသည်။ ရီရှင်းချန်သည် လျှို့ဝှက်ချက်များရှိကြောင်းကို သူအနည်းငယ်သိရှိသည်။ သို့ပေမဲ့ ညအင်ပါယာ ပြန်လည်၍ မွေးဖွားလာသူဖြစ်ကြောင်းတော့ သူ ဆက်စပ်ပြီး မတွေးမိချေ။

“ဒါဆိုရင် ငါ အထက်နယ်မြေကို သွားရတော့မှာဆိုတော့ ကျိန်းသေပေါက် မေးရမှာပေါ့။”

စည်းမျဉ်းစည်းကမ်းများအရဆိုလျှင် ကျွင်းချောင်ရှောင်းသည် တပည့်များ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို မေးမြန်း သည့်ကိစ္စမှာ ရှားရှားပါးပါးပင် ဖြစ်၏။ သို့ပေမဲ့ အားညို၏ ရန်သူသည် အထက်နယ်မြေတွင် တည်ရှိနေ၏။ ထို့ကြောင့် သူ့အနေနှင့် ကျိန်းသေပေါက် မေးမြန်းမှ ဖြစ်ပေလိမ့်မည်။ အားညိုရောက်ရှိလာသည်ဆိုသည်နှင့် ပြဿနာ ကြီးသည် ပိုမိုကာ ကြီးထွားလာမှာ သေချာသည်။

ခရမ်းရောင်ဘုရင်သည်လည်း နဂါးကလန်ထဲသို့ ဝင်ရောက်၍ နဂါးဥကို ခိုးယူခဲ့သေး၏။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် သူ၏ ကုပ်ပိုးကို ပွတ်သပ်ကာ ပြောလိုက်မိသည်။

“အားညိုရဲ့ ရန်သူနဲ့ ဟောခန်းသခင်ကျိ၏ ရန်သူ …. အထက်နယ်မြေတောင်မတက်ရသေးဘူး။ ငါ့အနေနဲ့ ရန်သူ နှစ်ယောက်က စပြီး ရနေပြီပဲ။”

ရီရှင်းချန်၏ ရန်သူ ဘယ်သူမှန်းမသိဘူးဆိုသော်လည်း လူတစ်ယောက်တည်းသာဖြစ်ရမည်။ ခရမ်းရောင်ဘုရင်မှာတော့ ကလန်ကြီးတစ်ခုလုံးကိုပင် ပြဿနာရှာခဲ့သူဖြစ်၏။ အထူးသဖြင့် လက်ငါးချောင်းနဂါးပင် ဖြစ်၏။

ထိုလက်ငါးချောင်းနဂါးသတ္တဝါသည် ပုတ်သင်ညိုကဲ့သို့ ပုံပန်းသွင်ပြင်ကို ဖြစ်တည်နေသည်ကို မြင်ရသည်ဆိုပါက တစ်ဖက်ကလန်သည် မည်သို့မျှ သည်းခံနိုင်လိမ့်မည်မဟုတ်ချေ။

“အထက်နယ်မြေဆီကို တက်လှမ်းဖို့။”

ကျွင်းချောင်ရှောင်းသည် သူ၏ ဦးခေါင်းကို ဆုပ်ကိုင်ကာ ပြောလိုက်မိသည် “ဒါက အရမ်းကို အန္တရာယ်များတာပဲ။”

All Chapters