အခန်း (၁၃၁၉)
Vol. 89 Ch. 1319
ခရမ်းရောင်ဘုရင်နှင့် နဂါးမျိုးနွယ်ကလန်တစ်ခုလုံး၏ကြား ပဋိပက္ခကို ပြောဆိုရမည်ဆိုလျှင် အရင်ဦးဆုံး စကား ပြောသင့်နေသူမှာ နဂါးလေးပင် ဖြစ်၏။
ကျွင်းချောင်ရှောင်းအနေနှင့် အထူးတာဝန်ကို မည်သို့ပြည့်စုံအောင် စဉ်းစားနေရသည့်အချိန်တွင် နဂါးလေးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက်ရှိနေပြီး လက်ရှိအခြေအနေမှာတော့ ပြန်လည်နိုးထဦးမည့် အရိပ်သင်္ကတမျိုး မရှိချေ။ ပြောရမည့်ဆိုလျှင် ဤအရာမှာ တတိယမြောက် အသွင်ပြောင်းလဲခြင်းပင်ဖြစ်သည်။
အစည်းအဝေးပြီးသွားသည့်နောက် ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲသို့ ပြန်လာခဲ့သည်။ သေးငယ်လှသည့် အသိုက်ထဲတွင် ကွေးကွေးလေးအိပ်ပျော်လျက်ရှိနေသော နဂါးလေးကို ကြည့်ရှုလိုက်သည်။ ပြီးနောက် တီးတိုးရေရွတ် လိုက်မိ၏။ “ကောင်လေး … နိုးလာရင် ငါ့ကို အံ့အားသင့်စရာတွေ ထပ်ပြီး ပေးအုံးမှာလား။”
သားဖောက်စက်ဖြင့် သားဖောက်ခဲ့ရသည့် ပထမဦးဆုံး ပဋိညာဉ်သားရဲဖြစ်သည်နှင့်အညီ နဂါးလေးသည် အသွင် ပြောင်းလဲမှု နှစ်ခုကို ပြုလုပ်ခဲ့ပြီးဖြစ်ပြီး တစ်ခုပြီးသည့်နောက် တစ်ခု ပိုမိုကာ အားကောင်းလာခဲ့သည်။
ထို့ကြောင့် ကုန်းရှန့်အနေနှင့် တတိယမြောက် အသွင်ပြောင်းလဲပြီးသည့်နောက် အနာဂတ်တွင် ပိုမိုအားကောင်းသည့် သတ္တဝါမျိုး ဖြစ်လာမည်ကို မျှော်လင့်လျက်ရှိနေ၏။
ဂိုဏ်းချုပ်အနေသည် တစ်ဂိုဏ်းလုံးအား အထက်နယ်မြေဆီသို့ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိပြီးသည့်နောက် ဂိုဏ်း၏ အကြီးအကဲများအားလုံးသည် တက်တက်ကြွကြွဖြင့် စတင်ကာ ပြင်ဆင်ကြတော့၏။ အတွင်းစည်းတပည့်များသည် လည်း ကျင့်ကြံခြင်းတွင် ဇွဲရှိရှိနှင့် ပိုမိုကာ ပြုလုပ်လာခဲ့ကြသည်။ ၎င်းတို့အနေနှင့် ဂိုဏ်းချုပ်အား အတားအဆီး အဟန့်အတားမျိုးမဖြစ်စေရန် မျှော်လင့်နေမိကြသည်။
သို့ပေမဲ့ အထက်နယ်မြေဆီသို့ သွားရန် စဉ်းစားလိုက်သည့်အချိန်တိုင်းတွင် အစစ်အမှန် မဟုတ်သလိုပင် ခံစားနေမိကြ၏။ အပြင်လူများသည်သာ ထိုအချင်းအရာကို သိရှိသည်ဆိုပါက ကျွင်းချောင်ရှောင်းအား ရူးသွပ်နေသူတစ်ယောက်ကဲ့ သို့ ကျိန်းသေပေါက် စဉ်းစားမှာ သေချာ၏။
ထို့အပြင် လူတစ်ယောက်တည်းအနေနှင့် အထက်နယ်မြေဆီသို့ တက်လှမ်းရန်ပင် အလွန်တရာ ခက်ခဲလွန်းလှချေ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် များပြားလှသည့် လူများကို တစ်ခါတည်း ခေါ်ဆောင်သွားရန် ကြိုးစားလျက်ရှိနေသည်။ ထိုအရာသည် အလွန်ခက်ခဲလွန်းသည့်ကိစ္စမျိုးပင် ဖြစ်ပေလိမ့်မည်။
သို့ပေမဲ့ အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်သည့် သော့ချက်သည် ကောင်းကင်နှင့် မြေကြီး ဖန်တီးခြင်းအစီအရင် ပေါ်တွင် မူတည်လျက်ရှိနေ၏။ ထို့ကြောင့် ကျန်သည့် အကြောင်းအရာများကို နားလည်နေစရာ မလိုအပ်ချေ။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ဆိုသည်မှာ ထိုအစီအရင်ပေါ်တွင်သာ တည်ရှိနေသည်မဟုတ်ပါလား။
…
ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ရုတ်တရက် ပိုမိုကာ အသက်ဝင် လာခဲ့တော့၏။ များပြားလှသည့် ရွက်သင်္ဘောများသည် တစ်စီးပြီးတစ်စီး ရောက်ရှိလာခဲ့ပြီး တည်နေရာအတားအဆီး ကို ကျော်ဖြတ်ကာဖြင့် ကုန်းမြေတိုက်ထဲသို့ ရောက်ရှိလာခဲ့ကြသည်။
“ကောင်းကင်ဘုံ …. သိုင်းအင်ပါယာကိုးယောက်နှင့် တူညီတဲ့ စွမ်းအားမြင့်ကျင့်ကြံသူတွေ အများကြီးပါလား။ ဘာတွေ ဖြစ်နေတာလဲ။”
ပထမတုန်းက အလွန်အားကောင်းလှသည့် ရန်သူများကျူးကျော်လာခဲ့ကြသည်ဟု ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူများက ထင်မှတ်ခဲ့၏။ သို့ပေမဲ့ ထိုသူတို့သည် တဖြည်းဖြည်းနှင့် အရှေ့တောင်ရန်ကျူးဆီသို့ သွားနေသည်ကို မြင်ရသည့်အချိန်မှာတော့ သူတို့ အတွေးလွန်ကြသည်ဖြစ်ကြောင်း နားလည်သွားကြ၏။
“မင်းတို့ သိပြီးသွားပြီလား။ ချင်းယန်နိုင်ငံ သံမဏိအရိုးမြို့ကို တစ်ခြားဂြိုဟ်တွေမှာရှိတဲ့ ကျင့်ကြံသူတွေက ရောက်လာပြီး စီးပွားရေး လုပ်နေကြတယ်။ တခါမှ မမြင်ဘူးတဲ့ သဘာဝရတနာတွေကိုလည်း ရောင်းချနေကြ တယ်။”
“ကြားရုံတင်မကဘူး။ ငါတောင် အဲ့ကို ရောက်ပြီးသွားပြီ။ အဲဒီမြို့ထဲက စားသောက်ဆိုင်တွေမှာ တကယ့် ဆရာ့ ဆရာ့ကြီးတွေပဲ။ လမ်းထဲမှာ လျှောက်သွားနေတဲ့သူတွေတောင် အနိမ့်ဆုံးအဆင့်က သိုင်းအုပ်စိုးသူ ဒါမှမဟုတ် သိုင်းနယ်မြေကျင့်ကြံသူတွေလေ။”
တခြားသော ဂြိုဟ်အသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူများ ရောက်ရှိလာပြီးသည့်နောက်မှာတော့ သံမဏိအရိုးမြို့ လေးသည် ပိုမိုကာ လှုပ်ရှားအသက်ဝင်လာခဲ့၏။ ပထမဦးဆုံး ဤတည်နေရာသို့ လာရောက်ကာ စီးပွားရေးပြုလုပ်ရန် ကျွင်းချောင်ရှောင်းသည် အချက်ပြခဲ့ခြင်းကြောင့်သာ ဖြစ်တော့၏။
သို့ပေမဲ့ မတူညီသည့် ဂြိုဟ်အသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူများ ရောက်ရှိလာသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အမှန်တကယ်ပင် ပျော်ရွှင်သွားမိသည်။
လူတွေများများလာလေ ပြဿနာတွေ ရှုပ်လာလေ ဖြစ်သည်။ သို့ပေမဲ့ သံမဏိအရိုးမြို့ထဲတွင်တော့ မည်သည့် ပြဿနာမျိုး မှမရှိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ဤတည်နေရာသို့ ရောက်ရှိလာသည့် သိုင်းကျင့်ကြံသူများ အားလုံးသည် အလွန်ကောင်းမွန်စွာဖြင့် နေထိုင်နိုင်ခဲ့ကြသောကြောင့်ပင်။ ၎င်းတို့သည် နံနက်စာဝယ်ယူရန်ပင် တန်းစီခြင်းကို ပြုမူကြသည်။
အကြောင်းအရာတစ်ခုသည် ဤမြို့ကြီးအား ကျွင်းချောင်ရှောင်း တည်ဆောက်ထားသောကြောင့်ပင်ဖြစ်၏။ ထို့အပြင် သံမဏိအရိုးမြို့ထဲတွင် ကင်းသမား ၁၂ ယောက်တို့ကလည်း တည်ရှိနေသေး၏။ ထိုကြောင့် တခြားသောသူများသည် အဆင်ခြင်မဲ့ မပြုလုပ်ရဲကြချေ။
ကျွင်းချောင်ရှောင်းအနေနှင့် ကြယ်ကောင်းကင်ခံတပ်ကဲ့သို့ပင် မှောင်ခိုဈေးကွက်ကြီးတစ်ခုကို ဖန်တီးပြုလုပ်ခဲ့၏။ သို့ပေမဲ့ ဆိုင်တစ်ခုချင်းစီတိုင်းသည် ပိုက်ဆံများပေးအပ်ရ၏။
ဟုတ်ပေသည်။ သံမဏိအရိုးမြို့ထဲတွင် စီးပွားရေး လုပ်ငန်းများ စတင်အခြေချပြီးသည့် နောက်မှာတော့ ရောင်းချနိုင်သည့်ပစ္စည်းများ၏ ဈေးနှုန်းသည်လည်း ပိုမိုကာ တိုးတက်လာခဲ့သည်။
ဥပမာအားဖြင့် အန်တီဝမ်၏ ဆိုင်တွင် တည်းခိုစရိတ်သည် ပိုမိုကာ တိုးမြင့်လာခဲ့၏။ ယခင်တုန်းကသာဆိုလျှင် ငွေကြေး သို့မဟုတ် လူလုပ်စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ တည်းခိုနိုင်သည်ဆိုသော်လည်း လက်ရှိ အခြေအနေမှာတော့ အဆင့်ကိုး စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုမှသာလျှင် ဤတည်နေရာတွင် တည်းခိုနိုင် စွမ်းရှိနေ၏။
မတူညီသည့် ဂြိုဟ်အသီးသီးမှ ကျင့်ကြံသူများ တိုးဝင်လာသည်နှင့်တစ်ပြိုင်နက် နေ့စဉ်နေ့တိုင်း ဝယ်ယူရောင်းချခြင်း လုပ်ငန်းများနှင့် စည်ကားလျက်ရှိနေတော့၏။ မြို့ကြီးတစ်ခုလုံးသည် ကြိတ်ကြိတ်တိုး ကြက်ပျံမကျ စည်ကားနေလေ သည်။
ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်၏။ “ချင်းယန် … ဒီမြို့ကို အင်ပါယာမြို့ကြီးတစ်ခုလို အကျယ်အဝန်းမျိုးကို ချဲ့ထွင်ရအောင်။”
“ကောင်းပါပြီ။”
လီချင်းယန်သည် သူ၏ အဖွဲ့သားများကို ဦးဆောင်ပြီးသည့်နောက် တနေကုန်အလုပ်လုပ်တော့သည်။
လအနည်းငယ် ကြာပြီးသည့်နောက်မှာတော့ သံမဏိအရိုးမြို့ကြီးသည် ကြီးမားလှသည့် မြို့ကြီးအဖြစ်သို့ ဖြစ်တည်လာခဲ့၏။ ဆောက်လုပ်ရေးကျွမ်းကျင်သူ တောဝက်ရိုင်းလေးသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်ခဲ့၏။ ထို့ကြောင့် သခင်၏ ချီးကျူးမှုကို ရရှိခဲ့၏။
…
“ဂိုဏ်းချုပ်ကျွင်း”
သံမဏိအရိုးတောင်၏ ထိပ်ပေါ်မှာတော့ ဝိညာဉ်အင်ပါယာ တုရင်ရှင်းသည် အောက်ဖက်တွင်ရှိနေသော ကြီးမား လွန်းလှသည့် မြို့ကြီးကို ငုံ့ကြည့်လိုက်သည်။ အထဲတွင်တော့ များပြားလှသည့် ဂြိုဟ်အသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူများ လျှောက်ပတ်ကာ လှည့်လည်သွားလာ နေသည်ကို မြင်ရသည့်နောက် လေးလေးနက်နက် ပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးဟာ ခင်ဗျားရဲ့ ဦးဆောင်မှုအောက်မှာ သေမျိုးစကြဝဠာထဲမှာတောင် ကျော်ကြားလာခဲ့ပြီပဲ။”
“အင်း”
အင်ပါယာလီကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “တခြားသူတွေရဲ့ မျက်လုံးထဲမှာ ကျုပ်တို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးဟာ ဘာမှ အဆင့်မရှိခဲ့ဘူး။ ဒါပေမဲ့ အခု လုံလောက်တဲ့ အားအင်အဆင့်ကို မပိုင်ဆိုင်သေးဘူးဆိုပေမဲ့ ထိပ်တန်းဂြိုဟ်တွေက အသိအမှတ်ပြုခြင်းကို ခံနေရပြီ။”
တစ်ခြားသော အင်ပါယာခုနှစ်ယောက်တို့သည်လည်း ခေါင်းညိတ်လိုက်ကြ၏။ မတူညီသည့် ဂြိုဟ်များဆီမှ ရောက်ရှိလာခဲ့သည့် စွမ်းအားမြင့်ကျင့်ကြံသူများ အရေအတွက်သည် အလွန်တရာ များပြားလွန်းလှ၏။ သံမဏိအရိုးမြို့ကြီးသည် တကယ့်ကို စီးပွားရေးဇုန်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်နေခဲ့သည်။
ထို့ကြောင့် သူတို့အနေနှင့် ဤတည်နေရာသို့ လာရောက်ကြည့်ရှုနေသည်မှာ အံ့အားသင့်စရာတော့မရှိချေ။ အချိန်တိုင်း အချိန်တိုင်း ကြည့်ရှုရင်း အံ့သြလျက်ရှိနေကြ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အချိန်တိုအတွင်း ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ပိုမိုအားကောင်းအောင် ကျုပ်မလုပ်နိုင်ဘူး။ ဒါပေမဲ့ ဒီနေရာကို သေမျိုးစကြဝဠာထဲတွင် အကြီးမားဆုံးသော ကုန်သွယ်ရေး ဇုံ တစ်ခုဖြစ်အောင်လို့ ပြုလုပ်နိုင်ဖို့ နည်းလမ်းကို ကျုပ် ရှာဖွေထားတယ်လေ။ ဒီနေရာကနေပြီးတော့ ပိုမိုပြီး အမြတ်စွန်းတွေရရှိမယ်။ ဒါကမှ တဆင့် အားကောင်းအောင်ပြုလုပ်ဖို့ ကြိုးစားရမယ်။”
သူ့အနေနှင့် ဂိုဏ်းအား ဖွံ့ဖြိုးတိုးတက်အောင် အချိန် ၁၀ နှစ်တိတိ ယူခဲ့ရ၏။ လက်ရှိအခြေအနေမှာတော့ မည်သည့် အဆင့်သတ်မှတ်ချက်မှမရှိသည့် ကြယ်ကြွေကုန်းမြေတိုက်ကြီးအား ထိပ်တန်းဂြိုဟ်အဖြစ်သို့ ပြုလုပ်ရန်ဆိုသည်မှာ ကျိန်းသေပေါက် အချိန်ပို၍ ယူရမည်ဖြစ်၏။
ကုန်းရှန့်အနေနှင့် အခွင့်အရေးကို ရှာဖွေရန်သာ ရှိတော့၏။ ကျန်သည့်ကိစ္စအားလုံးကို အခြားသူများလက်သို့ လွှဲအပ်ထားရန် စီစဉ်ထားတော့သည်။
“ဂိုဏ်းချုပ်ကျွင်းရဲ့ ပြုမူပုံတွေဟာ သမိုင်းမှာ တကယ့်ကို မှတ်တမ်းတင်ရမယ့် အရာမျိုးပဲ။” ဝိညာဉ်အင်ပါယာသည် လက်သီးကို ဆုပ်ကာ ပြောလိုက်မိ၏။
“အားလုံးပဲ။”
သူသည် ခနလောက်ရပ်တန့်လိုက်ပြီးသည့်နောက် လေးလေးနက်နက် ပြောလိုက်သည်။ “နှစ်အနည်းငယ်အတွင်းမှာ ဒီကျွင်းက ကြယ်ကြွေကုန်းမြေတိုက်ကြီးကနေ ကိစ္စတစ်ခုနဲ့ ထွက်ခွာသွားရမယ်လေ။ ဒီတော့ ကျုပ်သွားပြီးရင် ခင်ဗျားတို့အနေနဲ့ ဒီတည်နေရာကို ကာကွယ်ပေးဖို့ မျှော်လင့်မိတယ်။”
ကျွင်းချောင်ရှောင်းအနေနှင့် သိုင်းအင်ပါယာ ကိုးယောက်တို့အား ဂိုဏ်းထဲသို့ ဝင်ရောက်စေရန် အစီအစဉ် မရှိချေ။ လူတစ်ယောက်ပိုလာသည်နှင့်အမျှ အတားအဆီးသည် တစ်ခုပိုမိုကာ တိုးလာမှာဖြစ်၏။ ထို့ကြောင့် ဤတည်နေရာတွင် နေထိုင်ပြီး ဂြိုဟ်အား ကာကွယ်စေရန် မျှော်လင့်နေမိ၏။
“ကျေးဇူးပြုပြီး စိတ်ချပါ … ဂိုဏ်းချုပ်ကျွင်း။ ကျုပ်တို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ကာကွယ်ပေးပါ့မယ်။”
သိုင်းအင်ပါယာ ကိုးယောက်တို့သည် သံပြိုင်ပြောလိုက်ကြ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ကုန်းရှန့်၏ အိမ်ဖြစ်သလို သူတို့၏ အိမ်လည်းဖြစ်နေသည်မဟုတ်ပါလား။
…
သံမဏိအရိုးမြို့သည် သေမျိုးစကြဝဠာ၏ ကုန်သွယ်ရေးဇုံ အသစ်ကြီးတစ်ခုဖြစ်လာခဲ့၏။ ကျွင်းချောင်ရှောင်း အနေနှင့် ဤတည်နေရာတွင် ရှိနေသော ဆိုင်ခန်းများမှ အဖိုးအခများကို ကောက်ခံခဲ့၏။
ဒုတိယထန်သခင်လေးနှင့် ဆွေးနွေးပြီးသည့်နောက်မှာတော့ သူသည် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးများနှင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးများကို တရားဝင်ထုတ်ဖော်ကာ ရောင်းချခဲ့၏။ ဤဆေးလုံးနှစ်ခုသည် အဆင့်မြင့် ဂြိုဟ်များမှ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင်တောင်မှ ကောင်းကင်မှရသည့် ရတနာတစ်ခုကဲ့သို့ ဖြစ်လို့နေခဲ့သည်။
ထို့ကြောင့် တရားဝင်ချပြပြီးသည့်နောက်မှာတော့ အဖွင့်နေ့မှာပဲ မြန်မြန်ဆန်ဆန် များများစားစား ရောင်းချခဲ့ရ၏။ တစ်ခြားသော ဂြိုဟ်များဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် အမှန်ပင် ချမ်းသာလွန်းလှ၏။
နေ့စဉ်နေ့တိုင်း ဆေးလုံးများကို ရောင်းချနေရသလို ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ အရည်အသွေးမြင့်လှသည့် စိတ်ဝိညာဉ်ကျောက်တုံးများသည်လည်း စီးဆင်းဝင်ရောက်လျက်ရှိနေသည်။
ထို့ကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးအနေနှင့် ပိုမိုအားကောင်းလာရန်ဆိုသည်မှာ အခက်အခဲရှိလာလိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ပိုမိုအားကောင်းလာသည့် အချိန်တစ်ခုဆီသို့ စောင့်မျှော်နေ၍ မဖြစ်တော့ချေ။ ဆယ်နှစ်အတွင်း အထက်နယ်မြေဆီသို့ တက်ရောက်ရန် ကြိုးစားရမှာဖြစ်သောကြောင့်ပင်။
…
စားသောက်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ထိုင်ချလိုက်ပြီးသည့်နောက် အရက်မူးအိပ်မက်ဝိုင်အား စားပွဲပေါ် တွင် တင်ကာပြောလိုက်သည်။ “မင်းခွက်နဲ့သောက်မှာလား။ ဒါမှမဟုတ် ဂျားလိုက်သောက်မှာလား။”
“……..”
ရီရှင်းချန်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။
“ဂိုဏ်းချုပ် ပြောစရာရှိတာကို ပြောပါ။ အရက်အရင်သောက်ဖို့ မလိုဘူးနဲ့တူတယ်။”
“မဟုတ်ဘူး။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်း ဒီနေ့ စိတ်လိုလက်ရ သောက်ပစ်မှ ဖြစ်မယ်။”
“ကောင်းပါပြီ။”
ရီရှင်းချန်သည် ကျွမ်းကျင်စွာနှင့် ဝိုင်ဂျား၏ အဖုံးကို ဖွင့်လိုက်၏။ ပြီးနောက် ပြောလိုက်၏။
“ခွက်နဲ့ပဲ သောက်ကြတာပေါ့။”
သူ့အနေနှင့် ဂိုဏ်းချုပ်နှင့်ပြိုင်၍ မသောက်ရဲချေ။ အဘယ့်ကြောင့်ဆိုသော် အရက်ဂျိုးပင်လျှင် ဂိုဏ်းချုပ်အား ရှုံးနိမ့် ခဲ့သည်ဟု ဆိုသော သတင်းစကားကို သူကြားဖူးခဲ့သည်။
“လာခဲ့။”
ကျွင်းချောင်ရှောင်းသည် ခွက်ကို အသာမြှောက်လိုက်၏။ ပြီးသည့်နောက်မှာတော့ အားရပါးရ ပြောလိုက်၏။ “စိတ်ရှိသလောက် သောက်လိုက်ရအောင်။”
ဂလု ဂလု …..။
ရီရှင်းချန်သည် ခွက်ကို မြှောက်လိုက်၏။ ပြီးသည့်နောက်မှာတော့ တစ်ခါတည်းမော့ကာ သောက်လိုက်သည်။
၎င်းတို့ နှစ်ယောက်သည် ပျော်ရွှင်စွာ သောက်နေသည့်အချိန်မှာပဲ စုရှောင်မိုသည် စားသောက်ခန်းထဲမှ အသာ လျှောက်ထွက်လာပြီး အပြင်ဘက်တွင် ရှိနေသော ဂျူနီယာညီလေးများဆီ အသံပို့လွှတ်လိုက်သည်။ “အားလုံးအဆင်သင့်ပဲလား”
“ဒုတိယစီနီယာအစ်ကို …. ခြံဝန်းထဲမှာ ရှိနေတဲ့ မွေးမြူရေးခြံတွေအကုန်လုံးမှာ အစီအရင်တွေချမှတ်ပြီးသွားပြီ။ စိတ်ဝိညာဉ်သားရဲခန်းမှာရှိတဲ့ ကျွမ်းကျင်သူတွေ အားလုံးကလည်း သေသေချာချာ ကင်းစောင့်နေကြတယ်။”
အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်ပြီး အမြဲတမ်းငြိမ်းချမ်းလျက်ရှိနေသော ပြိုင်စံရှားဂိုဏ်းသည် ရီရှင်းချန် အရက်သောက်နေသည်ကို သိရှိသည်နှင့်တစ်ပြိုင်နက် အစောင့်အကြပ်များ ပိုမို ထားကာ အသက်ဝင်လာခဲ့ တော့၏။
“အားညို”
ဝိုင်တစ်ခွက်သောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် အမူအရာဖြင့် မေးလိုက်သည်။ “မင်းရဲ့ အစစ်အမှန်တည်ရှိမှုကို ပြောပြ။”
ဘုတ်
တူနှင့်ညှပ်ထားသော မြေပဲသည် စားပွဲပေါ်သို့ ပြုတ်ကျသွား၏။ ရီရှင်းချန်၏ အမူအရာသည် အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။ ခဏလောက်ကြာပြီးသည့်နောက်မှာတော့ သူသည် နာကျင်နေသည့် အပြုံးတစ်ခုကို ပြုံးကာ ပြောလိုက်၏။ “ဒီလိုနေ့မျိုးက နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ။”
တကယ်တမ်းမှာတော့ နဂါးကျားပြိုင်ပွဲ ပြီးသည့်နောက်မှာတော့ သူ၏ လျှို့ဝှက်ချက်များသည် ပေါ်ပေါက်သွားခဲ့ပြီ ဖြစ်ကြောင်းကို နားလည်ပြီးဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် ယနေ့လိုမျိုး အခြေအနေကျမှ လာရောက်မေးမြန်း နေလိမ့်မည်ဟု ဘယ်ထင်နေလိမ့်မည်နည်း။
“အားညို”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “မင်းရဲ့ အတိတ်မှာဖြစ်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ နာကြည်းမှုတွေအကြောင်းကို အထက်နယ်မြေဆီကို မတက်ခင်မှာ သိအောင်လုပ်ဖို့လိုအပ်နေတယ်။”
ဆွစ်
ရီရှင်းချန်သည် ဝိုင်ခွက်ကို ဝိုင်ဖြည့်ပြီးသည့်နောက်မှာတော့ ခေါင်းကိုမော့ကာ တစ်ခါတည်းမော့သောက်လိုက်၏။ ဝိုင်များ၏ အရှိန်နှင့်အတူ သူသည် နှလုံးသားထဲတွင်ရှိနေသော အကြီးမားဆုံးသော လျှို့ဝှက်ချက်ကို အားတင်းကာ ပြောပြလိုက်တော့၏။ “ကျွန်တော် …. ကျွန်တော်က ညအင်ပါယာပဲ။”
ချီးတဲ့မှ ….
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ အံ့အားသင့်သည့် အမူအရာဖြင့် ပြောလိုက်သည်။ “ချီးတဲ့မှ …. ကောင်မလေးက နောက်ကျောကို ဓားနဲ့ ထိုးသွားတာ ခံလိုက်ရတဲ့ ညအင်ပါယာလား”